cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Hlaing Info

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.net

Mostrar más
Publicaciones publicitarias
68 920
Suscriptores
+5824 horas
+5807 días
+1 49830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ပုသိမ်မြို့အမက ၁၀ (ပုဂံကျောင်း)တွင် ကျောင်းသားများကို အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းယူနေ ဇွန်လ ၄ ရက် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း (ပုဂံကျောင်း)တွင် တက်ရောက်နေသောကျောင်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံနေကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်အရသိရသည်။ "ကျောင်းအုပ်ကြီး က ကလေးတွေကို Aခန်းနေချင်ရင် ကျပ်ငါးသောင်း၊ Bခန်းဆို ကျပ်သုံးသောင်းနဲ့ အတန်းပိုင်ဆီမှာ ကျူရှင်တက်ခိုင်း နေတယ်။ အစိုးရကျောင်းကိုသူ့အပိုင်လိုသဘောထားပြီး လုပ်ခြင်တိုင်းလုပ်နေတာ"ဟု ကျောင်းသားမိဘတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ အခန်းခနှင့် ကျူရှင်မတက်နိုင်သောကျောင်းသားများကို သင်ကြားမှုလုပ်သက်ရင့်သောဆရာမများ၏ အခန်းများတွင် နေရာချမပေးပဲ ခွဲခြားခြင်း ခံနေရသောကြောင့် သာမန်လက်လုပ်လက်စား ကျောင်းသားမိဘများက မကျေနပ်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။ ငွေကြေးတတ်နိုင်သူများ၏ သားသမီးများကို ကျောင်းစတင်မဖွင့်မှီက အတန်းပိုင်ဆရာမများက ကျူရှင်ဖွင့်ကာ ကြိုတင်သင်ကြားပေးနေပြီး တက်ရောက်သူများအနေဖြင့် တစ်လလျှင် ၂၅၀၀၀ ကျပ် ပေးရပြီး ကျောင်းဖွင့်ပါကAခန်းBခန်းထားရှိရန်။ ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း ကျောင်းသားမိဘများထံမှသိရှိရသည်။ "မိဘတွေ တော်တော်မကျေနပ်ဖြစ်နေတာ ဟိုရက်ကတိုင်ကြလို့ ကျူရှင်တွေ ၅ရက်လောက်ပိတ်ထားတယ်ကြားတယ်"ဟု ကျောင်းသားမိဘတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။ ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အကြောင်းနှင့်မှငွေကြေးတောင်းခံခြင်း မပြုကြောင်း စစ်ကောင်စီမှ ညွန်ကြားထားသော်လည်း ကျောင်းအချို့တွင်အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။ #ပုသိမ်မြို့အမက၁၀ #HlaingInfo
Mostrar todo...
Photo unavailableShow in Telegram
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည် ဇွန်လ ၄ ရက် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ ရွာသားများကို စစ်ကောင်စီက အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာရှုတ်ချပြီး သေဆုံးသွားသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့က မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး နို့စို့ကလေးပါမကျန် ရွာသားအားလုံးကို ဖမ်းဆီးချုပ်နှောင်ကာ နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ယင်းအထဲက အမျိုးသမီးအချို့နှင့် ကလေးငယ်များကို ဇွန်လ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အမျိုးသမီး ၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး ယင်းအထဲက သတ်ဖြတ်ခံရသူ ၇၆ ဦး အထိရှိလာနေကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ ဗျိုင်းဖြူရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်များကို ဆက်လက်စုံစမ်းနေပြီး ကျူးလွန်ခဲ့သူများအားလုံးကို AA က လက်စားချေတုန့်ပြန်သွားမည်ဟု သတိပေးကြေညာထားသည်။ ယင်းဖြစ်စဉ်တွင် အမျိုးသားများ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းနှင့် ရွာသားများပိုင် ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့ကို စစ်ကောင်စီက ခိုးယူခဲ့ကြောင်း NUG က ပြောသည်။ ဆက်လက်ပြီး ဗျိုင်းဖြူကျေးရွာအနီးက မင်းကင်းတော ရွာသစ်၊ ရွာဟောင်းတို့ကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ရက်စက်စွာကျူးလွန်ခဲ့ကြောင်းလည်း NUG ဆိုသည်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Mostrar todo...
Photo unavailableShow in Telegram
“Green Forest, Bring Happiness” “သစ်တောများမှသည် ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီသို့” (စကားဝိုင်းဆွေးနွေးပွဲ) ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက် (KRW) အနေဖြင့် လာမည့် ဇွန်လ ၅၊ ၂၀၂၄ ရက်နေ့တွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြုသောအားဖြင့် “Green Forest, Bring Happiness” “သစ်တောများမှသည် ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီသို့” ဆောင်ပုဒ်ဖြင့် လတ်တလော ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပြဿနာဖြစ်သည့် နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုပြဿနာနှင့် ပတ်သက်ပြီး အဖြေရှာသွားမည်ဖြစ်သည်။ နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာကို လေ့လာသူများ၏ အဆိုအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် မတ်လဆန်းပိုင်းမှ မေလပိုင်းအတွင်း တောမီးရှို့ခြင်းနှင့် စိုက်ပျိုးမြေများအား မီးရှို့ခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ကျန်းမာရေးထိခိုက်မှုများ ရှိခဲ့သည်ကို ထောက်ပြခဲ့ကြသည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားများအနေဖြင့် တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေများ မီးရှို့ခြင်းနှင့် ပတ်သက်ပြီး ရှေးယခင်ကတည်းက ကျင့်သုံးလာခဲ့သော အလေ့အကျင့်များ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း ကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး ဌာနတိုင်းရင်းသားများ၏ အလေ့အကျင့်များ၊ ထင်မြင်ယူဆချက်များ၊ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်ပြီး ပဒို မန်းဘထွန်း (ကော်သူးလေ သစ်တောဌာန)၊ နန်းဝါနု (ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း) နှင့် စောအယ်စေး (ကရင်နီပြည် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက်) တို့မှ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အစီအစဉ် နေ့ရက် ။ ။ ၅ ဇွန်လ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) အချိန် ။ ။ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ #သစ်တောများမှသည်ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီသို့ #GreenForestBringHappiness #KarenRiversWatch #WorldEnvironmentDay2024 #KIC #HlaingInfo
Mostrar todo...
Photo unavailableShow in Telegram
မင်းလှမြို့နယ်တွင် ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်တပ်က လမ်းတစ်လျှောက်မှ ပြည်သူ ၁၀ ဦးကျော်ကို သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ် ဇွန်လ ၄ ရက် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက လမ်းကြောင်း တလျှောက် တွေ့သမျှပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူ ၁၀ ဦးကျော် သတ်ဖြတ်ခံထားရကြောင်း သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပဲခူးရိုးမအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများသည် ကျောက်တံခါးမြို့နယ်၊ ၈ မိုင်ရွာက ပြည်သူ ၃ ဦး၊ ၁၂ မိုင်ရွာက ပြည် သူ ၁ ဦး၊ မေလ ၃၁ ရက်နေ့က မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာမှ ကိုဝင်းဌေး တို့ကို ဖမ်းဆီးကာ သတ် ဖြတ်ခဲ့ပြီး ပြည်သူ ၁၀ ဦး ကျော် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ “စစ်ကြောင်းထိုးတဲ့လမ်းကြောင်းတလျှောက် တွေ့တဲ့ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းလာ တယ်။ ပြီးတော့ သတ်ပစ်တယ်။ စခတွေသတ်တာ တော်တော်များနေပြီ။ သတ်ခံရတာက ၁၀ ဦး ကျော်ရှိနေပြီ။ ကျောက်တံခါးက ၄ ဦးနဲ့ မင်းလှက တစ်ဦးကပဲ နာမည်၊ နေရပ်အတည်ပြုနိုင်တယ်။ ကျန်တဲ့သူတွေက အတည်ပြုမရဘူး။ ရိုးမထဲမှာ သတ်ခံကြရတာ။ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက ကိုဌေးဝင်းဆို မေလ ၃၁ ရက်နေ့က ရိုးမထဲ ဆိုင်ကယ်စီးလာတုန်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရ တာ။ ငပွေးကြီးချောင်းဆုံးနားမှာ ပုတ်စော်နံလို့ အနီးအနားက ပြည်သူတွေကြည့်တော့ အလောင်း တွေ့ရတာ။ အဝတ်အစားတွေလည်း မွစာကြဲနေတာပဲ၊ ဆိုင်ကယ်ကို ဖျက်ဆီးပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားတယ်” ဟု သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Mostrar todo...
Photo unavailableShow in Telegram
ကော့ကရိတ်မြို့တွင် စာသင်ကျောင်းအချို့ မဖြစ်မနေဖွင့်လှစ်ရန် စစ်ကောင်စီ ဖိအားပေးနေ ဇွန်လ ၄ ရက် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းအချို့ကို မဖြစ်မနေဖွင့်လှစ်ရန် ဖိအားပေးခိုင်းစေမှုများရှိနေကြောင်း စစ်ကောင်စီပညာရေးနှင့်နီးစပ်သူများကပြောသည်။ ယင်းကော့ကရိတ်မြို့ သည် စစ်ရေးတည်ငြိမ်မှုမရှိသေးသဖြင့် မြို့ခံပြည်သူများအားလုံး ပြန်ရောက်နေထိုင်လာ ခြင်းမရှိသေးသလို ယခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လာသူအနည်းငယ်သာရှိသော်လည်း စာသင် ကျောင်းများ မဖြစ်မနေဖွင့်လှစ်ခိုင်းနေကြောင်း စစ်ကောင်စီပညာရေး နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြော သည်။ “အ.ထ.က (၁) ကျောင်းက မဖွင့်မနေရဆိုတော့ကျောင်းပြန်လာတက်ရတယ်။ ဝင်းကြီးကျောင်းက အ.ထ.က (၁) နဲ့လာပေါင်းတက်တော့ ကျောင်းသားတွေ အယောက်တစ်ရာ‌ကျော်လောက်ရှိတယ်။ အခြားကျောင်းတွေ မီး လောင်သွားတာရှိတယ်။ ကျောင်းသားမရှိလို့ မဖွင့်နိုင်တာလည်းရှိတယ်” ဟု ကေအိုင်စီသို့ပြောသည်။ မြဝတီမြို့ တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီမှ မြို့ပြန်လည်ရရှိရေးအတွက် နိုင်ငံတော် အဆင့် အောင်ဇေယျ စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ခဲ့ပြီး ၃ လကျော်ကြာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ဧပြီလ ၂၆ ရက်နေ့က မြို့ခံစစ်ဘေးရှောင်များကို မြို့တွင်း ပြန်လာနေထိုင်ရန် စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်ခဲ့သည်။ စစ်ရှောင်နေရသည့် ကော့ကရိတ်မြို့ခံအချို့ နေရပ်ပြန်လည် နေထိုင်ကြသော်လည်း အခြေအနေ တည်ငြိမ်မှု မရှိသေးသောကြောင့် ကျန်ဒေသခံ အချို့မှာ မြို့တွင်းသို့ ပြန်လည်နေထိုင်ကြခြင်းမရှိသေးသည့်အပေါ် စစ် ကောင်စီက ပိုင်ဆိုင်မှုများ သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုနေ၍ နေရပ်ပြန်ရသူအချို့ရှိကြောင်း စစ်ဘေး ရှောင်ကူညီသူ ကော့ကရိတ်မြို့ခံ တစ်ဦးက မေလတွင် ကေအိုင်စီ သို့ ပြောဆိုထားသည်။ ယခုလို ကော့ကရိတ်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်ရန် လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေမရှိသေး သောကြောင့် စစ်ရှောင်ရာတွင် အခက်အခဲရှိသူများသာ ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီး ကျောင်းအများ စုမှာ ကျောင်းသားမရှိသဖြင့် ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်းလည်း မြို့ခံကျောင်းသားမိဘတစ်ဦးက ယခုလို ပြောသည်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Mostrar todo...
👍 8😁 4🔥 2🤬 1
Photo unavailableShow in Telegram
▪️သူတို့ ငွေစက္ကူတွေ ရိုက်ထုတ်နေတာကို သူတို့အချင်းချင်းသိတော့ သူတို့ထဲကပဲ ရွှေတွေ၊ ဒေါ်လာတွေလိုက်ဝယ်တာနဲ့ စျေးတွေတက်ပြီး မြန်မာငွေတန်ဖိုးကျတာပဲ။ သူတို့ဉာဏ်နဲ့က ဟိုဖမ်း ဒီဖမ်းပဲလုပ်တတ်တာဆိုတော့ ဒီလိုဖြေရှင်းနည်းမျိုးနဲ့ ဒီပြဿနာက ပြေလည်သွားမှာမဟုတ်ဘူး။ ဒီစစ်အာဏာရှင်တွေ ပြုတ်ကျမှသာ ဒီပြဿနာတွေ ပြေလည်မှာဖြစ်လို့ တော်လှန်ရေးကို စိတ်နှစ်ပြီး ဖိလုပ်ကြရမှာပဲ။ ဦးနေဘုန်းလတ် ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ အမျိုးသားညီညွတ်ရေးအစိုးရ (ဇွန်လ ၂ ရက်၊ PVTV ရဲ့ နွေဦးမှန်ကူကွက်များအစီအစဉ် Episode -21 မှ ကောက်နုတ်ချက်) #SpringRevolution #PVTV #QUOTES #HlaingInfo
Mostrar todo...
Photo unavailableShow in Telegram
သူရဦးတင်ဦး နာရေးကို သမ္မတဦးဝင်းမြင့်မိသားစု လွမ်းသူ့ပန်းခြင်းပို့ ဇွန်လ ၄ ရက် သမ္မတဦးဝင်းမြင့်မိသားစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးတင်ဦးရဲ့ နာရေးနေအိမ်ကို ဇွန်လ ၃ ရက်နေ့ နေ့လယ် ၃ နာရီမှာ လွမ်းသူ့ပန်းခြင်း လာရောက်ပို့ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ သမ္မတဦးဝင်းမြင့်ရဲ့ သမီးနဲ့ သမက်ဖြစ်သူတို့ လွမ်းသူ့ပန်းခြင်း လာရောက်ပို့ဆောင်တာဖြစ်ပြီး ဝမ်းနည်းကြောင်း စကားလည်း ပြောသွားတယ်လို့ ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးမြင့်ဦးက RFA ကို ပြောပါတယ်။ "ပန်းခြင်းလာပို့ သွားတာပေါ့။ ဝမ်းနည်းကြောင်းပြောတယ်။ သမ္မတကြီး ဦးဝင်းမြင့်လည်း ဒီသတင်းကိုသိရင် ဝမ်းနည်းမှာလို့ ပြောတယ်။ အထူးအထွေတော့ မရှိပါဘူး။ နစကအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်လည်း ဘဘနာရေးကို မနက်ဖြန် လိုက်ပို့ပါမယ်" ဇွန်လ ၂ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် မိသားစုတို့ကလည်း လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့ လွမ်းသူ့ပန်းခြင်းကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချူပ်ဇော်ဟိန်းကိုယ်တိုင် ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ ကိုယ်စားလာပေးခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၉၈ နှစ်အရွယ် သူရ ဦးတင်ဦးဟာ ဇွန်လ ၁ ရက်နေ့ မနက် ၈ နာရီကျော်မှာ ရန်ကုန်ဆေးရုံကြီးရဲ့ နှလုံးအထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူရင်း ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။ သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့ သူတွေထဲက တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ _________ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနသို့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က သမ္မတဦးဝင်းမြင့် မိသားစု ပေးပို့ခဲ့သည့် လွမ်းသူ့ပန်းခြင်း။ (Photo: Citizen Journalist) #RFA #HlaingInfo
Mostrar todo...
👍 26😢 5😁 2
Photo unavailableShow in Telegram
ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ ဇွန်လ ၄ ရက် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။ အဆက် - ⤵️⤵️
Mostrar todo...
👍 44 20👏 9😁 1😢 1
Photo unavailableShow in Telegram
❗️Alert News ❗️ စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်း အပြင် Camera ကိုလည်း အသုံးပြုနိုင်ကြောင်း ဇွန်လ ၄ ရက် စစ်ကောင်စီ၏ ဖန်တီးထားသော My Space Myanmar မှာ ကိုယ်ရေးအချက်အလက်ရယူနိုင်ခြင်းအပြင်  camera ကိုလည်း အသုံးပြုနိုင်ကြောင်း  နည်းပညာသမားတဦးမှ Hlaing Info  သို့ ပြောပြလာပါသည်။ ၎င်း App အား  developer Nyan Myo Hteik [email protected] Myanmar(Burmese)ကရေးဆွဲထားတာ ဖြစ်ပြီး 27/4/2024 ရက်နေ့တွင်စတင်ကာ နောက်ဆုံး update ထားသောရက်မှာ 2/5/2024 ရက်နေ့ ဖြစ်ပါသည်။ App တွင် Permission ကို တောင်းရာ၌ Location , Contact , Microphone, camera , နှင့် Other အချက်များပါဝင်ပါသည်။ ထိုကြောင့် အသုံးပြုထားသူများ၏ တည်နေရာသိနိုင်ခြင်း ၊ ကိုယ့်ဖုန်းနံပတ် အားသိရှိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ Contact များ သိနိုင်ခြင်း ၊ ဖုန်းတွင်းရှိ SMS များလည်း ဝင်ရောက်ဖတ်နိုင်ခြင်း ၊ ကင်မရာအသုံးပြုနိုင်ခြင်း အပြင် နောက်ဆုံး ဖုန်းတွင်းရှိ  Photo နှင့် Video များပါ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း တို့ လုပ်နိုင်ပါတယ်။ အတော်လေး အန္တရာယ်များတဲ့ app တခုပါ။ ထို့အပြင် run in background အနေဖြင့်ပါ permission ယူထားသောကြောင့် My Space app အား မသုံးစွဲပဲ အခြား app များ ပြောင်းလည်းသုံးစွဲနေသည့် အချိန်တွင်လည်း အကြမ်းဖက် စကစ မှအားလုံးသိရှိနိုင်ရန် စီစဥ်ထားပါသည်။ လူ့အခွင့်အရေး ( privacy ) အားအကြီးအကျယ် ချိုးဖောက်သော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်အား ဝင်ရောက်မသုံးစွဲခြင်းအပြင် google play store မှ ပြုတ်ကျသွားစေရန် ဝိုင်းဝန်းကာ report တင်ခြင်းဖြင့် စည်းလုံးကြပါစို့ ။   မိဘပြည်သူများအနေဖြင့် စကစ အန္တရာယ်ဘေးမှ လွတ်ကင်းအောင် သတိထားနိုင်ရန် Hlaing Info မှ ထပ်မံအသိပေး တင်ပြအပ်ပါသည်။ #HlaingInfo
Mostrar todo...
53👍 25😁 8
Photo unavailableShow in Telegram
ပုလဲမြို့နယ်က ဇီးဖြူကုန်းမြောက်ရွာကို အောင် မြင်စွာ မီးလင်းပေးနိုင်ခဲ့ ဇွန်လ ၄ ရက် စစ်ကိုင်းတိုင်း၊ ယင်မာပင်ခရိုင်၊ ပုလဲမြို့နယ်က ဇီးဖြူကုန်းမြောက်ရွာကို ဇွန် ၃ရက်က အောင်မြင်စွာ မီးလင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပုလဲမြို့နယ် ပအဖ တာဝန်ခံဦးဇော်ထက်၊ ယင်မာပင်ခရိုင် လျှပ်စစ်နှင့်စွမ်းအင်တာဝန်ခံ ဦးကျော်ဆန်းဦး ၊ ပုလဲမြို့နယ်လျှပ်စစ်နှင့် စွမ်းအင်တာဝန်ခံ ဦးကျော်စိုးဝင်း တို့က အောင်မြင်စွာမီးလင်းပေးခဲ့ပါတာလို့ ဆိုပါတယ်။ #PVTV #HlaingInfo
Mostrar todo...
51😁 2👍 1