en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
Repost from CRPH Myanmar
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမောသံရုံး ယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချ
+1
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမောသံရုံး ယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ နှင်ထုတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက် =================================== ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် ထုတ်ပြန်ချက်အပြည့်အစုံ (အင်္ဂလိပ်၊ မြန်မာ) ကို https://bit.ly/3QYU7nT တွင် ရယူနိုင်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Repost from Mizzima
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန် ================= ခိုင်မင်းမြတ် (မဇ္ဈိမ) ။ ။ တရုတ်- မြန်မာနယ်စပ်အနီး စစ်ကြောင်း ငါးကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းတပ်မတော် (TNLA) တို့အကြား ဩဂုတ်လ ၂၈ ရက်နေ့နံနက် ၈ နာရီမှ ညနေ ၆ ဝန်းကျင်အထိ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLA ဘက်က ယနေ့တွင် ထုတ်ပြန်လာသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးသို့ စစ်ကောင်းထိုးလာသည့် ပြည်သူ့စစ်၊ စစ်ကောင်စီတပ် ပူးပေါင်းတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နယ်စပ်နှင့် ၁ ဒဿမ ၅၄ ကီလိုမီတာသာ ကွာဝေးသည့် ခိုမုန်းကျေးရွာ အနီးတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်းများမှာ တပ်မ(၉၉)လက် အောက်ခံ (၄၂၁)၊ (၄၂၃)နှင့် (၅၇၇) စစ်ကြောင်းတို့ ဖြစ်သည်။ ထိုစစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ကြောင်းထိုးလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ များမှာ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁.၂.၃) တို့ ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း နမ့်ဖက်ကာ (၁၂၃) တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းကျေးရွာအနီးသို့ ၁၀၀ မမ လက်နက်ကြီးဖြင့် ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်မှု ကြောင့် မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီး ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။ အလားတူ လားရှိုးမြို့နယ်တွင် စစ်ယာဉ်တန်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အကြား ယနေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို အတည်ပြုထားသည်။ စာတည်း။ ။ နောင်နောင် #TNLA #စစ်ကောင်စီ #မူဆယ် #Mizzima Photos- TNLA ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Repost from Mizzima
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်
+3
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်

Repost from Mizzima
​​ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူမသုံးရန်နှင့် စစ်ကောင်စီကိုဖြိုမည့် ဘဏ္ဍာရေးတိုက်ပွဲဝင်နွှဲရန် ပဲခူးတိုင်းတော်လှန်ရေးအင်အားစုများထုတ်ပြန် ==================== ရွှေနွယ် (မဇ္ဈိမ) ။ ။ကျပ် ၂၀,၀၀၀တန်ငွေစက္ကူအား အသုံးမပြုကြရန်နှင့် စစ်ကောင်စီ၏ဘဏ္ဍာ‌ရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲ၌ ပူးပေါင်းပါဝင်ပေးကြရန် ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်တောင်းဆိုသည်။ မိုးညို၊ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဩဂုတ်လ ၂၆ရက်မှ ဩဂုတ်လ ၂၈ရက်အတွင်း ထုတ်ပြန်ခြင်းဖြစ်သည်။ ပြည်သူလူထုအနေဖြင့် တရားမဝင် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ ငွေကြေးလွှဲပြောင်းခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။အခြေခံလူတန်းစားများ၊ သာမာန်ပြည်သူများ၏ ရှောင်လွှဲ၍ မရသောအခြေအနေများကို နားလည်သော်လည်း အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ နိုင်ငံတွင်းငွေကြေးဖောင်းပွစေမှုကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းတားဆီးရန်နှင့် စစ်ကောင်စီ၏ ဘဏ္ဏာရေးစနစ်ကို ဖြိုချနေသည့်ဘဏ္ဍာရေးတိုက်ပွဲတွင် ပူးပေါင်းပါဝင်ပေးကြရန် ၎င်းတို့က တိုက်တွန်းထားသည်။ “NUG နဲ့အတူ ပြည်သူကပူးပေါင်းပေးဖို့ ပန်ကြားတာပါ။ လိမ္မာပါးနပ်စွာနဲ့ရှောင်ရှားကြဖို့ပါ။ စစ်ကောင်စီရဲ့ဘဏ္ဍာရေးအုတ်မြစ်ကိုဖြိုမယ့် တိုက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဝင်နွှဲပေးကြပါ” ဟု သာယာဝတီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယတာဝန်ခံက မဇ္ဈိမကိုပြောသည်။ တရားမဝင် ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အသိပေးတိုင်ကြားကြရန်လည်း တိုက်တွန်းထားသည်။ စစ်ကောင်စီက ကျပ် ၂၀,၀၀၀တန်ငွေစက္ကူအား ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ယင်းငွေစက္ကူသည် တရားမဝင်ကြောင်း၊ ထိုကြောင့် ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် မလိုက်နာပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ တော်လှန်ရေးအင်အားစုများက ပြည်သူများ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူမသုံးစွဲကြရန်၊ ဆန့်ကျင်ကြရန် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။ ယခုအခါ ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုများကထုတ်ပြန်ခြင်းဖြစ်သည်။ စစ်ကောင်စီကငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းသည် ဘဏ္ဍာရေးယိုင်နဲ့နေခြင်းကို ဖော်ပြနေပြီး နောက်ဆက်တွဲအနေဖြင့် အခြေခံလူတန်းစားများသည် ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲ ခံရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ‌စီးပွားရေးဆိုင်ရာပညာရှင်အချို့က ‌ထောက်ပြသတိ‌‌ပေးထားသည်။ စာတည်း - အေးချမ်း #mizzima #ကျပ်၂၀,၀၀၀တန်ငွေစက္ကူ #ဘဏ္ဍာရေးတိုက်ပွဲ #ပဲခူးတိုင်းတော်လှန်ရေးအင်အားစုမျာ ပုံအညွှန်း - စစ်ကောင်စီမှထုတ်ဝေသည့်ကျပ် ၂၀၀၀၀ တန်ငွေစက္ကူ

Repost from Mizzima
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲခံရ ===================== YT (မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ရုံး လေးခုအား တပ်မဟာ(၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပါဝင်သော တော်လှန် ရေးအင်အားစုများက နှစ် ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ ဩဂုတ်လ ၂၇ ရက်နေ့ညက ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်၊ ၂၈ ရက်ညပိုင်းတွင် မြို့နယ်သမဝါယမရုံးတို့ အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “မနေ့က ည ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင်မှာ ကြာအင်းဆိပ်ကြီးထဲက သမဝါယမရုံးကို ဒရုန်းနဲ့ ဗုံးသီးနှစ် လုံးချတယ်။ တနေ့ကလည်း ည ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင်မှာ မြို့နယ်စည်ပင်သာယာရုံးကို နှစ်လုံး၊ မြို့ နယ်စာရင်းစစ်ရုံးကို တလုံး၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်ကိုတလုံးချတယ်လို့တော့ ကြားတယ်။ ကျွန် တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖူးတဲ့အဖွဲ့တွေ လုပ်တာပါ” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံများ ပျက်စီးမှုများရှိပြီး အဆိုပါရုံးများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာပတ်ဝန်းကျင်ကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်ခံရ၍ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထိခိုက်မှုအတိအကျအား မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) အုပ်ချုပ်နယ်မြေ အတွင်းတည်ရှိပြီး မြို့အတွင်းရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများ၊ အစိုးရရုံးများအား တော်လှန်ရေး အင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိသည်။ စာတည်း။ ။စောဖေ #ကရင်ပြည်နယ် #တပ်မဟာ(၆) #ကြာအင်းဆိပ်ကြီးမြို့နယ် ပုံအညွှန်း- ဩဂုတ်လ ၂၇ ရက်နေ့ည ဒရုန်းဖြင့် ဗုံးကြဲခံရ၍ အစိုးရရုံးများ၌ ပျက်စီးမှုများ (ဓါတ်ပုံ- PAN Telegram) ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Repost from Khit Thit Media
မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ သြဂုတ် ၂၉ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး အကြမ်းဖက် စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ သြဂုတ်လ ၂၈ ရက်နေ့တွင် မူဆယ်မြို့နယ်ရှိ TNLA ရှိရာ ခိုမုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA နှင့်တစ်နေကုန် နီးပါး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ ခိုမုန်းကျေးရွာသည် တရုတ်နယ်စပ်နှင့် ၁.၅၄ ကီလိုမီတာသာ ကွာဝေးပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၁၊ ၄၂၃၊ ၅၇၇ တပ်ရင်းများနှင့် ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်သည့် ရှောက်ဟော်၊ လုံထန်၊ မြို့မ ၁၊ ၂၊ ၃ အဖွဲ့များက စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ် အထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာ ၁၂၃ တပ်မှ ၁၀၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၀ ၊ ၄၁၇ တပ်ရင်းမှ တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ၎င်းတို့တပ်စွဲထားသည့် လွယ်ကျယ်လောက်မှနေ၍ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်ကို လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ်တွင် TNLA တပ်ဖွဲ့ ရှိရာ နေရာကို စစ်ကားများ အသုံးပြုကာ ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ တနေ့ကုန်နီးပါးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်း တပ်များဘက်မှ ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ တအာင်းတပ်မတော်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား သြဂုတ်လအတွင်း တိုက်ပွဲစုစုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

Repost from RSN WEB
◾️RSN Daily Summary (28 Aug 2023) ◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီကျော်တွင် အရှေ့ဒဂုံမြို့နယ်နှင့် နီးစပ်မြို့နယ်တို့မှ ဗုံးပေါက်ကွဲသံဟု ယူဆရသည့် အသံကျယ် ၂ ချက် ကြားလိုက်ရကြောင်း သတင်းရရှိသည်။ မိုင်ကယ်ကျော်မြင့်က “ဟျောင့် ခင်ရီ ငါက မင်းနာမည်ကိုခေါ်ရင် မင်းကဖင်မြီးယမ်းပြရမှာ မဟုတ်လား” နှင့် “ ငါ မိုက်ကယ်ကျော်မြင့် ဟျောင့် ခင်ရီ မင်းကို …..ပဲထင်တယ်ကွာ” ဟူ၍ ဖေ့ဘုတ်ပေါ်တွင် ရေးခဲ့ခြင်းမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဌဖြစ်သူ ခင်ရီကို ဆဲဆိုခြင်းမဟုတ်ပဲ သူမွေးထားသည့် ခွေး ၂ နှစ်ကောင်ဖြစ်သည့် နိုနိုနှင့် ခင်ရီတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်ဟု Mizzima မှ ဖော်ပြထားသည်။ ထို့ပြင် ကြံ့ခိုင်ရေး ခင်ရီကို ၎င်း၏ ခွေးနှင့်နှိုင်းလျှင် ခွေးသိက္ခာကျကြောင်းလည်း ဆိုထားသည်။ ဖောင်ကြီးနှင့် ဇီးပင်ကြီးတို့ရှိ သင်တန်းများတွင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများအတွက် စစ်ပညာများသင်ပေးနေသည့်အပြင် မကြာမီ ရုရှားနိုင်ငံမှပါ သင်တန်းများ လာရောက်ပို့ချတော့မည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းပါပြင်ဆင်၍ ရုရှားဘာသာစကားပါ သင်ကြားဖို့အစီအစဉ်ရှိကြောင်း Myanmar Now က ဖော်ပြထားသည်။ ◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ ယနေ့ ကရင်ပြည်နယ် လက်ခက်တောင်ပေါ်ရှိ သာသနာ့နယ်မြေ၌ စစ်ကောင်စီတပ်မှ စစ်ရှုံး၍ ထွက်မပြေးမီ ထုလုပ်ထားခဲ့သည့် ဂြိုလ်သားရုပ်တုများ၊ ဓာတ်ရုပ်၊ နတ်ရုပ်များ၊ ပုံဖျက်ထားသည့် ဗုဒ္ဓဆင်းတုကဲ့သို့သောအရာများတွေ့ရှိရကြောင်း မပန်ဆယ်လို အကောင့်မှ ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီ ရေတပ် အသုံးပြုရန်အတွက် ဆိုနာစနစ်ကို တရားမဝင်ရောင်းချပေးခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးက စင်္ကာပူတရားရုံး၌ ဝန်ခံထွက်ဆိုခဲ့သည်ဟု Khit Thit မှ ဖော်ပြထားသည်။ စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီ၏ ဒါရိုက်တာနှင့် အရောင်းဝန်ထမ်းတို့ ဖြစ်ကြပြီး ၎င်းတို့ရောင်းချလိုက်သည့် ဆိုနာစနစ်ကို စစ်တမ်းကောက်ယူရေးစင်တာ၌ စစ်ကောင်စီက အသုံးပြုနေကြောင်း သိရှိရသည်။ တရုတ်ကြွေးမြီထောင်ချောက်သို့ ကျရောက်နိုင်သည်ဟု သတိပေးထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ပြန်လည်စတင်နိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေပြီး ယခင် သိန်းစိန်လက်ထက်က မီးရထား ဒုဝန်ကြီးလုပ်ခဲ့ဖူးသူ မြင့်သိန်းကို အဆိုပါ ဇုန်၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ်ခန့်အပ်လိုက်ကြောင်း People’s Spring သတင်းမှ သိရှိရသည်။ ပုဂ္ဂလိကဘဏ် ၃ ခုကို ဒေါ်လာအရောင်းအဝယ်နှင့် ပတ်သက်၍ဟုဆိုကာ စစ်ကောင်စီက စစ်ဆေးနေပြီး ၎င်းကိစ္စနှင့် ဆက်စပ်၍ စစ်တပ်ထိပ်တန်း အရာရှိ ၃၄ ယောက်နှင့် ခရိုနီ ၁ ယောက်တို့ကို ဖမ်းဆီး စစ်မေးနေကြောင်း Ayeyarwaddy Times သတင်းမှ သိရှိရသည်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၌ လစာဖြင့်မဟုတ်ဘဲ အခကြေးငွေယူ၍ ဆေးကုသပေးသည့် ဆရာဝန်၊ သူနာပြုစသည့် ဆေးဝန်ထမ်းများကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်ဟု Myanmar Now က‌ ဖော်ပြထားသည်။ #george #rsnweb #rangoonscoutnetwork

မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး မြိုင်၊ ဩဂုတ် ၂၉၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့အနော
မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး မြိုင်၊ ဩဂုတ် ၂၉၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့အနောက်ဘက်အထွက် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ ပျူစောထီးတွေကို ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက် ၇ နာရီဝန်းကျင်မှာ စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဆီက သိရပါတယ်။ သေဆုံးသူဟာ မြိုင်မြို့နယ်ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်း ဖြစ်ပြီး စစ်ဆေးရေးဂိတ်အတွင်းရှိ ရဲနဲ့ပျူစောထီးတွေကို စကားပြောနေချိန် ပစ်ခတ်ရာမှာ ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.org/articles/မြိုင်မြို့စစ်ဆေးရေးဂိတ်က_ဒုရဲအုပ်၁ဦး_စနိုက်ဘာနဲ့_ပစ်ခတ်ခံရပြီး_သေဆုံး

စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူတဦး ကျားဖြူစစ်ကြောင်း ဖမ်းမိ ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြ
စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူတဦး ကျားဖြူစစ်ကြောင်း ဖမ်းမိ ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၃ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီး ရဲမင်းထွန်းအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း Justice Soldier PDFက ယနေ့ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဖမ်းဆီးရမိသူ ဗိုလ်ကြီး ရဲမင်းထွန်းမှာ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၃၅၀ ခြေမြန်တပ်ရင်းတွင် တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အရပ်ဝတ်ဖြင့် သွားလာနေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာမှ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ဖြစ်နေကြောင်းကို သိရှိခဲ့ရ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းအား သုံ့ပန်းအဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်သားများ အရပ်ကားအသုံးပြု၍ သွားလာခြင်းရှိ မရှိနှင့် စစ်ကောင်စီနှင့် ပတ်သက်သော ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိ၊မရှိ အဓိကထား၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ ဓာတ်ပုံ-Justice Soldier PDF #WhatsHappeningInMyanmar #RejectMilitaryCoup

Repost from RSN WEB
◾️RSN Daily Summary (20 Aug 2023) ◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နေလည်တွင် ဗဟန်းမြိုနယ်ရှိ ဘောမပလာဇာဟု အမည်ပေးခံထားရသည့် မြန်မာပလာဇာအဆောက်အအုံထဲ၌ Black Tiger လူငယ်တပ်ဦးမှ တော်လှန်ရေးသီချင်းတစ်ပုဒ်ဖြစ်သည့် “အလိုမရှိ” သီချင်းအား အသံချဲ့စက်ဖြင့်ဖွင့်၍ လှုပ်ရှားမှုပြုခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီမှ တပ်ပြေးများကို ကျပ်သိန်း ၅၀ နှင့် ဗိုလ်ကြီးအဆင့်နေရာပေး၍ မက်လုံးပေးစည်းရုံးပြီး ခန့်ထားကာ ရန်ကုန်တွင် လုံခြုံရေးယူခိုင်းထားကြောင်း MPA တွင် ဖော်ပြထားသည်။ စစ်ကောင်စီခန့် စက်မှုဝန်ကြီးဆိုသူ ချာလီသန်း ယမန်နေ့ထဲက ရန်ကုန်မြို၌ ရှိနေခဲ့ပြီး မရမ်းကုန်းနှင့် လမ်းမတော်မြိုနယ်တိုရှိ စစ်ကောင်စီထိန်းချုပ်အဆောက်အအုံများ၌ အစည်းအဝေးများ ပြုလုပ်သွားခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်း၊ ကျောက်တံခါးမြိုနယ်တွင် ကုန်တင်ရထားတိုက်ခိုက်ခံရသောကြောင့်ဟုဆိုကာ ရန်ကုန်ရှိ ရထားဘူတာများတွင် အကြမ်းဖက်တပ်သားများဖြင့် လုံခြုံရေးများတိုးချဲ့ချထားကြောင်း သိရှိရသည်။ အဆိုပါကုန်တင်ရထားကို တိုက်ခိုက်ခဲ့ခြင်းမှာ စစ်လက်နက်ပစ္စည်းများသယ်ဆောင်လာခဲ့သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF စစ်ဒေသခွဲ ၂ မှ ပြောဆိုထားသည်ဟု Mekong တွင် ဖော်ပြထားသည်။ အကြမ်းဖက်စစ်တပ် အမာခံထောက်တိုင် မိုက်ကယ်ကျော်မြင့်မှ ကြံ့ခိုင်ရေးပါတီ လက်ရှိ ဥက္ကဌဖြစ်သူ အကြမ်းဖက် ခင်ရီကို ဆဲဆိုထားသည့် စာများ ဖေ့ဘုတ်တွင် ထပ်မံရေးတင်ခဲ့သည်ဟု Mizzima က ဖော်ပြထားသည်။ ယခင်ကလည်း ဆဲဆိုခဲ့သောကြောင့် ခင်ရီမှ တရားစွဲဆိုထားသေးပြီး စစ်ကောင်စီမှ မည်သည့် တုံပြန်မှုမှ မရှိ၍ နာမည်ကြီးရန် လုပ်ဇာတ်များဖန်တီးနေကြပုံရသည်ဟုလည်း သုံးသပ်ထားကြသည်။ ◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ နေပြည်တော်ရှိ မင်းအောင်လှိင်တည်ထားသည့် ကျောက်ဆင်းတုသစ်တွင် ရဟန်း၊ သီလရှင်နှင့် ကျောင်းသား/သူများကို အခမဲ့ဝင်ခွင့်ပေးပြီး စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများကို အခကြေးငွေ တစ်ဝက်ကောက်မည်ဟု ကြေညာထားကြောင်း Ayeyarwaddy Times တွင် ဖော်ပြထားသည်။ စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားမှ တင်သွင်းကုန်အတွက် နိုင်ငံခြားငွေ ၃ လစာ နှင် စက်သုံးဆီ တင်သွင်းရန်အတွက် ငွေ ၂ လစာ ကျန်ရှိသေးသည်ဟုဆိုကာ ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် UMFCCI စီးပွားရေးသမားများနှင့် အစည်းအဝေးတွင် ဆိုခဲ့သော်လည်း မည်သူမှ အယုံအကြည်မရှိကြကြောင်း Khit Thit တွင် ဖော်ပြထားသည်။ ထိုပြင် အဆိုပါ အစည်းအဝေး၌ပင် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဒေါ်လာဈေး၊ ရွှေဈေး ဖြန့်ဝေသူများနှင့် သတင်းတင်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်းလည်း သိရှိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ MAI လေကြောင်းလိုင်းက ငွေလဲလှယ်နှုန်းအဖြစ် အမေရိကန် ၁ ဒေါ်လာလျှင် ၃၇၂၀ ကျပ်ထိ ထပ်မံတိုးမြှင့်ကောက်ခံလိုက်ပြန်ကြောင်း Khit Thit တွင် ဖော်ပြထားသည်။ အခြေခံအားဖြင့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ကောက်ခံကြောင်း ကြေညာထားပြီး ဝန်ဆောင်ခအနေဖြင့် ၈၀၀ ကျပ် ထပ်ကောက်သည်ဟု ဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့ကပင် ငွေလဲလှယ်နှုန်းကို ၂၉၂၀ ကျပ်အပြင် ဝန်ဆောင်ခ ၄၀၀ ကျပ်ထပ်ယူသည်ဟု ကြေညာခဲ့သေးပြီး ယခုတစ်ပတ်ပင်မပြည့်သေးပဲ ဈေးနှုန်း ထပ်တိုးပြင်ဆင်ခြင်းဖြစ်သည်ဟု သိရှိရသည်။ #george #rsnweb #rangoonscoutnetwork

ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီ ဆိုပြန် ဧရာဝတီ၊ ဩဂုတ် ၂၁၊ ၂၀၂၃ ပြည်သူများအနေဖြင့် ခွင့်ပြုချက်/ လိုင်စင် မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်သည်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် ပြည်တွင်း၌ နေထိုင်သူတဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ သို့မဟုတ် ယင်းနှင့် ညီမျှသောငွေထက် မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့် နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ၆ လကျော်သည်အထိ အသုံးမပြုဘဲ ရှိနေသောငွေများကို နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာတွင် ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုခြင်းများနှင့် စပ်လျဉ်း၍ ကြော်ငြာနေသည်များကို တွေ့ရပြီး ယင်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးကို ချမှတ်အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉ အရ နိုင်ငံခြားငွေ ရောင်းဝယ်မှု လုပ်ငန်းများကို လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေသားနှင့် ခရီးသွား ချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့် ရှိကြောင်းလည်း ပြောဆိုထားသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် နိုင်ငံတကာ ငွေပေးချေမှုကတ်များအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသားယူဆောင်သွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ်နေသူများ ဈေးကစားခြင်းကို ထိန်းသိမ်းရန်ဟုဆိုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာများ၌ တဦးလျှင် နိုင်ငံခြားငွေ ငွေသား ဒေါ်လာ ၃၀၀ မှ ၅၀၀ ရောင်းချပေးနေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေဈေး၊ ရွှေဈေးအပါအဝင် အခြေခံစားသောက်ကုန်များမှာ အဆမတန် မြင့်တက်လာရာ လက်ရှိတွင် အမရိကန် ၁ ဒေါ်လာလျှင် ၃၉၀၀ ကျပ် ဝန်းကျင်၊ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာကျပ်‌ငွေ ၁၀၀ ကျပ်ကျော်နှင့် တရုတ်ငွေ ၁ ယွမ်လျှင် ၅၀၀ ကျပ်ကျော်အထိ မြင့်တက်မှုများ ရှိနေသည်။ ပုံစာ- နိုင်ငံခြားငွေလဲလှယ်သော ကောင်တာ(ပုံဟောင်း)/IRW #WhatsHappeningInMyanmar #RejectMilitaryCoup

သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ ကလေး၊ ဩဂုတ် ၂၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကလေးမြ
+2
သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ ကလေး၊ ဩဂုတ် ၂၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ သာစည်ကျေးရွာထဲမှာ စစ်ကောင်စီက အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲထားပြီး ရွာကိုလည်း ၆ ရက်ဆက်တိုက် မီးတင်ရှို့နေကာ ပြည်သူ ၁ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဩဂုတ် ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က သာစည်ရွာက ယောတိုက်ရပ်ကွက်ကို မီးတင်ရှို့နေပြီး ဩဂုတ် ၁၆ ရက်ထဲက ဒီနေ့ထိ ဆက်တိုက်မီးရှို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/သာစည်ရွာမှာ_စစ်ကောင်စီကတပ်စွဲပြီး_၆ရက်ဆက်တိုက်မီးရှို့_ပြည်သူ၁ဦးလည်း_အသတ်ခံရ

Repost from Khit Thit Media
ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေ၊ ဒေါ်လာ ကစားနေသည့် လုပ်ငန်းရှင်များကို စသုံးလုံးနှင့်အတူ ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း၊ မဖြစ်သင့်သည့် စျေးနှုန်းများဖြစ်ကြောင်း ခြိမ်းခြောက်သည်။ ဗိုလ်ချုပ်ရန်နိုင်စိုးကလည်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဦးဆောင်သော Task Force ဖွဲ့စည်း၍ ရွှေစျေးနှင့် ဒေါ်လာစျေးကို ချမည်ဖြစ်ကြောင်း၊ စျေးကစားမှုများကို အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသုံးငွေကိစ္စ၊ ရွှေစျေးတက် ခြင်းများကိစ္စ၊ ပို့ကုန်ရငွေ ကိစ္စများကို ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ၏ ညွှန်ကြားချက် အရ စသုံးလုံးက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နေရာတိုင်းတွင် Task Force ဆောင်ရွက်မည်ဟု ဆိုသည်။ စျေးကွက်စီးပွားရေးသည် အာဏာနှင့် ထိန်းမရဆိုသည်ဟု စစ်ကောင်စီနားမလည် ============================================= စီးပွားရေးသမားများကမူ လက်ရှိ ဖြစ်ပေါ်နေသော ရွှေစျေးနှုန်း၊ ဒေါ်လာစျေးနှုန်းများသည် စီးပွားရေး ပိတ်ဆို့မှု နောက်ဆက်တွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၊ နှစ်သောင်းတန် ငွေစက္ကူများ အမြောက်အများ ထုတ်နေပြီဖြစ်၍ ယင်းဂယက်ကလည်း ကြီးမားကြောင်း၊ ယင်းအခြေအနေကို စစ်တပ်က နားမလည်ချင်ယောင်ဆောင်၍ ဖမ်းဆီးအရေးယူ ခြင်းဖြင့် စျေးနှုန်းများ မကျဆင်းနိုင်ကြောင်း၊ စျေးကွက်ပျက်၍ စျေးအေးသွားနိုင်သော်လည်း ရေရှည်တွင် ဒေါ်လာစျေးနှုန်းများ အမြင့်ဆုံး ထိုးတက်မည်ဖြစ်ကြောင်း ပြောဆိုသည်။ "အခုဖြစ်နေတာက ကျနော်ပြောခဲ့သလိုပါပဲ။ စျေးကွက် စီးပွားရေး သဘောအရ ဖြစ်နေတာပါ။ စစ်တပ်မှ ဒေါ်လာမရှိဘူးဆိုတာ အားလုံးသိတယ်။ နောက်တစ်ခါ အမေရိကန်က MFTB နဲ့ MICB ကို စီးပွားရေးပိတ်ဆို့တယ်။ စင်ကာပူ UOB က မြန်မာငွေစာရင်း ဘဏ်အကောင့်တွေကို ပိတ်တယ်။ ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၁ ဒသမ ၁ သန်းရှိတဲ့ MFTB နဲ့ MICB ဘဏ်အကောင့်တွေကို ပိတ်တယ်။ နှစ်သောင်းတန်တွေ ပေါပေါသီသီထုတ်နေတယ်။ အဲဒါတွေကြောင့် ဖြစ်နေတာပါ။ ဒါကို နားလည်ဖို့ လိုပါတယ်။ သူ့ဟာ သူတက်နေတာတော့မဟုတ်ပါဘူး။ စျေးကွက်စီးပွားရေးစနစ်ကို သေနတ် ထုတ်ပြပြီး အာဏာနဲ့ ထိန်းချုပ်ရင် ဘာမှ ဖြစ်မလာဘူး။ သန်းရွှေလက်ထက်မှာလည်း လုပ်ခဲ့တာပဲ မအောင်မြင်ခဲ့ဘူး။ အခု မအလက ထပ်လုပ်လာတာ" ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

Repost from Khit Thit Media
ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ်နေခြင်း တို့ကြောင့် စစ်ကောင်စီက နေပြည် တော်တွင် အစည်း အဝေးခေါ်၍ စီးပွားရေး အသိုင်းအဝိုင်းတစ်ခုလုံးကို သွေးရူးသွေးတန်း ခြိမ်းခြောက် ■ စစ်ကောင်စီထံသို့ ပို့ကုန်ရငွေများ မအပ်နှံသည့် စီးပွားရေးသမားများကို ထောင်ဒဏ် ၃၅ နှစ် အထိ ချမှတ်မည်ဟု ခြိမ်းခြောက် By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ် နေခြင်းတို့ကြောင့် နေပြည်တော်တွင် သွေးရူးသွေးတန်း အစည်းအဝေးတစ်ရပ်ခေါ်၍ စီးပွား ရေးအသိုင်းအ၀ိုင်းတစ်ခုလုံးကို ထောင်ချအရေးယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ရန်ကုန် ခေတ်သစ်က ရရှိထားသော အစည်းအဝေး မှတ်တမ်းများနှင့် အစည်းအဝေး တက်ရောက်ခဲ့သော လုပ်ငန်းရှင်များ၏ အဆိုအရ သိရှိရသည်။ နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ဗဟို ဘဏ်နှင့် ကုန်စည်စီးရေးကော်မတီ၊အထူး စုံစမ်းစစ်ဆေးရေး ဌာနတို့က အစည်းအဝေး ခေါ်ယူ ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ နေပြည်တော်အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်စည်စီးဆင်းမှုကော်မတီမှ ဗိုလ်ချုပ်ရန်နိုင်စိုး၊ စီးပွားကူးသန်း အတွင်းဝန်တို့ တက်ရောက်ခဲ့ပြီး စီးပွားရေးသမားများကို ထိုသို့ ခြိမ်းခြောက်ကြခြင်းဖြစ်သည်။ ပို့ကုန်ရငွေ စစ်တပ်ထံ ပြန်မအပ်မှု ဒေါ်လာ ၂ ဘီလီယံအထိရှိ =================================== အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံသို့ ပို့ကုန်ရငွေ အမရေိကန်ဒေါ်လာများ အပ်နှံမှု မရှိသည့် ပမာဏမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှ်စအထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရှိကြောင်း၊ ထိုငွေအားလုံး စစ်ကောင်စီထံ ပြန်လည်ရောက်ရှိပြီး လုပ်ငန်းရှင်များအား လုံးက ပူးပေါင်းလျှင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များ အသုံးပြုနိုင်ရေး ပြန်လည်စဉ်းစားပေး မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုသည်။ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးကော်မတီ တွဲဘက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပို့ကုန်ရငွေများ စစ်ကောင်စီထံ ပြန်မအပ်သည့် ကုမ္ပဏီများကို တရားစွဲဆိုထားသည်မှာ ကုမ္ပဏီ ၇၈ ခု ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက် တရားစွဲရန် ၈၀ ကျော်ရှိနေပြီး ထိုအထဲမှ ၂ ဦး ထောင်ကျ သွားပြီဖြစ် ကြောင်း၊ ပြန်လည် လွတ်မြောက်လာပါကလည်း ပို့ကုန်ရငွေ ကိစ္စ ပြန်လည် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီထံသို့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ မအပ်မချင်း တရားစွဲဆိုမည်ဖစ်ကြောင်း ပြောဆိုသည်။ ပို့ကုန်ရငွေများကို ယခင်တင်ပို့ခဲ့သူများအနေဖြင့် စစ်တပ်က ပေးထားသည့်အချိန်အတွင်း ပြန်လည် အပ်နှံ ဝင်ရောက်ရန်နှင့် ယခုတင်ပို့သည့် ပို့ကုန်များမှ ရရှိသည့် ဒေါ်လာငွေကိုလည်း ၄၅ ရက်အတွင်း စစ်တပ်ထံ အပ်နှံရမည်ဖြစ်ကြောင်း၊ စစ်တပ်ထံ ပို့ကုန်ရငွေ မအပ်နှံလျှင် ချက်ချင်း ပိတ်သိမ်း၍ Black List သွင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နောင်စိုးက ဆက်လက်‌ ပြောဆိုသည်။ အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ပို့ကုန်ရငွေ မအပ်နှံသော ကုမ္ပဏီ ၅၉၂ ခုရှိပါကြောင်း၊ ထိုအထဲမှ နာမည်ခံ၍ Export တင်ပေးသည့် ကုမ္ပဏီ ၂ ခုကို တရားစွဲဆိုခဲ့ပါကြောင်း၊ ကုမ္ပဏီတစ်ခုသည် ပို့ကုန်ရငွေ ပြန်လည်အပ်နှံရန် အမေရိကန် ဒေါ်လာ ၁၉ သန်းကျန်ရှိကြောင်း၊ ယင်းကုမ္ပဏီကို ပုဒ်မ ၅ ခု ဖြစ်သည့် နိုင်ငံတော်အကြည်ညို ပျက် စေမှု၊ ငွေကြေးလိမ်လည်မှု၊ နိုင်ငံခြားသုံးငွေကြေးကစားမှု၊ စသည်တို့ဖြင့် တရားစွဲထားပြီး တစ်မှု လျှင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ဖြင့် ထောင်ဒဏ် ၃၅ နှစ်ကျခံရမ်ဖြစ်ကြောင်း ပြောဆိုသည်။ အဆိုပါ ကုမ္ပဏီနှင့် ဆက်သွယ်၍ ပို့ကုန်တင်ပို့ခဲ့သည့် ကုမ္ပဏီ ၅၄ ခုရှိပါကြောင်း၊ အဆိုပါကုမ္ပဏီ များကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်းပြောဆိုသည်။ ဒေါ်လာစျေးများမှာ စျေးကစား ဆွဲတင်နေခြင်းဖြစ်ပြီး ပြည်တွင်းမှာ ဒေါ်လာ ကိုင်လျှင် အရေးယူမည် ================================================ လက်ရှိ စျေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်းများသည် ငွေစျေးကစားသူများက လုပ်ကြံဖန်တီးနေခြင်းဖြစ်ကြောင်း၊ ဖြစ်သင့်သည့်စျေးနှုန်းများ မဟုတ်ကြောင်း၊ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုသည်။ နိုင်ငံသားတိုင်းအနေဖြင့် ကျပ်ငွေသာ ကိုင်ဆောင်ရန် နှင့် နိုင်ငံခြားသုံးငွေ ကိုင်ဆောင်လိုပါက တရားဝင် လက်ဝယ်ရှိကြောင်း အထောက်အထားပြရမည်ဖြစ်ကြောင်း ၊ မပြနိုင်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဗိုလ်ချုပ်ရန်နိုင်စိုးကမူ ဒေါ်လာစျေးကိစ္စ မစိုးရိမ်ကြရန်နှင့်အချိန်တန် ပြန်လည်ကျ ဆင်းမည် ဖြစ်ကြောင်း၊ ဒေါ်လာစျေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ဒေါ်လာနှင့်ရွှေစျေးကို ထိန်းချုပ်မည့် Task Force ဖွဲ့စည်း ==================================

အသီး၁၀၀၀ ပရော့ဂျက်အတွက် ကျွန်မတို့ရဲ့ အစ်ကိုကြီး ကိုမင်းကိုနိုင်ရဲ့ ပြည်သူထံ တိုက်တွန်းအားပေးတဲ့ လက်ရေးစာလေးပါ။ အရေးပေါ်လိုအပ
အသီး၁၀၀၀ ပရော့ဂျက်အတွက် ကျွန်မတို့ရဲ့ အစ်ကိုကြီး ကိုမင်းကိုနိုင်ရဲ့ ပြည်သူထံ တိုက်တွန်းအားပေးတဲ့ လက်ရေးစာလေးပါ။ အရေးပေါ်လိုအပ်ချက်ဖြစ်တာကြောင့် ဝိုင်းဝန်းအားဖြည့်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံစုံမှ ပါဝင်ရန် ကျွန်မရဲ့ ချက်ဘောက်ကနေ နိုင်ငံတကာဘဏ်အကောင့်များ မေးမြန်းပါဝင်နိုင်ပါတယ်ရှင်။

ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းသူတွေလို့ သံသယရှိသူတွေကို မုံရွာပကဖ ဖမ်းဆီးစစ်ဆေးနေ မုံရွာ၊ ဩဂုတ် ၂၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်
ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းသူတွေလို့ သံသယရှိသူတွေကို မုံရွာပကဖ ဖမ်းဆီးစစ်ဆေးနေ မုံရွာ၊ ဩဂုတ် ၂၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်က လုပ်ငန်းရှင် ၁ ဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းယူသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ် ပကဖ ဆီက သိရပါတယ်။ မုံရွာ-အမြင့်တိုက်နယ်သပိတ်ခေါင်းဆောင် ကိုဖြိုးဝေလျှံ၊ UG အဖွဲ့ဝင်တချို့နဲ့ PDF တပ်ရင်းတခုက ရဲဘော် ၂ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဩဂုတ်လ ၅ ရက်က မုံရွာမြို့၊ နာရီစင်အနီးက သမိုင်းမျက်မှန်ဆိုင်ပိုင်ရှင် ဦးမောင်မောင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ နဲ့ပြန်ရွေးခိုင်းခဲ့တာလို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ပြန်ပေးဆွဲပြီး_ကျပ်သိန်း၇၀၀တောင်းသူတွေလို့_သံသယရှိသူတွေကို_မုံရွာပကဖဖမ်းဆီးစစ်ဆေးနေ

ကျိုက်ထိုမြို့နယ်ကို စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ DVB ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် နှစ်ဘက်စစ်ရေး အခြေအနေ ပိုမို တင်းမာလာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/536733 #DVB #News #အင်အားအလုံးအရင်း #စစ်ကောင်စီတပ် #ကျိုက်ထို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးတပ် PDF ဝတ်စုံတွေကို ဝတ်ပြီး စစ်ကြောင်းထိုးတာတွေနဲ့ စစ်အင်အားတိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ဒီကနေ့ ဩဂုတ် ၂၀ ရက်မှာလည်း အရာတော်မြို့နယ်ထဲက ထနောင်းပင်ကျေးရွာ နားက ရေနံဖိုလမ်းခွဲ နဲ့ ရွှေဂူဖြူဘုရား နားမှာ PDF ဝတ်စုံတွေ ဝင်ဆင်ထားတဲ့ စစ်သားနဲ့ အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၃၀ လောက်ကို စစ်ကောင်စီတပ်ကားတွေနဲ့ ပို့ဆောင်သွားတယ်လို့ ဒေသတွင်း အရာတော်ပိုစ့် ကလည်း ထုတ်ပြန်ထားပါတယ်။ “ အရာတော်နယ်ထဲမှာ သူတို့ (စစ်ကောင်စီတပ်)က မကြာခဏဆိုသလို အဲဒီလို PDF ဝတ်စုံတွေဝတ်ပြီး ပုံမှားရိုက်ပြီးတော့ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ ဒီနေ့လည်း မုံရွာဘက်ကနေ စစ်ကားနှစ်စီးနဲ့ ထနောင်းဝင်းရွာနားမှာ PDF ဝတ်စုံတွေဝတ်ပြီး အမျိုးသမီးတွေနဲ့ စကစ တပ်သား အင်အား ၃၀ လောက် လာချသွားတယ် ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ အဆိုပါ PDF ဝတ်စုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ-အရာတော် လမ်းပေါ်မှာ သွားလာနေတဲ့ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် မုံရွာ ကျောက်ကာ တောင်ရွာဘက်ကို ဝင်ရောက်သွားတယ်လို့လည်း ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲကို စစ်ကြောင်းထိုးရာမှာ PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးမှုတွေကိုလည်း အရင်ကတည်းက လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ “ ဒီကောင်တွေ (စစ်ကောင်စီတပ်)က ရွာတွေထဲကို ဝင်လာပြီဆိုရင် PDF ဝတ်စုံတွေ တွေ့ရင် ယူသွားတယ်။ ယူပြီးတော့ အဲဒီ PDF ဝတ်စုံဝတ်ပြီး ရွာတွေထဲကို ဝင်သလို လမ်းကြောင်းတလျှောက်ကိုလည်း ဝတ်သွားတာတွေ ရှိတယ်။ ဘာကြောင့် ဒီလိုလုပ်လဲဆိုရင် သူတို့ရဲ့ စစ်ရေးဗျူဟာတခုအရ လုပ်တာပေါ့။ အဲဒီ ဝတ်စုံတွေဝတ်ပြီး ပုံမှားရိုက်တဲ့သဘောလည်း ပါတာပေါ့ ” လို့ အရာတော်မြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး ကျေးရွာတွေကို ဝင်ရောက်ရာမှာ ဒေသခံအချို့က ကာကွယ်ရေးအဖွဲ့တွေ ဝင်လာတယ်လို့ အထင်အမြင်မှားယွင်းတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိမှာ အရာတော်-မုံရွာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေရှုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုကို ယာယီရပ်နားထားပေးဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

အရာတော်မှာ စစ်ကောင်စီတပ်သားတွေ PDF ဝတ်စုံဝတ်ပြီး စစ်ကြောင်းထိုးနေ
အရာတော်မှာ စစ်ကောင်စီတပ်သားတွေ PDF ဝတ်စုံဝတ်ပြီး စစ်ကြောင်းထိုးနေ