es
Feedback
RSN WEB

RSN WEB

Ir al canal en Telegram

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

Mostrar más
7 260
Suscriptores
-224 horas
-177 días
-10030 días
Archivo de publicaciones
RSN WEB
7 257
🔴 စမ်ချောင်း၊ ဝေဠုဝန်မြောက်ရပ်ကွက် ဧည့်စစ် ယနေ့ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညို ၃ လမ်းထိပ်၌ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီးတို့ ရောက်နေပြီး အနီးနားတဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ Source: Sanchaung Scout Channel 27 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ တောင်ဒဂုံ စက်မှုဇုန် ၂ အနီး မနက်အစောပိုင်း လူလိုက်ဆွဲသွား ယနေ့ ဩဂုတ်လ ၂၇ ရက် မနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၂ ဘက်၊ ပြည်ထောင်စုလမ်းပေါ် စက်မှုဇုန်ထိပ်မှတ်တိုင် (Moon Son ဆီဆိုင်နား) အနီးတဝိုက် နှင့် စက်မှုဇုန်ဈေးမှတ်တိုင်အနီးတဝိုက်တို့၌ အရပ်ဝတ်များ (တချို့တွင် ပစ္စတိုသေနတ် ခါးကြားထိုးထား) မှ အရပ်ကား ၃ စီးဖြင့် လှည့်ပတ်စောင့်ကြည့်ပြီး လမ်းသွားလမ်းလာများကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ပါသွားသူများမှာ စက်ရုံအလုပ်သမားများနှင့် စက်မှုဇုန်ဈေးထဲ ဈေးလာဖွင့်သူများ ဖြစ်ပြီး စုစုပေါင်း ၈ ဦးခန့် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ Source: Scout Yangon 27 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ သာကေတမြို့နယ်ထဲ လမ်းသွားလမ်းလာ လူငယ်တဦးကို ကားပေါ်ဆွဲတင်ဖမ်းသွား ယနေ့ ဩဂုတ်လ ၂၇ ရက် မနက် ၁၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြခွာညိုလမ်း (၃၆၀ ဆီဆိုင်ဘေးလမ်း) ထဲ ယောကျ်ားလေး ၁ ဦး (အသက် ၂၅ နှစ်ဝန်းကျင်) လမ်းလျှောက်သွားလာနေစဉ် Honda Fit အမဲရောင်ကားဖြင့် အရပ်ဝတ် ၂ ယောက် ရုတ်တရက်ရောက်ရှိလာပြီး ရိုက်နှက်ကာ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ Source: Scout Yangon 27 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ အင်းစိန်မြို့နယ်ထဲ ပေါ်တာလိုက်ဆွဲနေစဉ် လူငယ်တဦး ထွက်ပြေးနိုင်လိုက် ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မဟာကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) အလုပ်မှ လမ်းလျှောက်ပြန်လာနေစဉ် အရပ်ကား အမဲရောင် ၁ စီးဖြင့် လူတစုမှ ကားပေါ်ဆွဲတင် ဖမ်းဆီးဖို့ကြိုးစား၍ လူငယ်မှ ရုန်းကန်အော်ဟစ်ပြီး ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။ အင်းစိန်မြို့နယ်တွင်းတွင် အဆိုပါ အရပ်ကား အမဲရောင်ဖြင့် လူငယ်များကို လိုက်ဆွဲလေ့ရှိပြီး ဖမ်းဆီးရရှိသူများကို အင်းစိန်ထွေအုပ်ရုံးထဲ ချုပ်ထားလေ့ရှိကြောင်း သိရသည်။ Source: Khit Thit 27 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ အင်းစိန်ပန်းခြံအနီးနှင့် ကြို့ကုန်းမှတ်တိုင်အနီး လမ်းသွားလမ်းလာများကို လိုက်ဆွဲသွား ယခုရက်ပိုင်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ထဲ လမ်းသွားလမ်းလာများကို အရပ်ဝတ်များမှ အရပ်ကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြကြောင်း သိရှိရသည်။ ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်ပန်းခြံအနီး လမ်းသစ်လမ်းပေါ် သွားလာနေသည့် အမျိုးသား ၃ ဦးကို အရပ်ဝတ် ၃ ယောက်တို့မှ Alphard အမဲကားပေါ်ဆွဲတင်ပြီး ဖမ်းခေါ်သွားခဲ့ကြသည်။ ထို့ပြင် ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီခန့်တွင်လည်း အင်းစိန်လမ်းမပေါ် ကြို့ကုန်းမှတ်တိုင်အနီး အမျိုးသား ၂ ဦး သွားလာနေစဉ် အရပ်ကား အမဲရောင် ဆလွန်းပုံစံ ၁ စီးဖြင့် အရပ်ဝတ် ၂ ယောက် ရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားခဲ့ကြောင်း သိရသည်။ – Scout Yangon 26 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ မင်္ဂလာတောင်ညွန့်၊ ညဈေးအနီး လူဝင်ဖမ်းသွား ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ် ညဈေးအနီး ၉၁ လမ်းထိပ်၌ လူငယ်များကို အကြမ်းဖက်ရဲများ ဝင်ဖမ်းရာ ယောကျ်ားလေး ၁ ဦး ဖမ်းဆွဲခံလိုက်ရကြောင်း သတင်းရရှိသည်။ လူငယ်များ ပိုက်ဆံထောင် ဂေါ်လီပစ်နေကြစဉ် ဝင်ဖမ်းခြင်းဖြစ်ကြောင်း သိရသည်။ 25 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ တောင်ဒဂုံဘက် လမ်းပေါ်သွားလာနေသည့် လူငယ်များ ဆွဲဖမ်းခံရ ယနေ့ ဩဂုတ်လ ၂၆ ရက် ည ၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ မောင်းမကန်ကမ်းသာလမ်းပေါ်၊ နတ်စင်မှတ်တိုင်နား ဘုန်းကြီးကျောင်းများရှိသည့်အနီး ယောကျ်ားလေး ၂ ဦး (လူလတ်ပိုင်း) သွားလာနေစဉ် အရပ်ကား Probox ၁ စီးဖြင့် အရပ်ဝတ် ၃ ယောက်ရောက်ပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်ကာ အမှတ် ၂ လမ်းမအတိုင်း မောင်းထွက်သွားကြောင်း သိရှိရသည်။ – Scout Yangon 26 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ မင်္ဂလာတောင်ညွန့်၊ ဂမုန်းပွင့်အနီး လူငယ်များကို ဆွဲသွား ဩဂုတ်လ ၂၃ ရက်နေ့ ညဦးပိုင်းချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂမုန်းပွင့်အနီး ဖြတ်သွားဖြတ်လာ ယောကျ်ားလေး ၆ ဦးခန့်ကို အကြမ်းဖက်ရဲများ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း MPA မှ သိရှိရသည်။ ဂမုန့်ပွင့်အနီး လိုက်ဆွဲပြီး ရွှေမြယာအိမ်ရာရှေ့ ရပ်ထားသည့် ရဲကား ၂ စီးဆီ ခေါ်သွားကြောင်း သိရသည်။ Source: MPA 25 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
🔴 လှိုင်သာယာ၊ ၅ ရပ်ကွက် ဧည့်စစ် ယနေ့ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ မြရိပ်ညိုလမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း ကနဦးသတင်းရရှိသည်။ 25 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️လေတပ်စစ်ဦးစီးအရာရှိ၏ နေအိမ် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
· အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ် စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်း၏ ရန်ကုန်မြို့ရှိ နေအိမ် ဩဂုတ်လ ၂၂ ရက် ညဘက်တွင် ပါဆယ်ဗုံးပို့ တိုက်ခိုက်ခံရကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၇ လမ်းရှိ နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဗိုလ်မှူးပိုင် ကားနှင့် အိမ်တို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါနေ့ ည ၆ နာရီ ၃၈ မိနစ်ခန့်တွင် တာမွေမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံဟုယူဆရသည့် အသံကျယ်ကြားခဲ့ရကြောင်းလည်း သိရှိရသည်။
———— ▪️စစ်တပ်၏ YMBA အတွင်းရေးမှူးများကို လူတစုမှ ဖမ်းဖို့ကြိုးစား
· ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီး၊ YMBA ရုံးခန်း၌ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ YMBA ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင် နှင့် အခြားလူ ၃ ဦးတို့ ရှိနေကြစဉ် အပြင်မှ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်နှင့် ဒေါ်မြတ်စုလှိုင်တို့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ ဖော်ပြထားကြသည်။ ဝင်လာသည့် လူ ၄ ဦးတွင် သေနတ်ပါလာသည်။ ဝင်ဝင်လာချင်း ရုံးထဲရှိနေသည့် အခြားလူ ၃ ဦးတို့ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ကြိုးဖြင့်တုပ်ပြီးနောက် ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ခြောက်လှန်‌ဖမ်းခေါ်ရာ ၎င်းမှ ခုခံအော်ဟစ်၍ ရုံးဝင်းအနီးရှိလူများရောက်လာကြသဖြင့် ဝင်ဖမ်းနေသည့်လူများ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။ ကနဦး ဦးမောင်မောင်ညွန့်ကားဖြင့် မောင်းပြေးဖို့ကြိုးစားသော်လည်း လူဝိုင်းလာသဖြင့် ခြေလျင်ဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။
———— ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၃ မြို့နယ် မှ လူ ၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှည်းကူး၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။ · Tik Tok ပေါ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်ဆေးရေးဂိတ်၌ မှတ်ပုံတင်စစ်ခံရပြီးဖမ်းခံရသူ ၂ ဦး၊ လမ်းပေါ်သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂ ဦး တို့ဖြစ်သည်။ · ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း လူငယ် ၃ ဦး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်ချုပ်စက်ရုံတခုမှ အလုပ်ဆင်းပြီး အိမ်အပြန်တွင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ကြရသည်။
———— ▪️စမ်းချောင်း ရပ်ကွက်အုပ်ကြီးများကို စစ်တပ်က စစ်ကြောနေ
· စမ်းချောင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ယောက်ကို စစ်တပ် စရဖက ဖမ်းဆီးပြီး စစ်ကြောနေကြောင်း သိရှိရသည်။ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်မြောက်၊ မုန့်တောင်၊ သံတံတား၊ လင်းလွန်းမြောက်၊ လင်းလွန်းတောင် ရပ်ကွက်တို့မှ အုပ်ကြီးများကို ရေကြည်အိုင်စစ်ကြောရေး နှင့် ကုန်းမြင့်သာစစ်ကြောရေးစခန်းများ၌ စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်သည့် EPC မန်နေဂျာ၊ စာရေးမ နှင့် ကန်ထရိုက်တာ ၁ ဦးတို့လည်း စစ်ကြောခံနေရသည်ဟု သိရသည်။ စည်ပင်၏ ခွင့်ပြုချက်မရှိပဲ လာဘ်စားကာ အဆောက်အဦးများ ဆောက်လုပ်ထားသည့်ကိစ္စဖြင့် စစ်ကြောနေသည်ဟု ဆိုသည်။ ထိုသို့ဆောက်လုပ်ထားသည့် အဆောက်အဦး စုစုပေါင်း ၃၂ လုံးခန့် ရှိပြီး တချို့အဆောက်အဦးတို့တွင် 'ခွင့်ပြုချက်မရှိပဲ ဆောက်ထား၍ နေထိုင်ခွင့်မရှိ'ဟုဆိုကာ စည်ပင်က သတိပေးစာများ လိုက်ကပ်ထားသည်။
———— ▪️ရဲတပ်ရင်းများမှ ရဲများကို ရှေ့တန်းဒေသများသို့ ပို့
· ရန်ကုန်ရှိ ရဲတပ်ရင်း ၆ ရင်းမှ ရဲများကို ဩဂုတ်လ ၁ ရက်နေ့မှစပြီး ရှေ့တန်းစစ်မြေပြင်ဒေသများသို့ ပို့ဆောင်နေကြောင်း MPA မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ် ရဲများကို ဘဏ်နှင့် ဌာနဆိုင်ရာ လုံခြုံရေးယူခိုင်းထားပြီး အင်အားမလောက်၍ ရဲသတင်းပေးများကိုပါ ခေါ်ထားပြီး အင်အားပြထားရကြောင်းလည်း သိရသည်။
———— ▪️အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု
· အရှေ့ဒဂုံမြို့နယ်၊ Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ၌ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသည့် အလုပ်သမားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်ရုံမန်နေဂျာက အကြမ်းဖက်ရဲများခေါ်ပြီး ပေါ်တာဆွဲဖမ်းခိုင်းလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 'လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်' ဟုလည်း ၎င်းက ပြောခဲ့သည်။ အလုပ်သမား ၇၀၀ ကျော်က ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ အလုံနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
24 Aug 2026 #RangoonScoutNetwork #YGN_weekly

RSN WEB
7 257
🟠 အင်းစိန်၊ ဒညင်းကုန်းရပ်ကွက် ဧည့်စစ်သတိ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက် ဒညင်းကုန်းဈေးအနီး ၁၉၉ ဂိတ်ဟောင်းမှတ်တိုင်နားရှိ စက်မှုဇုန်ဝန်ထမ်းအိမ်ရာ (၂၊ ၃၊ ၄) ဘက်ထဲ ယနေ့ည ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။ ည ၉ နာရီခန့်တွင် လျှပ်စစ်မီးပြတ်တောက်သွားကြောင်းလည်း သိရသည်။ 22 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
▪️လေတပ်စစ်ဦးစီးအရာရှိ၏ နေအိမ် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရဟု ဆို အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ် စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်း၏ ရန်ကုန်မြို့ရှိ နေအိမ် ယနေ့ ဩဂုတ်လ ၂၂ ရက် ညဘက်တွင် ပါဆယ်ဗုံးပို့ တိုက်ခိုက်ခံရကြောင်း People's Spring မှ သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၇ လမ်းရှိ နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဗိုလ်မှူးပိုင် ကားနှင့် အိမ်တို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ ယနေ့ည ၆ နာရီ ၃၈ မိနစ်ခန့်တွင် တာမွေမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံဟုယူဆရသည့် အသံကျယ်ကြားခဲ့ရကြောင်း Tamwe Nway Oo Channel မှ သိရှိရသည်။ Source: People's Spring 22 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ အင်းစိန်မြို့နယ်ထဲ လမ်းပေါ်ရှိနေသည့် လူငယ်များကို ကားဖြင့်ဆွဲဖမ်းသွား ယနေ့ ဩဂုတ်လ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ် ပုလဲလမ်းထိပ်၌ ယောကျ်ားလေး ၂ ဦး ရှိနေစဉ် ကား ၁ စီးဖြင့် လူတစု ရုတ်တရက်ရောက်ရှိလာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်ကာ ရွှေပြည်သာမြို့နယ်ဘက် မောင်းထွက်သွားကြောင်း ကနဦး သိရှိရသည်။ – RSG 21 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
🔴 လှိုင်သာယာ၊ ၅ ရပ်ကွက် ဧည့်စစ် ယနေ့ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ ချင်းတွင်း ၃ လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူ၊ အုပ်ကြီး အဖွဲ့စုံပါ အင်အား ၂၀ ခန့်ပါကြောင်း သိရသည်။ 21 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
⚫️ ဇီးရိုးမိုင်ဂိတ်၌ မှတ်ပုံတင်စစ်ပြီး လူငယ်တဦးကို ဖမ်းသွား ယနေ့ ဩဂုတ်လ ၂၁ ရက် မနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ယာဉ်ပေါ်မှ လူငယ် ၁ ဦးကို အကြမ်းဖက်ရဲများ လက်ထိပ်ခတ် ဖမ်းဆီးသွားကြကြောင်း CJ Platform မှ သိရှိရသည်။ မှတ်ပုံတင်စစ်ပြီး ဖမ်းသွားခြင်းဖြစ်သည်။ လူငယ်မှာ အသက် ၂၁ နှစ်အရွယ်ခန့်ဖြစ်သည်။ Source: CJ Platform 21 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
🆕 DAILY HIGHLIGHTS (16-20 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ စစ်ကိုင်း နဲ့ မန္တလေး ယူနစ
🆕 DAILY HIGHLIGHTS (16-20 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ
စစ်ကိုင်း နဲ့ မန္တလေး ယူနစ်တို့ SCEF အဖွဲ့ဝင်ဖြစ်ဖို့ သဘောတူကြောင်း SCEF ထုတ်ပြန် – THN ဦးအောင်ကြည်ညွန့် NLD CWC က နုတ်ထွက် – THN
———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ပူတင်နဲ့တွေ့ – BBC စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ မင်းအောင်လှိုင်သွားရောက်မည် – MPA မြန်မာ့အကျပ်အတည်းအတွက် EU က အရေးပေါ် အကူအညီအသစ် ထပ်မံပေးမည် – DVB နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ် – BBC မြန်မာနိုင်ငံတွင် ရုရှားက ရေနံနှင့်သဘာ၀ဓာတ်ငွေ့တူးဖော်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားတယ်ဟု ပူတင်ပြော – KT SCEF ရဲ့ ဂျပန်ခရီးစဉ်မှာ KNU ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင် – BBC
———— 💵 စီးပွားရေးထူးခြားသတင်းများ
သန်လျင်ရေနံချက်စက်ရုံက ထုတ်လုပ်သည့် အရည်အသွေး မမှီသော စက်သုံးဆီများကို ပြည်ပ စက်သုံးဆီများ၏ နေရာတွင် အစားထိုးတော့မည်ဟု ဆို – KT ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက် – DVB
———— ⌛ ရာထူးကြီးအပြောင်းအရွှေ့
စစ်တပ် စစ်ဦးစီးအရာရှိချုပ် (ရေ) ပြောင်းလဲခန့်အပ် – DVB
———— ➕ အခြားထူးခြားသတင်းများ
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ ၄ သန်းကျော်ရှိလာဟု UNHCR က သတိပေး – KT ထိုင်းစစ်တပ်က မြန်မာစစ်အရာရှိများကို စစ်သင်တန်းများတွင် လက်ခံမည်ဟုဆို – KT
#RangoonScoutNetwork

RSN WEB
7 257
▪️စစ်တပ်၏ YMBA အတွင်းရေးမှူးများကို လူတစုမှ ဖမ်းဖို့ကြိုးစား ယနေ့ ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီး၊ YMBA ရုံးခန်း၌ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ YMBA ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင် နှင့် အခြားလူ ၃ ဦးတို့ ရှိနေကြစဉ် အပြင်မှ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်နှင့် ဒေါ်မြတ်စုလှိုင်တို့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ ဖော်ပြထားကြသည်။ ဝင်လာသည့် လူ ၄ ဦးတွင် သေနတ်ပါလာသည်။ ဝင်ဝင်လာချင်း ရုံးထဲရှိနေသည့် အခြားလူ ၃ ဦးတို့ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ကြိုးဖြင့်တုပ်ပြီးနောက် ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ခြောက်လှန်‌ဖမ်းခေါ်ရာ ၎င်းမှ ခုခံအော်ဟစ်၍ ရုံးဝင်းအနီးရှိလူများရောက်လာကြသဖြင့် ဝင်ဖမ်းနေသည့်လူများ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။ ကနဦး ဦးမောင်မောင်ညွန့်ကားဖြင့် မောင်းပြေးဖို့ကြိုးစားသော်လည်း လူဝိုင်းလာသဖြင့် ခြေလျင်ဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။ 20 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
▪️ပေါ်တာလာဆွဲခိုင်းလိုက်မည်ဟုဆိုကာ စက်ရုံက အလုပ်သမားများကို ခြိမ်းခြောက် ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ၌ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသည့် အလုပ်သမားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်ရုံမန်နေဂျာက အကြမ်းဖက်ရဲများခေါ်ပြီး ပေါ်တာဆွဲဖမ်းခိုင်းလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 'လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်' ဟုလည်း ၎င်းက ပြောခဲ့သည်။ အလုပ်သမား ၇၀၀ ကျော်က ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်။ Source: Khit Thit 19 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
▪️စက်ရုံမှအပြန် လူငယ်များ ပေါ်တာဆွဲခံရ ဩဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဖိနပ်ချုပ်စက်ရုံတခုမှ ယောကျ်ားလေး ၃ ဦး အိမ်ပြန်စဉ် ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်း DVB မှ သိရှိရသည်။ လူငယ်များမှာ အသက် ၂၁ နှစ်အရွယ်ရှိသည့် မောင်ဖိုးဇော်နှင့် မောင်မင်းသူ၊ အသက် ၁၉ နှစ်ခန့်အရွယ် မောင်ဝေယံ တို့ဖြစ်ပြီး ဧရာဝတီတိုင်း ငပုတောမြို့နယ်နှင့် လေးမျက်နှာမြို့နယ် ဇာတိများဖြစ်ကာ ရန်ကုန်သို့ ပြောင်းရွှေ့လာ၍ အလုပ်လုပ်နေကြသည်မှာ ၉ လခန့်သာ ရှိသေးကြောင်း သိရသည်။ ဖမ်းဆီးခံရရပြီးနောက်နေ့တွင် လူငယ် ၁ ဦးမှ မိသားစုထံ ဆက်သွယ်ပြီး ဂိုဒေါင်တခုထဲ လက်ထိပ်ခတ် ဖမ်းချုပ်ခံထားရသည်ဟု အသိပေးခဲ့သည်။ Source: DVB 19 Aug 2026 #RangoonScoutNetwork

RSN WEB
7 257
▪️စမ်းချောင်း ရပ်ကွက်အုပ်ကြီးများကို စစ်တပ်က စစ်ကြောနေ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ယောက်ကို စစ်တပ် စရဖက ဖမ်းဆီးပြီး စစ်ကြောနေကြောင်း သိရှိရသည်။ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်မြောက်၊ မုန့်တောင်၊ သံတံတား၊ လင်းလွန်းမြောက်၊ လင်းလွန်းတောင် ရပ်ကွက်တို့မှ အုပ်ကြီးများကို ရေကြည်အိုင်စစ်ကြောရေး နှင့် ကုန်းမြင့်သာစစ်ကြောရေးစခန်းများ၌ စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်သည့် EPC မန်နေဂျာ၊ စာရေးမ နှင့် ကန်ထရိုက်တာ ၁ ဦးတို့လည်း စစ်ကြောခံနေရသည်ဟု သိရသည်။ စည်ပင်၏ ခွင့်ပြုချက်မရှိပဲ လာဘ်စားကာ အဆောက်အဦးများ ဆောက်လုပ်ထားသည့်ကိစ္စဖြင့် စစ်ကြောနေသည်ဟု ဆိုသည်။ ထိုသို့ဆောက်လုပ်ထားသည့် အဆောက်အဦး စုစုပေါင်း ၃၂ လုံးခန့် ရှိပြီး တချို့အဆောက်အဦးတို့တွင် 'ခွင့်ပြုချက်မရှိပဲ ဆောက်ထား၍ နေထိုင်ခွင့်မရှိ'ဟုဆိုကာ စည်ပင်က သတိပေးစာများ လိုက်ကပ်ထားသည်။ Source: MPA, BBC 19 Aug 2026 #RangoonScoutNetwork