cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Show more
Advertising posts
534 655
Subscribers
-124 hours
-1 6287 days
+3 88830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

🤬 23🤮 4🖕 4
ဒိုက်ဦးဗဟို အကျဉ်းထောင်တွင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံး ရန်ကုန်၊ မေ ၁၁ ပဲခူးတိုင်း၊ ဒိုက်ဦး ဗဟိုအကျဉ်းထောင်တွင် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ဒိုက်ဦး အကျဉ်းထောင်တွင်း၌ ပြင်ပဆေးရုံသို့ အရေးပေါ် ဆေးဝါးကုသမှုခံယူရန် လိုအပ်လျှက်ရှိသည့် အသက် ၃၂ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်း(ခ)လယ်ဝေးသည် အကျဉ်းထောင်ပြင်ပ၌ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။ ကိုလင်းလင်းထွန်းသည် မေလ ၇ ရက်နေ့တွင် ကျန်းမာရေး အခြေအနေ အရေးပေါ်ဖြစ်ချိန်၌ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အချိန်နှင့် တပြေးညီ ထောင်ပြင်ပဆေးရုံသို့‌ ပို့ဆောင်ပေးခြင်းမရှိခဲ့ဘဲ အသက်သေဆုံးခါနီး အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ "၂၀၂၄ ခုနှစ်ဟာ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများလာတဲ့ နှစ် ၁ နှစ်ဖြစ်လာပါတယ်။ ဒါဟာ နိုင်ကျဉ်းတွေအတွက် အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေတစ်ခု ဖြစ်လာ‌နေတဲ့အတွက် ICRC အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အကျဉ်းသားအခွင့်အရေးအရ အကျဉ်း‌သားတွေကို လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု့ အပြည့်အဝရရှိစေရေး မဖြစ်မ‌နေ ကြိုးစားဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ အခြေအနေရောက်နေပြီဖြစ်ကြောင်း ကျဆုံးနိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေရဲ့ ကိုယ်စား တောင်းဆိုပါတယ်" ဟု နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။ ကိုလင်းလင်းထွန်းသည် ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံထားရသည့် လယ်ဝေးမြို့ ဒေသ ပြည်သူ တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရပြီး‌နောက် စစ်ကြောရေးမှ ရရှိခဲ့သည့် ပြင်းထန်ဒဏ်ရာများကြောင့် ဒိုက်ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု ရရှိရန် မကြာခဏတောင်းခံခဲ့ရပြီး လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒိုက်ဦး အကျဉ်းထောင်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ မေလ ၈ ရက်နေ့ထိ ၃ လတာအတွင်း ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ပုဒ်မ ၅၀၅(က)/၁၄၂ ဖြင့် ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခံထားရသူ အသက် ၆၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေး‌ဝင်းသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း၊ ပုဒ်မ ၅၀၅/၅၂(က)/၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၁၄ နှစ် အမိန့်ချမှတ်ခံထားရသူ အသက် ၆၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုး သည် မတ်လ ၆ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရသည်။
Show all...
😢 32🤬 6👍 5 1💩 1
🤬 59👍 17😢 5
🤬 44😢 9👍 2
ဆားလင်းကြီးရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီး၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာ ကိုပြောဆိုသည်။ မေလ ၁၀ ရက်နေ့ မုံရွာဘက်ကမ်းမှ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ ဒရုန်း များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။ "တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဗျ။ ဒီကောင်တွေက ကျနော်တို့ရွာဘက်တွေကို မကြာခဏ ဆိုသိလို လက်နက်ကြီးတွေနဲ့ထုတယ်။ ဒီတခါတော့ ဒရုန်း တွေရောပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ။ ပြည်သူတွေ ရှောင်နေရတုန်း။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက ပေါက်ကွဲအားကပြင်းတယ်။ သူတို့ထုတဲ့အလုံးတွေက" ဟု ချင်းတွင်းမြစ်ကမ်းဘေးကေျးရွာများ သပိတ်စစ် ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပလောင်ရွာနေ အမျိုးသား ၁ ဦးဝမ်းဗိုက်တွင် မစိုးရိမ်ရ ဒဏ်ရာရရှိပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးကာ လက်ရှိချိန်ထိ ပြည်သူ ၂၀၀၀ ခန့် ထွက်ပြေးရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
Show all...
🤬 67 7😢 6👍 5😡 3
Khit Thit သတင်းဌာန၏ မေ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မကွေးတိုင်းအတွင်းမှာ ပြည်သူတွေအနေနဲ့ Mask တပ်တာ လွယ်အိတ်လွယ်တာတွေ ပြုလုပ်ရင် PDF အဖြစ် သတ်မှတ်အရေးယူမယ်လို့ မနေ့ ညပိုင်းက စစ်တပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က လော်စပီကာတွေနဲ့ လှည့်လည်ကြေညာတယ်လို့ ဒေသခံတွေကပြောပါတယ်။ - ရခိုင်ပြည်နယ်မှာ AA က ရိုဟင်ဂျာ မွတ်စလင်တွေကို ကူညီဆောင်ရွက်ပေးပုံတွေကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်လိုက်ပါတယ်။ - ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ စစ်တပ်ဂိတ်အသီးသီးဖြတ်သန်း ကာ မူးယစ်ဆေးဝါးတွေ ပေါ်တင်သယ်ဆောင်လာတဲ့ ကား ၂ စီးကို မှော်ဘုရင် စစ်ကြောင်းက ဖမ်း မိခဲ့တယ်လို့ ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ကထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=0k_fjpjX5P0
Show all...
Khit Thit သတင်းဌာန၏ မေ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ မေ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မကွေးတိုင်းအတွင်းမ...

👍 141 13😁 3
👍 96 34🥰 3
လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး ရန်ကုန်၊ မေ ၁၁ ပဲခူးတိုင်း၊ လက်ပံတန်း မြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးတက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကြိုတင် သတင်းရ၍ မိုင်းထောင်ခဲ့ကြောင်း၊ စစ်သားများ လာချိန် အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှု ကြောင့် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။ "အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်လိုက်တော့ သူတို့တွေ ကစဉ့်ကလျားတွေ အဲဒီအချိန်မှာမှ ကျွန်တော်တို့ အနီးကပ်ပစ်တာ သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ရှေ့ကို ကျွံထွက်လာတဲ့ ကောင်တွေ မိုင်းဆွဲတိုက်ခိုက်တာ။ ကျန်တဲ့ နောက်က ကောင်တွေက အလောင်းတွေ ကောက်ပြီး ပြန်ဆုတ်သွားကြတယ်"ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောဆိုသည်။ တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်သားများ၏ လက်နက်ငယ် ကျည်အချို့နှင့် ၆၀ မမ ဗုံးသီးတစ်လုံးသိမ်းဆည်းရမိကြောင်း၊ ရဲဘော်များအထိအခိုက် အကျအဆုံးမရှိခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောကြားသည်။ အလောင်းကောက်ကာ ပြန်ဆုတ်သွားသည့် အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာအရောက်တွင် ပြည်သူ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ ထံမှ သိရှိရသည်။
Show all...
👍 125 21🥰 4👏 4🍾 1
😢 99👍 16🤬 9 2👏 1
ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ညီဖြစ်သူကို စစ်ကောင် စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆွေး နွေး တိုင်ပင်စရာရှိသည်ဟုဆိုပြီး လိမ်ခေါ် သတ်ဖြတ် ရန်ကုန်၊ မေ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူတို့ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသည်ဟု ဆိုကာ လိမ်ညာခေါ်ယူပြီး ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၁၀ ရက် နံနက်ပိုင်း စစ်ဘေးရှောင်နေသည့် ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်နှင့် ညီဖြစ်သူ ဝေးပလွန်တို့ကို အကြမ်းဖက်စ်စတပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသဖြင့် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ချိန် ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၏ သတ်ဖြတ်ခြင်းခံရသူ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်သည် ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကို လည်း ကူညီစောင့်ရှောက်ပေးနေသူ ဖြစ်ကြောင်း၊ ဒေသနေပြည်သူလူထုအတွက် အားကိုးပြုရသူတစ် ဦးဖြစ် ကြောင်း သိရသည်။
Show all...
🤬 100👍 19😢 5👏 1