en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီးအပါ ၁၆၀ ကျော်သေဆုံး https://www.youtube.com/TachileikNewsAgenc
+9
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီးအပါ ၁၆၀ ကျော်သေဆုံး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်တွင် အခိုင်အမာတပ်ချထားသည့် စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား တော်လှန်ရေးတပ်များက တစ်လနီးပါးကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဒုရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၀)ကျော် သေဆုံးကာ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။ ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထားသော ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့် ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂)ကုန်းအား ဇန်နဝါရီလ (၁၅)ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းအား ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ရသည်အထိ ပိတ်ဆို့ထားနိုင်ခဲ့သည်ဟု ဆိုသည်။ ဗျူဟာကုန်းအား ပိတ်ဆို့ထားချိန်တွင် ဖေဖော်ဝါရီလ (၄)ရက်နေ့၌ ခလရ (၂၄၉)တပ်ရင်းမှ အင်အား(၇၀)ကျော်ခန့်ကို ရဟတ်ယာဉ်(၃)စီးဖြင့် စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းအား ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။ ဝန်းရံပိတ်ဆို့ခြင်းခံထားရသော စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းအား လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနက်(၈)နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံထိန်း ချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် : https://www.tachileik.net/mm/news/35081 #TachileikNewsAgency Photo: KNDF

Repost from Mizzima
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသဘောတူကြောင်း စစ်ခေါင်းဆောင်ပြော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသဘောတူကြောင်း ... https://www.youtube.com/watch?v=Pv0u64xAME0

Repost from Khit Thit Media
ဆားလင်းကြီးမြို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်‌နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ဆားလင်းကြီးမြို့ ဆေးရုံးအနီး၊ ဈေးအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘန်ကာများကို တော်လှန်ရေးများက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး လက်နက်ငယ်များ ၊ ၄၀ မမ ၊ Drone များဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေး တပ်မတော်တပ်ရင်း ၄ ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force PDF ၊ Monywa Underground Force-MUGF ၊ Salingyi Revolution Army-SRA ၊ Special Guerrilla Force Monywa ၊ Black Tiger Attacks Force နှင့် ဒေါင်းရာဇာပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Repost from MPANews
ဂန့်ဂေါမြောက်ပိုင်း ပျူများကို စစ်တပ်က လက်နက်တပ်ဆင်ပေးပြီးနောက် ဒေသတွင်း စစ်ကြောင်းထိုး လုယက်ကာ ပြည်သူ၁၀ဦးအား သတ် 15 Feb 2024
ဂန့်ဂေါမြောက်ပိုင်း ပျူများကို စစ်တပ်က လက်နက်တပ်ဆင်ပေးပြီးနောက် ဒေသတွင်း စစ်ကြောင်းထိုး လုယက်ကာ ပြည်သူ၁၀ဦးအား သတ် 15 Feb 2024 By MPA CJ 023 မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို စစ်တပ်က လက်နက်တပ်ဆင်ပေး ပြီးနောက် အနီးဝန်းကျင်သို့ စစ်ကြောင်းထိုး လုယက်ကာ ဒေသခံပြည်သူ ၁၀ဦးအား သတ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၄ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာကို အင်အား ၂၀၀ ဝန်းကျင်ရှိ ပျူစောထီးနှင့် စစ်သားအနည်းငယ်တို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများလုယက်ပြီး ပြည်သူ ၁၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်းဒေသတွင်း စစ်ရှောင်များကိုအကူအညီပေးနေသော နှမ်းခါးလူငယ် အဖွဲ့ထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3dftb Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သားများ စစ်ဝတ်စုံနှင့် လက်နက်ကိုင်ဆောင်လာလျှင် မြို့တွင်းသို့ ဝင်ခွင့်မပြုရန် အပါအဝင် အရေးကြီး အချက် ၅ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့သည်ဟု ပန်ဆိုင်းဒေသခံများက ပြောသည်။ ဖေဖော်ဝါရီ 13, 2024 သတင်းအပြည့်အစုံကို http://tinyurl.com/2me4kayw ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ #BNI #mmpeacemonitor #MPM #MilitaryCoupInMyanmar #ပန်ဆိုင်း #MNDAA #SSPP #KIA Twitter>>>https://twitter.com/mmpeacemonitor Instagram>>>https://www.instagram.com/mmpeacemonitor/ Youtube>>>https://tinyurl.com/dh83ufdb Facebook>>>https://www.facebook.com/mmpeacemonitor/ ပုံစာ - ပန်ဆိုင်း (ကြူကုတ်)မြို့ လမ်းပိုင်းတနေရာ။

Repost from RSN WEB
🌐 Daily Highlights (14 Feb 2024) 📰 ရန်ကုန်ထူးခြားသတင်းများ ရန်ကုန်တွင် စတေကာများ ကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး စတေကာများ ကပ် – Khit Thit သန်လျင်မြို့နယ်၊ ငွေသန်းဝင်းရပ်ကွက်တွင် အသက်မပြည့်သော ကလေးများ အပါအဝင် လူငယ်များ ပေါ်တာဆွဲခံရပြီး သန်လျင်ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်းခံထားရ။ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုလျှင် လူငယ် ၂၀ စုဆောင်းပေးရန် စစ်ကောင်စီက ညွှန်ကြား – Khit Thit မြို့ ၁၈ မြို့မှာ ဆန်တပြည်ကို ကျပ်၃၃၀၀ နဲ့ရောင်းမယ်လို့ဆို၊ အရှုံးခံရောင်းရမှာလို့ ဆန်ဆိုင်တွေပြော – The Nation Voice ထိုင်းဗီဇာလျှောက်သူများလို့ တစ်ရက်ကို လူ ၄၀၀ သာလက်ခံမယ်လို့ဆို – People's Spring ၄၈ နာရီအတွင်း တပ်သားသစ်အရေအတွက် ပြည့်လုနီးပါးဖြစ်၊ အရေအတွက်ပြည့်ပါက လျှောက်လွှာခေါ်ယူမှု ယာယီရပ်ဆိုင်းမည်ဟုဆို – MPA ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ နည်းပါး – DVB 📰 စစ်ရေးထူးခြားသတင်းများ ကျောက်တော် စကခ (၉) တပ်မမှူးနှင့် ဗျူဟာမှူးတို့ကို AA အရှင်ဖမ်းမိ၊ တပ်မ(၁၁)တပ်မမှူးနှင့် နှုံးဘူးဗျူဟာမှူးလည်း သေဆုံးခဲ့ – Myanmar Now ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုနှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ကို AA တိုက်ခိုက်သိမ်းပိုက်ထားပြီ – Khit Thit မင်းပြားမြို့နယ်တွင် စစ်သင်္ဘော ၁ စီးကို AA က တိုက်ခိုက်သိမ်းပိုက်၊ AA က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သော စစ်သင်္ဘော ၉ စီးအထိရှိလာပြီ – Khit Thit ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်များကို AA ထုတ်ပြ – Myanmar Now မြန်မာ-ထိုင်းနယ်စပ် ရှားတောမြို့ကို ကရင်နီတော်လှန်ရေးအင်အားစုများ သိမ်းယူ – Myanmar Now ကောလင်းမြို့ကို စစ်ကောင်စီထိန်းချုပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တဆုတ်ခွာ – Ayeyarwaddy Times ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့်ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို – Khit Thit ပြည်ပနိုင်ငံများတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်နေသူများ မြန်မာနိုင်ငံတွင် ပြန်လည်၍ စစ်မှုထမ်းရမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို။ လစဉ် ပြည်သူ ၅၀၀၀ ဦးကို စစ်မှုထမ်းခိုင်းပြီး တစ်နှစ်လျှင် စစ်အင်အား ၆၀၀၀၀ ရယူမည် – Khit Thit 📰 နိုင်ငံရေးထူးခြားသတင်းများ ကြားဖြတ်ရွေးကောက်ပွဲပြင်ဆင်ထားဟု မင်းအောင်လှိုင်ထုတ်ပြော၊ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများနှင့် နောက်တစ်ကြိမ်တွေ့ – Myanmar Now ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သဘောတူကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော – RFA ချင်းအစိုးရဖွဲ့စည်းမှုကို ချင်းအမတ်တချို့ ကန့်ကွက် – Myanmar Now စစ်ကောင်စီတပ်ကိုပြန်တိုက်မယ်လို့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်အဖွဲ့ ကြေညာ – RFA ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ဟု နိုင်ငံရေးပါတီများ သုံးသပ် – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက်ဖြန် ပြန်ပို့မည် – RFA ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ် – The Irrawaddy 📰 စီးပွားရေးထူးခြားသတင်းများ ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား – The Irrawaddy 📰 အခြားထူးခြားသတင်းများ စစ်ကောင်စီ ကာကွယ်ပေးနေသည့် ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်သွားမည်ဟု KNU ထုတ်ပြန် – Ayeyarwaddy Times မြေရှားသတ္တုတူးဖော်တဲ့အပေါ် ကန့်ကွက်သူ ၄၀ ကျော်ကို KIA က ဗုံးနဲ့တိုက်ခိုက်ပြီး ဖမ်းဆီးထား – RFA မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်နှင့်ရဲ ပူးပေါင်း၍ ကော့သောင်းထောင်သို့ ပြောင်းရွေ့နေ – Khit Thit ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို ခရိုင်တရားရုံးက စီရင်ပိုင်ခွင့်မရှိတော့ဘဲ မြိုနယ်တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိတော့မည် – Tachileik News Agency #rangoonscoutnetwork

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် MoU လုပ်ငန်းများကို ယာယီရပ်ဆိုင်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU)နှင့်ပို့ဆောင်နေသည့်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီလအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံ အကြောင်းကြားထားသည်ဟု သိရသည်။ စစ်ကောင်စီ၏ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို အတိတကျ မသိရဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။
“မနေ့ကစပြီးပိတ်လိုက်တာ။ သူကဘယ်နေ့ပြန်ဖွင့်မလဲ အတိအကျမသိဘူး။ အလုပ်ခေါ်စာက မပိတ်ဘူး။ မြန်မာနိုင်ငံက စေလွှတ်ခွင့်ပိတ်တာ။ နိုင်ငံခြားကခေါ်တယ်။ ဒီကမလွှတ်တာဗျာ။ ဒီလိုအခြေအနေနဲ့ကတော့ အောက်လမ်းကသွားမယ့်သူတွေ များလာလိမ်မယ်။”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agencyကိုပြောသည်။
မြန်မာအလုပ်သမားများအား ပြည်ပနိုင်ငံသို့ စေလွှတ်ခွင့်ပိတ်လိုက်ခြင်းသည် ပြည်ပနိုင်ငံတိုင်းကိုဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Tachileik News Agencyအနေဖြင့် ထိုင်းနှင့် မလေးရှားကိုသာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိထားရသည်။ စစ်ကောင်စီ၏ အေဂျင်စီများထံ ပေးပို့စာတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကောင်စီသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် လချုပ်စာရင်းများကို တောင်းခံနေသည်ဟုလည်း သိရသည်။ နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် Overseas Worker Identification Card(OWIC)ကဒ် မဖြစ်မနေလုပ်ရမည်ဖြစ်သော်လည်း လက်ရှိတွင် အလုပ်သမားများအနေနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးသည့် စလစ်တစ်ခု ထပ်မှန်ဖြည့်ပေးရမည်ဖြစ်ကြောင်း သိရသည်။ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် မှတ်ပုံတင်(မူရင်း)ကို ယူဆောင်လာရပြီး လဝကတွင် ရှိနေသည့် အချက်အလက်နှင့် တိုက်ကြည့်စစ်ဆေးမည်ဖြစ်ကာ အချက်အလက်အမှားတစ်စုံတစ်ရာရှိပါက OWICကဒ် လုပ်ပေးမည် မဟုတ်ဟုလည်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသို့ထွက်မည့် မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားမှုများသဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက တစ်ရက်လျှင် လူဦးရေ(၄၀၀)နှုန်းသာ ထုတ်ပေးမည်ဟု ကြေငြာထားသည်။ လက်ရှိတွင် အခကြေးငွေယူပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ပွဲစားများအနေဖြင့် ဝန်ဆောင်ခများ မတရားရယူခြင်း၊ လူကုန်ကူးခံရခြင်း၊ လမ်းတစ်ဝက်တွင် စွန့်ပစ်ခံရခြင်းများပင်ရှိနေကြောင်း သိရသည်။ ပြည်ပသို့အလုပ်သမားစေလွှတ်ခြင်းအား စစ်ကောင်စီက ပိတ်ပင်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ Tachileik News Agency ကထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။ News : https://www.tachileik.net/mm/news/35079 #TachileikNewsAgency

စကခ-၉ တပ်မမှူးနှင့် အမှတ်-၃ နည်းဗျူဟာမှူးကို အရှင်ဖမ်းမိထားကြောင်း AA ထုတ်ပြန် ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် စကခ-၉ လက်အောက်ခံ နည်းဗျူဟာ-၃ ၏ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းတို့အား အရှင်ဖမ်းမိထားကြောင်း ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဖေဖော်ဝါရီ ၇၊ ၈ ရက်များက ဖြစ်ပွားသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲမှ အသက်လုထွက်ပြေးလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း AA က ဆိုထားသည်။ ဇန်နဝါရီ ၁၆ ရက်တွင် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းအား ဦးခေါင်းနှင့်ရင်ဘတ် ဒဏ်ရာများရရှိပြီး သေလုမြောပါးအခြေအနေဖြင့် ဖမ်းမိခဲ့သော်လည်း ကုသပေးခဲ့သည့်အတွက် အသက်ဘေးမှကင်းလွတ်ကာ ပြန်လည်ကျန်းမာနေပြီ ဖြစ်ကြောင်း AA က ဖော်ပြထားသည်။ ထိုသို့ အရှင်ဖမ်းမိသည့် စစ်ကောင်စီအရာရှိများအပြင် အသေဖမ်းဆီးရမိသည့် စစ်အရာရှိများလည်းရှိပြီး တပ်မ-၁၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးကြီး မင်းမင်းထွန်းကို ဖေဖော်ဝါရီ ၇ ရက်တွင် မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၇ အား တိုက်ခိုက်သိမ်းပိုက်စဉ် အသေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ၌လည်း နှုံးဘူဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားပိုင်စိုးအား ၂၀၂၃ ဒီဇင်ဘာလတိုက်ပွဲ၌ အသေဖမ်းမိခဲ့ပြီး စကခ-၁၉ တပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ပျောက်ဆုံးလျက်ရှိကာ သေဆုံး (သို့မဟုတ်) ထွက်ပြေးလွတ်မြောက်နေသည်ကို အတည်မပြုနိုင်သေးကြောင်း AA က ပြောထားသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ထိုးစစ်စတင်ခဲ့သည်မှာ ၃ လ ပြည့်ခဲ့ပြီးဖြစ်ပြီး ပလက်ဝဒေသတခုလုံးနှင့် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘက်၊ ရဲဘက်စခန်း အားလုံးအား တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့အတွင်း နယ်ခြားစောင့်တပ်စခန်းများ၊ ရမ်းဗြဲမြို့နယ်နှင့် အချို့မြို့နယ်များရှိ ရဲစခန်းအချို့အား သိမ်းပိုက်ရရှိထားပြီး လက်နက်ချအညံ့မခံသည့် စစ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။ ထိုတိုက်ပွဲများအတွင်း အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုများကိုလည်း ကယ်ဆယ်ထားကြောင်း AA က ဆိုသည်။ ပုံစာ - ကျောက်တော် စကခ-၉ လက်အောက်ခံ နည်းဗျူဟာ-၃ မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းကို AA ဆေးဝန်ထမ်းများက ဆေးကုသမှုပေးနေစဉ် / AA Info Desk #WhatsHappeningInMyanmar #RejectMilitaryCoup

ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ (ရုပ်/သံ) ရွှေဘို၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ စစ်ကောင်စီတပ်သား ၁၀ ဦးနဲ့ ပျူစောထီး ၃၀ ဦးဝန်းကျင်တပ်စွဲထားရာနေရာကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်အစော ၁ နာရီကျော်ကနေ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ပြောပါတယ်။ သတင်း-ဒိန်းဂျား၊ စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော် #မြေလတ်အသံ

ပြည်ပတွင်ကျောင်းတက်သူများ၊ အလုပ်လုပ်သူများလည်း ပြန်လာပါက စစ်မှုထမ်းရမည်၊ စစ်သင်တန်းတခု လူ ၅၀၀၀ နှုန်း ခေါ်ရန် စစ်ကောင်စီကြံ =
ပြည်ပတွင်ကျောင်းတက်သူများ၊ အလုပ်လုပ်သူများလည်း ပြန်လာပါက စစ်မှုထမ်းရမည်၊ စစ်သင်တန်းတခု လူ ၅၀၀၀ နှုန်း ခေါ်ရန် စစ်ကောင်စီကြံ ====================== 002 Mizzima February 14, 2024 (မဇ္ဈိမ) စစ်ကောင်စီက ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေအရနိုင်ငံရပ်ခြားတွင် ပညာသင်ကျောင်းတက်နေသူများ၊ အလုပ်သွားရောက်လုပ်ကိုင်နေသူများလည်း ပြန်လာပါက စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်သင်တန်းတခုလျှင် သင်တန်းသား ငါးထောင်နှုန်း ခေါ်ယူမည်ဟု စစ်ကောင်စီသတင်းအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။ စစ်မှုထမ်းဥပဒေအရ ပြည်ပကျောင်းတက်သူများ၊ အလုပ်လုပ်သူများ စစ်မှုထမ်းခြင်းကို ယာယီရွှေ့ဆိုင်းနိုင်သော်လည်း ပညာသင်ချိန်ပြီး ဆုံးခြင်း၊ အလုပ်လုပ်ချိန် ပြီးဆုံးပြီး ပြန်လာချိန်များတွင် စစ်မှုထမ်း ရမည်ဖြစ်သည်။ သတင်းအပြည့်အစုံ 👇👇👇

Feb14 Khophyu 8PM -စကစကို ပြန်တိုက်မည်ဟု မွန်ပြည်သစ် ခေါင်းဆောင်တချို့ ကြေညာ -ရှားတောကို ပူးပေါင်းတပ် သိမ်း -စစ်ရေယာဉ် ၅စီး AA သိမ်း/ဖျက်ဆီးထား -လက်နက်တွေ့ရင် လာအပ်ဖို့ AAကြေညာ -မြေရှားသတ္ထုတူးဖော်မှု ကန့်ကွက်သူတွေကို KIAဖမ်း -စစ်မှုထမ်းဆင့်ခေါ် ဗဟိုအဖွဲ့ စကစဖွဲ့ -သင်္ကြန်အပြီး စစ်သားစစုမည်ဟု ပြော -တပ်အငြိမ်းစားတွေကို ဆက်ခိုင်းမယ့် အရန်တပ်ဖွဲ့ဥပဒေ ကြေညာ -ပြည်တွင်းခရီးသွားမှုကို တင်းကြပ် -ပြည်ပအလုပ်အကိုင်အချို့ကို ဆိုင်းငံ့ -ကောလင်းကို စကစ ပြန်ထိန်းချုပ် -အပစ်ရပ်၇ဖွဲ့၊ ပါတီတွေနဲ့ မအလတွေ့ -ခြေဥပြင်ဖို့ သဘောတူကြောင်း ပြော

Repost from Mizzima
လက်ဖက်ရည်ဆိုင်ထဲ စစ်ကောင်စီ၏လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ၄ ဦးသေဆုံး ၈ ဦး ဒဏ်ရာရဟုဆို - BUR.MIZZIMA.C လက်ဖက်ရည်ဆိုင်အတွင်း စကစလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရ..... https://ift.tt/CtM5rlR

Repost from Khit Thit Media
ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူ များပြားကာ ကိုးလုံးပြောင်းချော ၁ လက်၊ အီနာဂါ ဗုံးသီး ၂ လုံး၊ MA 2 ကျည်ဗောက် ၁ ခု၊ ယူနီဖောင်းများ သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၃ ဦး မြင့်မြတ်စွာ သက်ပေးလှူသွားကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို shwebo crocodile ၊‌ ရွှေဘိုပြည်သူ့ လုံခြုံ‌ရေးတပ်ဖွဲ့၊ မဟာမိတ် ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တန (၅) တပ်ပေါင်းစု 96 soldiers-PDF အညာဒေသတပ်ခွဲ၊ တန၊ ၂ တပ်ပေါင်းစု ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်ထားသူများကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည် https://www.tachileik.net/mm/news/3
+3
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်ထားသူများကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည် https://www.tachileik.net/mm/news/35076 * * * * * ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသည့် အရေအတွက်မှာများပြားနေသည့်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ကစပြီး ဗီဇာလျှောက်ထားသူ အရေအတွက်ကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။ လာလျှောက်ထားသူများအနေဖြင့် တန်းစီစနစ်ကို ကျင့်သုံးရမည်ဖြစ်ပြီး ရုံးဖွင့်ရက်၏ နေ့စဉ် ရုံးဖွင့်ချိန် မတိုင်မီ နံနက်(၈)နာရီခွဲအချိန်ကစပြီး တုံကင်နံပါတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။ ပြည်သူ့စစ်အမှုထမ်း ဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်အတည်ပြုလိုက်ပြီးနောက် ထိုင်းဗီဇာလျှောက်ထားကြသူများမှာ ယခင်ထက် ပိုမို များပြားလာခဲ့ကြောင်း သိရသည်။ #TachileikNewsAgency Photo: Mo Phoung

▪️ပြည်သူ့ကာကွယ်ရေးတပ်များသို့ ဝင်လိုသူများအတွက်▪️ လတ်တလော မက်ဆေ့ကနေ မေးသမျှ၊ ပို့လာသမျှထဲက မမတကယ်သိတဲ့ တပ်ရင်းစာရင်းတချို့ စုပေးထားပါတယ်။ ထပ်တိုးလာရင်လဲ ဒီမှာ update လုပ်ပေးသွားပါမယ်။ ၁။ ရှမ်းတောင် ၁၀၀၅တပ်ရင်း https://www.facebook.com/PDF1005?mibextid=2JQ9oc ၂။ ရှမ်းတောင် ၁၀၀၈ တပ်ရင်း https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc ၃။ KNDF BO7 https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc ၄။ ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY PDF https://www.facebook.com/profile.php?id=100093438597181&mibextid=2JQ9oc ၆။ မြိတ်ခရိုင်တပ်ရင်း(၂) https://www.facebook.com/100094722176106/posts/243993032101434/?app=fbl ၇။ Cobra Column 2 Venom https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc ၈။ ကျားဖြူစစ်ကြောင်း Justice Soldier PDF https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc ၉။ DOVE KK Medical Team ဒါကတော့ ကရင်နီရှေ့တန်းဆေးအဖွဲ့ပါ၊ ဆေးပညာပိုင်းနဲ့ နည်းပညာပိုင်းကျွမ်းကျင်သူတွေ လိုအပ်နေပါတယ်။ https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc ၁၀။ MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆) https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc ၁၁။ MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး) https://www.facebook.com/mdfshwebo?mibextid=2JQ9oc ၁၂။ နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) မှလဲ CDM ကျန်းမာရေးအင်အားစုတွေကို ဖိတ်ခေါ်နေပါတယ်။ https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw ၁၃။ ရန်ကုန်တိုင်းစစ်ဌာန https://www.facebook.com/YGNMilitaryCommand?mibextid=2JQ9oc ၁၄။ People’s Revolution Alliance (PRA - မကွေး) https://www.facebook.com/100075665358623/posts/410611941470981/ ၁၅။ Homalin People’s Defence Force (ဟုမ္မလင်း) https://www.facebook.com/permalink.php?story_fbid=364753972994745&id=100083804347356 ၁၆။ အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံး https://www.facebook.com/nwayoothwaykyway “စစ်ကောင်စီထံ စစ်ကျွန်ပြု ပေါ်တာဆွဲခံမလား၊ နိုင်ငံ့ဂုဏ်ဆောင် PDF တပ်သားအဖြစ် စစ်မှူထမ်းမလား” ရွေးချယ်ခွင့်က သင့်လက်ထဲမှာသာ.. ✊🏻 #မမများနဲ့ပွဲကမယ် 💃🏻💃🏻

ကာကွယ်ရေးတပ်များနဲ့ ပူးပေါင်းလိုသူများအတွက်!! မိမိစိတ်ကို သေချာပိုင်းဖြတ်ပြီးမှ လုပ်သင့်တာကို လုပ်ပါ။ ▪️မိမိနဲ့ နီးစပ်ရာဒေသ PDF တပ်ရင်းများသို့ဝင်လိုသူများ▪️ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြေညာချက်တွေ မထုတ်ပြန်ခင် လက်ရှိမှာကိုပဲ ပြည်သူ့တပ်သားအဖြစ် ပြောာင်းချင်၊ ရွှေ့ချင်၊ ဝင်ချင်ကြသူတွေအတွက် မမသေချာသိတဲ့ တပ်ရင်းစာရင်းကို စုပေးထားပါတယ်။ 📌 https://www.facebook.com/100082181873850/posts/377724831643576/?mibextid=rS40aB7S9Ucbxw6v 📌 မမဝေါထဲမှာ pin post လဲလုပ်ပေးထားပါတယ်။ မိမိနီးစပ်ရာဒေသ၊ တပ်ရင်းပေ့ချ်မက်ဆင်ဂျာတွေကနေ တိုက်ရိုက်ဆက်သွယ်ကြရမှာပါ။ တစ်ခုခုလိုချင်ရင် နည်းနည်းလေးတော့ အားစိုက်ကြဖို့ ကောင်းတာအမှန်ပါ။ တပ်ရင်းစာရင်းစုပေးထားတဲ့ပို့စ်ကိုတောင် သေချာမဖတ်ဘဲ ကိုယ်လိုချင်တာကို လင့်ခ်တန်းချပေးဖို့ လာပြောနေကြသူများ ရှေ့တန်းမသွားတာ ပိုကောင်းပါတယ်။ အဲ့လောက် လက်တင်၊ လက်ချသာ ကြိုက်ရင် အိမ်မှာပဲ ဆက်နေကြပါလို့ အကြံပြုပါရစေ။ 📌 ရန်ကုန်တိုင်းစစ်ဌာနက ခေါ်စာမှာ အထက်တန်းအောင်ပါလို့ ရန်တွေ့နေကြ အကုန်ခေါ်သင့်တယ်ပြောနေရအောင် ဒုက္ခသည်စခန်းမှမဟုတ်တာ။ တော်လှန်ရေးကို တကယ်စိတ်စေတနာရှိပြီး တစ်ရက်မပြတ်ပါဝင်နေကြတဲ့ ဘယ်ပြည်သူမှ အပြစ်ထိုင်တင်မနေဘူး။ ဖြစ်နေတဲ့လက်ရှိအခြေနေမှာ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ အပြစ်ပြောသူအများစုကြည့်လိုက်ရင် ကုန်ခဲ့တဲ့ (၃) နှစ်လုံး စစ်အာဏာသိမ်းမှူအောက်မှာ ပျော်ပါးနေပြီး ခုမအလကြေညာချက်ထွက်မှ ငါတို့ကို ခေါ်ဆိုပြီး ထိုင်အော်၊ ထိုင်အပြစ်တင်နေကြတဲ့သူတွေ။ မိမိလွတ်မြောက်ရာကို မိမိကိုယ်တိုင် ကြိုးစားရှာဖွေပါ၊ ကိုယ့်အသက်ရှင်သန်ရေးအတွက် ကိုယ်တိုင် အားစိုက်ထုတ်ပါ၊ ရတန်သရွှေ့ တပ်ရင််းစာရင်းတွေ စုပေးထားတဲ့အခါ ပို့စ်အစဆုံးဖတ်ဖို့၊ လိုအပ်တာကို ရှာဖွေဖို့၊ မသိတာဆို အပြုသဘောဆောင်တဲ့ မေးခွန်းမေးပါ၊ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ရအောင် ဒီ (၃) နှစ်မှာ ဘာအားစိုက်ထားလို့လဲ။ အာဏာာသိမ်းထားတာ မင်းအောင်လှိုင်မို့ အပြစ်တင်ချင် သူ့သွားတင်၊ မဟုတ်လို့က လူရယ်စရာဖြစ်မယ်။ ထပ်ပြောပါမယ်..ပို့စ်တွေကို သေချာဖတ်ပါ။ မသိရင် အပြုသဘောဆောင် ရိုးရိုးသားသားမေးပါ။ မမတို့အပါဝင် တစ်ရက်မပြတ် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရှေ့တန်း၊ နောက်တန်းတွေမှာရှိကြတဲ့ တော်လှန်ရေးသမားတိုင်းက ကူညီကြပါလိမ့်မယ်။ အပြစ်သာလိုက်တင်မနေကြနဲ့ အဲလိုလူမျိုးကို ဘယ်သူမှ ကူညီမှာမဟုတ်ဘူး။ #မမများနဲ့ပွဲကမယ် 💃🏻💃🏻

NCA ထိုးထားတဲ့ မွန်ပြည်သစ် ပါတီကနေ ခွဲထွက်ပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းသွားလို့! ဘောမ ချန်နယ်တွေမှာ လောင်မြိုက်နေကြတာကိုလဲ ဆက်လက်ရှူမြင်ရမှာ ဖြစ်ပါတယ်! 😂😂😂

မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ မင်းဘူး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။ မကွေးတိုင်း၊
+6
မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ မင်းဘူး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။ မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း ၃ က အခြေခံစစ်သင်တန်းပေးနေတဲ့ပုံရိပ်တွေကို ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီး သင်တန်းသားသစ်တွေလည်း ခေါ်ယူနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူကတဆင့် သိရပါတယ်။ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၄ ကို ဩဂုတ်မှာ စတင်ပေးခဲ့ကာ သင်တန်းကာလအားဖြင့် ၃ လကြာခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်ကမှ သင်တန်းအောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်တန်းအပတ်စဉ် ၅ အတွက်လည်း ရဲဘော်အသစ်တွေ စုဆောင်းနေပြီး မတ်လမှာ သင်တန်းစတင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/မင်းဘူးခရိုင်တပ်ရင်း၃_သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး_သင်တန်းသားသစ်တွေထပ်မံခေါ်ယူ

Repost from RSN WEB
🌐 Daily Highlights (14 Feb 2024) 📰 ရန်ကုန်ထူးခြားသတင်းများ လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီး နှင့် ရဲတပ်ရင်း ၉ တို့ကို ဗုံးဖြင့်တိုက်ခိုက် – Dark Shadow ရန်ကုန်တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် – Khit Thit ❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞ – SC Strike ရန်ကုန်တွင် စစ်တပ်ထောက်ခံသူများ လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်သည့်စာ လိုက်ဖြန့် – The Irrawaddy ရန်ကုန်မြို့တော်ဝန်က စည်ပင်အရာရှိများကို အသွားအလာ အပြောအဆို ဆင်ခြင်ရန် သတိပေး – DVB ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးတပ်သားသစ်ခေါ်ယူရာတွင် ၂၄ နာရီအတွင်း လျှောက်လွှာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိ – Khit Thit ရန်ကုန်ထိုင်းသံရုံးတွင် အလည်ဗီဇာလျှောက်သူများ ကြိတ်ကြိတ်တိုးနေသည့်အပြင် လေယာဉ်လက်မှတ်များလည်း ရောင်းစရာမရှိသည်အထိဖြစ်နေ။ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများလည်း စုပြုံတိုးနေ – Khit Thit ESPERADO ဟိုတယ်ပိုင်ရှင်၏ ဇနီး ဓားဖြင့်ခုတ်သတ်ခံရ – DVB 📰 စစ်ရေးထူးခြားသတင်းများ ကျောက်တော်မြို့နယ်ကို အလုံးစုံထိန်းချုပ်လိုက်ကြောင်း AA ထုတ်ပြန် – Myanmar Now မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး AA ၏တိုက်ခိုက်မှုကြောင့် ထပ်မံ နစ်မြုပ်သွား၊ AA ၏ တိုက်ခိုက်မှုကြောင့် ရေထဲ နစ်မြုပ်သွားသော စစ်သင်္ဘော ၄ စီးအထိရှိလာ – Khit Thit ကောလင်းမြို့ဧရိယာထက်ဝက်ကျော် စစ်ကောင်စီလက်ထဲပြန်ရောက် – Myanmar Now ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ – Khit Thit အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ကြေညာ – DVB ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ TNLA နှင့် KIA ဆက်ဆံရေးတင်းမာ – Myanmar Now ရှေ့တန်းကျဆုံးစာရင်း စစ်တပ်ကမထုတ်ပြန်သဖြင့် မိသားစုများ ရက်လည်ဆွမ်းသွပ်ရန်ခက်ခဲနေ – DVB စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးတပ်ဖွဲများထံသို ဝင်ရောက်ရန် လူငယ်အများအပြား ဆက်သွယ်လာ – MPA စစ်သားဟောင်းများကို တပ်ထဲ ပြန်ခေါ်မည့်ဥပဒေ စစ်ကောင်စီ ထပ်မံအသက်သွင်း – Myanmar Now စစ်မှုထမ်းရန် ဆင့်ခေါ်မည့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ စစ်ကောင်စီဖွဲ့ပြီ – Myanmar Now သင်္ကြန်အပြီး စစ်မှုထမ်းရန် လူသစ်စစုမည်ဟု စစ်ကောင်စီ တရားဝင်ပြောပြီ – Myanmar Now 📰 နိုင်ငံရေးထူးခြားသတင်းများ အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာ စားပွဲဝိုင်း၌ ဖြေရှင်းရန် တိုက်တွန်း – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း လုံခြုံရေးအရ ပြန်ပို့မည့်ရက်နှင့်အချိန်ကို ဘင်္ဂလားဒေ့ရှ်က လျှို့ဝှက်ထား။ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို လုံခြုံရေးစိတ်မချရ၍ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့ – Khit Thit အိန္ဒိယအစိုးရက အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ပင်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြည်သူများဝင်/ထွက်သွားလာမှုကို တားမြစ် – Ayeyarwaddy Times ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည် – The Irrawaddy ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ပြန်သွားဖို့ အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်နဲ့ထိုင်း တိုက်တွန်း – Ayeyarwaddy Times မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး စင်္ကြန်ကို အမေရိကန်က ထောက်ခံ – Khit Thit ထိုင်း-ကရင်နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းများကို အကြမ်းဖက်စစ်တပ်က အကာအကွယ်ပေးထောက်ခံနေပြီး တရားမဝင်ကာစီနိုနှင့် ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး KNU က နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည် – Khit Thit 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီ ဒေါ်လာရောင်းသော်လည်း ဈေးကွက်လိုအပ်ချက် မဖြည့်နိုင် – The Irrawaddy ရန်ကုန် - မြဝတီကုန်သွယ်မှုလမ်းကြောင်း ၃ ရက်ကြာသွားရပြီး ကုန်သွယ်မှုကျဆင်း – Ayeyarwaddy Times 📰 အခြားထူးခြားသတင်းများ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်သူမှန်သမျှ စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမည်ဟု NUG အစိုးရ ကြေညာ – Khit Thit စစ်ခေါင်းဆောင်က ပြည်ထောင်စုနေ့ ညစာစားပွဲဖြင့် ဧည့်ခံ – The Irrawaddy နှစ်လအတွင်း ထိုင်းရောက်နိုင်ငံသား ၃၆၀၀၀ ခန့် အခွန်ဆောင်ထားကြောင်း စစ်ကောင်စီထုတ်ပြန် – RFA #rangoonscoutnetwork

စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ကျောက်ဆည်၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၄။ မန္
စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး ကျောက်ဆည်၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၄။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲရွာအဝင်လမ်းမှာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲက ပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါအဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီခန့်မှာ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အုတ်ဖိုရွာသား ဦးသန်းဌေး ၅၅ နှစ်ခန့်နဲ့ တရွာတည်းနေ ဦးဝင်းကို ၅၃ နှစ်ခန့်တို့ နှစ်ဦးဟာ ကျောက်ဆည်မြို့ကနေ ဆိုင်ကယ်နဲ့ပြန်လာချိန် သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ "သူတို့အလာကိုစောင့်ပြီးမှာ ပစ်သွားတာ။ အုပ်ကြီးက ရှေ့ကဆိုင်ကယ်မောင်းတာ။ လိုက်ပစ်ခံရတော့ နောက်က စီးတဲ့သူကိုထိပြီး ကျကျန်ခဲ့တာ။ အုပ်ကြီးက လွတ်သွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့_အုပ်ချုပ်ရေးမှုးအပါ_၂ဦးပစ်ခတ်ခံရပြီး_၁ဦးသေဆုံး