Khit Thit Media
📈 Analytical overview of Telegram channel Khit Thit Media
Channel Khit Thit Media (@khitthitnews) in the Burmese language segment is an active participant. Currently, the community unites 355 057 subscribers, ranking 375 in the News & Media category and 31 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 355 057 subscribers.
According to the latest data from 06 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -13 667 over the last 30 days and by -480 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 3.65%. Within the first 24 hours after publication, content typically collects 2.84% reactions from the total number of subscribers.
- Post reach: On average, each post receives 12 955 views. Within the first day, a publication typically gains 10 104 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 259.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“🚩 Channel was restricted by Telegram”
Thanks to the high frequency of updates (latest data received on 07 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | 0 | |||
| 02 September | 0 | |||
| 01 September | 0 |
| 2 | မြစ်ခြေမြို့၊ ကြောင်ပန်းခုံကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ၊ မီးဝင်ငြိမ်းသည့် ပြည်သူများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်
ရန်ကုန်၊ စက်တင်ဘာ ၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ ကြောင်ပန်းခုံကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသည့် ဒေသခံပြည်သူများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှစတင်၍ မြစ်ခြေမြို့ရှိ ရှစ်မျက်နှာဘုရားတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ကြောင်ပန်းခုံကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိအချိန်အထိ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၅ လုံးခန့် မီးလောင်ပြာကျသွားပြီဖြစ်ပြီး မီးလောင်နေသည့် နေအိမ်များကို ဝင်ရောက်ငြှိမ်းသတ်ရန် ကြိုးပမ်းသည့် ဒေသခံပြည်သူများကိုလည်း စစ်သားများက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်နေကြောင်း သိရှိရသည်။
“မြစ်ခြေမြို့ ရှစ်မျက်နှာဘုရားမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေ ဆင်းလာပြီး မီးရှို့နေတာပါ။ အခုလောလောဆယ် ကြားသိရတာတော့ နေအိမ် ၅ လုံးလောက် ပြာကျသွားပြီ။ မီးကလည်း အခုထိ ဝင်ငြှိမ်းလို့ မရသေးဘူး။ စစ်ခွေးတွေက မီးဝင်ငြှိမ်းဖို့ ကြိုးစားတဲ့သူတွေကိုပါ သေနတ်နဲ့ လိုက်ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ကာ ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ကြောင်ပန်းခုံကျေးရွာမှ ဒေသခံပြည်သူများအပြင် အနီးဝန်းကျင်ရှိ ဖိုကုန်းကျေးရွာ၊ ဆဲကြီးကျေးရွာနှင့် မြို့သစ်ဘက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ကြောင်ပန်းခုံကျေးရွာသည် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကို မကြာခဏခံနေရသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်းရှိ ဒေါ်ခိုင်မာစန်း၏ နေအိမ်အပါအဝင် ပြည်သူပိုင်နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် မြစ်ခြေဒေသအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာလ ၄ ရက်နေ့ စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အိုင်ကြီးကျေးရွာနှင့် ပေါက်တောကျေးရွာမှ အရပ်သားပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
သေဆုံးသူများမှာ အိုင်ကြီးကျေးရွာမှ ဒေါ်ဝင်းနု (အသက် ၆၅ နှစ်)၊ ၎င်း၏သားဖြစ်သူ ကိုခိုင်စိုးဦး (အသက် ၃၉ နှစ်) နှင့် ကိုခိုင်စိုးဦး၏ ဇနီး မနှင်းနုတို့ မိသားစု ၃ ဦးဖြစ်ပြီး၊ အခြားသေဆုံးသူ ၂ ဦးမှာ ကိုတင့်ဝေ (အသက် ၅၇ နှစ်) နှင့် ၎င်း၏ဇနီး ဒေါ်မြင့်မော် (အသက် ၅၄ နှစ်) တို့ဖြစ်သည်။
လက်ရှိတွင် ကြောင်ပန်းခုံကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် နေအိမ်ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သားပြည်သူများ၏ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသခံများမှာ ဘေးလွတ်ရာသို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ | 2 113 |
| 3 | No text... | 3 477 |
| 4 | စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ၁,၇၉၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရက ချီးမြှင့်ပေးအပ်
ရန်ကုန်၊ စက်တင်ဘာ ၇
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ ထမ်းဆောင်ခဲ့ကြသည့် တော်လှန် ရေးရဲဘော်များအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များကို စုစုပေါင်း ၁,၇၉၂ ဦးအား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ပွဲကို ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်မြောက်နေ့ဖြစ်သည့် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် အွန်လိုင်းနှင့် မြေပြင်အခမ်းအနားများ ပေါင်းစပ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့သားကောင်းဆုကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့ဇာနည်ဆုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပေးအပ်ခဲ့သည်။ ထို့အတူ ပြည်သူ့သားကောင်းဆုကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်းကောင်း၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ်ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က ဆိုသည်။
NUG က ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution - HPR)၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ (Legend of People's Revolution - LPR)၊ ပြည်သူ့ဇာနည်ဆု (People's Medal for Noble Service - PMNS)၊ ပြည်သူ့သားကောင်းဆု (People's Medal for Loyal Service - PMLS) နှင့် တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS) တို့ကို ချီးမြှင့်ခဲ့သည်။
ဆုနှင့် ဘွဲ့ရရှိသူများတွင် HPR ဘွဲ့ရရှိသူ ၁ ဦး၊ LPR ဘွဲ့ရရှိသူ ၂၁ ဦး၊ PMNS ဆုရရှိသူ ၁,၆၄၇ ဦး၊ PMLS ဆုရရှိသူ ၈၁ ဦးနှင့် BRS တံဆိပ်ရရှိသူ ၄၂ ဦး ပါဝင်ကြောင်း သိရသည်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦးအနက် PDF မှ ၁,၄၄၂ ဦး၊ PDO မှ ၃၂၄ ဦးနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ ၂၆ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် စစ်ဒေသ၊ တပ်မ၊ တပ်ရင်းနှင့် တပ်ဖွဲ့အလိုက် ချီးမြှင့်ခံရသည့် အဖွဲ့အစည်း ၄၅ ဖွဲ့လည်း ပါဝင်သည်ဟု NUG က ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးကာလအတွင်း ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်များနှင့် ကျဆုံးသူရဲကောင်းများကို ဂုဏ်ပြုသည့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဆု၊ ဘွဲ့နှင့် တံဆိပ်ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်စဉ် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် အစိုးရတာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရနှင့် ဖက်ဒရယ်လွှတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တပ်ဖွဲ့ဝင်များ၊ PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ တပ်မှူး၊ ရဲဘော်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ | 3 263 |
| 5 | No text... | 2 681 |
| 6 | ပေါင်းတည်မြို့တွင် ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး (ခ) ကိုကျော်အောင်ဇော်ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
ရန်ကုန်၊ စက်တင်ဘာ ၇
ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း ကိုဘိုတူး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖမ်းဆီးခံရသူ ကိုဘိုတူး(ခ) ကိုကျော်အောင်ဇော်သည် ပေါင်းတည်မြို့ပေါ်၊ ဟင်္သာကန်ရပ်ကွက်၊ ၂၈ လမ်းတွင် နေထိုင်ပြီး ဩဂုတ်လနှောင်းပိုင်း ပေါင်းတည်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့တွင် လိုက်ထရပ်ကား မောင်းနှင်နေစဉ် တားဆီးစစ်ဆေးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုဘိုတူးကို ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့် ပျူစောထီးအဖွဲ့ဝင် အန္တရာယ်ကျော်ကြီး (ခ) ကျော်ကြီးတို့က စစ်တပ်နှင့်အတူ သတင်းပေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ကိုဘိုတူးသည် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ဘိုတူးသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရရာမှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်က မိသားစုထံသို့ ဆက်သွယ်ကာ ငွေညှစ်မှုများ လုပ်ဆောင်ခဲ့သော်လည်းမိသားစု ပေးနိုင်ခြင်းမရှိသဖြင့် စစ်မှုထမ်းအဖြစ် ပို့ဆောင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း သိရှိရသည်။
ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နှင့်အဖွဲ့က ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ လူငယ်များကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဟင်္သာကန်ရပ်ကွက်၊ ၃၁ လမ်းတွင် နေထိုင်သည့် မောင်နေထက်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရကြောင်း ၊ ဖမ်းဆီးခံလိုက်ရသော မောင်နေထက်ဦး၏ အစ်ကိုဖြစ်သူ မောင်အာနိုးမှာလည်း စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ငဖဲမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ | 2 712 |
| 7 | No text... | 2 418 |
| 8 | မုံရွာတွင် ပြည်သူများကို ဖမ်းဆီးငွေညှစ်နေသော ဒုရဲအုပ်နှင့် ဇနီးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ် ၁ လက်ရရှိ၊ ပုလောတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်အနီးရှိ ဂိတ်မှ ဒုရဲအုပ် ထွန်းကိုကိုနှင့် ဇနီးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး ပစ္စတိုသေနတ် ၁ လက်နှင့် Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ ကြောင်း မုံရွာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့နယ် သာစည်ကျေးရွာအနီးရှိ ဆောက် လက်စ အကျဉ်းထောင်(အကျဉ်းသားမရှိ) ဂိတ်တွင် တာဝန်ကျနေသော စစ်တပ်လက်အောက်ခံ ဒုရဲ အုပ် ထွန်းကိုကိုနှင့် ဇနီးဖြစ်သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားပြီး ပစ္စတိုသေနတ် ၁ လက်နှင့် Icon တစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“လင်မယားနှစ်ယောက်စလုံးကအတူတူလှုပ်ရှားနေကြတာ။ အဲဒီဒုရဲအုပ်ထွန်းကိုကိုက ထောင်ဂိတ် ၃ ထဲက တစ်ခုမှ ခေါင်းပေါင်းပါ။ လမ်းကနေ စောင့်ပစ်ခဲ့တာဖြစ်ပါတယ်။ ရန်သူကြီးစိုးတဲ့ နယ်နမိတ်ထဲ အထိဝင်ရောက်လှုပ်ရှားခဲ့ရတာဆိုတော့ မြန်မြန်ဆန်ဆန်တော့ လှုပ်ရှားခဲ့ရပါတယ်” ဟု မုံရွာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
သေဆုံးသွားသော ဒုရဲအုပ်ထွန်းကိုကို နှင့် ဇနီးဖြစ်သူတို့သည် ဂိတ်အနီးအနားရှိ လယ်ယာလုပ်သား များ၊ ဆိတ်ကျောင်း ၊ နွားကျောင်းသည့် ပြည်သူများကို ဖမ်းဆီး ငွေညှစ်ခြင်းများပြုလုပ်နေသော ယခု ကဲ့သို့ ပစ်ခတ်အရေးယူခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ လုပ်ဆောင်မှုကို Titans Force -Monywa LPDF (မုံရွာမြို့နယ် ၊ တိုက်နယ် ၂ ပကဖ တိုက် ခိုက်ရေးအဖွဲ့) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ကို စက်တင်ဘာလ ၃ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDO Drone Forces အဖွဲ့မှ ပြန် ကြားရေးတာဝန်ခံက ပြောကြားသည်။
“စခ သေဆုံးမှု ထပ်တိုးသေတဲ့ သတင်းမျိုးတော့ မရဘူး။ စခ အင်အားကတော့ ၃၀ လောက်ရှိမယ်။ လက်နက်ခဲယမ်းတွေကတော့ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ ပျောက်ကြား ဝင်ပစ်တာပါ” ဟု KNDO Drone Forces အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုသည် KNDO Drone Forces အဖွဲ့က တိုက်ရိုက်ပါဝင်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ မြေပြင်တပ်ဖွဲ့များက ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်ကို သတင်းအဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြင်ကျေးရွာရှိ စစ်ကော်မရှင်တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှုအား KNU တပ်မဟာ (၄) နှင့် KNDO တပ်ရင်း (၇) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ | 2 660 |
| 9 | No text... | 5 711 |
| 10 | No text... | 5 656 |
| 11 | အမ်းမြို့နယ်သို့ စစ်ကြောင်းထိုးရန် စစ်တပ်က မင်းတုန်းမြို့တွင် တပ်စွဲပြီး အမ်း-မင်းတုန်း ကုန်သွယ် ရေးလမ်းကြောင်းများကိုလည်း ပိတ်ပင်ထား၊ ဒေသပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ
ရန်ကုန်၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နိုင်ရန် အကြမ်းဖက်စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်အင်အားများ တိုးချဲ့တပ်စွဲထားပြီး အမ်း-မင်းတုန်းကြားရှိ ကုန်သွယ်ရေးလမ်းကို ပိတ်ဆို့လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အဆိုပါလမ်းမှာ အမ်းမြို့နယ်ရှိ တလိုင်းတောင်ဒေသနှင့် မင်းတုန်းမြို့နယ်ရှိ သဖန်းရောင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ပြည်မဘက်အကြား ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အသုံးပြုနေသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ စစ်တပ်က ယင်းလမ်းကို ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍ ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံကုန်သည်တစ်ဦးက စစ်တပ်သည် ဩဂုတ်လပထမပတ်အတွင်း မင်းတုန်းဒေသတွင် စစ်အင် အားများ ဖြည့်တင်းခဲ့ပြီးနောက် အမ်းမြို့နယ်ဘက်သို့ အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောသည်။
“စစ်တပ်က ဩဂုတ်လပထမပတ်ထဲမှာ အင်အားဖြည့်တင်းတယ်။ ပြီးတော့ အမ်းဘက်ကို အင်အား ၅၀၀ လောက်နဲ့ ထိုးစစ်လုပ်တယ်။ အကျအဆုံးများတော့ တပ်ပြန်ဆုတ်သွားရတယ်။ အဲဒီနောက် ဩဂုတ်လနောက်ဆုံးပတ်မှာ မင်းတုန်းမြို့နယ်ဘက်ကို ထိန်းချုပ်ပြီး လမ်းကိုလည်း ပိတ်လိုက်တာ။ လေယာဉ်ကတော့ မကြာခဏ ဗုံးကြဲတယ်။ အခု အဲဒီလမ်းကနေ ပြည်မကကုန်သည်တွေရော ရခိုင်ကကုန်သည်တွေရော မသွားကြတော့ဘူး။ ရိုးမပေါ်က ချင်းလူမျိုးတချို့ကိုလည်း ဖမ်းဆီးထားတယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာလပထမပတ်အတွင်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းအင်အားများအပါအဝင် စစ်အင်အားထပ်မံဖြည့်တင်းကာ အမ်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအပြီး စစ်တပ်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် မင်းတုန်းမြို့နယ်အတွင်းရှိ သဖန်းရောင်ကျေးရွာနှင့် ဝက်ကော်ကျေးရွာတို့တွင် တပ်စွဲအခြေချထားကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
စစ်တပ်သည် မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းမှတစ်ဆင့် ရခိုင်ရိုးမပေါ်သို့ တက်ရောက်နိုင်ရန် စစ်ရေးအရ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်တပ်ရင်းများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အာရက္ခတပ်တော် AA တို့က ပူးပေါင်း၍ ကြားဖြတ်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်အချို့ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ရေးတင်းမာမှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အမ်း-မင်းတုန်းနယ်စပ်နှင့် ရခိုင်ရိုးမတစ် လျှောက်ရှိ ဒေသခံပြည်သူ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
မင်းတုန်းမြို့နယ်သည် စစ်ကော်မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံနယ်မြေအတွင်း ပါဝင်ပြီး စစ်တပ်က ခြေလျင်တပ်ရင်းများနှင့် ခြေမြန်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်အသုံးပြုကာ အမ်းမြို့နယ်နှင့် ရခိုင်ရိုးမဘက်သို့ စစ်ကြောင်းထိုးရန် ဆက်လက်ပြင်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
လက်ရှိတွင် အမ်း-မင်းတုန်း ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရမှုကြောင့် ရခိုင်နှင့် ပြည်မအကြား ကုန်စည်စီးဆင်းမှုများ ထိခိုက်နေပြီး ဒေသတွင်း စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။ | 5 477 |
| 12 | သံတွဲနှင့် ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်၊ မိုးဗြဲဒေသတွင်လည်း တိုက်ပွဲများအပြီး အရပ်သားများနေထိုင်ရာနေရာများကို စစ်လေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ် ပြန် သည်။
ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှစတင်ကာ သံတွဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့အတူ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ ၈ နာရီဝန်းကျင်အထိ ပုဏ္ဏားကျွန်းမြို့ရှိ နေရာအချို့ကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း AA က ပြောဆိုသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လက်ရှိအချိန်အထိ အသေးစိတ် မသိရှိရသေးပေ။
အခြားတစ်ဖက်တွင် ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေတွင်လည်း စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာကာ ဆုတ်ခွာရပြီးနောက် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲဒေသ၊ လွယ်ယင်းတောင်ခြေဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၈ မိနစ်ခန့်တွင် ဂျက်ဖိုက်တာအသုံးပြု၍ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၁၂ မိနစ်ခန့်တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ လွိုင်ကော်မြို့နှင့် လွိုင်လင်လေးကြားရှိ ဆင်စခန်းအနီးပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“မိုးဗြဲ၊ လွယ်ယင်းတောင်ခြေမှာ တိုက်ပွဲက နေ့စဉ်ရက်ဆက်လိုပဲ ဖြစ်နေတယ်။ စစ်တပ်က အထိနာပြီး ပြန်ဆုတ်ရတဲ့အခါတိုင်း လေယာဉ်နဲ့ လာကျဲတယ်။ သူတို့က အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုပဲ လိုက်ကျဲနေတာ။ လွိုင်ကော်ဘက်ကနေ မိုးဗြဲဘက်ကို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တယ်။ ကင်းထောက်ဒရုန်းတွေလည်း နေ့တိုင်းပျံနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကရင်နီပြည်၊ ရှားတောမြို့နယ်၊ နောင်ပလုကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးများကြဲချကာ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ၈ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် နေအိမ် ၄ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် လွိုင်လင်လေးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတစ်ရွာအတွင်းသို့ စစ်ကော်မရှင်တပ်က အသေခံဒရုန်းတစ်စီးဖြင့် မီးလောင်ဗုံး ကြဲချခဲ့ရာ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁ ရက်နေ့တွင် မော်ချီးမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့အစည်းများက စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများတွင် စစ်ရေးအရ အထိနာခြင်း သို့မဟုတ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်ဟု ပြောဆိုထားသည်။
ထို့ကြောင့် စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများရှိ ပြည်သူများအနေဖြင့် စစ်ရေးသတင်းအချက်အလက်များကို အမြဲနားစွင့်ထားပြီး လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအခြေအနေများကို အထူးဂရုပြုကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ- စက်တင်ဘာလ ၅ ရက်နေ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့၍ ဘုရားပုထိုးစေတီများ ပျက်စီးခဲ့စဉ်။
Photo- ဝေဟင်အောင်။ | 5 015 |
| 13 | Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
သတင်းကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်း စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC ကို ကိုယ်စားပြုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဗိုလ်ချုပ်တွေကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဗီယက်နမ်နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မယ့် စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေခဲ့တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးအောင်မင်းက သားဖြစ်သူကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဒေါ်ခင်ဌေးမြင့်ကို ဗိုလ်မှူးအောင်မင်းကပဲ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေါ်ခင်ဌေးမြင့်ရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးထိမှန်ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ အီရန်နဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိရေးအတွက် အမေရိကန်ဘက်က အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး Chris Wright က ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/CBe8W7AMXTg?si=PqRCtseGRwIdpAb5 | 6 488 |
| 14 | No text... | 6 400 |
| 15 | တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်ပြီး တာဘောင်များကျိုးကာ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့
ရန်ကုန်၊ စက်တင်ဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် မြန်မာဘက်ခြမ်းရှိ ရေကာတာဘောင်များ ကျိုးပျက်ကာ ရပ်ကွက်အချို့အတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆတ်ဒေသဘက်၌ မိုးများရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ချောင်းရေ မြင့်တက်လာမှုကြောင့် မယ်ဆိုင်တံတားအနီးရှိ မကာအိုဆန်းရပ်ကွက် ပြည်သူ့စစ်ဂိတ်အနီးမှ ရေကာတာဘောင်နှင့် ကမ္ဘောဇဘဏ်လမ်းဘက်ရှိ တာဘောင်များ ကျိုးပျက်ခဲ့ကာ ရပ်ကွက်များအတွင်းသို့ ရေများ စီးဝင်ခဲ့ကြောင်း သိရှိရသည်။
ဒေသခံတစ်ဦးက “ရုတ်တရက်ပဲ ရေကြီးလာတော့ တာဘောင်တွေ ကျိုးကျတာပါ။ တာချီလိတ်မြို့ မကာအိုဆန်းရပ်ကွက် ပြည်သူ့စစ်ဂိတ်က တာဘောင်နဲ့ တာလော့ရပ်ကွက်ဘက်က တာဘောင်တွေ ကျိုးပြီး ရပ်ကွက်ထဲ ရေဝင်လာတာ။ ၁၅ မိနစ်လောက်နေတော့ ရေပြန်ကျသွားတယ်။ အပျက်အစီးတော့ မရှိသွားဘူး” ဟု ပြောဆိုသည်။
အဆိုပါ တာဘောင်များကို သဲအိတ်များဖြင့် ထပ်ဆင့်ကာရံထားခြင်းဖြစ်သော်လည်း ရုတ်တရက် ချောင်းရေမြင့်တက်လာချိန်တွင် ရေစီးအားကို မခံနိုင်ဘဲ ကျိုးပျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ရေများသည် လမ်းများနှင့် ရပ်ကွက်အချို့အတွင်းသို့ စီးဝင်ခဲ့သော်လည်း အချိန်တိုအတွင်း ပြန်လည်ကျဆင်းသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“တာချီလိတ်မြို့ထဲမှာတော့ မိုးမရွာဘူး။ မိုင်းဆတ်ဘက်ကနေ တောင်ကျရေ ဆင်းလာပြီး တာဘောင်တွေ မခံနိုင်လို့ ရပ်ကွက်တွေထဲ ရေက အလုံးအရင်းနဲ့ ဝင်လာတာ။ အခုတော့ ရေပြန်ကျသွားပါပြီ။ သဲအိတ်တွေကို ဆင့်ပြီးထပ်ထားတဲ့ တာဘောင်တွေက ရေဒဏ်မခံနိုင်တော့ အကုန်ပြိုကျသွားတာ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုင်းဆတ်ဒေသတွင် မိုးများနိုင်ကြောင်း ထုတ်ပြန်ထားပြီး၊ တောင်ကျရေများ စီးဆင်းလာမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေသည် ၃၉၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းမှစတင်၍ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုတို့ကြောင့် မြို့တွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်ရုံးအနီး၊ မြို့ပတ်လမ်းရှိ သင်္ဘောဟိုတယ်ရှေ့နှင့် မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း အပါအဝင် နေရာအချို့တွင် ရေများဝင်ရောက်လျှံတက်နေကြောင်း သိရသည်။
ထို့ပြင် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းနှင့် ဧရာဝဏ်တည်းခိုခန်းအနီးဝန်းကျင်ရှိ မယ်ဆိုင်ချောင်းကမ်းပါးနှင့် မြေထိန်းနံရံအချို့လည်း ပြိုကျခဲ့ပြီး မြို့တွင်းသို့ ရေများ ဆက်လက်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။
“တာချီလိတ်မှာ မိုးကလည်း ဆက်ရွာနေတယ်။ မယ်ဆိုင်ချောင်းရေကလည်း တက်လာတော့ မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေအကုန်ဝင်နေတယ်။ ထိုင်းဘက်ခြမ်းမှာလည်း ရေဝင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သည့် အခြေအနေရှိနေသဖြင့် ချောင်းအနီးရှိ ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြုရန်နှင့် လိုအပ်ပါက ဘေးကင်းရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် ယခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌လည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းလာမှုကြောင့် မြို့တွင်းနေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ | 6 394 |
| 16 | No text... | 6 996 |
| 17 | လှိုင်သာယာမြို့နယ်တွင် လူမိုက်မဲကြီးနှင့်အဖွဲ့က ရဲများနှင့်ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်ကာ စစ်မှုထမ်းလူအစားထိုးအဖြစ်ရောင်းစားသောင်းကျန်းနေ
ရန်ကုန်၊ စက်တင်ဘာ ၇
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူမိုက် “မဲကြီး” နှင့် ၎င်း၏အဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲသကဲ့သို့ လိုက်လံဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် ငွေမပေးနိုင်သူများကို စစ်မှုထမ်းအစားထိုးအဖြစ် ရောင်းစားပို့ဆောင်ခြင်းများ လုပ်ဆောင်နေသော်လည်း အာဏာပိုင်များက အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
လှိုင်သာယာမြို့နယ်အတွင်း ဒဂုံဧရာအဝေးပြေးကားဝင်းအနီး၊ လှိုင်သာယာတပ်ထိပ်နှင့် ဗိုလ်ချုပ်လမ်း ဆုံအနီးတို့တွင် အဆိုပါအဖွဲ့က လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲလိုက်လံဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့သည် လမ်းပေါ်သွားလာနေသည့် လူငယ်များသာမက YBS ဘတ်စ်ကားများပေါ်အထိ တက်ရောက်ကာ လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ရာဇဝတ်သားများကို ဖမ်းဆီးသကဲ့သို့ လည်ပင်းချုပ်၍ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရကြောင်း သိရှိရသည။
ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် လူငယ်တစ်ဦး YBS ဘတ်စ်ကားပေါ်မှ ဆင်းလာစဉ် အဆိုပါအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။
ဖမ်းဆီးခံရပြီးနောက် အဆိုပါလူငယ်၏ မိုဘိုင်းဖုန်းကို သိမ်းဆည်းစစ်ဆေးခဲ့ပြီး ဖုန်းအတွင်း ဂိမ်းဆော့ဖ်ဝဲများရှိသည်ဟုဆိုကာ မိသားစုထံ ငွေကျပ်သိန်း ၃၀ တောင်းခံခဲ့ကြောင်း အဆိုပါလူငယ်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
မိသားစုက ငွေကြေးပမာဏကို ညှိနှိုင်းခဲ့ပြီးနောက် ငွေကျပ်သိန်း ၂၀ ပေးဆောင်ခဲ့ရကာ ယင်းလူငယ်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် အဆိုပါလူငယ်နှင့်အတူ တစ်ချိန်တည်း ဖမ်းဆီးခံခဲ့ရသည့် အခြားလူငယ် ၃ ဦးကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ကားတစ်စီးပေါ်သို့ တင်ဆောင်ကာ ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ “မဲကြီးအဖွဲ့” ဟု လူသိများသည့် အဆိုပါအဖွဲ့သည် လှိုင်သာယာအဝေးပြေးကားဝင်းပတ်ဝန်းကျင်တွင် လူငယ်များကို ဖမ်းဆီးကာ မိသားစုများထံမှ ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ထံ စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ရောင်းစားနေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် စစ်မှုထမ်းအစားထိုးအဖြစ် ပို့ဆောင်ခြင်းများသည် လှိုင်သာယာမြို့နယ်အတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်း လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံလူငယ်များအနေဖြင့် နေ့စဉ်သွားလာရေးအတွက်ပင် စိုးရိမ်ကြောက်ရွံ့နေရပြီး YBS ဘတ်စ်ကားစီး၍ သွားလာသူများအထိ ဖမ်းဆီးခံရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်း လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံရစဉ်။ | 7 087 |
| 18 | No text... | 8 241 |
| 19 | ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာ၊ ကွက်သစ်ပိုင်းအတွင်းကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ မှ စစ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ထောက်ကျေးရွာ ကွက်သစ်ပိုင်းတွင် နေထိုင်သည့် အသက် ၁၀ နှစ်အရွယ် မနော်အိဖြိုးမြတ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်နော်သမီး မှာလည်း ခါးနှင့် တင်ပါးတို့တွင် ပြင်းထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
"စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်တာ ၁၀ နှစ်အရွယ် ကလေးငယ်က လက်နက်ကြီးကျတယ်ဆိုပြီး ပြေးဝပ်တာ ဒုတိယ လက်နက်ကြီးက သူတို့ ဝပ်တဲ့နေရာနားကို တိုက်ခိုက်ကို ကျတာ ကလေးငယ်ကတော့ ဒဏ်ရာပြင်းထန်လို့ သေဆုံးတယ်။ မိခင်ဖြစ်သူကလည်း ခါးကို ဗုံးစဖောက်ဝင်သွားတာဆိုတော့ ဒဏ်ရာအခြေအနေ တော်တော်ပြင်းထန်တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ | 7 496 |
| 20 | No text... | 7 984 |
