es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

RSN WEB

RSN WEB

Ir al canal en Telegram

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Mostrar más
7 154
Suscriptores
-324 horas
-177 días
-6730 días

Cargando datos

Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
oct '26
octubre '26
+54
en 12 canales
septiembre '26
+92
en 21 canales
Get PRO
agosto '26
+60
en 12 canales
Get PRO
julio '26
+76
en 14 canales
Get PRO
junio '26
+45
en 13 canales
Get PRO
mayo '26
+64
en 14 canales
Get PRO
abril '26
+17
en 13 canales
Get PRO
marzo '26
+15
en 14 canales
Get PRO
febrero '26
+19
en 14 canales
Get PRO
enero '26
+36
en 17 canales
Get PRO
diciembre '25
+48
en 16 canales
Get PRO
noviembre '25
+53
en 18 canales
Get PRO
octubre '25
+51
en 15 canales
Get PRO
septiembre '25
+54
en 17 canales
Get PRO
agosto '25
+72
en 22 canales
Get PRO
julio '25
+78
en 20 canales
Get PRO
junio '25
+95
en 21 canales
Get PRO
mayo '25
+88
en 22 canales
Get PRO
abril '25
+81
en 19 canales
Get PRO
marzo '25
+109
en 26 canales
Get PRO
febrero '25
+214
en 20 canales
Get PRO
enero '25
+436
en 24 canales
Get PRO
diciembre '24
+655
en 30 canales
Get PRO
noviembre '24
+649
en 30 canales
Get PRO
octubre '24
+107
en 17 canales
Get PRO
septiembre '24
+201
en 22 canales
Get PRO
agosto '24
+385
en 24 canales
Get PRO
julio '24
+197
en 20 canales
Get PRO
junio '24
+171
en 23 canales
Get PRO
mayo '24
+153
en 22 canales
Get PRO
abril '24
+242
en 21 canales
Get PRO
marzo '24
+388
en 27 canales
Get PRO
febrero '24
+774
en 29 canales
Get PRO
enero '24
+298
en 19 canales
Get PRO
diciembre '23
+554
en 24 canales
Get PRO
noviembre '23
+406
en 26 canales
Get PRO
octubre '23
+165
en 26 canales
Get PRO
septiembre '23
+75
en 0 canales
Get PRO
agosto '23
+105
en 0 canales
Get PRO
julio '23
+94
en 0 canales
Get PRO
junio '23
+65
en 0 canales
Get PRO
mayo '23
+72
en 0 canales
Get PRO
abril '23
+66
en 0 canales
Get PRO
marzo '230
en 0 canales
Get PRO
febrero '230
en 0 canales
Get PRO
enero '230
en 0 canales
Get PRO
diciembre '220
en 0 canales
Get PRO
noviembre '220
en 0 canales
Get PRO
octubre '220
en 0 canales
Get PRO
septiembre '220
en 0 canales
Get PRO
agosto '220
en 0 canales
Get PRO
julio '22
+6
en 0 canales
Get PRO
junio '22
+17
en 0 canales
Get PRO
mayo '22
+14
en 0 canales
Get PRO
abril '22
+71
en 0 canales
Get PRO
marzo '220
en 0 canales
Get PRO
febrero '220
en 0 canales
Get PRO
enero '22
+2
en 0 canales
Get PRO
diciembre '21
+19
en 0 canales
Get PRO
noviembre '21
+207
en 0 canales
Get PRO
octubre '21
+934
en 0 canales
Get PRO
septiembre '21
+274
en 0 canales
Get PRO
agosto '21
+157
en 0 canales
Get PRO
julio '21
+497
en 0 canales
Get PRO
junio '21
+390
en 0 canales
Get PRO
mayo '21
+15 106
en 0 canales
Get PRO
abril '21
+4 854
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
28 octubre0
27 octubre+1
26 octubre+1
25 octubre0
24 octubre+2
23 octubre+1
22 octubre+1
21 octubre+4
20 octubre0
19 octubre0
18 octubre+1
17 octubre+1
16 octubre+6
15 octubre+1
14 octubre+3
13 octubre+1
12 octubre+1
11 octubre+2
10 octubre0
09 octubre+3
08 octubre+1
07 octubre+6
06 octubre+4
05 octubre+1
04 octubre+2
03 octubre+6
02 octubre+3
01 octubre+2
Publicaciones del Canal
⚫️ သင်္ဃန်းကျွန်းမြို့နယ်နေ လူငယ် ၂ ဦးကို စစ်ကားဖြင့်ဆွဲသွားပြီး စစ်မှုထမ်းခိုင်း အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်မြို့ထဲ ယောကျ်ားလေး ၂ ဦး အလုပ်ခွင်မှ ပြန်လာစဉ် စစ်ကားတစီးဖြင့် အကြမ်းဖက်စစ်သားများ ကားပေါ်ဆွဲတင်ဖမ်းခေါ်ကာ စစ်မှုထမ်းစုဆောင်းရေးသို့ ပို့လိုက်ကြောင်း သိရှိရသည်။ လက်ရှိ မှော်ဘီမြို့နယ် တပ်စခန်းတခုထဲ ရောက်ရှိနေကြသည်။ ယောကျ်ားလေး ၂ ဦး၏ အမည်မှာ ကိုသက်ကို (အသက် ၃၀ နှစ်ခန့်) နှင့် ကိုနေမင်းထက် (အသက် ၂၀ နှစ်ခန့်) တို့ဖြစ်သည်။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့မှထွက်လာကာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ထဲ အဆောင်ငှားနေထိုင်ပြီး သင်္ဃန်းကျွန်းမြို့နယ်ထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုထဲ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်။ Source: DVB 28 Oct 2026 #RangoonScoutNetwork

2
⚫️ မင်္ဂလာတောင်ညွန့်မြို့နယ် လမ်း ၅ ခွဆုံအနီး လူလိုက်ဆွဲ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၅ ခွဆုံ၊ သိမ်ဖြူအထက်လမ်းပေါ် လူအိုရုံအနီး အမျိုးသား ၁ ဦး (အသက် ၄၅ နှစ်ကျော်) လမ်းလျှောက်သွားလာနေစဉ် အိမ်စီးကား ၁ စီးဖြင့် လူ ၄ ဦးခန့် ရုတ်တရက်ရောက်လာပြီး ကားပေါ်ဆွဲတင်ဖမ်းဆီးဖို့ လုပ်၍ အတင်းရုန်းကန် ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ Source: MGTN Spring News and Scout Channel 28 Oct 2026 #RangoonScoutNetwork
256
3
⚫️ ဗဟန်းမြို့နယ် အုတ်လမ်းမှတ်တိုင်အနီး အမှောင်ထဲ လူဆွဲသွား ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းပေါ် အုတ်လမ်းမှတ်တိုင်အနီး မုန့်တီဆိုင်နား အမှောင်ထဲ ဆိုင်ကယ် ၅ စီးခန့်ဖြင့် အကြမ်းဖက်ရဲအဖွဲ့များရှိနေချိန် လူ ၆ ဦးခန့် လမ်းလျှောက်သွားလာရင်း ၎င်းတို့အနီး ရောက်သွားစဉ် ရဲများဝိုင်းဆွဲဖမ်းကြရာ လူ ၂ ဦး (အသက် ၄၀ နှစ်ခန့်အရွယ် ၁ ဦး၊ လူငယ်ပိုင်း ၁ ဦး) ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ ထို့နောက် အဆိုပါလူ ၂ ဦးကို ဆိုင်ကယ်ပေါ်တင်ပြီး ယုဇနဟိုဘက်ဘက်သို့ မောင်းထွက်သွားကြကြောင်း သိရသည်။ 27 Oct 2026 #RangoonScoutNetwork
899
4
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Oct 19 - 25, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်ထဲ သိရှိခဲ့ရသည့် အဖမ်းအဆီးဖြစ်စဉ်များကို အောက်တွင် ဖော်ပြထားသည်။ · အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် အရှေ့ဒဂုံမြို့နယ် ၄ ရပ်ကွက်ထဲ ဧည့်စစ်ဝင်ပြီး ယောကျ်ားလေး ၂ ဦးကို ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ (Source: RSN) · အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှည်းကူးလမ်းဆုံအနီး ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်နေသူ အမျိုးသား ၂ ဦး (အသက် ၃၅ နှစ်ခန့်) ကို ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN) · အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ ၁၁ ရပ်ကွက်နေ ယောကျ်ားလေး ၁ ဦးကို မူးပြီး သောင်းကျန်းနေလို့ဆိုကာ အုပ်ကြီးအဖွဲ့က ရဲခေါ်ဖမ်းခိုင်းပြီး စစ်မှုထမ်းခိုင်းလိုက်ကြောင်း သိရှိရသည်။ (Source: RSG) · အောက်တိုဘာလ ၁၅ ရက်နေ့ဝန်းကျင်တွင် တောင်မြောက်လမ်းဆုံအနီး ရှိနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို သိမ်းငှက်အဖွဲ့က လိုက်ထရပ်ကားပေါ် ဆွဲတင်ဖမ်းခေါ်ပြီးနောက် ပိုက်ဆံများ လုယူသည့်အပြင် အိမ်ကိုပါ ပိုက်ဆံတောင်း ရွေးခိုင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် တောင်ဒဂုံမြို့နယ် ၈၈ ရပ်ကွက်နေ လူငယ် ၁ ဦးကိုလည်း သိမ်းငှက်အဖွဲ့က ဖမ်းဆီးသွား၍ မိသားစုက ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်။ (Source: Ayeyarwaddy Times) · မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ထဲ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းခဲ့ရသူ လူငယ် ၁ ဦး ပြီးခဲ့သည့်အပတ်ထဲ အာရက္ခတပ်တော် AA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ (Source: Khit Thit) ———— ▪️စစ်မှုထမ်းသင်တန်းဆင်း · အောက်တိုဘာ ၂၃ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ တိုက်ကြီးမြို့နယ်၊ တတက ၁ (ဂျိုးဖြူ) ၌ သင်တန်းသား ၄၀၃ ဦး ဆင်းခဲ့သည်ဟု ဆိုသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️စားအုန်းဆီကို ၁ လ ၁ ကြိမ်သာ ပေးဖို့လုပ် · ရန်ကုန်တွင် စားအုန်းဆီ ထုတ်ပေးမှုကို နိုဝင်ဘာလမှစ၍ ၁ လ ၁ ကြိမ်သာ ပေးတော့မည်ဖြစ်ကြောင်း DVB မှ သိရှိရသည်။ သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းပါ လူဦးရေအတိုင်း ပေးမည်ဖြစ်ပြီး တဦးလျှင် ၅၀ ကျပ်သားနှုန်း ပေးမည်ဟုဆိုသည်။ ———— ▪️အထည်ချုပ်စက်ရုံများပိတ် · ယခုလပိုင်းထဲ အထည်ချုပ်စက်ရုံ ၄ ရုံထက်မနည်း ပိတ်သိမ်းဖို့ ရှိနေပြီး အလုပ်အကိုင်နေရာ ၁ သောင်းဝန်းကျင် ဆုံးရှုံးရဖို့ ရှိသည်ဟု MICS-TUsF အဖွဲ့မှ ပြောဆိုထားကြောင်း သိရှိရသည်။ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံ ၄ ရုံနှင့်အထက် အောက်တိုဘာလထဲ ပိတ်သိမ်းဖို့ပြင်နေခြင်းဖြစ်သည်။ ပြည်ပအော်ဒါမရရှိခြင်းကို အဓိကအကြောင်းပြထားကြောင်းလည်း သိရသည်။ ———— ▪️ဒေါ်လာငွေလဲကောင်တာအများစု ပိတ် · အမေရိကန်ဒေါ်လာဈေးများ မြင့်တက်၍ နာမည်ကြီးအရောင်းအဝယ်သမားများကို အကြမ်းဖက်စစ်တပ်က လိုက်လံဖမ်းဆီးပြီးနောက် ဒေါ်လာငွေလဲကောင်တာအများစု အရောင်းအဝယ်ရပ်ထားကြောင်း DVB မှ သိရှိရသည်။ ကွင်းဆင်းစစ်ဆေးမှုများနှင့် အသွင်ယူဖမ်းဆီးမှုများ ရှိနိုင်သောကြောင့် ပိတ်ထားကြခြင်းဖြစ်သည်။ ———— ▪️ရထားဘူတာများအနီး မူးယစ်ဆေးသုံးသူ များပြား · ရန်ကုန်မြို့ပတ်ရထားဘူတာများနှင့် ရထားသံလမ်းများအနီး မူးယစ်ဆေးသုံးစွဲသူ အများအပြားဖြစ်နေကြောင်း DVB မှ သိရှိရသည်။ ညနေပိုင်းနှင့် ညပိုင်း လူပြတ်ချိန်များတွင် ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန် စသည့်ဘူတာများတွင် မူးယစ်ဆေးစွဲနေသူအများအပြား ဆေးလာသုံးလေ့ရှိကြသည်။ WY (ရာဘ) ၊ ဆေးခြောက်၊ ဘိန်း စသဖြင့် အမျိုးအစားအစုံ သုံးစွဲနေကြသည်ဟု ဆိုသည်။ အနီးအနားရှိ လူနေအိမ်များထဲဝင်ပြီး ပစ္စည်းခိုးယူမှုများလည်း ရှိကြောင်း သိရသည်။ ———— ▪️စစ်တပ် သားသမီးများကို နိုင်ငံခြားလေ့လာရေးခရီးပို့ · အကြမ်းဖက်စစ်တပ်၏ တပ်မိသားစုနှင့် စစ်မှုထမ်းဟောင်း သားသမီးများထဲမှ ၂၀၂၅-၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်ခဲ့သူများအနက် ၂၅ ယောက် ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးပို့လိုက်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကျောင်းသား/သူ ၁၆ ယောက်၊ လူရည်ချွန် ၇ ယောက်၊ ဂုဏ်ထူးဖြင့် အောင်သည့် စစ်သည် ၂ ယောက်၊ ကျောင်းအုပ်ကြီး ၁ ယောက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်တို့ပါသည်ဟု ဆိုသည်။ ———— ▪️လေတပ် သက်ကြီးပူဇော်ပွဲလုပ် · အကြမ်းဖက်စစ်တပ်၏ ၈ ကြိမ်မြောက် လေတပ်မိသားစု သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြဝတီမီဒီယာစင်တာ၌ လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အသက် ၁၀၂ နှစ် ဗိုလ်ချုပ်ဟောင်းအပါအဝင် အခြားအငြိမ်းစား လေတပ်ရာထူးကြီးများလာခဲ့သည်ဟု သိရသည်။ ———— ▪️စင်တင်ဖျော်ဖြေရေးလုပ်ငန်းရှင်များကို ခေါ်သတိပေး · ရန်ကုန်တိုင်းရှိ KTV ၊ စင်တင်ဘား၊ DJ ဘား စသည့် ဖျော်ဖြေရေးလုပ်ငန်း ပိုင်ရှင်များကို စစ်ကောင်စီ ရန်ကုန်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ပြီး သတိပေးခဲ့ကြောင်း BBC မှ သိရှိရသည်။ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှု မရှိဖို့၊ ည ၁၁ နာရီထိသာဖွင့်ဖို့ စသဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်များ ထုတ်မပေးခဲ့တော့ဟု စစ်တပ်က ဆိုထားခဲ့ဖူးကြောင်းလည်း သိရသည်။ ———— ▪️စပါးစိုက်ကွင်းများထဲ ကြွက်များကျရောက်ပြီး ဖျက်ဆီးနေ · တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒလဘက်ရှိ စပါးစိုက်ကွင်းများတွင် ကြွက်ကျရောက်ဖျက်ဆီးမှုများ စတင်ကြုံတွေ့နေရကြောင်း DVB မှ သိရှိရသည်။ လက်ရှိချိန်ထိ မည်သည့်အကူအညီမှ မရပဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေကြရသည်ဟု သိရသည်။ 26 Oct 2026 #RangoonScoutNetwork #YGN_weekly
852
5
🔴 စမ်းချောင်း လင်းလွန်းတောင်ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီကျော်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်း (တောင်) ရပ်ကွက်၊ ပန်းတနော်လမ်း၊ အိမ်အမှတ် ၁၀ ဝန်းကျင်ထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ Source: Sanchaung Scout Channel 25 Oct 2026 #RangoonScoutNetwork
324
6
🔴 အရှေ့ဒဂုံ ၄ ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီခွဲခန့်တွင် အရှေ့ဒဂုံမြို့နယ်၊ ၄ ရပ်ကွက်ထဲ အကြမ်းဖက် စစ်သား ရဲ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ 24 Oct 2026 #RangoonScoutNetwork
793
7
🆕 DAILY HIGHLIGHTS (19-23 OCT 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ RCSS နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွား – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာ့သဘာ၀ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးဖို့ ထိုင်းဆွေးနွေး – BBC မြန်မာကနေ တရုတ်ကိုပို့တဲ့မြေရှားပမာဏ တန်ချိန် ထောင်ချီမြင့်တက် – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ဈေးနှုန်းမတည်မငြိမ်မှုဖြစ်အောင် သတင်း ဖြန့်ဝေသူများကို အရေးယူမည်ဟု ခြိမ်းခြောက် ကြေညာ – KT ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ ပြစ်ချက်များရှိနေသော တိုင်းနှင့်ပြည်နယ် ၇ ခု၏ လုံ/နယ်ဝန်ကြီးတချို့အပါအဝင် ဗိုလ်မှူးကြီး ၇ ဦးကို အပြောင်းအလဲလုပ် – KT ———— 🚩 စစ်မှုထမ်းသတင်း ရာပြည့် နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပြီး တင်းကြပ် – KT ———— ➕ အခြားထူးခြားသတင်းများ ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ်ဘုရင်ပေးတဲ့စာအုပ်တွေ သွားပို့ခဲ့တယ်လို့ ဆို – BBC ငါးနှစ်ကျော်အတွင်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရဟု ကင်အဲရစ်ဆို – MPA #RangoonScoutNetwork
625
8
🟠 မြောက်ဒဂုံ ၅၁ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ည မြောက်ဒဂုံမြို့နယ်၊ ၅၁ ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ 21 Oct 2026 #RangoonScoutNetwork
1 527
9
🔴 စမ်းချောင်း မြေနီကုန်တောင်ဘက် ဧည့်စစ် ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (တောင်) ရပ်ကွက်၊ အောင်တော်မူလမ်းထဲ အကြမ်းဖက် စစ်သား ရဲ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီး၊ အိမ်စီးကား ၁ စီးပါသည်။ Source: RSG 19 Oct 2026 #RangoonScoutNetwork
1 407
10
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Oct 12 - 18, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ထိ) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၈ မြို့နယ် မှ လူ ၁၀ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ အင်းစိန် (၁ ဦး)၊ မြောက်ဒဂုံ (၁ ဦး)၊ မြောက်ဥက္ကလာ (၁ ဦး)၊ တောင်ဥက္ကလာ (၁ ဦး)၊ တာမွေ (၂ ဦး)၊ မင်္ဂလာတောင်ညွန့် (၁ ဦး)၊ စမ်းချောင်း (၂ ဦး)နှင့် လှိုင် (၁ ဦး) တို့ဖြစ်သည်။ စစ်တပ်ကို Facebook ပေါ် ဝေဖန်လို့ဆိုကာ ဖမ်းပြီး ကြေညာခံရသူ ၁ ဦး၊ ထောက်ပို့လုပ်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦးပါသည်။ လမ်းပေါ်ရှိနေစဉ် ဆွဲဖမ်းခံရသူ ၈ ဦးရှိခဲ့ပြီး ထိုထဲ ၂ ဦးကို ထွက်ပြေးနိုင်အောင် ဒေသခံများ ဝိုင်းကူညီခဲ့ကြသည်။ · အောက်တိုဘာလ ၉ ရက်နေ့တွင် ကျောက်တံတားရဲစခန်းရှေ့ ရိုက်နှက်ဖမ်းဆီးခံရသူ ၁ ဦး၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ကျွန်းတောပွဲဈေးအနီး ဆွဲဖမ်းခံရသူ ၁ ဦးတို့လည်း ရှိသည်။ အောက်တိုဘာလ ပထမပတ်အတွင်း သာကေတမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ထဲ လမ်းပေါ်ဆွဲဖမ်းခံရသူ ၂ ဦးတို့၏ ဖြစ်စဉ်ကိုလည်း ထပ်မံသိရှိခဲ့ရသည်။ · လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ ၃၅ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် လိုက်ဖမ်းပြီး အရေးယူခဲ့ကြောင်း စစ်ကောင်စီ ယာဉ်ထိန်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ဆူးလေကုန်းကျော်တံတားအောက်မှ စောင့်ဖမ်းခဲ့သည်ဟု ဆိုသည်။ · မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းအတုများ ပြုလုပ်ရောင်းချနေသည့် “သူဌေးမင်းဂိုဏ်း” ဝင် လူ ၅ ဦးကို အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ဖမ်းဆီးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ မရမ်းကုန်းမြို့နယ်များထဲ လိုက်ဖမ်းသွားခြင်းဖြစ်ပြီး သန်းခေါင်စာရင်း ၄၀၄ ရွက်၊ မှတ်ပုံတင် ၁၁,၈၂၂ ခု၊ UID ကတ် ၁၅ ခု၊ တံဆိပ်တုံးအတု ပြုလုပ်တဲ့စက်နဲ့ မြို့နယ်တံဆိပ်တုံးအတု ၅,၅၁၆ ခုတို့ကို သိမ်းဆည်းမိသည်ဟု ဆိုသည်။ ———— ▪️လှည်းကူးမြို့နယ်ထဲ ဗုံးခွဲတိုက်ခိုက်ဟုဆို · အောက်တိုဘာလ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပစ်မှတ်ထား၍ မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ · စစ်မှုထမ်းသင်တန်းဆင်း လူ ၁ သိန်းကျော်ထဲမှ ၁ ဦးကို မလေးရှားသို့ အလုပ်လုပ်ဖို့ စေလွှတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ပြထားသည်။ · တက္ကသိုလ်ကျောင်းသားများ ၂ နှစ်ကျောင်းနားပြီး စစ်မှုထမ်းခိုင်းမည့်သတင်းကိုလည်း စစ်တပ်က မဟုတ်ဟု ငြင်းပြထားသည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ရောက်လာ · အောက်တိုဘာလ ၁၂ ရက် မနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ Myanmar Convention Center ၌ လုပ်သည့် သွားနှင့်ခံတွင်း ဆရာဝန် (သစ်လွင်) ပြန်တမ်းအရာရှိ လက်မှတ်ထုတ်ပေးပွဲသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ ထို့နောက် နေ့တွင်းချင်းပင် တနင်္သာရီတိုင်း ထားဝယ်မြို့ဘက်သို့ ပြန်ထွက်ခွာသွားသည်။ ထို့နောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာသည်။ သန်လျင်ရေနံချက်စက်ရုံ အပိုင်း ၁ ဖွင့်ပွဲ တက်ပြီး သီလဝါဘက်ရှိ ဆိပ်ကမ်းတချို့နှင့် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port) သို့ ဝင်ကြည့်သွားသည်။ ———— ▪️ဓမ္မာရုံဖျက်သည့်ကိစ္စဖြင့် မဘသများ စုဝေး · ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံကို ဖျက်ပြီး ကားပါကင်နေရာအဖြစ် သုံးမည်ဟူသည့်သတင်းများထွက်ပေါ်လာပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် မဘသအဖွဲ့များ အဆိုပါနေရာသို့ရောက်လာကာ စုဝေးကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ 'အခရာ' လက်ဖက်ရည်ဆိုင်၏ ကားပါကင်အဖြစ်သုံးမည်ဟု သတင်းများပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်သားနှင့် ရဲများ ရောက်လာကာ လုံခြုံရေးယူခဲ့ပြီး ၎င်းတို့ကြား အခြေအနေတင်းမာခဲ့သည်။ ———— ▪️မအလစစ်တပ်-ရုရှား ရေတပ်ချင်း ဆွေးနွေးပွဲလုပ် · အကြမ်းဖက် စစ်တပ်နှင့် ရုရှားနိုင်ငံတို့ ပထမအကြိမ် ရေတပ်ချင်းတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ခဲ့သည်ဟု စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အဆိုပါ ရုရှားရေတပ်အဖွဲ့ ပြန်သွားကြသည်။ ———— ▪️ရွှေ ဒေါ်လာ ရောင်းဝယ်သူများကို လိုက်ဖမ်း · ပြီးခဲ့သည့်အပတ်ထဲ အမေရိကန်ဒေါ်လာဈေး ထိုးတက်သွားပြီးနောက် ရွှေ၊ USDT ၊ ကန်ဒေါ်လာ အရောင်းအဝယ်လုပ်သူများထဲမှ နာမည်ကြီးသူများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း Khit Thit မှ သိရှိရသည်။ ဈေးကစားသည်ဟု စွပ်စွဲပြီး စသုံးလုံး၊ ရဲနှင့် ထောက်လှမ်းရေးများက နေအိမ်ထိ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖုန်း ဘဏ်စာအုပ်များပါ သိမ်းယူသွားကြောင်း သိရသည်။ ———— ▪️တရုတ်ပါတီနှင့် စစ်တပ်ပါတီများတွေ့ · တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့နှင့် အကြမ်းဖက်စစ်တပ်နောက်လိုက် ပါတီများဖြစ်သည့် ကြံ့ဖွံ့၊ တစည၊ PPP အပါအဝင် ပါတီ ၉ ပါတီတို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် Lotte Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ———— ▪️ရာသီဥတုပူပြင်းမှုကြောင့် သေဆုံးသူများ ရှိလာ · နေ့အပူချိန် မြင့်တက်လာပြီးနောက် ရန်ကုန်မြို့ထဲ လမ်းပေါ်သွားလာနေရင်း ရုတ်တရက်လဲကျ သေဆုံးသူများ ရှိလာကြောင်း မီဒီယာသတင်းများမှ သိရသည်။ ဆူးလေလမ်းဆုံ၊ သန်လျင်မြို့မဈေး၊ ဘုရင့်နောင်ကားဝင်းတို့၌ ဖြစ်ပွားခဲ့သည်။ ———— ▪️အဆောက်အဦးများကို ဆိုလာစနစ်တပ်ခိုင်း · နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ရန်ကုန်မြို့တွင်း ဆောက်လုပ်ဆဲအဆောက်အဦးများထဲမှ ဓာတ်လှေကားပါသည့် အဆောက်အဦးများနှင့် စီးပွားရေးသုံးအဆောက်အဦးများတွင် ဆိုလာစနစ် မဖြစ်မနေတပ်ဆင်ရမည်ဟု စစ်ကောင်စီ စည်ပင်ဌာနက ညွှန်ကြားချက်ထုတ်ထားကြောင်း သိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ 19 Oct 2026 #RangoonScoutNetwork #YGN_weekly
1 743
11
🆕 DAILY HIGHLIGHTS (16-18 OCT 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ အမေရိကန်နဲ့ မြန်မာစစ်အုပ်စု တိုကျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ခဲ့ဟု သတင်းထွက်ပေါ် – AT အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကြားမှ အီရန်က မြန်မာနိုင်ငံသို့ ဂျက်လေယာဉ်ဆီများ တင်ပို့နေ – KT တိုင်းရင်းသားများအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို အကြမ်းဖက် စစ်တပ်နှင့် ဆွေးနွေးရှာဖွေကြရန် တရုတ်ပြော – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ EAO အဖွဲ့များ ငြိမ်းချမ်းရေးယူပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် စစ်အာဏာရှင်ပြော – DVB ———— 💵 စီးပွားရေးထူးခြားသတင်းများ အမေရိကန်ဒေါ်လာ၊ USDT နှင့် ရွှေစျေးနှုန်းမြင့်တက်လာမှုကြောင့် စျေးကစားသည်ဟုဆိုကာ နာမည်ကြီး ကျော်ဇော အရောင်းအဝယ်သမားများကို လိုက်လံဖမ်းဆီး – KT ငွေကျပ် ၅ သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမည်မဟုတ်ဟု စကစ ငြင်းဆို – KT အခြေခံစားကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် လုပ်ငန်းရှင်သူဌေးများနှင့် အဖွဲ့ဖွဲ့မည် – AT ———— ➕ အခြားထူးခြားသတင်းများ ထိုင်းတွင် မြန်မာအလုပ်သမား ၄ ဒသမ ၁ သန်းရှိဟု ထိုင်းအလုပ်သမား၀န်ကြီးဌာန ထုတ်ပြန် – DVB ၅၅ မြို့နယ်ကို အရေးပေါ်အခြေအနေ သက်တမ်း ထပ်တိုး – TI မြန်မာနိုင်ငံက စိတ်ကြွဆေးဝါး အဓိက ထုတ်လုပ်ပေးနေသည့် ကမ္ဘာ့ အချက်အချာနေရာကြီးဖြစ်လာ – KT #RangoonScoutNetwork
1 302
12
🔴 မြေနီကုန်းမြောက်ဘက် ဧည့်စစ် ယနေ့ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ရှမ်းကုန်းလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်တဝိုက် အကြမ်းဖက်တပ်သားများနှင့် အုပ်ကြီးအဖွဲ့များ ဧည့်စစ်‌ဝင်နေကြောင်း သိရှိရသည်။ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီး၊ အရပ်ကား ၂ စီးပါသည်။ Source: RSG 18 Oct 2026 #RangoonScoutNetwork
935
13
⚫️ အုပ်ကြီးအဖွဲ့က နာရေးကားဖြင့် ပေါ်တာဆွဲပြီး ပိုက်ဆံဖြင့် ပြန်ရွေးထုတ်ခိုင်း အောက်တိုဘာလ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဗဟိုလမ်းနှင့် ဘုရင့်နောင်လမ်းအနီး ယောကျ်ားလေး ၁ ဦး လမ်းလျှောက်ပြန်လာနေစဉ် နာရေးပရဟိတကားဖြင့် လှိုင် ၁၅ ရပ်ကွက်အုပ်ကြီး ဝင်းမြင့်နှင့်အဖွဲ့က ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း Khit Thit မှ သိရှိရသည်။ ထို့နောက် လူငယ်၏ အိမ်သို့ဆက်သွယ်ပြီး စစ်မှုထမ်းထဲ ထည့်မည်ဟုခြိမ်းခြောက်ပြီး ပြန်ရွေးလိုပါက ကျပ်သိန်း ၃၀ ပေးရမည်ဟု တောင်းသည်။ မိသားစုက ငွေကြေးမတတ်နိုင်သောကြောင့် တောင်းပန်ညှိနှိုင်း၍ ကျပ်သိန်း ၂၀ ဖြင့် အုပ်ကြီးဝင်းမြင့်နေအိမ်မှ ပြန်ရွေးထုတ်ခဲ့ကြရသည်။ လူငယ်မှာ လှိုင်မြို့နယ် ၁၅ ရပ်ကွက်ထဲ နေထိုင်သူဖြစ်ပြီး နယ်မှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။ ၎င်းအုပ်ကြီးဝင်းမြင့်နှင့်အဖွဲ့မှာ လှိုင်မြို့နယ်တဝိုက် မကြာခဏလူလိုက်ဆွဲနေသည့်အဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။ Source: Khit Thit 18 Oct 2026 #RangoonScoutNetwork
1 358
14
⚫️ ရဲစခန်းအနီး လူငယ်ကို ရိုက်နှက်ဖမ်းဆီး၊ လူငယ်က အော်ဟစ်အကူအညီတောင်း အောက်တိုဘာလ ၉ ရက် နေ့ခင်း ၃ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရဲစခန်းအနီး ကားမှတ်တိုင်နား၌ ယောကျ်ားလေး ၁ ဦး (အသက် ၂၃ နှစ်ခန့်၊ အသားဖြူ) ကားတစီးပေါ်တက်ပြီး ထွက်ပြေးဖို့လုပ်နေစဉ် အကြမ်းဖက်ရဲများက ဖမ်းဆီးလိုက်ပြီး ဝိုင်းဝန်းရိုက်နှက်ကြကြောင်း DVB မှ သိရှိရသည်။ စစ်မှုထမ်းဖို့အတွက် ရဲစခန်းသို့ ဖမ်းဆွဲခေါ်လာရာမှ ထွက်ပြေးသောကြောင့် ပြန်လိုက်ဖမ်းခြင်းဖြစ်ကြောင်း သိရသည်။ လူငယ်က "ကျွန်တော့ကို မတရားဖမ်းလာတာပါ၊ ကျွန်တော့ကို ပေါ်တာဆွဲလာတာပါ" ဟု အော်ဟစ်အကူအညီတောင်းနေခဲ့သည်။ ကားမှတ်တိုင်ရှိ လူများကို ရဲများက သေနတ်ဖြင့်ချိန်၍ လိုက်ကြည့်နေခဲ့သည်။ ထို့နောက် လူငယ်ကို ရဲစခန်းထဲ ပြန်ဆွဲခေါ်သွားကြကြောင်း သိရသည်။ Source: DVB 17 Oct 2026 #RangoonScoutNetwork
2 397
15
▪️ပေါ်တာဆွဲနေသည့်အရပ်ဝတ်များကို အနီးအနားရှိဒေသခံများက ဝိုင်းရိုက်ပြီး လူငယ်ကို ကယ်ထုတ် အောက်တိုဘာလ ၁၅ ရက် ညဦးပိုင်းအချိန်တွင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်၊ ရှေးဟောင်းခုနှစ်ဆူဘုရားအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၅ နှစ်ဝန်းကျင်) လမ်းလျှောက်သွားလာနေစဉ် အရပ်ဝတ် ၃ ယောက် ဝင်ဆွဲဖမ်းနေသည်ကို အနီးအနားရှိ ဒေသခံ ၅ ဦးက မြင်၍ ၎င်းအရပ်ဝတ်များကို ဝိုင်းထိုးကြိတ်ရိုက်နှက်လိုက်ကြပြီး ယောကျ်ားလေးကို ကယ်ထုတ်နိုင်လိုက်ကြကြောင်း MPA မှ သိရှိရသည်။ ပြီးနောက် အရပ်ဝတ်များ ကားပေါ်တက် မောင်းပြေးသွားကြသည်။ ကယ်ထုတ်ခဲ့သူများလည်း ပြဿနာတက်မည်စိုး၍ လူငယ်ကို ကားပေါ်တင်၍ ဆန့်ကျင်ဘက်သို့ ချက်ချင်းမောင်းသွားခဲ့ရသည်။ ထို့နောက် လုံခြုံသည့်နေရာတွင် လူငယ်ကို တက္ကစီကားပေါ်တင်ပေးပြီး အိမ်ပြန်ပို့ပေးလိုက်ကြသည်။ Source: MPA 17 Oct 2026 #RangoonScoutNetwork
1 771
16
⚫️ အင်းစိန်ကုန်းကျော်တံတားအနီး သွားလာနေသည့်လူငယ်ကို အရပ်ဝတ်များ ဆွဲခေါ်သွား ယနေ့ အောက်တိုဘာလ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ကုန်းကျော်တံတားအတက်နား (စော်ဘွားကြီးကုန်းဘက်မှ အင်းစိန်ဈေးဘက်အသွား) ယောကျ်ားလေး ၁ ဦး (အသက် ၂၅ နှစ်ဝန်းကျင်၊ အသားဖြူ၊ ပိန်၊ လွယ်အိတ်ပါ) လမ်းလျှောက်သွားလာနေစဉ် အရပ်ဝတ် ၃ ယောက်က ဖမ်းချုပ်ပြီး ကုန်းတံတားအောက် လမ်းသုံးခွဆုံအနီး ရပ်ထားသည့် ၎င်းတို့ကား (Toyota Corolla အဖြူရောင်) ဘက်သို့ ဆွဲခေါ်သွားကြကြောင်း သတင်းရရှိသည်။ အဆိုပါကားမှာ ဈေးကုန်းအနောက်ရပ်ကွက်အုပ်ကြီး (တရုတ်ကြီး) ၏ ကားဖြစ်ပြီး ကားထဲ ၎င်း၏ တပည့်လူမိုက်အဖွဲ့ စုစုပေါင်း ၆ ယောက်ခန့်ပါလေ့ရှိသည်ဟု သိရသည်။ ၎င်းအဖွဲ့သည် ၁ ပတ်လျှင် ၃ ရက်ခန့် အင်းစိန်ကုန်းကျော်တံတားအောက် ကားရပ်ပြီး အဆိုပါနေရာတဝိုက် လူလိုက်ဆွဲလေ့ရှိသည်။ တခါတရံ Honda Fit ကား ၊ လူနာတင်ယာဉ်များ သုံးတတ်ကြောင်းလည်း သိရသည်။ 16 Oct 2026 #RangoonScoutNetwork
1 768
17
🔴 စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘက် ဧည့်စစ် ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ဟုမ်းလမ်း ၂ လမ်းထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – RSG 16 Oct 2026 #RangoonScoutNetwork
1 605
18
🆕 DAILY HIGHLIGHTS (9-15 OCT 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ အမြင့်ကျွန်းကစစ်စခန်း နှစ်ခုကို AA ထပ်သိမ်း – PS ———— 🔍 နိုင်ငံရေးထူးခြားသတင်းများ SCEF နှင့် AA ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံပြီး လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေများ ဆွေးနွေး – KT KNU ၊ CNF နှင့် ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် မင်းအောင်လှိုင် ဖိတ်ခေါ်၊ PDF များ စစ်တပ်ဘက် ပြောင်းလာရန် စည်းရုံး – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ ငွေတိုက်စာချုပ်နှင့် လက်မှတ်များကို ကျပ် ၁၄ ထရီလီယံနီးပါး ထုတ်ရောင်းပြီး ဗဟိုဘဏ်ထံမှ ငွေကျပ် ၂၁၀၀ ဘီလီယံ ထပ်ချေးယူမည် – KT ကျပ်ငွေတန်ဖိုးများ တဟုန်ထိုးကျဆင်းပြီး အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၄၇၅၀ ကျပ်အထိ တရှိန်ထိုး မြင့်တက်လာ – KT မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူနှင့် ဆင်းရဲတွင်းသို့ ကျရောက်နိုင်ခြေရှိသူ ပြည်သူ ၃၇ သန်းကျော်ရှိလာဟု ကုလသမဂ္ဂက သတိပေး – KT ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက် – KT အိမ်သုံးဂက်စ် စျေးတက်ပြီး ပစ္စည်းပြတ်၊ဝယ်ရခက်နေ – BBC အနောက်နိုင်ငံများ၏ မြန်မာ့သစ် ဝယ်ယူမှု ၉၈ ရာခိုင်နှုန်းကျော် ကျဆင်း – KT ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ဒုဝန်ကြီး အေးထွန်း အနားပေးခံရ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဇော်မြင့်နိုင် နှင့် ပညာရေးဒုဝန်ကြီး ဇော်မြင့်တို့ပါ ရာထူးမှ အနားယူရ – KT ရာပြည့်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်၊ လေတပ်ချုပ် ထွန်းအောင်ကို ရာထူးမှ ဖယ်ရှား၊ စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်များကို အပြောင်းအရွှေ့ အနားပေးမှုများ ပြုလုပ် – KT ———— 🚩 စစ်မှုထမ်းသတင်း စစ်မှုထမ်းမဲပေါက်ထားပါက တက္ကသိုလ်ကျောင်းသားဆိုလျှင် ကျောင်းယာယီရပ်နား၍ ၂ နှစ်စစ်မှုထမ်းဆောင်ရမည်ဟု ညွှန်ကြား – KT ———— ➕ အခြားထူးခြားသတင်းများ မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ဆွတ်ခူး – MPA အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ ဖုန်းယူဆောင်ခွင့်ပိတ်၊ ဆရာဆရာမတွေစာသင်ချိန်ဖုန်းမသုံးရ စတင် – BBC #RangoonScoutNetwork
2 236
19
🔴 အရှေ့ဒဂုံမြို့နယ် ၂ ရပ်ကွက်ထဲ ဧည့်စစ်လူရှာသွား အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်မှ နောက်နေ့ မနက် ၃ နာရီခန့်ထိ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၂ ရပ်ကွက်ထဲ ဧည့်စစ်ဝင် လူရှာသွားကြောင်း သတင်းရရှိသည်။ အသေးစိတ် မေးမြန်းသွားသည်။ အကြမ်းဖက် စစ်သား ရဲ လဝက အုပ်ကြီးအဖွဲ့ ကြက်ခြေနီ မီးသတ် အဖွဲ့စုံပါသည်။ ဧည့်စာရင်း မတိုင်ထားသူများကို မနက် လဝကရုံးလာခိုင်းပြီး ဒဏ်ကြေး ကျပ် ၃ သောင်း ပေးခိုင်းသည်။ 14 Oct 2026 #RangoonScoutNetwork
1 612
20
▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာပြန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာသည်။ သန်လျင်ရေနံချက်စက်ရုံ အပိုင်း ၁ ဖွင့်ပွဲ တက်ပြီး သီလဝါဘက်ရှိ ဆိပ်ကမ်းတချို့သို့ ဝင်ကြည့်သွားကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရန်ကုန်သို့ မနက်ပိုင်းတဖြတ်လာသွားခဲ့ပြီး ထားဝယ်သို့ထွက်သွားပြီးနောက် ယနေ့ ပြန်ရောက်လာခြင်းဖြစ်သည်။ 14 Oct 2026 #RangoonScoutNetwork
2 856