cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Mratt's Channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Mostrar más
Publicaciones publicitarias
135 498
Suscriptores
-9824 horas
-6207 días
-2 72030 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။ https://youtu.be/UEaceDOTdmE
Mostrar todo...
ရိုဟင်ဂျာတွေ ဘယ်သူ့နောက် လိုက်ကြမလဲ

ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။

ခု ဒီဂျေဘုန်းကြီးက ၄၇ နှစ်ရှိပါပြီ။ ဒါပေမဲ့ ပဉ္ဇင်းမခံရသေးပါဘူး။ ဗုဒ္ဓဘာသာအရဆိုရင်တော့ သူကို ကိုရင်ကြီးလို့ ဆိုရမှာပါ။ သူက အစောပိုင်းတုန်းကတော့ လူရွှင်တော်တယောက်ပါ။ ဟာသတွေပြော၊ ဟာသတွေလုပ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပွဲစည်ပါတယ်။ တချို့ကတော့ သူဟာ ပဉ္ဇင်းမခံရသေးတဲ့အတွက် ဒါတွေကို လုပ်တာ ပြဿနာ မရှိဘူးလို့လည်း မြင်ကြပါတယ်။ https://youtu.be/2S0gf-NZXTM
Mostrar todo...
တောင်ကိုရီးယားက DJ ဘုန်းကြီး

သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။ #dj #korea #buddhism

မင်းအောင်လှိုင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဟာ ခပ်တုံးတုံးပါပဲ။ စစ်တပ်အကြောင်းကို ရိုက်ကူးပြတဲ့နေရာမှာ အစိမ်းပုပ်ရောင် ယူနီဖောင်းနဲ့ မိတ်ကပ်တတောင်လောက် ထပ်ထားတဲ့ မြဝတီဝန်ထမ်းတွေက နှစ်လလောက် ကြိုတင်ပြင်ဆင်ထားတဲ့ စစ်သားတွေကို အင်တာဗျူးပြတာမျိုးပါ။ ပျင်းစရာ အသံအေးစက်စက်တွေနဲ့ မေးမယ်၊ နောက်ခံတီးလုံးကို စစ်သီချင်းတွေ ဖွင့်ထားတယ်။ စစ်သားတွေက အင်မတန်စည်းကမ်းရှိမယ်။ ဒါတွေကိုပဲ လှည့်ပတ်ပြခဲ့တာ ဖြစ်ပါတယ်။ ခုတော့ စစ်တပ်က လက်ရှိ ဆိုရှယ်မီဒီယာပေါ် ရေပန်းစားနေတဲ့ပုံစံနဲ့ ဝါဒဖြန့်ချိဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။ https://youtu.be/1qFUWGkSWUk
Mostrar todo...
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်

ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။

လောရင့်စ် ဝေါင်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။​။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။ လီရှန်လွန်း အာဏာရစဉ်ကာလကဆိုရင် စင်ကာပူနိုင်ငံသားတွေက ကွယ်ရာမှာ ဟသလုပ်ပြီး ပြောကြတာမျိုးရှိပါတယ်။ အဲ့ဒါက အင်ဂလိပ်လို Family Politics လို့ပြောရာမှာ family လို့ မပေါင်းဘဲ fami-lee politics လို့ ပြောကြတာပါ။ Lee ဆိုတာကတော့ လီကွမ်ယူး မိသားစုကို ရည်ညွှန်းပြောတာပဲ ဖြစ်ပါတယ်။ ခု လောရင့်စ် ဝေါင်း တက်လာတာကတော့ လီ-မျိုးဆက် တခန်းရပ်သွားတာလည်း ဖြစ်ပြန်ပါတယ်။ https://youtu.be/2AvENRifmXc
Mostrar todo...
စင်ကာပူ ဝန်ကြီးချုပ်သစ် လောရင့်စ် ဝေါင်

လောရင့်စ် ဝေါင်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပု...

ရခိုင်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲကြားက ရွာတရွာမှာ အတွဲလိုက်ဒုံးနဲ့ လက်နက်ကြီးတွေကြောင့် ခု ည ၁၀ နာရီအထိ သိရသမျှ ဒေသခံ အနည်းဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တရွာလုံး ကမ္ဘာပျက်နေသလို ဖြစ်နေပြီး ဒဏ်ရာရတဲ့ဦးရေလည်း များပြားနိုင်တယ်လို့ ဆိုပါတယ်။ တလကျော်ကြာ ရှိနေပြီဖြစ်တဲ့ ရခိုင် တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ ယခုအကြိမ်ဟာ အရပ်သား သေဆုံးမှု အများဆုံး ဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲ ဘယ်နေရာမှာ ဖြစ်နေသလဲ၊ ဘယ်လိုအရေးကြီးသလဲဆိုတာ မြေပုံနဲ့တကွ ရှင်းလင်းချက်ကို Link မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။ အပြည့်အစုံ ဖတ်ရန် - https://bit.ly/4apvcQm
Mostrar todo...
ရခိုင်တောင်ပိုင်းက လတ်တလော တိုက်ပွဲ (မြေပုံရှင်းလင်းချက်)

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တောမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်တောင်ဘက်ပိုင်း တောင်ကုတ်နဲ့…

Photo unavailableShow in Telegram
ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့ မြင်ပါတယ်။ ဆောင်းပါးရှည် - https://bit.ly/4bzV2Cf
Mostrar todo...
Photo unavailableShow in Telegram
ဒီဖြစ်စဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအောက်က ပလဖ နဲ့ ပအဖတို့အကြား ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ ဒီဖြစ်ရပ်ကြောင့် ဆရာမတဦး ကိုယ်ဝန်ပျက်ကျတာအပြင် ဒဏ်ရာရခဲ့သူတွေ ရှိတယ်လို့ ဒေသခံ ပြည့်သူ့အုပ်ချုပ်ရေး ပအဖ က ပြောပါတယ်။ အပြည့်အစုံ နားဆင်ရန် - https://youtu.be/eBPQUCt15JI
Mostrar todo...
Photo unavailableShow in Telegram
ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာတုန်းက အမေရိကန် ဆန်ဖရန်စစ္စကိုမြို့မှာ သမ္မတရှီကျင့်ဖျင်နဲ့ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံပြီးနောက်ပိုင်း ခုတကြိမ်တွေ့ဆုံမှု ဟာ နိုင်ငံတော်အဆင့် ထပ်မံတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ...? အပြည့်အစုံ - https://youtu.be/UdHj_o0bvSI
Mostrar todo...
Photo unavailableShow in Telegram
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ မေးမြန်းမှု အပြည့်အစုံကို ဒီ Link မှာ နားဆင်နိုင်ပါတယ် - https://youtu.be/zn96eb6zexM
Mostrar todo...
လေဆိပ်မှာရှိတဲ့ CDM Blacklist စာရင်းကို The Fifth Column က ပြန်စစ်ပေးနေပါပြီ။ ဒီ Link မှာ သေသေချာချာ ဖတ်ရှုပေးကြပါ မိတ်ဆွေများ။ https://www.facebook.com/mmfifthcolumn/posts/pfbid02yTmrt9AqGxKssGX7QAfZGsa7DVckxmwJFTYyeG3yWxVXPSeMYZTajRiM7Yf4psBql
Mostrar todo...
The Fifth Column - Myanmar

⭕️CDM လေဆိပ် Blacklist စာရင်း ပြန်လည် စစ်ဆေးပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အတင်းအဓမ္မ စစ်သားစုဆောင်းဖို့အတွက် လုပ်ဆောင်လာတာကြောင့်...