cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Больше
Рекламные посты
531 792
Подписчики
-10624 часа
-8477 дней
-2 07630 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ကလေးမြို့နယ်တွင် “ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်” တန့်ရေးတောင်းဆို လှုပ်ရှားမှု ရန်ကုန်၊မေ ၂၄ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက လေယာဉ်ဗုံးကြဲခံရသည့် မင်းတပ်နှင့် အတူရပ်တည်ကြောင်းသွေးစည်းညီညွတ်ရေးသပိတ်တစ်ရပ်ကို ကလေးမြို့ ဒေသပြည်သူများနှင့်အတူ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် “ဖက်ဆစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်” တန့်ရေး တောင်းဆိုလှုပ်ရှားမှုကိုလည်း ပြုလုပ်တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
Показать все...
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ မေ ၂၄ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။
Показать все...
👍 66 24🤣 1
Фото недоступноПоказать в Telegram
69👍 25👏 18🔥 4🤣 2🥰 1
တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင် ရန်ကုန်၊ မေ ၂၄ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ လေသာကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ထံမှ သိရသည်။ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကျွန်းလည် ပျူစောထီးကျေးရွာရှိ လေသာကျောင်း အတွင်း တပ်စွဲထားသော ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အင်အား ၂၀၀ ဝန်းကျင်ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ဗျူဟာအမှတ် ၅၂ နှင့် ကန့်ဘလူခရိုင် တပ်ရင်း ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Показать все...
👍 63 25👏 8🥰 3💩 2🌭 1
62👍 12🤣 1
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃နေရာကို ထမင်းတစ်နပ် လှူဒါန်း ရန်ကုန်၊ မေ ၂၄ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များ ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Показать все...
47👍 18🤣 1
Фото недоступноПоказать в Telegram
96👍 23👏 15😁 2🫡 2🥰 1🤣 1
KNDF တပ်ရင်း ၂၈ တွင် စစ်ဆင်ရေးဆင်နွှဲရန် စစ်အသုံးဆောင်များနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ ပြည်သူများ ဝိုင်းဝန်း ကူညီ လှူဒါန်းပေးရန် မေတ္တာရပ်ခံ ရန်ကုန်၊ မေ ၂၄ ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDF ၊ စစ်ဗျူဟာ ၇ တပ်ရင်း ၂၈ တွင် စစ်ဆင်ရေးဆင်နွှဲရန် အဆင်သင့်ဖြစ်နေပြီး စစ်အသုံးအဆောင်များ စားနပ်ရိက္ခာများ၊ တပ်ရင်း ရုံးသုံး ကွန်ပျူတာ၊ စာကူးစက်များ၊ ရုံးသုံး ကိရိယာများ ဖြည့်တင်းရန်အတွက် အရေးပေါ်လိုအပ်နေ ကြောင်း တပ်ရင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့်မေတ္တာရပ်ခံထား သည်။ မေလ ၂ ရက်နေ့က အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်သော တပ်ရင်းတစ်ခုဖြစ်ပြီး တပ်ဖွဲ့ဝင် ရဲဘော် များအနေဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာနှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် စစ်ဆင်ရေးလုပ်ငန်းများအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ရဲဘော်တပ်ဖွဲ့ဝင်များအတွက် စစ်ဆင်ရေးများအတွင်း အသုံး ပြုရမည့် စစ်အသုံးဆောင်များ၊ စားနပ်ရိက္ခာများ၊ တပ်ရင်းရုံးသုံး ကွန်ပျူတာ၊ စာကူးစက်များ၊ ရုံးသုံး ကိရိယာများ ဖြည့်တင်းရန်အတွက် အရေးပေါ်လိုအပ်ချက်များစွာရှိကြောင်း သိရသည်။ “တပ်ရင်းကအသစ်ဆိုတော့ လိုအပ်ချက်တွေကတော့ အများကြီးပဲ၊ အဓိလိုအပ်ချက်တော့ ရဲဘော်‌ တွေ စစ်ဆင်ရေးသွားဖို့အတွက် ယူနီဖောင်း၊ စားနပ်ရိက္ခာ၊ တပ်ရင်းရုံးသုံးကွန်ပျူတာတွေအစ လိုအပ်နေတာပါ။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ဖြစ်ပေါ်တဲ့အထိ တိုက်ပွဲဝင်ဖို့က ကျနော်တို့တာဝန်ပါ၊ တိုက်ပွဲဝင်သွားဖို့လည်း ကတိပြုပါတယ်၊ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပေးကြပါလို့ မေတ္တာရပ်လိုပါတယ်” ဟု KNDF တပ်ရင်း ၂၈ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ သို့ဖြစ်ပါ၍ တော်လှန်မိဘပြည်သူများအနေဖြင့် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၊ တပ် ရင်း အမှတ် ၂၈ ၏ အရေးပေါ်လိုအပ်ချက်များကို တတ်နိုင်သလောက် ပါဝင်အားဖြည့်ကူညီပေး ကြပါရန်နှင့် ထောက်ပို့ လှူဒါန်းလိုသော မိဘပြည်သူများအနေဖြင့် - https://www.facebook.com/profile.php?id=61559571476069 Facebook Page Messenger မှတဆင့် ဆက်သွယ်၍ လည်းကောင်း၊ တပ်ရင်းမှ ခွင့်ပြု တာဝန်ပေး ထားသော ထောက်ပို့တာဝန်ခံထံသို့လည်းကောင်း ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်း အသိပေးထား သည်။
Показать все...
Log in or sign up to view

See posts, photos and more on Facebook.

👍 97 26👏 7🥰 3🤣 1