The Irrawaddy - Burmese
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com
Show more📈 Analytical overview of Telegram channel The Irrawaddy - Burmese
Channel The Irrawaddy - Burmese (@theirrawaddy) in the Burmese language segment is an active participant. Currently, the community unites 76 691 subscribers, ranking 3 411 in the News & Media category and 1 721 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 76 691 subscribers.
According to the latest data from 04 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -824 over the last 30 days and by -18 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 5.17%. Within the first 24 hours after publication, content typically collects 4.24% reactions from the total number of subscribers.
- Post reach: On average, each post receives 3 969 views. Within the first day, a publication typically gains 3 256 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 43.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.
burma.irrawaddy.com”
Thanks to the high frequency of updates (latest data received on 05 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 05 September | +3 | |||
| 04 September | +5 | |||
| 03 September | +15 | |||
| 02 September | +2 | |||
| 01 September | +1 |
| 2 | ၂၄ နာရီအတွင်း YouTube ပေါ်မှာ ကြည့်ရှုသူ သန်း ၇၀ ကျော်သွားတဲ့ Lisa ရဲ့ SaWaDiKa သီချင်း
မနေ့ကထွက်ရှိလာခဲ့တဲ့ Black Pink အဖွဲ့၀င် Lisa ရဲ့ တကိုယ်သီချင်းအသစ်ဖြစ်တဲ့ SaWaDiKa ဟာ ပထမဆုံး ၂၄ နာရီအတွင်း YouTube ပေါ်မှာ ကြည့်ရှုသူ ၇၀.၈ သန်းရရှိသွားခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးရက် ကြည့်ရှုမှုအများဆုံး Music Video ဖြစ်လာခဲ့ပါတယ်။
ထိုင်းလူမျိုးတွေရဲ့ နှုတ်ခွန်းဆက်စကားကိုအစွဲပြုပြီး အမည်ပေးထားတဲ့ ဒီ SaWaDiKa သီချင်းမှာ Lisa ဟာ သူရဲ့ အနုပညာစွမ်းရည်တွေကို အပြည့်အ၀ချပြသွားခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင် SaWaDiKa ဟာ တကိုယ်တော် အနုပညာရှင်တဦးအနေနဲ့ ပထမဆုံး ၂၄ နာရီအတွင်း ဒုတိယမြောက် ကြည့်ရှုမှုအများဆုံး ဂီတဗီဒီယိုဖြစ်လာခဲ့ပြီး ပထမနေရာကိုတော့ ၇၃.၆ သန်းနဲ့ စံချိန်တင်ထားတဲ့ Lisa ရဲ့ LALISA ဂီတဗီဒီယိုကပဲ သိမ်းပိုက်ထားတာပါ။ | 2 199 |
| 3 | သယံဇာတသည် ကျိန်စာမဟုတ်ဟု ခရိုနီ ဦးနေဝင်းထွန်း ပြော
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
ပအိုဝ်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် သတ္ထုတူးဖော်ရေးလုပ်နေသော ခရိုနီ ဦးနေဝင်းထွန်းသည် စက်တင်ဘာ ၄ ရက်က တောင်ကြီးတက္ကသိုလ် ဘူမိဗေဒဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား သတ္တုတူးဖော်ရေးနှင့် စီးပွားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သတ္တုများသည် ကျိန်စာမဟုတ်ဘဲ ရတနာဟု ပြောဆိုခဲ့သည်။
အဆိုပါဟောပြောပွဲကို တောင်ကြီးတက္ကသိုလ် ဘူမိဗေဒဌာနနှင့် ဦးနေဝင်းထွန်းပိုင် ပတ္တမြားနဂါးကုမ္ပဏီတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကာ ဘူမိဗေဒကျောင်းသားများအနေဖြင့် လုပ်ငန်းခွင်များအတွင်း သင်တန်းနှင့် လက်တွေ့လာရောက်လုပ်ကိုင်ကြရန်နှင့် ပတ္တမြားနဂါး ကုမ္ပဏီသည် အခြေခံလစာ ကျပ် ၆ သိန်းဖြင့် လူဦးရေ ၇၀၀ နီးပါးကို အလုပ်ခန့်အပ်ထားကြောင်းလည်း ဆိုသည်။
၎င်းက “တရုတ်ပြည်က လွတ်လပ်ရေးရပြီးခါစက ထမင်းတောင် ငတ်ခဲ့ကြရတဲ့ဘဝတွေ ရွာအဆင့်အစုတ်အပြတ်ပဲ၊ ဒီနေ့အချိန်မှာ မိုးမျှော်တိုက်တွေ ဖြစ်သွားပြီ၊ နှစ်လေးဆယ်အတောအတွင်းမှာ တိုးတက်ဖွံ့ဖြိုးလာတယ်၊ အဲဒါသတ္တုကြောင့်ပဲ” ဟု ပြောသည်။
မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက် သံယံဇာတများကို သုတေသနလုပ်ဆောင်မှု အားနည်းသလို ကျောင်းသူ ကျောင်းသားများမှာ စာတွေ့အသိသာရှိကြောင်း၊ နိုင်ငံတော်ပံ့ပိုးမှုဖြင့် သုတေသနများ လုပ်ကြရန်နှင့် ထိုသို့လုပ်ဆောင်ရန် ဘူမိဗေဒဌာနက အဓိကကျကြောင်း ၎င်းက ဆိုသည်။
“ဝမ်းနည်းစရာ ကောင်းတာက မိမိရဲ့ မြေအောက် သယံဇာတကို တမျိုးလွဲပြီး သယံဇာတ ရတနာသိုက်ကို ဖော်ထုတ်ပြီး လူ့အရင်းအမြစ်ကို ဆောင်ရွက်ပေးနိုင်မှုအားနည်းနေတာ ကျနော်တို့နိုင်ငံပဲ”ဟု ပြောသည်။
ဦးနေဝင်းထွန်သည် ပတ္တမြားနဂါး(Ruby Dragon Group of Companies) အမည်ဖြင့် ကျောက်မျက်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းအပါအဝင် စီးပွားရေးမျိုးစုံ လုပ်ကိုင်နေသည့် ကုမ္ပဏီကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်ပြီး ၁၉၉၀ ကျော်မှ စတင်ကာာ မိုင်းရှူး၊ မိုးကုတ်၊ ဖားကန့်ဒေသများတွင် လုပ်ကွက်ကြီးများကို ရယူကာ နည်းပညာသုံး စက်ယန္တရားကြီးများဖြင့် အကြီးအကျယ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ထို့နောက် ရှမ်းပြည်နယ် အရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့တွင် သံသတ္တုရိုင်း နှင့် အခြား စက်မှုသတ္တုရိုင်း တူးဖော်ရေး လုပ်ငန်းများနှင့်အတူ စိုက်ပျိုးရေးခြံကြီးများ တည်ထောင်၍ နဂါးမောက်သီး၊ စတော်ဘယ်ရီနှင့် ဝိုင်စပျစ် စိုက်ပျိုးရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခဲ့ပြီး Dragon Wine ဟု လူသိများသည့် ဝိုင်ထုတ်လုပ်ရောင်းချခဲ့သလို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး ပစ္စည်း ထုတ်လုပ်ရေး၊ သစ်တောနှင့် အပန်းဖြေစခန်း လုပ်ငန်းများအထိ တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အစိုးရနှင့် လက်တွဲကာ ကျောက်မျက်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ တွင် ထိပ်တန်းမှ ပါဝင်ခဲ့ခြင်းကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှု (US Sanctions)တွင် ပါဝင်ခဲ့ပြီး ဒီမိုကရေစီအကူးအပြောင်းကာလတွင် ပိတ်ဆို့မှုများ လျှော့ချပေးခြင်းခံခဲ့ရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup | 2 224 |
| 4 | No text... | 1 907 |
| 5 | အစ္စရေးတဦး ထိုင်း ပြည်နှင်ဒဏ်ပေး
ဧရာဝတီ၊ စက်တင်ဘာ ၅၊၂၀၂၆
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံသား ယာကော့ဗ် အိုဟာယွန်အား အများပြည်သူ အေးချမ်းသာယာရေး နှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်၍ ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
စက်တင်ဘာလ ၄ ရက်က ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဗီရာကူးလ် လက်မှတ်ရေးထိုးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ အိုဟာယွန်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ အရ ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည့် ဆမွေ ခရိုင်တရားရုံး၏ ဒီကရီအပြီးတွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆမွေကျွန်းရှိ တိရစ္ဆာန်ရုံပိုင်ရှင်ကို ခြိမ်းခြောက်မှုဖြင့် လွန်ခဲ့သောလက ပြစ်ဒဏ်ကျခံခဲ့ရသည့် ယာကော့ဗ် အိုဟာယွန်သည် ပြည်နှင်ဒဏ်ဆိုင်ရာ စည်းမျဉ်းသစ်များအောက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခံရသည့် ပထမဆုံးသော နိုင်ငံခြားသား ဖြစ်လာခဲ့သည်။
၎င်းသည် တိရစ္ဆာန်ရုံပိုင်ရှင်ထံ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ခြိမ်းခြောက်စာများပေးပို့ခဲ့သဖြင့် နစ်နာသူမှာ ထိတ်လန့်ကြောက်ရွံ့စေခဲ့ကြောင်း၊ ထို့အတွက် တရားရုံးက ထောင် ၁ လနှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ စီရင်ခဲ့ကြောင်း၊ အပြစ်ရှိသည်ဟု ဝန်ခံသဖြင့် ပြစ်ဒဏ် တဝက်လျှော့ချကာ ထောင် ၁၅ရက်ဖြင့် ဒဏ်ငွေ ဘတ် ၅,၀၀၀ သို့ ပြောင်းလဲခဲ့ကြောင်း၊ သို့သော် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်း၏ အပြုအမူဆောင်များသည်အများပြည်သူ၏ အေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တနှင့် အထွေထွေ ညီညွတ်မျှတရေးတို့အား ထိခိုက်စေသည်ဟု ဆုံးဖြတ်ခဲ့သဖြင့် ၁၉၅၆ ခုနှစ် ပြည်နှင်ဒဏ်ဆိုင် ရာ အက်ဥပဒေ (BE 2499) ပုဒ်မ ၅ အရ ၎င်းအား နိုင်ငံတော်အတွင်းမှ နှင်ထုတ်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၆ ခုနှစ် ပြည်နှင် ဒဏ်ဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းများ (BE 2519) အပိုဒ် ၄ နှင့် ပေါင်းစပ်ကျင့်သုံး၍ ပြည်ထဲရေးဝန်ကြီးသည် အိုဟာယွန်အား ထိုင်းနိုင်ငံအတွင်းမှ ပြည်နှင်ဒဏ်ပေးရန် တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းအက်ဥပဒေ၏ ပုဒ်မ ၈ အရ အိုဟာယွန်သည် တရားဝင် အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှစ၍ ၇ ရက်အတွင်း ပြည်နှင်ဒဏ်အမိန့်အား ဆိုင်းငံ့ပေးပါရန် ဝန်ကြီးချုပ်ထံ အယူခံဝင်ခွင့် ရှိနေဆဲဖြစ်သည်။
ပုံစာ- ထိုင်းဝန်ကြီးချုပ် အနုတင်/ Bangkok Post | 1 882 |
| 6 | No text... | 1 771 |
| 7 | နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ ဂျပန်မှု ဆိုင်ရာ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/09/05/416025.html | 1 974 |
| 8 | ဦးအောင်ဆန်းမြင့် နာရေး ထိုင်းနယ်စပ်၌ ပြုလုပ်
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး နှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဆန်းမြင့်၏ နာရေးဈာပနအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထိုင်း-ကရင်နီ နယ်စပ်တနေရာ၌ ပြုလုပ်ခဲ့သည်။
နှလုံးရောဂါအခံရှိသူ အသက် ၆၃နှစ် အရွယ် ဦးအောင်ဆန်းမြင့်သည် ထိုင်းနိုင်ငံ ဆေးရုံတခု၌ ဆေးကုသမှုခံယူနေစဉ် ဩဂုတ် ၃၀ ရက်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် KSCC နှင့် KNPP ကိုယ်စားပြု ဗဟိုဦးဆောင်ကော်မတီဝင် ကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင်လည်း အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်သည်။
သတင်း-မိုးတိမ်
ဓာတ်ပုံ-မိုးတိမ်
#WhatsHappeningInMyanmar
#RejectMilitaryCoup | 2 305 |
| 9 | No text... | 2 253 |
| 10 | ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် မိသားစု စီးပွားရေး လုပ်ငန်းများ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2024/02/10/379549.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation | 2 692 |
| 11 | ဗန်းမော်အနီး တိုက်ခိုက်ခံရအပြီး စစ်ရေယာဉ်အုပ်ဖြင့် ထပ်မံ အင်အားဖြည့်ရန် ကြိုးစားလာ
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဩဂုတ်လအတွင်း ဆန်တက်ခဲ့သည့် စစ်သင်္ဘောများ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခိုက်ခံရ၍ ၇ စီးသာ ရောက်ရှိခဲ့ပြီး ကမ်းကပ်ထားသော သင်္ဘောတချို့ ထပ်မံတိုက်ခိုက်ခံနေရချိန် စစ်ကူနှင့် ရိက္ခာခဲယမ်းများ ဖြည့်တင်းရန် ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရေးစစ်သင်္ဘော ၆ စီး ဦးဆောင်ပြီး စစ်ရေယာဉ် အစီး ၂၀ ကျော် မန္တလေးမြို့ဂေါဝိန်ဆိပ်မှ ထပ်မံဆန်တက်သွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစစ်ရေယာဉ်အုပ်တွင် လူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ တင်ဆောင်ထားသည့် တွဲသင်္ဘောများနှင့် တိုက်ခိုက်ရေးစစ် သင်္ဘောများ အပါအဝင် အစီးရေ ၄၀ ကျော်အထိ ရှိပြီး မန္တလေးဂေါဝိန်ဆိပ်မှ ယနေ့ နံနက် ၅ နာရီကျော်တွင် စတင် ဆန်တက်သွားခြင်းဟု သိရသည်။
တိုက်ခိုက်ရေး သင်္ဘောများ အပါအဝင် စုစုပေါင်း ၆ စီးသည် မတ္တရာမြို့နယ်အနောက်ခြမ်း ဘိုးကြီးကျွန်းအရှေ့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက်ဆန်တက်နေသလို တွဲသင်္ဘောများ ပါဝင်သော အစီး ၂၀ ကျော်သည်လည်း မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာအနောက်ဘက်မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက် နေကြောင်း သိရသည်။
“မန္တလေးဆိပ်ကမ်းကနေလည်း ဆက်ပြီး ထွက်လာနေတာတွေ ရှိသေးတယ်၊ အားလုံးပေါင်းဆိုရင် အစီး ၄၀ ကျော်မယ်၊ အခုထိတော့ လေကြောင်း ကင်းထောက်တွေ မပါသေးဘူး”ဟု စစ်ရေယာဉ်အုပ်အား စောင့်ကြည့်နေသည့် Wetlet Informational Network မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ ရေယာဉ်အုပ်စု ဆန်တက်ရာ လမ်းကြောင်းတလျောက် လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် မြစ်ကမ်းဘေး မတ္တရာမြို့နယ်နှင့် ဧရာဝတီမြစ်ကမ်းဘေးတလျောက်ရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်ကို အထူးဂရုပြု ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။
ဩဂုတ်လလယ်ပိုင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့သော စစ်သင်္ဘော ၁၅ စီးသည် မြစ်ကြောင်းတလျောက် ကြားဖြတ်တိုက်ခိုက်ခံရသလို ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တွဲသင်္ဘောတစီး စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ရာ ၈ စီးခန့် မီးလောင်ပျက်စီးပြီး စစ်သင်္ဘော ၂ စီးမှ စစ်သားနှင့်မိသားစုဝင် ၁၉၀ ဦး အလံဖြူထောင် အညံ့ခံခဲ့သည်။
ဓာတ်ပုံ-Wetlet Information Network
#WhatsHappeningInMyanmar
#RejectMilitaryCoup | 2 655 |
| 12 | No text... | 2 418 |
| 13 | No text... | 2 411 |
| 14 | စစ်တပ်ရဲ့ စီးပွားဖက် Viettel ကုမ္ပဏီ နဲ့ မင်းအောင်လှိုင် တွေ့ဆုံ
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ် ခရီးစဉ်မှာ ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းစု Viettel Group က အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ရိုက်တာသတင်းက စက်တင်ဘာ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။
Viettel ဟာ မြန်မာစစ်တပ်နဲ့ ဖက်စပ်တည်ထောင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ Mytel မှာ ၄၉ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစုဖြစ်ပါတယ်။ ဒါ့အပြင် Viettel ရဲ့ ကာကွယ်ရေးလုပ်ငန်းက ဒရုန်းတွေနဲ့ အခြား စစ်ဘက်သုံးပစ္စည်းတွေ ထုတ်လုပ်နေတာကြောင့် အာဏာသိမ်းသမ္မတနဲ့ တွေ့ဆုံရာမှာ အဲဒီကဏ္ဍတွေလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
#မြန်မာ #ဧရာဝတီ #ဗီယက်နမ် #ViettelGroup #Mytel #ဆက်သွယ်ရေး #ကာကွယ်ရေး #ဒရုန်း #စစ်ဘက်သုံး #WhatsHappeningInMyanmar | 2 640 |
| 15 | AI က ရုပ်ရှင် နဲ့ သတင်းစာ ပညာကို ခြိမ်းခြောက်နေလို့ George Clooney ပြော
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
အမေရိကန် ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး Geroge Clooney က AI နည်းပညာ မြင့်မားလာမှုတွေဟာ စိတ်ကူးယဉ် နဲ့ အမှန်တရားကြား ခွဲခြားဖို့ ပိုခက်လာစေတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၈၃ ကြိမ်မြောက် Venice ရုပ်ရှင် ပွဲတော်ကို တက်ရောက်စဉ် ပြောကြားသွားတာပါ။
AI က သတင်းထောက်တွေ၊ အစိုးရတွေနဲ့ လူထု အတွက် စိန်ခေါ်မှုတခု ဖြစ်လာနေပြီး Deepfake နည်းပညာနဲ့ AI Content တွေက သတင်း အချက်အလက်တွေ အပေါ် ယုံကြည်မှု ထိခိုက်စေတယ် လို့လည်း ဆိုပါတယ်။
အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Geroge Clooney ဟာ အော်စကာ ဆု ၂ ကြိမ် ရရှိထားသူဖြစ်ပြီး တရားမျှတမှု မြှင့်တင်ရေး လုပ်ဆောင်ချက်တွေ အတွက်လည်း ဆုတွေ ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ Venice ရုပ်ရှင်ပွဲတော်မှာ တသက်တာ အောင်မြင်မှု အတွက် ရွှေခြင်္သေ့ ရုပ်တု လည်း ချီးမြှင့်ခံခဲ့ရပါတယ်။
အမှန်တရားကို ခွဲခြားသိမြင်ဖို့ ပိုခက်လာပြီး နည်းပညာ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းက လူတွေ အနေနဲ့ စစ်မှန်တဲ့ အချက်အလက်တွေ အပေါ် သံသယတွေ ဖြစ်လာနိုင်တယ်လို့ Gorge Clooney က သတင်းထောက်တွေကို ပြောကြား ပါတယ်။
“ပိုဆိုးတာက ဒါမှန်လောက်တယ်၊ ဒါတော့မမှန်လောက်ဘူး ဆိုတာတွေဟာ ပြောနေကျ ဖြစ်လာပြီး တကယ် စစ်မှန်တဲ့ အရာတွေကို တွေ့မြင်တဲ့အခါ လူတွေက ဒါ အတုကြီးပဲလို့ ပြောနိုင်သွားတော့မှာပါ” လို့ လည်း Gorge Clooney က ဆိုပါတယ်။
သူက ဆက်လက်ပြီး“ကျနော်သေပြီး အနှစ် ၂၀ လောက်ကြာမှ အမျိုးသမီး လစဉ်သုံး ကြော်ငြာတခုမှာ ပါဝင်နေရတာမျိုး မဖြစ်ချင်ဘူး” လို့လည်း သူသေဆုံးပြီးနောက် သူ့ရဲ့ ပုံတူ အသုံးပြုတာကို တွေးမကြည့်ချင်ကြောင်း ဟာသနှောပြီး ပြောခဲ့ပါ သေးတယ်။
မင်းသားကြီးက AI ရဲ့ စိန်ခေါ်မှုက သတင်းစာ ပညာရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုများလာစေကြောင်း ပြောဆိုရင်း သတင်း မီဒီယာ ပိုင်ဆိုင်မှုတွေဟာ ချမ်းသာတဲ့ လူနည်းစုတွေ လက်ထဲ ရောက်ရှိလာနေကြောင်းလည်း ပြောကြားသွား ပါတယ်။
Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဟာ ကမာ္ဘပေါ်မှာ သက်တမ်း အရင့်ဆုံး ရုပ်ရှင်ပွဲတော် တခုဖြစ်ပြီး အခု ကျင်းပနေတဲ့ ၈၃ ကြိမ်မြောက် ပွဲတော်ကို စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/short-news/2026/09/05/416064.html
Ref : Reuters | 2 457 |
| 16 | မြန်မာရေဘေး မျက်ကွယ်ပြုပြီး နီပေါရေဘေးလှုတဲ့ စစ်အုပ်စုကို လူထုဝေဖန်
အာဏာသိမ်းအစိုးရက မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်တာ မရှိဘဲ နီပေါရေဘေးကို အမေရိကန်ဒေါ်လာ ငါးသိန်း နဲ့ ပဲမျိုးစုံ ၈ တန် လှူဒါန်းလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက လေးမျက်နှာမြို့ ရေကြီးမှုအပြင် တနင်္သာရီ၊ စစ်ကိုင်းနဲ့ ပဲခူး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိနေပေမယ့် အာဏာသိမ်း အစိုးရဟာ ထိရောက်တဲ့ အကူအညီတွေ မပေးသလို စစ်ကိုင်းတိုင်းက ရေဘေးသင့်သူတွေဆီ ပေးပို့မယ့် အကူအညီ အထောက်အပံ့တွေကိုလည်း ဟန့်တားပိတ်ဆို့တာတွေ လုပ်ဆောင်နေတာပါ။
#မြန်မာ #ဧရာဝတီ #ရေဘေး #နီပေါ #လေးမျက်နှာ #စစ်ကိုင်း #ကူညီကယ်ဆယ်ရေး #စစ်အုပ်စု #WhatsHappeningInMyanmar | 2 382 |
| 17 | ဗီယက်နမ်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်းနိုင်ဖွယ်ရှိ
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ လာရောက်ထုတ်လုပ်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။
Viettelသည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့်ပူးပေါင်း၍ Mytel ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသလို ၎င်း၏ ကာကွယ်ရေးဆိုင်ရာဌာနခွဲသည် ဒရုန်းများနှင့် အခြားစစ်ဘက်သုံး ပစ္စည်းများကို ထုတ်လုပ်သောကြောင့် အဆိုပါ ခရီးစဉ်အတွင်း ထိုအကြောင်းအရာများကို ဆွေးနွေးဖွယ်ရှိကြောင်း သတင်းရင်းမြစ်တဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။
ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel သည် အရပ်ဘက် ဆက်သွယ်ရေးလုပ်ငန်းများအပြင် လက်အောက်ခံ ကုမ္ပဏီများဖြစ်သော Viettel High Tech နှင့် Viettel Aerospace Institute တို့က ဗီယက်နမ် ပြည်သူ့တပ်မတော်အတွက် စစ်ဘက်သုံး ဆက်သွယ်ရေးကိရိယာများ၊ စစ်ဘက်သုံး ဒရုန်းများ၊ စောင့်ကြည့်ရေး ရေဒါများနှင့် ဒုံးကျည်များ ကဲ့သို့သော လက်နက်ကိရိယာ အမြောက်အမြားကို တီထွင် ထုတ်လုပ်၍ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ သွားရောက်ရန် စီစဥ်ထားသော အဆိုပါခရီးစဉ်သည် ဆက်သွယ်ရေးလုပ်ငန်း၊ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများအပါအဝင် ဗီယက်နမ်နှင့် မြန်မာစစ်တပ်တို့အကြား ကာလရှည်ကြာ တည်ရှိလာသည့် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးများကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup | 2 452 |
| 18 | No text... | 2 372 |
| 19 | No text... | 2 263 |
| 20 | အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
အဆိုပါ ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းနှင့် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်များ ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်း၍ ဖြစ်သည်ဟု ဆိုကာ ပြည်တွင်း ထုတ်လုပ်မှုကို တိုးမြှင့်ပြီး ပို့ကုန်နှင့် နိုင်ငံခြားငွေ ရရှိမှု မြှင့်တင်နိုင်မှသာ ကုန်ဈေးနှုန်း အတက်အကျကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ပြည်တွင်း ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို အာဏာသိမ်းအစိုးရ တင်သွင်းမှု တင်းကျပ်ထားဆဲ ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။
လာမည့် အောက်တိုဘာလအတွင်း ဆန်အသစ်များ ဝင်ရောက်လာချိန်တွင် ဈေးအနည်းငယ် ပြန်ကျနိုင်သော်လည်း တက်ထားသည့် ပမာဏအတိုင်း ပြန်လည် ကျဆင်းရန် မလွယ်ကူသေးသဖြင့် အခြေခံ စားသောက်ကုန် ဈေးနှုန်း မြင့်တက်မှု ၏ ဖိအားကို အိမ်ထောင်စုများ ဆက်လက် ခံရဖွယ် ရှိနေနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/05/416059.html | 2 950 |
