cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Tachileik News Agency

Tachileik News Agency (TNA) is an independent media and web – based source of daily news.

Show more
Advertising posts
22 031
Subscribers
+1724 hours
+1257 days
+70630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ကိုဆလိုင်းထက်ပိုင်ဖြိုးသည် Snipe Rangers Force (Local – PDF) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး NUG လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်ကာ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ပခုက္ကူခရိုင်တို့တွင် မဟာမိတ်တပ်များနှင့်အတူ လှူပ်ရှားကာ စစ်ကောင်စီတပ်ကို တော်လှန်ပုန်ကန်သည့် တပ်ဖွဲ့ဖြစ်သည်။ ၎င်းသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလက ချောင်းဦးမြို့နယ်ရှိ ညပုလဲ(ဒေသအခေါ်)စစ်ကောင်စီ တပ်စခန်းကို ဝင်သိမ်းရန်ကြိုးစားကြစဉ် ယမ်းပေါက်ကွဲပြီး မျက်နှာကိုလောင်ကာ ဝဲဘက်မျက်လုံး အလင်းကွယ်ခဲ့ရသည်။
“မျက်လုံးကတော့ မမြင်ရဘူး။ ခွဲစိတ်ဖို့ငွေစုနေတုန်းပဲ။ မျက်လုံး မျက်ကြည်လွှာရော၊ အာရုံကြောပိုင်းဆိုင်ရာတွေပါ လုပ်ရာမှာ။ ခွဲစိတ်ဖို့ အောင်မြင်နိုင်ခြေကတော့ (၂၀)ရာခိုင်နှုန်းပဲရှိတယ်လို့ ဆရာဝန်ကပြောတယ်။”
ဖခင်ဖြစ်သူမှာ တွင်းမကျေးရွာအုပ်စု သိမ်းကုန်းကျေးရွာသားတစ်ဦးဖြစ်ပြီး မိခင်မှာ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။
“ယုံကြည်ရာကို ရွေးချယ်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ တမလွန်ခရီးမှာ လမ်းခရီးဖြောင့်ဖြူးပြီးတော့ မေမေနဲ့ သွားတွေ့ပါတော့။ မေမေ မရှိတော့တဲ့ ဆယ်စုနှစ်တစ်ခုကျော်မှာ နောက်အိမ်ထောင်မပြုခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”ဟုလည်း ၎င်းက ဖခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်စကားဆိုသည်။
ဗမာလူမျိုး မိဘနှစ်ပါးကမွေးသည့် ကိုဆလိုင်းထက်ပိုင်ဖြိုးသည် ချင်းပြည်နယ်တွင် မွေးဖွားခဲ့၍ ဆလိုင်းအမည်တွင်ကာ မိသားစုဝင်များအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ၎င်းမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။
“ရှေ့ဆက်ဖို့အတွက် နှောင်ကြိုးတစ်ခုဖြတ်ရသလိုပါပဲ။ ဘုရားသခင် အလိုတော်အတိုင်းပါပဲ။”
#TachileikNewsAgency
Show all...
ရှင်ကွဲမှ သေကွဲအထိ ပျုစောထီးဖခင်နှင့် သားတော်လှန်ရေးသမား

အာဏာရှင်စနစ်ဆန့်ကျင်ရေးခရီးလမ်းတွင် မိသားစုဝင်များ၊ ချစ်သူ၊ ခင်သူများအကြား အမြင်မတူဆန့်ကျင်ဖက် ဖြစ်ရကာ ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းတို့ရှိသည်ကို မြန်မာ့နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြနေသည်။ သား၊ အဖနှစ်ဦးကို ဆန့်ကျင်ဖက်ရန်သူများဖြစ်စေရန် အာဏာရှင်တို့က စွမ်းဆောင်ခဲ့သည့်အပြင် ဖခင်ဖြစ်သူ၏ အသက်ကိုလည်း အာဏာရှင်တို့က ၎င်းတို့အတွက် ခုတုံးလုပ်ရယူသွားခဲ့ပြန်ပြီဖြစ်သည်။ အဖေက ပျူစောထီး၊ သားဖြစ်သူက တော်လှန်ရေးသမားဖြစ်လာကာ ဖခင်ကိုယ်တိုင် သားဖြစ်သူကို ငွေကျပ် သိန်း(၁၀၀)နှင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ယခုတွင် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခွင့်၊ နှုတ်ဆက်စကားပြောခွင့်မရတော့ဘဲ ဖခင်ဖြစ်သူ လူ့လောကမှ ထွက်ခွာသွား

ရှင်ကွဲမှ သေကွဲအထိ ပျုစောထီးဖခင်နှင့် သားတော်လှန်ရေးသမား [ဆောင်းပါး] https://www.tachileik.net/mm/news/36337 * * * * * အာဏာရှင်စနစ်ဆန့်ကျင်ရေးခရီးလမ်းတွင် မိသားစုဝင်များ၊ ချစ်သူ၊ ခင်သူများအကြား အမြင်မတူဆန့်ကျင်ဖက် ဖြစ်ရကာ ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းတို့ရှိသည်ကို မြန်မာ့နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြနေသည်။ သား၊ အဖနှစ်ဦးကို ဆန့်ကျင်ဖက်ရန်သူများဖြစ်စေရန် အာဏာရှင်တို့က စွမ်းဆောင်ခဲ့သည့်အပြင် ဖခင်ဖြစ်သူ၏ အသက်ကိုလည်း အာဏာရှင်တို့က ၎င်းတို့အတွက် ခုတုံးလုပ်ရယူသွားခဲ့ပြန်ပြီဖြစ်သည်။ အဖေက ပျူစောထီး၊ သားဖြစ်သူက တော်လှန်ရေးသမားဖြစ်လာကာ ဖခင်ကိုယ်တိုင် သားဖြစ်သူကို ငွေကျပ် သိန်း(၁၀၀)နှင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ယခုတွင် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခွင့်၊ နှုတ်ဆက်စကားပြောခွင့်မရတော့ဘဲ ဖခင်ဖြစ်သူ လူ့လောကမှ ထွက်ခွာသွားရပြီဖြစ်သည်။ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို တစ်နိုင်ငံလုံး၌ ပြုလုပ်နေချိန်တွင် မကွေးတိုင်း မြိုင်မြို့နယ်ရှိ တွင်းမပျူစောထီးရွာအုပ်စု ကန်အောက်ကျေးရွာ အ.ထ.က ကျောင်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ အသက်(၆၀)အရွယ်ရှိ ပျူစောထီးခေါင်းဆောင် ဦးချစ်လွင် ဗုံးသီးထိမှန် သွားခဲ့သည်။ ထို့နောက် ဦးချစ်လွင်မှာ ချက်ချင်းမသေဘဲ စစ်ဆေးရုံသို့ပိုဆောင်ရန် သယ်ဆောင်လာစဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ပြီး ၎င်းကိုယ်တိုင် ဖမ်းဝရမ်းထုတ်ခဲ့သော သားဖြစ်သူ ကိုဆလိုင်းထက်ပိုင်ဖြိုးကို တွေ့ချင်ကြောင်း ပြောဆို၍ ဆုံးပါးသွားခဲ့သည်ဟု ဦးလေးဖြစ်သူက ၎င်းအားပြန်လည်ပြောဆိုသည်။ ဖခင်ဖြစ်သူ သေဆုံးပြီဖြစ်ကြောင်းကို ဦးလေးဖြစ်သူက နံနက်(၄)နာရီတွင် ၎င်းအား ဖုန်းဆက်အကြောင်းကြားလာခဲ့ပြီး သေဆုံးနေသည့် ခန္ဓာကိုယ်ကို နေပြည်တော်သို့ နံနက်(၇)နာရီတွင် သယ်ဆောင်သွားပြီဟုလည်း ကိုဆလိုင်းထက်ဖြိုးဦးက ဆိုသည်။
“စစ်ကြောင့် သေကွဲပါခွဲလိုက်ရတာပါပဲ။ ငိုချင်ပေမဲ့ ငိုဖို့ အားမရှိဘူး။”ဟု အသက်(၂၀)ကျော်အရွယ်ရှိ Local PDF ခေါင်းဆောင် ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။
ဖခင်ဖြစ်သူ သေဆုံးပြီဖြစ်ကြောင်းကိုလည်း ညောင်းဦးခရိုင်ရုံး၌ တာဝန်ကျနေသော ဒုရဲအုပ်ဖြစ်နေသည့် ကိုဆလိုင်းထက်ပိုင်ဖြိုး၏ အစ်မဖြစ်သူကလည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဆလိုင်းထက်ပိုင်ဖြိုးသည် စစ်တပ်ကို တော်လှန်ပုန်ကန်သူဖြစ်လာခြင်းကြောင့် ဖခင်ဖြစ်သူက စကားမပြောတော့သည့် အခြေအနေဖြစ်လာပြီး တပ်မ(၉၉)က ဖိအားပေးခြင်းကြောင့် ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ဆိုသည်။
“အဖေကတော့ ရေတပ်ထဲကို ပြန်ဝင်ဖို့ခေါ်တယ်။ ခေါ်မရတော့ ကျွန်တော့်ကိုသတ်ရင် ဆုကြေးထုတ်ပေးမယ်ဆိုပြီးပြောခဲ့တာ။”ဟု ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။
ဖခင်ဖြစ်သူသည် မြိုင်မြို့နယ် USDP ပါတီ၏ စည်းရုံးရေးများတွင် ပါဝင်လေ့ရှိသူဖြစ်ကာ ပါတီအတွက် ဘာမဆို လုပ်ပေးမည်ဟု မကြာခဏပြောဆိုလေ့ရှိသူလည်းဖြစ်သည့်အပြင် ၎င်းအား စစ်သားတစ်ဦးအဖြစ် မြင်စေချင်ခဲ့သူဟုလည်း ဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖခင်ဖြစ်သူနှင့် ညီအစ်ကို မောင်နှမ(၆)ဦး စစ်တပ်ထောက်ခံသူများဖြစ်ကြပြီး (၄)ယောက်မြောက် သားလတ်ဖြစ်သူ ကိုဆလိုင်းထက်ပိုင်ဖြိုးမှာ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်လိုသဖြင့် ဖခင် ကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် ရေတပ်ဝင်ခွင့်အားငြင်းပယ်၍ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာသည်။
“ရေတပ်ထဲကိုဝင်ဖို့ လျှောက်လွှာတင်ထားတာ။ စာမေးပွဲလည်း ဖြေပြီးပြီ။ ဝင်ဖို့ဆဲဆဲ အာဏာသိမ်းမှု ဖြစ်တာ။ အဲဒါနဲ့ ကျွန်တော်လည်း တော်လှန်ရေးခရီးကို ရွေးချယ်ခဲ့တာ။”ဟု ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး ရက်(၂၀)အကြာမှစတင်၍ ဖခင်ဖြစ်သူ သေဆုံးသည့် ယနေ့အချိန်ထိ (၃)နှစ်ကျော်ကြာ နှစ်ဦးကြား စကားအပြန်အလှန်ပြောဆိုခြင်းမရှိခဲ့ဟု ဆိုသည်။ ဖခင်ဖြစ်သူနှင့် ညီအစ်ကို၊ အစ်မတို့သည် စစ်ကောင်စီအတွက် တိုက်ခိုက်ပေးသည့် ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်လာကာ ကိုဆလိုင်းထက်ပိုင်ဖြိုးမှာ တစ်ကောင်ကြွက်ကဲ့သိုပင် မိသားစုဝင်များ၏ ပြစ်ပယ်ခြင်းကို ခံခဲ့ရသည်။ ကိုဆလိုင်းထက်ပိုင်ဖြိုးက “တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ ကျွန်တော်ကိုယ်တိုင် အာဏာရှင်ကို မကြိုက်တာလည်းပါတယ်။ နောင်တမရပါဘူး။ အားမရတာလေးပါပဲ။ သူများတွေ မိဘတွေနဲ့ ဖုန်းပြောချိန် ရွာထဲသွားလို့ ကလေးတွေ မိဘရင်ခွင်မှာ နေရတာတွေကအစပေါ့။ ကျွန်တော်လည်းနေချင်တယ်။ ဒါပေမယ့် ဘုရားသခင်က နေခွင့်မပေးဘူး။” ဟု ပြောသည်။ စစ်တပ်အာဏာသိမ်းစဉ်က ကိုဆလိုင်းထက်ပိုင်ဖြိုးသည် စစ်တပ်ကို ဆန့်ကျင်ဆန္ဒခြင်းအား မိသားစုဝင်များက သိရှိခဲ့ကြသော်လည်း လက်နက်ကိုင် ပုန်ကန်လာလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း၊ တော်လှန်ရေးထဲဝင်ပါက သတ်ပစ်မည်ဖြစ်ကြောင်း မိသားစုဝင်များက ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။
Show all...
မန္တလေးတွင် ပန်းပန်ထားသူများကို စစ်ကောင်စီလိုက်ဖမ်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မန္တလေးမြို့အတွင်း ပန်းပန်သည့်သူများအား ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်မွေးနေ့အတွက် ပန်းသပိတ်ပြုလုပ်သည်ဟုစွပ်စွဲ၍ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် လိုက်လံဖမ်းဆီးနေရာ (၁၀)ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
“အခုတော့ ၁၀ ဦးလောက် ဖမ်းခံရပြီလို့ သိရတယ်။ ချမ်းအေးသာစံမြို့နယ်ထဲက လဖက်ရည်ဆိုင်ထဲ ဝင်ဖမ်းတာလို့သိရတယ်။ မြို့ထဲမှာတော့ လှည့်ကင်းတွေပတ်နေတယ်၊ အရပ်ဝတ်တွေနဲ့လည်း ရှိနေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ချမ်းအေးသာစံမြို့နယ်၊ (၃၁)လမ်းနှင့် (၈၃)လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည့် လူငယ်အမျိုးသားတစ်ဦးကို ပန်းပန်ထားသည်ဟုဆိုကာ စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။ ထို့အပြင် မန္တလေးမြို့ရှိ ရွှေယမင်းလဖက်ရည်ဆိုင်အတွင်း ပန်းပန်ထားသည့် အမျိုးသမီးငယ် (၂)ဦးနှင့် အမျိုးသမီးကြီး (၂)ဦးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။
“ကင်းပတ်နေတာထက် ကင်းပုန်းတွေပိုများတယ်။ အရပ်ဝတ်တွေပိုများတယ်။ ဖမ်းတာတွေကလည်း အရပ်ဝတ်တွေနဲ့ပဲဖမ်းနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင်းရှိ ဈေးများကိုလည်း ဝင်ရောက်ကာ ပန်းပန်ထားသူများအား ဖမ်းဆီးခြင်းများလည်းရှိနေသည်ဟု သိရသည်။ ယနေ့ ဇွန်လ(၁၉)ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပန်းသပိတ်များပြုလုပ်နေခြင်းဖြစ်သည်။ News : https://www.tachileik.net/mm/news/36336 #TachileikNewsAgency
Show all...
Photo unavailableShow in Telegram
ဆီဆိုင်မြို့နယ် လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်မောတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း PNLA မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီးတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ (၁၈) ရက်နေ့ မနက် (၉) နာရီမှ (၁၁) နာရီအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ (၃)ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ကြောင်း PNLA မှ ဆိုသည်။ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် ရပ်ရွာအတွင်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်ခြင်းများကြောင့် ကလေးငယ်များမှ ပညာသင်ယူရမည့် အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိရသည်။ စစ်ကောင်စီ နှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် နေ့စဉ်နေ့တိုင်း ၎င်းတို့အတွက် ပြည်သူများအား အသားဟင်းများဖြင့် ထမင်းချက်ခိုင်းကာ ထမင်းထုပ်ပို့ခိုင်းခြင်းများကြောင့်လည်း ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း PNLA မှ ဆိုသည်။ ထို့အပြင် ပြည်သူများအား ရွာအပြင်ဘက်တွင်လည်းကောင်း တောင်ယာထဲတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု သတ်မှတ်ကာ ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် စိုက်ပျိုးရာသီဖြစ်သော်လည်း ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36335 #TachileikNewsAgency
Show all...
👍 7 1😱 1
မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက် https://youtu.be/8x8oDcUbNBI?si=iNvMm_khL0tLjC3f * * * * * စစ်ကိုင်တိုင်း မုံရွာမြို့နယ် မုံရွာ_ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Aera 71 Defense Force မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများကို ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Area 71 အဖွဲ့မှ ဇွန်လ (၁၇) ရက်နေ့မှ စတင်ပြီး ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ (၃) ရက်တာ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇွန်လ (၁၉) ရက်နေ့ မနက် (၈) နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျုစောထီးများကို ပြည်သူအသွင်ယူပြီး ၎င်းတို့ကိုယ်တိုင် အရပ်ဝတ်နှင့် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မိုင်းရှင်းလင်းနေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။ “ကျနော်တို့ စောင့်ကြည့်နေတာ (၃) ရက်ရှိပြီဗျ၊ ပြည်သူကိုမထိခိုက်အောင်ပေါ့ ။ ဒီနေ့ တောပုပျူရွာကထွက်လာပြီး မိုင်းရှင်းနေတုန်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ”ဟု Aera 71 Defense Forceမှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency ကို ပြောသည်။ တိုက်ခိုက်မှုအတွင်း မိုင်းပွိုင့်ပေါ်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ (၃) ဦး သေဆုံးခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။ စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၆) ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ #TachileikNewsAgency
Show all...
ခရီးသွားပြည်သူများအား မိုင်းရှင်းခိုင်းသည့် စကစတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * * စစ်ကိုင်တိုင်း မုံရွာမြို့နယ် မုံရွာ_ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများအား ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Aera 71 Defense Force မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ခရီးသွားပြည်သူများကို ကားပေါ်မှဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Area 71 အဖွဲ့မှ ဇွန်လ (၁၇) ရက်နေ့မှ စတင်ပြီး ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ (၃) ရက်တာ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇွန်လ (၁၉) ရက်နေ့ မနက် (၈) နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျုစောထီးများကို ပြည်သူအသွင်ယူပြီး ၎င်းတို့ကိုယ်တိုင် အရပ်ဝတ်နှင့် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မိုင်းရှင်းလင်းနေစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။ “ကျနော်တို့ စောင့်ကြည့်နေတာ (၃) ရက်ရှိပြီဗျ၊ ပြည်သူကိုမထိခိုက်အောင်ပေါ့ ။ ဒီနေ့ တောပုပျူရွာကထွက်လာပြီး မိုင်းရှင်းနေတုန်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ”ဟု Aera 71 Defense Forceမှ တာဝန်ရှိသူတစ်ဦးမှ Tachileik News Agency ကို ပြောသည်။ တိုက်ခိုက်မှုအတွင်း မိုင်းပွိုင့်ပေါ်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ (၃) ဦး သေဆုံးခဲ့ကြောင်း Aera 71 Defense Force မှ ဆိုသည်။ စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၆) ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ #TachileikNewsAgency ▬▬▬Tachileik News Agency ▬▬▬ Email: [email protected] Website: www.tachileik.net viber:

https://vb.me/tachileiknewsagency

Twitter :

https://twitter.com/TNA_Myanmar

Telegram:

https://t.me/TachileikNewsAgency

Instagram:

https://instagram.com/tachileiknewsagency

Youtube:

https://www.youtube.com/tachileiknewsagency

Facebook:

https://www.facebook.com/TachileikNewsAgency

#TachileikNewsAgency ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

👍 14👎 1🏆 1
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် မန္တလေး PDF ဘောလုံးပြိုင်ပွဲပြုလုပ် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * အသက်(၇၉)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တတိယအကြိမ်မြောက် တံခွန်စိုက် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တပ်ရင်း/ဌာန အသီးသီးမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ချန်ပီယံအဖြစ် ကွန်မန်ဒိုတပ်ဖွဲ့မှ ရှုံးပွဲမရှိစံချိန်ဖြင့်လည်းကောင်း၊ ဒုတိယဆုကို ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနနှင့် တတိယဆုကို တပ်ရင်း(၇)မှ ရရှိခဲ့သည်ဟု သိရသည်။ #TachileikNewsAgency Photo: Mandalay People's Defence Force
Show all...
❤‍🔥 9👍 5 1🕊 1
Photo unavailableShow in Telegram
ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးလုပ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ သတင်းထုတ်ပြန်သည်။ ပေါက်ခေါင်းမြို့နယ် တောင်လည်ရွာတွင် နေထိုင်သည့် တောင်လည်ရွာမီးသတ်တပ်ဖွဲ့ဝင် စစ်ကောင်စီသတင်းပေးတစ်ဦးအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။ ၎င်းသည် တောင်လည်ရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပို့နှင့် တပ်ဖွဲ့ဝင်မိသားစုများ ဖမ်းဆီးခံရအောင် စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်း နေထိုင်၍မရအောင် စစ်ကောင်စီအား သတင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းပေးခြင်းနှင့် စစ်ကောင်စီနှင့်အတူ လမ်းပြအဖြစ်လိုက်ပါခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို PPDF-၃၆၀၁ တပ်ရင်း တပ်ခွဲ (၄)၊ တပ်ခွဲ (၅)၊ ရွှေတောင် (ပကဖ)နှင့် ပေါက်ခေါင်း (ပကဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36333 #TachileikNewsAgency
Show all...
👍 12 1
ကမ္မမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း လမ်းလုံခြုံရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် https://www.tachileik.net/mm/multimedia/36332 * * * * * မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း လမ်းလုံခြုံရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Young Force – UG ထံမှ သိရသည်။ ကမ္မမြို့မှ တွင်းမပြည်သူ့စစ်ရွာသို့ ၂၀၂၄ခုနှစ် ဇွန်လ (၁၇) ရက်နေ့ နံနက် (၉) နာရီတွင် ထွက်လာသည့် စစ်တပ်၊ ရဲ နှင့် ပျူစောထီးများ လမ်းလုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီကား (၉)စီးပါ ယာဉ်တန်းကို လမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃၀)ခန့် လိုက်လံကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း Young Force – UG မှ ဆိုသည်။ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Kamma Defense Force (KMDF)၊ Kamma Underground (ကမ္မတပ်ပေါင်းစု)၊ Pakokku People Defense Force (PPDF)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-၂)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ Thurain-TR Pakokku နှင့် Young Force - UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ #TachileikNewsAgency Video: Young Force – UG
Show all...
ကမ္မမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း လမ်းလုံခြုံရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း လမ်းလုံခြုံရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Young Force – UG ထံမှ သိရသည်။ ကမ္မမြို့မှ တွင်းမပြည်သူ့စစ်ရွာသို့ ၂၀၂၄ခုနှစ် ဇွန်လ (၁၇) ရက်နေ့ နံနက် (၉) နာရီတွင် ထွက်လာသည့် စစ်တပ်၊ ရဲ နှင့် ပျူစောထီးများ လမ်းလုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီကား (၉)စီးပါ ယာဉ်တန်းကို လမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃၀)ခန့် လိုက်လံကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ထိခိုက်ဒဏ်ရ

👍 8🕊 2🏆 2
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပြုလုပ်သည့်ပန်းသပိတ် သံရုံးများလည်းပါဝင်လာ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်အနေဖြင့် တစ်နိုင်ငံလုံးကပြုလုပ်နေသည့် ပန်းသပိတ်ကို ရန်ကုန်မြို့ရှိ သံရုံးများကလည်း ပါဝင်ကြောင်း ပုံတင်သည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီး မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရန်လည်း ရန်ကုန်ရှိ ဗြိတိန်သံရုံး၊ ဂျာမနီသံရုံးနှင့် ဥရောပသမဂ္ဂရုံးတို့က တောင်းဆိုထားကြသည်။ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ်အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများက ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားရာ အဆိုပါသံရုံးများကလည်း ပန်းဓာတ်ပုံများကို ၎င်းတို့၏ လူမှုကွန်ယက်(Facebook)တွင် ဖော်ပြလာခြင်းဖြစ်သည်။ ယနေ့တွင် မြန်မာနိုင်ငံအနှံ့တွင် အသက်(၇၉)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြခြင်းများ၊ လှုပ်ရှားမှုများကို စစ်ကောင်စီပိတ်ပင်နေသည့်ကြားက လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်း၍ ဖမ်းဆီးခဲ့ပြီး အမှု(၁၉)မှုနှင့် ထောင်ဒဏ်(၃၃)နှစ်ချမှတ်ခဲ့သည်။ ယင်းအထဲမှ (၆)နှစ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ(၁)ရက်နေ့က လျှော့ပေါ့ပေးခဲ့သော်လည်း ကျန်နေသေးသည့် (၁၄)မှုအတွက် လက်ရှိတွင် ထောင်ဒဏ်(၂၇)နှစ် ကျခံနေရဆဲဖြစ်သည်။ News : https://www.tachileik.net/mm/news/36331 #TachileikNewsAgency
Show all...
❤‍🔥 15👍 12🕊 3🎉 1
Photo unavailableShow in Telegram
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြုလုပ်သည့်ပန်းသပိတ် ဂျာမနီသံရုံးလည်းပါဝင် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်အနေဖြင့် တစ်နိုင်ငံလုံးကပြုလုပ်နေသည့် ပန်းသပိတ်ကို ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးလည်း ပါဝင်ကြောင်း ပုံတင်သည်ကို တွေ့ရသည်။ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများက ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားရာ ဂျာမနီသံရုံးကလည်း ပန်းပန်ထားသည့် ဓာတ်ပုံကို ၎င်းတို့၏လူမှုကွန်ယက်(Facebook)တွင် ဖော်ပြလာခြင်းဖြစ်သည်။ ယနေ့တွင် မြန်မာနိုင်ငံအနှံ့တွင် အသက်(၇၉)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြခြင်းများ၊ လှုပ်ရှားမှုများကို စစ်ကောင်စီပိတ်ပင်နေသည့်ကြားက လုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်း၍ ဖမ်းဆီးခဲ့ပြီး အမှု(၁၉)မှုနှင့် ထောင်ဒဏ်(၃၃)နှစ်ချမှတ်ခဲ့သည်။ ယင်းအထဲမှ (၆)နှစ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ (၁)ရက်နေ့က လျှော့ပေါ့ပေးခဲ့သော်လည်း ကျန်နေသေးသည့် (၁၄)မှုအတွက် လက်ရှိတွင် ထောင်ဒဏ် (၂၇)နှစ် ကျခံနေရဆဲဖြစ်သည်။ News : https://www.tachileik.net/mm/news/36330 #TachileikNewsAgency
Show all...