RSN WEB
前往频道在 Telegram
ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN
显示更多7 102
订阅者
-624 小时
-237 天
-8230 天
正在加载数据
吸引订阅者
十一月 '2611月 '26
十一月 '26
+34
在12个频道中
十月 '26
+56
在12个频道中
Get PRO
九月 '26
+92
在21个频道中
Get PRO
八月 '26
+60
在12个频道中
Get PRO
七月 '26
+76
在14个频道中
Get PRO
六月 '26
+45
在13个频道中
Get PRO
五月 '26
+64
在14个频道中
Get PRO
四月 '26
+17
在13个频道中
Get PRO
三月 '26
+15
在14个频道中
Get PRO
二月 '26
+19
在14个频道中
Get PRO
一月 '26
+36
在17个频道中
Get PRO
十二月 '25
+48
在16个频道中
Get PRO
十一月 '25
+53
在18个频道中
Get PRO
十月 '25
+51
在15个频道中
Get PRO
九月 '25
+54
在17个频道中
Get PRO
八月 '25
+72
在22个频道中
Get PRO
七月 '25
+78
在20个频道中
Get PRO
六月 '25
+95
在21个频道中
Get PRO
五月 '25
+88
在22个频道中
Get PRO
四月 '25
+81
在19个频道中
Get PRO
三月 '25
+109
在26个频道中
Get PRO
二月 '25
+214
在20个频道中
Get PRO
一月 '25
+436
在24个频道中
Get PRO
十二月 '24
+655
在30个频道中
Get PRO
十一月 '24
+649
在30个频道中
Get PRO
十月 '24
+107
在17个频道中
Get PRO
九月 '24
+201
在22个频道中
Get PRO
八月 '24
+385
在24个频道中
Get PRO
七月 '24
+197
在20个频道中
Get PRO
六月 '24
+171
在23个频道中
Get PRO
五月 '24
+153
在22个频道中
Get PRO
四月 '24
+242
在21个频道中
Get PRO
三月 '24
+388
在27个频道中
Get PRO
二月 '24
+774
在29个频道中
Get PRO
一月 '24
+298
在19个频道中
Get PRO
十二月 '23
+554
在24个频道中
Get PRO
十一月 '23
+406
在26个频道中
Get PRO
十月 '23
+165
在26个频道中
Get PRO
九月 '23
+75
在0个频道中
Get PRO
八月 '23
+105
在0个频道中
Get PRO
七月 '23
+94
在0个频道中
Get PRO
六月 '23
+65
在0个频道中
Get PRO
五月 '23
+72
在0个频道中
Get PRO
四月 '23
+66
在0个频道中
Get PRO
三月 '230
在0个频道中
Get PRO
二月 '230
在0个频道中
Get PRO
一月 '230
在0个频道中
Get PRO
十二月 '220
在0个频道中
Get PRO
十一月 '220
在0个频道中
Get PRO
十月 '220
在0个频道中
Get PRO
九月 '220
在0个频道中
Get PRO
八月 '220
在0个频道中
Get PRO
七月 '22
+6
在0个频道中
Get PRO
六月 '22
+17
在0个频道中
Get PRO
五月 '22
+14
在0个频道中
Get PRO
四月 '22
+71
在0个频道中
Get PRO
三月 '220
在0个频道中
Get PRO
二月 '220
在0个频道中
Get PRO
一月 '22
+2
在0个频道中
Get PRO
十二月 '21
+19
在0个频道中
Get PRO
十一月 '21
+207
在0个频道中
Get PRO
十月 '21
+934
在0个频道中
Get PRO
九月 '21
+274
在0个频道中
Get PRO
八月 '21
+157
在0个频道中
Get PRO
七月 '21
+497
在0个频道中
Get PRO
六月 '21
+390
在0个频道中
Get PRO
五月 '21
+15 106
在0个频道中
Get PRO
四月 '21
+4 854
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 17 十一月 | +3 | |||
| 16 十一月 | 0 | |||
| 15 十一月 | +2 | |||
| 14 十一月 | +1 | |||
| 13 十一月 | +1 | |||
| 12 十一月 | +4 | |||
| 11 十一月 | +4 | |||
| 10 十一月 | 0 | |||
| 09 十一月 | +5 | |||
| 08 十一月 | 0 | |||
| 07 十一月 | +2 | |||
| 06 十一月 | +2 | |||
| 05 十一月 | +3 | |||
| 04 十一月 | +3 | |||
| 03 十一月 | +3 | |||
| 02 十一月 | 0 | |||
| 01 十一月 | +1 |
频道帖子
🔴 စမ်းချောင်း၊ မုန့်မြောက်ရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ ရန်ပြိုလမ်းပေါ် ရန်ကင်းလမ်းအနီး ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။
Source: Sanchaung Scout Channel
17 Nov 2026
#RangoonScoutNetwork
17 11月, 10:41
| 2 | 🖥 ရန်ကုန် တပတ်တာ အခြေအနေ
•••••••••••••••®•••••••••••••••
ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 9 - 15, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၂ ခု ခွဲ၍ ဖော်ပြထားသည်။
▪️ကုလရုံးရှေ့ ဘန်နာချိတ် ဆန္ဒပြ
· ရန်ကုန်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် 'SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE' စာသားပါ ဘန်နာကို ချိတ်ဆွဲလှုပ်ရှားခဲ့ကြောင်း Yangon 4 Brothers မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
————
▪️မင်္ဂလာဒုံထဲ ယာဉ်စစ်နေသည်အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ဟု ဆို
· နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းပေါ် ပုလဲလမ်းဆုံအနီးရှိ ယာဉ်စစ်ငွေညစ်နေသည့် လူမိုက်အဖွဲ့အား အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
————
▪️အဖမ်းအဆီးဖြစ်စဉ်များ
· ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၁ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှိုင် (၇ ဦး)၊ စမ်းချောင်း (၂ ဦး)၊ မြောက်ဥက္ကလာ (၁ ဦး)၊ ဒဂုံဆိပ်ကမ်း (၁ ဦး) တို့ဖြစ်သည်။ ၈ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ပြီး ၃ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံခဲ့ရခြင်းဖြစ်သည်။
· ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်ထဲ လမ်းပေါ်ဆွဲဖမ်းခံရသူ ၂ ဦး၊ ၈ ရက်နေ့တွင် လှိုင်မြို့နယ်ထဲ နေအိမ်ထိ ဝင်ဖမ်းဆွဲခံရသူ ၂ ဦး ရှိခဲ့သည်။
————
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်း၊ ကျောက်တံတား၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
————
▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ
· နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာပြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။
————
▪️ရှေ့တန်းပြန် စစ်သားကြိုဆိုပွဲဆိုပြီး ပုံမှားရိုက် ဝါဒဖြန့်
· အကြမ်းဖက်စစ်တပ်က ရှေ့တန်းပြန်စစ်သားများကို ကြိုဆိုသည်ဟုဆိုပြီး ရန်ကုန်တိုင်း နယ်မြေခံတပ်ရင်းတချို့ထဲ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပွဲပြုလုပ်ပြသွားခဲ့သည်။ ဘေလီတံတားအနီးရှိ ၄၃၅/၄၃၆ တပ်ရင်းထဲ လုပ်ခဲ့သည့်ပွဲထဲ စစ်တပ်အရာရှိများ၊ နောက်လိုက်အဖွဲ့များနှင့် စစ်တပ်အမာခံ အနုပညာရှင်ဆိုသူများလည်း ပွဲတက်ပြခဲ့ကြသည်။ ၎င်းပြန်လာသူများကို ရခိုင်စစ်မြေပြင်မှ ပြန်လာသူများဟု အမည်တပ်ထားသော်လည်း အမှန်မှာ တွ့တေးနှင့် ကော့မှူးမြို့နယ်ဘက်ထဲ ဂိတ်စောင့် ဂိတ်ကြေးကောက်ခံနေခဲ့ကြသူများသာဖြစ်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ပုံမှားရိုက်ဝါဒဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။
————
▪️ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ
· နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ပြထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
————
▪️ကုန်ဈေးနှုန်းကြီးမြင့်လာပြီးနောက် ဆန္ဒပြမှုများအတွက် ရဲများပြင်ဆင်
· အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုများကြောင့် လူထုဆန္ဒပြမှုများရှိလာပါက အင်အားသုံးနှိမ်နင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဆိုပြီး အကြမ်းဖက်စစ်တပ်၏ ရန်ကုန်တိုင်းရဲအဖွဲ့က ညွှန်ကြားချက်ပေးထားကြောင်း DVB မှ သိရှိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တိုင်းရဲမှူးချုပ် ကိုကိုလွင်က ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို အစည်းအဝေးခေါ်ပြီး ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားမှုကို ၎င်းတိုင်းရဲမှူးကိုယ်တိုင် လိုက်စစ်ဆေးမည်ဟုလည်း ဆိုထားသည်။ ဥရောပတိုက်အတွင်း ဆန္ဒပြမှုများ တောက်လျှောက်ဖြစ်ပေါ်နေသောကြောင့် ကြိုပြင်ဆင်ထားကြပုံရသည်။
————
▪️ကြက်သွန်နီဈေး ဆီဈေး ထိုးတက်
· ပြီးခဲ့သည့်သီတင်းပတ်ထဲ ကြက်သွန်နီဈေးနှုန်းများ မတရားမြင့်တက်လာ၍ ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းရုံး၌ ကြက်သွန်တင်ပို့ရောင်းချသူများအသင်းက ကြက်သွန်ပွဲရုံပိုင်ရှင်များနှင့် ကုန်သည်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ခဲ့ရကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ ၁ ပိဿာ ကျပ် ၂ သောင်းကျော်ဖြစ်လာ၍ အစည်းအဝေးခေါ်ခြင်းဖြစ်သော်လည်း အစည်းအဝေးလုပ်ပြီး နောက်နေ့များတွင် ၁ ပိဿာ ကျပ် ၃ သောင်းဝန်းကျင်ထိ ရှိလာခဲ့ကြောင်း သိရသည်။
· စားအုန်းဆီလည်း ပြင်ဈေးကွက်ထဲ ကျပ် ၃ သောင်းထိ မြင့်တက်လာ၍ စစ်ကောင်စီက မြေပြင်ဆင်း လိုက်လံစစ်ဆေးနေကြကြောင်း MPA မှ သိရှိရသည်။
————
▪️ရပ်ကွက်အုပ်ကြီးနေရာ ပေါက်ဈေး သိန်း ၅၀၀ ခန့်ရှိ
· ယခုလပိုင်းအတွင်း ရန်ကုန်တိုင်း ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးနေရာ ရွေးပွဲများလုပ်နေပြီး ၎င်းနေရာရဖို့အတွက် ပေါက်ဈေး ကျပ်သိန်း ၅၀၀ ထိ ရှိနေကြောင်း DVB မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ်အဖွဲ့များကို လာဘ်ထိုးရခြင်းဖြစ်သည်။ ရပ်ကွက်အုပ်ကြီးဖြစ်လာပါက တရက်ကို ကျပ် ၆ သိန်းဝန်းကျင်ထိ ရနိုင်သောကြောင့် လာဘ်ပေးပြီး နေရာလုယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ကြီးရွေးပွဲများတွင် ရပ်ကွက်တွင်း ရပ်မိရပ်ဖ ၅ ဦးခန့် ဦးစွာရွေးပြီး ထိုသူတို့ဦးစီးကာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ကြီး အဆင့်ဆင့်ရွေးသည်ဟုဆိုသည်။
————
▪️CNG Taxi ယာဉ်များကို အသင်းတခုထဲ ဝင်ခိုင်း
· ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် CNG Taxi များ YCTA အသင်းထဲ ဝင်ရမည်ဖြစ်ပြီး CNG Sticker များလည်း ကပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ အသိပေးကြေညာထားသည်။ အသင်းမဝင်လျှင် CNG ဝယ်ယူခွင့် မပေးဟု ဆိုသည်။ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ဝင်ရမည်ဟု ဖော်ပြထားသည်။
————
▪️ရှေ့တန်းမှ ပြန်လာသည့်ရဲ အိမ်လုခံရ
· အကြမ်းဖက်စစ်တပ်၏ ရဲအရာရှိ ၁ ယောက် ရှေ့တန်းမှအပြန် နေအိမ်ပြန်အရောက် ရပ်ကွက်လူမိုက်အဖွဲ့က အိမ်ပေါ်တက်နေနေကြသည်ဟုဆိုကာ Tik Tok ပေါ် ဗီဒီယိုတင်ပြီး အကူအညီတောင်းနေသည့် ဖြစ်စဉ်ရှိခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်ထဲရှိနေအိမ်ဖြစ်ပြီး ၎င်းမှ ရဲစခန်းသွားတိုင်သော်လည်း အဖက်မလုပ်ကြဟု ဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အဆိုပါလူမိုက်အဖွဲ့က ငှက်ကြီးတောင်ဓားများဖြင့် ၎င်းရဲအရာရှိကို လာရောက်ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ကြသည်ဟုလည်း သိရသည်။ စမ်းချောင်းရဲစခန်းမှ စခန်းမှူး၊ အမှုစစ် နှင့် အာဏာရှိသူများက အဆိုပါလူမိုက်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟုလည်း ပြောဆိုထားသည်။
16 Nov 2026
#RangoonScoutNetwork #YGN_weekly | 924 |
| 3 | 🆕 DAILY HIGHLIGHTS (12-15 NOV 2026)
•••••••••••••••®•••••••••••••••
🔍 နိုင်ငံရေးထူးခြားသတင်းများ
KNU၊ KNPP နဲ့ နေပြည်တော်တို့ ဆွေးနွေးပွဲဖြစ်လာအောင် ထိုင်းကူညီမယ်လို့ ပြော – BBC
————
🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအစည်းအဝေး ပြန်တက်ခွင့်ပေးသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း – MPA
မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံခေါင်းဆောင်များ သဘောတူညီဟု အာဆီယံဥက္ကဋ္ဌပြော – MPA
မြန်မာ့အရေးနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဆုံးဖြတ်မည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြော – KT
မြန်မာစစ်ကောင်စီက ၂၀၂၉ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ဆန္ဒပြုသော်လည်း တီမောနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စေမည်ဟု ဖိလစ်ပိုင်ကြေညာ – KT
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး ဆက်လုပ်ရမည်၊ တခြားနိုင်ငံများ နေရာဝင်ယူသွားနိုင်ဟု အိန္ဒိယပြော – MPA
ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရေးကိစ္စ ထိုင်းက နေပြည်တော်နဲ့ ဆွေးနွေး – BBC
————
💵 စီးပွားရေးထူးခြားသတင်းများ
ဒေါ်လာဈေး မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း – DVB
ရန်ကုန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၅,၀၀၀ အထိ မြင့်တက် – KT
————
☢️ နျူကလီးယား
နျူဓာတ်ပေါင်းဖို တည်ဆောက်ရေးကိစ္စ တစ်နှစ်ရွေ့လိုက်ရဟု စစ်ကောင်စီပြော – AT
————
➕ အခြားထူးခြားသတင်းများ
ပြည်ပအလုပ်သမား ၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ ငွေပြန်မလွှဲပါက Agency ၏ လိုင်စင်ယာယီပိတ်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ – KT
#RangoonScoutNetwork | 899 |
| 4 | 🔴 တောင်ဒဂုံ၊ ၂၀ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၈ နာရီခွဲခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်၊ ရတနာလမ်းပေါ် နေအိမ်တချို့ထဲ ဧည့်စစ်ဝင်သွားကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်သား၊ ရဲ၊ ပြည်သူ့စစ်၊ အရပ်ဝတ်၊ အုပ်ကြီးအဖွဲ့ စုစုပေါင်း အင်အား ၃၀ ခန့်ပါသည်။ ည ၉ နာရီခန့်တွင် ပြန်ထွက်သွားကြောင်း သိရသည်။
Source: RSG
15 Nov 2026
#RangoonScoutNetwork | 993 |
| 5 | ▪️မင်းအောင်လှိုင် ရန်ကုန်ထပ်ရောက်လာ
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာသည်။ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံသို့ ဝင်သွားခဲ့ကြောင်း သိရသည်။
15 Nov 2026
#RangoonScoutNetwork | 1 739 |
| 6 | ▪️ရန်ကုန်ရှိ ကျားဖြန့်အဖွဲ့များအနက် တဖွဲ့ကို စစ်တပ် ဝင်ဖမ်းပြ
နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ Golden River Residence Condo ထဲရှိ ကျားဖြန့်လုပ်ကိုင်နေသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကွန်ဒို၏ အခန်း ၉ ခန်းထဲရှိ လူစုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသား ၅၂ ဦး (ကျား ၄၈ ဦး၊ မ ၄ ဦး)၊ ဗီယက်နမ်နိုင်ငံသား ကျား ၈ ဦး၊ မြန်မာနိုင်ငံသား ၄၆ ဦး (ကျား ၃၁ ဦး၊ မ ၁၅ ဦး) တို့ဖြစ်ပြီး ကွန်ပျူတာ လက်ပ်တော့ပ်၊ ဆာဗာ၊ ဖုန်း၊ ဝိုင်ဖိုင်စက်၊ ရောက်တာ၊ ပက်စ်ပို့စာအုပ်၊ ဘဏ်စာအုပ်များပါ သိမ်းဆည်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုထဲ တရုတ်နိုင်ငံမှ ဆုကြေးငွေထုတ်ပြန်ထားသူ ၁ ဦး (Su Fu Quan) ပါသည်။ ၎င်းတို့သည် အဖွဲ့ ၅ ဖွဲ့ခွဲကာ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်တွင်လည်း ရန်ကင်းမြို့နယ်၊ Golden City ကွန်ဒိုထဲ စစ်တပ်အင်အားအများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြသေးသည်။ လှိုင်သာယာမြို့နယ် FMI City ဝင်းထဲ ဝင်ရောက်စီးနင်းသည့် သတင်းတချို့လည်း ထွက်ပေါ်နေသည်။ ကျားဖြန့်အတွက် လိုက်စစ်ဆေးပြနေသည်ဟု ယူဆရသည်။
14 Nov 2026
#RangoonScoutNetwork | 1 549 |
| 7 | 🟠 ရန်ကင်း၊ Golden City ကွန်ဒိုထဲ အင်အားအများအပြားဝင်သွားခဲ့
ယနေ့ နိုဝင်ဘာလ ၁၃ ရက် မနက် ၇ နာရီခန့်တွင် ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်း၊ Golden City ကွန်ဒိုဝင်းထဲ စစ်ကားကြီး ၃ စီး အကြမ်းဖက်တပ်သားများ ရောက်ရှိနေခဲ့ကြောင်း သတင်းရရှိသည်။ ထို့နောက် မနက် ၈ နာရီခန့်တွင် စစ် DC ၂ စီး ထပ်ဝင်သွားခဲ့သည်။ အစစ်အဆေးဝင်သွားပုံရသည်။
13 Nov 2026
#RangoonScoutNetwork | 1 401 |
| 8 | 🔴 မြောက်ဒဂုံ၊ ၄၁ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ ပဒေသရာဇာလမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အဖွဲ့စုံ အင်အား ၂၀ ကျော်ပါသည်။
12 Nov 2026
#RangoonScoutNetwork | 1 274 |
| 9 | 🆕 DAILY HIGHLIGHTS (9-11 NOV 2026)
•••••••••••••••®•••••••••••••••
💥 စစ်ရေးထူးခြားသတင်းများ
ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာရှိစခန်းနှင့် တပ်ရင်းနေရာများစစ်တပ်ထံ လက်လွှတ်ရ – MN
ကာကွယ်ရေး ဘတ်ဂျက် ကျပ် ဘီလျံ တစ်သောင်းကျော်ရှိလာ – BBC
————
🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ် – BBC
ထိုင်းနိုင်ငံခြားရေး၀န်ကြီးရဲ့နေပြည်တော်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့မရှိ – BBC
အာဆီယံထိပ်သီးစည်းဝေးပွဲ နေပြည်တော်ညွှန်ချုပ်အဆင့်သာ တက်ခွင့်ရ – BBC
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၄ ဒသမ ၂ သန်းရှိပြီး မြန်မာအလုပ်သမားက အရေအတွက် ၃ ဒသမ ၃၃ သန်းဖြင့် အများဆုံးဖြစ်နေဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် – KT
အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ မဟုတ်ရင် မြန်မာစစ်ရှောင်တွေကို ဝင်ရောက်ခွင့် မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော – PS
ဦးဝင်းမြင့်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ဂျာမနီသံရုံး ယာယီတာဝန်ခံ ကို စစ်တပ်ခေါ်သတိပေး – BBC
————
💵 စီးပွားရေးထူးခြားသတင်းများ
ရွှေဈေး ကျပ် ၁၀၃သိန်း ကျော်လာ – PS
ဘဏ်ထဲ ကိုယ်ပိုင်အပ်နှံငွေကိုအကန့်အသတ်နဲ့သာထုတ်ခွင့်ပေးထားကြောင်း ဗဟိုဘဏ် ဝန်ခံ – BBC
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိလာဟုဆို – KT
————
☢️ နျူကလီးယား
နျူဓာတ်အားပေးစက်ရုံနေရာ ရုရှားနဲ့ ညှိနှိုင်းနေတယ်လို့ နေပြည်တော်ပြော – BBC
————
➕ အခြားထူးခြားသတင်းများ
ပြည်ပရောက်မြန်မာတွေ ၂၅ ရာခိုင်နှုန်း မိသားစုကိုလွှဲထားကြောင်း ၃ လစာ မပြနိုင်ရင် ပက်စပို့သက်တမ်းတိုးခွင့်မရ – BBC
#RangoonScoutNetwork | 1 957 |
| 10 | ⚫️ စမ်းချောင်းတောင်ဘက် ဧည့်စစ်ပြီး လူဖမ်းခေါ်သွား
နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (တောင်) ရပ်ကွက်၊ ဆီဆုံလမ်းထဲ အကြမ်းဖက်တပ်သား၊ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ပြန်အထွက် စည်ပင်ရုံ အမှိုက်ကန်ဘက် လမ်းလျှောက်သွားလာနေသည့် စည်ပင်ဝန်ထမ်း ၁ ဦးကို ဖမ်းခေါ်သွားကြကြောင်း သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း စမ်းချောင်း (တောင်) ရပ်ကွက်ထဲ ဧည့်စစ်ဝင်ခဲ့ပြီး လူ ၁ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ကနဦးသိရှိထားရသည်။
Source: Sanchaung Scout Channel
11 Nov 2026
#RangoonScoutNetwork | 835 |
| 11 | 🔴 အရှေ့ဒဂုံ၊ ၁၁ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီခန့်တွင် အရှေ့ဒဂုံမြို့နယ်၊ ၁၁ ရပ်ကွက်၊ ဦးဘခင်လမ်းတဝိုက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။ အကြမ်းဖက်တပ်သားများနှင့် အုပ်ကြီးအဖွဲ့များပါပြီး အိမ်ရှေ့ လူထွက်ပြရကြောင်း သိရသည်။
11 Nov 2026
#RangoonScoutNetwork | 1 195 |
| 12 | ⚫️ လှိုင်၊ ၁၆ ရပ်ကွက်ထဲ စစ်မှုထမ်းအတွက် နေအိမ်ထိလိုက်ဆွဲ
နိုဝင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၁၀ လမ်းထဲ အကြမ်းဖက်တပ်သား၊ ထွေအုပ်အဖွဲ့၊ ရပ်ကွက်အုပ်ကြီးအဖွဲ့များ အစစ်အဆေးဝင်ပြီး ယောက်ျားလေး ၁ ဦး (အသက် ၂၈ နှစ်ခန့်) ကို စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ထို့ပြင် မာလာမြိုင် ၇၊ ၈၊ ၉ လမ်းများထဲလည်း အစစ်အဆေးဝင်သွားခဲ့သေးကြောင်း သိရသည်။ အဆိုပါညတွင် ၁၆ ရပ်ကွက်ထဲမှ စုစုပေါင်း လူ ၆ ဦးခန့်ကို ဖမ်းခေါ်သွားကြောင်း ကနဦးသိထားရပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။
Source: RSG
11 Nov 2026
#RangoonScoutNetwork | 1 268 |
| 13 | 🔴 ကျောက်တံတား၊ ၇ ရပ်ကွက် ဧည့်စစ်
ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ ၇ ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက် (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) ထဲ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ အုပ်ကြီးအဖွဲ့နှင့် အကြမ်းဖက်တပ်သားများပါသည်။
Source: Botahtaung Scout Channel
10 Nov 2026
#RangoonScoutNetwork | 811 |
| 14 | 🔴 စမ်းချောင်း၊ ကျွန်းတောအလယ်ရပ်ကွက် ဧည့်စစ်
ယနေ့ည ၁၀ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ပုသိမ်လမ်းပေါ် ကျွန်းတောလမ်းအထွက်ဘက်တဝိုက် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ စစ် SC ၁ စီး၊ ရဲဆလွန်း ၁ စီးပါသည်။
Source: RSG
09 Nov 2026
#RangoonScoutNetwork | 915 |
| 15 | ⚫️ လှိုင်မြို့နယ်တွင် နေအိမ်ထဲကော လမ်းပေါ်ပါ လူလိုက်ဆွဲ
နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးအေး ၄ လမ်းထဲသို့ စစ်ကား ၃ စီးနှင့် အရပ်ကားများဖြင့် အကြမ်းဖက်တပ်သားများ ရောက်လာပြီး ယောက်ျားလေး ၂ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) ကို စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်ထဲ ဝင်ဖမ်းခေါ်သွားကြောင်း RSG မှ သိရှိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ ညဘက်တွင်လည်း ဦးအေး ၆ လမ်းနေ အမျိုးသား ၁ ဦးကို အရက်မူးနေသည်ဟုဆိုပြီး ဆိုင်ကယ်ဖြင့်ပတ်နေသည့် ရဲများက ဖမ်းခေါ်သွားကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သစ္စာလမ်းနေ ယောက်ျားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ကို ရပ်ကွက်အုပ်ကြီးနှင့်အဖွဲ့က နေအိမ်ထဲ ဝင်ဖမ်းခေါ်သွားခဲ့ကြောင်း MPA မှ သိရှိရသည်။ ထိုနေ့ညမှာပင် မာလာလမ်းနေ ယောက်ျားလေ ၁ ဦး ဆေးခန်းသွားပြဖို့အတွက် အိမ်မှထွက်လာစဉ် ပန်းခြံကျောင်းလမ်းထဲ၌ ဆွဲဖမ်းခံခဲ့ရကြောင်းလည်း သိရသည်။
Source: RSG, MPA
09 Nov 2026
#RangoonScoutNetwork | 1 817 |
| 16 | ⚫️ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် လမ်းသွားလမ်းလာ လူငယ်ကို ဆွဲဖမ်းသွား
နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ် အိုးဘိုလမ်းထိပ်အနီး ယောကျ်ားလေး ၁ ဦး လမ်းလျှောက်သွားလာနေစဉ် အကြမ်းဖက်ရဲနှင့် အရပ်ဝတ်များ ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ အဆိုပါနေရာအနီး ရဲလှည့်ကင်းကား ၊ အရပ်ကား ၁ စီးရပ်ပြီး ၎င်းတို့အဖွဲ့ရှိနေစဉ် လူငယ်ကိုတွေ့ပြီး ဆွဲဖမ်းသွားခြင်းဖြစ်သည်။ လူငယ်က အော်ဟစ်အကူအညီတောင်း ရုန်းကန်လို့ဆိုကာ ဝိုင်းထိုးကြိတ်ခဲ့ကြကြောင်းလည်း သိရသည်။
09 Nov 2026
#RangoonScoutNetwork | 1 199 |
| 17 | 🖥 ရန်ကုန် တပတ်တာ အခြေအနေ
•••••••••••••••®•••••••••••••••
ပြီးခဲ့သည့် ရက်သတ္တပတ် [Nov 2-8, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။
▪️ဗိုလ်ချုပ်ဈေးရှေ့ သပိတ်လှုပ်ရှားမှုလုပ်
· ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့တွင် "FREE HER, FREE THEM ALL" စာတန်းကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ထုတ်ပြန်ကြေညာထားသည်။
————
▪️အဖမ်းအဆီးဖြစ်စဉ်များ
· ပြီးခဲ့သည့် ရက်သတ္တပတ် (နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ကြား) ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၅ မြို့နယ် မှ လူ ၈ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ တောင်ဒဂုံ (၁ ဦး)၊ သာကေတ (၂ ဦး)၊ စမ်းချောင်း (၁ ဦး)၊ တာမွေ (၁ ဦး) နှင့် လှိုင် (၃ ဦး) တို့ဖြစ်သည်။ ထိုထဲမှ ၆ ဦးမှာ လမ်းပေါ်ရမ်းသမ်းဆွဲခံခဲ့ရခြင်းဖြစ်ကာ ၁ ဦးကို ဘေးလူများဝိုင်းကယ်နိုင်လိုက်ပြီး ၁ ဦး ရုန်းကန်ထွက်ပြေးနိုင်လိုက်သည်။ ကျန် ၂ ဦးမှာ နေအိမ်ထိ ရှာဖွေဖမ်းခေါ်ခံရခြင်းဖြစ်သည်။
· ထို့ပြင် နိုဝင်ဘာလ ၁ ရက်နေ့တွင် သန်လျင်မြို့နယ်၊ ရေတပ်စခန်းအနီး၌ လူငယ် ၁ ဦးကို လူတစုက ကားပေါ်ဆွဲတင်ခဲ့ပြီး လူငယ်က ရုန်းကန်ထွက်ပြေးနိုင်လိုက်ကြောင်း သိရသည်။
————
▪️မင်းအောင်လှိုင် ရန်ကုန်ရောက်
· အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြီးခဲ့သည့်အပတ်ထဲ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒဂုံမြို့နယ် အမျိုးသားဇာတ်ရုံ၌ လုပ်သည့် ဒီပါဝလီပွဲ၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝန်းကျင်နှင့် ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေသို့ လည်ပတ်သွားသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်၊ လှိုင်သာယာမြို့နယ် ၈ ရပ်ကွက် နှင့် ၁၅ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ၃၄ မြေတိုင်းရပ်ကွက်နှင့် ၃၁ မြေတိုင်းရပ်ကွက်တို့ထဲ လှည့်ပတ်ကြည့်သွားသည်။ ထို့နောက် နိုဝင်ဘာလ ၈ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ YCC ခန်းမ၌ လုပ်နေသည့် ရိုးရာပွဲဈေးထဲ ဝင်ကြည့်သွားသည်။ ၎င်းမိန်းမ ကြူကြူလှလည်းပါသည်။
————
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် တာမွေ၊ စမ်းချောင်း၊ ဒေါပုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်မြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
————
▪️မလေးရှားမှ ပြန်ပို့ခံရသူအချို့ကို စစ်မှုထမ်းခိုင်းဟု ဆို
· မလေးရှားမှ ပြန်ပို့ခံရသူများ (စုစုပေါင်း ၁၄၇၆ ဦး) ထဲမှ သန်လျင်မြို့နယ် သာသနာ့ဗိမာန်ထဲ ထိန်းထားခံရသည့် ရခိုင်လူမျိုးအချို့ကို စစ်မှုထမ်းဖို့ ရောင်းစားမှုများ ရှိနေကြောင်း Thanlyin Media မှ သိရှိရသည်။ သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး အာကာကျော်နှင့် အမှုထမ်းရပ်ကွက်အုပ်ကြီး ကျော်ဇင်လတ် (သန်လျင်မြို့နယ် YMBA အဖွဲ့ ဥက္ကဋ္ဌ) တို့ ပူးပေါင်းလုပ်နေသည်ဟု သိရသည်။ တဦးလျှင် ကျပ်သိန်း ၄၀ ခန့်စီဖြင့် ရောင်းစားနေသည်ဟု ဆိုသည်။
————
▪️တိုင်း လုံ/နယ်ကို လူလဲ
· အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကို နေရာဖယ်ခိုင်းပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးကို အစားထိုးနေရာပေးလိုက်ကြောင်း သိရှိရသည်။ အာဏာသိမ်းပြီးချိန်မှစကာ အဆိုပါနေရာကို ဝင်းတင့် ရထားခဲ့ပြီး ယခုမှ ဖယ်ခံလိုက်ရခြင်းဖြစ်ကြောင်း DVB မှ သိရှိရသည်။
————
▪️ရပ်ကွက်အုပ်ကြီး ရွေးပွဲလုပ်ပြ
· နိုဝင်ဘာလထဲ ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးအသစ် ရွေးပွဲများလုပ်ဖို့ ပြင်ဆင်နေကြသည်။ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ လှိုင်မြို့နယ်တို့ထဲ အဆိုပါအုပ်ကြီးရွေးပွဲလုပ်ဖို့အတွက် သန်းခေါင်စာရင်းများ လိုက်ကောက်ပြီး အစည်းအဝေးများလည်း လုပ်သွားကြောင်း သိရသည်။ ရပ်မိရဖ၊ ဆယ်အိမ်မှူး ရာအိမ်မှူး အုပ်ချုပ်ရေးမှူး ဟူ၍ အဆင့်ဆင့်ရွေးမည်ဟု ဆိုသည်။
————
▪️စက်သုံးဆီရောင်းချမှု ရုတ်တရက် လျော့ကျ
· ပြီးခဲ့သည့်သီတင်းပတ်ထဲ စက်သုံးဆီ ရောင်းချမှု ရုတ်တရက်လျော့ကျသွားခဲ့၍ ဆီဆိုင်များရှေ့ ယာဉ်တန်းရှည် တန်းစီစောင့်ခဲ့ရခြင်းများ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။ စက်သုံးဆီ ၄ မျိုးလုံး (92 ၊ 95 ၊ ဒီဇယ် နှင့် ပရီမီယံဒီဇယ်) အပြည့်အစုံရောင်းချနိုင်သည့်ဆိုင် နည်းပါးခဲ့ပြီး ဆိုင်အများစုမှာ ၂ မျိုးစီလောက်သာ ရောင်းချနိုင်ခဲ့သည်။
· စက်သုံးဆီဆိုင်ပေါင်း ၂၀ ကို မသမာသည့်နည်းလမ်းဖြင့် ရောင်းအားမြင့်ခဲ့သည်ဟုဆိုပြီး အရေးယူထားကြောင်းလည်း နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မူရင်း QR ကုဒ်ကို scan ဖတ်ခြင်းမပြုဘဲ ယာဥ်နံပတ်များအားရိုတ်ထည့်ကာ ရောင်းအားတုပြပြီး ဆီဝယ်ယူခွင့် (Po) ပိုရအောင် လုပ်နေသည်ဟု ဆိုသည်။
09 Nov 2026
#RangoonScoutNetwork #YGN_weekly | 1 551 |
| 18 | 🆕 DAILY HIGHLIGHTS (4-8 NOV 2026)
•••••••••••••••®•••••••••••••••
💥 စစ်ရေးထူးခြားသတင်းများ
ဘောစဲခိုဒေသရှိ KNU သိမ်းပိုက်ထားသည့် တပ်စခန်း ၂ ခုကို စစ်အာဏာရှင်တပ်က ပြန်သိမ်း – DVB
————
🔍 နိုင်ငံရေးထူးခြားသတင်းများ
စစ်အာဏာရှင်ကိုယ်စားလှယ်နှင့် ‘ဝ’ အဖွဲ့တို့ ပန်ဆန်းတွင် တွေ့ဆုံ – DVB
၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာပြီး ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ “ဝ” ပြော – BBC
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ် ၅၆ ခုအနက် ၉ ခုနှင့် အခြားမြို့နယ် ၂၅ ခု၊ စုစုပေါင်း မြို့နယ် ၃၄ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ – KT
————
🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် သွားမယ် – BBC
မြန်မာစစ်ဘေးရှောင် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် EU က လူသားချင်းစာနာမှုအကူအညီ ယူရိုငွေ ၁၆ သန်း ထပ်မံပေးအပ် – KT
————
💵 စီးပွားရေးထူးခြားသတင်းများ
ဒေါ်လာဈေးတက်နေချိန်မှာပဲ ရွှေကို အွန်လိုင်းကနေ ရောင်းခွင့်မပြုကြောင်း ရွှေလုပ်ငန်းရှင်အသင်း ထုတ်ပြော – BBC
နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်သူများကို အရေးယူမည်ဟု စစ်တပ် ဗဟိုဘဏ်က ခြိမ်းခြောက်ကြေညာ – KT
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ဒေါ်လာ ၁၁ ဘီလီယံနီးပါးရှိနေပြီး နိုင်ငံအချင်းချင်း ချေးငွေ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ဖြင့် အများဆုံးဖြစ်နေ – KT
————
➕ အခြားထူးခြားသတင်းများ
ကမ္ဘာကျော် လူသုံးကုန်နှင့် စားသောက်ကုန်ကုမ္ပဏီကြီး Unilever ရှယ်ယာများ ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် – KT
#RangoonScoutNetwork | 1 285 |
| 19 | 🔴 လှိုင်၊ ၁၆ ရပ်ကွက် အစစ်အဆေးဝင်
ယနေ့ည ၁၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းထဲ အစစ်အဆေးဝင်နေကြောင်း သိရှိရသည်။ စစ် DC ၃ စီးခန့်နှင့် အရပ်ကားများပါသည်။
Source: HSC (Hlaing Scout Channel)
08 Nov 2026
#RangoonScoutNetwork | 824 |
| 20 | ⚫️ တာမွေ အမကကျောင်းရှေ့နား လူငယ်ကို ကားပေါ်ဆွဲတင်သွား
နိုဝင်ဘာလ ၆ ရက် နေ့ခင်း ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းနှင့် ဦးထွန်းမြတ်လမ်းထောင့် အ.မ.က ၁၀ ကျောင်းရှေ့နား ယောကျ်ားလေး ၁ ဦး ရှိနေစဉ် အိမ်စီးကား ၁ စီးဖြင့် အရပ်ဝတ်များ ရောက်လာပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ လူငယ်မှ အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း အနီးဝန်းကျင်မှ လူများ အကူအညီမပေးလိုက်နိုင်ကြောင်း သိရသည်။
Source: RSG
08 Nov 2026
#RangoonScoutNetwork | 1 887 |
