cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Show more
Advertising posts
27 356Subscribers
-424 hours
-57 days
-14530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

တရုတ်ကနေ စစ်ကောင်စီကို လက်နက်ထောက်ပံ့တာရပ်ဖို့ ဒေါ်ဇင်မာအောင်ပြော ====================== RFA April 28, 2024 တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့ပေးနေတာ ရပ်တန်းကရပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီလက်နက်တွေသုံးပြီး ကိုယ့်ပြည်သူတွေကို ပြန်သတ်ဖြတ်နေတာကြောင့် အိမ်နီးချင်းတရုတ်အနေနဲ့ လက်နက်ရောင်းချတာ၊ ငွေရေးကြေးရေး ထောက်ပံ့တာတွေကို ရပ်ဖို့တောင်းဆိုတယ်လို့ ဧပြီလ ၂၈ ရက် ဒီကနေ့ ဘရပ်ဆဲလ်မှာ South China Morning Post သတင်းစာနဲ့ မေးမြန်းစဉ် ပြောဆိုတာဖြစ်ပါတယ်။ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ဝ ဝါရှင်တန်ဒီစီမြို့တော်တွင် အမေရိကန်ရောက် မြန်မာများနှင့် တွေ့ဆုံပွဲ တက်ရောက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။ (Photo: Ministry of Foreign Affairs - Myanmar - NUG) သတင်းအပြည့်အစုံ 👇👇👇
Show all...
👍 33👏 5
Repost from Dark Shadow(YGNUG)
သတင်းထုတ်ပြန်ချက် ယနေ့ ၂၈.၄.၂၀၂၄ တွင် ကျွန်တော်တို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ညောင်တုန်းလမ်းမကြီးပေါ်ရှိ ၅ထိပ်ရဲစခန်းကို ည (၇)နာရီ (၃၀)မိနစ် ခန့်တွင် (၄၀)မမ ဗုံးသီး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှု အောင်မြင်ပြီး စစ်ခွေးများ ထိခိုက်မှုရှိကြောင်း မြေပြင်ရဲဘော်များ ထံမှ ကြားသိရသည်။ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်သည်။ ယခု mission တွင်အသုံးပြုခဲ့သော (၄၀) မမ သည် ၆.၄.၂၀၂၄ မှ ၁၀.၄.၂၀၂၄ အထိ ပြုလုပ်ခဲ့သော “မမနှင့်အတူ မြို့ပြကူ" ကမ်ပိန်းမှ ရရှိသော ပြည်သူ့ထောက်ပို့အင်အားဖြင့် ဝယ်ယူခြင်းဖြစ်သည်။ အရိပ်တပ်သားများသည် ပြည်သူများမှ ဖြစ်ပေါ်လာသော တော်လှန်ရေးတပ်သားများ ဖြစ်ပြီး ပြည်သူများအတွက် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ မည့်သည် မတရားမှုမျိုးကိုမဆို တွန်းလှန်ပြီး ဆက်လက်တိုက်ပွဲ ဝင်သွားပါမည်။ #darkshadow
Show all...
👍 26 15
Repost from Infinity Group
စစ်ကိုင်းတိုင်းရဲ့စစ်ရေး၊နိုင်ငံရေးအရွေ့ကို တကယ်သိသိသာသာမြင်ချင်ရင် ဒီနှစ်ထဲအရေးတကြီးလုပ်ရမယ့်အရာတွေက - ၁။ ခွေးကျိုးနဲ့ယုန်လိုက်နေတဲ့ပသုံးလုံးယန္တရားကို အသစ်ပြန်လည်ဖွဲ့စည်းရပါမယ်။ ၂။ ကွပ်ကဲရေး၊ပကဖ၊ဗျူဟာရင်း၊တပ်ရင်း၊Local PDF ဆိုပြီး Protocol မခွဲခြားဘဲ လက်တွေ့ဆန်တဲ့မဟာမိတ်တပ်ပေါင်းစုအသွင်သဏ္ဍာန်ကို ဦးစားပေးတည်ဆောက်ရပါမယ်။ ၃။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို အလွန်အကြူးမဖက်တွယ်ပါနဲ့။ ၄။ လက်နက်နဲ့ပဲရင်ဆိုင်ဖြေရှင်းချင်တဲ့ စစ်ဘုရင်ဝါဒကို ကိုယ်စီလျှော့ချရပါမယ်။ ၅။ ပသုံးလုံးနဲ့ လက်နက်ကိုင်ရဲဘော်တွေကို နိုင်ငံရေးသင်တန်းတွေ၊လူထုဆက်ဆံရေးသင်တန်းတွေ စဥ်ဆက်မပြတ်ထိတွေ့စေရပါမယ်။ ၆။ တရားစီရင်ရေးကို မောင်ဖြူမောင်နီမခွဲခြားဘဲ၊ ဒဏ်ကြေးနဲ့ အလေးပေးမဆုံးဖြတ်ဘဲ သမာသမတ်ကျကျဆောင်ရွက်ပါ။ ၇။ ဂိတ်ထောင်ပြီး ဆက်ကြေးကောက်တာတွေ၊ သယံဇာတခိုးယူသုံးစွဲတာတွေ လျော့ပါးပပျောက်အောင် နည်းလမ်းရှာပါ။ ၈။ တပ်ရင်းတပ်ဖွဲ့နဲ့ပကဖ၊ပအဖအမည်ခံပြီး ကိုယ်ကျိုးစီးပွားရှာတာတွေ(ဥပမာ - လက်နက်ကူးခြင်း၊ကျည်ကူးခြင်း)ကို ထိရောက်စွာအရေးယူပါ။ ၉။ စုံလင်ကွဲပြားမှု (Pluralism)ကိုအခြေခံလို့ စုပေါင်းခေါင်းဆောင်မှု( Collective Leadership)ဆီဦးတည်စေမယ့် အတိုင်ပင်ခံကောင်စီအပြင် ပြည်နယ်အစိုးရပါ ပေါ်ပေါက်လာရပါမယ်။ ၁၀။ တပ်ရင်းတိုင်းကို နိုင်ငံရေးမှူးတယောက်စီခန့်အပ်တာဝန်ပေးသင့်ပါတယ်။ဒါ့အပြင် ဗျူဟာစောင့်ကြည့်ရေးနဲ့တန်ပြန်ဗျူဟာခင်းကျင်းရေးအဖွဲ့တွေ၊သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေ၊လူထုစည်းရုံးရေးနဲ့ဝါဒဖြန့်ချိရေးအဖွဲ့တွေပါ မြို့နယ်တိုင်းမှာ မဖြစ်မနေရှိသင့်ပါတယ်။ ၁၁။ ကြားကာလဖွဲ့စည်းပုံဥပဒေကို ဖက်ဒရယ်ယူနစ်​လွှတ်တော်တခုတည်းကပဲ ကမ္မကထပြုရေးဆွဲယူမယ့်အစား တခြား De Facto အင်အားစုတွေနဲ့ပါ အကျေအလည်ညှိနှိုင်းဆွေးနွေးရပါမယ်။ ၁၂။ လူထုအသံဟာ အောင်ပွဲအလံဖြစ်ပါတယ်။ လူထုကို လွတ်လပ်စွာဝေဖန်ခွင့်ပေးရပါမယ်။ ၁၃။ တိုက်ရင်းစည်းရုံး၊စည်းရုံးရင်း တည်ဆောက်ဆိုတဲ့လမ်းစဥ်နဲ့ ကျွဲကူးရေပါသွားရပါမယ်။စစ်ရေးချည်းပဲ အသားပေးနေလို့မရပါ။ ၁၄။ နိုင်ငံရေးမှာ ဗဟိုထိန်းချုပ်မှု(Central Command) လျှော့ချရပါမယ်။ စစ်ရေးမှာတော့ Central Command ဖြစ်လာအောင် အရှိန်မြှင့်တည်ဆောက်ယူရပါမယ်။ #နှင်းရိပ်နွေ
Show all...
👍 34 6😁 1
ပြည်သူသို့ သတိပြုနိုင်ရန် တင်ပြခြင်း ယခု လတ်တလော ကာလအတွင်း social media များပေါ်တွင် နာမည်ရှိနေသော လူငယ်များ celebrity များ၏ Personal Video File များ ပြန်နှံလျှက်ရှိပါသည်။ နစ်နာသူကာယကံရှင်များ၏ ပြောဆိုချက်များအရ ဖုန်းပြုပြင်သည့် ဆိုင်မှ အဆိုပါ video များကို ကူးယူကာ social media များတွင် ဖြန့်ဝေခဲ့သည်ဟု ယူဆရပါသည်။ အဓိက ပြောလိုသည့်အချက်မှာ တော်လှန်ရေးတွင် ပါဝင်နေကြဆဲရှိသော ပြည်သူလူထုကြီး ခင်ဗျာ - မိမိတို့ လက်ကိုင်ဖုန်းသည် မည်သည့်အချိန် မည်သည့်နေရာတွင် မည်ကဲ့သို့ ပျက်ယွင်းမည် ဆိုတာ မည်သူမျှ မသိရှိနိုင်ပါ။ ထို့အတွက် Ethic မရှိသော ဖုန်းပြင်ဆိုင်တချို့ ၊ Ethic မရှိသော ဖုန်းပြင်ဆိုင်မှ ဝန်ထမ်း တချို့သည် မိမိတို့၏ လက်ကိုင်ဖုန်းအတွင်းရှိ တော်လှန်ရေး လှုပ်ရှားမှု မှတ်တမ်းများကို ခိုးယူကာ မိမိအား အကြိမ်ကြိမ် ခြိမ်းခြောက် ငွေညှစ်လာနိုင်ခြင်း ၊ မိမိ အား ချောက်ချကာ အကြမ်းဖက် စစ်ကောင်စီ တပ် ထံ တိုင်ကြားခြင်းများ ရှိလာနိုင်ပါသည်။ ထို့အတွက် တော်လှန်ပြည်သူများ အနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းများတွင်သော်လည်း ၊ အခြားသော မည်သည့် electronic ပစ္စည်း တမျိုးမျိုးတွင်သော်လည်းကောင်း တော်လှန်ရေး နှင့် သက်ဆိုင်သော မည်သည့်မှတ််တမ်းများအားလုံး ( ဂုဏ်ပြုမှတ်တမ်း ၊ လက်မှတ်ဝယ်ယူထားမှု ၊ PRF မှတ်တမ်း ) ၊ email များ login ထားခြင်း ၊ တော်လှန်ရေးတွင် အသုံးပြုနေသော မည်သည့် App များကို download ချထားခြင်း - ချထားသည့် History ရှိနေခြင်း - အဆိုပါ App များ၏ login password များကို ဖုန်းအတွင်း Auto သိမ်းဆည်းထားခြင်း ၊ တော်လှန်ရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းများနှင့် ပြောဆိုထားသော Chat History များ အစရှိသည်များကို သိမ်းဆည်းထားခြင်း ထားသိုထားခြင်း လုံးဝ ( လုံးဝ) မပြုကြပါရန် တိုက်တွန်းအပ်ပါသည်။ တော်လှန်ရေးနှင့် သက်ဆိုင်သော မှတ်တမ်းများအားလုံး ၊ Chat History များအားလုံးကို ကို မိမိ စစ်ဆေး အတည်ပြုပြီးသည်နှင့် တပြိုင်နက် အဆိုပါနေရာတွင်ပဲ တစ်ထိုင်တည်း အပြီးတိုင် ဖျက်ဆီးပစ်ထားကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ပြည်သူလူထု၏ လုံခြုံရေးသည်သာ အဓိက ဖြစ်သည်။
Show all...
👍 31 14
စစ်သင်တန်းပြီးပေမယ့် သေနတ်မရသေးတာကြောင့် တိုက်ပွဲမလိုက်နိုင်ကြတဲ့ YDF ရဲမေများ (အမျိုးသမီးကဏ္ဍ) မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၄။ နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ သူတို့ ၄ ဦးသည် ယောဒေသသူတွေဖြစ်ကြပြီး တော်လှန်ရေးအစောပိုင်းမှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး စစ်သင်တန်း အပတ်စဉ် ၁၃ အထိ တက်ရောက်အောင်မြင်ခဲ့ကြသည်။ လက်ရှိတွင် YDF တပ်ဖွဲ့တွင် ရဲဘော်၊ ရဲမေများကို စစ်သင်တန်း အပတ်စဉ် ၁၃ အထိ သင်ကြားပေးခဲ့ပြီး ဖြစ်ပေမယ့် အမျိုးသမီး ရဲမေများအတွက် လက်နက်မရှိ၍ တိုက်ပွဲမလိုက်နိုင်ကြဘဲ နောက်တန်းမှာသာ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေကြရသည်။ အင်တာဗျူး - စောကျော်ငြိမ်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #အမျိုးသမီးကဏ္ဍ #ရဲမေ #ယောကာကွယ်ရေးတပ်YDF #မြေလတ်သတင်း https://youtu.be/4fKKHgXBV8c
Show all...
စစ်သင်တန်းပြီးပေမယ့် သေနတ်မရသေးတာကြောင့် တိုက်ပွဲမလိုက်နိုင်ကြတဲ့ YDF ရဲမေများ (အမျိုးသမီးကဏ္ဍ)

စစ်သင်တန်းပြီးပေမယ့် သေနတ်မရသေးတာကြောင့် တိုက်ပွဲမလိုက်နိုင်ကြတဲ့ YDF ရဲမေများ (အမျိုးသမီးကဏ္ဍ) မြေလတ်အသံ၊ ဧပြီ ၂၈၊ ၂၀၂၄။ နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရပ်နိုင်သည့် အမျိုးသမီးငယ် ၄ ဦးမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ သူတို့ ၄ ဦးသည် ယောဒေသသူတွေဖြစ်ကြပြီး တော်လှန်ရေးအစောပိုင်းမှစ၍ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး စစ်သင်တန်း အပတ်စဉ် ၁၃ အထိ တက်ရောက်အောင်မြင်ခဲ့ကြသည်။ လက်ရှိတွင် YDF တပ်ဖွဲ့တွင် ရဲဘော်၊ ရဲမေများကို စစ်သင်တန်း အပတ်စဉ် ၁၃ အထိ သင်ကြားပေးခဲ့ပြီး ဖြစ်ပေမယ့် အမျိုးသမီး ရဲမေများအတွက် လက်နက်မရှိ၍ တိုက်ပွဲမလိုက်နိုင်ကြဘဲ နောက်တန်းမှာသာ ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်နေကြရသည်။ အင်တာဗျူး - စောကျော်ငြိမ်း၊ သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #အမျိုးသမီးကဏ္ဍ #ရဲမေ #ယောကာကွယ်ရေးတပ်YDF #မြေလတ်သတင်း

👏 9👎 1
Repost from MPANews
မဲဆောက်သို့ တိမ်းရှောင်လာသူများအား အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများရှိနေ 28 Apr 2024 By MPA CJ 018 ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာရွေ့ပြောင်းနေထိုင်သူများအား အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာရွေ့ပြောင်းနေထိုင်သူများထံမှ သိရသည်။ မဲဆောက်အလုပ်အကိုင်ရှာဖွေရေးဆိုသည့် Facebook Group တွင်လည်း အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာနိုင်ငံသားအများအပြားတွေ့နေရပြီး အမှန်တကယ်အလုပ်ရရှိသွားသူ နည်းပါးကာ လူလိမ်ပွဲစားများဖြင့်သာတိုးနေကြောင်း မဲဆောက်တွင်နေထိုင်ပြီး အလုပ်အကိုင်ရှာဖွေနေသူ တစ်ဦးက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5bydknx9 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
🤬 23 1
Repost from MMWeather
ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲအထိ ထိပ်ဆုံးမှာပါဘဲ။ နောက်လာမဲ့ ၇ ရက် (မေလ ၄ ရက်၊ စနေနေ့)မှာတော့ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အပူချိန် အနည်းငယ်လျော့ကျနိုင်ပါမယ်။
Show all...
Repost from Bago Scout Network
* တောင်ငူ - သံတောင်လမ်း ဧပြီလ ၂၅ရက် ည ၁၀နာရီဝန်းကျင်တွင် တောင်ငူ - သံတောင်လမ်း (၇)မိုင် စစ်စခန်းရှိစစ်တပ် ပစ်ခတ်လိုက်တဲ့ ၁၂၀မမ၊ ၆၀ မမ လက်နက်ကြီးတွေ တပြေးရွာ ထဲ (၄) လုံး ကျပြီး နေအိမ် တချို့ ထိမှန်ပျက်စီးထိမှန်ခဲ့ကြောင်း သိရသည်။ မြေပြင်တွင် ဒီထက်ပိုမိုထိခိုက်ပျက်ဆီးတဲ့ အိမ်နှင့် ခြံများရှိကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ် တပ်ဖလှယ်ခြင်း၊ လမ်း/ ကင်း လှည့်လည်ထောက်လှမ်းခြင်း၊ ရိက္ခာနှင့် လူအင်အား ပို့ဆောင်ချိန် အတိုက်အခိုက်ခံရမှုကြောင့် နေ့၊ညစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်တဲ့အတွက် စိုးရိမ်ထိန့်လန့်နေထိုင်ရကြောင်းဒေသခံများကဆိုသည်။ ဘုရင့်နောင်တပ်မှလည်းကောင်း ၊ လိပ်သိုလ်လမ်း စစ်စခန်းများမှလည်းကောင်း၊ သံတောင်- တောင်ငူလမ်းရှိ စစ်စခန်းများမှလည်းကောင်း နေ့၊ ည လက်နက်ကြီးများ ပစ်ခတ်လျက် ရှိနေကြသည်။ Photo - TDMP #April28 #tsrnc
Show all...
Repost from MMWeather
ကမ္ဘာ့အပူဆုံး ၁၅ မြို့မှာ အာဖရိကတိုက်မြောက်ပိုင်းကနိုင်ငံတွေဖြစ်တဲ့ Mali, Niger, Senegal, Chad နိုင်ငံတွေအပြင် အိန္ဒိယအရှေ့မြောက်ဘက်ကမ်းရိုးတမ်းပြည်နယ်တွေဖြစ်တဲ့ ဩရိဿ၊ အနောက်ဘင်္ဂလားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာတို့ ပါဝင်ပေမဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေလဲ အပူချိန် ၄၀ အထက် မြင့်မားနေနိုင်မဲ့ တိုင်းပြည်တွေထဲမှာ ပါပါတယ်။
Show all...
ပုဂံမှာ အပူချိန်မြင့်မားလို့ သေဆုံးသူတွေရှိနေပြီး ၁ ရက်ကို ၄ နာရီခန့်သာ လျှပ်စစ်မီးရရှိ ပုဂံ၊ ဧပြီ ၂၈၊ ၂၀၂၄။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသဟာ နေ့အပူအချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး ကမ္ဘာ့အပူဆုံးမြို့များစာရင်းမှာလည်း ဆက်လက်ရပ်တည်နေပါတယ်။ အပူချိန်မြင့်မား(Heat stroke)ရာကနေ သတိလစ်မူးလဲတာတွေနဲ့ သေဆုံးမှုတွေထိ သက်ကြီးရွယ်အိုတွေ ဖြစ်နေတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။ "ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။" လို့ ပုဂံမြို့ခံတဦးကပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ပုဂံမှာအပူချိန်မြင့်မားလို့သေဆုံးသူတွေရှိနေပြီး_၁ရက်ကို၄နာရီခန့်သာ_လျှပ်စစ်မီးရရှိ
Show all...