Official Telegram channel of the President of Ukrainewatch here
Category
Channel location and language

audience statistics Mizzima

Myanmar News brings you the latest news and insight into Burma or Myanmar as the country transitions.  http://www.mizzima.com   http://www.mizzimaburmese.com   https://www.facebook.com/MizzimaDaily/   https://twitter.com/MizzimaNews  
Show more
28 387+23
~1 318
~137
4.66%
Telegram general rating
Globally
98 125place
of 5 760 606
In category
1 093place
of 2 995
Subscribers gender
Updated: 19.08.22
?
78%
22%
Audience language

Data loading is in progress

Subscribers count
ChartTable
D
W
M
Y
help

Data loading is in progress

User lifetime on the channel
Updated: 19.08.22
?

Data loading is in progress

Subscribers gain
ChartTable
D
W
M
Y
help

Data loading is in progress

Sources of subscriptions
D
W
M
Y
help

Data loading is in progress

Since the beginning of the war, more than 2000 civilians have been killed by Russian missiles, according to official data. Help us protect Ukrainians from missiles - provide max military assisstance to Ukraine #Ukraine. #StandWithUkraine
သုံးထပ်ကွေ့တိုက်ပွဲတွင် စကစမှတိုက်လေယာဉ်နှင့် အတွဲလိုက်ဒုံးများပါ အသုံးပြုတိုက်ခိုက်နေ ကိုကိုနေတိုး မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီ-ဝေါလေကားလမ်းမအနီး သုံးထပ်ကွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ အတွဲလိုက်စနစ်သုံး ဒုံးများကိုပါ အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။ မှော်ဘီ လေတပ်စခန်းမှ Yak - 130 အမျိုးအစားလေယာဉ်ဖြင့် မြဝတီ - ဝေါ်လေ ကားလမ်းမအနီးသို့ ဩဂုတ် ၁၈ ရက်၊ ည ၁၁ နာရီ ၅၈ မိနစ် ခန့်တွင် ဗုံးသုံးလုံးကြဲချခဲ့ကြောင်း၊ ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီ၊ နေ့လယ် ၃ နာရီခန့်တို့တွင်လည်း တိုက်ပွဲဖြစ်ရာနေရာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Cobra စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီမှ တိုက်လေယာဉ်များ၊ အတွဲလိုက်စနစ်သုံးဒုံးများအပြင် ၁၂၂ မမ ဟောက်ဝင်ဇာ အမြောက်များ၊ ၆၀ မမ၊ ၈၁ မမ အမြောက်များကိုပါအသုံးပြု၍ ပြင်းထန်စွာပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ “ သူတို့အခုလို ပြင်းပြင်းထန်ထန်တိုက်နေတာက ဂုဏ်သိက္ခာပိုင်းဆိုင်ရာလို့ပဲ ကျနော်တို့ ယူဆပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီနေရာကို သူတို့တိုက်ဖို့ တစ်လနဲ့ ၁၅ ရက်ပြည့်တော့မယ်ပေါ့လေ။ သူတို့ သိမ်းဖို့ကြိုးစားနေတာပေါ့။ ဒါပေမယ့် အခုထိသူတို့မရသေးဘူး” ဟု ဟု KNLA (Cobra စစ်ကြောင်း) ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက မဇ္ဈိမသို့ပြောသည်။ စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) သည် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ နံနက် ၃နာရီ ၃၅ မိနစ်ခန့်တွင် ကျူးကျော်သိမ်းပိုက်ရန်ကြိုးစားခဲ့၍ ကော်ဘရာစစ်သည်တော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အလားတူ နံနက် ၈နာရီတွင် စစ်ကောင်စီမှ အင်အားတိုးချဲ့ ထပ်မံစုဖွဲ့ပြင်ဆင်ပြီး စစ်မျက်နှာ လေးခုထက်မနည်းဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များတစ်ရစပ်ပစ်ခတ်၍ ထိုးစစ် ပြန်လည်စတင်ခဲ့သည်။ “ သူတို့ရှိသမျှတပ်တွေလည်း ဖွဲ့စည်းပုံပျက်ပြီးတော့ ထွက်သွားရတယ်။ တကယ်တော့ အကြမ်းဖက်စစ်ကောင်စီမှာ တပ်ရင်း သုံးရင်းနဲ့ တစ်ဗျူဟာပေါ့လေ။ တပ်ရင်း လေးရင်းလောက်စုတဲ့အင်အားက ဘယ်နေရာမှာမဆို ဒါဟာ သိမ်းပိုက်လို့ရတယ်၊ ထိုးထွက်လို့ရတယ်၊ ဖောက်ထွက်လို့ရတဲ့ အင်အားဖြစ်ပါတယ်။ သူတို့ပထမသုံးတဲ့ တပ်ရင်း သုံးရင်းနဲ့ တစ်ဗျူဟာလည်း ကျရှုံးသွားတယ်၊ အခုလည်း ဗျူဟာပြောင်းပြီး နောက်ထပ်တပ်ရင်း သုံးရင်းနဲ့ နောက်ထပ်ဗျူဟာတစ်မျိုးထပ်ပြီးတော့ တိုးလာတာပေါ့၊ အခုလည်း အဲ့ဗျူဟာလည်းထပ်ပြီးတော့ ကျရှုံးတယ် ” ဟု မျိုးသူရကိုကိုက ပြောသည်။ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးပြီး၊ ၂၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း နှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး MA (1) သေနတ် တစ်လက်၊ MA (2) သေနတ် တစ်လက်၊ ကျည်ကာစစ်ခမောက် နှစ်လုံး၊ RPG ဗုံးသီး နှစ်လုံးတို့အပြင် ၅.၅၆ ကျည် ၁၀,၀၀ ဝန်းကျင်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ ဒုတပ်ကြပ် ထင်ကျော်နှင့် တပ်သားမင်းသူ တို့ဖြစ်ပြီး ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်းဥပဒေများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်း၏ စစ်သုံးယာဉ်အချို့၊ လက်နက်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အဦတစ်လုံး ပျက်စီးခဲ့ကြောင်းလည်းဆိုသည်။ တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ကိုခုခံသော ကော်ဘရာစစ်သည်တော် သုံးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ရသည်။ ထို့အပြင် သတင်းထုတ်ပြန်ခဲ့သည့် ဩဂုတ်လ ၁၉ ရက်၊ ညနေ ၇ နာရီအချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။ စာတည်း ။ ။ Alden စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
Show more ...
912
2
644
1
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ============================ ဖူးအိအိနွယ် မဇ္ဈိမ။ ။ " ဖက်ဆစ်စစ်အုပ်စုကို ပြည်သူ့တရားခွင်မှာ တရားစီရင်ဖို့သာ ငါတို့အလိုရှိသည် " စာသားကို ကိုင်ဆောင်ကာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ယနေ့ ဩဂုတ်လ ၁၉ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ Photo- Aung Khant Zaw စာတည်း ။ ။ Alden စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
559
0
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဩဂုတ် ၂၀၂၂ ) ကရင်ပြည်နယ်ဘက်တွင် စစ်ကောင်စီတပ် နှင့် KNU/KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်ရေး တင်းမာမှုများကြောင့် မြဝတီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကို ယမန်နေ့က ယာယီရပ်ဆိုင်းခဲ့ရပြီး ယနေ့မှာတော့ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က အထိအခိုက် အကျအဆုံး များပြားခဲ့သည်ကို တွေ့ရသည်။
image
601
0
မြောင်းမြတွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ စစ်ကောင်စီတပ်သားများ အသည်းအသန်ထွက်ပြေး ================= မဇ္ဈိမ ။ ။ ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ယနေ့ ဩဂုတ်လ ၁၉ရက်နေ့ ည ၈နာရီ၂၀ခန့်တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ အသည်းအသန်ထွက်ပြေးသွားကြကြောင်း ဒေသခံများမှပြောသည်။ မြောင်းမြမြို့မရဲစခန်း အနောက်ဘက် စိုက်ပျိုးရေးဘဏ်အနီးရှိ မွေးမြူရေးနှင့်ရေလုပ်ငန်း ရုံးဝင်းအရှေ့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ပထမတစ်လုံးက အသံတော်တော်ကျယ်တယ် အသံဗုံးဖြစ်မယ်၊ စစ်ခွေးတွေ(စစ်ကောင်စီတပ်သားများ)လည်း ရောက်ရော နောက်တစ်လုံး ထပ်ပေါက်တာ ထိသွားတယ်သူတွေရှိတယ်လို့ ကြားတယ်၊ သေချာမသိသေးလို့ ဒုတိယအလုံးလည်း ပေါက်ရော စစ်ခွေးတွေ(စစ်ကောင်စီတပ်သားများ)ထွက်ပြေးလိုက်ကြတာဆိုတာ လမ်းမပေါ်မှာ ခွေးပြေးဝက်ပြေးပဲ”ဟု မြို့ခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုနှင့် ပက်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။ စာတည်း- သန့်ဇော်(သန်လျင်)
Show more ...
1 348
6
စစ်အာဏာရှင်စနစ်ကျဆုံးရေး လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြ ============================ ဖူးအိအိနွယ် မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ်ကျရှုံးရေး ယနေ့ ဩဂုတ်လ ၁၉ ရက်တွင် ချီတက်ဆန္ဒပြခဲ့သည်။ “စစ်ကျွန်စနစ်က လွတ်မြောက်ရေး ရုန်းကြ ထကြ တော်လှန်ကြဟေ့ ” ဟု ကြွေး​ကြော်ကာ ချီတက်ခဲ့ကြပြီး တော်လှန်ရေးကို သွေးမအေး သွေးမကြောင်ဘဲ ဆက်လက် လှုပ်ရှားပါဝင်ကြရန်လည်း နှိုးဆော်တိုက်တွန်းခဲ့ကြသည်။ စာတည်း - သန့်ဇော်(သန်လျင်) Photo: Black Ko
Show more ...
977
0
ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၄၇၃ရက်မြောက် ချီတက်ဆန္ဒပြ ကိုခင်မောင် နယူးဒေလီ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် "ဖက်ဆစ်စစ်တပ်ကို ပြည်သူ့တရားခွင်မှာတရားစီရင်ဖို့သာ ငါတို့အလိုရှိတယ်"စာသားပါ ဘန်နာကိုင်ဆွဲ၍ ယနေ့ သြဂုတ်လ ၁၉ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။ “ကျနော်တို့ ယင်းမာပင်ဒေသမှာ ယနေ့အချိန်ထိ မြေပေါ်တော်လှန်ရေးလမ်းစဉ်၊ မြေအောက်တော်လှန်ရေးလမ်းစဉ်တွေဟာ အားကောင်းကောင်းနဲ့စစ်အာဏာရှင်စနစ်ကို တွန်းတိုက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ ယင်းမာပင်ဒေသကို အမျိုးမျိုးအဖုံဖုံ ဖိနှိပ်နေတာဖြစ်ပါတယ်။ ဒီလို ရက်စက်မှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာ တရားစီရင်ကြရမယ်။ ဘယ်တော့မှသွေးမအေးဘဲ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန်နေဖို့ အင်မတန်အရေးကြီးပါတယ်။” ဟု သိပိတ်ခေါင်းဆောင်က ပြောသည်။ “သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၇၃ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။ စာတည်း - သန့်ဇော်(သန်လျင်)
Show more ...
857
0
ဩဂုတ် ၁၉ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း ===================== မတ္တရာမြို့နယ်မှာ စစ်ကောင်စီယာဥ် ၈ စီး မိုင်းဆွဲတိုက်ခိုက်ခံလို့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးတဲ့သတင်း   ထိုင်းနိုင်ငံကို MOU စနစ်နဲ့ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ၃ လအတွင်း ဦးရေ ၂၀,၀၀၀ ကျော်ရှိနေပြီဆိုတဲ့အကြောင်းနှင့်   အင်္ဂလန်မှာ ယူကရိန်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်အတိုင်း ဒီဇိုင်းထုတ်လေ့ကျင့်ပေးနေတဲ့ သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။
925
0
​​ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာတွင်စိတ်ပါရဂူဒုဗိုလ်မှူးကြီး(ငြိမ်း)တစ်ဉီးနှင့်အစားထိုး ဆလိုင်းထန် ဟားခါး (မဇ္ဈိမ )။။ ။ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်အား တာဝန်မှ အနားပေးပြီးလည်းကောင်းနေရာတွင်စစ်တပ်မှ စိတ်ပါရဂူဒုတိယဗိုလ်မှူးကြီးဒေါက်တာဝုန်ဆွန်းထန် အားယနေ့(ဩဂုတ်-၁၉)ရက်နေ့တွင်ပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။ လက်ရှိစစ်ကောင်စီမှခန့်အပ်လိုက်သည့်ဝန်ကြီးချုပ်အသစ်သည် တီးတိန်မြို့နယ်၊ငင်းနုန်းရွာဇာတိဖြစ်ပြီး လည်းကောင်း၏ဖခင်သည်လည်းဗိုလ်မှူးကြီးတစ်ဦးဖြစ်ကာပါတီကောင်စီခေတ်ကဥက္ကဌအဖြစ်တာဝန်ယူခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။ ''ဒီဆရာဟာတကယ့်လူတော်ပါ and very humble person ဖြစ်တယ်။သူဝန်ကြီးချုပ်ဖြစ်ရတာနဲ့ ဒီကာလမှာ တီးတိန်ကိုခရိုင်ပေးလိုက်တာဟာ တီးတိန်သားတွေအတွက်တော်တော်ရင်နာစရာကောင်းတဲ့အရာဖြစ်တယ်။စစ်ကောင်စီအနေနဲ့ သွေးခွဲအုပ်ချုပ်ဖို့ပိုကောင်းသွားတာပေါ့။ ဟု တီးတိန်မြို့ပေါ်နေသူတစ်ဦးကပြောသည်။ ''USDP ကသူ့ကို ၂၀၁၅ မှာပင်စင်ပေးပြီး ရွေးကောက်ပွဲဝင်ခိုင်းခဲ့တယ် ။အဲ့ဒီကာလမှာသူမဝင်ချင်ခဲ့ဘူး။ မဲဆွယ်တာမှာလဲ ကျွန်တော်ကိုအထက်ကခိုင်းလို့ ကျွန်တော်ဝင်ပြိုင်ရတာပါ။ခင်ဗျားတို့ပေးချင်တဲ့ပါတီကိုပေးပါဆိုပြီးတော့ကိုပြောတာ။ကျွန်တော်ကတော့လုပ်ခိုင်းလို့ လုပ်ရတာဖြစ်တဲ့အတွက် ဒေသအတွက်ကိုတော့ ကျွန်တော်စိတ်ဝင်စားတယ်။ဒေသအတွက်ကျွန်တော်တင်ပြပြောဆိုရင်တော့ သူတို့ မငြင်းလောက်ပါဘူး။ ဒေသဖွံဖြိုးရေးတော့ ကျနော်စိတ်ဝင်စားတယ်လို့စည်းရုံးရေးခရီးစဉ်တွေမှာပြေဖူးတယ်လို့'' ကြံခိုင်ရေးစည်းရုံးရေးခရီးစဉ်တွင်အတူလိုက်ပါဖူးသူတစ်ဦးကလည်းပြောသည်။ လက်ရှိဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မည့်စစ်တပ်မှစိတ်ပါရဂူဒုတိယဗိုလ်မှူးကြီးဒေါက်တာဝုန်ဆွန်းထန် သည် ၂၀၁၅ ခုနှစ်တွင်ပင်စင်ယူခဲ့ပြီးနောက် တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရွေးကောက်ခံခဲ့ပြီးရှုံးနိမ့်ခဲ့သည်။
Show more ...
image
945
1
မန္တလေးမြို့ရှိ နာမည်ကြီး ကျောက်မျက်ကုမ္ပဏီပိုင် နေအိမ် ၂ လုံးကို စစ်ကောင်စီချိပ်ပိတ် 007 မန္တလေး(မဇ္ဈိမ)။ ။စစ်ကောင်စီသည် မန္တလေးမြို့ရှိ နာမည်ကြီး ကျောက်မျက် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင် နေအိမ်နှစ်လုံးကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။ “မနက်ပိုင်းမှာတစ်လုံး၊ ညနေပိုင်းမှာတစ်လုံး အိမ်နှစ်လုံးကို စကစတွေလာပြီး ချိပ်ပိတ်သွားတာဗျ။ နယ်ပိုင်ကြီး(မြို့နယ်အုပ်ချုပ်ရေးမှူး)ရယ်၊ ရဲတွေရယ်၊ စစ်သား တွေရယ် ရောက်လာပြီး ချိပ်ပိတ်သွားတာ။ ဗီနိုင်းမှာရေးထားတဲ့ အတိုင်းပဲ လို့ပြောသွားတယ်” ဟု ကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးကပြောသည်။ စစ်ကောင်စီသည် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီက ပိုင်ဆိုင်သည့် ချမ်းအေးသာစံ မြို့နယ် ၅၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နေအိမ်နှင့် ၈၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ နေအိမ်တို့ကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး PDFနှင့်ဆက်စပ်ကြောင်း စွပ်စွဲချက်ဖြင့် ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီသည် အဆိုပါ နေအိမ်နှစ်လုံး၏အနီးဝန်းကျင်တွင် ကင်းပုန်းများ ချထားသည်ကို တွေ့ရသည်။ မြန်မာသူရကျောက်မျက် ရတနာကုမ္ပဏီသည် ကျောက်စိမ်းရောင်းဝယ်ရေးနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လောကတွင် ထင်ရှားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ စာတည်း။ ။မောင်ကောင်း စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
Show more ...
911
1
875
0
​​ပြည်တွင်း၌ လောင်စာဆီဈေး  မြင့်တက်ခြင်းနှင့် ဆန်ဈေး ကြီးမြင့်ခြင်းကြောင့် ပို၍ ကျပ်တည်းလာ  မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့တွင် မုတ်သုံမိုး စိုစိုစွတ်စွတ်အောက်တွင် လူ ဒါဇင်များစွာသည် ဟင်းချက်ဆီ ရရှိရေးအတွက် တန်းစီတိုးနေကြသည်။ စီးပွားရေးဒုက္ခ ကျရောက်နေသော ရန်ကုန်တွင် ကုန်စည်များစွာနည်းတူ ဈေးကြီးမြင့်နေသည့် ဟင်းချက်စီအတွက် သက်သာဖူလုံ လျှော့ဈေးဖြင့် ရောင်းချပေးသည်ကို ယခုကဲ့သို့ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြခြင်းပဲ ဖြစ်သည်။
image
1 017
1
​​အင်းစိန်လမ်းမ အောင်သိဒ္ဓိမီးပွိုင့်တွင် မင်းအောင်လှိုင်ပုံတူတုတ်ထိုးအရုပ်ထား၍ လာသိမ်းသောစစ်ကောင်စီတပ်အား မိုင်းခွဲရာ လွဲချော်မှုဖြစ်ပွား OAK ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြား၊ အောင်သိဒ္ဓိမီးပွိုင့်တွင် သြဂုတ်လ ၁၉ရက် မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မင်းအောင်လှိုင်ပုံစံတူ ယူနီဖောင်းဝတ် တုတ်ထိုးရုပ်အား ထားရှိပြီး မိုင်းဖောက်ခွဲရန်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မင်းအောင်လှိုင်ပုံတူ တုတ်ထိုးရုပ်အောက်ရှိပုံးအတွင်း မိုင်း နှစ်လုံးဆင်ထားပြီး စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ် ဖောက်ခွဲခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိခဲ့ဘဲ စစ်ကောင်စီမှ သိမ်းဆည်းသွားကြောင်း သိရသည်။ "ပုံထဲမှာ ဗုံး နှစ်လုံးဆင်ထားတာ၊ သူတို့ဝိုင်းအုံလာတဲ့အချိန်မှာ ခွဲလိုက်ပေမယ့် ဗုံးက မအောင်ဘူးဖြစ်သွားတယ်၊ ကွဲရုံလေးပဲ ကွဲတယ် ပေါက်ကွဲမသွားဘူး ပထမတစ်လုံးက။ ဒုတိယတစ်လုံးက ခွဲပေမယ်လုံးဝမကွဲဘူး၊မကွဲတဲ့အလုံးကို စစ်ခွေးတွေရှာတွေ့သွားပြီး သူတို့ဘာသာပဲ ခွဲလိုက်ကြတယ်"ဟု အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့-အဆပလ-ACPLF အဖွဲ့တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်နှင့် ယာဥ်ထိန်းရဲအင်အားအများအပြားဖြင့် လာရောက်သိမ်းဆည်းခဲ့ပြီး အနီးအနားဝန်းကျင်ကိုလည်း ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ ကြောင်း ဆိုသည်။ ယင်းလုပ်ဆောင်မှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့-အဆပလ-ACPLF အဖွဲ့နှင့် Fear No Evil အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စာတည်း - သန့်ဇော်(သန်လျင်)
Show more ...
image
925
1
​​ဦးခင်ရီ၊ ဦးချစ်နိုင်၊ ဗဟိုဘဏ်ဉက္ကဌ ဦးသန်းညိန်းနှင့် ဒုဉက္ကဌ ဦးဝင်းသော်တို့ ရာထူးက ဖယ်ရှားခံရ ===== ==== === စစ်ကောင်စီက ၎င်းတို့ခန့်အပ်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုဘဏ်ဉက္ကဌ ဦးသန်းညိန်းနှင့် ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားယူခွင့်ပြုကြောင်း ယနေ့ ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။ ဗဟိုဘဏ်ဉက္ကဌ နေရာတွင် ဒုတိယဉက္ကဌ ဒေါ်သန်းသန်းဆွေကို ခန့်အပ်လိုက်ကြောင်း သိရသည်။ ခြောက်လအတွင်း နိုင်ငံ့စီးပွားရေးဦးမော့လာအောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြွေးကြော်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းတို့ ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးအချို့ကို အပြောင်းအရွှေ့ ပြုလုပ်လာခြင်းဖြစ်သည်။ ပြည်​ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း​ကြောင်း စစ်​ကောင်စီက ညနေပိုင်းတွင်ထုတ်ပြန်ခဲ့ပြီး စစ်​ကောင်စီခန့်ဝန်ကြီး အပြောင်းအရွှေ့စာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းအရ စီးပွား​ရေးနှင့် ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းရွှေ့လိုက်သည်။ ထို့အပြင် စစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ပြီး ယခင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရွှေ့ပြောင်းခဲ့သည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်နေရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဦးတင်ဦးအား ပြောင်းရွှေ့ခန့်အပ်လိုက်ကာ ၎င်း၏ နေရာကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဉက္ကဌ ဦးသန်းဆွေအား အစားထိုးခဲ့သည်။ လစ်လပ်သွားသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဉက္ကဌ နေရာကိုမူ နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်ကို ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။ နေပြည်တော်ကောင်စီဉက္ကဌနေရာတွင်မူ ဦးတင်ဦးလွင်အားခန့်အပ်ခဲ့သည်။ စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို ရာထူးက ထုတ်ပယ်လိုက်ပြီး ၎င်းနေရာတွင် ဒေါက်တာ ဝုန်ဆွန်းထန်အား ခန့်အပ်လိုက်ကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်း​ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း​ဒေသကြီးတို့၏ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး​နေရာများကိုလည်း အစားထိုးခန့်အပ်လိုက်သည်ကို ​တွေ့ရသည်။
Show more ...
image
955
3
သြဂုတ် ၁၉ ရက်၊ ည ၇ နာရီထိ နောက်ဆုံးရသတင်းများ ================= -စစ်ကောင်စီက စစ်တိုင်းမှူး ငါးဦးကို နေရာရွှေ့ပြောင်း -ရန်ကုန်မှာ ခရိုင်တရားရုံး ၁၄ ရုံး တိုးချဲ့ဖွဲ့စည်း -ရန်ကုန်၊ ဧရာဝတီနဲ့ ရခိုင်ဒေသတွေမှာ မိုးကြီးနိုင်၊ ရေကြီး၊ရေလျှံအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း မိုးဇလပညာရှင်မှ အကြံပြု -ဂျင်းနီကင်ကသာ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်ပြီး အီလွန် မတ်စ်ကို မေ့လိုက်ပါဟုပြော
1 343
1
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီက ပျူစောထီးများအား ရဟတ်ယာဉ်ဖြင့် မှားယွင်းပစ်ခတ်၍ ထိခိုက်သေဆုံးမှုများ ပါခွီး မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများအား မှားယွင်းပစ်ခတ်မိ၍ ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကျေးရွာတစ်ရွာကို စစ်ကောင်စီရဟတ်ယာဉ် MI-17 ဖြင့် လာရောက် ပစ်ခတ်စဉ် ကံကြီးကုန်းရွာမှ ပျူစောထီးများအား မှားယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပျူတွေက သူတို့ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ သူတို့အားကိုးတဲ့ ခွေးတွေကို (စစ်ကောင်စီတပ်) လေကြောင်းက ပစ်ကူဘို့ခေါ်တာ၊ ဟိုကလည်းရောက်လာရော ဝမ်းသာအားရနဲ့ သေနတ်ဖောက်ပြီး သူတို့ရှိကြောင်းအသိပေးတာ၊ အဲ့ဒီလို သေနတ်ဖောက်အသိပေးတာကို PDF တွေထင်ပြီး ရဟတ်ယာဉ်ပေါ်ကပစ်သွားတာ အတော်သေသွားကြတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။ ပျူစောထီးရွာဟု ကျော်စောနေသည့် ကံကြီးကုန်းရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ထိုသို့ပစ်ခတ်ခံရသဖြင့် ပျူစောထီးများသည် စစ်ကောင်စီတပ်အား လေကြောင်းပစ်ကူတောင်းခံခဲ့သည်၊ ထိုသို့ အကူအညီတောင်း၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လာရောက်စဉ် ပျူစောထီးများသည် ရွာအနောက်ဖက် မြစ်ဆိပ်နှင့် ၎င်းတို့ရွာကြားရှိ ကင်းနှင့် ရွာတောင်ဘက်ကင်းများမှ သေနတ်ဖောက် အချက်ပေးရာတွင် PDF များအထင်ဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသွားသည့် ပျူစောထီး အရေအတွက်နှင့် အသေးစိတ် အခြေအနေကိုမူ မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စာတည်း။ ။မောင်ကောင်း စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်) #
Show more ...
1 232
2
​​မုံရွာတွင် Jammer ကားများဖြင့် မိုင်းလာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂၂ ဦးသေ စိုင်းခန့် မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းများကို လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ် သုံးခုတွင် ၂၂ ဦး သေဆုံးခဲ့ကြောင်း South Monywa PDF ထံက သိရသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာ - မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ - ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer) ကားများဖြင့် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ကြသည်။ “ မုံရွာ ချောင်းဦးလမ်းပေါ်မှာ မိုင်းတွေထောင်ထားတာကို တောပုကျေးရွာက ပျူတွေက အရင်ရက်တွေမှာ တွေ့သွားကြတယ်။ သူတို့က မဖော်ရဲတော့ စစ်ခွေး (စစ်ကောင်စီ တပ်ဖွဲ့ဝင်) တွေကိုထိုးကျွေးတာ။ အဲ့ဒီမှာ ဒီကောင်တွေက မုံရွာ နမခ ကနေ Jammer ကားနဲ့ ထွက်လာပြီး မအူဂိတ်ကနေ ခြေလျင်တွေရော ကားတွေနဲ့ ပါ မိုင်းရှင်းလင်းရေး လာလုပ်ကြတာ ” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။ မုံရွာ- ချောင်းဦး လမ်းပိုင်းပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် အတွက် နေရာတစ်နေရာလျှင် မိုင်းသုံးလုံးစီဖြင့် နေရာသုံးနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က စုစုပေါင်း မိုင်းကိုးလုံး တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မိုင်းများကို စစ်ကောင်စီတပ်က ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ၃၀ မိနစ်ခန့်မှ စတင်၍ တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer)ကား အကူအညီဖြင့် လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် ကာကွယ်ရေး တပ်ဖွဲ့တပ်ဆင်ထားသည့် နေရာသုံးနေရာမှ မိုင်းများအားလုံးကို ဖြုတ်ယူနိုင်ခဲ့သော်လည်း သိမ်းဆည်း နေသည့်အချိန်မှ ဖောက်ခွဲလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရသည်။ “ နေရာသုံးနေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ဒီကောင်တွေ ဖော်လိုက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိုင်းတွေက အထူးပြုလုပ်ထားတာဖြစ်လို့ Jammer လွတ်တယ်။ ပထမပွိုင့်မှာ ရှင်းလင်းပြီးတော့ လက်ထဲသယ်ပြီး ကားပေါ် သွားတင်တဲ့အချိန် လမ်းခုလတ်မှာ ထခွဲလိုက်တာ ငါးကောင်(စစ်ကောင်စီတပ်သား) သေတယ်။ ဒုတိယပွိုင့်မှာ သူတို့ ဂျန်ပါကား ပေါ်ရောက်မှ ခွဲတာမှာ ကားပါ ပျက်စီးခဲ့တယ်။ အဲ့ဒီမှာ ၁၂ ကောင် (စစ်ကောင်စီတပ်သား) သေတယ်။ တတိယပွိုင့်မှာ ခွဲတဲ့အချိန် ငါးကောင် (စစ်ကောင်စီတပ်သား) သေတယ်” ဟု PDF South Monywa တာဝန်ရှိသူ Daung Karyan က ပြောသည်။ မိုင်းခွဲတိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ စစ်ကောင်စီတပ်သည့် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ၎င်းတို့ တပ်သားများ၏ အလောင်းများကို လူနာတင်ယာဉ်များဖြင့် ပြန်လည်တင်ဆောင်ကာ ကျန်ရှိခဲ့သည့် သွေးကွက်များ ကိုလည်း သဲများဖြင့် ဖုံးအုပ်သွား ခဲ့ကြောင်း သိရသည်။ စာတည်း။ ။မောင်ကောင်း စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး -ချောင်းဦးလမ်း
Show more ...
image
1 146
2
စစ်ကောင်စီမှ ပိတ်သိမ်းလိုက်သည့် မြဝတီမြို့ ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန် ပြန်လည်ဖွင့်လှစ် ကိုကိုနေတိုး မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီမှ ယနေ့ဩဂုတ်လ ၁၉ရက်နေ့ နံနက် ၆နာရီမှ စတင်ပြီး ပြန်လည်ဖွင့်ပေးလိုက်ကြောင်း သိရသည်။ ပြန်လည်ဖွင့်လှစ်လိုက်သည့် ကုန်သွယ်ရေးဇုန်တွင် စစ်ဆေးမှုတင်းကျပ်နေခြင်းကြောင့် ကုန်ကားအချို့ အချိန်နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။ “ဟုတ်ပါတယ် ဒီနေ့နံနက်မှာ ဇုန်ပြန်ဖွင့်ပါတယ်၊ အစစ်အဆေးနည်းနည်းကျပ်တော့ ကားကျပ်သလိုတော့ဖြစ်ပါတယ်၊ မနေ့က ပိတ်လိုက်တော့ ဒီနေ့ကားများတာလည်းပါတာပေါ့ ၊ အားလုံးကတော့ ပုံမှန်အတိုင်းပါပဲ၊ မနေ့က သူတို့(စစ်ကောင်စီ)က အားချင်းပိတ်ခိုင်းတာ ဝန်ထမ်းတွေလည်း ပြန်ခိုင်းတယ်လေ၊ ဒီနေ့တော့ ဇုန်ထဲက ကာစတန်မိသားစုတွေ မြဝတီကို ပြောင်းခိုင်းလို့ ပြောင်းသွားကြတယ်၊ အေဂျင်းအချို့တော့ မလာကျဘူး ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးမှပြောသည်။ ဩဂုတ်လ ၁၈ရက်နေ့တွင် မြဝတီမြို့နှင့် ကော့ကရိတ်အနီးတစ်ဝိုက်တို့တွင် စစ်ကောင်စီနှင့် KNLA, PDFတို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နေ့လယ် ၁နာရီ၌ အဆိုပါ ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီမှ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ အလားတူ မြဝတီ-အာရှကားလမ်းကြီးလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ညနေ ၆နာရီမှ နံနက် ၆နာရီ အထိ သွားလာခွင့် ပိတ်ပင်ထားသည်။ ထို့အပြင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဩဂုတ်လ ၁၈ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ မြို့အဝင်၊ အထွက်များကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ကြောင်းသိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၈ရက်နေ့မှ စတင်ပြီး၊ မြဝတီ အာရှကားလမ်းမကြီး ကွမ်းခြံကုန်းကွေ့နှင့် မြဝတီ-ကော့ကရိတ် လမ်းဟောင်း အောက်ဗိုလ်တဲ တောင်သုံးလုံးရှိ နယ်ခြားစောင့်တပ်(BGF)စခန်းကို KNLA,PDFပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ စာတည်း - သန့်ဇော်(သန်လျင်)
Show more ...
1 075
2
Photo စိုးသက်ဝေ(Facebook)
1 014
1
သြဂုတ်လ ၁၉ ရက်၊ ညနေ ၆ နာရီထိ နောက်ဆုံးရသတင်းများ ---------------------- -မန္တလေးမြို့ရှိ ပလုံကောက်သူ ပျံကျလူငယ်တွေကို စစ်ကောင်စီတပ်ထဲဝင်ရောက်ဖို့ စည်းရုံးတဲ့ သတင်း -ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စု လျှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတဲ့သတင်း -စစ်ကောင်စီတပ်ထောင်ထားတဲ့ နင်းမိုင်း ၁၀၀ နီးပါးကာကွယ်ရေးတပ် ဖြုတ်ယူနိုင်တဲ့သတင်းနဲ့ -ကုလကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သင့်တော်တဲ့ချိန်မှာ တွေ့ခွင့်ပေးဖို့ လမ်းဖွင့်ထားကြောင်း စစ်ကောင်စီခေါင်းဆောင် ပြောတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Show more ...
1 252
1
အီလွန် မတ်စ်ကို မေ့လိုက်ပါ၊ ဂျင်းနီကင်ကသာ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်ပါတယ်  
1 145
2
ပြည်သူကိုသတ်မယ့် ကျည်ဆန်တစ်တောင့် လျော့သွားရင် ရပြီ
1 105
0
​​စစ်ကိုင်းတံတားဖြစ်စဥ်တွင် "အာကာသ"ယာဥ်မောင်း၏သတင်းပေးမှုကြောင့် PDF ၃ ဦးသေဆုံးခဲ့ပြီး သက်ဆိုင်မှုရှိသူများအား ရှင်းလင်းမည်ဖြစ်ကြောင်းထုတ်ပြန် OAK ရန်ကုန်(မဇ္ဇျိမ)။ ။ စစ်ကိုင်းတံတားပေါ်တွင် သြဂုတ်လ ၁၇ရက်နေ့၌ ဖြစ်ပွားခဲ့သောဖြစ်စဥ်နှင့် ပတ်သက်၍ "အာကာသ"ယာဥ်မောင်း၏ သတင်းပေးမှုကြောင့် PDF ရဲဘော် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ "အာကာသ"ယာဥ်မောင်းသူနှင့် သက်ဆိုင်မှုရှိသော "အာကာသ"ယာဥ်လိုင်းများအား မန္တလေး-ပျော်ဘွယ်လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာသည်ကိုတွေ့ရှိပါက သုတ်သင်ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ထားသည်။ "လက်ရှိက ကျွန်တော်တို့က ယာဥ်မောင်းကတော့တည်နေရာက စုံစမ်းဆဲပါ၊သူတို့ဂိတ်တွေက မန္တလေးနဲ့ပျော်ဘွယ်မှာ ဂိတ်ရှိမယ်၊ ရန်ကုန်ရှိမယ်၊မန္တလေးကနေ ပျော်ဘွယ်ဘက်ကို အဲ့ယာဥ်လာရင် သုတ်သင်ဖို့ပါပဲ၊ မိဘပြည်သူတွေကိုလည်း အဲ့ယာဥ်ကို အသုံးမပြုဖို့ တားမြစ်ပါတယ်၊ အာကာသယာဥ်ဆိုတာနဲ့ စစ်ဆေးနေမှာမဟုတ်ပါဘူး၊ အရှင်ကျန်တဲ့သူကို ကျွန်တော်တို့အစဖော်သွားမယ်ဗျ၊ Driver ကျန်ရင်လည်း ကားပိုင်ရှင်ထိရောက်အောင် စုံစမ်းသုတ်သင်သွားမှာပါ"ဟု ဝမ်းတွင်း WPDF ခေါင်းဆောင် ဗိုလ်တောက်က ပြောသည်။ မိဘပြည်သူများအနေနှင့်လည်း "အာကာသ"ယာဥ်ဖြင့် ခရီးသွားလာခြင်းအား ရှောင်ရှားကြရန်နှင့် ယခုလုပ်ဆောင်ချက်အောင်မြင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကျရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။ သြဂုတ်လ ၁၇ ရက်နေ့ မနက် ၈နာရီ ၁၇မိနစ်အချိန်တွင် ရတနာပုံတံတားပေါ်တွင် စစ်ကောင်စီတပ်နှင့် 'အာကာသ' ယာဥ်ပေါ်လိုက်ပါလာသော PDF အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကိုးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ စာတည်း - သန့်ဇော်(သန်လျင်)
Show more ...
image
1 216
9
1 096
0
Last updated: 18.08.22
Privacy Policy Telemetrio