uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

RSN WEB

RSN WEB

Kanalga Telegram’da o‘tish

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Ko'proq ko'rsatish
7 116
Obunachilar
Ma'lumot yo'q24 soatlar
-167 kun
-7630 kun

Ma'lumotlar yuklanmoqda

Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Noy '26
Noyabr '26
+25
12 kanalda
Oktabr '26
+56
12 kanalda
Get PRO
Sentabr '26
+92
21 kanalda
Get PRO
Avgust '26
+60
12 kanalda
Get PRO
Iyul '26
+76
14 kanalda
Get PRO
Iyun '26
+45
13 kanalda
Get PRO
May '26
+64
14 kanalda
Get PRO
Aprel '26
+17
13 kanalda
Get PRO
Mart '26
+15
14 kanalda
Get PRO
Fevral '26
+19
14 kanalda
Get PRO
Yanvar '26
+36
17 kanalda
Get PRO
Dekabr '25
+48
16 kanalda
Get PRO
Noyabr '25
+53
18 kanalda
Get PRO
Oktabr '25
+51
15 kanalda
Get PRO
Sentabr '25
+54
17 kanalda
Get PRO
Avgust '25
+72
22 kanalda
Get PRO
Iyul '25
+78
20 kanalda
Get PRO
Iyun '25
+95
21 kanalda
Get PRO
May '25
+88
22 kanalda
Get PRO
Aprel '25
+81
19 kanalda
Get PRO
Mart '25
+109
26 kanalda
Get PRO
Fevral '25
+214
20 kanalda
Get PRO
Yanvar '25
+436
24 kanalda
Get PRO
Dekabr '24
+655
30 kanalda
Get PRO
Noyabr '24
+649
30 kanalda
Get PRO
Oktabr '24
+107
17 kanalda
Get PRO
Sentabr '24
+201
22 kanalda
Get PRO
Avgust '24
+385
24 kanalda
Get PRO
Iyul '24
+197
20 kanalda
Get PRO
Iyun '24
+171
23 kanalda
Get PRO
May '24
+153
22 kanalda
Get PRO
Aprel '24
+242
21 kanalda
Get PRO
Mart '24
+388
27 kanalda
Get PRO
Fevral '24
+774
29 kanalda
Get PRO
Yanvar '24
+298
19 kanalda
Get PRO
Dekabr '23
+554
24 kanalda
Get PRO
Noyabr '23
+406
26 kanalda
Get PRO
Oktabr '23
+165
26 kanalda
Get PRO
Sentabr '23
+75
0 kanalda
Get PRO
Avgust '23
+105
0 kanalda
Get PRO
Iyul '23
+94
0 kanalda
Get PRO
Iyun '23
+65
0 kanalda
Get PRO
May '23
+72
0 kanalda
Get PRO
Aprel '23
+66
0 kanalda
Get PRO
Mart '230
0 kanalda
Get PRO
Fevral '230
0 kanalda
Get PRO
Yanvar '230
0 kanalda
Get PRO
Dekabr '220
0 kanalda
Get PRO
Noyabr '220
0 kanalda
Get PRO
Oktabr '220
0 kanalda
Get PRO
Sentabr '220
0 kanalda
Get PRO
Avgust '220
0 kanalda
Get PRO
Iyul '22
+6
0 kanalda
Get PRO
Iyun '22
+17
0 kanalda
Get PRO
May '22
+14
0 kanalda
Get PRO
Aprel '22
+71
0 kanalda
Get PRO
Mart '220
0 kanalda
Get PRO
Fevral '220
0 kanalda
Get PRO
Yanvar '22
+2
0 kanalda
Get PRO
Dekabr '21
+19
0 kanalda
Get PRO
Noyabr '21
+207
0 kanalda
Get PRO
Oktabr '21
+934
0 kanalda
Get PRO
Sentabr '21
+274
0 kanalda
Get PRO
Avgust '21
+157
0 kanalda
Get PRO
Iyul '21
+497
0 kanalda
Get PRO
Iyun '21
+390
0 kanalda
Get PRO
May '21
+15 106
0 kanalda
Get PRO
Aprel '21
+4 854
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
12 Noyabr+2
11 Noyabr+4
10 Noyabr0
09 Noyabr+5
08 Noyabr0
07 Noyabr+2
06 Noyabr+2
05 Noyabr+3
04 Noyabr+3
03 Noyabr+3
02 Noyabr0
01 Noyabr+1
Kanal postlari
🔴 မြောက်ဒဂုံ၊ ၄၁ ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ ပဒေသရာဇာလမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အဖွဲ့စုံ အင်အား ၂၀ ကျော်ပါသည်။ 12 Nov 2026 #RangoonScoutNetwork

2
🆕 DAILY HIGHLIGHTS (9-11 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာရှိစခန်းနှင့် တပ်ရင်းနေရာများစစ်တပ်ထံ လက်လွှတ်ရ – MN ကာကွယ်ရေး ဘတ်ဂျက် ကျပ် ဘီလျံ တစ်သောင်းကျော်ရှိလာ – BBC ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ် – BBC ထိုင်းနိုင်ငံခြားရေး၀န်ကြီးရဲ့နေပြည်တော်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့မရှိ – BBC အာဆီယံထိပ်သီးစည်းဝေးပွဲ နေပြည်တော်ညွှန်ချုပ်အဆင့်သာ တက်ခွင့်ရ – BBC ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၄ ဒသမ ၂ သန်းရှိပြီး မြန်မာအလုပ်သမားက အရေအတွက် ၃ ဒသမ ၃၃ သန်းဖြင့် အများဆုံးဖြစ်နေဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် – KT အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ မဟုတ်ရင် မြန်မာစစ်ရှောင်တွေကို ဝင်ရောက်ခွင့် မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော – PS ဦးဝင်းမြင့်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ဂျာမနီသံရုံး ယာယီတာဝန်ခံ ကို စစ်တပ်ခေါ်သတိပေး – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ ရွှေဈေး ကျပ် ၁၀၃သိန်း ကျော်လာ – PS ဘဏ်ထဲ ကိုယ်ပိုင်အပ်နှံငွေကိုအကန့်အသတ်နဲ့သာထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဝန်ခံ – BBC မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိလာဟုဆို – KT ———— ☢️ နျူကလီးယား နျူဓာတ်အားပေးစက်ရုံနေရာ ရုရှားနဲ့ ညှိနှိုင်းနေတယ်လို့ နေပြည်တော်ပြော – BBC ———— ➕ အခြားထူးခြားသတင်းများ ပြည်ပရောက်မြန်မာတွေ ၂၅ ရာခိုင်နှုန်း မိသားစုကိုလွှဲထားကြောင်း ၃ လစာ မပြနိုင်ရင် ပက်စပို့သက်တမ်းတိုးခွင့်မရ – BBC #RangoonScoutNetwork
767
3
⚫️ စမ်းချောင်းတောင်ဘက် ဧည့်စစ်ပြီး လူဖမ်းခေါ်သွား နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (တောင်) ရပ်ကွက်၊ ဆီဆုံလမ်းထဲ အကြမ်းဖက်တပ်သား၊ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ပြန်အထွက် စည်ပင်ရုံ အမှိုက်ကန်ဘက် လမ်းလျှောက်သွားလာနေသည့် စည်ပင်ဝန်ထမ်း ၁ ဦးကို ဖမ်းခေါ်သွားကြကြောင်း သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း စမ်းချောင်း (တောင်) ရပ်ကွက်ထဲ ဧည့်စစ်ဝင်ခဲ့ပြီး လူ ၁ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ကနဦးသိရှိထားရသည်။ Source: Sanchaung Scout Channel 11 Nov 2026 #RangoonScoutNetwork
403
4
🔴 အရှေ့ဒဂုံ၊ ၁၁ ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီခန့်တွင် အရှေ့ဒဂုံမြို့နယ်၊ ၁၁ ရပ်ကွက်၊ ဦးဘခင်လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အကြမ်းဖက်တပ်သားများနှင့် အုပ်ကြီးအဖွဲ့များပါပြီး အိမ်ရှေ့ လူထွက်ပြရကြောင်း သိရသည်။ 11 Nov 2026 #RangoonScoutNetwork
768
5
⚫️ လှိုင်၊ ၁၆ ရပ်ကွက်ထဲ စစ်မှုထမ်းအတွက် နေအိမ်ထိလိုက်ဆွဲ နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၁၀ လမ်းထဲ အကြမ်းဖက်တပ်သား၊ ထွေအုပ်အဖွဲ့၊ ရပ်ကွက်အုပ်ကြီးအဖွဲ့များ အစစ်အဆေးဝင်ပြီး ယောက်ျားလေး ၁ ဦး (အသက် ၂၈ နှစ်ခန့်) ကို စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ထို့ပြင် မာလာမြိုင် ၇၊ ၈၊ ၉ လမ်းများထဲလည်း အစစ်အဆေးဝင်သွားခဲ့သေးကြောင်း သိရသည်။ အဆိုပါညတွင် ၁၆ ရပ်ကွက်ထဲမှ စုစုပေါင်း လူ ၆ ဦးခန့်ကို ဖမ်းခေါ်သွားကြောင်း ကနဦးသိထားရပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။ Source: RSG 11 Nov 2026 #RangoonScoutNetwork
760
6
🔴 ကျောက်တံတား၊ ၇ ရပ်ကွက် ဧည့်စစ် ယ‌နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ၇ ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက် (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ အုပ်ကြီးအဖွဲ့နှင့် အကြမ်းဖက်တပ်သားများပါသည်။ Source: Botahtaung Scout Channel 10 Nov 2026 #RangoonScoutNetwork
524
7
🔴 စမ်းချောင်း၊ ကျွန်းတောအလယ်ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ပုသိမ်လမ်းပေါ် ကျွန်းတောလမ်းအထွက်ဘက်တဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီးပါသည်။ Source: RSG 09 Nov 2026 #RangoonScoutNetwork
620
8
⚫️ လှိုင်မြို့နယ်တွင် နေအိမ်ထဲကော လမ်းပေါ်ပါ လူလိုက်ဆွဲ နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးအေး ၄ လမ်းထဲသို့ စစ်ကား ၃ စီးနှင့် အရပ်ကားများဖြင့် အကြမ်းဖက်တပ်သားများ ရောက်လာပြီး ယောက်ျားလေး ၂ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) ကို ‌စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်ထဲ ဝင်ဖမ်းခေါ်သွားကြောင်း RSG မှ သိရှိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ ညဘက်တွင်လည်း ဦးအေး ၆ လမ်းနေ အမျိုးသား ၁ ဦးကို အရက်မူးနေသည်ဟုဆိုပြီး ဆိုင်ကယ်ဖြင့်ပတ်နေသည့် ရဲများက ဖမ်းခေါ်သွားကြောင်း သိရသည်။ ထို့ပြင် နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သစ္စာလမ်းနေ ယောက်ျားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ကို ရပ်ကွက်အုပ်ကြီးနှင့်အဖွဲ့က နေအိမ်ထဲ ဝင်ဖမ်းခေါ်သွားခဲ့ကြောင်း MPA မှ သိရှိရသည်။ ထိုနေ့ညမှာပင် မာလာလမ်းနေ ယောက်ျားလေ ၁ ဦး ဆေးခန်းသွားပြဖို့အတွက် အိမ်မှထွက်လာစဉ် ပန်းခြံကျောင်းလမ်းထဲ၌ ဆွဲဖမ်းခံခဲ့ရကြောင်းလည်း သိရသည်။ Source: RSG, MPA 09 Nov 2026 #RangoonScoutNetwork
1 478
9
⚫️ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် လမ်းသွားလမ်းလာ လူငယ်ကို ဆွဲဖမ်းသွား နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် အိုးဘိုလမ်းထိပ်အနီး ယောကျ်ားလေး ၁ ဦး လမ်းလျှောက်သွားလာနေစဉ် အကြမ်းဖက်ရဲနှင့် အရပ်ဝတ်များ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ အဆိုပါနေရာအနီး ရဲလှည့်ကင်းကား ၊ အရပ်ကား ၁ စီးရပ်ပြီး ၎င်းတို့အဖွဲ့ရှိနေစဉ် လူငယ်ကိုတွေ့ပြီး ဆွဲဖမ်းသွားခြင်းဖြစ်သည်။ လူငယ်က အော်ဟစ်အကူအညီတောင်း ရုန်းကန်လို့ဆိုကာ ဝိုင်းထိုးကြိတ်ခဲ့ကြကြောင်းလည်း သိရသည်။ 09 Nov 2026 #RangoonScoutNetwork
970
10
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 2-8, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️ဗိုလ်ချုပ်ဈေးရှေ့ သပိတ်လှုပ်ရှားမှုလုပ် · ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့တွင် "FREE HER, FREE THEM ALL" စာတန်းကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ထုတ်ပြန်ကြေညာထားသည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၅ မြို့နယ် မှ လူ ၈ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ‌တောင်ဒဂုံ (၁ ဦး)၊ သာကေတ (၂ ဦး)၊ စမ်းချောင်း (၁ ဦး)၊ တာမွေ (၁ ဦး) နှင့် လှိုင် (၃ ဦး) တို့ဖြစ်သည်။ ထိုထဲမှ ၆ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ကာ ၁ ဦးကို ဘေးလူများဝိုင်းကယ်နိုင်လိုက်ပြီး ၁ ဦး ရုန်းကန်ထွက်ပြေးနိုင်လိုက်သည်။ ကျန် ၂ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံရခြင်းဖြစ်သည်။ · ထို့ပြင် နိုဝင်ဘာလ ၁ ရက်နေ့တွင် သန်လျင်မြို့နယ်၊ ရေတပ်စခန်းအနီး၌ လူငယ် ၁ ဦးကို လူတစုက ကားပေါ်ဆွဲတင်ခဲ့ပြီး လူငယ်က ရုန်းကန်ထွက်ပြေးနိုင်လိုက်ကြောင်း သိရသည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ရောက် · အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြီးခဲ့သည့်အပတ်ထဲ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံ၌ လုပ်သည့် ဒီပါဝလီပွဲ၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝန်းကျင်နှင့် ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေသို့ လည်ပတ်သွားသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်၊ လှိုင်သာယာမြို့နယ် ၈ ရပ်ကွက် နှင့် ၁၅ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ၃၄ မြေတိုင်းရပ်ကွက်နှင့် ၃၁ မြေတိုင်းရပ်ကွက်တို့ထဲ လှည့်ပတ်ကြည့်သွားသည်။ ထို့နောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ YCC ခန်းမ၌ လုပ်နေသည့် ရိုးရာပွဲဈေးထဲ ဝင်ကြည့်သွားသည်။ ၎င်းမိန်းမ ကြူကြူလှလည်းပါသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် တာမွေ၊ စမ်းချောင်း၊ ဒေါပုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်မြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မလေးရှားမှ ပြန်ပို့ခံရသူအချို့ကို စစ်မှုထမ်းခိုင်းဟု ဆို · မလေးရှားမှ ပြန်ပို့ခံရသူများ (စုစုပေါင်း ၁၄၇၆ ဦး) ထဲမှ သန်လျင်မြို့နယ် သာသနာ့ဗိမာန်ထဲ ထိန်းထားခံရသည့် ရခိုင်လူမျိုးအချို့ကို စစ်မှုထမ်းဖို့ ရောင်းစားမှုများ ရှိနေကြောင်း Thanlyin Media မှ သိရှိရသည်။ သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး အာကာကျော်နှင့် အမှုထမ်းရပ်ကွက်အုပ်ကြီး ကျော်ဇင်လတ် (သန်လျင်မြို့နယ် YMBA အဖွဲ့ ဥက္ကဋ္ဌ) တို့ ပူးပေါင်းလုပ်နေသည်ဟု သိရသည်။ တဦးလျှင် ကျပ်သိန်း ၄၀ ခန့်စီဖြင့် ရောင်းစားနေသည်ဟု ဆိုသည်။ ———— ▪️တိုင်း လုံ/နယ်ကို လူလဲ · အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကို နေရာဖယ်ခိုင်းပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို အစားထိုးနေရာပေးလိုက်ကြောင်း သိရှိရသည်။ အာဏာသိမ်းပြီးချိန်မှစကာ အဆိုပါနေရာကို ဝင်းတင့် ရထားခဲ့ပြီး ယခုမှ ဖယ်ခံလိုက်ရခြင်းဖြစ်ကြောင်း DVB မှ သိရှိရသည်။ ———— ▪️ရပ်ကွက်အုပ်ကြီး ရွေးပွဲလုပ်ပြ · နိုဝင်ဘာလထဲ ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးအသစ် ရွေးပွဲများလုပ်ဖို့ ပြင်ဆင်နေကြသည်။ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ လှိုင်မြို့နယ်တို့ထဲ အဆိုပါအုပ်ကြီးရွေးပွဲလုပ်ဖို့အတွက် သန်းခေါင်စာရင်းများ လိုက်ကောက်ပြီး အစည်းအဝေးများလည်း လုပ်သွားကြောင်း သိရသည်။ ရပ်မိရဖ၊ ဆယ်အိမ်မှူး ရာအိမ်မှူး အုပ်ချုပ်ရေးမှူး ဟူ၍ အဆင့်ဆင့်ရွေးမည်ဟု ဆိုသည်။ ———— ▪️စက်သုံးဆီရောင်းချမှု ရုတ်တရက် လျော့ကျ · ပြီးခဲ့သည့်သီတင်းပတ်ထဲ စက်သုံးဆီ ရောင်းချမှု ရုတ်တရက်လျော့ကျသွားခဲ့၍ ဆီဆိုင်များရှေ့ ယာဉ်တန်းရှည် တန်းစီစောင့်ခဲ့ရခြင်းများ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်သုံးဆီ ၄ မျိုးလုံး (92 ၊ 95 ၊ ဒီဇယ် နှင့် ပရီမီယံဒီဇယ်) အပြည့်အစုံရောင်းချနိုင်သည့်ဆိုင် နည်းပါးခဲ့ပြီး ဆိုင်အများစုမှာ ၂ မျိုးစီလောက်သာ ရောင်းချနိုင်ခဲ့သည်။ · စက်သုံးဆီဆိုင်ပေါင်း ၂၀ ကို မသမာသည့်နည်းလမ်းဖြင့် ရောင်းအားမြင့်ခဲ့သည်ဟုဆိုပြီး အရေးယူထားကြောင်းလည်း နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မူရင်း QR ကုဒ်ကို scan ဖတ်ခြင်းမပြုဘဲ ယာဥ်နံပတ်များအားရိုတ်ထည့်ကာ ရောင်းအားတုပြပြီး ဆီဝယ်ယူခွင့် (Po) ပိုရအောင် လုပ်နေသည်ဟု ဆိုသည်။ 09 Nov 2026 #RangoonScoutNetwork #YGN_weekly
1 254
11
🆕 DAILY HIGHLIGHTS (4-8 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ဘောစဲခိုဒေသရှိ KNU သိမ်းပိုက်ထားသည့် တပ်စခန်း ၂ ခုကို စစ်အာဏာရှင်တပ်က ပြန်သိမ်း – DVB ———— 🔍 နိုင်ငံရေးထူးခြားသတင်းများ စစ်အာဏာရှင်ကိုယ်စားလှယ်နှင့် ‘ဝ’ အဖွဲ့တို့ ပန်ဆန်းတွင် တွေ့ဆုံ – DVB ၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာပြီး ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ “ဝ” ပြော – BBC အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ် ၅၆ ခုအနက် ၉ ခုနှင့် အခြားမြို့နယ် ၂၅ ခု၊ စုစုပေါင်း မြို့နယ် ၃၄ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် သွားမယ် – BBC မြန်မာစစ်ဘေးရှောင် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် EU က လူသားချင်းစာနာမှုအကူအညီ ယူရိုငွေ ၁၆ သန်း ထပ်မံပေးအပ် – KT ———— 💵 စီးပွားရေးထူးခြားသတင်းများ ဒေါ်လာဈေးတက်နေချိန်မှာပဲ ရွှေကို အွန်လိုင်းကနေ ရောင်းခွင့်မပြုကြောင်း ရွှေလုပ်ငန်းရှင်အသင်း ထုတ်ပြော – BBC နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်သူများကို အရေးယူမည်ဟု စစ်တပ် ဗဟိုဘဏ်က ခြိမ်းခြောက်ကြေညာ – KT စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံနီးပါးရှိနေပြီး နိုင်ငံအချင်းချင်း ချေးငွေ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ဖြင့် အများဆုံးဖြစ်နေ – KT ———— ➕ အခြားထူးခြားသတင်းများ ကမ္ဘာကျော် လူသုံးကုန်နှင့် စားသောက်ကုန်ကုမ္ပဏီကြီး Unilever ရှယ်ယာများ ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် – KT #RangoonScoutNetwork
989
12
🔴 လှိုင်၊ ၁၆ ရပ်ကွက် အစစ်အဆေးဝင် ယနေ့ည ၁၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းထဲ အစစ်အဆေးဝင်နေကြောင်း သိရှိရသည်။ စစ် DC ၃ စီးခန့်နှင့် အရပ်ကားများပါသည်။ Source: HSC (Hlaing Scout Channel) 08 Nov 2026 #RangoonScoutNetwork
609
13
⚫️ တာမွေ အမကကျောင်းရှေ့နား လူငယ်ကို ကားပေါ်ဆွဲတင်သွား နိုဝင်ဘာလ ၆ ရက် နေ့ခင်း ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့် အ.မ.က ၁၀ ကျောင်းရှေ့နား ယောကျ်ားလေး ၁ ဦး ရှိနေစဉ် အိမ်စီးကား ၁ စီးဖြင့် အရပ်ဝတ်များ ရောက်လာပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ လူငယ်မှ အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း အနီးဝန်းကျင်မှ လူများ အကူအညီမပေးလိုက်နိုင်ကြောင်း သိရသည်။ Source: RSG 08 Nov 2026 #RangoonScoutNetwork
1 595
14
▪️မင်းအောင်လှိုင် ရန်ကုန်ရောက် ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည်။ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ လုပ်သည့် ဒီပါဝလီပွဲ လာတက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာတဝိုက်နှင့် ၎င်းသွားလာဖို့ရှိသည့် လမ်းကြောင်းတလျှောက်တွင် ယမန်နေ့ကတည်းက အကြမ်းဖက်တပ်သားအများအပြား လုံခြုံရေးချထားခဲ့သည်။ 06 Nov 2026 #RangoonScoutNetwork
2 224
15
🟠 စမ်းချောင်း၊ ကျွန်းတော်အလယ်ရပ်ကွက် ဧည့်စစ်သတိ ယနေ့ည စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ Source: RSG 05 Nov 2026 #RangoonScoutNetwork
1 357
16
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲ ရန+6
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၆၄ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ • ဖမ်းဆီးခံရသူ ၆၄ ဦးအနက် ပြန်လွှတ်လာခဲ့ကြောင်း သိရသူ ၈ ဦး ရှိသည်။ ၉ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၄၇ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။ ———————— ▪️ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ • သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၁ ဦး ရှိခဲ့သည်။ ထိုထဲ ဟင်္သာတခရိုင် တပ်ရေးတာဝန်ခံ ၁ ဦး၊ နွေဦးထီကိုယ်စားလှယ် ၁ ဦးပါသည်။ စစ်တပ်ကို ဆိုရှယ်မီဒီယာပေါ် ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၂ ဦးပါသည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၅၁ ဦး ရှိသည်။ ၈ ဦး ပြန်လွတ်လာပြီး ၂ ဦး စစ်တပ်ဆီပို့ခံလိုက်ရသည်။ ကျန် ၄၁ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရပါ။ လမ်းမပေါ်/လမ်းဘေး/ကားမှတ်တိုင် စသည့်နေရာများ၌ ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်ပြီး အရပ်ကား၊ စစ်ကား၊ ရဲကား၊ လူနာတင်ယာဉ် စသည့်ယာဉ်မျိုးစုံဖြင့် တင်ခေါ်သွားကြသည်။ ရုန်းကန်ထွက်ပြေးနိုင်လိုက်သူ ၂ ဦး နှင့် ပတ်ဝန်းကျင်က ဝိုင်းဟန့်တားပေး၍ လွတ်လာနိုင်ခဲ့သူ ၁ ဦး ရှိခဲ့သည်။ • ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၂ ဦး ရှိခဲ့သည်။ ———————— ▪️အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ • အောက်တိုဘာလထဲ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • ကျောက်တံတား၊ လှိုင်၊ အင်းစိန်၊ မြောက်ဒဂုံ၊ တာမွေ၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ အရှေ့ဒဂုံ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ လမ်းမတော်နှင့် သာကေတမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။ ———————— ▪️စစ်မှုထမ်းသင်တန်း • ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၉ ဦး ရှိသည်။ (အခြား ဖမ်းဆီးခံရသူများထဲတွင်လည်း စစ်မှုထမ်းအတွက် အများအပြားပါနိုင်သေးသည်။) • ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း သိရသည်မှာ ၅ ဦး ဖြစ်သည်။ ၃ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၁ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့သည်။ ———————— ▪️အခြားအဖမ်းအဆီးဖြစ်စဉ်များ • အခြား ရမ်းသမ်းလိုက်ဆွဲဖမ်းသည့်ဖြစ်စဉ်များ ရှိသေးသော်လည်း အချက်အလက်မပြည့်စုံမှုကြောင့် ထည့်သွင်းမတွက်ချက်ထားပါ။ မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကိုလည်း ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။ (ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 05 Nov 2026 #arrest #RangoonScoutNetwork
2 249
17
⚫️ ဆို၊ က၊ ရေး၊ တီး ဝင်ပြိုင်ခဲ့သည့် လူငယ်လေးတဦး ရန်ကုန်အထွက် ကားကြီးဂိတ်အနီး ဖမ်းဆီးခံရ နေပြည်တော်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဝင်ပြိုင်ခဲ့သူ မောင်ခန့်ကိုကိုငြိမ်း (အသက် ၁၅ နှစ်) အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ သူ့နေရပ် ရေနံချောင်းမြို့နယ်သို့ ပြန်ရန် ခရီးသည်တင်ယာဉ်ပေါ်တက်စီးလာစဉ် ကားကြီးဝင်းအထွက် Terminal ရှေ့၌ ကား ၄ စီးခန့်ဖြင့်လူတစု ရုတ်တရက်ရောက်လာကာ ယာဉ်ကို ရပ်ခိုင်းပြီး လူငယ်လေးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ၎င်းလူတစုက မိမိတို့ကိုယ်ကို လဝက၊ စအဖ အဖွဲ့ဝင်များဟု ပြောပြီး ဖမ်းခေါ်သွားခြင်းဖြစ်သည်။ လူငယ်နှင့်အတူ ပြန်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးစန်းမောင်လည်း ဖမ်းခေါ်ခံလိုက်ရသည်။ တပတ်ကျော်ကြာလာသည်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။ လူငယ်လေးမှာ နေပြည်တော်တွင် ပြိုင်ပွဲဝင်ပြိုင်ပြီးနောက် ရန်ကုန်တွင် ဆေးကုသနေသည့် မိခင်ထံ လာကြည့်ပြီး ရေနံချောင်းမြို့နယ်သို့ ပြန်ချိန် ဖမ်းခံလိုက်ရခြင်းဖြစ်သည်။ Source: Khit Thit 05 Nov 2026 #RangoonScoutNetwork
1 231
18
⚫️ သာကေတမြို့နယ်ထဲ လမ်းသွားလမ်းလာလူငယ်များကို မူးယစ်ဆေး အမှုတပ်ပြီး လိုက်ဆွဲ နိုဝင်ဘာလ ၂ ရက်နေ့ နေ့ခင်း ၂ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရန်အောင်မှတ်တိုင်အနီး၌ ညီအကို ယောကျ်ားလေး ၂ ဦး ရှိနေစဉ် အကြမ်းဖက်ရဲများ ရုတ်တရက်ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း သိရှိရသည်။ အကိုဖြစ်သူက အသံကျယ်ဖြင့် အော်ဟစ်ခဲ့သဖြင့် ညီဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကျန်ခဲ့သည့် အကိုဖြစ်သူက အကြမ်းဖက်ရဲများနှင့် အပြန်အလှန်ထိုးကြိတ်ခဲ့သေးပြီး လူအင်အားမမျှ၍ ထိခိုက်ဒဏ်ရာများစွာဖြင့် ဖမ်းဆီးခံလိုက်ရသည်။ မူးယစ်ဆေးသယ်ဆောင်သည်ဟု အမှုတပ်၍ ဝင်ဆွဲခြင်းဖြစ်ပြီး လူငယ် ခန္ဓာကိုယ်ပေါ် ရှာဖွေရာတွင် မည်သည့်မူးယစ်ဆေးမှ မတွေ့ရှိကြောင်း သိရသည်။ Source: MPA 04 Nov 2026 #RangoonScoutNetwork
1 292
19
⚫️ စမ်းချောင်းမြို့နယ်ထဲ စစ်သားများက လူငယ်ကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွား ယနေ့ နိုဝင်ဘာလ ၄ ရက် ည ၇ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း (မြောက်) ရပ်ကွက်၊ သရက်တောလမ်းအပေါ်ဘက် (လင်းလွန်းလမ်းဘက်အနီး) ၌ ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် Honda Insight ကားဖြင့် အကြမ်းဖက်စစ်သား ၂ ယောက် ရုတ်တရက်ရောက်လာပြီး လူငယ်ကို ကားပေါ်ဆွဲတင်ကာ သေနတ်ဖြင့်ထောက်ပြီး ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ "ငါတို့က စရဖကမို့လို့ဖမ်းတာ" ဆိုပြီးလည်း ကားပေါ်မှ အော်ဟစ်သွားကြသည်။ အနီးအနားရှိ ရပ်ကွက်နေပြည်သူများက လိုက်လံတားဆီးဖို့ကြိုးစားသော်လည်း မမှီလိုက်ကြဟု သိရသည်။ Source: Sanchaung Scout Channel 04 Nov 2026 #RangoonScoutNetwork
1 510
20
🆕 DAILY HIGHLIGHTS (1-3 NOV 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ မြန်မာနိုင်ငံက ကမ္ဘာတွင် ဒရုန်းစစ်ဆင်ရေး အပြင်းထန်ဆုံး ဒုတိယနိုင်ငံဖြစ်လာ – KT ———— ⚙️ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပဋိပက္ခ နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာကို ထိုင်းဝန်ကြီးချုပ် အနုတင် တရားဝင် သတိပေး – MKN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ တရုတ် အိန္ဒိယတို့နှင့် နီးကပ်သည့် မြန်မာနိုင်ငံတွင် ဩဇာချဲ့ထွင်ရန် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အမေရိကန် မဟာဗျူဟာချမှတ်ထား – MPA အမေရိကန်၏ မဟာဗျူဟာတွင် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုကို မြေရှားသတ္တုရရှိရေးနှင့် ချိတ်ဆက်ထား – DVB ထိုင်း-မြန်မာ ဆက်ဆံရေး ပျက်အောင် KNU နဲ့ NUG PDF တို့က လုပ်ဆောင်နေကြောင်း မြန်မာစစ်တပ် ကြေညာချက် ထုတ်ပြန် – THN KNU နဲ့ဆက်ဆံတာ လုံးဝ မလုပ်ဖို့ မြန်မာစစ်တပ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေးတဲ့စာထွက်လာ – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ အမေရိကန်တစ်ဒေါ်လာလျှင် ၄၈၄၀ ကျပ်သို့ စျေးထိုးတက်နေပြီး ကျပ်ငွေ တန်ဖိုးကျဆင်းမှု အရှိန်မြင့်လာ – KT ———— 🚩 စစ်မှုထမ်းသတင်း ၁၈ နှစ်အရွယ် Grade 12 ကျောင်းသားများကို စစ်မှုထမ်းဥပဒေ သင်ကြားနေဟု စစ်ကောင်စီ ပညာရေးဒုဝန်ကြီးပြော – MPA ———— ➕ အခြားထူးခြားသတင်းများ မြန်မာ့အကြီးဆုံး ဟံသာဝတီလေဆိပ်စီမံကိန်းကို ပြန်စဖို့ နေပြည်တော်ပြင်ဆင် – BBC မြန်မာနိုင်ငံတဝန်း စစ်ရှောင်ဦးရေ ၄ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ် – DVB #RangoonScoutNetwork
1 516