en
Feedback
Spring Revolution News

Spring Revolution News

Closed channel

မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသော အကြမ်းဖက်မှုများအား ကမ္ဘာအနှံ့သိရှိစေရန်အတွက် ကျွန်တော်တို့သတင်းချန်နယ်ကိုယခုပဲ Joinလိုက်ပါဗျ🤟 https://t.me/SpringRevolutionNews

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Spring Revolution News

Channel Spring Revolution News is an active participant. Currently, the community unites 12 352 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 352 subscribers.

According to the latest data from 08 September, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသော အကြမ်းဖက်မှုများအား ကမ္ဘာအနှံ့သိရှိစေရန်အတွက် ကျွန်တော်တို့သတင်းချန်နယ်ကိုယခုပဲ Joinလိုက်ပါဗျ🤟 https://t.me/SpringRevolutionNews”

Thanks to the high frequency of updates (latest data received on 09 September, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

12 352
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
June '23
June '230
in 0 channels
May '230
in 0 channels
Get PRO
April '230
in 0 channels
Get PRO
March '230
in 0 channels
Get PRO
February '230
in 0 channels
Get PRO
January '23
+1
in 0 channels
Get PRO
December '22
+2
in 0 channels
Get PRO
November '220
in 0 channels
Get PRO
October '220
in 0 channels
Get PRO
September '220
in 0 channels
Get PRO
August '220
in 0 channels
Get PRO
July '220
in 0 channels
Get PRO
June '22
+1
in 0 channels
Get PRO
May '22
+4
in 0 channels
Get PRO
April '22
+2
in 0 channels
Get PRO
March '22
+170
in 0 channels
Get PRO
February '22
+184
in 0 channels
Get PRO
January '22
+949
in 0 channels
Get PRO
December '21
+5 105
in 0 channels
Get PRO
November '21
+4 410
in 0 channels
Get PRO
October '21
+2 283
in 0 channels
Get PRO
September '21
+269
in 0 channels
Get PRO
August '21
+323
in 0 channels
Get PRO
July '21
+342
in 0 channels
Get PRO
June '21
+1 075
in 0 channels
Get PRO
May '21
+7 102
in 0 channels
Get PRO
April '21
+4 958
in 0 channels
Date
Subscriber Growth
Mentions
Channels
04 June0
03 June0
02 June0
01 June0
Channel Posts
ဖယ်ခုံမြိုနယ်၊ လဟယ်ကျေးရွာကို စစ်တပ်က မီးတင်ရှိ၊ ဖယ်ခုံ၌ စစ်တပ်မှ မီးရှိဖျက်ဆီးသည့် ကျေးရွာ ၆ ရွာအထိရှိလာ မဲခေါင်၊ ဇွန် ၄ ရှမ
ဖယ်ခုံမြိုနယ်၊ လဟယ်ကျေးရွာကို စစ်တပ်က မီးတင်ရှိ၊ ဖယ်ခုံ၌ စစ်တပ်မှ မီးရှိဖျက်ဆီးသည့် ကျေးရွာ ၆ ရွာအထိရှိလာ မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြိုနယ်၊ လဟယ်ကျေးရွာကို ယမန့်နေ့၊ နေ့လည်ပိုင်းက စစ်တပ်နှင့်အပေါင်းအပါများက ဝင်ရောက်ဖျက်ဆီးခဲ့ပြီးနောက် ဖယ်ခုံတွင် အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်မွှေနှောက်ကာ မီးရှိဖျက်ဆီးသွားသည့် ကျေးရွာပေါင်း ၅ ရွာအထိ ရှိလာပြီဖြစ်ကြောင်း ဖယ်ခုံ PDF၊ တပ်ရင်း-၂ထံမှ သိရသည်။

2
ကျိုက်ထိုမြို့နယ်ကို စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ DVB ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် နှစ်ဘက်စစ်ရေး အခြေအနေ ပိုမို တင်းမာလာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/536733 #DVB #News #အင်အားအလုံးအရင်း #စစ်ကောင်စီတပ် #ကျိုက်ထို
3 232
3
ကေအဲန်ယူတပ်မဟာ၃ နယ်မြေကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်ရိုက်နှက်ထိုးကြိတ် ******* ဇွန် ၄ ၊ ၂၀၂၂ ။ အများပြည်သူသွားလာနေသော ဘောကထာတံတားတွင် ဂိတ်ချထားသည့်စစ်ကောင်စီတပ်ကဆိုင်ကယ်စီးလာသည့်ရွာသား တစ်ဦးကိုရိုက်နှက်ထိုးကြိတ်ခဲ့ကြခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ဖော်ပြထားသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ် ရေးနယ်မြေအတွင်းရှိ အများပြည်သူသွားလာနေသော ဘောကထာတံတားတွင် ဂိတ်ချထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၂၀တပ်ဖွဲ့ ဝင်များက ယမန်နေ့ ဇွန်လ ၃ ရက်၊ နံနက်(၉)နာရီခွဲအချိန်တွင် စောဟေသား(ခ)စောသီဟကို ရိုက်နှက် ထိုးကြိတ်ခဲ့သည်။ စောဟေသား(ခ)စောသီဟသည် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန် ဆိုင်ကယ်မောင်းပြီး ဂိတ်တံတားကို ဖြတ်သွားနေစဉ် ဆိုင်ကယ် ဆင်းတွန်းသဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဝီစီမုတ် ပြီး ၎င်းအားခေါ်ခဲ့သည်။ ၎င်းက ဆိုင်ကယ်သံကြောင့် ဝီစီမုတ်သံကို မကြားရသဖြင့် ရှေ့သို့ဆက်မောင်းနေမိသောကြောင့် ခေါ်ယူရိုက်နှက်ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ စောဟေသား(ခ)စောသီဟသည် ဘုရားကြီးကျေးရွာတွင် နေထိုင်ပြီး စားဝတ်နေရေးအတွက် ကျပန်းအလုပ်ကိုသာ လုပ်ကိုင်နေရသူ တစ်ဦးဖြစ်သောကြောင့် နေ့စဉ်သွားလာလုပ်ကိုင်ရန်အတွက် ၎င်းတံတားကို ဖြတ်သွားနေရခြင်းဖြစ်သည်။ ********** အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ Telegram - > https://t.me/newstlk YouTube -> https://youtube.com/c/ThanLwinKhet Website -> https://thanlwinkhet.net
1 944
4
ဆီမီးရွာခံများကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်သည့် စစ်ကောင်စီတပ်လုပ်ရပ်အပေါ်ပြင်းထန်စွာလက်တုံ့ပြန်မည်ဟု လောင်းရှည် PDF အသိပေး သန်းဆင့်၊ ကျော်ဇော/People’s Spring မကွေးတိုင်း ဆောမြို့နယ် ဆီမီးကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သည့် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေးထုတ်ပြန်သည်။ မေလ ၃၁ရက်တွင် စစ်ကောင်စီတပ်၏ ကပစ -၂၅ တပ်မှ အင်အား ၆၀ခန့် စစ်ကြောင်းသည် ဆီမီးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဆီမီးကျေးရွာမှ အပြစ်မဲ့ ပြည်သူလူငယ်၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ခရီသွား ပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများအနက် အမျိုးသမီတစ်ဦးကို လောင်းရှည်တွင် အကျယ်ချုပ်ဖြင့်ထားရှိပြီး ကျန်လူငယ်လေးဦးကို ကပစ - ၂၅ တပ်သို့ ခေါ်ဆောင်ကာ စစ်ကြောင်းရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ကပစ -၂၅ စစ်ကြောရေး၏ နှိပ်စက်ညှင်းပမ်းမှုကြောင့် ခရီးသွားပြည်သူတစ်ဦးဖြစ်သည့် ကိုအောင်ကိုလင်း (ခ) ငဘန်မှာ အသက်ဆုံးရှုံးခဲ့ရပြီး အလောင်းအား စစ်ကောင်စီတပ်က ဖျောက်ဖျက်ခဲ့ကြောင်း ဖော်ပြထားပြီး ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအား ပြင်းထန်စွာလက်တုန့်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။ "အသတ်ခံရပြီး အလောင်းဖျောက်လိုက်တယ်ဆိုတာကို ဇွန်လ ၂ ရက်နေ့ကတည်းက ကြားနေတာပေါ့။ ကျွန်တော်တို့ကလည်း သေချာအောင်လို့ သတင်းလိုက်တဲ့အခါမှာ တပ်တွင်းဖရဲသီးကတဆင့် အတည်ပြုနိုင်ခဲ့တယ်"ဟု ၎င်းက ရှင်းပြသည်။ People's Spring
1 354
5
ဂန့်ဂေါတွင် စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား သေဆုံးမှုများနိုင်၊ စစ်တပ်က ယာဉ်တန်းဖြင့် လှည့်
ဂန့်ဂေါတွင် စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား သေဆုံးမှုများနိုင်၊ စစ်တပ်က ယာဉ်တန်းဖြင့် လှည့်လည်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ ရန်ကုန်၊ ဇွန် ၄ မကွေးတိုင်း၊ ဂန့်ဂေါတွင် စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား သေဆုံးမှု များနိုင်ကြောင်း၊ စစ်တပ်က စစ်ယာဉ်တန်းဖြင့် လှည့်လည်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း‌ ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ Khit Thit Media (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
1 237
6
ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား သန်းဆင့+3
ကျော(ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ထီးလင်းရှိ ရွာအချို့မှ နေအိမ်၊စပါးကျီနှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွား သန်းဆင့်/People’s Spring မကွေးတိုင်း ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် ဇွန်လ ၂ရက်က ထီးလင်းမြို့နယ် စင်းစယ်ရွာနှင့် ရေပုတ်ရွာများသို့ ဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ရာ နေအိမ်၊ စပါးကျီ၊ နွားစာတဲ နှင့်ဆိုင်ကယ်များ ပျက်စီးခဲ့ရကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။ People's Spring (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
1 351
7
No text...
1 359
8
ဝက်လက်တွင် စစ်တပ် စီးနင်း မီးရှို့ ဖျက်ဆီးသောကြောင့် ကျောက်တိုင်ရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း+3
ဝက်လက်တွင် စစ်တပ် စီးနင်း မီးရှို့ ဖျက်ဆီးသောကြောင့် ကျောက်တိုင်ရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ကျောက်တိုင်ရွာကို ဇွန်လ ၁ ရက်နေ့ ညနေပိုင်းနှင့် ဇွန်လ ၂ ရက် နံနက်ပိုင်းတို့တွင် မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကာ ကျေးရွာ အနောက်ခြမ်းရှိ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ "ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ခွေးတွေ ဝင်စီးပြီး မီးရှို့သွားတာ ကျေးရွာ အနောက်ခြမ်းက နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားတယ်" ဟု ဒေသခံ ပြည်သူဘတစ်ဦးကပြောဆိုသည်။ လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် စားသောက်ကုန် ပစ္စည်းနှင့် အဝတ်အထည်များ လိုအပ် လျက်ရှိပြီး မိုးတွင်းကာလ ဖြစ်သောကြောင့် အမိုးအကာ ပစ္စည်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ Khit Thit Media
1 386
9
#ဒေါတနောရေထွက်ပေါက်တိုက်ပွဲ #အသက်ပေးတိုက်ပွဲဝင်ခဲ့သောရဲဘော်အားအလေးနီပြုပါတယ် ညနေ1:30pm မှစတင်၍ စကစနှင့်အပြန်အလှန်ပစ်ခတ်ကာ တို+1
#ဒေါတနောရေထွက်ပေါက်တိုက်ပွဲ #အသက်ပေးတိုက်ပွဲဝင်ခဲ့သောရဲဘော်အားအလေးနီပြုပါတယ် ညနေ1:30pm မှစတင်၍ စကစနှင့်အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲစတင်ခဲ့သည်။မိမိတို့ဘက်မှ လက်ဦးမှူရယူခဲ့သဖြင့် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးများခဲ့သည်။လွိုင်ကော်အမြှောက်တပ်၊ကယန်းသာယာဂိတ်၊လွိုင်လင်တပ်တို့မှ လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပစ်ခတ်ခဲ့ရာညနေ 3:30pmခန့်တွင် လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ထိုတိုက်ပွဲတွင်KNDF/B-02,B-14,SSRY(၁၀၀၈တပ်ရင်း)နှင့်KAတို့ပါဝင်ခဲ့သည်။KNDF/B-02မှရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး SSSRY(၁၀၀၈)တပ်ရင်းမှရဲဘော်တစ်ဦး (မစိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ယနေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာများသည် အချိန်မရွေး စကစနှင့် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်သလို ဗုံးအန္တရာယ်များရှိနိုင်သဖြင့် မိမိတို့နယ်မြေရှင်းလင်းမှုမလုပ်မချင်း မိဘပြည်သူများ သွားလာခြင်း၊တောင်ယာစိုက်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ #KNDF/B-02သတင်းနှင့်ပြန်ကြားရေးဌာန
1 079
10
ရွှေဘိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားဟောင်းကျဆုံး ====================== စစ်ကိုင်းတ+2
ရွှေဘိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားဟောင်းကျဆုံး ====================== စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် မြန်မာန်ိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသ်ိုလ် အပတ်စဉ်(၁၃)မှ ကျောင်းသားဟောင်းတစ်ဦး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားကြောင်း ရွှေဘိုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကျောင်းသားဟောင်း ဖြစ်သည့် ကိုနိုင်ထွန်းဦး(ခေါ်)ရွှေကျားသည် ရွှေဘိုမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပျူစောထီးဆိုသူများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ “ဇွန်လ ၁ ရက်နေ့မှာ ကိုရွှေကျား အပါအဝင် ရဲဘော်လေးဦး ကင်းတာဝန်ကျတယ်။ ကင်းတာဝန်ကျနေတဲ့အချိန် ရွှေဘိုမြို့နယ် ခွန်တောင်းကြီး ကျေးရွာက ပျူစောထီးတွေ လာရောက်ပစ်ခတ်မှုကို ထိပ်တိုက်ရင်ဆိုင်ရင်းနဲ့ ကိုရွှေကျားအပါအဝင် စုစုပေါင်းရဲဘော်လေးဦး ကျဆုံးခဲ့ရပါတယ်” ဟု ရွှေဘိုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူက ပြောသည်။ (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
1 026
11
​​တီးတိန်တွင် CDM ကျောင်းဆရာ၂ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး =========================== ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့ပေါ်တွင် ယနေ့ ဇွန်လ ၃ရက် မွန်းလွဲ၂နာရီဝန်းကျင်က အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM ) လှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် စစ်ကားနှစ်စီးဖြင့် CDM ကျောင်းဆရာ၊ ဆရာမများကို လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ပြီး တီးတိန်မြို့၊ စကော့လမ်းရပ်ကွက်နေ အလယ်တန်းပြ ကျောင်းဆရာ နှစ်ဦး ကိုဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးထံက သိရသည်။ “နေအိမ်အထိလာတာ။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာဗျ။ ရပ်ကွက်ထဲမှာ စစ်ကားနှစ်စီး နဲ့ လိုက်ဖမ်းနေတာ။ စစ်သားတွေထဲမှာ တချို့က ဝတ်စုံဝတ်ပြီးတော့ တချို့က အရပ်ဝတ်နဲ့သွားနေတာကိုတွေ့တယ်။ ဖမ်းဆီးခံရတဲ့ ဆရာနှစ်ဦးကို ဘယ်နေရာ ခေါ်သွားလဲတော့မသိဘူး” ဟု စကော့လမ်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီ တပ်များ လိုက်လံ ဖမ်းဆီးချိန်တွင် အချိန်မီပုန်းအောင်းနိုင်သည့် CDM ဆရာ၊ဆရာမများမှာ ဖမ်းဆီးခံရခြင်း မရှိကြောင်းသိရသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်က တီးတိန်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မန်းတူးလ်ကျိန် နှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တီးတိန် မှ ဒုကျောင်းအုပ်ကြီး ဦးကျင့်မွမ်းထန် တို့နှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံကျောင်းများ မဖွင့်ရန် စစ်ကျွန်မခံလိုသည့် လက်နက်ကိုင် လူငယ်အဖွဲ့တစ်ဖွဲ့က လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ #Mizzima #ချင်းပြည်နယ်မြောက်ပိုင်း #တီးတိန် #CDMကျောင်းဆရာ #စစ်ကောင်စီတပ် #ဖမ်းဆီး ==================== မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို ဖိတ်လီုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်  https://bit.ly/2VhJ12U
971
12
မုံရွာနင်ဂျာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် မိုင်းစမ်းသပ်စဉ် မတော်တဆမှုဖြစ်ပြီး ကျဆုံး မုံရွာ ၊ဇွန် ၃ လူငယ့်ခေတ် စစ်ကိုင်းတိုင်
မုံရွာနင်ဂျာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် မိုင်းစမ်းသပ်စဉ် မတော်တဆမှုဖြစ်ပြီး ကျဆုံး မုံရွာ ၊ဇွန် ၃ လူငယ့်ခေတ် စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် မုံရွာ UG တပ်ပေါင်းစု မှ Monywa Ninja အဖွဲ့ ခေါင်းဆောင် ဗိုလ်လရောင် မှာ လက်လုပ်မိုင်းပြုလုပ် စမ်းသပ်စဉ် မတော်တဆပေါက်ကွဲ ကာ ယနေ့ဇွန် ၃ ရက် နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာတော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ " ဗိုလ်လရောင်က သူ့စခန်းမှာ စစ်ခွေးတွေကို တိုက်ဖို့ မိုင်းထုတ်နေတဲ့အချိန် မတော်တဆမှုနဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဒဏ်ရာရခဲ့တယ်။ အခုတော့ကျဆုံးသွားပြီ " ဟု ဒဿ Monywa PDF အဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿ က လူငယ့်ခေတ် သို့ပြောသည်။ ဗိုလ်လရောင် ၏ စျာပနာအခမ်းနာကို ယနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၎င်းသည် စံနမူနာ ယူရသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း ဗိုလ်ဒဿက ပြောသည်။ #P08 #Lungekhit #MonywaNinja (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
674
13
ထန်းပင်ဆိပ်ရွာမှ ပြည်သူပိုင်ပစ္စည်းများကို မူးခွမှ ခွေး/ပျူများက သယ်ယူပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ထားခဲ့။ ဇွန် ၃၊ တန့်ဆည်။ ယနေ့ နံနက် ၈ နာရီခန့်မှ စကာ မူးခွရွာမှ ပျူစောထီးများသည် ကား ၄ စီးဖြင့် ၈ ခေါက်ကြာအောင် ထန်းပင်ရွာမှ ပစ္စည်းများ သယ်ယူကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရွာထဲကတော့ ကြည့်စရာကို မကောင်းအောင်ပါ။ အိမ်ခြေ ၃၀၀ ကျော်ရှိတာ ကျန်တာဆိုလို့ မီးမစွဲတဲ့ ကွက်ကြားအိမ်လောက်ပဲ ကျန်တော့တာ ဟု ရွာခံတစ်ဦးမှ ပြောလာသည်။ ယနေ့နေ့လည်တွင် စကစ ရဟတ်ယဥ် ၃ စီးလည်း ထန်းပင်ဆိပ်ရွာပေါ် ဝဲခဲ့ပြီး ကန့်ဘလူနယ် မှော်တော်ကျောင်းဆီ ပျံသန်းခဲ့သည်။ အဆိုပါခွေးများသည် မော်လိုက်တပ် ၃၆၇ မှ ခွေးများဖြစ်ပြီး ယမန်နေ့ကစ ထန်းပင်ဆိပ်ရွာသို့ ရောက်ရှိနေသည်။ အဆိုပါ ခွေးများသည် တန့်ဆည်အနောက်ပိုင်း ဂရိတ်ရွာမှ စတင်ပြီး ရောက်သည့်ရွာတိုင်းလို မီးရှို့ဖျက်ဆီးခဲ့သည်။ အခုက ခွေးတွေပြန်သွားရင် ရွာသားတွေမှာ ပြာပုံတွေပဲကြည့်နေခဲ့ရတော့တယ်၊ ယုတ်မာလိုက်ကြတာ၊ သေနတ်တာရှိရင် အသေခံလိုက်ပစ်ချင်သည်ဟု အိမ်မီးရှို့ခံရသည့် တန့်ဆည်ဒေသခံတစ်ဦးမှလည်း ပြောလာသည်။ ယနေ့အထိ တန့်ဆည်မြို့နယ်တွင် လူနေအိမ် ၁၃၀၀ ခန့် မီးရှို့ခံခဲ့ပြီး သောင်းချီသော ဒေသခံများ တိမ်းရှောင်နေရကာ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။ #VOT သည် #TazeNews၏ မိတ်ဖက် သတင်းpageဖြစ်သည်
684
14
ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ် ဇွန် ၃-၂၀၂၂ KT(VOM) ကိုဖြိုးဇေယျာသ
ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီနဲ့ လှိုင်သာယာလူသတ်မှုကျူးလွန် ၂ ဦး တို့ကို သေဒဏ်အမိန့်ချမှတ် ဇွန် ၃-၂၀၂၂ KT(VOM) ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို သေဒဏ်အမိန့် အတည်ပြုလိုက်ပြီဖြစ်တယ်လို့ နစကရဲ့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ "ဟုတ်တယ် ဖြိုးဇေယျာသော် ခေါ် မောင်ကျော်၊ ဂျင်မီရယ် နောက်တခုက လှမျိုးအောင် ခေါ် ဝက်ကြီးရယ် သူရဇော် ခေါ် သူရရယ် ၄ယောက်ကို သေဒဏ်အတည်ပြုလိုက်ပြီ၊ ကြိုးပေးသတ်တာတို့ ဘာတို့ကတော့ အကျဉ်းဦးစီးရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်မှာပေါ့၊ ပြစ်မှုနဲ့ထိုက်တဲ့ဟာကို လုပ်မှာလို့ပြောပြီးသား သေဒဏ်ပေးဖို့အတည်ပြုလိုက်ပြီ"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM ကိုပြောပါတယ် #voiceofmyanmar #VOM #ဇေယျာသော် #ဂျင်မီ #သေဒဏ်အမိန့်အတည်ပြု Web Link - https://bit.ly/3GNsyGZ (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
773
15
စစ်​ကောင်စီတပ်ကကိုး​တောင်ဘို့​ကျေးရွာအုပ်စုကို ​လေ​ကြောင်းမှတိုက်ခိုက်​နေ ကြည်သာ / People's Spring ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာကို ယနေ့ နေ့လည် တစ်နာရီမှစ၍စစ်ကောင်စီကလေကြောင်းမှအဆက်မပြတ်လာ​ ရောက်တိုက်ခိုက်နေပြီး ယမန်နေ့ညကလည်း လက်နက် ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။ "ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာ။ဗုံးတွေလည်းချသွားတယ် ။ အရပ်သားတွေ ဦးတည်ရာပြေးနေရတယ်" ဟု ဇွန် ၃ ရက်ညနေ လေးနာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက People's Spring ထံ ဆက်သွယ်ပြောကြားသည်။ ထို​ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်ကျေးရွာငါးရွာပါဝင်သည့်ကိုးတောင်ဘို့တိုက်နယ်မှကိုးတောင်ဘို့ရွာ၊ပိတောက်ခုံနှင့်ကွက်သစ် ရွာတို့အားစစ်ကောင် စီတပ်ကလေကြောင်းမှ တိုက်ခိုက်​နေခြင်းဖြစ်သည်။ယခုသတင်းရေးသားချိန်ညနေလေးနာရီတွင်လက်နက်ကြီးပစ် ခတ်သံများကို ဖုန်းထဲမှတစ်ဆင့် ကြားနေရသည်။ "လက်နက်ကြီးနဲ့လည်း ပစ်နေတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ပြီးပြီးချင်းရဟတ်ယာဥ်နှစ်စီးနဲ့အင်အားတိုးချသွားတယ်။ အခုရွာထဲကိုစဝင်နေပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် ယမန်နေ့(ဇွန် ၂ရက်) ညနေက ကွက်သစ်ရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကွက်သစ်ရွာမှ သားအဖသုံးဦး သေဆုံးခဲ့​သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ People's Spring
705
16
ဒီးမော့ဆို အရှေ့ခြမ်း၊ကျေးရွာတစ်ရွာမှာ လက်နက်ကြီးကျရောက်၊ ဒေသခံ တစ်ဦးကျည်စထိမှန်သေဆုံး ကန္တာရဝတီတိုင်း(မ်) website တွင် ဖတ်ရန် - https://bit.ly/3tfoZUB ဒီကနေ့ (ဇွန်လ ၃ရက်) မနက် ၁နာရီဝန်းကျင်မှာ ဒီးမော့ဆို အရှေ့ခြမ်းဖက်က ကျေးရွာ တစ်ရွာမှာ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။ “ ဒီမနက် ၁နာရီ အချိန်လောက်မှာ ကျတာ။ ၁နာရီမထိုးခင် လက်နက်ကြီး တချို့ ကျပြီးတာတွေလည်း ရှိတယ်။ ၁နာရီ လောက်မှာလည်း ထပ်ကျတယ်။ လက်နက်ကြီး လေးလုံး ထုလာတာ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပြီး မည်သည့် တပ်ကနေ ပစ်ခတ်လဲဆိုတာကိုတော့ မသိရှိရပါဘူး။ ကျေးရွာအတွင်းက ဒေသခံတွေကလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆို အရှေ့ဖက်ခြမ်း တစ်နေရာကို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်သွားခဲ့ပါတယ်။ Kantarawaddy Times
611
17
အရာတော် ဟင်္သာရွာက ပြည်သူ့ရဲဘော်(၈)ဦးကို စစ်အုပ်စုက ထောင်ခြောက်ဆင် ဖမ်းဆီး သတ်ဖြတ်၊ ဟင်္သာရွာမှာ ပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသ+3
အရာတော် ဟင်္သာရွာက ပြည်သူ့ရဲဘော်(၈)ဦးကို စစ်အုပ်စုက ထောင်ခြောက်ဆင် ဖမ်းဆီး သတ်ဖြတ်၊ ဟင်္သာရွာမှာ ပြည်သူ့ရဲဘော်တွေ အပါအဝင် ဒေသခံ(၁၂)ဦး သတ်ဖြတ်ခံရပြီး နေအိမ်အလုံး(၂၀)ကျော် မီးရှို့ခံရ၊ MFP ၊ ဇွန် - ၃ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဟင်္သာကျေးရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေ မေ(၂၉)ရက်မှာ အကြောင်းမဲ့ စီးနင်းဝင်မွှေကာ နေအိမ်တွေကို မီးရှို့ပြီးနောက် ကျေးရွာကာကွယ်ရေး ရဲဘော်တွေ အပါအဝင် စုစုပေါင်း ဒေသခံ (၁၂)ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ အရာတော်နှင့် ဒီပဲယင်းနယ်စပ် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ မေ(၂၉)ရက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အရာတော်မြို့နယ် ဟင်္သာရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်ပြီးနောက် နေအိမ်(၂၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ (၁၂)ဦးကိုပါ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ Mandalay Free Press (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
578
18
မလှိုင်မြို့နယ်တွင် ပြည်သူပိုင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီ အဓမ္မ ချိပ်ပိတ် DVB မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်က ပြည်သူလူထု နေအိမ် စုစုပေါင်း ၄၂ လုံးလောက်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး မေလ တလတည်းမှာပဲ နေအိမ် ၃၀ လောက် ချိပ်ပိတ်ခံခဲ့ရတယ်လို့ မလှိုင်မြို့ခံတွေက ပြောပါတယ်။ ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေထဲမှာ CDM ပြုလုပ်ထားတဲ့ ဆရာဝန်နေအိမ်နဲ့ ကျောင်းဆရာ ဆရာမတွေရဲ့ နေအိမ်တွေလည်း ပါဝင်ပါတယ်။ ချိပ်ပိတ်ခံရတဲ့ နေအိမ်အများစုက PDF တွေ၊ UG တွေနဲ့ ပတ်သက်မှုမရှိဘဲ ချိပ်ပိတ်ခံရတာလို့လည်း ဆိုပါတယ်။ http://burmese.dvb.no/archives/536676 #DVB #News #မလှိုင်မြို့နယ် #ပြည်သူပိုင်နေအိမ် #စစ်ကောင်စီ #နေအိမ်ချိပ်ပိတ်
751
19
ပုပ္ပားတောင်အနီး လျှော်တောရွာရှိ စိုက်ခင်းတဲများကို စစ်ကောင်စီတပ် မီးရှို့ DVB မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတိုက်နယ်၊ လျှော်တောကျေးရွာက စိုက်ခင်းတဲအိမ်တွေကို ဒီကနေ့ ဇွန် ၃ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့နေတယ်လို့ ကျောက်ပန်းတောင်းနယ်ခံတွေက ပြောပါတယ်။ ဒါ့အပြင် အဆိုပါကျေးရွာတဝိုက် ပိုက်စိတ်တိုက်စစ်ဆေးနေပြီး ရွာခံ အယောက် ၂၀ လောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/536656 #DVB #News #ပုပ္ပားတောင် #လျှော်တောကျေးရွာ #စစ်ကောင်စီတပ် #ကျေးရွာမီးရှို့ဖျက်ဆီး #ဒေသခံများဖမ်းဆီးခံရ
697
20
ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုကီးတမ် ကိုဖမ်းဆီး ပစ်သတ်ပြီး အလောင်းပြန် မပေး ရန်ကုန်၊ ဇွန် ၃ ချင်းပြည်န
ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုကီးတမ် ကိုဖမ်းဆီး ပစ်သတ်ပြီး အလောင်းပြန် မပေး ရန်ကုန်၊ ဇွန် ၃ ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း၌ ဒေသခံ ပြည်သူ ကိုကီးတမ် ကို ဖမ်းဆီး ပစ်သတ်ခဲ့​ပြီး မိသားစုများထံ အလောင်း ပြန်မပေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ Khit Thit Media (ကောမန့်တွင်ဆက်၍ဖတ်ပါ။👇👇👇)
564