en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

Khit Thit Media

Khit Thit Media

Open in Telegram

🚩 Channel was restricted by Telegram

Show more

📈 Analytical overview of Telegram channel Khit Thit Media

Channel Khit Thit Media (@khitthitnews) in the Burmese language segment is an active participant. Currently, the community unites 336 538 subscribers, ranking 403 in the News & Media category and 36 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 336 538 subscribers.

According to the latest data from 24 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -11 433 over the last 30 days and by -412 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 3.22%. Within the first 24 hours after publication, content typically collects 2.74% reactions from the total number of subscribers.
  • Post reach: On average, each post receives 10 833 views. Within the first day, a publication typically gains 9 217 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 264.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“🚩 Channel was restricted by Telegram”

Thanks to the high frequency of updates (latest data received on 25 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

336 538
Subscribers
-41224 hours
-2 6467 days
-11 43330 days
Posts Archive
photo content

ဝက်ထီးကန်နယ်မြေတွင် "PDF ကို ဂရုမစိုက်ဘူး။ ပစ်တဲ့ကျည်ဆန်ကို စီးလိုက်မယ်" ဟု စိန်ခေါ်ကာ လူငယ်များကို ပေါ်တာဆွဲနေသည့် အုပ်ချုပ်ရေးမှူး တင်ကြီး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၅ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေတွင် "PDF ကို ဂရုမစိုက်ဘူး။ ပစ်တဲ့ကျည်ဆန်ကို စီးလိုက်မယ်" ဟု စိန်ခေါ်ကာ လူငယ်များကို ပေါ်တာဆွဲနေသည့် အုပ်ချုပ်ရေးမှူး တင်ကြီး ပစ်ခတ်ခံရပြီး သေဆုံးကာ စစ်တပ်က အလောင်းလာမကောက်၍ ပြည်သူများ ရဲစခန်းကို သွားရောက် ပို့ဆောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ ခန့်တွင် ကံကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး တင်ကြီး၏ နေအိမ်ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်စဉ် အုပ်ချုပ်ရေးမှူး တင်ကြီးက နေအိမ်တံခါးပိတ်၍ အထဲမှ ဓားကိုင်ကာ အိမ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့သဖြင့် သေနတ်သမားများက လိုက်လံပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း ၎င်းကိုင်ဆောင်ထားသည့် ဓားကိုလည်း သေနတ်သမားများက ယူဆောင်သွားကြောင်း သိရသည်။ သေဆုံးသူ အုပ်ချုပ်ရေးမှူး တင်ကြီးသည် အာဏာကို အသုံးပြု၍ ဒေသခံ ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဝက်ထီးကန်ရဲစခန်းမှ ရဲများ၊ စစ်သားများနှင့် ပူးပေါင်းကာ စစ်မှုထမ်းရန် ပြည်သူများကို အဓမ္မပေါ်တာဆွဲခြင်းများ ကိုယ်တိုင် ပါဝင်ပြုလုပ်ခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များ၏ စာရင်းများကို ပေးပို့ခြင်းတို့ကြောင့် ဒေသခံများအကြား နာမည်ဆိုးဖြင့် ကျော်ကြားနေသူတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် တင်ကြီးသည် "PDF ကို ဂရုမစိုက်ဘူး။ ပစ်တဲ့ကျည်ဆန်ကို စီးလိုက်မယ်" ဟု ကျေးရွာအုပ်စုအတွင်း အမြဲတမ်း စိန်ခေါ် ပြောနေသူဖြစ်ကြောင်း သိရသည်။ "တင်ကြီးက နာမည်ဆိုးထွက်နေတာ ကြာပြီ အဲ့ကောင်က အုပ်ကြီးရာထူးကနေ မထွက်ချင်လို့ စာရင်းတောင် သွားမပေးဘူး။ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ အရမ်းလုပ်နေလို့ ကျေးရွာအုပ်စု တစ်ခုလုံးနီးပါး လူငယ်တွေ တိမ်းရှောင်နေရတာ အဲ့ကောင်ကြောင့်ပေါ့။ အခုတော့ သေပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တင်ကြီးရုပ်အလောင်းကို စစ်တပ်က လာရောက်ကောက်ယူခြင်းမရှိသောကြောင့် ပြည်သူများ ကောက်ယူပြီး ဝက်ထီးကန်ရဲစခန်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့ရကြောင်း၊ ထိုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးဘဲ ရန်ကုန်ခေတ်သစ် သတင်းဌာနက နယ်မြေအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ဖြစ်စဉ် အပြည့်အစုံသိရှိနိုင်ရန် ဆက်သွယ် မေးမြန်းလျက်ရှိသည်။

photo content
+3

မလေးရှားနိုင်ငံ၊ အီပိုးမြို့ရှိ အနှိပ်ခန်းများနှင့် ဈေးဆိုင်များကို လဝက က ဝင်ရောက်စစ်ဆေးပြီး မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၀၉ ဦးကို ဖမ်းဆီး ရန်ကုန်၊ အောက်တိုဘာ ၂၅ မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ်၊ အီပိုးမြို့ဝန်းကျင်တွင် လဝက အရာရှိများက စစ်ဆင်ရေး ၂ ခု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၀၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် က အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြောကြားထားသည်။ အဆိုပါ ဖမ်းဆီးမှု စစ်ဆင်ရေးများကို မလေးရှား လဝက ပူထရာဂျာယာ (Putrajaya) အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပီရက်ပြည်နယ် လဝက တပ်ဖွဲ့ဝင် ၆၆ ဦးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှစ၍ အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးအတွင်း ဖျော်ဖြေရေးစခန်းတစ်ခုနှင့် နှိပ်နယ်ခန်း ၄ ခုကို Ops Gegas စစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသူ အမျိုးသမီး ၃၄ ဦးကို ဖမ်းဆီးခဲ့ပြီး Ipoh Wholesale Market တွင် ဝင်ရောက်စစ်ဆေးရာမှ နိုင်ငံခြားသား အမျိုးသား ၇၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အီပိုလက္ကားဈေးတွင် ဖမ်းဆီးခံရသူများ၌ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် အင်ဒိုနီးရှား နိုင်ငံသားများ ပါဝင်ပြီး Ops Gegas စစ်ဆင်ရေးတွင် ဖမ်းဆီးခံရသူများမှာ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံသားများ ဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းစဉ်အတွင်း နိုင်ငံခြားသားများ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ရှိသူများက အားလုံးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအား မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် စည်းမျဉ်းများအရ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းမရှိခြင်း၊ ရက်လွန်နေထိုင်ခြင်းနှင့် ဗီဇာ/ပါမစ် စည်းကမ်းဖောက်ဖျက် အသုံးပြုခြင်း စသည့် ပြစ်မှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ရန် အလုပ်ရှင် ၅ ဦးကိုလည်း ဆင့်ခေါ်စာ ထုတ်ပြန်ထားကြောင်း၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေး ပေါင်း ၁၁၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား ၁၅၀၀၀၀ နီးပါးကို စစ်ဆေးကာ တရားမဝင် နိုင်ငံခြားသား ၆၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

photo content
+3

နောင်ချိုမြို့ပေါ်ရှိ မြို့မဗလီကို စစ်ကောင်စီလက်အောက်ခံ ကျောက်မဲခရိုင် တရားသူကြီး ကျော်စိုးခိုင်က ပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းရန် အမိန့်ချ ရန်ကုန်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ မြို့မဗလီကို စစ်ကောင်စီလက်အောက်ခံ ကျောက်မဲခရိုင် တရားသူကြီး ကျော်စိုးခိုင်က ပြည်သူပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းရန် အမိန့်ချမှုသည် အစ္စလာမ်ဘာသာကို ဖိနှိပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျောက်မဲခရိုင်တရားရုံးက နောင်ချိုမြို့၊ ဘူတာရပ်ကွက်၊ နယ်မြေ ၄၊ အကွက် ၁ နေ လှထွေးနှင့် စိုးသိန်းတို့အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရ ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောင်ဒဏ်ချမှတ်ခြင်းနှင့်အတူ နောင်ချိုမြို့၊ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး၊ ဈေးရပ်ကွက်၊ နယ်မြေ ၆ ရှိ အလျား ၅၅ ပေ၊ အနံ ၆၀ ပေ မြေ ၁ ကွက်နှင့် အဆိုပါ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အလျား ၅၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၃၀ ပေရှိ အစ္စလာမ်ဘာသာရေးဝတ်ပြု မြို့မဗလီအဆောက်အဦ ၁ လုံးအား အယူခံ/ပြင်ဆင်ရက် ကျော်လွန်ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ အမိန့်ချမှတ်မှုသည် သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဖိနှိပ်ပြလိုက်ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ “တရားခံတွေ ထောက်ပံ့ပြီး ပူးပေါင်းနေကြတယ်ဆိုတာကလည်း သူတို့ ကိုယ်ကျိုးစီးပွားအတွက်ရယ်ပါ။ ဗလီထဲမှာ အောင်ပွဲခံဖို့ တရားခံ ၂ ယောက်က ထောက်ပံ့ကြတယ်ဆိုတာလည်း မဟုတ်ဘူး။ ဗလီထဲမှာ ဒံပေါက်ချက်ကျွေးတယ်ဆိုတာလည်း မမှန်ဘူး။ တအာင်းတွေ ဗလီထဲဝင်ထွက်သွားလာကြတယ်ဆိုတာမျိုးလည်း မရှိဘူး။ သူတို့ဘာသာသူတို့ နေကြတာပါ။ မြို့ထဲရောက်လာကြရင် ဗလီမှ မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းထဲတောင် အကြောင်းကိစ္စမရှိရင် မသွားကြဘူး။ တအာင်းတွေ မြို့ထဲနေတဲ့အချိန်မှာ ဗလီက ပုံမှန်အတိုင်းပဲဖွင့်တယ်။ ၅ ကြိမ်ဝတ်ပြုခွင့်လည်း ဟိုက ပေးထားတယ်။ စစ်တပ်ပြန်ဝင်လာမှ အခုလိုဖြစ်ကုန်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နောင်ချိုမြို့ပေါ်တွင် အစ္စလာမ်ဘာသာဝင်များအတွက် ယင်းဗလီတစ်ခုတည်းသာ ဘုရားဝတ်ပြုနေကြရကြောင်း၊ စစ်ကောင်စီတပ် နောင်ချိုမြို့အတွင်း ပြန်လည်ဝင်ရောက်လာပြီးနောက် ဂေါပကအဖွဲ့ဝင်ဖြစ်သူ လှထွေးနှင့် စိုးသိန်းတို့ကို အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး မြို့မဗလီကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း၊ ယခုအခါ ခရိုင်တရားရုံး၏ မတရားအမိန့်အပေါ် အယူခံဝင်ရန် ပြင်ဆင်လျက်ရှိပြီး အယူခံရက် ကျော်လွန်ပါက ချိတ်ပိတ်သိမ်းဆည်းခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ “လက်ရှိအနေအထားအရ မဘသတွေအတွက် ခေါင်းစဉ်ကြီးတစ်ခုရသွားသလို အကြမ်းဖက်နဲ့ ပတ်သက်သူမှန်သမျှ သာသနာပိုင်ဖြစ်နေရင်တောင် မရဘူးဆိုတဲ့ အကြောင်းတရားမျိုး ဖန်တီးပြတာ ဖြစ်မှာပေါ့။ တခြားဘယ်နေရာမှာမှလည်း ဝတ်ပြုလို့မရဘူး။ ဝတ်ပြုနေကြတာမြင်ရင်လည်း လူစုပါတယ်ဆိုပြီး ခေါင်းစဉ်တပ် ဖမ်းခံရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။ စစ်ကောင်စီတပ်သည် အစ္စလာမ်ဘာသာဝင်များသာမက ခရစ်ယာန်ဘာသာဝင်များကိုလည်း နှိပ်ကွက်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင် ရဲမေများ ဓမ္မာရုံတွင် ပရိတ်ရွတ်ဖတ်သည့်အခါတိုင်း ၎င်းတို့၏ကလေးများကို အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးများက ထိန်းပေးကြရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းရှိ TNLA၊ DPLA နှင့် PDF တို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသူများ၏ နေအိမ် အလုံး ၇၀ ကျော်အပြင် ဘာသာခြားများ၏ ဝတ်ပြုရာ ဘုရားကျောင်းများကိုပါ ချိတ်ပိတ်နေခြင်းဖြစ်သည်။

photo content
+6

ကလေးမြို့ သပိတ်အင်အားစုက ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် သွေးစည်းညီညွတ်ရေး ဆီမီးသပိတ် ပြုလုပ် ရန်ကုန်၊ အောက်တိုဘာ ၂၅ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC) သည် ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဘုံတိုဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် သွေးစည်းညီညွတ်ရေး ဆီမီးသပိတ် ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘုံတိုဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့ကြရသည့် သပိတ်ကော်မတီအဖွဲ့ဝင်များ၊ ရဲဘော်ရဲဘက်များ၊ ဒေသခံ မိဘပြည်သူများနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောဆိုထားသည်။0

photo content
+8

မင်းတပ်မြို့ပေါ်ကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘာသာရေးအဆောက်အဦးများ အပါအဝင် နေအိမ် ၁၇ လုံးထက်မနည်း ပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၂၅ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် နေအိမ် ၁၇ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ အောက်တိုဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့တို့တွင် ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မင်းတပ်မြို့ပေါ် သို့ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက ပေါက်ကွဲအားပြင်း ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်ကလည်း မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် မင်းတပ်မြို့ပေါ်သို့ ၄ ကြိမ်တိုင်တိုင် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၁ ခုအပါအဝင် ပြည်သူ့နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ မင်းတပ်မြို့နယ်အတွင်း ယခုရက်ပိုင်း၌ အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာနေကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေး နှိုးဆော်ထားသည်။ photo credit - Hkl Mindat

photo content

ကြံ့ဖွတ်ပါတီကို စိမ်းပိန်းဟု ခေါ်ဆိုခဲ့သည့် တရုတ်အစိုးရ စကားပြန် ကျောက်ကျင်ကို တရုတ်အစိုးရက အရေးယူပေးရန် ဘူးလက်လှဆွေက တောင်းဆိုပြီး "ကောင်မ" ဟု ရိုင်းစိုင်းစွာ သုံးနှုန်း ရန်ကုန်၊ အောက်တိုဘာ ၂၅ ကြံ့ခိုင်ရေးပါတီ (ကြံ့ဖွတ်) နှင့်စစ်တပ်ထောက်ခံသူများကို “စိမ်းပိန်း” ဟု ရည်ညွှန်းခေါ်ဝေါ်ပြောဆိုခဲ့သည့် တရုတ်အစိုးရ စကားပြန် ကျောက်ကျင်ကို တရုတ်အစိုးရအနေဖြင့် အရေးယူပေးရန် ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဘူးလက်လှဆွေက တောင်းဆိုလိုက်သည်။ ဘူးလက်လှဆွေက အောက်တိုဘာလ ၂၅ ရက်နေ့ လူမှုကွန်ရက် ဗီဒီယိုမှတစ်ဆင့် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တရုတ်အစိုးရက စကားပြန်ကျောက်ကျင်ကို အရေးယူခြင်း ရှိ၊ မရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ အဆိုပါဗီဒီယိုတွင် ဘူးလက်လှဆွေက ကျောက်ကျင်ကို "ကောင်မ" ဟု အလွန်ရိုင်းစိုင်းသော အသုံးအနှုန်းကို အသုံးပြု ပြောဆိုသွားသည်။ “ဟို တရုတ်မပေါ့နော်၊ မစ်ဆိုဂျင်းပေါ့။ မစ်ဆိုဂျင်းက နီပိန်း အရေအတွက် များတယ် ထင်နေတာတဲ့၊ စိမ်းပိန်းက ပိုများတယ်တဲ့။ ဒီပြောစကားဟာ ကျွန်တော်တို့ နိုင်ငံရေး အနိုင်ရပါတီ USDP ကို စော်ကားတာနဲ့ တူတူပဲ။ အဲဒီ တရုတ်အစိုးရ ဘယ်လို တာဝန်ယူမလဲ။ ဒီကောင်မကို ဘယ်လို ပြစ်ဒဏ်ပေးမလဲ ကျွန်တော် စောင့်ကြည့်မယ်။ အဲဒါ လာပြောတာ။ လေးစားပါတယ်” ဟု ဘူးလက်လှဆွေက ပြောဆိုထားသည်။ တစ်ဖက်တွင် တရုတ်အစိုးရ စကားပြန် ကျောက်ကျင့်က ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် မြန်မာ့အရေးနှင့် ပတ်သက်၍ "အရင်တုန်းက နီပိန်းတွေပိုများတယ်လို့ယူဆတယ်။ အခုမှ စိမ်းပိန်းတွေပိုများတယ်ဆိုတာ သိလာတယ်။ နီးကပ်လာရင် သူတို့ကြောက်တယ်။ ဝေးသွားရင် သူတို့မုန်းတယ်။ ဒီအမုန်းဟိုအမုန်းနဲ့ သူတို့ရဲ့ ဘဝကလည်း စည်ကားတာပဲ"ဟု ရေးသားခဲ့သည်။ ယင်းအပြင် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သော NCA ၁၁ နှစ်ပြည့်အခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးနှင့်အတူ တိုင်းရင်းသားလူနည်းစုများအတွက် “အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများ” ရှာဖွေရန် တိုက်တွန်းပြောဆိုခဲ့မှုအပေါ် စစ်တပ်ထောက်ခံသူများက အပြင်းအထန်ဝေဖန်မှုကိုလည်း တရုတ်အစိုးရစကားပြန် ကျောက်ကျင်က တုံ့ပြန် ဝေဖန်ထားသည်။ ကျောက်ကျင့်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် ပြောဆိုသည့် “အဆင့်မြင့်ကိုယ် ပိုင်အုပ်ချုပ်ရေး” နှင့် ပတ်သက်၍ လူတချို့က မခံနိုင်မရနိုင် ပြဿနာရှာရန် တိုက်နေကြကြောင်း ရေးသားထားပြီး ပင်လုံစာချုပ်တွင် ရေးသားထားသည့် “ပြည်ထောင်စု” နှင့် ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံရေးသမားများ မကြာခဏ ပြောဆိုခဲ့ကြသည့် “ဖက်ဒရယ်” ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို မေးခွန်းထုတ်ထားသည်။ “တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ် ပြောတဲ့ "အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေး"နဲ့ လူတချို့က မခံနိုင်မရနိုင် ပြဿနာရှာရန်တိုက်နေတယ်။ ဒါဆို ပင်လုံစာချုပ်မှာရေးထားတဲ့ "ပြည်ထောင်စု"နဲ့ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံရေးသမားတွေ နှုတ်နဲ့မကွာပြောကြတဲ့ ဖက်ဒရယ်ကကော ဘာအဓိပ္ပါယ်လဲ။ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေးမပါဘူးလား။ ဒါဆိုဘယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ရေးပါသလဲ။ တရုတ်ပြည်မကြီးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အမှတ် ၅ ၊ ဟောင်ကောင်ရဲ့ အထူးအုပ်ချုပ်ခွင့်ကို အမှတ် ၁၀ အဖြစ် စံနှုန်းထားလိုက်ရင် ပင်လုံစာချုပ်မှာရေးထားတဲ့ ပြည်ထောင်စုက အမှတ်ဘယ်လောက် သတ်မှတ်ထားသလဲ။ အခုပြောနေတဲ့ ဖက်ဒရယ်ကော အမှတ်ဘယ်လောက် သတ်မှတ်ချင်သလဲ။ ပညာရှင်ကြီးတွေ ရှင်းပြပါအုံး။ အထူးကိုယ်စားလှယ်ရဲ့ အကြံပေးချက်က မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ယူဆရင် တရုတ်အထူးကိုယ်စားလှယ်ကြီးမှူးတဲ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်တဲ့ မြန်မာအစိုးရကို ဆန္ဒသွားပြပါ" ဟု စစ်တပ်ထောက်ခံသူများကို ကျောက်ကျင်က ဝေဖန်တုံ့ပြန်ခဲ့သည်။ ယင်းကဲ့သို့ တရုတ်အစိုးရ စကားပြန်ကျောက်ကျင်၏ မြန်မာ့အရေး ရေးသားပြောဆိုမှုများနှင့် ပတ်သက်၍ ဘူးလက်လှဆွေ အပါအဝင် စစ်တပ်ထောက်ခံသူများ လူမှုကွန်ရက်မှတစ်ဆင့် ပြင်းပြင်းထန်ထန် တုံ့ပြန်လာနေကြပြီး ယခုနောက်ဆုံး တရုတ်အစိုးရက အရေးယူပေးရန်ပါ တောင်းဆိုလာကြခြင်းဖြစ်သည်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့ မင်းအောင်လှိုင်ရဲ့ ဇွန်လ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရစကားပြန်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ ကျောက်ကျင် (Zhao Jin) က အကြမ်းဖက် စစ်တပ်ကို ထောက်ခံနေတဲ့ Eleven Media Group ရဲ့ တရုတ်ဆန့်ကျင်ရေး ဆောင်းပါးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာနိုင်တယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။ -စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အွန်လိုင်း လိမ်လည်မှု အပါအဝင် နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုတွေ ပျံ့နှံ့နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ ပြတ်သား ထိရောက်စွာ အရေးယူပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ မီးသတ်ကွေ့မှာ နယူးမန္တလာထွန်း ခရီးသည်တင် Express ယာဉ်တစ်စီးဟာ အငှားယာဉ် Nissan Wingroad တစ်စီးနဲ့ တိုက်မိပြီး လမ်းဘေး ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့ရာ သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားစစ်တပ်အနေနဲ့ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးတပ်မတော်ဖြစ်လာအောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/NRHzYIc0uF4?si=NvONM-ubfE30ODLU

photo content
+2

ထို့အပြင် အောက်တိုဘာ ၂၃ ရက်တွင်ပင် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) ၏ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများတွင် အလွယ်တကူထွက်ပြေးတိမ်းရှောင်၍ မရနိုင်သည့် မသန်စွမ်းသူများသည် စနစ်တကျ ပိတ်မိနေကာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် နေအိမ်များအတွင်း အရှင်လတ်လတ် မီးရှို့ခံရခြင်းတို့ကို ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောသည်။ စစ်အုပ်စု၏ စစ်မက်များကြောင့် လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်နေပြီး အရေးကြီးသည့် ထောက်ပံ့မှုကွန်ရက်များအပေါ် ရိုက်ခတ်မှုများရှိလာသဖြင့် မသန်စွမ်းသူများအနေဖြင့် အန္တရာယ်များပြီး အခြေခံဝန်ဆောင်မှုများ လက်လှမ်းမမီသည့် ပတ်ဝန်းကျင်များတွင် ရုန်းကန်ရှင်သန်နေရကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် မတရားစစ်အာဏာသိမ်းမှုကြောင့် ပျက်စီးယိုယွင်းပြိုလဲလာသည့် စီးပွားရေး၏ ရိုက်ခတ်မှုဒဏ်ကိုလည်း မသန်စွမ်းသူများက ခံစားနေရပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်ဆုံးခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် ရုန်းကန်နေထိုင်နေရကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့်လည်း မသန်စွမ်းသူများ၏ ထိခိုက်လွယ်သည့်အခြေအနေ ပိုမိုထင်ရှားလာခဲ့ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိစစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏လက်အောက်၌ လူ့အခွင့်အရေးကို အာမခံချက်ပေးနိုင်မည်မဟုတ်သည့်အချက်ကို လက်ခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်အဆုံးသတ်ရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် တရားခံများကို တာဝန်ခံစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းရေးတို့အတွက် ပြတ်သားစွာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

မြန်မာအကြမ်းဖက်စစ်တပ်၏ ကန့်ကွက်မှု ၁ လကျော်ကြာမြင့်လာချိန်အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂအစည်းအဝေးများ ပုံမှန်အတိုင်း တက်ခွင့်ရနေဆဲဖြစ်ပြီး စစ်တပ်ကို အရေးယူရေး တောက်လျှောက် တောင်းဆိုနေ ရန်ကုန်၊ အောက်တိုဘာ ၂၅ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာစစ်ကောင်စီက ၎င်းတို့ကိုယ်စားပြုခြင်းမရှိတော့ကြောင်း ကန့်ကွက်စာထုတ်ပြန်ခဲ့သည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ပုံမှန်ဆက်လက်တက်ရောက်ခွင့်ရရှိနေပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ဆက်လက်တောင်းဆိုတိုက်တွန်းနေကြောင်း သိရသည်။ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်း၊ ကုလသမဂ္ဂတွင် ၎င်း၏ ပြောဆိုလှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ သဘောထားကို ကိုယ်စားမပြုကြောင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကန့်ကွက်ချက်ထွက်ပေါ်ပြီးနောက် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ထိပ်တန်းခေါင်းဆောင်များအပါအဝင် လွှတ်တော်အမတ်များက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထောက်ခံရန်နှင့် စစ်အာဏာရှင်ဘက်မှ နေရာယူရန် ကြိုးပမ်းမှုများကို ကန့်ကွက်ရန် အောက်တိုဘာ ၁၇ ရက်နေ့တွင် တိုက်တွန်းပြောဆိုခဲ့ကြသည်။ ထိုသို့ စစ်ကောင်စီဘက်က ကန့်ကွက်မှုများ ပြုလုပ်နေသော်လည်း ဦးကျော်မိုးထွန်းသည် ၂၀၂၆ ခုနှစ်၊ အောက် တိုဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ “အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေး” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် အောက်တိုဘာ ၂၃ ရက်က ပါဝင်မိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏ တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးခြင်း၊ အကျင့်ပျက်ခြစားမှုများနှင့် ရာဇဝတ်မှုများကို အားပေးကူညီခြင်း၊ ပူးပေါင်းပါဝင်ပတ်သက်ခြင်းတို့ကြောင့် အထူးသဖြင့် စစ်တပ်နှင့်ဆက်နွယ်သည့် နယ်ခြားစောင့်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများတွင် ဆိုက်ဘာနည်းပညာအသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ဖြစ်ပွားရာနေရာတစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောသည်။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အများအပြားပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်ကြောင်း၊ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အလွဲသုံးစားပြုအသုံးချမှုတို့ ပါဝင်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကြောင့် နိုင်ငံအများအပြားမှ ပြည်သူများ ထိခိုက်နစ်နာခဲ့ရပြီး ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးတို့ကို ခြိမ်းခြောက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းနိုင်ရေး၊ ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့၏ သားကောင်ဖြစ်ခဲ့ရသူများကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြရန်လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။ ထို့အပြင် စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်ရန်အတွက် ၎င်း၏ စစ်အင်အားနှင့် စစ်ရေးယန္တရားများကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊ စစ်အာဏာရှင်အုပ်စု၏ ဆက်လက်ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများနှင့် စစ်ရေးနယ်ပယ်တွင် အလွဲသုံးစားပြုအသုံးချမှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ ကြီးမားလှသည့် ဒုက္ခဆင်းရဲများကို ခံစားနေကြရကြောင်း ၎င်းက ပြောသည်။ နိုင်ငံ၏အရင်းအမြစ်များကို စစ်ရေးစစ်ရာနှင့် ဖိနှိပ်ချုပ်ချယ်မှုများအတွက် လွှဲပြောင်းအသုံးပြုနေခြင်းသည် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဆုံးရှုံးစေလျက်ရှိကြောင်း၊ စစ်ရေးစွမ်းဆောင်ရည်များနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို အလွဲသုံးစားပြုအသုံးချသည့်အခါ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အထောက်အကူဖြစ်ရမည့်အစား ဖိနှိပ်ချုပ်ချယ်ရေးအတွက် အသုံးချသည့် လက်နက်ဖြစ်လာကြောင်း မြန်မာနိုင်ငံ၏အခြေအနေက အထင်အရှားပြသနေသည့် သာဓကတစ်ရပ်ဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောဆိုခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြတ်သားထိရောက်သော အရေးယူဆောင်ရွက်မှုများကို အရေးတကြီး အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့သည်။

photo content

အရာတော်မြို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ၍ မလိုအပ်ဘဲ မသွားလာရန် မြို့နယ် ပကဖက အရေးပေါ် သတိပေးချက်ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၂၅ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်သို့ ဝင်ရောက်လာသည့် ကျေးရွာများမှ ဒေသခံလူငယ်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် မြို့ပေါ်သို့ အရေးပေါ်ကိစ္စမရှိဘဲ မသွားလာကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။ ယနေ့ နံနက်ပိုင်းမှစတင်၍ အရာတော်မြို့ပေါ်သို့ အကြောင်းအမျိုးမျိုးဖြင့် တက်ရောက်လာသည့် ကျေးရွာများမှ အရပ်သားလူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းဆီးကာ ပေါ်တာဆွဲမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းသို့ လူငယ်များကို ဖမ်းဆီးနေခြင်းမှာ စစ်ဆင်ရေးများအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုရန်နှင့် စတေးခံ ပြည်သူ့စစ် (ပသစ) အဖြစ် အတင်းအဓမ္မ တာဝန်ထမ်းဆောင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ "အခုက အရာတော်တင်မဟုတ်ဘူး။ မုံရွာ၊ စစ်ကိုင်း၊ ဘုတလင်၊ ဆားလင်းကြီး၊ တစ်၀ိုက်မှာ စစ်ကြောင်းထိုးတယ်။ လူငယ်တွေကို ဆွဲတယ်။ လမ်းမှာ စစ်ဆေးရင်းလည်း မသင်္ကာဘူးဆိုပြီး ပေါ်တာဆွဲတယ်။ နေရာစုံမှာ ပေါ်တာဆွဲတာတွေ ဖြစ်နေတာပါ" ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ကြောင့် အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ အတင်းအဓမ္မ ဖမ်းဆီးခံရမည့် အန္တရာယ်မှ ကြိုတင်ရှောင်ရှားနိုင်ရန်အတွက် ယခုရက်ပိုင်းအတွင်း မြို့ပေါ်သို့ မဖြစ်မနေ အရေးကြီးကိစ္စ မရှိပါက လုံးဝ မသွားလာကြရန် မြို့နယ် ပကဖက တိုက်တွန်းထားသည်။ အလားတူ မလွှဲမရှောင်သာဘဲ မြို့ပေါ်သို့ သွားလာရမည့် ကိစ္စရပ်များ ရှိလာပါကလည်း မြေပြင်လုံခြုံရေး အခြေအနေများကို သိရှိနိုင်ရန်အတွက် နယ်မြေခံ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများထံ ကြိုတင်ဆက်သွယ် စုံစမ်းပြီးမှသာ သတိပြုသွားလာကြရန် အရာတော်မြို့နယ် ပကဖက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း အင်အားပြုန်းတီးမှုဒဏ်ကို ရင်ဆိုင်နေရသဖြင့် အဓမ္မ စစ်မှုထမ်းရန် လူငယ်များကို လမ်းခရီးများနှင့် မြို့ပြများတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိရာ အရာတော်မြို့နယ်အတွင်းရှိ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

photo content

SCEF တွင် ကချင်လူထုကိုယ်စားပြု၍ KIO/KIA က ဦးဆောင်နေရာတွင် ပါဝင်မှု မဟာဗျူဟာမြောက် သမိုင်းမှတ်တိုင်များဟု NUG ပြော ရန်ကုန်၊ အောက်တိုဘာ ၂၅ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုတွင် ကချင်လူထုကြီးကို ကိုယ်စားပြု၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာမှုသည် KIO/KIA ၏ မဟာဗျူဟာမြောက် သမိုင်းမှတ်တိုင်များဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၆ နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် NUG က ယင်းကဲ့သို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကာလအတွင်း KIO/KIA သည် မဟာမိတ်တော်လှန်ရေးအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပြီး စစ်ရေး၊ နိုင်ငံရေးအရ ထူးချွန်စွာ ဦးဆောင်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG က ဆိုသည်။ အကြမ်းဖက်စစ်အုပ်စု၏ တပ်စခန်းများနှင့် ဗျူဟာကုန်းများကို အောင်မြင်စွာ သိမ်းပိုက်ခြင်း၊ လွတ်မြောက်နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ထူထောင်ခြင်း၊ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ စနစ်တကျ ပံ့ပိုးပေးနိုင်ခြင်းတို့အပြင် SCEF စုဖွဲ့မှုတွင်လည်း ကချင်လူထုကြီးကို ကိုယ်စားပြု၍ KIO/KIA ခေါင်းဆောင်များ ဦးဆောင်နေရာတွင် ပါဝင်လာခြင်းသည် KIO/KIA ၏ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်နှင့် နိုင်ငံရေးရင့်ကျက်မှုကို လက်တွေ့ကျကျ သက်သေပြနေသည့် သမိုင်းမှတ်တိုင်များဖြစ်ကြောင်း NUG က ပြောဆိုသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင် အဘက်ဘက်မှ ယိုယွင်းကျရှုံးနေပြီး တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီထိုးစစ်များအောက်တွင် အင်အားချည့်နဲ့လျက်ရှိသော်လည်း စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေဆဲဖြစ်ကြောင်း NUG က ဆိုသည်။ စစ်အာဏာရှင်စနစ် ရှိနေသမျှကာလပတ်လုံး ပြည်သူလူထုမှာ ဆင်းရဲဒုက္ခများ ခံစားနေရမည်ဖြစ်သဖြင့် အဆိုပါစနစ်ဆိုးကြီးကို အပြီးသတ်ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအရ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ စစ်ရေးအရ ဟန်ချက်ညီမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့်တည်ဆောက်ကြရန် NUG က အထူးတိုက်တွန်းထားသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံနိုင်သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးဆိုသည့် ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသည်အထိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် KIO အပါအဝင် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် မမှိတ်မသုန် လက်တွဲ၍ မြန်မာပြည်သူများ၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုထားသည်။ အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ပြည်သူလူထုအပေါ် မတရားဖိနှိပ်အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် KIO အပါအဝင် မိတ်ဖက်တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် ကျရောက်သည့် KIO ဖွဲ့စည်းတည်ထောင်ခြင်း ၆၆ နှစ်မြောက်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ထပ်လောင်းအတည်ပြုထားသည်။