The Irrawaddy - Burmese
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com
Mostrar más📈 Análisis del canal de Telegram The Irrawaddy - Burmese
El canal The Irrawaddy - Burmese (@theirrawaddy) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 76 287 suscriptores, ocupando la posición 3 542 en la categoría Noticias y medios y el puesto 1 718 en la región Birmania.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 76 287 suscriptores.
Según los últimos datos del 06 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -340, y en las últimas 24 horas de -43, conservando un alto alcance.
- Estado de verificación: Verificado (confirmado oficialmente por Telegram)
- Tasa de interacción (ER): El promedio de interacción de la audiencia es 5.77%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.75% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 4 405 visualizaciones. En el primer día suele acumular 3 624 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 53.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.
burma.irrawaddy.com”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 07 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.
Carga de datos en curso...
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 07 octubre | +2 | |||
| 06 octubre | 0 | |||
| 05 octubre | 0 | |||
| 04 octubre | +14 | |||
| 03 octubre | +2 | |||
| 02 octubre | 0 | |||
| 01 octubre | +16 |
| 2 | Sin texto... | 1 |
| 3 | ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၀,၀၀၀ ကျပ်
ယခုတပတ်တွင် ဆန်ဈေးအနည်းငယ်မြင့်တက်နေပြီး ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်က သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၅,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာ ၄,၅၄၀ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၇၃၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၈၁၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၇၉၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၅၀၀ ဝန်းကျင်တွင်ရှိနေ (ဈေးတက်နေ)
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၈ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၃ သိန်း ဝန်းကျင်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၃၃
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး | 929 |
| 4 | Sin texto... | 801 |
| 5 | ထိုင်းကျောင်းထိုင်ဘုန်းကြီး အလှူငွေ အလွဲသုံးစားမှုဖြင့် ထောင် ၇၄၂ နှစ် ချခံရ
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဝတ်ဖရာဘတ်နမ်ဖူး (Wat Phra Bat Nam Phu) ကျောင်းတိုက်၏ ဘတ် ၁၀ ဘီလီယံကျော်ရှိ လှူဒါန်းငွေများကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှု၊ မသမာမှုဆိုင်ရာ ဗဟိုပြစ်မှုဆိုင်ရာ တရားရုံးက ကျောင်းထိုင်ဘုန်းကြီးဟောင်း အလောင်ကော့တ် (Alongkot) ကို ထောင်ဒဏ် စုစုပေါင်း ၇၄၂ နှစ်နှင့် နတ်ဝင်သည် အမည်ခံ ဘီး ဆိုသူကို ထောင်ဒဏ် ၃၈၆ နှစ်နှင့် လပေါင်း ၁,၄၈၀ တို့ဖြင့် ယနေ့ ချမှတ်ခဲ့သည်။
သို့သော် တရားခံ ဘီး၏ ထွက်ဆိုချက်များမှာ အမှုအတွက် အသုံးဝင်သဖြင့် တရားရုံးက ဥပဒေအရ သတ်မှတ်ထားသော အများဆုံး ထောင်ဒဏ် ကျခံပိုင်ခွင့်ဖြစ်သည့် နှစ် ၅၀ သာ ကျခံစေရန် ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့သလို ၎င်းတို့နှစ်ဦး အလွဲသုံးခဲ့သည့် ဘတ်သန်း ၃၀၀ ကျော်ကိုလည်း ပူးတွဲ ပြန်လည် ပေးလျော်ရန် အမိန့်ထုတ်ခဲ့သည်။
အဆိုပါ ဘုန်းကြီးဟောင်းကို ရာဇဝတ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ (CSD) က ရာထူးအာဏာ အလွဲသုံးစားပြု၍ ပစ္စည်းဥစ္စာများ အလွဲသုံးမှု၊ တာဝန်ဝတ္တရားများကို မတရားသဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းနှင့် ပူးပေါင်း၍ ငွေကြေးခဝါချမှု အစရှိသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့သလို ဘီးကိုမူ အရာရှိတဦး၏ အလွဲသုံးစားပြုလုပ်မှုကို ကူညီအားပေးမှု၊ တာဝန်ဝတ္တရား မတရား ဆောင်ရွက်မှုကို ကူညီမှုနှင့် ပူးပေါင်း ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အရာရှိများသည် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများရှိ နေရာ ၁၇ ခုကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဘတ် ၁၀ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများအား ဝတ်ဖရာဘတ်နမ်ဖူး ကျောင်းတိုက်သို့ ပြန်လည် ပေးအပ်ရန်အတွက် သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ ဝတ်ဖရာဘတ်နမ်ဖူး ကျောင်းတိုက် ငွေကြေးအလွဲသုံးစားမှုမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လခန့်တွင် သတင်းပေါ်ထွက်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ ကျောင်းထိုင်ဘုန်းကြီးနှင့် နတ်ဝင်သည် ဘီး တို့ကို၂၀၂၅ ခုနှစ် ဩဂုတ်လ၌ စတင်ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။
ဓာတ်ပုံ- Khaosod | 835 |
| 6 | Sin texto... | 732 |
| 7 | ဆန်ဈေးကြီးနေ၍ ပွဲစားများနှင့် ရောင်းဝယ်ခြင်း ဆန်အသင်းတားမြစ်
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
ပြည်တွင်းဆန်ဈေး တည်ငြိမ်ရေးဆိုကာ ပွဲစားများနှင့် အဆင့်ဆင့်ရောင်းဝယ်ခြင်းများ၊ ဆန်ဈေးတက်ဖို့ ရည်ရွယ်သည့် ပုံမှန်မဟုတ်သည့် အရောင်းအဝယ်များ မလုပ်ဖို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ ၃ ရက်က အာဏာသိမ်းအစိုးရ သက်ဆိုင်ရာနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများက ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်၌ ကုန်သည်များနှင့် ပွဲစားများကို ခေါ်ယူတွေ့ဆုံပြီး ဆန်ဈေးနှုန်းများကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြရန် ပြောဆိုခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ဆန်ကုန်သည်တဦးက “ဆန်ဆိုတာ အသစ်ထွက်ရင် အဟောင်းတက်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် သူတို့ စာထွက်ပြီးမှ ဈေးက ပိုတက်သွားတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ အခု အချောရော၊ အကြမ်းရော တက်တယ်။ အဟောင်းကတော့ ဝယ်တဲ့သူတွေလည်း ဈေးမလိုက်နိုင်တော့ဘူး။ ပေါ်ဆန်း အသစ်ကတော့ မထွက်သေးဘူး။ အကြမ်းတအိတ် ကျပ် ၄,၀၀၀ ကနေ ၅,၀၀၀ လောက်တက်တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ ဆန်ကြမ်း လက်ကားဈေးမှာ ယခင်က တအိတ် ကျပ် ၇ သောင်း ၅ ထောင်ကျော်မှ ယခု တအိတ် ကျပ် ၈ သောင်း ကျော်မှ ကျပ် ၁ သိန်း ၂ သောင်း ကျော်အထိ တက်လာပြီး၊ ပေါ်ဆန်းဆန်မှာလည်း ပြီးခဲ့သည့်တပတ်က ကျပ် ၁ သိန်း ၈ ထောင် ၅ ရာ ခန့်ရှိရာမှ ယခု ၂ သိန်းကျော်အထိ တက်လာကာ အရည်အသွေးကောင်းသည့် ဆန်များမှာ ကျပ် ၂ သိန်း ၈သောင်းကျော်အထိရှိကြောင်း သိရသည်။
ဆန်ဈေးတက်နေခြင်းက ပွဲစားအဆင့်ဆင့် ရောင်းဝယ်မှုကြောင့် မဟုတ်ဘဲ စက်သုံးဆီဈေးနှုန်း၊ အလုပ်သမားခနှင့် ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ မြင့်တက်ခြင်း၊ အလုပ်သမားစရိတ် ကြီးမြင့်ရှားပါးခြင်း အပါအဝင် ဆန်အဟောင်းလည်း ရှားပါးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ယခုလို ပွဲစားအဆင့်ဆင့် ရောင်းဝယ်မှုကို ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍ “ပွဲစားဆိုတာ ကျနော်တို့ မမွေးခင်ကတည်းက ရှိခဲ့တာပါ။ အရင်းအနှီး မရှိလို့ ပွဲစားလုပ်တာပါ။ အရင်းအနှီးရှိရင် ကုန်သည်ပဲလုပ်မှာပေါ့” ဟု ဆန်ကုန်သည်၊ ပွဲစားတဦးက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြား ခြင်း မရှိသေးပေ။
ရန်ကုန်မြို့ရှိ ကုန်သည်နောက်တဦးက “အရင်က တရက်ကို အလုပ်သမားခ ကျပ် ၂ သောင်းလောက်ပဲ ပေးရတယ်။ အခု ကျပ် ၃သောင်း၊ ၄ သောင်း ပေးခေါ်တာတောင် လုပ်မယ့်အလုပ်သမား မရှိဘူး။ နောက်ပြီး တခြားကုန်ကျစရိတ်တွေလည်း တက်နေတာကို ဆန်ဈေးတခုတည်း လျှော့ချမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကုန်ကြမ်းဈေးတွေ ကျမှ ဆန်ဈေးလည်း ကျမှာပေါ့” ဟု ဆိုသည်။
အထက်ပါ ထုတ်ပြန်ချက်အပေါ် တောင်သူများနှင့် ဆန်ဈေးကွက်အတွင်း လုပ်ကိုင်သူအချို့ကလည်း ဝေဖန်မှုများရှိနေပြီး ဆန်ဈေးနှုန်း တည်ငြိမ်ရေးကိုသာ အလေးထား ဆောင်ရွက်ခြင်းထက် တောင်သူများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ တွက်ခြေကိုက် အကျိုးဖြစ်ထွန်းရေးနှင့် သင့်တင့်သည့် ထွက်ကုန်ဈေးနှုန်းရရှိရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ် ကြောင်း ထောက်ပြ ပြောဆိုသည်။
ထို့ပြင် အာဏာသိမ်းအစိုးရ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် မည်ကဲ့သို့ ရောင်းချရသည်ကို ၎င်းတို့ ကိုယ်တိုင်ပင် အသိဆုံးဖြစ်ပြီး ကုန်စည်ဒိုင်ဈေး ကျမှသာ ဈေးကွက်လည်း ကျနိုင်မည်ဖြစ်ကြောင်းလည်း ကုန်သည်၊ ပွဲစားများက ဆိုကြသည်။
“အပြင်မှာ ပေါက်ဈေးက ရှိပြီးသား။ နေရာကွာတာနဲ့ ဈေးက ကွာသွားတယ်။ သူတို့ထုတ်ပြန်တာတွေက မြေပြင်နဲ့က ဆန့်ကျင်ဘက်ပဲ” ဟု ဆန်ကုန်သည်က ဆိုသည်။
စက်သုံးဆီ ဈေးမြင့်တက်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင်း မြို့နယ်များမှ မြို့စွန်မြို့နယ်များသို့ သယ်ယူ ပို့ဆောင်စရိတ်မှာ ယခင်က တအိတ် ကျပ် ၁,၀၀၀ မှ ယခု ၁,၅၀၀ ကျပ်အထိ တက်လာပြီး ရန်ကုန်မှ မန္တလေးသို့ တအိတ် တင်ပို့လျှင် ကျပ် ၅,၀၀၀ ခန့်သာရှိရာမှ ယခု ကျပ် ၆,၀၀၀၊ ၇,၀၀၀၊ ရန်ကုန်မှ မြိတ် သို့ တင်ပို့လျှင် တအိတ် ယခင် ကျပ် ၆,၀၀၀ မှ ယခု ကျပ် ၈,၀၀၀ အထိ မြင့်တက်လာကြောင်း အွန်လိုင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။
ယခုဆန်ဈေးနှုန်းမြင့်တက်မှုတွင် ပွဲစားအဆင့်ဆင့် ရောင်းဝယ်မှုအပြင် စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်၊ လုပ်သား ရှားပါးမှု၊ စက်သုံးဆီနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းတို့လည်း ပါဝင်နေသဖြင့် ဆန်ဈေး တည်ငြိမ် ရေးအတွက် အရောင်းအဝယ်အဆင့်ဆင့်ကို ထိန်းချုပ်ခြင်း တခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဈေးကွက် အတွင်း သုံးသပ်မှုများ ရှိနေသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/07/416860.html | 907 |
| 8 | https://youtube.com/shorts/tT0ASswRIcM?feature=share | 867 |
| 9 | မီး ဖြတ်ခံရတဲ့ ပြည်သူတွေ စူပါအယ်နီညိုကို ဘယ်လိုရင်ဆိုင်မလဲ
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
မြန်မာနိုင်ငံမှာ စူပါအယ်လ်နီညိုကြောင့် အပူချိန်တွေ စတင်မြင့်တက်နေချိန်မှာပဲ အာဏာသိမ်းစစ်အစိုးရဘက်ကတော့ ဒါကို အကြောင်းပြပြီး လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ဖြတ်တောက်ပေးဝေဖို့ ညွှန်ကြား လာပါတယ်။
ပုံမှန်အားဖြင့် မိုးကုန်ပြီး ဆောင်းရာသီကို ကူးပြောင်းရမယ့်အချိန်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စူပါအယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် အပူဒဏ်ကို ရင်ဆိုင်နေကြရတာပါ။
မူလကတည်းက မီးပုံမှန်မရတဲ့အထဲ အခုနောက်ပိုင်း မီးပျက်ချိန်တွေ ပိုများလာသလို၊ မီးလာရမယ့်အချိန်မှာတောင် အပြည့်အဝ မရတော့တာကြောင့် နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေကြားကနေ အပူဒဏ်ကိုပါ ခံစားနေရတယ်လို့ မြို့ပြမှာနေထိုင်သူတွေက ဧရာဝတီကို ပြောကြပါတယ်။
https://youtu.be/1dNCXaRFZKo
#မြန်မာ #ဧရာဝတီ #အယ်လ်နီညို #မီး #Environment #WhatsHappensInMyanmar | 865 |
| 10 | ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များတဲ့ ကြောင်အားကစားဗီဒီယိုတွေ
အောက်တိုဘာ ၇၊ ၂၀၂၆
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့တာ ၂ လ ခွဲလောက်ရှိပြီဖြစ်ပေမဲ့ လူအများဟာ ဘယ်အချိန်မဆို အားကစားပြိုင်ပွဲတွေကို ကြည့်ရှုအားပေးရတာ ကြိုက်နှစ်သက်တယ်ဆိုတာကတော့ လူမှုကွန်ရက်ပေါ်မှာ ကြောင်လေးတွေ အားကစားပြိုင်ပွဲလုပ်တဲ့ ဗီဒီယိုတွေ အတော်ရေပန်းစားနေမှုက သက်သေပြနေပါတယ်။
#မြန်မာ #ဧရာဝတီ #အားကစား #ဘောလုံး #လက်ဝှေ့ #ကြောင် | 841 |
| 11 | https://youtube.com/shorts/oPyu3_kt8wE?feature=share | 1 382 |
| 12 | ပြည်ပရောက်မီဒီယာများကို အမှုဖွင့်၊ အင်တာပိုလ်နှင့် ဖမ်းခိုင်းဟု ပြည်ထဲရေး ဒုဝန်ကြီး ပြော
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
အာဏာသိမ်းအစိုးရအား ဆန့်ကျင်နေသည့် ပြည်ပရောက်မီဒီယာ ၅ ခုကို နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)ထံ ဖမ်းဆီးခိုင်းထားကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ပြည်ပနိုင်ငံများတွင် ခိုလှုံနေပြီး အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် လုပ်ဆောင်နေသော CRPH ဖွဲ့စည်းသူများ၊ NUG ဖွဲ့စည်းသူများ၊ PDF အဖွဲ့များမှ အဖွဲ့ဝင်များ၊ CRPH၊ NUG၊ PDF အဖွဲ့များကို ငွေကြေးထောက်ပံ့သူများ၊ နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရေးသားနေသူများနှင့် သတင်းမီဒီယာများဖြစ်သော ဧရာဝတီသတင်းဌာန၊ မြန်မာနောင်းသတင်းဌာန၊ ခေတ်သစ်သတင်းဌာန၊ မဇ္ဈိမသတင်းဌာနနှင့် DVB သတင်းဌာနတို့ကို သက်ဆိုင်ရာ ရဲစခန်းများ၊ တရားရုံးများ၌ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအလိုက် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ (၅၀၅) က ၊ ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ မတရားသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြောသည်။
ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံများသို့ ရောက်ရှိခိုလှုံနေသော စစ်တပ် ဆန့်ကျင်သူများ၊ နိုင်ငံတည်ငြိမ်ရေး ထိခိုက်စေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းမှား ဖြန့်ဝေခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ထောက်ခံအားပေးခြင်း၊ ငွေကြေးနှင့် အကူအညီများ ပေးသူများအား ဖမ်းဆီးရန် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဒု ဝန်ကြီးက “တရားခံလွှဲပြောင်းရေးမှာ ကျနော်တို့နိုင်ငံက တရားဝင် လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ၂၀၁၇ ခုနှစ်မှာ ချုပ်ဆိုထားချက်အရတော့ နိုင်ငံအလိုက်မှာတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေအနေအရ အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေမှာ အရေးကြီးတဲ့တရားခံတွေကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီးတော့ သူ့နိုင်ငံရဲ့ နိုင်ငံရေးသဘောထားပေါ်မူတည်ပြီးတော့ ချိတ်ဆက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဖမ်းဆီးရမိတာအများစုကတော့ မူးယစ်တရားခံတွေ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ နိုင်ငံခြားဝန်ကြီးဌာနသို့ တင်ပြထားမှုများအရ အာဏာသိမ်းအစိုးရအပေါ် ဆန့်ကျင်၍ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံသူ ၁၃၄၁ဦး ရှိပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ခြင်း၊ အမည်ပျက်စာရင်းထည့်ခြင်း၊ စောင့်ကြည့်ရေးစာရင်းထဲ ထည့်သွင်းခြင်းများကိုလည်း တဆင့်ချင်း လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup | 1 775 |
| 13 | Sin texto... | 1 572 |
| 14 | 𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠
တရုတ်အပေါ် မှီခိုနေတဲ့ မြန်မာ့စီးပွားရေး
အောက်တိုဘာ ၇၊ ၂၀၂၆
ဒီတပတ် China Briefing မှာတော့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေ အကြောင်းနဲ့၊ တရုတ်နယ်စပ် နမ့်ခမ်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကုန်သွယ်ရေးဇုန်တည်ဆောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်း အပါအဝင် တရုတ်မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။
https://youtu.be/g4CFmubAUwI | 1 766 |
| 15 | အာဏာသိမ်းသမ္မတ မလေးရှားသို့ ထွက်ခွာ
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ ဆိုကာ ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသို့ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် မြန်မာ-မလေးရှား နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးနှင့် အဆင့်မြင့်ခေါင်းဆောင်များကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန်ဖြစ်ပြီး မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ (Myanmar-Malaysia Business Dialogue) သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း သမ္မတနှင့်အတူ ဝန်ကြီး ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီ ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
မင်းအောင်လှိုင်သည် သမ္မတတာဝန် ယူပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ယခု မလေးရှားနိုင်ငံခရီးစဉ်သည် ၉ နိုင်ငံမြောက် ပြည်ပခရီးစဉ် ဖြစ်ကာ အာဆီယံဒေသတွင်းနိုင်ငံများအနက် ၅ နိုင်ငံမြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။
ထိုခရီးစဉ်နှင့် ပတ်သက်၍ မလေးရှားအစိုးရအနေဖြင့် မင်းအောင်လှိုင် တရားဝင်မှုမပေးရန်နှင့် မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို မစတေးရန် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က ယမန်နေ့က ထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup | 2 382 |
| 16 | Sin texto... | 2 026 |
| 17 | "မိသားစုစိတ်ဓာတ်" ဆိုတာ ခေတ်အဆက်ဆက် ပဒေသရာဇ်တွေနဲ့ အာဏာရှင်တွေက ပြည်သူတွေကို အထက်စီးကနေ အကြွင်းမဲ့ ချုပ်ကိုင်နိုင်ဖို့ စနစ်တကျ မှိုင်းတိုက်ထားတဲ့ နိုင်ငံရေး နည်းဗျူဟာ တခုပဲ ဖြစ်ပါတယ်။ ဤအယူအဆက လူမှုဗေဒနဲ့ နိုင်ငံရေးသိပ္ပံမှာ အသစ်အဆန်း တော့မဟုတ်ပါဘူး။ အာဏာရှင်တွေ အမြဲသုံးလေ့ရှိတဲ့ "ဖခင်ကြီးစိုးတဲ့ဝါဒ" (Paternalism) သို့မဟုတ် မိဘလို အုပ်ထိန်းပြီး ဖိနှိပ်တဲ့ သီအိုရီအပေါ် အခြေခံထားတာပါ။ သမိုင်းတလျှောက်မှာ ပဒေသရာဇ်ဘုရင်တွေက သူတို့ကိုယ်သူတို့ "ပြည်သူတွေရဲ့ အမိအဖ" ဆိုပြီး ပုံဖော်ခဲ့ကြတယ်။ ဘုရင်အမိန့်ကို မနာခံရင် မိဘကို ပြစ်မှားသလို ငရဲကြီးလိမ့်မယ်လို့ ဝါဒဖြန့်ခဲ့ကြတာပါ။
ခေတ်သစ် အာဏာရှင်စနစ်တွေမှာလည်း ဒီစိတ်ဓာတ်ကို ပုံစံပြောင်းပြီး သုံးလာကြတာ တွေ့ရပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကို နိုင်ငံရေးအရ မရင့်ကျက်သေးတဲ့ "ကလေးငယ်တွေ" လို ပုံဖော်ကြပြီး၊ သူတို့ကပဲ လမ်းမှန်ပြပေးနိုင်တဲ့ "မိဘ" အဖြစ် နေရာယူလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းမှာလည်း ဒီ "မိဘနဲ့ သားသမီး" အယူအဆကို ပြည်သူကို ဖိနှိပ်ဖို့ လက်နက်လို သုံးခဲ့ကြတာပါ။ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆိုရင်လည်း နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ရင် သူဟာ “မိဘလို စိတ်နဲ့ပဲ ပြည်သူတွေကို ဆက်ဆံနေတာပါ” ဆိုပြီး ထည့်ပြောလေ့ရှိပါတယ်။ သူတို့ရဲ့ ဝါဒဖြန့် ယန္တရားတွေကလည်း "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဆိုပြီး သွေးထိုးမှိုင်းတိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီ "မိသားစုစိတ်ဓာတ်" ဆိုတဲ့ အသုံးအနှုန်းဟာ ဖိနှိပ်ချုပ်ကိုင်မှုတွေကို ဖုံးကွယ်ဖို့ သုံးတဲ့ တလွဲအသုံးချမှု သက်သက်ပဲ ဖြစ်ပါတယ်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/10/07/416853.html | 2 109 |
| 18 | ဘန်ကောက် တူးမြောင်းအတွင်း ဖျံကောင်ရေ ၂၀ ကျော် ပထမဆုံး တွေ့
ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆
ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်၊ ဘန်းခူဝင်းအနီးရှိ ဘန်ကောက်နွိုင် တူးမြောင်း (Bangkok Noi Canal) အတွင်း ဖျံကောင်ရေ ၂၀ ကျော် ရေကူးပြီး ငါးဖမ်းနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ထိုမျှများပြားသော ဖျံအုပ်ကို ယခင်က တခါမျှ မတွေ့ဖူးကြသော ဒေသခံများမှာ အံ့အားသင့်လျက်ရှိကြသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က နွန်ထဘူရီမြို့နယ်၊ ဘန်းကရန်းကျေးရွာအုပ်စု၊ အုပ်စု (၇) တွင် အဆိုပါ ဖျံများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖျံကြီး၊ ဖျံငယ်များစွာသည် တူးမြောင်း အတွင်း ရေကူးရင်း ငါးရှာဖွေဖမ်းဆီးနေကြသည်ကို တွေ့မြင်ခဲ့ရသည်။
တူးမြောင်းဘေးတွင် နေထိုင်ကြသော ဒေသခံများက အချို့မှာ ထိုဒေသတွင် နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် နေထိုင်လာခဲ့သော်လည်း ဤမျှများပြားသော ဖျံအုပ်ကို တခါမျှ မတွေ့ဖူးကြသဖြင့် ဤတွေ့ရှိမှုမှာ အလွန်ပင် ထူးခြားဆန်းပြားကြောင်း ပြောကြားခဲ့ကြသည်။
ဒေသခံတဦး၏ ပြောကြားချက်အရ ဖျံများသည် ညနေ ၃ နာရီခန့်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ထိုဒေသတွင် ဖျံ ၃ ကောင်၊ ၄ ကောင်ခန့်ကို တွေ့ရှိခဲ့ဖူးသော်လည်း ယခုအကြိမ်တွင်မူ ကောင်ရေ ၂၀ ကျော်အထိ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အထက်ပိုင်းမှ ရေသစ်များ စီးဝင်လာချိန်တွင် ဖျံများကို ပိုမို မကြာခဏ တွေ့ရလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။ သေချာရေရာစွာ အတည်မပြုနိုင်သေးသော်လည်း ဖျံများသည် စီးဆင်းလာသော ရေနှင့်အတူ အခြားနေရာမှ ပါလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။
ဖျံများသည် တူးမြောင်း၏ တဖက်တချက်စီတွင် အုပ်စု နှစ်စုခွဲ၍ ရှိနေကြသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ အချို့အချိန်များတွင် အုပ်စုနှစ်စုမှ ဖျံများသည် တကောင်နှင့်တကောင် မျက်နှာချင်းဆိုင်ကာ ထိပ်တိုက်ရင်ဆိုင်တော့မည့် ပုံစံမျိုး ပြုမူနေကြသည်။
အခြားဖျံများသည်လည်း ဒေသခံများက စိတ်ဝင်တစား ကြည့်ရှုနေကြစဉ်အတွင်း သဘာဝအတိုင်းပင် ဆက်လက်ရေကူးရင်း ငါးများကို ဖမ်းဆီးနေခဲ့ကြသည်။
ဖျံများသည် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအလျောက် အမဲလိုက်သော အသားစားသတ္တဝါများ ဖြစ်ကြသည်။ ယခုကဲ့သို့ ကောင်ရေများစွာ ရုတ်တရက် ပေါ်ပေါက်လာမှုသည် ဒေသခံများ၊ သီးသန့်အားဖြင့် တူးမြောင်းဘေးတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများအကြား များစွာ စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့သည်။
ကိုးကား။ ။ Khao Sod သတင်း MORE THAN 20 OTTERS SPOTTED IN BANGKOK NOI CANAL, STUNNING LOCALS
ပုံစာ - ဘန်ကောက်နွိုင် တူးမြောင်းအတွင်း ရေကူးပြီး ငါးဖမ်းနေသည့် ဖျံအုပ်/Khao Sod | 2 189 |
| 19 | Sin texto... | 1 943 |
| 20 | Sin texto... | 1 887 |
