en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

RSN WEB

RSN WEB

Open in Telegram

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Show more
7 187
Subscribers
No data24 hours
-177 days
-6930 days

Loading data

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
Oct '26
October '26
+38
in 12 channels
September '26
+92
in 20 channels
Get PRO
August '26
+60
in 12 channels
Get PRO
July '26
+76
in 14 channels
Get PRO
June '26
+45
in 13 channels
Get PRO
May '26
+64
in 14 channels
Get PRO
April '26
+17
in 13 channels
Get PRO
March '26
+15
in 14 channels
Get PRO
February '26
+19
in 14 channels
Get PRO
January '26
+36
in 17 channels
Get PRO
December '25
+48
in 16 channels
Get PRO
November '25
+53
in 18 channels
Get PRO
October '25
+51
in 15 channels
Get PRO
September '25
+54
in 17 channels
Get PRO
August '25
+72
in 22 channels
Get PRO
July '25
+78
in 20 channels
Get PRO
June '25
+95
in 21 channels
Get PRO
May '25
+88
in 22 channels
Get PRO
April '25
+81
in 19 channels
Get PRO
March '25
+109
in 26 channels
Get PRO
February '25
+214
in 20 channels
Get PRO
January '25
+436
in 24 channels
Get PRO
December '24
+655
in 30 channels
Get PRO
November '24
+649
in 30 channels
Get PRO
October '24
+107
in 17 channels
Get PRO
September '24
+201
in 22 channels
Get PRO
August '24
+385
in 24 channels
Get PRO
July '24
+197
in 20 channels
Get PRO
June '24
+171
in 23 channels
Get PRO
May '24
+153
in 22 channels
Get PRO
April '24
+242
in 21 channels
Get PRO
March '24
+388
in 27 channels
Get PRO
February '24
+774
in 29 channels
Get PRO
January '24
+298
in 19 channels
Get PRO
December '23
+554
in 24 channels
Get PRO
November '23
+406
in 26 channels
Get PRO
October '23
+165
in 26 channels
Get PRO
September '23
+75
in 0 channels
Get PRO
August '23
+105
in 0 channels
Get PRO
July '23
+94
in 0 channels
Get PRO
June '23
+65
in 0 channels
Get PRO
May '23
+72
in 0 channels
Get PRO
April '23
+66
in 0 channels
Get PRO
March '230
in 0 channels
Get PRO
February '230
in 0 channels
Get PRO
January '230
in 0 channels
Get PRO
December '220
in 0 channels
Get PRO
November '220
in 0 channels
Get PRO
October '220
in 0 channels
Get PRO
September '220
in 0 channels
Get PRO
August '220
in 0 channels
Get PRO
July '22
+6
in 0 channels
Get PRO
June '22
+17
in 0 channels
Get PRO
May '22
+14
in 0 channels
Get PRO
April '22
+71
in 0 channels
Get PRO
March '220
in 0 channels
Get PRO
February '220
in 0 channels
Get PRO
January '22
+2
in 0 channels
Get PRO
December '21
+19
in 0 channels
Get PRO
November '21
+207
in 0 channels
Get PRO
October '21
+934
in 0 channels
Get PRO
September '21
+274
in 0 channels
Get PRO
August '21
+157
in 0 channels
Get PRO
July '21
+497
in 0 channels
Get PRO
June '21
+390
in 0 channels
Get PRO
May '21
+15 106
in 0 channels
Get PRO
April '21
+4 854
in 0 channels
Date
Subscriber Growth
Mentions
Channels
16 October+3
15 October+3
14 October+1
13 October+1
12 October+1
11 October+1
10 October0
09 October+3
08 October+1
07 October+6
06 October+4
05 October+1
04 October+2
03 October+6
02 October+3
01 October+2
Channel Posts
🆕 DAILY HIGHLIGHTS (9-15 OCT 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ
အမြင့်ကျွန်းကစစ်စခန်း နှစ်ခုကို AA ထပ်သိမ်း – PS
———— 🔍 နိုင်ငံရေးထူးခြားသတင်းများ
SCEF နှင့် AA ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံပြီး လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေများ ဆွေးနွေး – KT KNU ၊ CNF နှင့် ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် မင်းအောင်လှိုင် ဖိတ်ခေါ်၊ PDF များ စစ်တပ်ဘက် ပြောင်းလာရန် စည်းရုံး – MPA
———— 💵 စီးပွားရေးထူးခြားသတင်းများ
ငွေတိုက်စာချုပ်နှင့် လက်မှတ်များကို ကျပ် ၁၄ ထရီလီယံနီးပါး ထုတ်ရောင်းပြီး ဗဟိုဘဏ်ထံမှ ငွေကျပ် ၂၁၀၀ ဘီလီယံ ထပ်ချေးယူမည် – KT ကျပ်ငွေတန်ဖိုးများ တဟုန်ထိုးကျဆင်းပြီး အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၄၇၅၀ ကျပ်အထိ တရှိန်ထိုး မြင့်တက်လာ – KT မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူနှင့် ဆင်းရဲတွင်းသို့ ကျရောက်နိုင်ခြေရှိသူ ပြည်သူ ၃၇ သန်းကျော်ရှိလာဟု ကုလသမဂ္ဂက သတိပေး – KT ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက် – KT အိမ်သုံးဂက်စ် စျေးတက်ပြီး ပစ္စည်းပြတ်၊ဝယ်ရခက်နေ – BBC အနောက်နိုင်ငံများ၏ မြန်မာ့သစ် ဝယ်ယူမှု ၉၈ ရာခိုင်နှုန်းကျော် ကျဆင်း – KT
———— ⌛ ရာထူးကြီးအပြောင်းအရွှေ့
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ဒုဝန်ကြီး အေးထွန်း အနားပေးခံရ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဇော်မြင့်နိုင် နှင့် ပညာရေးဒုဝန်ကြီး ဇော်မြင့်တို့ပါ ရာထူးမှ အနားယူရ – KT ရာပြည့်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်၊ လေတပ်ချုပ် ထွန်းအောင်ကို ရာထူးမှ ဖယ်ရှား၊ စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်များကို အပြောင်းအရွှေ့ အနားပေးမှုများ ပြုလုပ် – KT
———— 🚩 စစ်မှုထမ်းသတင်း
စစ်မှုထမ်းမဲပေါက်ထားပါက တက္ကသိုလ်ကျောင်းသားဆိုလျှင် ကျောင်းယာယီရပ်နား၍ ၂ နှစ်စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြား – KT
———— ➕ အခြားထူးခြားသတင်းများ
မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ဆွတ်ခူး – MPA အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ ဖုန်းယူဆောင်ခွင့်ပိတ်၊ ဆရာဆရာမတွေစာသင်ချိန်ဖုန်းမသုံးရ စတင် – BBC
#RangoonScoutNetwork

2
🔴 အရှေ့ဒဂုံမြို့နယ် ၂ ရပ်ကွက်ထဲ ဧည့်စစ်လူရှာသွား အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်မှ နောက်နေ့ မနက် ၃ နာရီခန့်ထိ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၂ ရပ်ကွက်ထဲ ဧည့်စစ်ဝင် လူရှာသွားကြောင်း သတင်းရရှိသည်။ အသေးစိတ် မေးမြန်းသွားသည်။ အကြမ်းဖက် စစ်သား ရဲ လဝက အုပ်ကြီးအဖွဲ့ ကြက်ခြေနီ မီးသတ် အဖွဲ့စုံပါသည်။ ဧည့်စာရင်း မတိုင်ထားသူများကို မနက် လဝကရုံးလာခိုင်းပြီး ဒဏ်ကြေး ကျပ် ၃ သောင်း ပေးခိုင်းသည်။ 14 Oct 2026 #RangoonScoutNetwork
979
3
▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာပြန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာသည်။ သန်လျင်ရေနံချက်စက်ရုံ အပိုင်း ၁ ဖွင့်ပွဲ တက်ပြီး သီလဝါဘက်ရှိ ဆိပ်ကမ်းတချို့သို့ ဝင်ကြည့်သွားကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရန်ကုန်သို့ မနက်ပိုင်းတဖြတ်လာသွားခဲ့ပြီး ထားဝယ်သို့ထွက်သွားပြီးနောက် ယနေ့ ပြန်ရောက်လာခြင်းဖြစ်သည်။ 14 Oct 2026 #RangoonScoutNetwork
1 814
4
⚫️ တာမွေမြို့နယ် ဩဘာလမ်းထဲ လူငယ် ၂ ဦးကို ဖမ်းခေါ်သွား ယနေ့ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ ဩဘာလမ်း၊ G&G Store ရှေ့နား၌ ယောကျ်ားလေး ၂ ဦး ထိုင်နေစဉ် ရဲဆလွန်း ၁ စီးဖြင့် ရဲများရောက်လာပြီး အတင်းဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ထို့နောက် ည ၈ နာရီကျော်တွင် အဆိုပါရဲကား ပျားရည်းကုန်းရပ်ကွက်၊ ၁၄၈ လမ်း အမှောင်ထဲ ကားမီးပိတ်ရပ်ထားသည်။ ကားပေါ် အကြမ်းဖက်ရဲ ၃ ယောက်ပါသည်။ Source: Tamwe Nway Oo Channel 14 Oct 2026 #RangoonScoutNetwork
1 038
5
▪️မင်းအောင်လှိုင် ရန်ကုန်ဝင်လာ ယနေ့ အောက်တိုဘာလ ၁၂ ရက် မနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ Myanmar Convention Center ၌ လုပ်သည့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) ပြန်တမ်းအရာရှိ လက်မှတ်ထုတ်ပေးပွဲသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် နေ့တွင်းချင်းပင် တနင်္သာရီတိုင်း ထားဝယ်မြို့ဘက်သို့ ပြန်ထွက်ခွာသွားသည်။ 12 Oct 2026 #RangoonScoutNetwork
2 738
6
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Oct 5 - 11, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (5 - 11 Oct, 2026) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၀ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ မြို့နယ်များမှာ မြောက်ဥက္ကလာ (၁ ဦး)၊ မြောက်ဒဂုံ (၃ ဦး) တောင်ဒဂုံ (၁ ဦး) နှင့် လှိုင် (၅ ဦး) တို့ဖြစ်သည်။ စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိ လာခေါ်ခံရသူ ၁ ဦး၊ လမ်းပေါ်ရှိနေစဉ် ဆွဲခံရသူ ၉ ဦးတို့ဖြစ်သည်။ လမ်းပေါ်ဆွဲခံရသူများအနက် ၁ ဦးက ပြန်လည်ခုခံတိုက်ခိုက်ပြီး လွတ်လာနိုင်ခဲ့သည်။ · တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်နေ အမျိုးသား ၁ ဦးကို Facebook ပေါ်တွင် စစ်တပ်ကိုဝေဖန်လို့ဆိုပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်နေ ယောကျ်ားလေး ၁ ဦးကိုလည်း စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိ လာဖမ်းခေါ်သွားခဲ့သည်။ · အခြားလူပျောက်ဖြစ်စဉ်များ ရှိသေးသည်။ မလေးရှားမှ ပြန်ပို့ခံရသူများထဲ အိမ်နှင့် အဆက်အသွယ်ပြတ်သွားသူများ ရှိကြောင်းလည်း သိရသည်။ အမျိုးသမီးများကို ကားပေါ်ဆွဲတင်ခေါ်သည့်ဖြစ်စဉ်များ များပြားလာကြောင်းလည်း သိရသည်။ ———— ▪️တက္ကသိုလ်ကျောင်းသားများကိုပါ စစ်မှုထမ်းခိုင်း · တက္ကသိုလ်ကျောင်းသားများ စစ်မှုထမ်းအလှည့်ကျပါက ကျောင်းနားပြီး စစ်မှုထမ်းခိုင်းဖို့ အကြမ်းဖက်စစ်တပ်ဆီမှ ညွှန်ကြားချက်ထွက်လာကြောင်း Khit Thit မှ သိရှိရသည်။ လူငယ်များ ရှောင်မပြေးဖို့နှင့် သတ်မှတ်လူပြည့်ဖို့အတွက် နည်းမျိုးစုံဖြင့် လုပ်ဖို့မှာထားကြောင်းလည်း သိရသည်။ ———— ▪️ဖမ်းပြီး ရဲစခန်းထဲ ရိုက်နှက်သတ်ဖြတ် · ကျောက်တန်းမြို့နယ်၊ ကမာကလုပ်စံပြကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုဖိုးဇော်ကို အောက်တိုဘာလ ၆ ရက်နေ့တွင် ရဲများ ဖမ်းဆီးသွားပြီးနောက် ရဲစခန်းထဲ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း Khit Thit မှ သိရှိရသည်။ ထို့နောက် လက်လွန်သွား၍ ဆေးရုံသို့ ပို့လိုက်ပြီး ဆေးရုံ၌ သေဆုံးသွားသည်။ ခွေးကို လေးခွဖြင့် ပစ်သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။ ———— ▪️မလေးရှားမှ ပြန်လွတ်လာသူအများအပြား ရန်ကုန်၌ ရှိနေဆဲဖြစ် · မလေးရှားမှ ပြန်ပို့လိုက်သည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးအနက် အများအပြားကို ရန်ကုန်တိုင်းထဲ ထားထားဆဲဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနက် လှိုင်သာယာမြို့နယ် မြို့နယ်ခန်းမသို့ ၂၁၁ ဦး ပို့ထားသည်။ ရခိုင်လူမျိုး ၂၁၇ ဦးကို သန်လျင်မြို့နယ် မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ နေခိုင်းထားသည်။ အကြမ်းဖက်စစ်သားများ ကိုင်တွယ်နေပြီး ဆဲဆိုကြိမ်းမောင်းမှုများ နေ့စဉ်လုပ်နေကြောင်း သိရသည်။ လှိုင်သာယာနှင့် သန်လျင်သို့ ပို့ခံထားရသူများကို UID ကဒ်များ ချက်ချင်းလုပ်ပေးထားသည်။ စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ မွန်ဒေသခံ ၁၉၈ ဦးကို မော်လမြိုင် ပြန်ပို့လိုက်သည်ဟုလည်း ဆိုသည်။ ———— ▪️စစ်တပ် ဒုကာချုပ် ရန်ကုန်ရောက် · အကြမ်းဖက်စစ်တပ်၏ ဒုကာချုပ် ကျော်စွာလင်း အောက်တိုဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ထဲ ရောက်ရှိလာခဲ့သည်။ တိုက်ကြီးတပ်နယ် အင်းတိုင်တပ်နယ် ရဲမွန်တပ်နယ်တို့ရှိ စစ်သင်တန်းကျောင်းများ ၊ မင်္ဂလာဒုံတပ်နယ် စစ်တပ်အရိုးအထူးကုဆေးရုံကြီး နှင့် သန်လျင်တပ်နယ် ကမ်းခြေစောင့်တပ်ဖွဲကွပ်ကဲမှုဌာနချုပ်တို့ထဲ လည်ပတ်သွားခဲ့သည်။ ———— ▪️ဒလရဲစခန်း ကားတိုက်ခံရ · အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းတွင် အကြမ်းဖက်ရဲများ စီးနင်းလာသည့် Honda Fit ကားက ၎င်းတို့ ဒလမြို့မရဲစခန်းဝင်းနံရံကို ကားကျွံဝင်သွားသည်အထိ ဝင်တိုက်ခဲ့ကြောင်း DVB မှ သိရှိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံများ လာရောက်စူးစမ်းမည်စိုး၍ ကားလမ်းတခြမ်းပိတ်ကာ လုံခြုံရေးယူထားခဲ့ကြကြောင်းလည်း သိရသည် ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ လှိုင်နှင့် မြောက်ဥက္ကလာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️Work from home အမိန့်ပယ်ဖျက် · စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း work from home လုပ်ခိုင်းထားသည့် အမိန့်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။ အီရန်စစ်ပွဲကြောင့် စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ မတ်လ ၂၅ ရက်နေ့မှစပြီး work from home လုပ်ခိုင်းထားခဲ့သည်ဟု ဆိုသည်။ ———— ▪️လမ်းဘေးဈေးသည်များကို ဆေးသောက်ခိုင်း · ဈေးထွက်ရောင်းချင်သည့် လမ်းဘေးဈေးသည်များကို ဝမ်းရောဂါကာကွယ်ဆေး သောက်ပြီးမှ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။ ဆေးသောက်ပြီးသူများကို ကဒ်ထုတ်ပေးပြီး စည်ပင်က လိုက်စစ်စဉ် ကဒ်မပြနိုင်ပါက အရေးယူမည်ဟု ဆိုသည်။ ———— ▪️ကျောင်းများထဲ ဖုန်းသုံးခွင့်ပိတ် · အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား/သူများ လက်ကိုင်ဖုန်းယူဆောင်ခွင့် ပိတ်လိုက်ကြောင်း စစ်ကောင်စီ ပညာရေးဌာနက ညွှန်ကြားချက်ထုတ်လိုက်သည်။ ဆရာ ဆရာမများလည်း စာသင်ချိန်တွင်း စာသင်ခန်းထဲ လက်ကိုင်ဖုန်း ယူဆောင်ခွင့်မပြုဟု ဆိုသည်။ ———— ▪️ခွင့်ပြုချက်မဲ့ အဆောက်အအုံများ အရေးယူဟုဆို · ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်တွင်း ရန်ကုန်တိုင်း ခရိုင် ၁၀ ခုထဲရှိ ခွင့်ပြုချက်မဲ့ အဆောက်အုံပေါင်း ၂၇၈၂ လုံးကို အရေးယူထားသည်ဟု စစ်ကောင်စီ စည်ပင်ဝန်ကြီးက ဆိုထားသည်။ 12 Oct 2026 #RangoonScoutNetwork #YGN_weekly
1 808
7
🔴 မြေနီကုန်းတောင် ဧည့်စစ် ယနေ့ည ၁၀ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းမပေါ် တော်လှန်ရေးပန်းခြံမျက်နဦချင်းဆိုင်ရှိ My Hotel ထဲ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် DC ၁ စီး ရဲဆလွန်း ၁ စီး ပါသည်။ Source: RSG 11 Oct 2026 #RangoonScoutNetwork
1 235
8
🆕 DAILY HIGHLIGHTS (01-08 OCT 2026) •••••••••••••••®••••••••••••••• 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ မင်းအောင်လှိုင်နဲ့ မလေ
🆕 DAILY HIGHLIGHTS (01-08 OCT 2026) •••••••••••••••®••••••••••••••• 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ မင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ် တွေ့ – BBC မင်းအောင်လှိုင်နဲ့တွေ့ပြီးနောက် အာဆီယံမှာ မြန်မာ ပြန်ဝင်ဆံ့လာအောင် ကူညီမယ်လို့ မလေးရှား ဝန်ကြီးချုပ်​ပြော – PS မလေးရှားလုပ်ငန်းရှင်တွေ မြန်မာ့အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်ထပ်ခေါ် – BBC အမေရိကန်က မအလအစိုးရအဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်လုပ်ဆောင်လာ – MPA အာဆီယံနိုင်ငံများ၏ ပတ်စ်ပို့အဆင့်တွင် မြန်မာက အောက်ဆုံးအဆင့်ရောက် – DVB လူ ၁၅၀၀ ခန့် မလေးရှားကနေ စစ်သင်္ဘောနဲ့ ပြန်ခေါ်လာ၊ ၃ပုံ ၁ပုံနီးပါး ရန်ကုန်မှာ သောင်တင်နေ – PS ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ ရလခ စစ်တိုင်းမှူးအသစ် ခန့် – MKN ———— 🚩 စစ်မှုထမ်းသတင်း လမ်းပေါ်ရမ်းသမ်းလိုက်ဆွဲပြီး စစ်မှုထမ်းအဖြစ် ထည့်သွင်းမှု ကျူးလွန်သူများတွင် ထွေ/အုပ်၊ လဝက၊ စီမံကိန်း၊ ကျန်းမာရေး၊ ရဲများပါဝင်ဟု လ၀က ဝန်ကြီး မြင့်ကြိုင်ပြော – KT ———— ➕ အခြားထူးခြားသတင်းများ SCEF က ရန်ပုံငွေ ဒေါ်လာ သန်း ၃၀၀ ရှာဖွေမယ်၊ တနှစ် နှစ်နှစ်အတွင်း နိုင်ငံပြန်တည်ငြိမ်လာမယ်လို့ဆို – KT နိုင်ငံတစ်ဝန်းမှ သံဃာတော်နှင့် သီလရှင်များအတွက် UID စမတ်ကတ် ပြောင်းလဲထုတ်ပေးရန် စတင်၍ စာရင်းကောက် – KT #RangoonScoutNetwork
1 880
9
⚫️ မြောက်ဒဂုံမြို့နယ် ဘုရင့်နောင်လမ်းပေါ် လူငယ်များကို ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွား အောက်တိုဘာလ ၆ ရက် ည ၁၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဘုရင့်နောင်လမ်းပေါ် တပင်ရွှေထီးလမ်းဆုံအနီး ယောကျ်ားလေး ၃ ဦး (အသက် ၃၀ နှစ်ခန့်အရွယ်) လမ်းလျှောက်သွားလာနေစဉ် စစ်ကားများနှင့် Alphard ၁ စီး တို့ဖြင့် အကြမ်းဖက်တပ်သားများ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းချုပ်ကာ ကားပေါ်ဆွဲတင် ခေါ်သွားကြောင်း သတင်းရရှိသည်။ 07 Oct 2026 #RangoonScoutNetwork
2 461
10
⚫️ လှိုင်မြို့နယ် ၁၆ ရပ်ကွက်ထဲ လူငယ်များကို ကားပေါ်ဆွဲတင်သွား ယနေ့ အောက်တိုဘာလ ၇ ရက် ည ၈ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ အနောက်ပေ ၅၀ လမ်း နှင့် မာလာမြိုင် ၆ လမ်းဆုံအနီး၌ ယောကျ်ားလေး ၃ ဦးရှိနေစဉ် Honda Fit အမဲရောင် (**-2547) ကားဖြင့် ရဲနှင့် အရပ်ဝတ်များ ရောက်ရှိလာပြီး ကားပေါ်ဆွဲတင်ဖမ်းဆီးကာ ပါရမီလမ်းဘက်သို့ အပြင်းမောင်းထွက်သွားကြောင်း သိရှိရသည်။ Source: RSG, HSC (Hlaing Scout Channel) 07 Oct 2026 #RangoonScoutNetwork
1 196
11
⚫️ ကမာရွတ်ဘူတာအနီးနေ လူငယ်ကို စစ်မှုထမ်းအတွက် နေအိမ်ထိ လာဆွဲ အောက်တိုဘာလ ၆ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရုံနား ဘူတာရုံလမ်းကားမှတ်အနီးနေ ယောကျ်ားလေး ၁ ဦး (အသက် ၃၀ နှစ်ဝန်းကျင်) ကို စစ်မှုထမ်းအတွက် နေအိမ်ထိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသိရှိရသည်။ Source: HSC (Hlaing Scout Channel) 07 Oct 2026 #RangoonScoutNetwork
1 304
12
🔴 မြောက်ဥက္ကလာမြို့နယ် ည ရပ်ကွက်ထဲ ဧည့်စစ်၊ ဖြတ်သွားဖြတ်လာ လူ ၁ ဦးကို ဖမ်းခေါ်သွား ယနေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ည ရပ်ကွက်၊ ခေမာသီလမ်းပေါ် နေအိမ်များထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ အုပ်ကြီးအဖွဲ့နှင့် ဘေးတွဲအဖွဲ့များ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အိမ်ရှိလူအကုန် အိမ်ပြင်ထွက်လာပြခိုင်းသည်။ ၎င်းတို့စစ်နေချိန် လမ်းလျှောက်ဖြတ်သွားသည့် အမျိုးသား ၁ ဦးကိုလည်း အရက်မူးနေသည်ဟုဆိုကာ ဘေးတွဲပေါ်တင်ပြီး ရပ်ကွက်ရုံးသို့ ဖမ်းခေါ်သွားကြောင်း သိရသည်။ 06 Oct 2026 #RangoonScoutNetwork
1 938
13
⚫️ မင်္ဂလာဒုံမြို့နယ်ထဲ စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိလာဖမ်းပြီး ပြန်ရွေးထုတ်ခွင့်မပေး အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင် ၅၊ သုခိတာလမ်းသွယ်ထဲနေသည့် ယောကျ်ားလေး ၁ ဦးကို အုပ်ကြီးနောက်လိုက်အဖွဲ့က စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်ထိ လာဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ အိမ်က ပြန်လိုက်ရွေးထုတ်ဖို့လုပ်သော်လည်း မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း စသဖြင့် နေရာစုံလျှောက်သွားခိုင်းကာ အချိန်ဆွဲပြီး ၅ ရက်နေ့ မနက်ကျမှ ပြန်ရွေးထုတ်လို့မရတော့ဟု ပြန်ပြောကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ယောကျ်ားလေးမှာ အသက် ၃၀ နှစ်အရွယ်ခန့် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်သည်။ 06 Oct 2026 #RangoonScoutNetwork
2 068
14
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Sep 28 - Oct 4, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လမ်းမပေါ် ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ စည်ပင်ကားဖြင့် ဖမ်းခေါ်ခံရသူ ၁၄ ဦး၊ သူခိုးဟုအော်လိုက်ကာ ဖမ်းခံရသူ ၁ ဦးတို့ ပါဝင်သည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ အရှေ့ဒဂုံ (၁ ဦး) မြောက်ဒဂုံ (၁ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး)တို့နှင့် မြို့နယ်မသိရ (၁ ဦး) တို့ဖြစ်သည်။ · ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ · တော်လှန်ရေးထောက်ပို့လုပ်လို့ဟု စွပ်စွဲပြီး ရန်ကုန်တိုင်းမှ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ယခုအပတ်ထဲ စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ PRF ‌Websie ကို ငွေလွှဲလို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၉ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့နောက် ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းများနှင့် Shwe Nadi Jewelry အမှတ်တံဆိပ် ကျောက်မျက်ရတနာများရောင်းချ၍ ထောက်ပို့လုပ်ရာတွင် ပါဝင်လို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၃ ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ———— ▪️၁ နှစ်အတွင်း ပြေး ၄ ပြေး ဖမ်းမိစာရင်း ထုတ်ပြန် · ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်း ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး/ထောင်ပြေး/တရားခံပြေး၊ ရဲဘက်ပြေး) ၁၅၂၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု အောက်တိုဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။ PSMS စာရင်းဝင်သည့် စစ်ပြေး ၁၅၁ ဦး၊ ရဲပြေး ၂၁၃ ဦး၊ တရားခံပြေး ၃၁၉ ဦး၊ ရဲဘက်ပြေး ၅ ဦး၊ (စုစုပေါင်း ၆၈၈ ဦး) နှင့် PSMS စာရင်းမဝင်သည့် စစ်ပြေး ၆၃၈ ဦး၊ ရဲပြေး ၄၈ ဦး၊ တရားခံပြေး ၁၅၀ ဦး၊ ရဲဘက်ပြေး ၂ ဦး၊ (စုစုပေါင်း ၈၃၈ ဦး) တို့ဟု ဖော်ပြထားသည်။ · ထို့ပြင် ၂၀၂၅ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အတွင်း အမှုကြီး ၄၇၂ မှု ရှိခဲ့ကြောင်းလည်း ဆိုထားသည်။ ———— ▪️လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်တော့မည်ဟု ကြေညာ · မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းကိုလည်း အုပ်စု ၂ စုခွဲထားပြီး မနက် ၅ နာရီမှစ၍ ၄ နာရီစီ အလှည့်ကျဖြတ်မည်ဟု သိရသည်။ ———— ▪️စစ်အင်အားများ ရှေ့တန်းပို့ · စစ်အင်အားအပြည့်ပါသည့် စစ်ကားကြီး အစီး ၂၀ ခန့်ယာဉ်တန်း စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးဝင်းထဲမှ ထွက်လာပြီး သီလဝါဆိပ်ကလမ်းဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။ ထိုမှတဆင့် ရေကြောင်းဖြင့် ရှေ့တန်းစစ်မြေပြင်ပို့လိုက်ပုံရသည်။ ———— ▪️မလေးရှားမှ ပြန်ပို့လိုက်သူများ ရန်ကုန်ရောက် · မလေးရှားနိုင်ငံမှ ပြန်ပို့လိုက်သည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ စစ်တပ်စခန်းများထဲ ထားပြီး အကြမ်းဖက်စစ်သားများက စီစစ်နေကြောင်း သိရှိရသည်။ စစ်မှုထမ်းခိုင်းမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။ ———— ▪️တရုတ်စစ်သင်္ဘောများ ပြန်ထွက် · သီလဝါ MITT ဆိပ်ကမ်းသို့ရောက်ရှိနေသည့် တရုတ် စစ်သင်္ဘော ၃ စင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗဟန်း၊ စမ်းချောင်း၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️စစ်တပ်၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ · အကြမ်းဖက်စစ်တပ်၏ မှော်ဘီမြို့နယ် နယ်မြေခံသင်တန်းကျောင်း၌ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များကို မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းပေးနေသည်ဟု အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ၎င်းတပ်ဖွဲ့ဝင်များထဲ တက္ကသိုလ် ဆရာ/ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/သူများ ပါသည်ဟု ဆိုသည်။ ———— ▪️အပစ်ရပ်အဖွဲ့များ စစ်တပ်နှင့် ညှိနှိုင်း · အပစ်ရပ်အဖွဲ့များဖြစ်သည့် 7 EAO Alliance နှင့် အကြမ်းဖက်စစ်တပ်၏ NSPNC အဖွဲ့တို့ စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ NSPNC ရုံးထဲ တွေ့ဆုံဆွေးနွေးပွဲလုပ်သွားခဲ့ကြောင်း သိရသည်။ NCA ကိစ္စဆွေးနွေးသွားကြသည်ဟု ဆိုသည်။ ———— ▪️မုန်တိုင်းငယ် ရန်ကုန်အဖျားခတ် · စက်တင်ဘာလ ၂၈ ရက် ညဘက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တောင်ဘက်၌ အားကောင်းသောမုန်တိုင်းငယ် (လေတိုက်နှုန်း တနာရီ ၃၅ မိုင်မှ ၄၀ နှုန်းခန့်) ဖြတ်ကျော်သွားပြီး ရန်ကုန်တိုင်းအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် မုန်တိုင်းအရှိန်အဟုန် အကျိုးသက်ရောက်မှုများဖြစ်ခဲ့သည်။ ———— ▪️အဆင်မြင့်ကွန်ဒိုစီမံကိန်း ပြဿနာတက် · ရန်ကုန်မြို့ရှိ The Central နှင့် The park အိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူများထံမှ ပိုက်ဆံ ကျပ်သိန်းသောင်းချီ ကြိုယူထားသော်လည်း အခန်းအချိန်မှီ မအပ်နှံသေးသည့်အပြင် ငွေဆက်လက်ကောက်ခံနေသောကြောင့် အကြီးအကျယ်ပြဿနာတက်နေကြကြောင်း သိရသည်။ Marga Landmark ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီရုံးခန်းမှာ ချိတ်ပိတ်ထားပြီး အဆက်အသွယ်လည်း လုပ်မရတော့ဟု ဆိုသည်။ စစ်ကောင်စီ စ သုံးလုံးကလည်း စစ်ဆေးနေပြီဟု ဆိုသည်။ 05 Oct 2026 #RangoonScoutNetwork #YGN_weekly
2 138
15
⚫️ ရမ်းသမ်း ဆွဲဖမ်းသည့်ဖြစ်စဉ် ပြန်များလာ ပြီးခဲ့သည့် ရက်သတ္တပတ် (စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်) ထဲ ရမ်းသမ်း ဆွဲဖမ်းဆီးခံခဲ့ရသူ အရေအတွက် ပြန်များလာခဲ့သည်။ မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ အရှေ့ဒဂုံ (၁ ဦး)၊ မြောက်ဒဂုံ (၁ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး) တို့နှင့် မြို့နယ်မသိရ (၁ ဦး) ဖြစ်သည်။ ▪️ကျောက်တံတားမြို့နယ် (၁၀ ဦး) · အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်းထိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်သည့် ယောကျ်ားလေးများကို အရပ်ဝတ်အုပ်စုများက ဖမ်းဆီးပြီး စည်ပင် ကြို/ပို့ကားပေါ် ခေါ်တင်သွားခဲ့ရာ စုစုပေါင်း ၁၀ ဦးခန့်ပါသွားခဲ့ကြောင်း သိရှိရသည်။ (Source: Khit Thit) ▪️ကမာရွတ်မြို့နယ် (၆ ဦး) · အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် လှည်းတန်း၊ စံရိပ်ငြိမ်ဘုန်းကြီးကျောင်း အကျော်၌ ယောကျ်ားလေး ၆ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) ကို ရဲနှင့် အရပ်ဝတ်များက ဖမ်းဆီးပြီး Probox Taxi ကားပေါ် ခေါ်တင်သွားသည်။ (Source: RSN) ▪️စမ်းချောင်းမြို့နယ် (၅ ဦး) · စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ဝေဠုဝန်မြောက်ရပ်ကွက် ကံ့ကော်လမ်းထဲရှိ ယောကျ်ားလေး ၁ ဦးကို ရဲကားဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဗားကရာလမ်း မြေနီကုန်းပလာဇာနှင့် ဂမုန်းပွင့်ကြား၌ ယောကျ်ားလေး ၃ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) နှင့် အဘွားအို ၁ ဦးကို အရပ်ဝတ်များက စည်ပင်ကားပေါ် တင်ပြီး ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: Sanchaung Scout Channel) ▪️အင်းစိန်မြို့နယ် (၅ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်သူကုန်းရပ်ကွက်၊ မဂ္ဂကျောင်းလမ်းထိပ် ဓမ္မာရုံရှေ့ ကွမ်းယာဆိုင်ရှိ လူ ၄ ဦး (အသက် ၄၅ နှစ် ၁ ဦး၊ အသက် ၃၀ နှစ်ခန့် ၃ ဦး) ကို ရဲနှင့် အရပ်ဝတ်များက ဝင်ဖမ်းဆီးပြီး Van ကားပေါ် တင်ခေါ်သွားသည်။ (Source: RSN) · အောက်တိုဘာလ ၄ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် အောင်ဆန်း၊ အဆောင် ၂ Denko ရှေ့နား ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ကို အရပ်ဝတ်တစုက သူခိုးဟု စွပ်စွဲပြီး လိုက်ဖမ်းသွားသည်။ သူခိုးမဟုတ်ပဲ သပ်သပ်လူလိုက်ဆွဲသွားခြင်းဖြစ်သည်ဟု အနီးအနားရှိ ဒေသခံတဦးထံမှ သိရသည်။ (Source: RSN) ▪️သင်္ဃန်းကျွန်းမြို့နယ် (၂ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၁၀ လမ်းထဲရှိ Delivery ပို့ပြီး ပြန်လာသည့် ယောကျ်ားလေး ၂ ဦးကို လူတစုက ကားအမဲတစီးပေါ် ဆွဲတင်ဖမ်းခေါ်သွားသည်။ (Source: RSN) ▪️အရှေ့ဒဂုံမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်သူ့ဆေးရုံ (မြောက်ဒဂုံမြို့နယ်) အနီး အနော်ရထာလမ်း နှင့် နဂါးနိုင်လမ်းထောင့် ရေကန်သေးစပ်နားရှိ အမျိုးသား ၁ ဦး (အသက် ၄၅ နှစ်ခန့်) ကို လူတစုက ကားပေါ်ဆွဲတင် ရိုက်နှက် မျက်လုံးအဝတ်စည်းပြီး ဖမ်းခေါ်သွားခဲ့သည်။ စစ်တပ် တပ်ကြပ်ကြီးတယောက်နှင့် ညှိနှိုင်းပြီး ညတွင်းချင်း ပြန်လွတ်လာနိုင်ခဲ့သည်။ (Source: RSN) ▪️မြောက်ဒဂုံမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် မဟာမြိုင်အိမ်ရာ ပွဲဈေးတန်းရှိ ယောကျ်ားလေး ၁ ဦးကို စစ် SC ၁ စီး၊ ရဲဆလွန်းကား ၁ စီးဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN) ▪️သာကေတမြို့နယ် (၁ ဦး) · စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀ တောင်ရပ်ကွက်၊ ဇေယျာဝတီ ၁ လမ်း (ခိုင်ရွှေဝါလမ်းအနီး) ထဲ ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) သွားလာနေစဉ် အရပ်ဝတ်အဖွဲ့များက ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: RSG) ▪️တာမွေမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းတွင် ၁၅၃ လမ်းထိပ်ဘက်ရှိ Delivery ပို့နေသည့် ယောကျ်ားလေး ၁ ဦးကို အရပ်ဝတ်လူတစုက ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်ခေါ်သွားကြောင်း သိရှိရသည်။ (Source: RSG) ▪️လှိုင်မြို့နယ် (၁ ဦး) · အောက်တိုဘာလ ၃ ရက်နေ့ သန်းခေါင်ချိန် ၁ နာရီခန့်တွင် ၂ ရပ်ကွက်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် အကြမ်းဖက်တပ်သားများနှင့် ရာအိမ်မှူးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ (Source: (HSC) Hlaing Scout Channel) ▪️မြို့နယ်မသိရ (၁ ဦး) · စက်တင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ်နေ LGBT လူငယ် ၁ ဦး (အသက် ၂၉ နှစ်အရွယ်) ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: Khit Thit, RSN) ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ 05 Oct 2026 #RangoonScoutNetwork
2 209
16
▪️လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်တော့မည်ဟု ကြေညာ မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းကိုလည်း အုပ်စု ၂ စုခွဲထားပြီး မနက် ၅ နာရီမှစ၍ ၄ နာရီစီ အလှည့်ကျဖြတ်မည်ဟု သိရသည်။ 04 Oct 2026 #RangoonScoutNetwork
3 026
17
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထဲ ရန်ကုန+6
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၁၃၁ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ • ဖမ်းဆီးခံရသူ ၁၃၁ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၂၃ ဦး ရှိသည်။ ၂၁ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၈၇ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။ ———————— ▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ • သတင်းအတိအကျဖြင့် နေအိမ်ထိ ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၂၀ ဦး ရှိခဲ့သည်။ ထိုထဲ တော်လှန်ရေးထောက်ပို့ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူ ၁၃ ဦးပါသည်။ စစ်မှုထမ်းစာရင်းဖြင့် အိမ်ထိလာခေါ်ကာ ရပ်ကွက်ရုံးထဲထည့်၍ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းဖျောက်ခံရသူ ၁ ဦးလည်း ရှိခဲ့သည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၁၀၀ ဦး ရှိသည်။ ၂၁ ဦး ပြန်လွတ်လာပြီး ၇ ဦး စစ်တပ်ဆီပို့ခံလိုက်ရသည်။ ကျန် ၇၂ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရပါ။ လမ်းမပေါ်/လမ်းဘေး/ကားမှတ်တိုင် စသည့်နေရာများ၌ ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်ပြီး အရပ်ကား၊ စစ်ကား၊ ရဲကား၊ လူနာတင်ယာဉ် စသည့်ယာဉ်မျိုးစုံဖြင့် တင်ခေါ်သွားကြသည်။ အသက် ၁၈ နှစ်အောက် လူငယ် ၅ ဦးလည်း ဆွဲဖမ်းခံရသည့်ထဲ ပါသွားခဲ့ပြီး ပြန်တော့လွတ်လာနိုင်ခဲ့ကြသည်။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၁၀ ဦး ရှိသည်။ ထိုထဲ ၉ ဦးမှာ လမ်းမပေါ်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူများဖြစ်သည်။ ဧည့်စာရင်းစစ်ပြီး ဖမ်းခံရသူ ၁ ဦးလည်းရှိသည်။ • အလုပ်ရှိသည်ဟုဆိုပြီး လိမ်လည် မျှားခေါ်ခံရပြီး စစ်တပ်ဆီ ရောင်းစားခံရသူ ၁ ဦးရှိခဲ့သည်။ ———————— ▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ • စက်တင်ဘာလထဲ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • စမ်းချောင်း၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ တာမွေ၊ သာကေတ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ လသာ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တို၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ အရှေ့ဒဂုံမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။ ———————— ▪️ စစ်မှုထမ်းသင်တန်း • ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၁၈ ဦး ရှိသည်။ (အခြား ဖမ်းဆီးခံရသူများထဲတွင်လည်း စစ်မှုထမ်းအတွက် အများအပြားပါနိုင်သေးသည်။) • ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း သိရသည်မှာ ၈ ဦး ဖြစ်သည်။ ၁ ဦး နှိပ်စက်ခံရပြီး သေဆုံးသွားသည်။ ၆ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၃ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • ရန်ကုန်ရှိ စစ်သင်တန်းကျောင်းများအပြင် နေပြည်တော်၊ ပဲခူး နှင့် အင်းတကော်တို့ရှိ စစ်သားစုဆောင်းရေးနေရာများသို့ ပို့ခံခဲ့ရသူများလည်း ရှိသည်။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သည်။ ———————— ▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ • အခြား ရမ်းသမ်းလိုက်ဆွဲဖမ်းသည့်ဖြစ်စဉ်များ ရှိသေးသော်လည်း အချက်အလက်မပြည့်စုံမှုကြောင့် ထည့်သွင်းမတွက်ချက်ထားပါ။ မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကိုလည်း ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။ (ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 04 Oct 2026 #arrest #RangoonScoutNetwork
3 403
18
🔴 ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ ဧည့်စစ် ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၊ ရွှေအုန်းပင်အိမ်ရာ ၄ ဘက် ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ Source: RSG 03 Oct 2026 #RangoonScoutNetwork
1 491
19
🔴 မြေနီကုန်းမြောက်ဘက် ဧည့်စစ် ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ရန်ကင်းလမ်းထဲ အကြမ်းဖက် စစ်သား ရဲ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ Source: RSG, SY, YRA 03 Oct 2026 #RangoonScoutNetwork
949
20
⚫️ လှိုင်မြို့နယ် ၂ ရပ်ကွက်ထဲ ညသန်းခေါင်ချိန် လူဝင်ဆွဲသွား ယနေ့ အောက်တိုဘာလ ၃ ရက် သန်းခေါင်ကျော် ၁ နာရီမထိုးခင်ချိန်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် အကြမ်းဖက် စစ်သား ရဲနှင့် ရာအိမ်မှူးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ Source: HSC (Hlaing Scout Channel) 03 Oct 2026 #RangoonScoutNetwork
896