cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎

News Channel

Show more
Advertising posts
10 873
Subscribers
-624 hours
-237 days
-13730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

​မ​ကွေး⚠️ 10:05am ( 13 Jul) ​မ​ကွေး လေတပ်မှ Jet Fighter ​(1)စီး မြောက်ဘက်သို့ ပျံတက်။ ⚠️ရခိုင် ချင်း ရှမ်း​မြောက် သတိပြု #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
​တံတားဦး ⚠️ 9:29am ( 13 Jul) ​တံတားဦး ​လေတပ်မှ Jet Fighter ​(1)စီး ​​အ​​ရှေ့မြောက်ဘက်သို့ ပျံတက်။ ⚠️မန္တ​လေး ရှမ်း​မြောက် သတိပြု #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
​​ပြင်ဦးလွင် 8:12am ( 13 Jul) ​​ပြင်ဦးလွင် အနီးစခန်းသို့ ​နောက် MI-35 တိုက်ခိုက်​ရေး á€›á€Ÿá€á€şá€šá€Źá€Ľá€ş( 1 )စီး ​မြောက်ဘက်မှ ဆင်းသက်။ #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
​နေပြည်​တော် ⚠️ 8:28am ( 13 Jul) ​နေပြည်​တော် လေတပ်မှ Jet Fighter (1)စီး â€‹â€‹â€‹â€‹â€‹â€‹á€Ąâ€‹â€‹á€”á€ąá€Źá€€á€şâ€‹â€‹á€á€ąá€Źá€„á€şá€˜á€€á€şá€žá€­á€Żá€ˇ á€•á€ťá€śá€á€€á€şá‹ ​ ⚠️ရခိုင် ရှမ်း​မြောက် သတိပြု #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
မုံရွာ 8:17am ( 13 Jul) မုံရွာ နမခ á€™á€ž  MI-17​ထောက်ပို့ရဟတ်ယာဥ် (1)စီး ​​​​​​​​​​အ​​​​​​နောက်​မြောက်ဘက်သို့ ပျံတက်။ #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
က​လေး 9:02am ( 13 Jul) မုံရွာ နမခ á€á€€á€ş MI-17 ​ထောက်ပို့ ရဟတ်ယာဥ် (1)စီး ​​​​​​​​​​က​လေး ​သို့ ဆင်းသက်။ #WES သတင်းပို့ရန် @WES_SCOUT @WES_InfoBot
Show all...
ဝမ်းတွင်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်များအဖြစ် မိတ္တီလာ တပ်မ ၉၉ သို့ ပို့ဆောင် ၊ ထွက်ပြေးသော လူငယ်များ၏မိသားစုများထံမှ စစ်တပ်က ဒဏ်ကြေး တစ်ဦးလျှင် ၃ သိန်းတောင်း ရန်ကုန်၊ ဇူလိုင် ၁၃ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ်များကို တပ်သားသစ်များအဖြစ် မိတ္တီလာ တပ် ၉၉ ထံသို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာတန်းအုပ်စု လျော်ပင်၊ဇောင်ဂျန်းကုန်းတောင်၊ ရွာသစ်၊ ရွာတန်း၊ ဂုံကွေ့ ၊ စိန်ပန်းပင် ကျေးရွာများသို့ စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်လာပြီး လူငယ် ၃ ဦးကို နေအိမ်အပေါ်ထိ တက်ဖမ်း ပေါ်တာဆွဲကာ မိတ္ထီလာ တပ်မ ၉၉ စစ်သားစုဆောင်းရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀နာရီအချိန် ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာအတွင်းသို့ အိမ်စီးကား ၃စီးဖြင့် စစ်တပ်က ဝင်ရောက်လာပြီး လူငယ် ၄ ဦးကို နာမည်စာရင်းစာရွက်ဖြင့် ဝင်ရောက်ဖမ်းဆီးကြောင်း၊ လူငယ်များ ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း၊ ယင်းနောက် စစ်တပ်က ကျန်ရှိသော မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် လူငယ် ၁ ဦးလျှင် ငွေကျပ် ၃ သိန်း စစ်တပ်ထံသို့ ဒဏ်ကြေးပေးဆောင်၍ လူငယ် ၄ ဦးကို စစ်တပ်ထဲသို့ ပို့ဆောင်ပေးရကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆နာရီအချိန်တွင်လည်း ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာသို့ စစ်တပ်က ထပ်မံ ဝင်ရောက်လာကာ လူငယ် ၁ ဦးကို ထပ်မံ၍ စစ်သားအဖြစ် စုဆောင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ယခုအခါ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် လူငယ်များထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ကျေးရွာများတွင် အဓိကအားဖြင့် ညပိုင်း ချည်ထည်လုပ်ငန်းလုပ်ကိုင်ပြီး နေ့ပိုင်း အိပ်စက်ကြသော ကျေးရွာဖြစ်ကြောင်း၊ လူငယ်များမရှိတော့၍ လုပ်ငန်းများမှာလည်း ထိခိုက်မှုများစွာ ကြုံနေရကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ။
Show all...
လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ အသီးသီး ချမှတ် ■ အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်ရှုတ်ချ ရန်ကုန်၊ ဇူလိုင် ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ပြီး ပိုင်ဆိုင်မှု များကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း၊ သို့ရာတွင် တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင်ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ "လောက်ကိုင် ဒစကမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ကြိုးမိန့်ချမှတ်ပြီးတော့ ဒိုက်ဦးထောင်ကို ပို့ဆောင်ထားပါတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ချမှတ်လိုက်မှုကြောင့် လောက်ကိုင်ကိစ္စနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသော ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် ၄ ဦး ရှိလာပြီဖြစ်ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။ ထို့ပြင်မေလနှောင်းပိုင်းအတွင်း ရာထူးမှ ဖယ်ရှားဖမ်းဆီးခံခဲ့ရသော စစ်ကောင်စီ၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ကိုလည်း ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း၊ ဗိုလ်ချုပ်ဝင်းလွင်သည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး တောင်ငူထောင်သို့လည်းကောင်း၊ ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်ပြီး မန္တလေး အိုးဘိုထောင်သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။ ထို့ပြင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံး)မှ ဗိုလ်ချုပ် မင်းကိုကို ၊ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးမင်းထက်တို့ကိုလည်း ထောင်ဒဏ်များ အသီးသီးချမှတ်ကြောင်း သိရှိရသည်။ "စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်က ထောင်ဒဏ် ၁၅ နှစ်နဲ့ မန္တလေး အိုးဘိုထောင်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်ခဲ့တဲ့ စစ်ရုံးမှ ဗိုလ်ချုပ်မင်းကိုကိုကတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီးတော့ တောင်ငူထောင်၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုမှာ တံတား ၂ ကို ထွက်ပြေးခဲ့တဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ကတော့ ထောင်ဒဏ် ၁၄ နှစ်နဲ့ တောင်ငူထောင်ကို အသီးသီး ပို့ဆောင်လိုက်ပါတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့ ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှုတွင် ကံသုံးဆင့် ဆရာ တော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ စစ်ကြောရေးလုပ်ခဲ့သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း၊ ခုံရုံး၏ စိစစ်ချက်များအရ မပြုကျင့်အပ်သော အပြုအမူတို့ကို ပြုမူခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၏ အပြုအမူကို ရှုတ်ချပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- သေဒဏ်ချမှတ်ခံရသည့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟေင်း ဗိုလ်ချုပ်ဇော်မင်း။
Show all...
👍 2
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.