cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

MPANews

နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။

Show more
Advertising posts
19 956
Subscribers
+3924 hours
+4017 days
+1 44530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
မတ္တရာအရှေ့ခြမ်းရွာများကို စစ်ကောင်စီတပ် သန်းခေါင်ယံအချိန် လေကြောင်းတိုက်ခိုက်၊ ပြည်သူ သုံးဦးသေဆုံး 13 July 2024 By Nway / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၁၃ရက် ) သန်းခေါင်ယံအချိန် ၁၂နာရီခွဲခန့်က မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ သန်းကုန်းကျေးရွာနှင့် ကျွန်းပင်ရွာ အနီးတစ်ဝိုက်ကို စစ်တပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲ ခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/lqb3B Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ် 13 Jul 2024 By Tin Soe/MPA ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင် ၁၀ ရက်မှစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။ ပွဲတော်ပထမရက်တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဒုတိယရက်တွင် ရိုးရာနတ်ကို ဝက်ပူဇော်ပသမှုပြုလုပ်ကာ သစ္စာရေသောက်သုံးခဲ့ကြသည်။ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အမဲလိုက်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတော်ကို ယုခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/BWDJv19TZZo
Show all...
ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ်

ကယားရိုးရာ ပေါ်ကေ့ပွဲကို ဒီးမော့ဆိုအရှေ့ခြမ်းတွင် ပြန်လည်ပြုလုပ် 13 Jul 2024 By Tin Soe/MPA ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း၌ ကယားရိုးရာဖြစ်သည့် ကေ့လူမျိုးစု၏ ပေါ်ကေ့ပွဲကို ဇူလိုင် ၁၀ ရက်မှစတင်ကာ သုံးရက်တာကျင်းပခဲ့သည်။ ပွဲတော်ပထမရက်တွင် တဲတည်ဆောက်ခြင်းပြုလုပ်ပြီး ဒုတိယရက်တွင် ရိုးရာနတ်ကို ဝက်ပူဇော်ပသမှုပြုလုပ်ကာ သစ္စာရေသောက်သုံးခဲ့ကြသည်။ ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အမဲလိုက်ပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတော်ကို ယုခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

👍 2🔥 1
Photo unavailableShow in Telegram
မတ္တရာ အုတ်စက်အလုပ်သမားသုံးဦး စစ်တပ်ကြဲချသည့် ဒရုန်းဗုံး ထိမှန်ကာ သေဆုံး 13 July 2024 By Ra Wai / MPA မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်ကြဲချသည့် ဒရုန်းဗုံးသီး ထိမှန်ကာ အုတ်စက် အလုပ်သမားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဇူလိုင် ၁၂ရက်၊ ည ကိုးနာရီခန့်တွင် မတ္တရာမြို့နယ်၊ ဇီးဖြူပင်ဘောင်ကြီးရှိ စစ်ကောင်စီတပ်သည် တောင်တံငါရွာအနီးရှိ အုတ်စက်ရုံသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချခဲ့ရာ အလုပ်သမား အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Wetlet Information Network အဖွဲ့ထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/3pPuu Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
😢 3🔥 2
Photo unavailableShow in Telegram
ရွှေဈေး သိန်း၆၀ ဝန်းကျင် စံချိန်တင်သွားသော်လည်း လာရောင်းသူ မရှိသလောက်ရှားဟုဆို 13 July 2024 By Ra Wai / MPA အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း၆၀ ဝန်းကျင်အထိ စံချိန်တင် ဈေးတက်သွားသော်လည်း လာရောင်းသူမရှိသလောက်နီးပါးဖြစ်ကြောင်း သိရသည်။ ယနေ့ (ဇူလိုင်၁၂ရက်) တွင် တစ်ဒေါ်လာကျပ်၅၀၀၀နှင့် အ‌ကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း၆၀ နီးပါး မြင့်တက်ခဲ့ပြီး ထပ်မံဈေးတက်လာနိုင်သည့်အခြေအနေအရ ရွှေလာရောင်းသူ မရှိသလောက်နီးပါးဖြစ်နေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းရှိ ရွှေပွဲစားတစ်ဦးထံက သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Hw6wG Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
👍 10🔥 2
Photo unavailableShow in Telegram
မိုးစပါးချေးငွေများ အချိန်အခါမီ ထုတ်မချေးပေးသည့်အတွက် တောင်သူများဒုက္ခရောက်နေ 13 Jul 2024 By Zwe Ko / MPA စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ မိုးစပါးချေးငွေများကို အချိန်အခါမီထုတ်ချေးမပေးသည်အတွက် တောင်သူများဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ မိုးစပါးချေးငွေများကို ၂၀၂၄ခုနှစ်၊ ဇွန်လမှစတင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်က ထုတ်ချေးပေးနေသည်ဟု ထုတ်ပြန်ထားသော်လည်း တောင်သူလယ်သမားအများစုသည် လက်ရှိချိန်ထိ ချေးငွေထုတ်ယူ၍ မရသေးကြောင်း ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်မှ အသက် ၅၀ အရွယ် လယ်သမားတစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Bjrmy Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
👍 4 3🔥 2
Photo unavailableShow in Telegram
မုံရွာမြို့ထိပ်တွင် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး မိုင်းရှင်းခိုင်း 13 July 2024 By Ra Wai / MPA စစ်ကိုင်းတိုင်း၊ မုံရွာ‌မြို့ထိပ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းနေကြောင်းသိရသည်။ ယနေ့ (ဇူလိုင် ၁၃ရက်) နံနက် ခုနှစ်နာရီခွဲဝန်းကျင်က ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်စစ်ဆေးရေးဂိတ်မှ ထွက်လာသော အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်၊ မုံရွေးရွာထိပ်၌ ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို ဖမ်းဆီးပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတစ်ဦးထံကသိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/eKI0o Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
🔥 6👍 3 1
[Weekly Fact Check] ဇူလိုင်လ ဒုတိယပတ်အတွင်း MPA က သတင်းအချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ 13 July 2024 By Fact Check Team/ MPA ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားများပျံ့နှံ့လျက်ရှိပါသည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း သက်သေပြစိစစ်၍ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။ ဇူလိုင် ၆ရက်မှ ဇူလိုင် ၁၂ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးခဲ့သော Fact Check News များအား ပြန်လည်စုစည်းဖော်ပြပေးလိုက်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/factcheck/49479/ Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
👍 8🕊 2
ဂုတ်တွင်းတပ်စခန်းကို TNLA သိမ်းပိုက်၊ လက်နက်ကြီး၊ငယ် အလက်၂၀ သိမ်းဆည်းရမိ 12 July 2024 By MPA ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတပ်စခန်းကို TNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီး၊ငယ် အလက်၂၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ နောင်ချိုမြို့နယ်၊ ဒုံးတပ်ရင်း ၆၀၆ မှ ဂုတ်တွင်းစခန်းသို့ ထွက်ပြေးသွားသော စစ်သားများကို ယနေ့ (ဇူလိုင်၁၂ရက်)နံနက် ငါးနာရီခွဲခန့်တွင် TNLAပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းမှ လက်နက် ၁၅လက်၊ RPG7 နှစ်လက်၊ ငါးကြင်မီး တစ်လက်၊ ၆၀(မမ)နှစ်လက်နှင့် ရန်သူ့အလောင်း တို့ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ယနေ့ည ထုတ်ပြန်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/KXDQR Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
👍 25 6🕊 1
MPA ညပိုင်းသတင်း (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်) - မတ္တရာ၊ မြောက်တံငါတပ်စခန်းကို PDF တိုက်ခိုက်သိမ်းပိုက် - ပြည်တွင်းရွှေဈေး သိန်း ၆၀ နား ဒုတိယအကြိမ်ရောက်ရှိလာ - သံတွဲမြို့တစ်ခုလုံး သိမ်းပိုက်နိုင်ဖို့အတွက် ရက္ခိုင့်တပ်တော် AA ကြိုးပမ်းနေ - မြစ်ရေတိုးနေတာကြောင့် နောက်နှစ်ရက်အတွင်း မြို့ကိုးမြို့မှာ ရေကြီးနိုင် - လာမယ့် ၁၀ စုနှစ်ထဲမှာ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံကျော် တိုးလာမယ်လို့ ကုလပြော Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/kX4foRWpdTM
Show all...
MPA ညပိုင်းသတင်း (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

MPA ညပိုင်းသတင်း (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်) - မတ္တရာ၊ မြောက်တံငါတပ်စခန်းကို PDF တိုက်ခိုက်သိမ်းပိုက် - ပြည်တွင်းရွှေဈေး သိန်း ၆၀ နား ဒုတိယအကြိမ်ရောက်ရှိလာ - သံတွဲမြို့တစ်ခုလုံး သိမ်းပိုက်နိုင်ဖို့အတွက် ရက္ခိုင့်တပ်တော် AA ကြိုးပမ်းနေ - မြစ်ရေတိုးနေတာကြောင့် နောက်နှစ်ရက်အတွင်း မြို့ကိုးမြို့မှာ ရေကြီးနိုင် - လာမယ့် ၁၀ စုနှစ်ထဲမှာ ကမ္ဘာ့လူဦးရေ နှစ်ဘီလီယံကျော် တိုးလာမယ်လို့ ကုလပြော

👍 14🔥 2
ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေတိုးလာမှုများကြောင့် နောက် နှစ်ရက်အတွင်း မြို့ ကိုးမြို့တွင် ရေးကြီးနိုင် 12 July 2024 By Sayar Ngaat / MPA ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေတိုးလာမှုများကြောင့် နောက် နှစ်ရက်အတွင်း မြို့ ကိုမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိပြီး ရေကြီးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးညွှန်ကြားမှုဌာနက ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၂ရက်၊ မွန်းလွဲ ၁၂နာရီခွဲတွင် ထုတ်ပြန်ထားသည်။ "အခု ရေကြီးတာတွေက ဇူလိုင် တစ်ရက်ကနေ အခုအထိ ဖြစ်နေတာပါ၊ အနည်းဆုံး ဇူလိုင် နောက်ဆုံးပတ်ထဲအထိ ရေကြီးတာတွေ ဆက်ရှိနေနိုင်ပါတယ်။ ချင်းတွင်းမြစ်ရေက မော်လိုက်မှာ အဆိုးဆုံး စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲအထိကျော်နေတာပါ "ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်နိုင်က ပြောသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/6rwlN Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Show all...
😢 7👍 1🔥 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.