cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မြေလတ်အသံ - Myaelatt Athan

Sharing Information to the local

Show more
Advertising posts
39 387
Subscribers
+9424 hours
+5657 days
+2 11630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ခိုလှုံသူ ၇၀ ကျော်ရဲ့ နေထိုင်ရေး ကျောင်းသားလက်ရုံးတပ် ကူညီပေးနေ(ရုပ်/သံ) မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၄။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်လာကြတဲ့ မိသားစု ၃၀ ကျော်ရဲ့ နေထိုင်စားသောက်ရေးကို ကူညီပေးနေတယ်လို့ ကျောင်းသားလက်ရုံးတပ် SAF က ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက ပြောပါတယ်။ ခိုလှုံလာသူ မိသားစု ၃၀ ကျော်မှာ မိသားစုဝင်အရည်အတွက် ၇၀ ကျော်ရှိပြီး ကလေးသူငယ်နဲ့ စစ်မှုထမ်းအရွယ် လူငယ်ပိုင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စာရင်းကောက်တာ မဲနှိုက်တာတွေ ပြုလုပ်လာတာနဲ့အမျှ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မိသားစုတွေ လာရောက်ကြသလို အချို့ကတော့ တပ်တွင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကျောင်းသားလက်ရုံးတပ် စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်တဲ့ မကွေးတိုင်းအစပ်က မဟာမိတ်လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထားရှိပြီး နေထိုင်ရေးအတွက် အဆောက်အဦး၊ တဲ ဆောက်လုပ်ပေးတာ၊ စားနပ်ရိက္ခာထောက်ပံ့ပေးတာနဲ့ ကျန်းမာရေးအရ ဆေးဝါးကုသဖို့ လုပ်ဆောင်ပေးတာတွေကို ပြုလုပ်ပေးနေတယ်လို့ ကိုကျော်ဟိဏ်းက ပြောပါတယ်။ ကျောင်းသားလက်ရုံးတပ်ကိုရောက်ရှိလာတဲ့ သူတွေကို စုဆောင်းရေးနဲ့ ခိုလှုံရေးခွဲခြားထားပြီး ခိုလှုံသူတွေကို စစ်သင်တန်းပေးတာတွေနဲ့ တပ်တွင်းတာဝန်ပေးတာတွေ မပြုလုပ်ဘူးလို့ ဆိုပါတယ်။ စစ်မှုထမ်းဥပေဒကြောင့် ကျောင်းသားလက်ရုံးတပ်လှုပ်ရှားရာ စစ်ဒေသတွေဆီကို စုံစမ်းလာသူ ၂၀၀၀ ကျော်မှာရှိပြီး သင်တန်းသားအဖြစ် ရောက်ရှိလာသူ ၃၀၀ ကျော်ကို လက်ရှိမှာ စစ်သင်တန်းပေးနေပြီ လို့သိရပါတယ်။ သတင်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP #မြေလတ်အသံ https://youtu.be/dlOGK4gbPwQ
Show all...
ခိုလှုံသူ ၇၀ ကျော်ရဲ့ နေထိုင်ရေး ကျောင်းသားလက်ရုံးတပ် ကူညီပေးနေ

ခိုလှုံသူ ၇၀ ကျော်ရဲ့ နေထိုင်ရေး ကျောင်းသားလက်ရုံးတပ် ကူညီပေးနေ(ရုပ်/သံ)မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၄။စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်လာကြတဲ့ မိသားစု ၃၀ က...

👍 45 8👏 5😁 3🤮 1
မြင်းမူ၊လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ခံရမှုမှ ဒဏ်ရာရ အရပ်သား၂ ဦး ထပ်မံသေဆုံး မြင်းမူ၊ မေ ၁၄၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာ စစ်ကောင်စီတပ်ရဲ့အစုလိုက်၊အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုအတွင်း ဒဏ်ရာရရှိသူတွေအနက် ၂ ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၃၄ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေထံက သိရပါတယ်။ ထပ်မံသေဆုံးသူတွေဟာ အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်မြင့်နဲ့ အသက် ၃၇နှစ်အရွယ် ဦးဇော်လင်းတို့ ဖြစ်ပြီး မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ‌ဆေးကုသရင်း ရရှိဒဏ်ရာတွေနဲ့အသီးသီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ “အဖွားက တမြန်နေ့က ဆုံးသွားတယ်။ ဗိုက်ကိုမှန်ထားတဲ့တယောက်က အဲ့နေ့က အူတွေပြတ်သွားတော့အူဖြတ်ပြီးဆက်ပေးထားတာ၊ မနေ့ညကဆုံးသွားတယ်” လို့ မြင်းမူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/မြင်းမူ_လက်ထုတ္တောရွာ_အစုလိုက်အပြုံလိုက်သတ်ခံရမှုမှ_ဒဏ်ရာရ_အရပ်သား၂ဦး_ထပ်မံသေဆုံး
Show all...
😢 49👍 12🤬 10😁 3😡 2 1
ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ လက်ပံတန်း၊ မေ ၁၄၊ ၂၀၂၄ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ PDF ၃ ဦးဒဏ်ရာရပြီး စစ်ကြောင်းနဲ့ ဖမ်းလာတဲ့ လူငယ် ၂ ဦးလည်း သတ်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ်ပကဖဆီက သိရပါတယ်။ မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ "သူတို့ဖမ်းလာတဲ့ ကလေးနှစ်ယောက်ကို စီတုံးရွာမှာ ပစ်သတ်ပြီးနောက် ရဲဘော်တွေရှိတဲ့နေရာကို ဗုံးချတာ။ ရဲဘော်တွေကတော့ မစိုးရိမ်ရဒဏ်ရာတွေပဲရပါတယ်။ လက်ရှိကတော့ အဲ့စစ်ကြောင်းက ထန်းတောမှာရှိနေတယ်"လို့ လက်ပံတန်းမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။ သတင်းအပြည့်အစုံ... https://www.myaelattathan.org/articles/ဖမ်းလာတဲ့လူငယ်_၂ဦးကို_စစ်တပ်ကသတ်ပြီး_ဒရုန်းနဲ့ပါဗုံးကြဲလို့_PDF၃ဦးဒဏ်ရာရ
Show all...
🤬 46👍 11😢 10👎 2😁 2😡 2🤣 1
လက်ပံတန်းမှာ စစ်တပ်ပစ်တဲ့ ၄၀ မမ ဗုံးသီးထိလို့ အမျိုးသား ၁ ဦး ဒဏ်ရာရ လက်ပံတန်း၊ မေ ၁၄၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ ရေငံကျေးရွာရှိ စစ်ကောင်စီတပ်သားတွေက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ရာ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး သူ့အိမ်ခြံဝင်းက ငှက်ပျောတောထဲမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာပါ။ “စစ်တပ်ကပစ်တဲ့ အသံတွေကိုကြားပြီး ရွာသားတွေက ကြောက်ပြီးပြေးတာ။ သူ့မိသားစုကလည်း ပြေးသွားပြီ။ သူက အိမ်တခါးပိတ်ပြီးအပြေးမှာ ၄၀ မမ ကျည်က သူ့အနားကျပြီး ကျောကုန်းကို ကျည်စတွေထိသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ... https://myaelattathan.org/articles/လက်ပံတန်းမှာ_စစ်တပ်ပစ်တဲ့_၄၀မမ_ဗုံးသီးထိလို့_အမျိုးသား_၁ဦးဒဏ်ရာရ
Show all...
😢 33👍 10🤬 9 5😁 2
စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ ဖြူး၊ မေ ၁၄၊ ၂၀၂၄။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းမှာ စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူငယ်တွေကို နေအိမ်တွေထဲထိ စစ်တပ်က အတင်းအဓမ္မဖမ်းခေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ "အခုက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ စစ်တပ်ကလူတွေ နေအိမ်တွေမှာ နာမည်တွေနဲ့ ဝင်ခေါ်တာ လုပ်နေတယ်။ ချက်ချင်းခေါ်သွားတာ။ ဘာမှ ဆင်ခြေပေးလို့ မရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ... https://myaelattathan.org/articles/စစ်မှုထမ်းဖို့_လူငယ်တွေကို_နေအိမ်အထိ_စစ်တပ်ကဖမ်းခေါ်နေ
Show all...
🤬 44👍 19🥰 3😁 3🖕 1
ရှေ့တန်းပို့ခံရတဲ့ ကျေးလက်ကျန်းမာရေးမှူး ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေး နတ်တလင်း၊ မေ ၁၃၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ရှေ့တန်းပို့ခံရတဲ့ Non CDM ကျန်းမာရေးမှူး အမျိုးသားတဦးဟာ ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ တိမ်းရှောင်ထွက်ပြေးသွားသူမှာ နတ်တလင်းမြို့နယ်၊ ပေါက်တုန်းရွာ ကျန်းမာရေးဌာနက အသက် ၃၀ နှစ် ဝန်းကျင်အရွယ် ကျန်းမာရေးမှူး ဦးစည်သူဇော် ဖြစ်ပြီး မေ ၇ ရက်က တိမ်းရှောင်သွားတာလို့ ဆိုပါတယ်။ “အဲဒီ ကျန်းမာ‌ရေးမှူးက ရှေ့တန်းလိုက်ပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးရမယ် စာထွက်လာလို့ ထွက်စာ တင်ပြီး ဖုန်းပိတ်ထွက်ပြေးသွားတာ။ ဘာအဆက်အသွယ်မှ မရတော့ဘူး။” လို့ နတ်တလင်းမြို့နယ်က ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ရှေ့တန်းပို့ခံရတဲ့ကျေးလက်ကျန်းမာရေးမှူး_ထွက်စာတင်ပြီး_တိမ်းရှောင်ထွက်ပြေး
Show all...
😁 59👍 46
လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ (ရုပ်/သံ) မုံရွာ၊ မေ ၁၃၊ ၂၀၂၄။ မန္တလေးကနေ လက်နက်ခဲယမ်းတွေ သယ်လာတဲ့တွဲကားတွေကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမ၊ ခင်မွန်နဲ့ မအူရွာအကြားမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ တွဲကားတွေဟာ မန္တလေးဘက်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ရာမှာ ၃ စီးမြောက်ကားကိုထိမှန်ပြီး ရပ်တန့်သွားချိန် နောက်မှကပ်ပါလာတဲ့ ကားက ဝင်တိုက်မှုဖြစ်ပွားခဲ့သလို ကားမှာလိုက်ပါလာတဲ့ လုံခြုံရေးတပ်သားအချင်းချင်း ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ ကင်းပုန်းချထားရာနေရာတွေကို ဒရုန်းနဲ့ရှာဖွေ ဗုံးကြဲတာတွေလည်း ရှိနေပေမယ့် ရဲဘော်တွေ ထိခိုက်မှုတော့မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ Local PDF ၊ နယ်မြေခံတပ်ရင်း တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော် #မြေလတ်အသံ #မုံရွာ #လက်နက်ခဲယမ်း #သယ်ဆောင် #တွဲကား #မိုင်းဆွဲခံရ https://youtu.be/2-SxTr048No
Show all...
လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ

လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရမုံရွာ၊ မေ ၁၃၊ ၂၀၂၄။မန္တလေးကနေ လက်နက်ခဲယမ်းတွေ သယ်လာတဲ့တွဲကားတွေကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုသိမ်-...

👍 69 9😁 9
အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ ပြည်၊ မေ ၁၃၊ ၂၀၂၄ ။ ပဲခူးအနောက်ခြမ်းမှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ နောက်ထပ်လူငယ်တဦးကို ထပ်သတ်ပြီး ရုပ်အလောင်းစွန့်ပစ်ထားတာကို ပြည်မြို့ နယ်၊ ပေါင်းတလည်မြို့ အနောက်ပိုင်းရပ်ကွက် ပြည်-ပေါက်ခေါင်း ကားလမ်းမပေါ်မှာ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ၎င်းရဲ့အမည်နဲ့ နေရပ်ကိုမသိရဘဲ ဒီကနေ့ မေလ ၁၃ ရက် မနက် ၆ နာရီခန့်မှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ "ခေါင်းမှာက ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိသလို လျှာကလည်း အပြင်ကိုထွက်နေတာဆိုတော့ လည်ပင်းကို တခုခုနဲ့ရစ်ပတ်ပြီး သတ်ဖြတ်ထားတဲ့ပုံပဲ"လို့ ပေါင်းတလည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ သေဆုံးသူလူငယ်ဟာ ညပိုင်းကတည်းက သတ်ဖြတ်ခံထားရပုံပေါ်ပြီး တနေရာရာမှာ သတ်ဖြတ်ပြီးမှ ပြည်-ပေါက်ခေါင်းလမ်းပေါ်မှာ လာရောက်စွန့်ပစ်ထားပုံရတယ်လို့ သူက ဆိုပါတယ်။ သတင်းအပြည့်အစုံ... https://myaelattathan.org/articles/အနက်ရောင်သေမင်းတမန်အဖွဲ့က_လူငယ်၁ဦးကို_ထပ်မံသတ်ဖြတ်_ပဲခူးအနောက်ခြမ်းမှာ_အသတ်ခံရသူ၅ဦးရှိလာ
Show all...
🤬 48👍 22 2😁 1
ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား စစ်ကိုင်း၊ မေ ၁၃၊ ၂၀၂၄။ စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက မေ ၁၀ ရက် ညနေ ၆ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝက်လက်မြို့၊ အမှတ် (၃) စိန်တွင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငြိမ်းချမ်းအောင်ဟာ မွေးရာပါ စိတ်မကျန်းမာသူတဦးဖြစ်ပြီး မြို့ထဲလမ်းလျှောက်နေစဉ် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တွေကို သေနတ်နဲ့ ပစ်သတ်သွားသလို အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝက်လက်မြို့ပေါ်က_စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသား၁ဦးကို_ကင်းလှည့်လာတဲ့စစ်အုပ်စုကသတ်သွား
Show all...
🤬 34👍 12 2😁 2😢 1
မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ) ဒီပဲယင်း၊ မေ ၁၃၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ မကြီးအုပ်ကျေးရွာ စာသင်ကျောင်းဝန်းကျင်ကို မေ ၁၁ ရက်က စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မေ ၁၃ ရက် ဒီနေ့မှာ အမျိုးသားတဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိလာတယ်လို့ S&C အဖွဲ့ဆီက သိရပါ တယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့အချိန်က သေဆုံသူဟာ ၆ ဦးရှိပြီး မေ ၁၃ ရက် ဒီနေ့မှာ အသက် ၃၇ နှစ်အရွယ် ဒဏ်ရာရအမျိုးသားတဦး ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူ ၇ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဥ်နဲ့ မွန်လွဲ ၂ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ တာကြောင့် စာသင်ကျောင်း၊ ဇရပ်အဆောင်နဲ့ နေအိမ်တချို့ ဗုံးထိမှန် ပျက်စီးခဲ့ရသလို တော်လှန်ရေးရဲဘော်နဲ့ ပြည်သူ စုစုပေါင်း ၇ ဦး သေဆုံးပြီး ၂၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ "ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် " လို့ S&C အဖွဲ့တာဝန်ခံ ကပြောပါတယ်။ ဗုံးစထိမှန်လို့ ဒဏ်ရာရရှိသူ ၂၃ ဦးထဲမှ ပြင်းထန်ဒဏ်ရာရသူ ၇ ဦးကျန်ရှိကာ ဆေးဝါကုသနေရပြီး ကျန်တဲ့သူ တွေမှာ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ၂၀၂၃ အစောပိုင်းကာလမှာလည်း ဒီပဲယင်းနယ် လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ စာတည်း - လင်းဇေ၊ တည်းဖြတ် - HP #မြေလတ်အသံ #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #တော်လှန်ရေးရဲဘော် #အရပ်သားပြည်သူ #သေဆုံး #ဒဏ်ရာရ https://youtu.be/9o11B9LcLc4
Show all...
မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရဒီပဲယင်း၊ မေ ၁၃၊ ၂၀၂၄။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ...

😭 31👍 15😢 6🤬 4👏 2🤩 1🙏 1