cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Mostrar más
Publicaciones publicitarias
539 546
Suscriptores
+17924 horas
+4 0227 días
-19230 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
🥰 75👍 47 24🖕 6👏 3💯 1
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ ရန်ကုန်၊ ဇူလိုင် ၃ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းတပ်တော် TNLA က ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် နောင်ချိုမြို၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဘန့်ဘွေးရွာ ဒေသမှ ဒုံးတပ် (၆၀၆) တပ်စခန်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အလားတူ မိုးမိတ်မြို့နယ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်နီရွာ ဒေသ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တအာင်းတပ်မတော် TNLA ၊ PDF - မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့က ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရွှေသာယာတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
Mostrar todo...
86👍 47🥰 7👏 5🖕 1
75👍 37🥰 8👏 2🤣 2🖕 1
မြစ်သား၊ ဝမ်းတွင်းနှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး ရန်ကုန်၊ ဇူလိုင် ၃ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။ ဇူလိုက်လ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြစ်သားမြို့နယ် ရစ်ကန်ရွာ ရဲစခန်း နှင့် တာဝါတိုင်စောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနှင့် ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ် ရွှေတောင် ကျေးရွာ ရွှေတောင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက် ဂါဝီပန်းခြံအနီးရှိအကြမ်းဖက် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန်က ရေဦးမြို့ အနောက်ဘက် အထွက် ဂါဝီပန်း ခြံအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဘန်ကာများဆောက်လုပ်နေကြောင်း သတင်း အရ ရွေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ Fixed-Wing Drone များဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Mostrar todo...
59👍 36🥰 7👏 3
116🙏 86👍 28🤣 6🥰 2
ရေဦးမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်၊ သပိတ်မှောက်သည့် မြို့နယ် ၁၉ ခုထိ ရှိလာ ရန်ကုန်၊ ဇူလိုင် ၃ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ၂ ရက်နေ့တွင် ရေဦးမြို့နယ်မှ သံဃာတော်များ ဦးဆောင်၍ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် စတင်လိုက်ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်သည့် မြို့နယ် ၁၉ ခုထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ မြင်းမူ၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ ၊ နွားထိုးကြီးမြို့နယ်၊ ကနီမြို့နယ်နှင့် ရေဦးမြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၁၉ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
Mostrar todo...
👍 117🙏 31 18🥰 8🤣 6
😢 149🤬 56👍 15💔 8🤣 2👏 1
သံတွဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး၊ ဆီဆိုင်တွင် PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ် ရန်ကုန်၊ ဇူလိုင် ၃ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်အရွယ် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်အရွယ် မဝေဝေထွေး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းဟန်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။ "ကျေးရွာအနီးမှာ ဘာတိုက်ပွဲမှ မရှိဘဲ လေကြောင်းက ဗုံးလာကျဲတာ။ စစ်ကောင်စီက သံတွဲမြို့နယ်တစ်လျှောက် အရပ်သားတွေနေတဲ့ ကျေးရွာတွေကို တောက်လျှောက် နေ့တိုင်း ဗုံးလာကျဲတယ်။ ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာက စစ်တိုက်တာ မဟုတ်တော့ဘူး။ စစ်တိုက်ချင်ရင် လက်နက်ရှိတဲ့သူတွေကို သွားတိုက်ပါလား။ အခုက ပြည်သူတွေ သေအောင် တမင်သက်သက် သတ်နေတာဖြစ်တယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ တော်တော်လေးကို ငိုကြွေးနေရတယ်။ " ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ သံတွဲမြို့၊ ငပလီမြို့နှင့် တောင်ကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ စစ်ရေး ပြင်းထန်လျှက်ရှိနေပြီး ဇွန်လကုန်ပိုင်းက သံတွဲမြို့နှင့် ငပလီမြို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ အာရက္ခတပ်တော် AA သည် ရခိုင်ပြည် စစ်ကောင်စီ လက်အောက်က လွတ်မြောက်ရေးနှင့် ကွန်ဖန်ဒရိတ်ထက် မနိမ့်သော အဆင့်ဖြင့် အုပ်ချုပ်ခွင့်ရရှိရေး မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး လက်ရှိတွင် မြို့ ၁၀ မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ကြောင်း PNLA က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီတွင် ထမ်းယံတိုင်ကျေးရွာမှ ဒေသပြည်သူ ခွန်တငွေသည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့် အိပ်ပေးရာမှ နေအိမ်ကို ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲ ထားသည့် PNO အဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွာလယ်ခေါင်တွင် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ခွန်တငွေ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ PNO အဖွဲ့က မိသားစုဝင်များကို သယ်ယူခွင့် မပေးဘဲ ရွာလယ်ခေါင်တွင် ထားရှိထားကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ပြည်သူ့စစ်များသည် လက်ရှိချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး ဒေသပြည်သူများကိုလည်း ရွာပြင် ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း PNLA က ပြောဆိုသည်။
Mostrar todo...
🤬 168👍 51😢 20 4🐳 4🤣 4💔 3😁 2
255👍 65🥰 15🤣 6
အောင်လံလွှင့်မည် ဒေါင်းသွေးနီ နံနက်ခင်း သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ဇူလိုင် ၃ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၃ နေ့တွင် စစ်အာဏာရှင် တော်လှန်ရေးချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
Mostrar todo...
👍 157 54🥰 7🤣 4🔥 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.