မြေလတ်အသံ - Myaelatt Athan
📈 Analytical overview of Telegram channel မြေလတ်အသံ - Myaelatt Athan
Channel မြေလတ်အသံ - Myaelatt Athan (@myaelattathan) in the Burmese language segment is an active participant. Currently, the community unites 36 213 subscribers, ranking 7 008 in the News & Media category and 4 015 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 36 213 subscribers.
According to the latest data from 05 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -806 over the last 30 days and by -28 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 14.25%. Within the first 24 hours after publication, content typically collects 7.83% reactions from the total number of subscribers.
- Post reach: On average, each post receives 5 165 views. Within the first day, a publication typically gains 2 836 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 43.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“Sharing Information to the local”
Thanks to the high frequency of updates (latest data received on 06 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
| 2 | ခမရ ၅၈၉ ကိုရိက္ခာပို့လေ့ရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံးနိုင်
ညောင်လေးပင်၊ စက်တင်ဘာ ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အောင်းကြီးကျေးရွာနဲ့ ပြွန်တန်ဆာမြို့သွားလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးနိုင်တယ်လို့ 9 star UG အဖွဲ့ဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးစိုးဌေး၊ တပည့်ဖြစ်သူ အောင်းကြီးကျေးရွာနေသူ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အသက် ၃၀ အရွယ် ကိုကျော် (ခ) အောင်ကျော်မျိုးတို့ဖြစ်ပြီး စက်တင်ဘာ ၄ ရက် နေ့လယ် ၁ နာရီကျော်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ဆိုင်ကယ် နဲ့ မြို့ပေါ်အတတ်ကို နောက်က လိုက်ပစ်တာ။ ဘာကိစ္စ နဲ့ မြို့ပေါ်တတ်တယ်ဆိုတာတော့ မသိဘူး။ ဆိုင်ကယ်က နှစ်ယောက်တစီး စီးပြီးလာတဲ့အချိန် လိုက်ပစ်တော့ ဆိုင်ကယ်လဲသွားတဲ့အချိန် အုပ်ကြီးကိုက ကျောထဲလေးချက် ခြေနှစ်ချောင်းလုံး နှစ်ချက်။ ရာအိမ်မှူးကိုက သုံးချက် ရင်ဘတ်ထဲပဲ ပစ်ထည့်တာ လဲနေလို့ သေပြီဆိုပြီး ထားခဲ့တာ"လို့ 9 star UG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26176/ | 3 201 |
| 3 | ပဲခူးမှာ ရေဆင်းကူးတဲ့အမျိုးသား ရေနစ်သေဆုံး
ပဲခူး၊ စက်တင်ဘာ ၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၇) ရပ်ကွက်၊ နယ်မြေ (၁၃)၊ ကွက်သစ် (၅) မှာ ရေဆင်းကူးတဲ့အမျိုးသား ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေဆီက သိရပါတယ်။
ရေနစ်သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ဇင်ဘိုဘိုထွန်းဆိုသူဖြစ်ပြီး စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီမှာ ကွက်သစ်နေ မိဘနေအိမ်ကို ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်ပါတဲ့ စားသောက်စရာတွေကို သွားပေးပြီးအပြန် နေအိမ်အနီးရေမြောင်းအတွင်း ရေဆင်းကူးရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်နားမှာတင် ၆ ပေ × ၈ ပေ မြောင်းရှိတယ်။ ချက်ချင်းအလောင်းပြန်ရတယ်။ သူတို့ နေရာက ရပ်ကွက်ကြီး ၇ ဆိုတော့ ရေကြီးတဲ့ အပိုင်းထဲလည်း ပါတယ်။ ရေကတော့ ဒီနေ့က ၃ လက်မလောက်ပဲ ကျသေးတယ်။ "
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26170/ | 3 225 |
| 4 | မြစ်ခြေ BPI တပ်ကို PDF တွေဝင်တိုက်ပြီး နှစ်ဖက်သေဆုံးမှုရှိ
■ တိုက်ပွဲအတွင်း အရပ်သား ၄ ဦးပါသေဆုံး
ပခုက္ကူ၊ စက်တင်ဘာ ၅၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနောက်ဘက်ရှိ အမှတ်(၁)တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို PDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်သေဆုံးမှုရှိခဲ့တဲ့အပြင် ပြည်သူ ၄ ဦးပါသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက်မနက် ၄ နာရီခန့်မှာ အင်အား ၆၀ ကျော်နဲ့တပ်စွဲထားတဲ့ BPI တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲ ၄ နာရီနီးပါးဖြစ်ခဲ့ချိန် စစ်တပ်က Mi 35၊ စက်တပ်လေထီးတွေနဲ့ တိုက်ပွဲဧရိယာအတွင်းအပါအဝင် အိုင်ကြီး၊ ပေါက်တောကျေးရွာတွေကိုလည်း ဗုံးကြဲ၊ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
"BPI တပ်ကို ဝင်တိုက်တဲ့အချိန်မှာ သူတို့(စစ်တပ်)ဘက်က ထိခိုက်မှုများပြီးတော့မှာ လေယာဥ်နဲ့ ညောင်ဦးဘက်ကနေ လာပစ်တာ။ ဒုတိယအကြိမ်မှာ ဂျိုင်ရိုနဲ့လာပစ်တာ။ ရွာတွေထဲလည်းပစ်ခံလို့ ပြည်သူသေတာလည်းရှိတယ်။"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26164/ | 2 870 |
| 5 | ဝက်လက်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား ၁ ဦး သေဆုံး
ဝက်လက်၊ စက်တင်ဘာ ၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာမှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ခွဲခန့်မှာ ရွှေဘို လေ့ကျင့်ရေး (၈) တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းနှစ်စီးအနက် တစ်စီးဟာ ကျေးရွာထဲက နေအိမ်အနားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
"ပထမတစ်စီးတက်လာပြီးကတည်းက ပျောက်နေတာ။ ပြီးမှ ကျနော်အိမ်ရဲ့ လက်ဝဲဘက်က မကျည်းပင်ကိုဝင်တိုက်ကွဲပြီးတော့ အစက ကောင်လေး ခေါင်းကိုစိုက်ဝင်သွားတာ။ သူက ကွဲတဲ့နားက အနောက်ဘက်အိမ်မှာ သူငယ်ချင်းနှစ်ယောက်ထိုင်နေတာမှာ ထပြေးတာမှာ ထိတာ"လို့ ရွာခံတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26154/ | 3 445 |
| 6 | ပုပ္ပါးမှာ ရွာသားတစ်ဦးဆီက ရွှေသုံးကျပ်သားနဲ့ ငွေ(၁၁) သိန်းကို စစ်တပ်က လုယူ
◾️ စစ်ကြောင်းထိုး ရွာတွေမီးရှို့ပြီး ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေကိုယူနေ
ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၄၊ ၂ဝ၂၆။
မန္တလေးတိုင်း၊ ကျောက်ပန်းကောင်းမြို့နယ်က ပုပ္ပါးတောင်ခြေရင်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာတွေ ပြုလုပ်နေပြီး ဒေသခံရွာသားတစ်ဦးရဲ့ ရွှေတွေနဲ့ ငွေတွေကို အဓမ္မလုယူသွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးနေတဲ့စစ်တပ်က စက်တင်ဘာလ၂ ရက်မွန်းလွဲပိုင်းက ချိုင်းရွာက ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ခဲ့သလို တောင်ပေါ်(တောင်)ရွာသားတယောက်ဆီက ရွှေ ၃ ကျပ်သား၊ ငွေ ၁၁ သိန်း ကို အဓမ္မယူသွားတယ်လို့မလှိုင်မြို့နယ် အခြေစိုက်လူထုသတင်းကွန်ယက် ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ငရန့်ကုန်းရွာက နေအိမ် ၁၅ လုံးလောက်က အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူတာတွေပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26151/ | 3 421 |
| 7 | တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆို
မြေလတ်အသံ၊ စက်တင်ဘာ ၄၊ ၂၀၂၆။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ကို PDF ၂၄ ဦး အလင်းဝင်လာတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့ရာ သာယာဝတီခရိုင်ထဲက PDF တပ်ဖွဲ့ဝင်အချို့ပါတယ်လို့ မြေပြင်အခြေနေကိုသိရှိထားသူ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စက်တင်ဘာလ (၂) ရက်နေ့ထုတ်ပြန်ချက်အရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမမှာ PDF အတွင်းရောက်ရှိနေသူတွေ ဥပဒဘောင်အတွင်းပြန်လည်ဝင်ရောက်လာမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦး တို့ဟာ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်နဲ့ လက်လုပ်သေနတ်နှစ်လက်တို့အပြင် ၄၀ မမ ဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနဲ့ ကျည်မျိုးစုံ ၂၆၁ တောင့်ပါလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ သာယာဝတီခရိုင်အတွင်းက ရဲဘော်တွေလည်းပါဝင်ပြီး လက်နက်တွေလည်း ယူဆောင်သွားကြတာ မှန်ကန်တယ်လို့ အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးအ | 3 662 |
| 8 | အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး သေဆုံး
ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင်အနီးမှာ TikTok ရိုက်နေသူ အမျိုးသမီး တဦးယာဥ်တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မနက် ၉ နာရီခန့်မှာ အဆိုပါ မိုင်တိုင် ၃၂ အနီးနေ ကျေးရွာက သက်လတ်ပိုင်း အမျိုးသမီးတဦးဟာ အမြန်လမ်းမကြီးပေါ် မှာ တက်ပြီး TikTok ရိုက်နေစဥ် ဒိုင်နာယာဥ်တစီးက ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
"ကျောင်းသားမိဘ ကလေးကျောင်းပို့ပြီး ပြန်လာပြီးမှ Tiktok ရိုက်နေရင်းဖြစ်တာ။ ကားသမားက ဟွန်းတီးတာလည်း မကြားဘူးလို့ သိရတယ်။ အဲနားရွာကလို့လည်း သိရတယ်။" လို့ ဖြစ်စဥ်ကိုသိရှိထားသူတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26144/ | 3 916 |
| 9 | မလှိုင်မှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ ကျေးရွာထဲကိုပစ်လို့ အရပ်သားတဦးသေဆုံး
မလှိုင်၊ စက်တင်ဘာ ၃၊ ၂ဝ၂၆။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆည်တိုရွာထဲကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ပစ်တဲ့အတွက် အရပ်သားတဦးသေဆုံးခဲ့တယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မလှိုင်မြို့နယ် ယာကြီးကုန်းရွာဘုန်းကြီးကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီဒရုန်းဟာ ဆည်တိုရွာထဲကို ကျရောက်ပေါက်ကွဲကာ အသက် ၅၀ နှစ်ဝန်းကျင် ဦးချစ်ကိုနဲ့ ဇနီးဒေါ်ဝိုင်းတို့ကို ဗုံးစထိမှန်လို့ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆည်တိုတိုက်နယ်ဆေးရုံမှာ ကုသနေချိန် ဦးချစ်ကို သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26141/ | 4 213 |
| 10 | ရေကြီးနေတဲ့ ပဲခူးမှာ ခြံဝန်းထဲ လှေနဲ့ရေးသွားခပ်တဲ့အမျိုးသား ရေတိုင်ကီထဲပြုတ်ကျ သေဆုံး
ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ပဲခူးမြို့ပေါ်မှာ ရေကြီးနေတာကြောင့် မဇင်းရပ်ကွက်၊ မဇင် ၁ လမ်းက အမျိုးသား ၁ ဦးရေနစ်သေဆုံးသွားတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ နေအိမ်ခြံဝင်းအတွင်းမှာ ပင်ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။
"လှေနဲ့ ရေသွားခပ်ရင်း ရေတိုင်ကီထဲကို ပြုတ်ကျတာ။ သူအိမ်ခြံထဲမှာပဲ။ ရေလည်းတက်နေတာ။ ရေသွားခပ်ဖို့သွားမှာ ဖြစ်သွားတာလို့ သိရတယ်။ သောက်ထားတာလည်း ပါမယ်"လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26137/ | 4 260 |
| 11 | ချောင်းဦးမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာကြောင့် ပြည်သူ ၃ ဦး သေဆုံး
ချောင်းဦး၊ စက်တင်ဘာ ၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ ပစ်ခတ်ခံရတာနဲ့ မိုင်းထိတာတွေကြောင့် ပြည်သူ ၃ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်မှာ ခင်မွန်ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာအနီးကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သားအဖ ၂ ဦးကို ထိမှန်ခဲ့သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အလားတူ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီခန့်မှာလည်း ကျေးရွာထိပ် ဆိုင်းဘုတ်နားမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26133/ | 4 627 |
| 12 | ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်း
ပဲခူး၊ စက်တင်ဘာ ၂၊ ၂၀၂၆ ။
ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လာလို့ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူတွေ စတင်ရွေ့ပြောင်းနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့မနက်ပိုင်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၀၄ စင်တီမီတာကို ရောက်ရှိနေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြှပ်တာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
"ရွှေ့ပြီ မိမိအစီအစဥ်နဲ့ မိမိရွေ့တယ်။ နေလို့မရတဲ့သူတွေက ဘုန်းကြီးကျောင်းတွေကို သွားတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတော့ မဖွင့်သေးဘူး။ ရေကတော့ ၄ ပေ အနည်းလေးတက်နေပြီး" လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26127/ | 4 779 |
| 13 | မုံရွာမှာ ဆိုင်ကယ်နဲ့ လူလိုင်စင် စစ်ဆေးမှုတွေကြောင့် နေ့စားလုပ်သားတွေ အလုပ်မသွားနိုင်
မုံရွာ၊ စက်တင်ဘာ ၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယာဉ်ထိန်းရဲတွေနဲ့ စစ်တပ်ပူးပေါင်းပြီး ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်၊ ဘရိတ်စတာတွေကို အသေးစိပ် စစ်ဆေးနေလို့ နေ့စားအလုပ်သမားတွေ အလုပ်မသွားနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မနေ့ မနက်ပိုင်းကစလို့ ယာဉ်ထိန်းရဲတဝက်၊ စစ်သားတဝက်ပါတဲ့ အဖွဲ့တွေက မုံရွာမြို့၊ ကျောက္ကာလမ်းတလျောက်နဲ့ မြို့ပတ်လမ်းတလျောက်မှာ ခရီးသွားဆိုင်ကယ်တွေကို စစ်ဆေးနေတာလို့ မြို့ခံတဦးက ဆိုပါတယ်။
“မနက်၉နာရီလောက်က ကျောက္ကာမိးပွိုင့်မှာ စပြီးစစ်ဆေးဖမ်းဆီးပြနေပြီ။ အခုလက်ရှိ သူတို့ထုတ်တဲ့ဥပဒေက ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဦးထုပ်၊ ဘက်မှန် အစုံပါရမယ်တဲ့လေ။ ဘက်မှန်က ဝါးနေရင် မရဘူးတဲ့ဗျ။” လို့ ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26124/ | 4 612 |
| 14 | ရွှေဒါးကျရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၁၀ လုံးပျက်စီးပြီး ထိတွေ့တိုက်ပွဲလည်းဖြစ်နေ
ချောင်းဦး၊ စက်တင်ဘာ ၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို စစ်တပ်စစ်ကြောင်းရောက်နေပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှိူ့လို့ နေအိမ် (၁၀) လုံးထက်မနည်းပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ကျီကုန်းကျေးရွာက စစ်တပ်အင်အား ၃၀၀ ကျော်ဟာ ဩဂုတ်လ ၃၀ ရက်နေ့မှာ ရွှေဒါးကျကျေးရွာထဲကိုရောက်လာပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့ညနေပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
"ဒီနေ့မနက် ၅ နာရီလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ ရွှေဒါးကျရွာထဲမှာကော ခင်မွန်၊ မုံရွေးဘက်မှာကော ဖြစ်ကြတယ်။ ရွာကိုတော့မနေ့ညနေက မီးရှို့တယ်။ ဗုံတို၊ ကုန်းကြီးတို့ဘက်ကိုလည်း ဒရုန်းဗုံးသီးတွေနဲ့လိုက်ချတာရှိတယ်။"လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26120/ | 5 015 |
| 15 | မလှိုင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်ပါ ၁၂ ဦး ကျေးရွာအတွင်းမှာ ပစ်သတ်ခံရ
◼️ (၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦးထွက်ပြေး
မလှိုင်၊ စက်တင်ဘာ ၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူအပါအဝင် ၁၂ ဦးဟာ ကျေးရွာအတွင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မနက် ၆ နာရီခန့်မှာ PDF တပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကို ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၄ နှစ်အရွယ် ဦးစိုးလင်းထိုက်ပါ ၁၂ ဦးကို ရွာလယ်မှာပင် ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
"ခေါင်းဆောင်ကိုအရင်ဖမ်းတယ်။ ပြီးမှသူလက်အောက်ကအဖွဲ့ဝင်တွေကိုဖမ်းတယ်။ တနေရာစီကနေခေါ်လာပြီး ရွာလယ်ခေါင်မှာ တန်းစီပြီး ပစ်ခတ်ရှင်းလင်းသွားတာ"
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26117/ | 4 782 |
| 16 | စိုက်ပျိုးစရိတ်မြင့်တက်မှုနဲ့ မိုးကြီးရေလျှံမှုတွေကြောင့် လယ်သမားတွေ အရှုံးပေါ်နိုင် (ရုပ်/သံ)
မြေလတ်အသံ၊ ဩဂုတ် ၃၁၊ ၂၀၂၆။
မြေလတ်ဒေသအတွင်းမှာ မိုးစပါးစိုက်ပျိုးစရိတ် ထက်ဝက်ကျော်တက်လာလို့ အရှုံးပေါ်နိုင်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ စက်ယန္တယားနဲ့ လုပ်သားငှားရမ်းခတွေ ယခင်နှစ်ထက် စျေးတက်လာတဲ့အတွက် အခုနှစ် လယ်တဧက စိုက်ပျိုးကုန်ကျစရိတ်က ယခင်နှစ်မိုးစပါးစိုက်ပျိုးရာသီရဲ့ ကုန်ကျစရိတ်ထက် ထက်ဝက်ကျော်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
"အကျိုးအမြတ်ကတော့ နည်းမယ်ဗျ။ လယ်ကအထွက်ကောင်းရင် ပါးပါးရမယ်။ အထွက်နည်းရင်ရှုံးမယ်။ ကျနော်တို့နယ်က စပါးပြီး စပါးဆိုတော့ အချို့မြေတွေက မောတာရှိတယ်။ မောတဲ့အခါ မိုးသီးနှံစိုက်တဲ့အခါ ထွက်အားလျော့တာပေါ့။ ကိုးဆယ်တို့တရာတို့မထွက်ဘဲနဲ့ ခြောက်ဆယ်ခုနှစ်ဆယ်လောက် ထွက်ရင်တော့ ရှုံးမှာ။" လို့ ဝမ်းတွင်းနယ်ခံ လယ်သမားတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26114/ | 4 711 |
| 17 | ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား
■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရ
မင်းတုန်း၊ ဩဂုတ် ၃၁၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမအစပ်တနေရာမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိသလို စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ည ၇ နာရီခန့်မှာ မင်းတုန်းနယ်ထဲကို အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ထဲက အင်အား ၅၀ ကျော်လောက်ဟာ ရခိုင်ရိုးမအစပ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့စစ်ကြောင်းတွေထဲက တခုနဲ့ ဖြစ်တာ။ ကျနော်တို့က လက်ဦးမှုရပြီး အလစ်၊ အငိုက် ခြုံခိုတိုက်တာ။ အထိနာပြီး ခုခံချိန်မရပဲ ပြန်ဆုတ်သွားတယ်။ အလောင်း၊ လက်နက်ရတယ်။ အဲနေ့မှာပဲ နောက်ထပ် စစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖမ်းမိတာရှိ သေးတယ်။ တိုက်ပွဲဖြစ်ပြီး ---------
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26111/ | 4 663 |
| 18 | ရိက္ခာရှာထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိထား
■ စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရ
မင်းတုန်း၊ ဩဂုတ် ၃၁၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမအစပ်တနေရာမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိသလို စစ်ကြောင်းဆက်ထိုးနေလို့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ည ၇ နာရီခန့်မှာ မင်းတုန်းနယ်ထဲကို အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ထဲက အင်အား ၅၀ ကျော်လောက်ဟာ ရခိုင်ရိုးမအစပ် တနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"မင်းတုန်းအနောက်ခြမ်းကို ထိုးနေတဲ့စစ်ကြောင်းတွေထဲက တခုနဲ့ ဖြစ်တာ။ ကျနော်တို့က လက်ဦးမှုရပြီး အလစ်၊ အငိုက် ခြုံခိုတိုက်တာ။ အထိနာပြီး ခုခံချိန်မရပဲ ပြန်ဆုတ်သွားတယ်။ အလောင်း၊ လက်နက်ရတယ်။ အဲနေ့မှာပဲ နောက်ထပ် စစ်ကြောင်းတခုကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖမ်းမိတာရှိ သေးတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းဆက်ထိုးနေတော့ အနောက်ခြမ်းက ရွာတော်တော်များများ ပြေးနေရတယ်"------- | 1 |
| 19 | ချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးပြီးနောက် ပျံလွန်သွားတဲ့ ဆရာတော်ကို အကြောင်းပြုပြီး စစ်တပ်ထိုးစစ်ဆင်
■ စစ်တပ်အင်အား ၃၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာလို့ ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ
ချောင်းဦး၊ ဩဂုတ် ၃၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပလဖ က ရွှေဒါးကျကျေးရွာ ဆရာတော်ကို ဖမ်းဆီးခေါ်ယူစစ်ဆေးပြီး ဩဂုတ်လ ၂၅ ရက်နေ့က ပျံလွန်တော်မူသွားတာကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်က အဲဒီဒေသကို စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာကြောင်း သိရပါတယ်။
ရွှေဒါးကျကျေးရွာဆရာတော် ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ နေ့စဥ်နီးပါး ရေးတင်လာကြတာတွေရှိလာလို့ အခုလို ထိုးစစ်ဆင်လာတာ ဖြစ်နိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
"အဓိက ကတော့ အဲဒီပြဿနာကို ယူပြီးတော့ စကစ လော်ဘီချန်နယ်တွေကနေ တင်တဲ့အခါကျတော့ စစ်ကြောင်းထိုးလာတာလို့ ယူဆတယ်။ ရွှေဒါးကျကိုတော့ မရောက်သေးဘူး။ မနေ့က ဒရုန်းနဲ့ချလို့ ပြည်သူတယောက် ဒဏ်ရာရထားတယ်။ ဒေသခံတွေကတော့ ရှောင်ရတယ်"လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ရှိတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26108/ | 4 856 |
| 20 | စစ်တပ်စစ်ကြောင်းက ဒရုန်းဗုံးကြဲလို့ PDF အပါအဝင် (၂) ဦးသေဆုံး (၁) ဦးဒဏ်ရာရ
ဆိပ်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်နဲ့ တမာချောင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် PDF အပါအဝင် ၂ ဦးသေဆုံးတယ်လို့ တမာချောင်းရွာခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့မနက် ၈ နာရီခန့်က အဲဒီကျေးရွာတွေကို ရောက်နေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ကျေးရွာ နှစ်ရွာကြား PDF အဖွဲ့တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်းနဲ့တကြိမ်၊ ညနေ ၄ နာရီခန့်မှာ နောက်ထပ်ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်း ၂ စီးနဲ့ နှစ်ကြိမ် ဗုံးချခဲ့တာလို့ ဆိုပါတယ်။
"မနက်ပိုင်းတကြိမ်ချတာမှာ တကြိမ်ထိတာပဲ။ ခ--တွေတက်လာမလားဆိုပြီး သွားကြည့်တဲ့နေရာပေါ့။ ရှေ့ကင်းလို့ပြောရမယ်။ အဲတည့်တည့်ကိုကျတာ။ အဲမှာက ပြည်သူကျတာ။ ရဲဘော်ဒဏ်ရာရတယ်။ ပြည်သူကရဲဘော်တွေနဲ့ အဖော်လိုက်သွားတာ။ ညနေပိုင်းကျ တခေါက်ကို အသီးနှစ်လုံးနဲ့ တကြိမ်ချတယ်။ အဲမှာဘာမှမဖြစ်ဘူး။ နောက် ၁၀ မိနစ်နေလာထပ်ချတာမှာ ရဲဘော်ထပ်ထိတာ"------
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26102/ | 5 999 |
