cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

People's Spring

People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

Mostrar más
Publicaciones publicitarias
49 161
Suscriptores
+15524 horas
+1 3447 días
+3 74530 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

(ဒရုန်းစစ်ဆင်ရေးပြုလုပ်နေသော ပြင်ဦးလွင် ခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင်ပကဖ ဒရုန်းအဖွဲ့)
Mostrar todo...
8
Photo unavailableShow in Telegram
2
စဉ့်ကူးမြို့ရှိ စစ်ကောင်စီတပ်နှင့် နွယ်ရုံရွာရဲစခန်း တိုက်ခိုက်ခံရ ​အင်ကြင်း/People's Spring မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများနှင့် နွယ်ရုံကျေးရွာရှိ ရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့(ဇူလိုင် ၁ရက်)နံနက်မှစတင်ကာ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရှိရဲစခန်းအား PDF များတိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ "ပေါင် ၅၀၀ နှစ်လုံးချသွားတယ်။ မကွဲဘူး"ဟု ​ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် မန္တလေး - မိုးကုတ်လမ်းပိုင်း ယာယီပိတ်ထားပြီး ပြည်သူများလည်း ပိတ်မိနေကြောင်း ​ဒေသခံများက ပြောသည်။ "မနက်ကတည်းက တအုန်းအုန်းနဲ့ ဘယ်မှလည်းထွက်လို့မရတော့ဘူး"ဟု နွယ်ရုံကျေးရွာနှင့်ကပ်လျက် ကျည်တောက်ပေါက်ဒေသခံတစ်ဦးက ပြောသည်။ အလားတူ ဇွန်လ ၃၀ရက်က စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စီမံကိန်းရုံး၊ ကျေး/လက်ဦးစီးဌာနရုံး၊ စရဖရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစရှိသည့်နေရာများအား ဒရုန်းဖြင့် ဗုံးသီး ၁၆လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက် မှုရှိနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ယမန်နေ့က စစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင် ဒရုန်းတာဝန်ခံနှင့် ခရိုင်ဒရုန်းအဖွဲ့တို့က ဦးစီးညွန်ကြားကာ သပိတ်ကျင်းမြို့နယ် ဒရုန်းအဖွဲ့ ၊ စဉ့်ကူးမြို့နယ် ဒရုန်းအဖွဲ့ နှင့် မတ္တရာမြို့နယ် ဒရုန်းအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ အလားတူ စဥ့်ကူးမြို့နယ်နှင့်ကပ်လျက် မိုးကုတ် - မန္တလေးလမ်းပိုင်းတွင်ရှိသော သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးကျေးရွာ၌လည်း ဇွန်လ ၂၆ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ငါးဦးထက်မနည်း သေဆုံးခဲ့သည်။
Mostrar todo...
9👍 3
15👍 8🖕 1
သံဃာတော်များ၏ ကံဆောင်သပိတ်ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ် သတိုး/People's Spring သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကိုထောက်ခံကြောင်း လှုပ်ရှားမှုကို ရန်ကုန်မြို့မှ တော်လှန်သပိတ်ညီနောင်များနှင့်ပူးပေါင်းပြုလုပ်ခဲ့ကြောင်း Owl Community မြေပြင်တာဝန်ခံ AKက လူထုနွေဦးသို့ပြောသည်။ "ရဟန်းသံဃာတော်များအနေနဲ့ ဒီဖက်ဆစ်လူသတ်ကောင်အာဏာရူး မင်းအောင်လှိုင်ကို ပြည်သူလူထုနဲ အတူ ပြတ်ပြတ်သားသား ဆန်ကျင့်ကြဖို တိုက်တွန်း‌ လျှောက်ထားချင်ပါတယ်ဗျ" ဟု ၎င်းက ပြောသည်။ “ဓမ္မန္တရာယ် စကစ ရဟန်းရှင်လူအားနဲ့ တိုက်ဖျက်ကြ”စာသားအပါအဝင် "ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်" စာသားပါသည့် စာရွက်များကို သပိတ်ရဲဘော်များကကိုင်ဆောင်၍ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုကို Owl Communityနှင့်အတူ ညီနောင် အဖွဲ့များဖြစ်သည့် Kyimyindaing Networks (KMD18)၊Mayangone Democratic Front (MDF)၊ LinnYoungNi Youth Association (LYNYA)တို့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Mostrar todo...
👍 12
(ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)မှ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
Mostrar todo...
7👍 4
Photo unavailableShow in Telegram
ညောင်လေးပင်ခရိုင် KNDOရင်း(၃)နယ်မြေ ခြောက်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၂၇၀ကျော်သေဆုံး ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၃)နှင့် စစ်ကောင်စီအကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ ခြောက်လအတွင်း စစ်ကောင်စီဘက်မှ ၂၇၀ကျော်သေဆုံးပြီး ၁၅၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ထုတ်ပြန်သည်။ KNDOတပ်ရင်း (၃)၏ နယ်မြေဖြစ်သော နတ်သံကွင်း− ကျောက်ကြီး−မူသယ်မှ−တပ်မဟာ၅ နယ်စပ်အထိ ဇန်နဝါရီ ၁ရက်မှ ဇွန်လ ၃၀ရက် အထိ ၆လအတွင်း စစ်ရေးအခြေအနေများကို ယနေ့ (ဇူလိုင် ၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၉၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၇၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်သည်။တိုက်ပွဲများအတွင်း KNDO တပ်ဖွဲ့ဝင် လေးဦးကျဆုံးကာ ၁၇ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ထို့ပြင် စစ်ကောင်စီတပ်ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း ၆၂ကောင် သေဆုံးပြီး ၄၀မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်သုံးကား သုံးစီးနှင့် ဆိုင်ကယ် (၇)စီးတို့မှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ထံမှ MA-1 တစ်လက် ၊ MA ကျည် (၁၂၀၀)တောင့်၊ M-14 ငါးလုံး၊ 60 MM (၆)လုံး နှင့် မြင်းသုံးကောင်ကို KNDOမှ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ KNU ညောင်လေးပင်ခရိုင် အုပ်ချုပ် နယ်မြေတွင် KNDOနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF စစ်ကြောင်းများလည်းရှိပြီး အတူ ပူးပေါင်း စစ်ရေးဖော်ဆောင်မှုများလည်းရှိသည်။ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ လည်း ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူထိခိုက်သေဆုံးမှု၊ဒေသခံများ စစ်ဘေးတိမ်းရှောင်ရမှုများလည်း ရှိသည်။
Mostrar todo...
👍 9 1
▪︎Photo News မြစ်ကြီးနားမြို့ တွင်​ဧရာဝတီမြစ်​ရေကြီး​နေ မိထက်/People's Spring ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယ​နေ့ (ဇူလိုင် ၁ ) ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ လေး ပေကျော်မြင့်တက်နေပြီး ​မြစ်​ရေတက်​သော​ကြောင့် နေအိမ်များအတွင်းပိတ်မိနေသူအချို့ရှိနေသည်။ပိတ်မိနေသူများက အရေးပေါ်အကူအညီတောင်းခံနေကြပြီး လူမှုကူညီကယ် ဆယ်ရေးအဖွဲ့များကလည်း ရှာဖွေကယ်ဆယ်နေသည်။ မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်၌ နေရာကွက်မိုးကြီးနိုင်ကြောင်းသတိပေးချက်များရှိနေပါသည်။ ဧရာဝတီမြစ်ရေလည်းဆက်လက်မြင့်တက်နေသည်။ မြစ်အထက်ပိုင်း​ရေကြီး​နေပြီဖြစ်၍ မြစ်​အောင်ပိုင်း ကမ်းနားတ​လျှောက်မကြာမီ​ရေကြီးနိုင်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ ။ ဓါတ်ပုံ-CJ
Mostrar todo...
😢 13👍 9
(ဆောင်းပြောင်းရွာအတွင်းညပိတ်မိနေသည့် ပြည်သူများကို ခေါ်ယူရန်စောင့်ဆိုင်းနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KTW)
Mostrar todo...
👍 16
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.