Khit Thit Media
前往频道在 Telegram
📈 Telegram 频道 Khit Thit Media 的分析概览
频道 Khit Thit Media (@khitthitnews) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 355 938 名订阅者,在 新闻与媒体 类别中位列第 375,并在 缅甸 地区排名第 31 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 355 938 名订阅者。
根据 04 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -13 236,过去 24 小时变化为 -374,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 3.69%。内容发布后 24 小时内通常能获得 2.89% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 13 143 次浏览,首日通常累积 10 288 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 262。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“🚩 Channel was restricted by Telegram”
凭借高频更新(最新数据采集于 05 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
355 938
订阅者
-37424 小时
-3 3197 天
-13 23630 天
数据加载中...
吸引订阅者
九月 '26
九月 '260
在9个频道中
八月 '26
+20
在17个频道中
Get PRO
七月 '26
+26
在29个频道中
Get PRO
六月 '26
+228
在20个频道中
Get PRO
五月 '26
+20
在15个频道中
Get PRO
四月 '26
+55
在18个频道中
Get PRO
三月 '26
+13
在17个频道中
Get PRO
二月 '26
+52
在17个频道中
Get PRO
一月 '26
+427
在18个频道中
Get PRO
十二月 '25
+39
在23个频道中
Get PRO
十一月 '25
+586
在30个频道中
Get PRO
十月 '25
+235
在18个频道中
Get PRO
九月 '25
+458
在19个频道中
Get PRO
八月 '25
+522
在26个频道中
Get PRO
七月 '25
+95
在23个频道中
Get PRO
六月 '25
+125
在30个频道中
Get PRO
五月 '25
+387
在26个频道中
Get PRO
四月 '25
+350
在23个频道中
Get PRO
三月 '25
+5 188
在43个频道中
Get PRO
二月 '25
+389
在23个频道中
Get PRO
一月 '25
+2 241
在46个频道中
Get PRO
十二月 '24
+7 335
在29个频道中
Get PRO
十一月 '24
+12 292
在31个频道中
Get PRO
十月 '24
+24 599
在39个频道中
Get PRO
九月 '24
+4 349
在31个频道中
Get PRO
八月 '24
+26 990
在36个频道中
Get PRO
七月 '24
+29 729
在32个频道中
Get PRO
六月 '24
+14 387
在44个频道中
Get PRO
五月 '24
+13 527
在32个频道中
Get PRO
四月 '24
+13 544
在28个频道中
Get PRO
三月 '24
+24 300
在146个频道中
Get PRO
二月 '24
+251 555
在120个频道中
Get PRO
一月 '24
+11 381
在31个频道中
Get PRO
十二月 '23
+28 615
在30个频道中
Get PRO
十一月 '23
+20 707
在29个频道中
Get PRO
十月 '23
+42 919
在36个频道中
Get PRO
九月 '23
+9 957
在0个频道中
Get PRO
八月 '23
+17 955
在0个频道中
Get PRO
七月 '23
+817
在0个频道中
Get PRO
六月 '23
+3 179
在0个频道中
Get PRO
五月 '23
+382
在0个频道中
Get PRO
四月 '23
+47 564
在0个频道中
Get PRO
三月 '23
+15 404
在0个频道中
Get PRO
二月 '23
+12 431
在0个频道中
Get PRO
一月 '23
+9 678
在0个频道中
Get PRO
十二月 '22
+48 401
在0个频道中
Get PRO
十一月 '220
在0个频道中
Get PRO
十月 '22
+1 586
在0个频道中
Get PRO
九月 '22
+8 008
在0个频道中
Get PRO
八月 '22
+1 627
在0个频道中
Get PRO
七月 '22
+6 617
在0个频道中
Get PRO
六月 '22
+3 923
在0个频道中
Get PRO
五月 '22
+5 151
在0个频道中
Get PRO
四月 '22
+2 585
在0个频道中
Get PRO
三月 '22
+2 828
在0个频道中
Get PRO
二月 '22
+2 246
在0个频道中
Get PRO
一月 '22
+2 474
在0个频道中
Get PRO
十二月 '21
+4 299
在0个频道中
Get PRO
十一月 '21
+2 154
在0个频道中
Get PRO
十月 '21
+6 125
在0个频道中
Get PRO
九月 '21
+3 346
在0个频道中
Get PRO
八月 '21
+2 370
在0个频道中
Get PRO
七月 '21
+7 645
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 05 九月 | 0 | |||
| 04 九月 | 0 | |||
| 03 九月 | 0 | |||
| 02 九月 | 0 | |||
| 01 九月 | 0 |
频道帖子
| 2 | မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ | 3 526 |
| 3 | 没有文字... | 6 052 |
| 4 | မင်းဘူးတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံး၊ မြိုင်တွင်လည်း စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ မုတ္တောကြီးကျေးရွာသို့ စစ်တပ် စစ်ကြောင်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၇ နာရီအတွင်း ပေါင်းကျေးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ကာ မုတ္တောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုအတွင်း မုတ္တောကြီးကျေးရွာတွင် နေထိုင်သည့် စကားမပြောနိုင်သော အသက် ၂၀ နှစ်အရွယ် မသန်စွမ်းအမျိုးသမီး မဝေဝေဌေး နှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် (၁၃ နှစ်) တို့ ၂ ဦး သေဆုံးခဲ့ပြီး မအိသီရိအောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မုတ္တောကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ မရှိသကဲ့သို့ မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
"စစ်ကြောင်းက နံနက် ၆ နာရီ ကနေ ၇ နာရီအတွင်း ပေါင်းရွာကနေ အင်အား ၈၀ နဲ့ မုတ္တောကြီးဘက်ဝင်ပြီး လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာလို့ပြောတယ် အဲမှာ ခုအသတ်ခံရသူတွေက ရွာထဲကျန်ခဲ့တာလား၊ ဘယ်လိုဆိုတာတိတိကျကျမသိရဘူး။ ၂ ဦးကတော့ ကျည်ထိမှန်ပြီး သေဆုံးတယ်ပေါ့။ ၁ ဦး ဒဏ်ရာရတယ်။ အဲဘက်မှာက တော်လှန်ရေးအဖွဲ့တွေလည်းမရှိဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မြိုင်နယ်တောင်ပိုင်း ကျေးရွာနှစ်ခု၏ ဘောလုံးကွင်း နှစ်ခုအတွင်းကို ပခုက္ကူ တပ်မ ၁၀၁ မှတက်လာသော အသေခံ ဒရုန်း ၂ စီးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဘောလုံးကစားနေသူများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။ | 6 059 |
| 5 | 没有文字... | 6 096 |
| 6 | ဆောနှင့် နတ်မောက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြီးရွာမှ ရွှေအောင်သာကျေးရွာဘက်သို့ ထွက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရ စစ်သားများကို ထမ်းစင် များဖြင့် ကျောက်ထုမြို့သို့ သယ်ယူသွားကြောင်း ယောဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက် နေ့က ဆောမြို့နယ်၊ ကြီးရွာ၌ တပ်စွဲထားသော စစ်သားများသည် ရွှေအောင်သာကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ကြီးရွာနောက်ဘက်ရှိ ဘုရားကုန်းတွင် နေ့ချင်းပြီး မြေမြှုပ် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
“တိုက်ပွဲက စစ်ကြောင်းထွက်တာနဲ့ ဖြစ်တယ်။ ကြီးရွာမှာတပ်စွဲထားပြီးတော့ ရွှေအောင်သာကျေးရွာ ဘက်ထွက်ဖို့ကြိုးစားတာ အဲဒီတိုက်ပွဲမှာက ၅ ယောက်သေတယ်၊ ၈ ယောက်ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာတဲ့ ၈ ယောက်ကို အထမ်းတွေနဲ့ ညောင်ကားယားအထိပို့တယ်။ အဲဒီညောင်ကားယားအထိ ကျောက်ထုကနေလည်း စစ်ကြောင်းနဲ့ထွက်လာပြီး လာသယ်တယ်။” ဟု ယောဒေသသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နံနက်ကိုင်းက ကြီးရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသည့် စစ်သားများကို သယ်ဆောင်ရန် ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ရင်းမှ အင်အား ၆၀ ခန့်ပါ စစ်တပ်စစ် ကြောင်း ထွက်လာခဲ့ကြောင်း၊ ထိုသို့ ဒဏ်ရာရ စစ်သားများကို လာရောက်သယ်ဆောင်သည့် စစ် ကြောင်းကို ညောင်ကားယားအဝင်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းထောင်ဖောက်ခွဲပြီး တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ကြီးက စစ်သားလူနာထမ်း ၈ ထမ်း ညောင်ကားယား အထိလာပိုတယ်၊ အဲတာကို သွားသယ်ရတာ ပါ၊ လူနာလာသယ်တဲ့ ကျောက်ထုစစ်ကြောင်း ညောင်ကားယားတောတိုက်ထဲကိုအဝင်မှာ မိုင်း မိလို သေတာ ဒဏ်ရာရတာတွေထပ်ဖြစ်တယ်၊ ကျောက်ထုဖက်ကိုပြန်လာတော့ ကြီးကပိုတဲ့ အ ထမ်းက ၈ ထမ်း၊ ညောင်ကားယားမှာ မိုင်းမိလို ဒဏ်ရာရတာက ၄ ထမ်း၊ အားလုံး အထမ်း ၁၂ ထမ်း ဖြစ်သွား တယ်၊ ကျောက်ထုအမြောက်တပ်ထဲကို ညနေ ၃ နာရီခွဲလောက်မှ ဝင်သွားနိုင်တာ " ဟု ယောဒေသ သတင်း ရင်းမြစ်က ပြောဆိုသည်။
ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ ကြီးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကာ ရွှေအောင်သာကျေးရွာအထိ သွားရောက်ပြီး တပ်စွဲနိုင်ရန် ကြိုးစားနေကြောင်း၊ ယင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆိုတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး လေ ကြောင်းဖြင့် လက်နက်ခဲယမ်းဖြည့်တင်းခြင်း၊ ကျောက်ထုအမြောက်တပ်သို့ လေယာဉ်ဖြင့် လူ၊ ခဲယမ်းအင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့ စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်မှ ညနေ ၃ နာရီ ၂ မိနစ်အထိ ဆော မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအတွက်လည်း Y8 ထောက်ပို့လေယာဉ်ဖြင့် ၁၅ ကြိမ် ပျံဝဲကာ ရိက္ခာအထုပ် ၇၀ ခန့်ချပေးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းတွင် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးပြီး ဒုက္ခပေးနေသည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
နတ်မောက်မြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးကာ ဒေသပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ရွှေထည်နှင့် တန်ဖိုးရှိပစ္စည်းများကို ရှာဖွေလုယူခြင်းများ ပြုလုပ်နေသော စစ်တပ်သည် ကားနှင့် လယ်ယာသုံးပစ္စည်း ပိုင်ဆိုင်သည့် ဒေသခံတစ်ဦးလျှင် ငွေကျပ် ၂ သိန်းအထိ ဆက်ကြေးတောင်းခံခြင်း၊ မပေးပါက ရိုက်နှက်ခြိမ်းခြောက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစဉ်တစိုက် ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို စစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်း ထနောင်းကုန်းကျေးရွာဘက်မှ ထွက်ခွာလာပြီး နောက်တစ်ကြိမ် စစ်ကြောင်းထိုးရန် ပြန်လှည့်လာစဉ် သရက်ချောင်းကျေးရွာနှင့် ကံလှကျေးရွာအကြားအရောက်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးသေဆုံးနှင့် ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (နတ်မောက် ပ.က.ဖ) နှင့် အမှတ် (၉၀၃) ဂဠုန် PDF တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာတစ်ရွာမှ တစ်ရွာသို့ ကူးသန်းစဉ် လမ်းကြောင်းသိရှိသော်လည်း ဒေသပြည်သူများကို လမ်းပြအဖြစ်လည်းကောင်း၊ ဓားစာခံအဖြစ်လည်းကောင်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တတ်နိုင်သမျှ ဝေးဝေးနေထိုင်ကြရန် နတ်မောက် ပကဖ က အထူးသတိပေး နှိုးဆော်ထားသည်။ | 6 000 |
| 7 | 没有文字... | 4 910 |
| 8 | လွိုင်ကော်ရှိ လွယ်ထွက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး၊ အထိနာသော စစ်တပ်က ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွက်ကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ်၊ လွယ်ထွက်ကျေးရွာအရှေ့ဘက်ရှိ ခမရ ၅၃၀ တပ်ရင်း၏ တပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ရာစစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရန် စက်တင်ဘာလ ၃ ရက်နေ့တွင် ထွက်လာသည့် စစ်ကားတစ်စီး လည်း အပူလွန်ကဲရာ ကားမီးလောင်ပေါက်ကွဲခဲ့ပြီး စစ်သားအများအပြား ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“တပ်စခန်းသိမ်းပိုက်မိတာက မှန်ပါတယ်။ လွိုင်လင်လေးအခြေစိုက်ခမရ ၅၃၀ တပ်ရင်းရဲ့ စခန်းပါ။ အဲဒီစခန်းသိမ်းပိုက်ခံရပြီးတော့ ဒရုန်းနဲ့ ဗုံးကျဲဖို့ ထွက်လာတဲ့ စစ်ကားလည်း အပူလွန်ကဲပြီးမီးလောင် ပေါက်ကွဲတယ်။ အဲဒီမှာတော့ ဘယ်နှစ်ယောက်သေတယ်အတိအကျ မသိရဘူး။ သေတာ ကတော့ မှန်တယ်။” ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
လွိုင်ကော်မြို့နယ် တိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်က လွိုင်ကော် - ရှားတောလမ်းဘေးရှိ ပြည်သူများနေထိုင်ရာ နောင်ပုလု ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့စစ်တပ်စစ်ကြောင်းများ၊ စခန်းများ တိုက်ခိုက်ခံရပြီးအထိနာပါက အရပ် သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ စစ် ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လေ့ရှိသောကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်ပြီး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် တော်လှန် ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။ | 5 100 |
| 9 | 没有文字... | 5 042 |
| 10 | ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၂ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ စက်တင်ဘာ ၅
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်နှင့် ကန်ချနဘူရီခရိုင်တို့တွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေးဖမ်းဆီးမှုများအတွင်း တရားမဝင် ဝင်ရောက်နေထိုင် သို့မဟုတ် အခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်၊ နောင်နမ်ဆွန်ကျေးရွာအုပ်စုရှိ ရိုဂျနစက်မှုဇုန်အတွင်းသို့ ဥထိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များက ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စက်မှုဇုန်အတွင်း နေထိုင်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများသည် ယာဉ်မောင်းနှင်ရာတွင် စည်းကမ်းမလိုက်နာဘဲ ဒေသခံပြည်သူများ၏ လုံခြုံရေးကို ထိခိုက်စေသည်ဟု တိုင်ကြားမှုများ ရရှိခဲ့သဖြင့် အာဏာပိုင်များက အကြောင်းမကြားဘဲ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးမှုအတွင်း တရုတ်နိုင်ငံသားအလုပ်သမား ၆ ဦး၊ ဗီယက်နမ်နိုင်ငံသားအလုပ်သမား ၄၆ ဦးနှင့် မြန်မာအလုပ်သမား ၁၁၀ ဦးတို့အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၁၆၂ ဦး၏ စာရွက်စာတမ်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ တရုတ်နှင့် ဗီယက်နမ်အလုပ်သမားများတွင် တရားဝင်စာရွက်စာတမ်းများ ပြည့်စုံနေခဲ့သော်လည်း မြန်မာအလုပ်သမားများအနက် အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၄ ဦးမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၃၄ ဦးကို ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဥထိုင်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ စာရွက်စာတမ်းတရားဝင်ရှိသည့် အလုပ်သမားများနှင့် အလုပ်ရှင်ကိုယ်စားလှယ်များကိုလည်း ထိုင်းနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို တင်းကျပ်စွာ လိုက်နာကြရန် အာဏာပိုင်များက သတိပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကန်ချနဘူရီခရိုင်အတွင်းတွင်လည်း ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံတားဆီးစစ်ဆေးရာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က နယ်လှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရန် တားဆီးခဲ့ရာ ယာဉ်မောင်းက အရှိန်မြှင့်၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ နောက်ပိုင်း ရွာလမ်းတစ်နေရာသို့ ရောက်ရှိချိန်တွင် ကားကို စွန့်ပစ်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က စွန့်ပစ်ထားသည့် ပစ်ကပ်ကားကို စစ်ဆေးရာ ကားနောက်ဖုံးကို အနက်ရောင် စလင်းစဖြင့် ဖုံးအုပ်ထားပြီး အတွင်းတွင် စာရွက်စာတမ်းပြသနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသား ၁၇ ဦးနှင့် အသက် ၁၆ နှစ်အရွယ် မှီခိုသူတစ်ဦး စုစုပေါင်း ၁၈ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် စံခလပူရီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး လှေဖြင့် ၃ နာရီနီးပါး စီးနင်းခဲ့ရကြောင်း၊ ထို့နောက် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇၀,၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် ကန်ချနဘူရီခရိုင်အတွင်း ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးပို့ထားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ပစ်ကပ်ကားမောင်းသူကို ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရှိရသည်။
အယုဒ္ဓယခရိုင်တွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာနိုင်ငံသား ၃၄ ဦးနှင့် ကန်ချနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်ရန် ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရသဖြင့် စစ်ဆေးဖမ်းဆီးမှု ၂ ခုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ | 5 116 |
| 11 | 没有文字... | 7 945 |
| 12 | နစ်နာသူများက မင်းအောင်၊ မိုးဇော်ဝင်းနှင့် ခင်ဆွေဝင်း၊ သီသီနှင့် အိမြတ်၊ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့၏ စည်းရုံးရေးနှင့် ငွေကြေးလက်ခံမှုများနှင့်ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ငွေလက်ခံ ဖြတ်ပိုင်းများနှင့် Leader စာရင်းများအပါအဝင် သက်သေအထောက်အထားများရှိကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုထားကြသည်။ | 7 559 |
| 13 | သို့ရာတွင် ဒေါက်တာညီညီဆွေ အဖမ်းခံရပြီးနောက်တွင် ငွေထည့်ဝင်သူများအား တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ နေထိုင်နေကြောင်း၊ နစ်နာသူများက ငွေကြေးပြန်လည်တောင်းဆိုသည့်အခါ စာချုပ် စာတမ်းဖြင့် တိုက်ရိုက်ဆက်ဆံထားခြင်းမရှိဟုဆိုကာ တာဝန်ယူမှုမရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု နစ်နာသူများက စွပ်စွဲသည်။
ဒေါက်တာညီညီဆွေ အဖမ်းမခံရမီ တစ်လခန့်အလိုတွင် လူသစ်နှင့် လူဟောင်းများအား ငွေကျပ် သိန်း ၃၀၀ ထပ်မံရင်းနှီးမြှုပ်နှံပါက ကားကံစမ်းမဲတစ်စောင် ရရှိမည်ဟု စည်းရုံးခဲ့ကြောင်း၊ တစ်လလျှင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းရရှိမည်ဟုလည်း ကတိပြုခဲ့ကြောင်း နစ်နာသူများက ပြောဆိုသည်။
“လူသစ်၊ လူဟောင်းတွေကို သိန်း ၃၀၀ ထပ်ထည့်ရင် ကားကံစမ်းမဲတစ်စောင်ရမယ်လို့ စည်းရုံးတယ်။ အမြတ်ကလည်း တစ်လ ၁၅ ရာခိုင်နှုန်းရမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ထပ်ပြီး ငွေထည့်တဲ့သူတွေ အများကြီးရှိခဲ့တယ်” ဟု နစ်နာသူတစ်ဦးက ပြောဆိုသည်။
ဒေါက်တာညီညီဆွေ၏ နောက်ဆုံးစည်းရုံးရေးပွဲများကိုလည်း နေရာအများအပြားတွင် ပြုလုပ်ခဲ့ပြီး ငွေကြေးအသစ်များ ဆက်လက်စုဆောင်းခဲ့ကြောင်း သိရသည်။
အလားတူ မော်လမြိုင်မြို့မှ မင်းစိုးသိန်းဆိုသူသည် Galaxy Leader Group မှ Leader တစ်ဦးဖြစ်ပြီး မော်လမြိုင်သာမက ရန်ကုန်၊ ထားဝယ်၊ ရေးနှင့် မြိတ်ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးခဲ့ကြောင်း နစ်နာသူများက ပြောဆိုသည်။
မင်းစိုးသိန်းသည် ဒေါက်တာညီညီဆွေ အဖမ်းမခံရမီက ရင်းနှီးမြှုပ်နှံသူများအား ဒေါက်တာညီညီဆွေ ထွက်ပြေးသွားခဲ့လျှင်ပင် မိမိကိုယ်တိုင် ငွေကြေးများအတွက် တာဝန်ယူပေးမည်ဟု အာမခံပြောဆိုကာ လူသစ်များကို စည်းရုံးခဲ့ကြောင်း နစ်နာသူများက ဆိုသည်။
သို့ရာတွင် လက်ရှိတွင် မင်းစိုးသိန်းမှာ မော်လမြိုင်မြို့တွင် နေထိုင်နေပြီး နစ်နာသူများ၏ ငွေကြေးဆုံးရှုံးမှုများအတွက် တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း နစ်နာသူများက ပြောဆိုသည်။
“သူ့ကြောင့် နစ်နာပြီး ဘဝပျက်သွားတဲ့သူတွေ မနည်းဘူး။ ညီညီဆွေ အဖမ်းမခံရခင်ကတော့ ညီညီဆွေ လိမ်ပြေးရင် သူ့အစား တာဝန်ယူမယ်လို့ အာမခံပြီး စည်းရုံးခဲ့တယ်။ အခုတော့ တိုင်ချင်ရာတိုင်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု နစ်နာသူတစ်ဦးက ပြောသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ မင်းအောင်၏ လက်အောက်တွင် ရာခိုင်နှုန်းခံစားရသည့် Leader တစ်ဦးအဖြစ် ဒေါ်လေးနွယ်ဆိုသူလည်း ပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးစုဆောင်းရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
ဒေါက်တာညီညီဆွေ၏ လုပ်ငန်းတွင် Leader များအား ငွေကြေးစုဆောင်းမှုအတွက် ရာခိုင်နှုန်းအလိုက် ခွဲဝေပေးသည့်စနစ်ရှိခဲ့ကြောင်းလည်း နစ်နာသူများက ပြောဆိုသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ ဒေါက်တာညီညီဆွေ၏ ဇနီးက ယခင်က Group များအတွင်း ရှင်း လင်းပြောဆိုခဲ့မှုများတွင် စုဆောင်းရရှိသည့် ငွေကြေးများအနက် ဒေါက်တာညီညီဆွေဘက်မှ ၃၀ ရာခိုင်နှုန်းနှင့် Leader များဘက်မှ ၇၀ ရာခိုင်နှုန်း ရရှိသည့်ပုံစံဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဆိုသည်။
“Leader တွေကို ၇၀ ရာခိုင်နှုန်းရတာဟာ လူသစ်ဆီကရတဲ့ငွေနဲ့ လူဟောင်းတွေကို ပြန်ရှင်းနိုင်အောင် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ နောက်ပိုင်းမှ သိရတာပါ။ ညီညီဆွေ အမှုရင်ဆိုင်ရချိန်ကစပြီး Leader တွေက ငွေထည့်သူတွေကို တစ်ပြားတစ်ချပ်မှ ပြန်မပေးတော့ဘူး” ဟု နစ်နာသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေါက်တာညီညီဆွေကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ် ၆ နှစ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(က) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် စီးပွားရေးဆိုင်ရာ ပုဒ်မ ၄၂ ဖြင့် အမှု ၁၇ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံထားရသည်။
ဒေါက်တာညီညီဆွေ၏ အဓိကပြစ်မှုမှာ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Forex Trading လုပ်ငန်းကို အသုံးပြုကာ ပြည်သူများထံမှ ငွေကြေးများ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာညီညီဆွေနှင့်အဖွဲ့သည် နိုင်ငံတကာငွေကြေးဈေးကွက်နှင့် စတော့ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ နိုင်ငံတစ်ဝန်းမှ ပြည်သူများထံ ငွေကြေးများ စုဆောင်းခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများထဲတွင် သာမန်ပြည်သူများသာမက စစ်ဘေးရှောင်များ၊ သံဃာတော်များနှင့် သီလရှင်များလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ငွေကြေးနစ်နာဆုံးရှုံးခဲ့သူများမှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ ရေး၊ မြိတ်၊ မြစ်ကြီးနား၊ မြင်းခြံ၊ ပုသိမ်၊ မိတ္ထီလာနှင့် နေပြည်တော်အပါအဝင် မြို့အသီးသီးမှ ပြည်သူများဖြစ်ကြောင်း နစ်နာသူများက ပြောဆိုသည်။
လက်ရှိတွင် ဒေါက်တာညီညီဆွေကို ပြစ်ဒဏ်ချမှတ်ထားသော်လည်း ၎င်း၏လုပ်ငန်းအတွက် ဒေသအလိုက် လူသစ်များကို စည်းရုံးခြင်း၊ ငွေကြေးများ လက်ခံစုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ပေးခြင်းတို့တွင် အဓိကပါဝင်ခဲ့သည်ဟု နစ်နာသူများက စွပ်စွဲထားသည့် Leader များမှာ အရေးယူခံရခြင်းမရှိသေးကြောင်း နစ်နာသူများက ထောက်ပြသည်။ | 6 869 |
| 14 | ဒေါက်တာညီညီဆွေ၏ ငွေလိမ်လုပ်ငန်းတွင် အဓိကစည်းရုံးရေး Leader များဖြစ်သော မင်းအောင်၊ မိုးဇော်ဝင်း-ခင်ဆွေဝင်း၊ သီသီ-အိမြတ်၊ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့ အရေးယူမခံရဘဲ ငွေထုပ်ပိုက် လွတ်မြောက်နေ
ရန်ကုန်၊ စက်တင်ဘာ ၅
မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ၏ ငွေကြေးများကို လိမ်လည်ခဲ့သော ဒေါက်တာညီညီဆွေ၏ ငွေလိမ်လုပ်ငန်းတွင် အဓိကစည်းရုံးရေး တာဝန်ယူခဲ့သော Leader များဖြစ်သည့် မင်းအောင်၊ မိုးဇော်ဝင်း-ခင်ဆွေဝင်း၊ သီသီ-အိမြတ်၊ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့ အရေးယူမခံရဘဲ ငွေထုပ်ပိုက် လွတ်မြောက်နေကြကြောင်း ငွေကြေးနစ်နာသူများက ပြောဆိုကြသည်။
Forex Trading နှင့် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုအမည်ခံ၍ ပြည်သူများထံမှ ငွေကြေးများ စုဆောင်းခဲ့သည့် ဒေါက်တာညီညီဆွေ၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် လူသစ်များစည်းရုံးခြင်းနှင့် ငွေကြေးစုဆောင်းခြင်းတို့ကို အဓိကဆောင်ရွက်ခဲ့သော မန္တလေးမှ မင်းအောင်၊ ရန်ကုန်မှ မိုးဇော်ဝင်းနှင့် မိန်းမ ခင်ဆွေဝင်း၊ သီသီနှင့် အိမြတ် ညီအစ်မနှစ်ဦး၊ မော်လမြိုင်မှ မင်းစိုးသိန်းနှင့် ဒေါ်လေးနွယ်တို့မှာ လက်ရှိအချိန်အထိ အရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေကြောင်း ငွေကြေးနစ်နာဆုံးရှုံးခဲ့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ ဒေါက်တာညီညီဆွေသည် နိုင်ငံတကာငွေကြေးဈေးကွက်နှင့် Forex Trading လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ငွေကြေးထည့်ဝင်ရန် စည်းရုံးခဲ့ပြီး မြို့နှင့်ဒေသအလိုက် Leader များထားရှိကာ လူသစ်များ ထပ်မံစုဆောင်းသည့် ပုံစံဖြင့် လုပ်ငန်းကို ချဲ့ထွင်ခဲ့ကြောင်း သိရသည်။
အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံသူများထံ အမြတ်ငွေများကို ပုံမှန်ပြန်လည်ပေးခဲ့သဖြင့် ယုံကြည် သူများ ပိုမိုများပြားလာခဲ့ပြီး နောက်ပိုင်းတွင် တစ်လလျှင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအထိ ရရှိမည်ဟုဆိုကာ ပြည်သူအများအပြားထံမှ ငွေကြေးများ စုဆောင်းခဲ့ကြောင်း နစ်နာသူများက ပြောဆိုသည်။
ဒေါက်တာညီညီဆွေ၏ လုပ်ငန်းတွင် Galaxy Leader Group အမည်ဖြင့် Telegram Group များစွာ ဖွဲ့စည်းထားခဲ့ပြီး ဒေသအသီးသီးမှ Leader များက လူသစ်များ စည်းရုံးခေါ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ခြင်းနှင့် ငွေကြေးများ လက်ခံစုဆောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ မန္တလေးမှ မင်းအောင်ဆိုသူသည် ဒေါက်တာညီညီဆွေ၏ အဓိက Leader တစ်ဦးဖြစ်ပြီး ၎င်း၏လက်အောက်တွင် ရန်ကုန်ဒေသ၌ စည်းရုံးရေးလုပ်ဆောင်သူများကို ခန့်အပ်ထားခဲ့ကြောင်း သိရသည်။
မင်းအောင်၏ လက်အောက်တွင် သီသီနှင့် အိမြတ် ညီအစ်မနှစ်ဦးက ရန်ကုန်ဒေသတွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်ဒဂုံ၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ နေအိမ်များတွင် စည်းရုံးရေးအစည်းအဝေးများ ပြုလုပ်ခဲ့သည်ဟု နစ်နာသူများက ပြောဆိုသည်။
မင်းအောင်သည် ဒေါက်တာညီညီဆွေ အဖမ်းခံရပြီးနောက်ပိုင်းတွင် ရန်ကုန်၌ တိမ်းရှောင်နေခဲ့ပြီး ၎င်းစည်းရုံးခဲ့သည့် ရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်မလုပ်တော့ကြောင်းလည်း နစ်နာသူများက ဆိုသည်။
“ဒေါက်တာညီညီဆွေကို ဖမ်းခံရပြီးကတည်းက သူက ရှောင်နေတယ်။ သူစည်းရုံးလို့ ငွေထည့်ခဲ့တဲ့သူတွေကိုလည်း အဆက်အသွယ်မလုပ်တော့ဘူး။ သူ့မှာ အိမ်၊ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်လို့ သိရတယ်” ဟု နစ်နာသူတစ်ဦးက ပြောဆိုသည်။
ထိုပအတူ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် မိုးဇော်ဝင်းနှင့် မိန်းမ ခင်ဆွေဝင်းတို့သည်လည်း ဒေါက်တာညီညီဆွေ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် လူသစ်များကို အဓိကစည်းရုံးခဲ့သူများဖြစ်ကြောင်း နစ်နာသူများက ပြောဆိုသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ မိုးဇော်ဝင်းက လူသစ်များကို စည်းရုံးခေါ်ယူပြီး ၎င်း၏ဇနီး ခင်ဆွေဝင်းက ငွေကြေးနှင့် စာရင်းပိုင်းဆိုင်ရာကိစ္စများကို ကိုင်တွယ်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ရပ်ကွက်အတွင်းရှိ မိတ်ဆွေများ၊ ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများကို အကြိမ်ကြိမ်စည်းရုံးခဲ့ကြောင်း၊ အချို့မှာ ကားရောင်းခြင်း၊ တိုက်ခန်းရောင်းခြင်းနှင့် မိမိတို့စုဆောင်းထားသည့် ငွေကြေးများကို ထည့်ဝင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ငွေကြေးများ ဆုံးရှုံးခဲ့ရကြောင်း နစ်နာသူများက ပြောသည်။
“ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး ထည့်ခဲ့ကြတာပါ။ အကြိမ်ကြိမ်စည်းရုံးတယ်။ မိုးဇော်ဝင်းက သင်္ဘောသား၊ သူ့မိန်းမက ကျောင်းဆရာမဆိုတော့ အလုပ်အကိုင်အတည်တကျရှိတဲ့သူတွေဆိုပြီး ယုံကြည်ခဲ့ကြတယ်။ သူတို့ကိုယ်တိုင်လည်း အိမ်ပိုင်၊ အိုးပိုင်ရှိတယ်ဆိုတော့ ပိုယုံကြည်ပြီး ငွေထည့်ခဲ့ကြတာပါ” ဟု နစ်နာသူတစ်ဦးက ပြောသည်။
နစ်နာသူများ၏ ပြောဆိုချက်အရ ဒေါက်တာညီညီဆွေ အဖမ်းမခံရမီက မိုးဇော်ဝင်းတို့ဘက်မှ ဒေါက် တာညီညီဆွေ၏ လုပ်ငန်းမှာ အလွန်အောင်မြင်နေကြောင်း၊ တစ်လလျှင် သိန်းရာနှင့်ချီ အမြတ်ရရှိနေကြောင်း ပြောဆိုကာ ရပ်ကွက်အတွင်းမှ လူများကို စည်းရုံးခဲ့သည်ဟု သိရသည်။ | 6 558 |
| 15 | Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းမှုတွေနဲ့ ပြည်သူတွေ အကြပ်အတည်း မျိုးစုံကြုံတွေ့နေရတဲ့အချိန်ဗီယက်နမ်နိုင်ငံ ခရီးစဉ်လိုက်ပါသွားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှကတော့ ငွေရှိတိုင်း ဝယ်မရဘဲ စောင့်ဆိုင်းစာရင်းပေးဝယ်ယူရတဲ့ တန်ဖိုးကြီး Hermès Birkin လက်ကိုင်အိတ်ကိုကိုင်ဆောင်ထားတာတွေ့ရတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်က ပြောလာပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်တပ်ရဲ့ စစ်သေဘာ်တွေ အကြီးအကျယ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ဝင် အယောက် ၁၉၀ KIA ပူပေါင်းတပ်တွေဆီမှာ အလံဖြူထောင် လက်နက်ချသွား ပြီးနောက် စစ်တပ်က မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော အစီး ၂၀ ကျော် ရွှေကူဘက်ကို ထပ်မံစေ လွတ်လိုက်ပြီး ဗန်းမော်ဘက်ကိုဆက်တက်သွားတဲ့ လက်ကျန် စစ်သဘော် ၃ စီးလည်း KIA ပူးပေါင်းတပ်တွေရဲ့ ထပ်မံတိုက်ခိုက်မှု ခံထားရပြန်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောလာပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော်အမတ် အနုဆွန် ဟာ မြန်မာပြည်သူ တွေဆီက ထောက်ခံစာများစွာ ရရှိထားတယ်လို့ သိရပါတယ်။
အီရန်ရဲ့ နူကလီးယား အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြဖို့ အမေရိကန်နဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံတွေကို ဖိအားပေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/y0U6zaLEOYE?si=E1lbh9rme8o6LNgU | 7 138 |
| 16 | 没有文字... | 8 100 |
| 17 | မြစ်ခြေမြို့ BPI စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံးပြီး ဘုရားစေတီပုထိုးများ ပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ BPI တပ်အပြင်ဘက် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ရှိ ကျေး ရွာများကို လေကြောင်းမှ အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး ဘုရားစေတီပုထိုးများအပါအဝင် သာသနိကအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မြစ်ခြေမြို့ BPI တပ်အပြင်ဘက်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၈ နာရီခန့်တွင် Gyrocopter (ဂျိုင်ရိုကော်ပတာ) များဖြင့် လာရောက်ကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ဗုံးသီးများ ဆက်တိုက်ပစ်ချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စက်တင်ဘာလ ၄ ရက်နေ့ နံနက်က မြစ်ခြေမြို့ BPI တပ်အပြင်က ဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တယ်။ နှစ်ဖက်စလုံး အထိအခိုက်ရှိတယ်။ စစ်ခွေးတွေကတော့ အထိနာလို့နေမယ်။ အဲဒီနောက် ရွာတွေကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကျဲတာ ပြည်သူ ၅ ဦးသေဆုံးပြီး ဘုရားဝင်းထဲက ပစ္စည်းတွေလည်း အကုန်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုအတွင်း ဗုံးသီး ၂ လုံးသည် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာရှိ ဆုတောင်းပြည့်ဘုရားဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားကြီးမြောက်ဘက်ရှိ တန်ဆောင်းတစ်ခုနှင့် နဂါးရုံဘုရား၏ တောင်ဘက်ကပ်လျက်ရှိ စေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့ရသည်။
ထို့အပြင် အိုင်ကြီးကျေးရွာမှ မိသားစုဝင်များဖြစ်ကြသည့် ဒေါ်ဝင်းနု (၆၅ နှစ်)၊ သားဖြစ်သူ ကိုခိုင်စိုးဦး (၃၉ နှစ်) နှင့် ကိုခိုင်စိုးဦး၏ ဇနီးဖြစ်သူ မနှင်းနုတို့ မိသားစု ၃ ဦးသည် ဗုံးကျရောက်ပေါက်ကွဲသည့်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
ဆက်လက်၍ တတိယအကြိမ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ပေါက်တောကျေးရွာမှ ကိုတင့်ဝေ (၅၇ နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မော် (၅၄ နှစ်) တို့ ဇနီးမောင်နှံ ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကျဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုပါ အသုံးပြုကာ ရော့ကက်ဒုံးများဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အပြင်းအထန် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရှိရသည်။ | 7 455 |
| 18 | 没有文字... | 6 584 |
| 19 | လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့ပေါ်တွင်သာ စစ်ရေးအရ အဓိကထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာနှင့် ဒေသအများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။ | 6 438 |
| 20 | ပြွန်တန်ဆာမြို့တွင် စစ်မှုထမ်းကြေးကောက်ခံနေသော အုပ်ချုပ်ရေးမှူး စိုးဌေးနှင့် တပည့် ပျူစောထီးတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ၊ ဒီပဲယင်းတွင်လည်း စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်ရရှိ
ရန်ကုန်၊ စက်တင်ဘာ ၅
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့နယ်တွင် ဒေသခံများထံမှ စစ်မှုထမ်းကြေးများ ကောက်ခံခြင်းနှင့် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားကို ကူညီပေးနေသည်ဟုဆိုသော ကျေးရွာအုပ်ချုပ်ရေးမှူး စိုးဌေးနှင့် ၎င်း၏တပည့်ဖြစ်သူ ပျူစောထီးခေါင်းဆောင် အောင်ကျော်မျိုးတို့ ပစ်ခတ်ခံရပြီး ပဲခူးဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရကြောင်း 9 Stars UG အဖွဲ့က ပြောဆိုသည်။
ပြွန်တန်ဆာမြို့၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး စိုးဌေးနှင့် အောင်းကြီးကျေးရွာ ရာအိမ်မှူးဖြစ်သူ ပျူစောထီးခေါင်းဆောင် ကိုကျော် (ခ) အောင်ကျော်မျိုးတို့ကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အောင်းကြီးကျေးရွာမှ ပြွန်တန်ဆာမြို့ပေါ်သို့ သွားရောက်သည့် လမ်းပိုင်းတစ်နေရာ၌ 9 Stars UG အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူး စိုးဌေးမှာ သေနတ်ကျည် ၆ ချက် ထိမှန်ခဲ့ပြီး ပျူစောထီးခေါင်းဆောင် အောင်ကျော်မျိုးမှာ သေနတ်ကျည် ၃ ချက် ထိမှန်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် နှစ်ဦးစလုံး မလှုပ်ရှားတော့သဖြင့် သေဆုံးသွားပြီဟု ယူဆခဲ့သော်လည်း နောက်ဆက်တွဲသတင်းများအရ ပဲခူးဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူနေရကြောင်း 9 Stars UG အဖွဲ့က ပြောဆိုသည်။
“အုပ်ကြီးက သေနတ်ကျည် ၆ ချက်နဲ့ ရာအိမ်မှူးက သေနတ်ကျည် ၃ ချက် ထိမှန်တယ်။ မလှုပ်တော့လို့ သေပြီဆိုပြီး ထားခဲ့တာ။ အခု နောက်ဆက်တွဲသတင်း လိုက်ကြည့်တော့ ပဲခူးဆေးရုံမှာ အရေးပေါ်ကုသနေရတယ်ဆိုတာပဲ သိရတယ်။ ဘာမှထပ်လိုက်မရတော့ဘူး။ နှစ်ယောက်စလုံး ပြန်ကောင်းနိုင်စရာတော့ မရှိဘူးလို့ သိရတယ်” ဟု 9 Stars UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
9 Stars UG အဖွဲ့၏ ပြောဆိုချက်အရ အုပ်ချုပ်ရေးမှူး စိုးဌေးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရေးအတွက် ကူညီပေးနေသူဖြစ်ပြီး ရွှေကျင်မြို့နယ်၊ ဒုံစရစ်အခြေစိုက် ခမရ ၅၈၉ တပ်ရင်းသို့ ဆန်၊ ရိက္ခာနှင့် ဓာတ်ဆီများ ပို့ဆောင်ပေးခြင်း၊ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ အထိုင်ချနိုင်ရန် စီစဉ်ပေးခြင်းတို့ကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာနေပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေးများ ကောက်ခံခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ပြီး ဖမ်းဆီးခံရသူများကို ငွေကြေးအမြောက်အမြားပေး၍ ပြန်လည်ရွေးယူခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ 9 Stars UG အဖွဲ့က ဆိုသည်။
၎င်း၏တပည့်ဖြစ်သူ ရာအိမ်မှူးနှင့် ပျူစောထီးခေါင်းဆောင် ကိုကျော် (ခ) အောင်ကျော်မျိုးသည်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပျူစောထီးသင်တန်း တက်ရောက်ခဲ့သူဖြစ်ပြီး ဒေသခံပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းနှင့် အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်ခဲ့သည်ဟု 9 Stars UG အဖွဲ့က ပြောဆိုသည်။
ထို့အပြင် ဆရာ၊ တပည့်နှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရေတွင်းကုန်း၊ အောင်းကြီး၊ စီပင်၊ ကညှင်နှစ်ပင်၊ ကဒါးသဲကြော၊ လှည်းဆိပ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် WY စိတ်ကြွဆေးပြားများ ရောင်းချခြင်း၊ မူးယစ်ဆေးရောင်းဝယ်သူများထံမှ လိုင်းကြေးကောက်ခံကာ အကာအကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
ယင်းလုပ်ရပ်များကြောင့် ဒေသခံပြည်သူများအပေါ် ဖိနှိပ်မှုများ ကျူးလွန်နေသည်ဟု ယူဆကာ ယခုကဲ့သို့ သတိပေးအရေးယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 9 Stars UG အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်လည်း မြို့ပေါ်မှ ရိက္ခာရှာဖွေရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ပေါ်မှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်နယ် ၁ နှင့် တိုက်နယ် ၂ တို့ ပူးပေါင်းကာ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဖက်အကြား ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးကာ အခြားတပ်သားတစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖက ဆိုသည်။
တိုက်ခိုက်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ | 6 914 |
