cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

نمایش بیشتر
پست‌های تبلیغاتی
535 081
مشترکین
-26524 ساعت
-5 4677 روز
+3 31730 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
👍 47🤮 11🖕 2👏 1
ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လွယ်မော ဒေသပြည်သူများကို စစ်တပ်နှင့် PNO အဖွဲ့က ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထား ရန်ကုန်၊ ဇွန် ၂၂ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး လွယ်မော ဒေသပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ရွာအပြင် ထွက်ခွင့် ပိတ်ပင်ထားကြောင်း PNLA က ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဆီဆိုင်မြို့နယ် သဘက်ကျေးရွာအုပ်စု နောင်စကာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် သဘက်ချောင်း အနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒုတိယအကြိမ် လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့တွင် ရပ်ရွာများကို အစည်းအဝေး ခေါ်ယူပြီး ဒေသနေ ပြည်သူများကို ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်နှိပ်စက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွာသူ ရွာသူများအနေဖြင့် ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အစည်းအဝေးတွင် ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ထိုသို့ ခြိမ်းခြောက်ရာတွင် ရဟန်း၊ သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာဆင်ခြင်ကြရန်နှင့် နောင်တွင် ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှား မဟုတ်၊ သင်္ဃန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု လွယ်မောဒေသရှိ ရဟန်းသံဃာများကို ပြည်သူ့စစ်က ပြောဆိုခြိမ်းခြောက်သွားခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်က လွယ်မောတောင်ဒေသ ကျေးရွာများအတွင်း နေထိုင်ခြင်း လက်နက်ကြီးများဖြင့် တောင်ယာအတွင်းကို ရမ်းသမ်းပစ်ခတ်ခြင်း ပြည်သူများကို ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံပြည်သူများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း PNLA က ပြောဆိုသည်။
نمایش همه...
👍 54🤬 37 2😁 1🖕 1
53👍 22🥰 4👏 1🤮 1
ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း၏ အပတ်စဥ် ၁ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ် ရန်ကုန်၊ ဇွန် ၂၂ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသ ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း၏ အပတ်စဥ် ၁ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်ကွပ်ကဲရေးနှင့် တပ်ရင်းမှ တာဝန်ရှိသူအသီးသီးက အမှာစကားများ ပြောကြားခဲ့ပြီး ဒု-တပ်ရင်းမှူးက စနစ်ကျ၊ တပ်ပုံကျပြီး ပြည်သူလူထုကို လောက်လောက်လားလား ကာကွယ်နိုင်သည့် ပြည်သူချစ်သည့် ပြည်သူလူထုကို အစဥ်ရှေးရှုသည် တပ်ဖြစ်ရန် တပ်သား တစ်ဦးချင်းမှသည် အရာရှိအရာခံအဆင့်ဆင့် အားလုံး ကြိုးစားဆောင်ရွက်သွားကြရန်နှင့် တော်လှန်ရေး မပြီးမချင်း ပြည်သူလူထုနှင့် တိုင်းပြည်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် အထူးမှာကြားခဲ့ကြောင်း သိရှိရသည်။
نمایش همه...
👍 65 20🥰 1👏 1🤣 1
Photo unavailableShow in Telegram
👍 82 9😁 1
တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် ဆန်စျေးကို လိုသလို ကစားနိုင်သည်ဟု ယူဆရသော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေ၊ စစ်ဆေးချက်အပေါ် မူ တည်​ပြီး အရေးယူမည် ရန်ကုန်၊ ဇွန် ၂၂ တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် စျေးကစားနိုင်သော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း ဆန်စျေးနှုန်းသတ်မှတ်မှု၊ အရောင်းအဝယ်၊ ဆန်အဝင်အထွက်များကို စုံစမ်းမေးမြန်းရန်ဖြစ်ကြောင်း၊ ထို့ပြင် ဆန်သိုလှောင်မှုနှင့် စပါး သိုလှောင်မှုများကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။ "ခေါ်စစ်မယ်။ သူတို့ ဘာတွေ လုပ်ထားလဲအပေါ်မှာ မူတည်ပြီး စျေးကစား၊ ဆန်သိုလှောင်တာ၊ စပါး သိုလှောင်တာတွေရှိရင်တော့ အရေးယူခံရမယ်။ ပြည်နယ်/တိုင်းအားလုံး ခေါ်ပြီး စစ်ဆေးခိုင်းတာပါ။ ဖမ်းတာတော့မဟုတ်ဘူး။ သို့သော်လည်း အိမ်တော့ ပြန်မရဘူး။ သက်ဆိုင်ရာ ရုံးတွေမှာ ခဏ ခေါ်ထားမယ်။ စစ်ဆေးမယ်။ သူလုပ်တဲ့ လုပ်ရပ်အပေါ် မူတည်ပြီး အရေးယူမှု ရှိနိုင်တယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။ ဆန်ကုန်သည်များ၊ ဆန်စက်များကို ခေါ်ယူစစ်ဆေးမှုများကို စသုံးလုံး၊ စစ်တပ်၊ ထွေ/အုပ်၊ စီးပွား/ကူးသန်း၊ စားသုံးသူရေးရာဦးစီးဌာနတို့က အဓိက ကိုင်တွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ လတ်တလော ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှ ပြည့်စုံအောင်ဆန်စက်ပိုင်ရှင်လည်းဖြစ် ပဲခူးတိုင်းဆန်စပါးအသင်း၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးထင်ဇော်လှိုင်နှင့် ပြည်မြို့မှ ဆန်ကုန်သည် ကိုဇော်ထက်ပိုင် တို့ကိုလည်း စစ်တပ်က မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဓာတ်ပုံ- ပြည်တွင်းဆန်ဆိုင်တချို့တွင် ဆန်ဝယ်နေကြသည့် ပြည်သူများ။
نمایش همه...
🤬 95👍 37😁 12 4🍌 1
Photo unavailableShow in Telegram
🖕 168👍 63💩 29🤮 22 13👏 5🤬 3😁 1
မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျ၊ ပျက်ကျသည့် နေရာကိုစစ်တပ်ဖြင့် ပိတ်ဆို့ပြီး ဓာတ်ပုံရိုက်ခွင့်နှင့် ပြည်သူများ ဝင်ခွင့် မပြုဘဲ သတင်းအမှောင်ချ ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျခဲ့ပြီး ပျက်ကျသည့်နေရာကို စစ်တပ်များဖြင့် ပိတ်ဆို့ကာ ဓာတ်ပုံရိုက်ခွင့်၊ ပြည်သူများ ဝင်ခွင့်မပြုဘဲ သတင်းအမှောင်ချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် မိထ္ထီလာမြို့နယ် မြင်တော်ကန်ရွာ အနီးတွင် လေယာဉ်ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျမှုကို အနီးအနားကျေးရွာတချို့က မြင်တွေ့လိုက်ရကြောင်း သိရှိရသည်။ " နံနက် ၈နာရီလောက်က ဖြစ်တာပါ။ လေယာဉ်ပျက်ကျတဲ့ အနား ကပ်မရဘူး ပုံလည်း ရိုက်မရဘူး ။မိထ္ထီလာမြို့က ပတ်ပတ်လည်က စစ်တပ်တွေချည်းဆိုတော့ ပျက်ကျတဲ့နေရာကို မိနစ်ပိုင်းအတွင်း တပ်တွေ တန်းရောက်တာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် ယနေ့ နံနက်ပိုင်း မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် ပျက်ကျသွားသည့် စစ်ကောင်စီလေယာဉ်အမျိုးအစားနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြမ်းဖက် တိုက်လေယာဉ်များနှင့်အတူ တွေ့ရစဉ်။
نمایش همه...
👏 167👍 68 29
Photo unavailableShow in Telegram
215👍 74👏 8🖕 3👌 1
ဖားကန့်နှင့်မိုးညှင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်စခန်း ၅ ခုကို KIA က ဝင်ရောက်တိုက်ခိုက်နေပြီး လမ်းများပိတ်နေ ရန်ကုန်၊ ဇွန် ၂၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်စခန်းတို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ အချိန်မှစတင်ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်၊ ဝှေခါ -အင်းတော်ကြီး လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ ဝေလုံ စခန်း၊ ညောင်ပင်စစ်ကောင်စီတပ်စခန်း၊ ချောင်းဝစစ်ကောင်စီတပ်စခန်း နှင့် ကာကင်း စခန်း ၂ခု စုစုပေါင်း ၅ ခု ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များ အသုံးပြု၍ စစ်ကူ ပေး လေကြောင်းတိုက်ခိုက်နေကြောင်း သိရှိရသည်။ " မြစ်ကြီးနားက လေယာဉ်တွေလည်း တောက်လျှောက်တက်နေတယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ ဝှေခါ-အင်းတော်ကြီး လမ်းလည်း ပိတ်ထားရတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့။ မနက် ၅ နာရီကတည်းကဖြစ်နေတာ။ အခုထက်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ မိုးညှင်းမြိုနယ်၊အင်းတော်ကြီးဒေသ၊ချောင်းဝကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းကို KIA/PDF အဖွဲများက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ရာတွင် ပြည်သူ့စစ်များ အထိနာနေကြောင်း၊ ပြည်သူ့စစ်များက စစ်တပ်သို့ စစ်ကူတောင်းသော်လည်း စစ်ကူ ရောက်ရှိလာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဟန်ရေးပြမှုရှိကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ စ ခန်း ကြီး၊ စခန်းငယ် စုစုပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။ Photo- AFP။
نمایش همه...
👍 275 61👏 5🥰 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.