cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more
Advertising posts
11 172Subscribers
No data24 hours
-837 days
-33530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

နေပြည်တော်အေလာလေတပ် ထပ်မံတိုက်ခိုက်ခံရ ********************************** စစ်ကောင်စီဌာနချုပ် နေပြည်တော်ရှိ အေလာလေတပ်စခန်းသည် ယနေ့နံနက်အစောက ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ထပ်မံတိုက်ခိုက်ခံရသည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကလည်း တော်လှန်ရေးတပ်များသည် အေလာလေတပ်နှင့် နေပြည်တော်စစ်ရုံးတို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြရာ ယခုတိုက်ခိုက်မှုသည် သတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ယနေ့နံနက်အစောပိုင်း အေလာလေတပ်ကိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Mountain Knights Civilian Defense Force (MKCDF) အမည်ရအဖွဲ့က ကြေညာသည်။ တိုက်လေယာဉ်များရှိရာ ထိုလေတပ်ကို နံနက် ၄ နာရီခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ဖြင့်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိအခိုက်များခဲ့သည်ဟု ထိုအဖွဲ့ကဆိုသည်။ “ လက်ရှိ အေလာမစ်ရှင်မှာတော့ လေတပ်အရာရှိ ၅ ဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦး ဒဏ်ရာ ရတယ်၊ ဖိုက်တာလေယာဉ်တစ်စင်းထိခိုက်တယ်...... စစ်ကားသုံးစီးထိခိုက်တယ်လို့ အတွင်းသတင်းအရ စုံစမ်း သိရှိရပါတယ်” ဟုဆိုသည်။ စစ်ကောင်စီဝါဒဖြန့် လူမှူကွန်ယက်စာမျက်နှာများကမူ အေလာလေဆိပ်တိုက်ခိုက်ခံရကြောင်း ဝန်ခံခဲ့သော်လည်း အထိအခိုက်မရှိဟု ဖော်ပြကြသည်။ လေတပ်အနီးတွင် မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံး (၃) လုံးနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုံးအခွံ (၄) လုံးတွေ့ ကြောင်းလည်း စစ်တပ်ကျောထောက်နောက်ခံသတင်းဌာနတို့ကလည်း ရေးသားကြသည်။ နိုင်ငံအနှံ့မှ မြို့များ၊စခန်းများသိမ်းခံရပြီး စစ်ကောင်စီရှံးနေချိန် စစ်ကောင်စီ၏ ဌာနချုပ်ဖြစ်သည့် နေပြည်တော် ကိုပင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် ခြိမ်းခြောက်မှုများဆက်တိုက် ပြုလုပ်နေသည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်နေ့ကပင် နေပြည်တော်မြို့ရှိ စစ်ရုံးချုပ်၊ အေလာလေတပ်ဌာနချူပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်များကို အသေခံဒရုန်း ၃၅ စင်းဖြင့်တိုက်ခိုက်ခဲ့ပြီး ၂၉ စင်းမှာ ပစ်မှတ်များဆီရောက်ရှိခဲ့ သည် ဟု NUG က ကြေညာထားသည်။ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့လည်း စစ်ဗိုလ်ချုပ်အများအပြားမွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သတင်း- သူရမောင်/ Myanmar Now
Show all...
👍 44 17
သင်္ဃန်းညီနောင် ဗျူဟာမှ စစ်သုံ့ပန်း ၆၀၀ ကျော်အား စစ်ကောင်စီထံ KNUလွှဲပေးခြင်းမရှိ ▪︎လွှဲပေးသည့် အစဉ်အလာ မရှိသကဲ့သို့ လွှဲပေးပါက ရန်သူကို စစ်အင်အားစုဆောင်းပေးသလို ဖြစ်မည်ဟု သတင်းရင်းမြစ်ပြော ထားမြတ်/People’s Spring ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်စစ်ကောင်စီဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကောင်းမွန်စွာ ထားရှိကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။ ဧပြီ ၅ရက် သင်္ဃန်းညီနောင် ဗျူဟာ သိမ်းပိုက်မှု တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့်နှင့် တပ်သား ၄၁၀ဦး၊ ရဲမေနှင့် တပ်မိသားစုဝင် ၁၄၀ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည်။ “သူတို့ကျတော့ အဲဒီလို ပဲထားထားတပေါ့။မလွှဲပါဘူး။ ကျနော်တို့ဆီမှာ ကူညီစောင့်ရှောက်ပြီးတော့ အစားအသောက်နေထိုင်စားသောက်ရေးပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။ တပ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီထံ ဖမ်းမိ စစ် သုံ့ပန်းများအား လွှဲပေးမည်ဆိုပါက ရန်သူက အင်အား တည်ဆောက်ပြီး အခြား လှုပ်ရှားမှုများ ဆက်လုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။ “စစ်သုံ့ပန်းတွေက မဖြစ်မနေ သေရမယ့်အစား အညံ့ခံတာ။ အခုက မဖြစ်မနေ သူများ ဝိုင်းပိတ်ထားတဲ့အချိန် လက် နက်ချတဲ့သဘော။ ကျနော်ထင်တာကတော့ ပြန်လွှဲပေးဖို့ မရှိဘူး။ လွှဲတဲ့ အစဉ်အလာလည်း မရှိဘူး” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။ အခြားစစ်​ရေးရင်းမြစ်တစ်ဦးက ဖမ်းဆီးရရှိထား​သောစစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများပါ၊မပါ ၊ပါဝင်ပါက အ​ရေးယူနိုင်ရန် စတင်စီစစ်နေပြီဖြစ်​ကြောင်းလည်းပြောသည်။ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သင်္ဃန်းညီနောင်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား လွှတ်ပေးမည်ဆိုပါက အကြမ်းဖက်အားပေးမှု မြောက်မည်ဖြစ်၍ သက်ဆိုင်ရာ တရားစီရင်မှု ပြီးမြောက်ပြီး နောက်ပိုင်းမှသာ လွှတ်ပေးသင့်ကြောင်း ၎င်း၏ အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။ လက်ရှိတွင်မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။ “၂၇၅ ကို တိုက်တော့ မတိုက်သေးဘူး။ အခုက ဗျူဟာကုန်းရနေပြီ။ အခုကတော့ မြို့နဲ့ နီးတယ်ဆိုတော့ ဆက်တိုက်မယ်ဆိုရင် လူထုလည်းထိမယ်။ဆက်တိုက်ရင် သူတို့ လေယာဉ်နဲ့ လာချမယ်ဆိုတော့လေ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ညတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် တပ်အပါအဝင် လူဦးရေ ၄၀ကျော်၊ ၅၀ ခန့်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်ခေါ်သွားသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ သို့​သော် ​လေယာဥ်ကွင်းပြင်ဘက်မှသတင်းရယူ​သောထိုင်းသတင်းဌာနများက စစ်​ကောင်စီ​လေယာဥ်​ပေါ်ဖြင့် လူ ၂၀.ဦးဝန်းကျင်သာပါသွားပြီး ​ငွေများကိုသယ်​ဆောင်သွား​ကြောင်း သတင်း​ဖော်ပြထားကြသည်။ မြဝတီမြို့အ​ခြေအ​နေမှာ ဧပြီ ၇ ရက်အထိပုံမှန်အတိုင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ Kawthooleiblood
Show all...
👍 49
ကနဦး သတင်းထုတ်ပြန်ချက် နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Prop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
Show all...
👍 49 30
Breaking News ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်​ရောက်တိုက်ခိုက် ▪️စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော ဒီးဒီ/People’s Spring ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။ ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု ဆက်လက်ပြောသည်။ ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။ ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကိုအလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။ ထို့ကြောင့် စစ်ကောင်စီ၏ နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်ဟု သတိ​ပေးထားသည်။ ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။ လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။
Show all...
👍 78👏 22 5😁 4
KNU တပ်မဟာ ၇ (ဘားအံခရိုင်) စစ်မျက်နှာအားလုံး တပ်လှန့်။ဒေသတွင်းရှိ မြို့ရွာများသို့ ဗုံးခိုကျင်းများ ပြင်ဆင်ထားကြရန် သတိပေးညွန်ကြား။ ကရင်ပြည်နယ်ကို ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ဖို့ရှိ။ ဘားအံမြို့ရုံးကုန်းတွင်လည်း ခံတပ်ပြင်ဆင်ပြီးလက်နက်ကြီးတပ်ဆင်ထား။ ကရင်ပြည်နယ်တွင်စစ်ကောင်စီကလေယာဉ်ဖြင့်ကြီးမားတဲ့တိုက်ခိုက်မှုမျိုးလုပ်ဆောင်ဖို့ရှိနေတယ်လို့ စစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ ၎င်းသတင်းရင်းမြစ်က “လေယာဉ်နဲ့အကြီးကြီးလုပ်ဆောင်ဖို့ရှိတယ် ပြည်တွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲမပြီးကြသေးလို့စောင့်နေတာ ပြီးတာနဲ့လုပ်ဆောင်ဖို့ရှိတယ်” ဟုဆိုပါတယ်။ “ခန့်မှန်းကြည့်တာတော့KNUကိုအဓိကနေရာဖြစ်နိုင်သလို၊BGFကိုလည်းအဓိကနေရာဖြစ်နိုင်တယ် ၂နေရာလုံးရောပြီးတစ်ပြိုင်တည်းချနိုင်တယ်”လို့ထိုသတင်းရင်းမြစ်ကဆိုပါတယ်။ (17/ 03/ 2024) Kawthioleiblood
Show all...
👍 54😁 2😱 2🥰 1
မြဝတီတွင်တိုက်ပွဲပြင်းထန်နေ BGF များ စစ်တပ် ဘက်မှစစ်ကူပေးနေ မတ် ၇ ။ ယနေ့ မတ် ၇ ရက်မွန်းလွှဲ ၂ နာရီခန့်မှစတင်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်အနီးရှိ မယ်ကနယ် တွင်တိုက်ပွဲဖြစ် ပွားလျှက်ရှိသညိ။ တိုက်ပွဲတွင်စစ်တပ်မှ လေယာဉ်ဖြစ်လာရောက် ပစ်ခတ်ခဲ့သော်လည်း PDF များလေယာဉ်အား ပြန်လည်ပစ်ခတ်သဖြင့် လက်ရှိတွင်လေကြောင်း ပစ်ခတ်မှုများရပ်ဆိုင်းထားသည်။ လေကြောင်းပစ်ခတ်မှုများရပ်ဆိုင်းထားသော်လည်း သင်္ဃန်ညီနောင် ဗျူဟာမှ မယ်ကနယ်သို့ လက်နက်ကြီးများဖြစ်ပစ်ခတ်လျှက်ရှိသည်။ ပစ်ခတ်မှုများရပ်ဆိုင်းထားသည်။ လေကြောင်းပစ်ခတ်မှုများရပ်ဆိုင်းထားသော်လည်း သင်္ဃန်ညီနောင် ဗျူဟာမှ မယ်ကနယ်သို့ လက်နက်ကြီးများဖြစ်ပစ်ခတ်လျှက်ရှိသည်။ လက်ရှိတွင် သင်္ဃန်ညီနောင် ဗျူဟာသို့ မယ်ပလဲ့ဘက် မှ BGF များလာရောက်ဝန်းရံအားဖြည့်လျှက်ရှိသည်။ သင်္ဃန်ညီနောင် ဗျူဟာ မကျအောင် BGF ဗိုလ်တင် ဝင်းလူတွေ ကား ၆ စီးလောက်ရောက်လာပြီး ညီနောင် ဗျူဟာကိုလုံခြုံရေးယူပေးနေတယ်ဟု ဒေသခံများကဆိုသည်။ #ရာမညအသံ
Show all...
👍 53 9🤬 1
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ဆုံရမယ်လို့ မျှော်လင့်၊ မြန်မာပြည်သူတွေအတွက် တီမောက အသံပြုပေးနေမည်ဟု ၀န်ကြီးချုပ် ဇာနာနာပြော
🔻 ကျနော်တို့ တီမောတော်လှန်ရေး ရုန်းကန်ခဲ့ရတဲ့ကာလတုန်းကလည်း ကမ္ဘာကြီးက အများစုက လျစ်လျူရှုခဲ့ကြတာပါပဲ။ ဒီလို နာကျင်ခံစားရမှုကို ကျနော် ကိုယ်တွေ့ ခံစားနားလည်တာပေါ့။ ကျနော်တို့ရဲ့ ညီနောင် နိုင်ငံမှာ အသက်နဲ့ရင်းပြီး လုပ်ဆောင်နေကြရတဲ့ သူတွေအားလုံးကို အလေးအမြတ်ပြုပါရစေ။ 🔻 ဒီကနေ့ ဆုံရတဲ့သူတွေလိုမျိုး ကျနော်တို့ကို အားပေးထောက်ခံ နားလည်သူတွေသာ မရှိခဲ့ဘူးဆို တီမောရဲ့လွတ်မြောက်ရေးဆိုတာလည်း အိပ်မက်သာသာပေါ့။ ဒီကနေ့မှာတော့ အရှေ့တောင်အာရှမှာ နောက်ထပ်ဖိနှိပ်မှုအသစ်နဲ့ ကြုံနေရပြီ။ စစ်အာဏာသိမ်းမှုက မြန်မာလူထုရဲ့ဆန္ဒကို ချိုးဖောက်ဖျက်ဆီးလိုက်တာပဲ။ 🔻 မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းစဉ်ကာလတွေမှာ ကျနော်ရောက်ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ဟောင်း သမ္မတနဲ့ ကျနော်ဆုံတော့ သူ ပြောတာက ပြုပြင်ပြောင်းလဲရေးဟာ သိပ်ခက်ခဲတယ်တဲ့။ ကျနော်လည်း ပြန်ဆွေးနွေးဖြစ်တာက မှန်တာပေါ့၊ စစ်တပ်က သိပ်ပြီး ကြီးစိုးအားကောင်းနေတာကိုးလို့။ 🔻 ၂၀၂၁ မှာကြည့်လေ စစ်အာဏာသိမ်းမှုနဲ့ သူတို့က အရာရာကို မြေလှန်ပစ်လိုက်တယ်။ ပြည်သူတွေကို တိုက်ခိုက်နေတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီးပဲ။ ပြီးခဲ့တဲ့နှစ် ဂျကာတာမှာပြုလုပ်တဲ့ အာဆီယံအစည်းအဝေး နောက်ဆုံးနေ့မှာ ကျနော်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသခွင့်ပေးရေး စစ်အာဏာရှင်ကို ပြောကြပါဆိုပြီး မေတ္တာရပ်ခံချက်တခု ပြုလုပ်ခဲ့ပါတယ်။ 🔻 မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံဟာ စုစည်းပြီး အားကောင်းလာအောင် ဆောင်ရွက်နေကြပါတယ်။ သူတို့ကို ကျနော်တို့ ထောက်ပံ့ပေးဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရမယ်။ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရပါမယ်။ တီမောနိုင်ငံထူထောင်သူ သမ္မတကြီး ဟိုဆေးရာမို့ဟော်တာကလည်း မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ တစိုက်မတ်မတ်ရပ်တည်နေပါတယ်။ 🔻 တီမောဟာ နိုင်ငံတကာအခင်းအကျင်းထဲ ၀င်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံက အခြေအနေတွေကို စဉ်ဆက်မပြတ် နှိုးဆော်ပြောကြားပေးနေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မြန်မာလူထုတရပ်လုံးရဲ့ နိုင်ငံရေးအရ လွတ်လပ်မှုရှိစေရေးကို ဦးတည်တဲ့ စစ်မှန်မျှတတဲ့ ကိစ္စ ဖြစ်နေလို့ပါပဲ။ ဆက်လက်ဖတ်ရှု.ရန်🖥
Show all...
👍 39
မြောက်ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်သူတွေရဲ့ ဖြောင့်ချက် (ရုပ်/သံ) ယဉ်မွန်၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရခိုင်ပြည်နယ် ၊ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့သတင်းသမား ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးကို အကြောင်းအရင်းမရှိပဲ သတ်ဖြတ်ခဲ့တယ်လို့ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေက ဖြောင့်ချက်ပေး ဝန်ခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကို ဗိုလ်မှုး သိန်းထိုက်စိုးက တိုက်ရိုက်အမိန့်ပေးခဲ့တာဖြစ်ပြီး ပါဝင်ခဲ့ကြတဲ့ဗိုလ်ကြီးအာကာမြင့်နဲ့ ဒုတိယ ရဲမှုးကြီး ခင်မောင်စိုးကို ရက္ခိုင့်တပ်တော် (AA)ကဖမ်းဆီးရမိခဲ့ပြီးနောက် အခုလိုမျိုး ဖြောင့်ချက်ပေး ဝန်ခံခဲ့ကြတာပါ။ အဲဒီ အရပ်သားပြည်သူ ၇ ဦးကို သတ်ဖို့ တိုက်ရိုက်အမိန့်ပေးခဲ့တဲ့သူဗိုလ်မှူး သိန်းထိုက်စိုးဆိုတဲ့သူကတော့ ဘာကြောင့် သတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ https://youtu.be/6gupCQ0PBXU
Show all...
မြောက်ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်သူတွေရဲ့ ဖြောင့်ချက််(ရုပ်/သံ)

မြောက်ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်သူတွေရဲ့ ဖြောင့်ချက််(ရုပ်/သံ) ယဉ်မွန်၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရခိုင်ပြည်နယ် ၊ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့သတင်းသမား ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးကို အကြောင်းအရင်းမရှိပဲ သတ်ဖြတ်ခဲ့တယ်လို့ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေက ဖြောင့်ချက်ပေး ဝန်ခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီသတ်ဖြတ်မှုကို ဗိုလ်မှုး သိန်းထိုက်စိုးက တိုက်ရိုက်အမိန့်ပေးခဲ့တာဖြစ်ပြီး ပါဝင်ခဲ့ကြတဲ့ဗိုလ်ကြီးအာကာမြင့်နဲ့ ဒုတိယ ရဲမှုးကြီး ခင်မောင်စိုးကို ရက္ခိုင့်တပ်တော် (AA)ကဖမ်းဆီးရမိခဲ့ပြီးနောက် အခုလိုမျိုး ဖြောင့်ချက်ပေး ဝန်ခံခဲ့ကြတာပါ။ အဲဒီ အရပ်သားပြည်သူ ၇ ဦးကို သတ်ဖို့ တိုက်ရိုက်အမိန့်ပေးခဲ့တဲ့သူဗိုလ်မှူး သိန်းထိုက်စိုးဆိုတဲ့သူကတော့ ဘာကြောင့် သတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

👍 42 6🤬 5🔥 2
🔴အလုံ * အစစ်အဆေး * အလုံ ကွင်းကျောင်းလမ်းမှာ ခွေးတွေက အိမ်တွေကို ဝင်စစ်နေတယ်လို့သိရ * 10:35 PM @SanchaungScout
Show all...
👍 20🤬 1💔 1
#ThingangyunBC ⚜️22:30⚜️ ပေါက်ကွဲသံတစ်ခုကြားရ 📮@Bulletinboard01
Show all...
👎 6👏 1