ar
Feedback
RSN WEB

RSN WEB

الذهاب إلى القناة على Telegram

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN

إظهار المزيد
7 215
المشتركون
-124 ساعات
-47 أيام
-5830 أيام

جاري تحميل البيانات...

سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
أكتوبر '26
أكتوبر '26
+18
في 12 قنوات
سبتمبر '26
+92
في 18 قنوات
Get PRO
أغسطس '26
+60
في 12 قنوات
Get PRO
يوليو '26
+76
في 14 قنوات
Get PRO
يونيو '26
+45
في 13 قنوات
Get PRO
مايو '26
+64
في 14 قنوات
Get PRO
أبريل '26
+17
في 13 قنوات
Get PRO
مارس '26
+15
في 14 قنوات
Get PRO
فبراير '26
+19
في 14 قنوات
Get PRO
يناير '26
+36
في 17 قنوات
Get PRO
ديسمبر '25
+48
في 16 قنوات
Get PRO
نوفمبر '25
+53
في 18 قنوات
Get PRO
أكتوبر '25
+51
في 15 قنوات
Get PRO
سبتمبر '25
+54
في 17 قنوات
Get PRO
أغسطس '25
+72
في 22 قنوات
Get PRO
يوليو '25
+78
في 20 قنوات
Get PRO
يونيو '25
+95
في 21 قنوات
Get PRO
مايو '25
+88
في 22 قنوات
Get PRO
أبريل '25
+81
في 19 قنوات
Get PRO
مارس '25
+109
في 26 قنوات
Get PRO
فبراير '25
+214
في 20 قنوات
Get PRO
يناير '25
+436
في 24 قنوات
Get PRO
ديسمبر '24
+655
في 30 قنوات
Get PRO
نوفمبر '24
+649
في 30 قنوات
Get PRO
أكتوبر '24
+107
في 17 قنوات
Get PRO
سبتمبر '24
+201
في 22 قنوات
Get PRO
أغسطس '24
+385
في 24 قنوات
Get PRO
يوليو '24
+197
في 20 قنوات
Get PRO
يونيو '24
+171
في 23 قنوات
Get PRO
مايو '24
+153
في 22 قنوات
Get PRO
أبريل '24
+242
في 21 قنوات
Get PRO
مارس '24
+388
في 27 قنوات
Get PRO
فبراير '24
+774
في 29 قنوات
Get PRO
يناير '24
+298
في 19 قنوات
Get PRO
ديسمبر '23
+554
في 24 قنوات
Get PRO
نوفمبر '23
+406
في 26 قنوات
Get PRO
أكتوبر '23
+165
في 26 قنوات
Get PRO
سبتمبر '23
+75
في 0 قنوات
Get PRO
أغسطس '23
+105
في 0 قنوات
Get PRO
يوليو '23
+94
في 0 قنوات
Get PRO
يونيو '23
+65
في 0 قنوات
Get PRO
مايو '23
+72
في 0 قنوات
Get PRO
أبريل '23
+66
في 0 قنوات
Get PRO
مارس '230
في 0 قنوات
Get PRO
فبراير '230
في 0 قنوات
Get PRO
يناير '230
في 0 قنوات
Get PRO
ديسمبر '220
في 0 قنوات
Get PRO
نوفمبر '220
في 0 قنوات
Get PRO
أكتوبر '220
في 0 قنوات
Get PRO
سبتمبر '220
في 0 قنوات
Get PRO
أغسطس '220
في 0 قنوات
Get PRO
يوليو '22
+6
في 0 قنوات
Get PRO
يونيو '22
+17
في 0 قنوات
Get PRO
مايو '22
+14
في 0 قنوات
Get PRO
أبريل '22
+71
في 0 قنوات
Get PRO
مارس '220
في 0 قنوات
Get PRO
فبراير '220
في 0 قنوات
Get PRO
يناير '22
+2
في 0 قنوات
Get PRO
ديسمبر '21
+19
في 0 قنوات
Get PRO
نوفمبر '21
+207
في 0 قنوات
Get PRO
أكتوبر '21
+934
في 0 قنوات
Get PRO
سبتمبر '21
+274
في 0 قنوات
Get PRO
أغسطس '21
+157
في 0 قنوات
Get PRO
يوليو '21
+497
في 0 قنوات
Get PRO
يونيو '21
+390
في 0 قنوات
Get PRO
مايو '21
+15 106
في 0 قنوات
Get PRO
أبريل '21
+4 854
في 0 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
07 أكتوبر0
06 أكتوبر+4
05 أكتوبر+1
04 أكتوبر+2
03 أكتوبر+6
02 أكتوبر+3
01 أكتوبر+2
منشورات القناة
🔴 မြောက်ဥက္ကလာမြို့နယ် ည ရပ်ကွက်ထဲ ဧည့်စစ်၊ ဖြတ်သွားဖြတ်လာ လူ ၁ ဦးကို ဖမ်းခေါ်သွား ယနေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ည ရပ်ကွက်၊ ခေမာသီလမ်းပေါ် နေအိမ်များထဲ အကြမ်းဖက် စစ်သား၊ ရဲ၊ အုပ်ကြီးအဖွဲ့နှင့် ဘေးတွဲအဖွဲ့များ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အိမ်ရှိလူအကုန် အိမ်ပြင်ထွက်လာပြခိုင်းသည်။ ၎င်းတို့စစ်နေချိန် လမ်းလျှောက်ဖြတ်သွားသည့် အမျိုးသား ၁ ဦးကိုလည်း အရက်မူးနေသည်ဟုဆိုကာ ဘေးတွဲပေါ်တင်ပြီး ရပ်ကွက်ရုံးသို့ ဖမ်းခေါ်သွားကြောင်း သိရသည်။ 06 Oct 2026 #RangoonScoutNetwork

2
⚫️ မင်္ဂလာဒုံမြို့နယ်ထဲ စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိလာဖမ်းပြီး ပြန်ရွေးထုတ်ခွင့်မပေး အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင် ၅၊ သုခိတာလမ်းသွယ်ထဲနေသည့် ယောကျ်ားလေး ၁ ဦးကို အုပ်ကြီးနောက်လိုက်အဖွဲ့က စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်ထိ လာဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ အိမ်က ပြန်လိုက်ရွေးထုတ်ဖို့လုပ်သော်လည်း မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း စသဖြင့် နေရာစုံလျှောက်သွားခိုင်းကာ အချိန်ဆွဲပြီး ၅ ရက်နေ့ မနက်ကျမှ ပြန်ရွေးထုတ်လို့မရတော့ဟု ပြန်ပြောကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ယောကျ်ားလေးမှာ အသက် ၃၀ နှစ်အရွယ်ခန့် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်သည်။ 06 Oct 2026 #RangoonScoutNetwork
956
3
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Sep 28 - Oct 4, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လမ်းမပေါ် ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ စည်ပင်ကားဖြင့် ဖမ်းခေါ်ခံရသူ ၁၄ ဦး၊ သူခိုးဟုအော်လိုက်ကာ ဖမ်းခံရသူ ၁ ဦးတို့ ပါဝင်သည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ အရှေ့ဒဂုံ (၁ ဦး) မြောက်ဒဂုံ (၁ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး)တို့နှင့် မြို့နယ်မသိရ (၁ ဦး) တို့ဖြစ်သည်။ · ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ · တော်လှန်ရေးထောက်ပို့လုပ်လို့ဟု စွပ်စွဲပြီး ရန်ကုန်တိုင်းမှ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ယခုအပတ်ထဲ စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ PRF ‌Websie ကို ငွေလွှဲလို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၉ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့နောက် ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းများနှင့် Shwe Nadi Jewelry အမှတ်တံဆိပ် ကျောက်မျက်ရတနာများရောင်းချ၍ ထောက်ပို့လုပ်ရာတွင် ပါဝင်လို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၃ ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ———— ▪️၁ နှစ်အတွင်း ပြေး ၄ ပြေး ဖမ်းမိစာရင်း ထုတ်ပြန် · ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်း ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး/ထောင်ပြေး/တရားခံပြေး၊ ရဲဘက်ပြေး) ၁၅၂၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု အောက်တိုဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။ PSMS စာရင်းဝင်သည့် စစ်ပြေး ၁၅၁ ဦး၊ ရဲပြေး ၂၁၃ ဦး၊ တရားခံပြေး ၃၁၉ ဦး၊ ရဲဘက်ပြေး ၅ ဦး၊ (စုစုပေါင်း ၆၈၈ ဦး) နှင့် PSMS စာရင်းမဝင်သည့် စစ်ပြေး ၆၃၈ ဦး၊ ရဲပြေး ၄၈ ဦး၊ တရားခံပြေး ၁၅၀ ဦး၊ ရဲဘက်ပြေး ၂ ဦး၊ (စုစုပေါင်း ၈၃၈ ဦး) တို့ဟု ဖော်ပြထားသည်။ · ထို့ပြင် ၂၀၂၅ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အတွင်း အမှုကြီး ၄၇၂ မှု ရှိခဲ့ကြောင်းလည်း ဆိုထားသည်။ ———— ▪️လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်တော့မည်ဟု ကြေညာ · မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းကိုလည်း အုပ်စု ၂ စုခွဲထားပြီး မနက် ၅ နာရီမှစ၍ ၄ နာရီစီ အလှည့်ကျဖြတ်မည်ဟု သိရသည်။ ———— ▪️စစ်အင်အားများ ရှေ့တန်းပို့ · စစ်အင်အားအပြည့်ပါသည့် စစ်ကားကြီး အစီး ၂၀ ခန့်ယာဉ်တန်း စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးဝင်းထဲမှ ထွက်လာပြီး သီလဝါဆိပ်ကလမ်းဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။ ထိုမှတဆင့် ရေကြောင်းဖြင့် ရှေ့တန်းစစ်မြေပြင်ပို့လိုက်ပုံရသည်။ ———— ▪️မလေးရှားမှ ပြန်ပို့လိုက်သူများ ရန်ကုန်ရောက် · မလေးရှားနိုင်ငံမှ ပြန်ပို့လိုက်သည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ စစ်တပ်စခန်းများထဲ ထားပြီး အကြမ်းဖက်စစ်သားများက စီစစ်နေကြောင်း သိရှိရသည်။ စစ်မှုထမ်းခိုင်းမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။ ———— ▪️တရုတ်စစ်သင်္ဘောများ ပြန်ထွက် · သီလဝါ MITT ဆိပ်ကမ်းသို့ရောက်ရှိနေသည့် တရုတ် စစ်သင်္ဘော ၃ စင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗဟန်း၊ စမ်းချောင်း၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️စစ်တပ်၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ · အကြမ်းဖက်စစ်တပ်၏ မှော်ဘီမြို့နယ် နယ်မြေခံသင်တန်းကျောင်း၌ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များကို မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းပေးနေသည်ဟု အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ၎င်းတပ်ဖွဲ့ဝင်များထဲ တက္ကသိုလ် ဆရာ/ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/သူများ ပါသည်ဟု ဆိုသည်။ ———— ▪️အပစ်ရပ်အဖွဲ့များ စစ်တပ်နှင့် ညှိနှိုင်း · အပစ်ရပ်အဖွဲ့များဖြစ်သည့် 7 EAO Alliance နှင့် အကြမ်းဖက်စစ်တပ်၏ NSPNC အဖွဲ့တို့ စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ NSPNC ရုံးထဲ တွေ့ဆုံဆွေးနွေးပွဲလုပ်သွားခဲ့ကြောင်း သိရသည်။ NCA ကိစ္စဆွေးနွေးသွားကြသည်ဟု ဆိုသည်။ ———— ▪️မုန်တိုင်းငယ် ရန်ကုန်အဖျားခတ် · စက်တင်ဘာလ ၂၈ ရက် ညဘက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တောင်ဘက်၌ အားကောင်းသောမုန်တိုင်းငယ် (လေတိုက်နှုန်း တနာရီ ၃၅ မိုင်မှ ၄၀ နှုန်းခန့်) ဖြတ်ကျော်သွားပြီး ရန်ကုန်တိုင်းအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် မုန်တိုင်းအရှိန်အဟုန် အကျိုးသက်ရောက်မှုများဖြစ်ခဲ့သည်။ ———— ▪️အဆင်မြင့်ကွန်ဒိုစီမံကိန်း ပြဿနာတက် · ရန်ကုန်မြို့ရှိ The Central နှင့် The park အိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူများထံမှ ပိုက်ဆံ ကျပ်သိန်းသောင်းချီ ကြိုယူထားသော်လည်း အခန်းအချိန်မှီ မအပ်နှံသေးသည့်အပြင် ငွေဆက်လက်ကောက်ခံနေသောကြောင့် အကြီးအကျယ်ပြဿနာတက်နေကြကြောင်း သိရသည်။ Marga Landmark ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီရုံးခန်းမှာ ချိတ်ပိတ်ထားပြီး အဆက်အသွယ်လည်း လုပ်မရတော့ဟု ဆိုသည်။ စစ်ကောင်စီ စ သုံးလုံးကလည်း စစ်ဆေးနေပြီဟု ဆိုသည်။ 05 Oct 2026 #RangoonScoutNetwork #YGN_weekly
1 290
4
⚫️ ရမ်းသမ်း ဆွဲဖမ်းသည့်ဖြစ်စဉ် ပြန်များလာ ပြီးခဲ့သည့် ရက်သတ္တပတ် (စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်) ထဲ ရမ်းသမ်း ဆွဲဖမ်းဆီးခံခဲ့ရသူ အရေအတွက် ပြန်များလာခဲ့သည်။ မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ အရှေ့ဒဂုံ (၁ ဦး)၊ မြောက်ဒဂုံ (၁ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး) တို့နှင့် မြို့နယ်မသိရ (၁ ဦး) ဖြစ်သည်။ ▪️ကျောက်တံတားမြို့နယ် (၁၀ ဦး) · အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်းထိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်သည့် ယောကျ်ားလေးများကို အရပ်ဝတ်အုပ်စုများက ဖမ်းဆီးပြီး စည်ပင် ကြို/ပို့ကားပေါ် ခေါ်တင်သွားခဲ့ရာ စုစုပေါင်း ၁၀ ဦးခန့်ပါသွားခဲ့ကြောင်း သိရှိရသည်။ (Source: Khit Thit) ▪️ကမာရွတ်မြို့နယ် (၆ ဦး) · အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် လှည်းတန်း၊ စံရိပ်ငြိမ်ဘုန်းကြီးကျောင်း အကျော်၌ ယောကျ်ားလေး ၆ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) ကို ရဲနှင့် အရပ်ဝတ်များက ဖမ်းဆီးပြီး Probox Taxi ကားပေါ် ခေါ်တင်သွားသည်။ (Source: RSN) ▪️စမ်းချောင်းမြို့နယ် (၅ ဦး) · စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ဝေဠုဝန်မြောက်ရပ်ကွက် ကံ့ကော်လမ်းထဲရှိ ယောကျ်ားလေး ၁ ဦးကို ရဲကားဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဗားကရာလမ်း မြေနီကုန်းပလာဇာနှင့် ဂမုန်းပွင့်ကြား၌ ယောကျ်ားလေး ၃ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) နှင့် အဘွားအို ၁ ဦးကို အရပ်ဝတ်များက စည်ပင်ကားပေါ် တင်ပြီး ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: Sanchaung Scout Channel) ▪️အင်းစိန်မြို့နယ် (၅ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်သူကုန်းရပ်ကွက်၊ မဂ္ဂကျောင်းလမ်းထိပ် ဓမ္မာရုံရှေ့ ကွမ်းယာဆိုင်ရှိ လူ ၄ ဦး (အသက် ၄၅ နှစ် ၁ ဦး၊ အသက် ၃၀ နှစ်ခန့် ၃ ဦး) ကို ရဲနှင့် အရပ်ဝတ်များက ဝင်ဖမ်းဆီးပြီး Van ကားပေါ် တင်ခေါ်သွားသည်။ (Source: RSN) · အောက်တိုဘာလ ၄ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် အောင်ဆန်း၊ အဆောင် ၂ Denko ရှေ့နား ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ကို အရပ်ဝတ်တစုက သူခိုးဟု စွပ်စွဲပြီး လိုက်ဖမ်းသွားသည်။ သူခိုးမဟုတ်ပဲ သပ်သပ်လူလိုက်ဆွဲသွားခြင်းဖြစ်သည်ဟု အနီးအနားရှိ ဒေသခံတဦးထံမှ သိရသည်။ (Source: RSN) ▪️သင်္ဃန်းကျွန်းမြို့နယ် (၂ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၁၀ လမ်းထဲရှိ Delivery ပို့ပြီး ပြန်လာသည့် ယောကျ်ားလေး ၂ ဦးကို လူတစုက ကားအမဲတစီးပေါ် ဆွဲတင်ဖမ်းခေါ်သွားသည်။ (Source: RSN) ▪️အရှေ့ဒဂုံမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်သူ့ဆေးရုံ (မြောက်ဒဂုံမြို့နယ်) အနီး အနော်ရထာလမ်း နှင့် နဂါးနိုင်လမ်းထောင့် ရေကန်သေးစပ်နားရှိ အမျိုးသား ၁ ဦး (အသက် ၄၅ နှစ်ခန့်) ကို လူတစုက ကားပေါ်ဆွဲတင် ရိုက်နှက် မျက်လုံးအဝတ်စည်းပြီး ဖမ်းခေါ်သွားခဲ့သည်။ စစ်တပ် တပ်ကြပ်ကြီးတယောက်နှင့် ညှိနှိုင်းပြီး ညတွင်းချင်း ပြန်လွတ်လာနိုင်ခဲ့သည်။ (Source: RSN) ▪️မြောက်ဒဂုံမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် မဟာမြိုင်အိမ်ရာ ပွဲဈေးတန်းရှိ ယောကျ်ားလေး ၁ ဦးကို စစ် SC ၁ စီး၊ ရဲဆလွန်းကား ၁ စီးဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN) ▪️သာကေတမြို့နယ် (၁ ဦး) · စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀ တောင်ရပ်ကွက်၊ ဇေယျာဝတီ ၁ လမ်း (ခိုင်ရွှေဝါလမ်းအနီး) ထဲ ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) သွားလာနေစဉ် အရပ်ဝတ်အဖွဲ့များက ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: RSG) ▪️တာမွေမြို့နယ် (၁ ဦး) · အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းတွင် ၁၅၃ လမ်းထိပ်ဘက်ရှိ Delivery ပို့နေသည့် ယောကျ်ားလေး ၁ ဦးကို အရပ်ဝတ်လူတစုက ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်ခေါ်သွားကြောင်း သိရှိရသည်။ (Source: RSG) ▪️လှိုင်မြို့နယ် (၁ ဦး) · အောက်တိုဘာလ ၃ ရက်နေ့ သန်းခေါင်ချိန် ၁ နာရီခန့်တွင် ၂ ရပ်ကွက်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် အကြမ်းဖက်တပ်သားများနှင့် ရာအိမ်မှူးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ (Source: (HSC) Hlaing Scout Channel) ▪️မြို့နယ်မသိရ (၁ ဦး) · စက်တင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ်နေ LGBT လူငယ် ၁ ဦး (အသက် ၂၉ နှစ်အရွယ်) ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: Khit Thit, RSN) ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ 05 Oct 2026 #RangoonScoutNetwork
1 443
5
▪️လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်တော့မည်ဟု ကြေညာ မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းကိုလည်း အုပ်စု ၂ စုခွဲထားပြီး မနက် ၅ နာရီမှစ၍ ၄ နာရီစီ အလှည့်ကျဖြတ်မည်ဟု သိရသည်။ 04 Oct 2026 #RangoonScoutNetwork
2 074
6
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထဲ ရန်ကုန+6
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၁၃၁ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ • ဖမ်းဆီးခံရသူ ၁၃၁ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၂၃ ဦး ရှိသည်။ ၂၁ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၈၇ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။ ———————— ▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ • သတင်းအတိအကျဖြင့် နေအိမ်ထိ ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၂၀ ဦး ရှိခဲ့သည်။ ထိုထဲ တော်လှန်ရေးထောက်ပို့ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူ ၁၃ ဦးပါသည်။ စစ်မှုထမ်းစာရင်းဖြင့် အိမ်ထိလာခေါ်ကာ ရပ်ကွက်ရုံးထဲထည့်၍ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းဖျောက်ခံရသူ ၁ ဦးလည်း ရှိခဲ့သည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၁၀၀ ဦး ရှိသည်။ ၂၁ ဦး ပြန်လွတ်လာပြီး ၇ ဦး စစ်တပ်ဆီပို့ခံလိုက်ရသည်။ ကျန် ၇၂ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရပါ။ လမ်းမပေါ်/လမ်းဘေး/ကားမှတ်တိုင် စသည့်နေရာများ၌ ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်ပြီး အရပ်ကား၊ စစ်ကား၊ ရဲကား၊ လူနာတင်ယာဉ် စသည့်ယာဉ်မျိုးစုံဖြင့် တင်ခေါ်သွားကြသည်။ အသက် ၁၈ နှစ်အောက် လူငယ် ၅ ဦးလည်း ဆွဲဖမ်းခံရသည့်ထဲ ပါသွားခဲ့ပြီး ပြန်တော့လွတ်လာနိုင်ခဲ့ကြသည်။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၁၀ ဦး ရှိသည်။ ထိုထဲ ၉ ဦးမှာ လမ်းမပေါ်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူများဖြစ်သည်။ ဧည့်စာရင်းစစ်ပြီး ဖမ်းခံရသူ ၁ ဦးလည်းရှိသည်။ • အလုပ်ရှိသည်ဟုဆိုပြီး လိမ်လည် မျှားခေါ်ခံရပြီး စစ်တပ်ဆီ ရောင်းစားခံရသူ ၁ ဦးရှိခဲ့သည်။ ———————— ▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ • စက်တင်ဘာလထဲ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • စမ်းချောင်း၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ တာမွေ၊ သာကေတ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ လသာ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကမာရွတ်၊ ဆိပ်ကြီးခနောင်တို၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ အရှေ့ဒဂုံမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။ ———————— ▪️ စစ်မှုထမ်းသင်တန်း • ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၁၈ ဦး ရှိသည်။ (အခြား ဖမ်းဆီးခံရသူများထဲတွင်လည်း စစ်မှုထမ်းအတွက် အများအပြားပါနိုင်သေးသည်။) • ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း သိရသည်မှာ ၈ ဦး ဖြစ်သည်။ ၁ ဦး နှိပ်စက်ခံရပြီး သေဆုံးသွားသည်။ ၆ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၃ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • ရန်ကုန်ရှိ စစ်သင်တန်းကျောင်းများအပြင် နေပြည်တော်၊ ပဲခူး နှင့် အင်းတကော်တို့ရှိ စစ်သားစုဆောင်းရေးနေရာများသို့ ပို့ခံခဲ့ရသူများလည်း ရှိသည်။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သည်။ ———————— ▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ • အခြား ရမ်းသမ်းလိုက်ဆွဲဖမ်းသည့်ဖြစ်စဉ်များ ရှိသေးသော်လည်း အချက်အလက်မပြည့်စုံမှုကြောင့် ထည့်သွင်းမတွက်ချက်ထားပါ။ မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကိုလည်း ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။ (ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 04 Oct 2026 #arrest #RangoonScoutNetwork
2 025
7
🔴 ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ ဧည့်စစ် ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၊ ရွှေအုန်းပင်အိမ်ရာ ၄ ဘက် ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ Source: RSG 03 Oct 2026 #RangoonScoutNetwork
1 235
8
🔴 မြေနီကုန်းမြောက်ဘက် ဧည့်စစ် ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ရန်ကင်းလမ်းထဲ အကြမ်းဖက် စစ်သား ရဲ အုပ်ကြီးအဖွဲ့များ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ Source: RSG, SY, YRA 03 Oct 2026 #RangoonScoutNetwork
705
9
⚫️ လှိုင်မြို့နယ် ၂ ရပ်ကွက်ထဲ ညသန်းခေါင်ချိန် လူဝင်ဆွဲသွား ယနေ့ အောက်တိုဘာလ ၃ ရက် သန်းခေါင်ကျော် ၁ နာရီမထိုးခင်ချိန်တွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် အကြမ်းဖက် စစ်သား ရဲနှင့် ရာအိမ်မှူးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ Source: HSC (Hlaing Scout Channel) 03 Oct 2026 #RangoonScoutNetwork
680
10
🔴 သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်ထဲ ဧည့်စစ်သွား အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် (စံပြဈေးအနီး) ၊ ငမိုးရိပ် ၈ လမ်းတဝိုက် ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ 03 Oct 2026 #RangoonScoutNetwork
1 273
11
⚫️ မြောက်ဒဂုံမြို့နယ်ဆေးရုံအနီး ရေကန်နား လူဝင်ဆွဲပြီး မျက်လုံးအဝတ်စည်းဖမ်းခေါ်သွား အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၉ ရပ်ကွက်နှင့် မြောက်ဒဂုံမြို့နယ်ကြား ပြည်သူ့ဆေးရုံ (မြောက်ဒဂုံမြို့နယ်) အနီး ရေကန်နား အမျိုးသား ၁ ဦး (အသက် ၄၅ နှစ်ခန့်) ရှိနေစဉ် လူတစုရောက်လာပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ ကားပေါ် ရုန်းရင်းဆန်ခတ်လုပ်လို့ဆိုပြီး ထိုးကြိတ်ရိုက်နှက်ကာ လက်ထိပ်ခတ် မျက်လုံးအဝတ်စည်းခေါ်သွားသည်။ ထို့နောက် အဖွဲ့တဖွဲ့ထံ ရောင်းစားဖို့လုပ်ရာ အဆင်မပြေသဖြင့် အကြမ်းဖက်စစ်တပ် တပ်ကြပ်ကြီးတယောက်ဆီပို့ခံရပြီး စစ်ဆေးမေးမြန်းညှိနှိုင်းပြီးနောက် ပြန်လွှတ်ပေးခိုင်းလိုက်၍ မျက်လုံးအဝတ်စည်းလျက် ပြန်ခေါ်သွားကာ မင်္ဂလာဒုံမြို့နယ် လမ်းတလမ်းထဲ ဆွဲချထားခဲ့ကြောင်း သိရသည်။ 02 Oct 2026 #RangoonScoutNetwork
1 592
12
⚫️ အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်ထဲ လူဝင်ဆွဲသွား အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မဂ္ဂင်ကျောင်းလမ်းထိပ် ဓမ္မာရုံရှေ့ ကွမ်းယာဆိုင်၌ အမျိုးသား ၄ ဦး (အသက် ၃၀ နှစ်ခန့် ၃ ဦး၊ အသက် ၄၅ နှစ်ခန့် ၁ ဦး) ရှိနေစဉ် Van ကား ၁ စီးနှင့် ဆိုင်ကယ် ၂ စီးတို့ဖြင့် အကြမ်းဖက်ရဲနှင့် အရပ်ဝတ်များ (ရဲ ၂ ယောက်၊ အရပ်ဝတ် ၅ ယောက်) ရုတ်တရက်ရောက်လာပြီး လက်ထိပ်ခတ် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ 02 Oct 2026 #RangoonScoutNetwork
1 738
13
⚫️ သာကေတမြို့နယ်ထဲ အရပ်ဝတ်အဖွဲ့က ချောင်းမြောင်း လူလိုက်ဆွဲကာ ပြန်ရောင်းစား စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ဇေယျဝတီ ၁ လမ်း (ခိုင်ရွှေဝါလမ်းအနီး) ရှိ ကုန်စုံဆိုင်တဆိုင်၌ ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ကျော်) ဖုန်းဘေလ်ဝင်ဝယ်ပြီး ပြန်ထွက်လာစဉ် အဆိုပါနေရာအနီး အမှောင်ထဲ ကားရပ်ပြီး ချောင်းနေသည့် အရပ်ဝတ်များက ရိုက်နှက်ဖမ်းဆီးကာ ကားပေါ်ဆွဲတင်ခေါ်သွားခဲ့ကြောင်း သိရှိရသည်။ ဆွဲသွားသည့်အဖွဲ့က တောင်ဒဂုံမြို့နယ်မှ ပျူအဖွဲ့များဟု သိရသည်။ ထို့နောက် မိသားစုက လိုက်စုံစမ်း၍ ကျပ် ၂၅ သိန်းဖြင့် ပြန်ရွေးထုတ်လိုက်ရသည်။ အဆိုပါပျူအဖွဲ့က လူလိုက်ဆွဲပြီးနောက် ကန်ကြီးထောင့်အနီးရှိ အဆောက်အအုံထဲ ဖမ်းချုပ်ထားကာ ပြန်ရောင်းစားလေ့ရှိကြောင်းလည်း သိရသည်။ Source: RSG 02 Oct 2026 #RangoonScoutNetwork
1 428
14
🔴 မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက် ဧည့်စစ်သွား ယမန်နေ့ အောက်တိုဘာလ ၁ ရက် ညဘက်တွင် မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းပေါ် ဦးလှဖေလမ်းထိပ်တဝိုက် အိမ်တွေထဲ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။ 02 Oct 2026 #RangoonScoutNetwork
1 081
15
🟠 တောင်ဒဂုံမြို့နယ်၊ ၁၄၀ ရပ်ကွက် ဧည့်စစ်သတိ ယနေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၁၄၀ ရပ်ကွက်ရုံး၌ စစ် DC ၂ စီးနှင့် အိမ်စီးကားများ ရောက်ရှိနေပြီး ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ ရပ်ကွက်ရုံးထဲ ရိုက်နှက်ထိုးကြိတ်နေသံများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။ Source: RSG 01 Oct 2026 #RangoonScoutNetwork
1 335
16
🟠 မြောက်ဥက္ကလာမြို့နယ် က ရပ်ကွက် အစစ်အဆေးသတိ ယနေ့ည ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်ထဲ အစစ်အဆေး/ဧည့်စစ် ဝင်နိုင်ချေရှိကြောင်း သတင်းရှိသည်။ 01 Oct 2026 #RangoonScoutNetwork
1 224
17
▫️RSN တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် Rangoon Scout Network - RSN ဖွဲ့စည်းတည
▫️RSN တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် Rangoon Scout Network - RSN ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ RSN အဖွဲ့အနေဖြင့် ဤ ၅ နှစ်တာကာလအတွင်း သတင်းအချက်အလက်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မရပ်မနား ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် အဘက်ဘက်မှ ကူညီပံ့ပိုး အားပေးခဲ့ကြသူများအားလုံးကို အထူးလေးစားစွာဖြင့် ကျေးဇူးတင်ရှိပါသည်။ ပြည်သူလူထုအားလုံး ဘေးကင်းလုံခြုံ၍ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့အပ်ပါသည်။ နိုင်ငံအတွင်းရှိ မင်းဆိုးမင်းညစ်များ၊ စနစ်ဆိုးစနစ်ညစ်များ ချုပ်ငြိမ်းကာ လွတ်လပ်၍ တရားမျှတသော နိုင်ငံတစ်နိုင်ငံအဖြစ် အမြန်ဆုံး တိုးတက်ဖြစ်ထွန်းလာပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ RSN အဖွဲ့အနေဖြင့် ပြည်သူလူထုနှင့်အတူ ဆက်လက်၍ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။ #RangoonScoutNetwork #Anniversay
879
18
🆕 DAILY HIGHLIGHTS (27-30 SEP 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ဘုရားကျောင်းမှာ စစ်သင်တန်းလုပ်
🆕 DAILY HIGHLIGHTS (27-30 SEP 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ဘုရားကျောင်းမှာ စစ်သင်တန်းလုပ်တဲ့ နမ့်မွန်းရွာက စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက် – PS မိုးမိတ်မြို့က အရေးပါတဲ့စစ်တပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ခဲယမ်းများသိမ်းရ – PS ကျောက်တော်မြို့ စစ်တပ်လေကြောင်းတိုက်ခိုက် မှု သေဆုံးသူ ၄၉ဦး ရှိလာ၊ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန် – PS ———— 🔍 နိုင်ငံရေးထူးခြားသတင်းများ လောက်ကိုင်မြို့တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ မှ AA၊ TNLA နှင့် MNDAA ခေါင်းဆောင်များ ပြန်လည်တွေ့ဆုံ – KT နိုင်ငံရေးပြဿာနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် NLD CWC ထုတ်ပြန် – MPA ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းသင်တန်းပေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၇ ဉီးကို အိန္ဒိယ ပြန်လွှတ် – AT ———— 💵 စီးပွားရေးထူးခြားသတင်းများ ပြည်တွင်းစက်သုံးဆီဈေး တပတ်အတွင်း ၁၆ ရာခိုင်နှုန်းကျော်အထိ ခုန်တက် – DVB ———— 🚩 စစ်မှုထမ်းသတင်း ပြည်ပထွက်မည့် အလုပ်သမားများ စစ်မှုထမ်းမည်ဟု ခံဝန်ထိုးရ – DVB စစ်မှုထမ်းပြီးသွားသူများကို စစ်တပ်ထဲ ပြန်ဝင်ခိုင်းနေ – DVB ———— ➕ အခြားထူးခြားသတင်းများ တပ်ချုပ်သစ် ရဲဝင်းဦးက တိုက်ခိုက်ရေးတပ်မများကို ပေါ့ပါးသွက်လက်သည့် MA-1 သေနတ် အမျိုးအစားသစ်များဖြင့် အစားထိုး ပြောင်းလဲတပ်ဆင်နေ – AT မြန်မာမှာ TikTok ကို VPN မပါဘဲ အသုံးပြုလို့မရတော့ – PS ရလခ တိုင်းစစ်ဌာနချုပ် နေရာရွှေ့ပြောင်း၊ လွိုင်ကော် ဒကစ ကို တိုင်းစစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်မည် ဟုဆို – MKN မြန်မာနိုင်ငံမှ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးစီးပွားရေးက ကမ္ဘာ့အရေးပါဆုံး အဓိကဗဟိုချက်ဖြစ်လာ – KT #RangoonScoutNetwork
1 514
19
▪️ကျောက်မျက်ရတနာလုပ်ငန်းဖြင့် ထောက်ပို့လုပ်လို့ဆိုပြီး ဖမ်းဆီးကြောင်း ထုတ်ပြန်ပြ 'ရွှေနဒီ' ကျောက်မျက်ရတနာနှင့် အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (ဒေါ်သင်းသင်းနွယ်၏ လုပ်ငန်းဟု ဆို) လုပ်ကိုင်ကာ တော်လှန်ရေးထောက်ပို့နေမှုကို ကူညီလို့ဆိုပြီး လူ ၄ ဦး (ကျား ၂ ၊ မ ၂) ကို ဖမ်းဆီးခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများမှာ ပြည်မြို့မှ ၁ ဦး၊ ရန်ကုန်မြို့မှ ၃ ဦးဖြစ်သည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့နေ ဦးလင်းမင်းအောင်ကို ဖမ်းဆီးသည်ဟု ဆိုသည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်ဆိုဖီသင်း (ဒေါ်သင်းသင်းနွယ်၏ ညီမ) နှင့် ဦးနေလင်းဦး၊ ဒေါ်ပုံမြို့နယ်နေ ဒေါ်အိအိသူတို့ကို ထပ်မံဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ 30 Sep 2026 #RangoonScoutNetwork
1 308
20
▪️PRF Website သို့ ငွေလွှဲထားသူများကို ဖမ်းဆီးဟု ဆို People's Revolution Supply Family – PRF Website သို့ ငွေကြေးထောက်ပံ့သူ ၂၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု အကြမ်းဖက်စစ်တပ်က ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညဘက်တွင် သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းတွင်းမှ ၉ ဦး (ကျား ၇ ဦး၊ မ ၂ ဦး) ပါဝင်ပြီး ထို ၉ ဦးမှာ လှည်းကူးမြို့နယ်နေ‌ ဦးဇော်ကိုလတ်၊ မြောက်ဒဂုံမြို့နယ်နေ ဦးရန်နိုင်အောင်၊ အရှေ့ဒဂုံမြို့နယ်နေ ဦးမျိုးဇော်၊ တောင်ဒဂုံမြို့နယ်နေ ဦးအောင်ဟိန်း၊ မင်္ဂလာဒုံမြို့နယ်နေ ဦးငြိမ်းဝင်းအောင်နှင့် ဦးကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ ဒေါ်မြသီတာ၊ ကြည့်မြင်တိုင်မြို့နယ်နေ ဦးသက်နိုင်ထူး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဒေါ်ညွန့်ရီတို့ဟု သိရသည်။ PRF Website သို့ ငွေကြေးထောက်ပံ့ထားသူ လူ ၂၇၀၀ ဦးကျော်၏ အချက်အလက်များ ဖော်ထုတ်ရရှိထားသည်ဟုလည်း ခြောက်လှန့်ဖော်ပြထားသည်။ Wavepay ဖြင့်ထောက်ပံ့သူ ၇၀၀ ဦးခန့်၊ NUGPay ဖြင့် ထောက်ပံ့သူ ၁၀၀၀ ဦးခန့်၊ SDB ဖြင့် ထောက်ပံ့သူ ၁၀၀၀ ဦးခန့်တို့ဟု ဆိုသည်။ 28 Sep 2026 #RangoonScoutNetwork
2 264