en
Feedback
Khit Thit Media

Khit Thit Media

Open in Telegram

🚩 Channel was restricted by Telegram

Show more

📈 Analytical overview of Telegram channel Khit Thit Media

Channel Khit Thit Media (@khitthitnews) in the Burmese language segment is an active participant. Currently, the community unites 346 821 subscribers, ranking 385 in the News & Media category and 32 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 346 821 subscribers.

According to the latest data from 27 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -12 656 over the last 30 days and by -459 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 3.55%. Within the first 24 hours after publication, content typically collects 3.02% reactions from the total number of subscribers.
  • Post reach: On average, each post receives 12 301 views. Within the first day, a publication typically gains 10 478 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 279.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“🚩 Channel was restricted by Telegram”

Thanks to the high frequency of updates (latest data received on 28 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

346 821
Subscribers
-45924 hours
-2 7827 days
-12 65630 days
Posts Archive
photo content
+1

ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ပင်လည်ဘူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၈ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့နယ်အစပ်ရှိ တုံဟဲကျေးရွာနှင့် ပင်လည်ဘူးမြို့နယ်၊ ကျောက်တံကားကျေးရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် Gyrocopter ၂ စီးဖြင့် ဖောင်းပြင်မြို့နယ်အစပ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ တုံဟဲကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မျောဖောင်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။ “စခတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးတယ်။ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ မျောဖောင်များ အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ သိရတယ် ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ တုံဟဲကျေးရွာအနီးတွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုနေ့တွင် ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် Gyrocopter ဖြင့် ဟုမ္မလင်းမြို့နယ်၊ တုံဟဲကျေးရွာအောက်ဘက် တီပန်းချောင်းရှိ ရွှေမျှောများအနီးကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံးပြီး ရွှေမျှောလုပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရွှေမျှောဖောင် ၁ ဖောင် နစ်မြုပ်သွားပြီး အခြားရွှေမျှောဖောင် ၁ ဖောင်မှာလည်း နစ်မြုပ်လုနီးပါး ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ထို့အပြင် စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပင်လည်ဘူးမြို့နယ်၊ ကျောက်တံကားကျေးရွာကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျောက်တံကားကျေးရွာကို ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် K-8W ၂ စီးနှင့် မိတ္ထီလာလေတပ်စခန်းမှ တက်လာသည့် JF-17 ၁ စီးတို့ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ သို့သော် ကျောက်တံကားကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်များ ပျက်စီးခြင်း မရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ “စခတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ် ပျက်စီးတာမျိုး မရှိဘူးလို့ သိရပါတယ်” ဟု ၎င်းက ပြောဆိုသည်။

photo content

ပေါင်းတည်နှင့် သဲကုန်းမြို့နယ်တို့တွင် စစ်တပ်ကို သတင်းပေး လမ်းပြလုပ်ဆောင်သူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၈ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းချက်လက်များကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ လမ်းပြခြင်းများ ပြုလုပ်နေသည့် စစ်တပ် သတင်းပေး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည်ကွက်သစ် မုန်းပြင်ကျော တံတိုက်များတွင် နေထိုင်သော ငှက်ကြီး ဆိုသူကို နံနက်ပိုင်းတွင် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁)၊ တပ်ခွဲ (၁) မှ မုန်းပြင်ကျောရွာအနီး၌ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ ကြည့်ရွာတွင် နေထိုင်သူ အေးကို အား တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် ရှေ့တန်းမိုင်းကွင်းနေရာများသို့ လိုက်လံစုံစမ်းပြီး ပြန်လာစဉ် ကြည့်ရွာအနီး၌ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁)၊ တပ်ခွဲ (၄) မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။ အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ပျူစောထီးရွာအနီး ကြာနီကန်ကွက်သစ် စမ်းကြီးရွာတွင် နေထိုင်သူ လွင်မိုးအောင် အား ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁)၊ တပ်ခွဲ (၄) မှ ၎င်း၏ နေအိမ်သို့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့ ၃ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်လက်များကို စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ ထောင်ထားသော မိုင်းကွင်းနေရာများကို လိုက်လံပြသခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပံ့ရေးပြည်သူများကို ဖမ်းဆီးခိုင်းခြင်း နှင့် စစ်ကောင်စီ စစ်ကြောင်းထိုးရာတွင် လမ်းပြလိုက်ပေးခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ပြတ်သားစွာ အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

photo content

ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းက ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အသွင်ပြောင်းပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများကို ဝင်ရောက်နိုင်သဖြင့် ပြည်သူများ သတိပြုရန်လိုအပ် ရန်ကုန်၊ စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း သိရသည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၃၅ မှ ၄၀ အထိ ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ရခိုင်ကမ်းရိုးတန်းတွင်လည်း မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၂၅ မှ ၃၀ အထိ ရှိနိုင်ကြောင်း သိရသည်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် မိုးရွာသွန်းချိန်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များကြောင့် မိုးတိမ်တောင်များ ဖြစ်ထွန်းသည့်ဒေသများရှိ ပြည်သူများအနေဖြင့် မိုးရွာသွန်းချိန်နှင့် လေပြင်းတိုက်ခတ်ချိန်များတွင် အဆောက်အအုံများ၊ သစ်ပင်များနှင့် လျှပ်စစ်မီးကြိုးများအနီး သွားလာနေထိုင်ခြင်းများကို အထူးသတိပြုရန် လိုအပ်ကြောင်း အကြံပြုထားသည်။ ထို့ပြင် လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့အပြင် ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်လည်း မိုးဆက်လက်ကြီးနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

photo content

မင်္ဂလာဒုံမှာ ပျူစောထီး လူမိုက် ချစ်တီးနှင့်အဖွဲ့က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ အလုပ်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ယူရောင်းစားခြင်းများကို ရဲစခန်းသို့ တိုင်ကြားသော်လည်း အရေးမယူ၊ ရဲများကိုယ်တိုင်က ငွေဖြင့် ရွေးနိုင်လျှင် ရွေးပါဟု တိုင်ကြားသူများကို ပြန်ပြော ရန်ကုန်၊ စက်တင်ဘာ ၂၈ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ပျူစောထီး ချစ်တီးဆိုသူနှင့် ၎င်း၏အဖွဲ့က လူငယ်များကို အုပ်စုလိုက် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ယူပြီး စစ်တပ်ထဲသို့ စစ်မှုထမ်းအဖြစ် ရောင်းစားခြင်း၊ ပြန်လည်ရွေးယူရန် ငွေတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများနှင့် ဖမ်းဆီးခံရသေ လူငယ်များ၏ မိသားစုဝင်များက ပြောသည်။ ပျူစောထီး လူမိုက်ချစ်တီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်အတွင်း ခရေပင်လမ်းခွဲနှင့် အောင်မင်္ဂလာအဝေးပြေးဝင်း အနီးတဝိုက်တွင် အုပ်စုလိုက် လှုပ်ရှားပြီး လူငယ်များကို ဖမ်းဆီးနေသည်ဟု ဒေသခံများက ဆိုသည်။ လူငယ်များ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက မင်္ဂလာဒုံမြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့ဘက်က အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ငွေကြေးပေးနိုင်ပါက ဖမ်းဆီးခံထားရသူကို ငွေပေး၍ ပြန်ရွေးရန် ပြောဆိုကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ “ရဲတိုင်ရင် ရဲစခန်းက ငွေပေးနိုင်ရင် ငွေပေးပြီး ရွေးလိုက်ပါဆိုပြီး ဖမ်းဆီးခံလူငယ်တွေရဲ့ မိဘတွေကို ပြန်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် လူငယ်တစ်ဦး ဖမ်းဆီးခံရပါက ရဲတပ်ဖွဲ့က ကိုယ်တိုင် ကယ်တင်ပေးနိုင်ခြင်းမရှိဘဲ ချစ်တီးနှင့်အဖွဲ့ထံ သွားရောက်ကာ ငွေကြေးပေးပြီး ပြန်လည်ရွေးယူရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ “တကယ်လို့ ဖမ်းမိပါက ရဲတွေက မကယ်နိုင်ဘဲ သူ့ဆီသွားပြီး ပိုက်ဆံနဲ့ပေးပြီး သူရှာပေးမှ ပြန်လွှတ်လာတာများပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်မှ လူငယ် ၅ ဦးကို ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်ရရှိမည်ဖြစ်ပြီး တစ်ရက်လျှင် ငွေကျပ် ၅ သောင်းရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ လူငယ် ၅ ဦး ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက ချက်ချင်းလိုက်လံရှာဖွေခဲ့သဖြင့် အချိန်တိုအတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးခံထားရချိန်အတွင်း လူငယ်အချို့၏ ဆံပင်များကိုပင် ရိတ်ထားခဲ့ပြီး စစ်တပ်ထဲသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန် မိသားစုဝင်များက ငွေကြေးပေး၍ ပြန်လည်ရွေးယူခဲ့ရကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်အတွင်း လူငယ်များ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြပြီး ဒေသခံများမှာလည်း လုံခြုံရေးအခြေအနေကြောင့် သွားလာရာတွင် အထူးသတိထားနေရကြောင်း ဆိုသည်။ “အလွန်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပြီး မင်္ဂလာဒုံက လူငယ်တွေလည်း စိတ်ဆင်းရဲ၊ လုံခြုံမှုမရှိဘဲ သွားသတိလာသတိနဲ့ စိုးရိမ်ကြီးစွာ သွားလာနေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် မင်္ဂလာဒုံတပ်နယ်မှူးများက ချစ်တီးနှင့်အဖွဲ့ကို အကာအကွယ်ပေးထားသဖြင့် သက်ဆိုင်ရာရဲစခန်းများကလည်း ပေါ်တာဆွဲမှုများ၊ လူပြန်ပေးဆွဲ ငွေတောင်းယူမှုများကို သိရှိသော်လည်း အရေးယူပေးရန် မလုပ်ဆောင်ရဲကြကြောင်း သိရှိရသည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်အမည်ခံ လူမိုက်အဖွဲ့များ။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ့ဆန္ဒကို အခြေခံတဲ့ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လူမျိုးနဲ့ ဒေသအသီးသီးရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်း သွားမယ်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ -ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေက ရပ်ကွက်တစ်ခုလျှင် စစ်မှုထမ်းလူငယ် ၈ ဦး ပေးဖို့ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်လာတယ်လို့ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။ -တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေကြီးမြေပြိုကျမှုကြောင့် ပြည်သူ ၃၀ နီးပါး ပျောက်ဆုံးနေပြီး သေဆုံးသူတွေ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ဆော်ဒီအာရေဗျနိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှာ အရေးကြီးတဲ့ ရေကြောင်းလမ်းကြောင်းတွေကို ပိတ်ဆို့တာဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ ရေကြောင်းသွားလာခွင့် လွတ်လပ်ရေးကို ပိုမိုကာကွယ်ပေးဖို့ လိုအပ်တယ်လို့ စနေနေ့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=ia4qr31h-7U

photo content
+6

photo content
+9

ရခိုင်ပြည်တွင် ၁၀ ရက်အတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၈ ရခိုင်ပြည်တွင် ၁၀ ရက်အတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရခိုင်ပြည်အတွင်း မြို့နယ်အချို့ကို စစ်တပ်က လေ ကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမ်းမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးကို Y-12 လေယာဉ်နှင့် ဂျက်တိုက်လေယာဉ်များဖြင့် နာရီဝက်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုမရှိဘဲ ကျေးရွာနေ ဦးမောင်ထွား၏ နွားတစ်ကောင် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်ကျော်တွင် မင်းပြားမြို့ရှိ အဉ္ဇနပူရမြို့ကို Y-12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဈေးဟောင်းပိုင်းရပ်ကွက်မှ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ပြောသည်။ စက်တင်ဘာ ၂၅ ရက်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ကျေးရွာတို့ကို ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ ကျိန္တလီမြို့မှ ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၃ လုံး ပျက်စီးခဲ့ကြောင်း ၊ ရေကျော်ကျေးရွာတွင်လည်း ဘုန်းကြီးကျောင်းဆောင်များနှင့် နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပြီး နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းတွင် ကျောက်တော်မြို့နှင့် အနီးဝန်းကျင်ကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဆိုသည်။ စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို Y-12 လေယာဉ်တစ်စီးနှင့် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၂၅ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ဝက်တစ်ကောင်နှင့် နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ဂွမြို့နယ်၊ ဆတ်သွားကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး ဈေးဆိုင် ၂ ဆိုင်နှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ​ေ ထိုနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာ စာသင်ကျောင်းအနီးကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် တောင်းဖူးကျေးရွာနှင့် သမိုင်းဝင် တောင်းဖူးဘုရားအနီးကို ဂျက်တိုက်လေယာဉ်များဖြင့် ၅ ကြိမ် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဆိုသည်။ ထို့အပြင် ဘုရားသိမ်အဆောင်နှင့် ဘုန်းကြီးကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထိုနေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာ ၁၈ ရက်တွင် သံတွဲမြို့နယ်၊ သစ်ငုတ်တိုနှင့် အိုးမြေကျေးရွာအနီးကို ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် စက်တင်ဘာ ၁၇ ရက် မွန်းတည့်ပိုင်းတွင် မြောက်ဦးမြို့ရှိ ယခင် စစ်တပ်စခန်းချခဲ့သည့် တပ်စခန်းဟောင်းများကို ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ခြင်းဖြစ်သည်။

photo content
+5

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုးရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို မင်းအောင်လှိုင်သားအဖနှင့်စစ်တပ်က အပြီးသတ်သိမ်းယူပြီး အုတ်တံတိုင်းခြံစည်းရိုးခတ်ရန် လုပ် ဆောင် ရန်ကုန်၊ စက်တင်ဘာ ၂၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို မင်းအောင်လှိုင်သားအဖနှင့်စစ်တပ်က အပြီးသတ်သိမ်းယူပြီး အုတ်တံတိုင်းခြံစည်းရိုးခတ်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း မြေသိမ်းခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်တပ်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ရှိသော ပြည်သူပိုင်မြေများအနက် မင်းအောင်လှိုင်၏သားဖြစ်သူ သိမ်းယူလိုက်သော မြေဧက ၅၀ ကျော်နှင့် စစ်တပ်က သိမ်းယူလိုက်သော မြေဧက ၁၅၀ ဝန်းကျင်ခန့်ကို ခြံစည်းရိုးများခတ်ရန် အမှတ်အသားတိုင်များ လိုက်လံ စိုက်ထူနေခြင်းဖြစ်ကြောင်း သိရှိရသည်။ "မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ သိမ်းလိုက်တဲ့ မြေတွေနဲ့ စစ်တပ်က သိမ်းယူလိုက်တဲ့မြေတွေအတွက် စစ်တပ်က ညအချိန် ငုတ်တိုင်များ လိုက်စိုက်လိုက်ပါတယ်။ အဲဒီမြေတွေကို စစ်တပ်က ဒီနေ့မှာ အပြီး နေအိမ်များအား အင်သားသုံးဖျက်ဆီးကာ တပ်ပိုင်မြေအဖြစ် အုတ်တံတိုင်း ဆောက် လုပ်မယ်လို့ ပြောထားတယ်။ အခု လွှတ်တော်ပေါ်လာတော့ လွှတ်တော်ကို တင်ပြပေမယ့်လည်း ဘာမှ မထူးပါဘူး" ဟု မြေသိမ်းခံ ပြည်သူတစ်ဦးက ပြောဆိုသည်။ ယခုနှစ် မတ်လအတွင်းကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ် ကွက်ရှိ ပြည်သူများနေထိုင်နေသော မြေဧက ၂၀၀ ခန့်ကို အကြမ်းဖက် စစ်တပ်က ၃ ရက်အတွင်း အပြီးသတ် ပြောင်း‌ရွေ့ပေးရမည်ဟု စာထုတ်ခြိမ်းခြောက်ခဲ့သဖြင့် ပြည်သူများ ယင်းမြေများပေါ်မှ ထွက်ခွာခဲ့ရသည်။ အဆိုပါမြေနေရာကို သိမ်းဆည်းရန် စစ်တပ်မှ ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ၂၀၂၅ ခုနှစ် ၈လပိုင်းတွင် လျှောက် ထားခဲ့ခြင်းဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ပြည်သူများကို အသိပေးခြင်းမရှိဘဲ ပြည်သူ ပိုင်နေရာများကို စစ်တပ်ထံသို့ အလုံးစုံ လွှဲပြောင်းပေးခဲ့သည်။ စစ်တပ်က သိမ်းယူခဲ့သော ယင်းမြေနေရာတွင် ဂရံမြေများ အပါအဝင် တခြားနည်းကျပြီး နေအိမ်များ တခြားနည်းတင်ဆဲ နေအိမ်များနှင့် အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိပြီး လက်ရှိနေထိုင်သော ပြည်သူများ‌က ၂၀၀၈ လယ်ယာမြေ ဥပဒေကြောင်းအရ အကြိမ်ကြိမ် အသနားခံစာတင်ခဲ့သော်လည်း သက်ဆိုင်ရာက ဥပဒေနည်းလမ်းဖြင့် ဖြေရှင်းပေးခြင်းမရှိဘဲ ပယ်ချခဲ့သည်။ အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျှာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုး၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တပ်ပိုင်မြေအဖြစ် မြေသိမ်းယူခဲ့ရာတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့က ဦးဆောင်ခဲ့ပြီး လက်ရှိ တပ်ပိုင်မြေအဖြစ် လျှောက်ထားရာတွင် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက ဦးဆောင်လျက်ရှိပြီး ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူမှု နောက်ကွယ်တွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်များအတွက် မြေကွက်များ ၊ တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံ တည်ဆောက်ရန်၊ တပ်လုံခြုံရေးနှင့် မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် တပ်မတော်နည်းပညာ တက္ကသိုလ်ရှေ့တွင် လူနေရပ်ကွက်များ မရှိစေလိုသည့် ရည်ရွယ်ချက်များပါဝင်ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် မိသားစုနှင့်အတူ နေထိုင်ရန် ပြင်ဦးလွင်မြို့တွင် အပန်းဖြေစံအိမ်နှင့် ဥယျာဉ်ခြံဝင်းအသစ်ကြီးကို မကြာသေးမီကာလအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

photo content

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၂၇ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၇ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

photo content

လောင်းရှည်-ဆောလမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်း FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ အုတ်ဖိုတွင်လည်း တိုက်ပွဲဖြစ်ပွား ရန်ကုန်၊ စက်တင်ဘာ ၂၇ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး မီးရှို့လုယက်မှုများ ပြုလုပ်အပြီး ပြည်သူပိုင်ပစ္စည်းများ သယ်ဆောင်လာစဉ် FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သီးကုန်းကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်သည် ပြည်သူပိုင် နေအိမ် ၃ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် မင်းလယ်ကျေးရွာမှ ပြည်သူ့ပစ္စည်းပိုင်များကို မော်တော်ယာဉ်ဖြင့် တင်ဆောင်ကာ လောင်းရှည်ဘက်သို့ ထွက်ခွာလာခဲ့သည်။ အဆိုပါ စစ်ကြောင်းကို လောင်းရှည်ဘက်မှ ထွက်ခွာလာသည့် အခြား စစ်ကားတစ်စီးက လက်နက်ကြီး ပစ်ကူပေး၍ လာရောက်ကြိုဆိုခဲ့ပြီး လောင်းရှည်-ဆော ကားလမ်းအတိုင်းလာစဉ် တော်လှန်ရေးတပ်က FPV ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ ထို့ပြင် ယင်းနေ့ ညနေ ၆ နာရီခန့်တွင်လည်း စစ်တပ်က တာဝါတိုင်ကြောနေရာနှင့် ပုပ္ပကိုင်းကျေးရွာ စာသင်ကျောင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၂ လုံး ကျရောက်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင်ပြည်သူများကိုလည်း လိုက်လံဖမ်းဆီးနေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်နေရကြောင်း သိရှိရသည်။ အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် အိုးသည်ကုန်း၊ ဂုန်းညှင်းတန်းတာစုံအနီး၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ "မနက်က ဂုံညှင်းတန်းမှာ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အခုလက်ရှိတော့ ငြိမ်သွားပြီ မနက်ကပဲ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

photo content

မြန်မာဒုက္ခသည်အခြေချနေရာ ဖွင့်ပွဲတက်ရောက်ခဲ့သည်ဆိုသော သတင်းမှားများကို မလေးရှားဝန်ကြီးဟောင်း ဒေါက်တာ ဇာလီဟာ ပယ်ချ၊ မလေးရှားတွင် ရိုဟင်ဂျာဒုက္ခသည်များအရေးက နိုင်ငံရေးသမားများအတွက် အထူးသတိထားရသည့် အန္တရာယ်ရှိသော အရေးကိစ္စဖြစ်လာနေဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၇ မလေးရှားဝန်ကြီးဟောင်း ဒေါက်တာ ဇာလီဟာ မူစတာဖာသည် မြန်မာဒုက္ခသည်များအတွက် အခြေချနေရာအသစ် ဖော်ဆောင်ရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဆိုသော လူမှုကွန်ရက်ပေါ်မှ ပြောဆိုမှုများမှာ မမှန်ကန်ဘဲ အခြေအမြစ်မရှိသည့် အန္တရာယ်ရှိသော စွပ်စွဲချက်များဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။ ဝန်ကြီးချုပ်ရုံး ဝန်ကြီး (ဖက်ဒရယ်နယ်မြေများ) အဖြစ် တာဝန်ယူခဲ့ဖူးသည့် ဒေါက်တာ ဇာလီဟာက ၎င်းသည် မြန်မာဒုက္ခသည်များအတွက် အခြေချနေရာအသစ် ဖော်ဆောင်ရေး အခမ်းအနားတစ်ခုခုတွင် တက်ရောက်ခြင်း၊ အခမ်းအနားဖွင့်လှစ်ပေးခြင်း သို့မဟုတ် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် Facebook မှတစ်ဆင့် ပြောဆိုခဲ့သည်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံကို အသုံးပြု၍ ၎င်းနှင့် မြန်မာဒုက္ခသည်များအခြေချနေရာ ဖော်ဆောင်ရေးကိစ္စကို ဆက်စပ်ဖော်ပြနေခြင်းဖြစ်ပြီး ထိုသို့ဖော်ပြမှုမှာ အဖြစ်မှန်နှင့် မကိုက်ညီကြောင်း ဒေါက်တာ ဇာလီဟာက ဆိုသည်။ ၎င်းက “အဆိုပါလူကို ကျွန်မ ကိုယ်တိုင် မသိပါဘူး။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သူနဲ့ ကျွန်မမှာ ဆက်ဆံရေး ဒါမှမဟုတ် လုပ်ငန်းဆက်နွယ်မှု တစ်စုံတစ်ရာ မရှိပါဘူး” ဟု ပြောသည်။ ဒေါက်တာ ဇာလီဟာ၏ ပြောဆိုချက်အရ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှာ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်က ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည့် ASEAN Sustainable Urbanisation Forum (ASUF)၊ ASEAN Governors and Mayors Forum (AGMF) နှင့် Meeting of Governors and Mayors of ASEAN Capitals (MGMAC) 2025 အစီအစဉ်များနှင့် ဆက်စပ်သည့် အခမ်းအနားတစ်ခုတွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု သိရသည်။ ယင်းအခမ်းအနားတွင် ဒေါက်တာ ဇာလီဟာသည် အထူးမိန့်ခွန်းပြောကြားရန် ဖိတ်ကြားခံခဲ့ရပြီး အစီအစဉ်၏ ပူးတွဲဖွင့်ပွဲအခမ်းအနားကို မလေးရှားဒုတိယဝန်ကြီးချုပ် ဒါတုတ်စရီ ဖာဒိလာ ယူဆွတ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါအစီအစဉ်ကို အများပြည်သူအနေဖြင့်လည်း စာရင်းပေးသွင်းတက်ရောက်နိုင်သည့် အစီအစဉ်ဖြစ်သောကြောင့် တက်ရောက်လာသူတိုင်း၏ ကိုယ်ရေးအချက်အလက်ကို မိမိအနေဖြင့် သိရှိရန် မဖြစ်နိုင်ကြောင်း ဒေါက်တာ ဇာလီဟာက ပြောသည်။ “အစီအစဉ်တစ်ခုမှာ ပါဝင်တက်ရောက်သူတစ်ဦးနဲ့ ဓာတ်ပုံအတူရိုက်ထားတာဟာ အဲဒီလူကို ကျွန်မသိတယ်၊ သူနဲ့ ဆက်ဆံရေးရှိတယ်၊ သူ့ကို ကိုယ်တိုင်ဖိတ်ကြားခဲ့တယ် ဒါမှမဟုတ် သူ့ရဲ့အမြင်တွေနဲ့ လုပ်ရပ်တွေကို ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက်များတွင် အဆိုပါဓာတ်ပုံနှင့် ပတ်သက်၍ မမှန်ကန်သည့် အကြောင်းအရာများ ဖြန့်ဝေနေမှုကို မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင် (MCMC) ထံ တိုင်ကြားသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ စစ်ဆေးအရေးယူပေးရန် တောင်းဆိုသွားမည်ဟုလည်း ဒေါက်တာ ဇာလီဟာက ပြောသည်။ ထို့အပြင် မြန်မာဒုက္ခသည်များအတွက် အခြေချနေရာအသစ်များ ဖော်ဆောင်ရေးကို မိမိက ထောက်ခံခြင်း သို့မဟုတ် ကူညီပံ့ပိုးပေးခဲ့သည်ဆိုသော စွပ်စွဲချက်မှာလည်း ဖက်ဒရယ်နယ်မြေများကို တာဝန်ယူခဲ့စဉ်က မိမိဆောင်ရွက်ခဲ့သည့် လုပ်ငန်းမှတ်တမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း ၎င်းက ပြောဆိုသည်။ ဒေါက်တာ ဇာလီဟာက ဝန်ကြီးအဖြစ် တာဝန်ယူစဉ်အတွင်း မြို့တော်ကွာလာလမ်ပူရှိ လုံခြုံရေးနှင့် အများပြည်သူဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကိစ္စများကို ကိုင်တွယ်ရန် KL Strike Force ကို ပူးပေါင်းအရေးယူရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြားသားများ ဝင်ရောက်နေထိုင်မှုနှင့် မြန်မာဒုက္ခသည်များ၏ တရားမဝင်အခြေချနေထိုင်မှုများကိုလည်း ကိုင်တွယ်ခဲ့ကြောင်း ပြောသည်။ “KL Strike Force ရဲ့ ပထမဆုံး စစ်ဆင်ရေးက Bandar Baru Sentul မှာရှိတဲ့ မြန်မာဒုက္ခသည်တွေရဲ့ တရားမဝင်အခြေချနေရာကို ဝင်ရောက်စီးနင်းစစ်ဆေးတာ ဖြစ်ပါတယ်။ တရားမဝင်အခြေချနေရာတွေနဲ့ အဆောက်အအုံတွေ၊ လိုင်စင်မရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သင့်လျော်တဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားတွေရဲ့ လုပ်ဆောင်မှုတွေကို အရေးယူဖို့ အလေးထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ကြောင့် ဓာတ်ပုံတစ်ပုံတည်းကို အကြောင်းအရာနှင့် အခြေအနေမှ ခွဲထုတ်အသုံးပြု၍ အဖြစ်မှန်နှင့် မကိုက်ညီသည့် ဇာတ်ကြောင်းများ ဖန်တီးခြင်းမပြုရန်လည်း ဒေါက်တာ ဇာလီဟာက သက်ဆိုင်သူများအား တိုက်တွန်းထားသည်။ မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်များအရေးကို အွန်လိုင်းမှတစ်ဆင့် ဆန့်ကျင်သော လှုပ်ရှားမှုများ ကြီးမား ကျယ်ပြန့်လာနေပြီး မလေးရှားနိုင်ငံရေးသမားများအတွက် ယင်းအရေးမှာ အထူးသတိထားရမည့် အန္တရာယ်ရှိသည့် လူထုထောက်ခံမှု ဆုံးရှုံးနိုင်သော အရေးကိစ္စဖြစ်လာနေကြောင်း မလေးရှားရောက် မြန်မာဒုက္ခသည်များကို ကူညီနေသူများထံမှ သိရှိရသည်။