es
Feedback
Khit Thit Media

Khit Thit Media

Ir al canal en Telegram

🚩 Channel was restricted by Telegram

Mostrar más

📈 Análisis del canal de Telegram Khit Thit Media

El canal Khit Thit Media (@khitthitnews) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 355 756 suscriptores, ocupando la posición 376 en la categoría Noticias y medios y el puesto 31 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 355 756 suscriptores.

Según los últimos datos del 05 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -13 457, y en las últimas 24 horas de -463, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.68%. Durante las primeras 24 horas tras publicar, el contenido suele obtener 2.87% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 13 083 visualizaciones. En el primer día suele acumular 10 214 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 261.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
🚩 Channel was restricted by Telegram

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 06 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

355 756
Suscriptores
-46324 horas
-3 3667 días
-13 45730 días

Carga de datos en curso...

Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
septiembre '26
septiembre '260
en 10 canales
agosto '26
+20
en 17 canales
Get PRO
julio '26
+26
en 29 canales
Get PRO
junio '26
+228
en 20 canales
Get PRO
mayo '26
+20
en 15 canales
Get PRO
abril '26
+55
en 18 canales
Get PRO
marzo '26
+13
en 17 canales
Get PRO
febrero '26
+52
en 17 canales
Get PRO
enero '26
+427
en 18 canales
Get PRO
diciembre '25
+39
en 23 canales
Get PRO
noviembre '25
+586
en 30 canales
Get PRO
octubre '25
+235
en 18 canales
Get PRO
septiembre '25
+458
en 19 canales
Get PRO
agosto '25
+522
en 26 canales
Get PRO
julio '25
+95
en 23 canales
Get PRO
junio '25
+125
en 30 canales
Get PRO
mayo '25
+387
en 26 canales
Get PRO
abril '25
+350
en 23 canales
Get PRO
marzo '25
+5 188
en 43 canales
Get PRO
febrero '25
+389
en 23 canales
Get PRO
enero '25
+2 241
en 46 canales
Get PRO
diciembre '24
+7 335
en 29 canales
Get PRO
noviembre '24
+12 292
en 31 canales
Get PRO
octubre '24
+24 599
en 39 canales
Get PRO
septiembre '24
+4 349
en 31 canales
Get PRO
agosto '24
+26 990
en 36 canales
Get PRO
julio '24
+29 729
en 32 canales
Get PRO
junio '24
+14 387
en 44 canales
Get PRO
mayo '24
+13 527
en 32 canales
Get PRO
abril '24
+13 544
en 28 canales
Get PRO
marzo '24
+24 300
en 146 canales
Get PRO
febrero '24
+251 555
en 120 canales
Get PRO
enero '24
+11 381
en 31 canales
Get PRO
diciembre '23
+28 615
en 30 canales
Get PRO
noviembre '23
+20 707
en 29 canales
Get PRO
octubre '23
+42 919
en 36 canales
Get PRO
septiembre '23
+9 957
en 0 canales
Get PRO
agosto '23
+17 955
en 0 canales
Get PRO
julio '23
+817
en 0 canales
Get PRO
junio '23
+3 179
en 0 canales
Get PRO
mayo '23
+382
en 0 canales
Get PRO
abril '23
+47 564
en 0 canales
Get PRO
marzo '23
+15 404
en 0 canales
Get PRO
febrero '23
+12 431
en 0 canales
Get PRO
enero '23
+9 678
en 0 canales
Get PRO
diciembre '22
+48 401
en 0 canales
Get PRO
noviembre '220
en 0 canales
Get PRO
octubre '22
+1 586
en 0 canales
Get PRO
septiembre '22
+8 008
en 0 canales
Get PRO
agosto '22
+1 627
en 0 canales
Get PRO
julio '22
+6 617
en 0 canales
Get PRO
junio '22
+3 923
en 0 canales
Get PRO
mayo '22
+5 151
en 0 canales
Get PRO
abril '22
+2 585
en 0 canales
Get PRO
marzo '22
+2 828
en 0 canales
Get PRO
febrero '22
+2 246
en 0 canales
Get PRO
enero '22
+2 474
en 0 canales
Get PRO
diciembre '21
+4 299
en 0 canales
Get PRO
noviembre '21
+2 154
en 0 canales
Get PRO
octubre '21
+6 125
en 0 canales
Get PRO
septiembre '21
+3 346
en 0 canales
Get PRO
agosto '21
+2 370
en 0 canales
Get PRO
julio '21
+7 645
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
05 septiembre0
04 septiembre0
03 septiembre0
02 septiembre0
01 septiembre0
Publicaciones del Canal
photo content
+2

2
ဖြူးမြို့နယ်တွင် စစ်တပ်က တိုက်ပွဲမရှိဘဲ ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ ဦးအပါအဝင် ဟိန္ဒူမိသားစုဝင် ၄ ဦးသေဆုံး၊ စလင်းတွင်လည်း စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ရန်ကုန်၊ စက်တင်ဘာ ၆ ပဲခူးတိုင်း၊ ဖြူးမြို့နယ်အရှေဘက်ရှိ ဘိုစည်းခင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ဟိန္ဒူမိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်က ဖြူးမြို့နယ်အရှေဘက် ဘိုစည်းခင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။ ယင်းတိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်တပ်က ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာဝင် မိသားစုတစ်စုမှ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦးလည်း ပါဝင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ “စစ်သားတွေက တိုက်ပွဲမရှိဘဲ ဗုံးကျဲတာပါ။ အပြစ်မဲ့ မိသားစုတစ်စုလုံး ဆုံးသွားတယ်။ စက်တင် ဘာ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်တာဖြစ်ပြီး ၄ ဦးသေဆုံးတယ်။ ကလေး ၂ ဦးလည်း ပါတယ်” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။ ဖြူးမြို့နယ်အရှေဘက်ဒေသရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က မကြာခဏ ပစ်ခတ်တိုက် ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ နေ့စဉ်နီးပါး ပစ်ခတ်နေခြင်းကြောင့် ဒေသပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ တစ်ဖက်တွင် မကွေးတိုင်း၊ စလင်းမြို့နယ် ရေနားတန်းကျေးရွာရှိ စာသင်ကျောင်းကိုလည်း အကြမ်း ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇီဒရုန်းများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က ရေနားတန်းကျေးရွာရှိ စာသင် ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း စာသင်ကျောင်း၏ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးပေ။ “တိုက်ပွဲဖြစ်တာမရှိဘဲ ကာမီကာဇီဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ရေနားတန်းကျေးရွာ စာသင် ကျောင်းကို ဗုံးကျဲတာဖြစ်ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် စာသင် ကျောင်း ပျက် စီးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းသည် စလင်းမြို့နယ်၊ ထိန်ကန်ကျေးရွာနှင့် တမာချောင်းကျေးရွာအနီးရှိ ဆည်ဘောင်ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများအနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ခြေထောက်ဖြတ်တောက်ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။
877
3
P0Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဗီယက်နမ်နိုင်ငံရဲ့ နယ်မြေကို အသုံးပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခွင့်မပြုဖို့ ဗီယက်နမ်နဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့အကြား သဘောတူညီမှု ရရှိခဲ့တာ ကြောင့် ဗီဇာကြေးသက်သာလို့ ဗီယက်နမ်နိုင်ငံကို သွားရောက်ရာမှာ တော်လှန်ရေး ထောက်ပို့ လုပ်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းက ပြောပါတယ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွက်ကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား အယောက် ၂၀ သေဆုံးခဲ့ တယ်လို့ ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောကြားပါတယ်။ ရွှေကူမြို့နဲ့ ဗန်းမော်မြို့အကြား ဧရာဝတီမြစ်ကြောင်းမှာ ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာ ထပ်မံတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်တွေထံက သိရှိရပါတယ်။ အမေရိကန်စစ်သင်္ဘောတွေကို အီရန်တိုက်ခိုက်ဖို့ ကြိုးပမ်းပြီးတဲ့နောက် အီရန်ရေနံတင်သင်္ဘော ၃ စီးကို အမေရိကန် ဖျက်ဆီးလိုက်တဲ့ သတင်းပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://youtu.be/TyKLDdQOmew?si=dUqW8jNdHs6GsBpL
1 966
4
+3
Sin texto...
2 954
5
+9
Sin texto...
2 976
6
ကျုံပျော်တွင် လေးမျက်နှာဘက်မှ စီးဝင်လာသည့် ရေများကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း ရေကြီးနစ်မြုပ်နေ၊ ရေသန့်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ ရန်ကုန်၊ စက်တင်ဘာ ၆ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် အထက်ပိုင်းလေးမျက်နှာမြို့နယ်ဘက်မှ စီးဆင်းလာသည့် ရေများ ကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး သောက်သုံးရေသန့်နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ လေးမျက်နှာမြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ရေပြန်လည် ကျဆင်းသွားပြီး သွားလာရေး ပုံမှန်အတိုင်း ဖြစ်သွားသော်လည်း အဆိုပါဘက်မှ ကျဆင်းလာသည့် ရေများသည် ငါးသိုင်းချောင်းနှင့် ကျုံပျော်မြို့နယ်ဘက်သို့ စိမ့်ဝင်စုဝေးလာခြင်းဖြစ်သည်။ လက်ရှိတွင် ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အလှူရှင်များမှာ ငါးသိုင်းချောင်းနှင့် လေးမျက်နှာဘက်သို့သာ အဓိက သွားရောက်လှူဒါန်းခဲ့ကြသဖြင့် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ကွက်၍ အကူအညီမဲ့နေပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေသန့်များ အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်။ ကျုံပျော်ဒေသခံတစ်ဦးက "လေးမျက်နှာရေက ၈ လပိုင်း ၃၁ ရက်နေ့မှာ လုံးလုံးကျသွားတယ်။ ပုံမှန်အနေအထား သူတို့က သွားလို့လာလို့ရတယ်ပေါ့။ သူတို့ဘက်က ကျတဲ့ရေတွေက ငါးသိုင်းချောင်းနဲ့ ကျုံပျော်ဘက်မှာ လာစုတာပေါ့။ ဒီဘက်က အလှူရှင်တွေမရောက်ဘူး။ အလှူရှင်တွေက ငါးသိုင်းချောင်းနဲ့ လေးမျက်နှာဘက်မှာပဲ လှူခဲ့ကြတာဆိုတော့ ကျုံပျော်က ကွက်ပြီးတော့ အခက်အခဲတွေဖြစ်နေတာပေါ့။ စားနပ်ရိက္ခာနဲ့ ရေသန့်တွေလည်း လိုအပ်နေတယ်" ဟု ပြောသည်။ ထို့ပြင် လက်ရှိ ရေထုမှာ ညစ်ညမ်းနေပြီး တုန်ကင်တွင်းများလည်း ရေမြုပ်နေသဖြင့် သောက်သုံးရေ ရရှိရေးအတွက်ပါ အခက်အခဲဖြစ်နေကာ မိုးရေကို အဓိကထား အသုံးပြုနေရကြောင်း သိရသည်။ စက်တင်ဘာလ ၅ ရက်နေ့အထိ ကျုံပျော်မြို့နယ်အတွင်းရှိ ကံစုကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ ထော်တိကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ ရေတိမ်ကျေးရွာမှ လူဦးရေ ၇၀၀ ကျော်၊ ကွမ်းဘောဇရပ်ဆိပ်ကျေးရွာမှ လူဦးရေ ၁၇၀၀ ကျော်၊ မအူချောင်းကျေးရွာမှ လူဦးရေ ၅၀၀ ကျော်၊ အုန်းပင်စုကျေးရွာ၊ ရွှေကြို့ကုန်းကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ အင်းရဲကြီးကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ သဘော့ရိုးကျေးရွာမှ လူဦးရေ ၆၀၀ ကျော်၊ ညောင်ကုန်းကျေးရွာမှ လူဦးရေ ၄၀၀ ကျော်၊ သုံးအိမ်တန်းကျေးရွာမှ လူဦးရေ ၃၀၀ ကျော်၊ ပက်ပက်အင်းကျေးရွာမှ လူဦးရေ ၅၀၀ ကျော်၊ ဆင်ကူးကျေးရွာနှင့် ဆားကျက်ကုန်းကျေးရွာမှ လူဦးရေ ၃၀၀ ကျော်သည် ရေဘေးကြုံနေရကြောင်း သိရှိရသည်။
2 617
7
Sin texto...
2 388
8
ကရင်၊ ပဲခူးနှင့် ပြင်ဦးလွင်ရှိ တောရဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များတွင် စစ်မှုထမ်းတိမ်းရှောင်ရန် ရဟန်းဝတ်သူများ မရှိစေရေး စစ်တပ်က စိစစ်ခိုင်း၊ ဝါဆိုသံဃာတော်စာရင်းများလည်း တောင်းယူနေ ရန်ကုန်၊ စက်တင်ဘာ ၆ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီး ကျောင်း များ၊ စာသင်တိုက်များနှင့် တရားရိပ်သာများတွင် စစ်မှုထမ်းတိမ်း ရှောင်ရန် ရည်ရွယ်၍ ရဟန်းလာဝတ်သူများ မရှိစေရေးအတွက် ဒုလ္လဘရဟန်းဝတ်လိုသူများကို စိစစ်လက်ခံပြီး သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဒေသမှ ကျောင်းထိုင်သံဃာတော်များထံမှ သိရသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်နိုင်သည့် အမျိုးသားများ စစ်မှုထမ်းတိမ်းရှောင်ရန် ရဟန်းဝတ်ခြင်း မဖြစ်စေရေး ယခုဝါတွင်းကာလတွင် ဒုလ္လဘရဟန်းဝတ်လိုသူများရှိပါက သက်ဆိုင်ရာ မြို့ နယ်သံဃာ့နာယကအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံ အသိပေးရန် နှုတ်မိန့်ဖြင့် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်တစ် ပါးက လက်ရှိဝါဆိုသံဃာစာရင်းများကို တောင်းယူနေပြီး ပြင်ပမှ ရဟန်းအသစ် များ လာရောက်နေထိုင်ခြင်းနှင့် ဝါဆိုခြင်းကို လက်မခံရန်၊ အကြောင်း ကြောင်းကြောင့် လာရောက်တည်းခိုမည့် သံဃာတော်များရှိပါကလည်း မဖြစ်မနေ အကြောင်းကြားရန် ဖိအားပေးလာကြောင်း မိန့်ကြားသည်။ “အခု ဝါတွင်းကာလမှာ ဒုလ္လဘရဟန်းလာဝတ်တာမျိုးကတော့ မရှိပါဘူး။ ဒါပေမယ့် အဲဒါမျိုးရှိလာရင် သက်ဆိုင်ရာကို အကြောင်းကြားရမယ်လို့ ညွှန်ကြားထားတယ်။ အထူးသဖြင့် စစ်မှုထမ်းတိမ်းရှောင်ဖို့ ရဟန်းဝတ်တာမျိုးတွေ မဖြစ်အောင်ဆိုတဲ့သဘောမျိုးပါတယ်။ ကျောင်းမှာ လက်ရှိရှိနေတဲ့ ဝါဆိုသံဃာစာရင်းတွေကိုလည်း ပေးဖို့ တောင်းလာတယ်” ဟု အဆိုပါကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။ လက်ရှိ ဝါတွင်းကာလအတွင်း တောရဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များနှင့် တရားစခန်းများတွင် ပြင်ပမှ သံဃာ၊ သီလရှင်နှင့် ယောဂီအသစ်များကို လက်ခံမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရှိရသည်။ အလားတူ မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောရဘုန်းကြီးကျောင်းနှင့် တရားရိပ်သာများတွင်မူ ယခုဝါဆိုကာလအတွင်း ရဟန်းနှင့် ကိုရင်အသစ်များကို ထပ်မံလက်မခံရန်၊ လက်ရှိနေထိုင်နေသော သံဃာ၊ သီလရှင်နှင့် ယောဂီများမှလွဲ၍ အခြားသူများကို နေထိုင်ခွင့်မပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ ပြင်ဦးလွင်ဒေသရှိ ကျောင်းထိုင်သံဃာတော်တစ်ပါးက “ဝါတွင်းကာလမှာ မိမိတို့ရဲကျောင်းမှာ ပြင်ပက လာရောက် တည်းခိုလာနေတာတွေကို လက်မခံခိုင်းဘူး။ ရှိရင်းစွဲ သံဃာ၊ သီလရှင်၊ ယောဂီစာရင်းတွေကိုပဲ ပေးပို့ခိုင်းတယ်။ အပြင်က အသစ်လာတဲ့သူတွေကို လက်ခံရင်လည်း သံဃာနာယကနဲ့ ထွေအုပ်ကို အသိပေးရမယ်လို့ ပြောတယ်” ဟု မိန့်ကြားသည်။ အဆိုပါ ညွှန်ကြားချက်များသည် စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသည့် လူငယ်များက ဘုန်းကြီးကျောင်း၊ စာသင်တိုက်နှင့် တရားရိပ်သာများတွင် ရဟန်းဝတ်များဖြင့် ဝင်ရောက်ပုန်းအောင်းကာ စစ်မှုထမ်းတိမ်းရှောင်ခြင်း မပြုနိုင်စေရန် နှင့် ပြင်ဦးလွင်တပ်နယ်၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း သိရှိရသည်။ စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းမှုများနှင့် ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေသည့်အတွက် လူငယ်အများအပြားသည် နေရာအမျိုးမျိုးသို့ တိမ်းရှောင်နေကြရသည်။ ထို့ပြင် သံဃာတော်များနှင့် သီလရှင်များအနေဖြင့် ကား၊ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ အသုံးပြုခြင်း မပြုရန်လည်း သက်ဆိုင် ရာ သံဃာ့နာယကအဖွဲ့နှင့် အာဏာပိုင်များက အထူးညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရသည်။
2 610
9
Sin texto...
4 175
10
မင်းဘူး(စကု)နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အရင်္ပသား ၂ ဦးကို ဖမ်းဆီးသွား ရန်ကုန်၊ စက်တင်ဘာ ၆ မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မင်းဘူးမြို့နယ်၊ ပေါင်းရွာဘက်မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မုတ္တောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံမှ သိရှိရသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မုတ္တောကြီးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ “ပေါင်းရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက မုတ္တောကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီး လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲဒီကျေးရွာမှာက တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို တော်လှ န်ရေးတပ်တွေလည်း မရှိပါဘူး။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မုတ္တောကြီးကျေးရွာနေ အသက် ၁၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို အသက် ၇ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့ပြင် အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကြောင်းက ပေါင်းရွာဘက်ကို ပြန်ဆုတ်သွားခဲ့ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အလားတူ စက်တင်ဘာလ ၄ ရက်နေ့တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ထံမှ သိရှိရသည်။ ထမ္မကောက်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် လက်ဆည်ကျေးရွာမှတစ်ဆင့် အုန်းမှင်ကျေးရွာနှင့် ချတောက်ကျေးရွာကြားသို့ ရောက်ရှိလာပြီးနောက် ဒရုန်းအသုံးပြု၍ ဆူးပုတ်ကုန်းကျေးရွာအတွင်းသို့ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အမည်၊ အသက်အရွယ်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေတုန်းပါပဲ။ နေအိမ်တွေ ပျက်စီးမှု ရှိ၊ မရှိကိုလည်း ဆက်လက်စုံစမ်းနေပါတယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်အတွင်း မင်းဘူး(စကု)နှင့် ဆိပ်ဖြူမြို့နယ်တို့ရှိ ကျေးရွာများအပေါ် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးနှင့် တိုက်ခိုက်မှုများကြောင့် စုစုပေါင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
4 111
11
Sin texto...
5 426
12
ပြည်တွင်းသို့ ပြည်ပဆေးဝါးများ တင်သွင်းနိုင်မှု လျော့နည်းလာခြင်းကြောင့် စျေးကွက်အတွင်း ဆေးဝါးစျေးနှုန်းများလည်း အဆမတန် မြင့်တက်လာနေကြောင်း သိရှိရသည်။ ယခင်က ၁၀ လုံးတစ်ကတ်လျှင် ကျပ် ၁၂,၀၀၀ မှ ၁၃,၀၀၀ ဝန်းကျင်သာရှိသည့် ဆေးဝါးအချို့မှာ ကျပ် ၂ သိန်းကျော်အထိ မြင့်တက်လာပြီး ယခင်က ကျပ် ၇,၀၀၀ ဝန်းကျင်ရှိသည့် ဆေးဝါးအချို့မှာလည်း ကျပ် ၁ သိန်းအထိ စျေးမြင့်တက်လာကြောင်း သိရှိရသည်။ ထို့အပြင် ဆီးချိုနှင့် သွေးတိုးရောဂါဝေဒနာရှင်များ နေ့စဉ်သောက်သုံးရသည့် ဆေးဝါးများမှာလည်း စျေးကွက်အတွင်း ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ "ဆေးဝါးတွေ အော်ရီဂျင်နယ်ဆေးဆိုတာ မရတော့ဘူး။ အလားတူတွေနဲ့ပဲ သောက်နေရတာ။ အာနိသင်ကလည်း အော်ရီဂျင်နယ်ဆေးလောက်တော့ မထိရောက်ဘူးပဲ ပြောရမလားမသိဘူး။ အထူးသဖြင့်တော့ အိန္ဒိယက ထုတ်တဲ့ အလားတူဆေးတွေကို သုံးရတာ။ မက်ဖော်မန်တောင် လနဲ့ချီ ဝယ်စုနေရတယ်" ဟု ဆီးချိုဝေဒနာရှင်တစ်ဦးက ရှင်းပြသည်။ လက်ရှိတွင် ကျောက်ကပ်ဝေဒနာရှင်များမှာ ရောဂါအခြေအနေ စစ်ဆေးရန် လနှင့်ချီစောင့်ဆိုင်းနေရခြင်း၊ ကျောက်ကပ်ဆေးကုသရာတွင် မဖြစ်မနေလိုအပ်သည့် ဆေးရည်နှင့် ဆေးပစ္စည်းများ ပြတ် လပ်နေခြင်း၊ ကုသမှုကုန်ကျစရိတ်များ အဆမတန်မြင့်တက်လာခြင်းတို့ကို တစ်ပြိုင်နက် ရင်ဆိုင်နေရပြီး ပြည်ပမှတင်သွင်းရသည့် အရေးပေါ်နှင့် မရှိမဖြစ် ဆေးဝါး၊ ဆေးပစ္စည်းများ အမြန်ဆုံး ပြန်လည်ရရှိရေးမှာ လူနာများ၏ အသက်ရှင်သန်ရေးနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း သိရှိရသည်။
5 337
13
မြန်မာနိုင်ငံအတွင်း ကျောက်ကပ်ဝေဒနာရှင်များအတွက် ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ သွင်းခွင့်မရ၍ ကုသမှုခံယူရန် လနှင့်ချီ စောင့်ဆိုင်းနေရ၊ ကျောက်ကပ်ဆေးရည်များ ပြတ်လပ်၍ ပုံမှန်ကျောက်ကပ်ဆေးနေရသူတချို့ သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတွင် ကျောက်ကပ်ဝေဒနာရှင်များ၏ ရောဂါစစ်ဆေးကုသရေးအတွက် လိုအပ်သည့် ပြည်ပမှ တင်သွင်းရသော ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် လူနာများအနေဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် လနှင့်ချီ၍ စောင့်ဆိုင်းနေရပြီး ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များလည်း မြင့်တက်လာကြောင်း လူနာများနှင့် ဆေးဝါးလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။ ကျောက်ကပ်၏ လုပ်ဆောင်ချက်ကို စစ်ဆေးရန် အသုံးပြုသည့် DTPA Scan ရိုက်ကူးရန်အတွက် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် Booking တင်ထားသည်မှာ ၂ လခန့်ရှိနေပြီဖြစ်သော်လည်း စစ်ဆေးရာတွင် အသုံးပြုရမည့် ထိုးဆေးများ မရောက်ရှိသေးသဖြင့် ယနေ့အချိန်အထိ စစ်ဆေးမှု မပြုလုပ်နိုင်သေးကြောင်း ကျောက်ကပ်ဝေဒနာရှင်များက ပြောဆိုသည်။ DTPA Scan ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်းနှင့် ကျောက်ကပ်တစ်ဖက်စီ၏ သွေး စစ်ထုတ်နိုင်မှုကို တိုင်းတာစစ်ဆေးသည့် Nuclear Medicine စစ်ဆေးမှုတစ်မျိုးဖြစ်ပြီး၊ စစ်ဆေးရန်အတွက် အထူး Radioactive Tracer ဆေးကို သွေးကြောမှတစ်ဆင့် ထိုးသွင်းရန် လိုအပ်သည်။ ယင်းဆေးကို ထိုးသွင်းပြီးနောက် အထူးကင်မရာဖြင့် ကျောက်ကပ်က ဆေးကို မည်သို့စစ်ထုတ်ကာ ဆီးလမ်းကြောင်းမှ စွန့်ထုတ်နေသည်ကို စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ DTPA Scan ရိုက်ကူးရာတွင် လိုအပ်သည့် ထိုးဆေးများကို ထိုင်း၊ အိန္ဒိယနှင့် ပိုလန်နိုင်ငံများမှ တင်သွင်းရခြင်းဖြစ်သော်လည်း ဆေးဝါးများ ပြည်တွင်းသို့ သွင်းခွင့်မရ၍ လူနာများစွာမှာ Booking တင်၍ အလှည့်ကျ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။ “DTPA Scan ရိုက်ဖို့အတွက် ပင်လုံဆေးရုံမှာ Booking တင်ထားတာ ၂ လရှိပြီ။ ထိုးဆေးမရောက်လို့ မရိုက်ရသေးဘူး။ ထိုးဆေးကလည်း ထိုင်း၊ အိန္ဒိယ၊ ပိုလန်နိုင်ငံတွေက တင်သွင်းတာ သွင်းမရလို့ ကိုယ့်လိုပဲ တန်းစီပြီး စောင့်နေရတဲ့လူတွေ အများကြီးရှိတယ်။ ဘယ်နေ့ရောက်မလဲဆိုတာလည်း အတိအကျ မသိရဘူး။ ဆေးရောက်ရင် ဖုန်းဆက်ပေးမယ်လို့ပဲ ပြောထားတယ်” ဟု လူနာတစ်ဦးက ပြောသည်။ DTPA Scan ကို လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပင်လုံဆေးရုံတို့တွင်သာ ပြုလုပ်နိုင်ပြီး အခြားဆေးရုံများတွင် စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ကျောက်ကပ်ဝေဒနာရှင်များအတွက် အခက်အခဲပိုမိုကြုံတွေ့နေရကြောင်း သိရှိရသည်။ “ကုသမှုကို မြန်မြန်လုပ်နိုင်ဖို့ အချိန်မစောင့်ဘဲ လိုအပ်တာတွေ အမြန်ဆောင်ရွက်နေတာတောင် DTPA ရိုက်ရမယ့်အဆင့်တစ်ခုတည်းနဲ့ပဲ တိုင်ပတ်ပြီး လနဲ့ချီစောင့်နေရတယ်” ဟု အဆိုပါလူနာက ဆက်လက်ပြောဆိုသည်။ ကျောက်ကပ်ဝေဒနာရှင်များအတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးကုသရေးပစ္စည်းများ ပြတ်လပ်မှုမှာ လပေါင်းများစွာကြာမြင့်နေပြီး အသက်ရှင်သန်ရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆေးဝါးများ အမြန်ဆုံး ပြန်လည်ရရှိနိုင်ရန် လိုအပ်နေကြောင်း ကျောက်ကပ်ဝေဒနာရှင်များက ပြောဆိုကြသည်။ မြန်မာနိုင်ငံ၏ ဆေးဝါးစျေးကွက်သို့ ပြည်ပမှ ဆေးဝါးများ တင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာ ရှားပါးခြင်းနှင့် စစ်ကောင်စီ၏ နိုင်ငံခြားငွေကြေး ထိန်းချုပ်မှုများကြောင့် ဆေးဝါးတင်သွင်းမှုများ လျော့နည်းလာကာ ဆေးဝါးပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေကြောင်း ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများက ပြောဆိုထားသည်။ အထူးသဖြင့် ကျောက်ကပ်ဆေးရာတွင် အသုံးပြုရသည့် ဆေးရည်နှင့် ဆေးပစ္စည်းများ ပြတ်လပ်နေခြင်းမှာ ကျောက်ကပ်နာတာရှည် လူနာများအတွက် အဆိုးရွားဆုံး ပြဿနာတစ်ခုဖြစ်နေကြောင်း သိရှိရသည်။ “Hemodialysis Fluid A နဲ့ B ဆေးရည်ဆိုတာ သူတို့ ဆေးဝါးတွေ တင်သွင်းခွင့် ထိန်းချုပ်ကတည်းက ပြတ်လပ်နေတာ။ လုံလောက်အောင် သွင်းမရဘူး။ အဲဒီဆေးရည်တွေ ရှားပါးနေတာ နှစ်နဲ့ ချီနေပြီ။ ဆေးရည်စျေးနှုန်းတွေ တက်လာတော့ ကျောက်ကပ်ဆေးခတွေလည်း မိုးထိထောင်တက်နေတာ” ဟု ကျောက်ကပ်ဆေးကုသမှုပေးနေသည့် ပုဂ္ဂလိက ဆရာဝန်တစ်ဦးက ရှ်င်းပြသည်။ ကျောက်ကပ်ဆေးရည်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ကုသမှုကုန် ကျစရိတ်ကို မတတ်နိုင်တော့သည့် လူနာများလည်း ရှိလာနေပြီး အခမဲ့ကျောက်ကပ်ဆေးစင်တာများတွင် စောင့်ဆိုင်းသူများ များပြားနေသည့်အတွက် ကုသမှုရရှိရန် စောင့်ဆိုင်းနေစဉ် သေဆုံးသူများလည်းရှိကြောင်း ပြည်တွင်းကျောက်ကပ်ဝေဒနာရှင်အသိုင်းအဝိုင်းက ပြောဆိုသည်။ “ဆေးရည်မရလို့ ကျောက်ကပ်ဆေးခက တအားကို စျေးတက်တာ။ အခမဲ့ကျောက်ကပ်ဆေးစင်တာတွေမှာလည်း လူတွေက အရမ်းပြည့်နေတာ။ ကိုယ့်အလှည့်ရောက်ဖို့ အခမဲ့ ကျောက်ကပ်ဆေးဖို့ စောင့်ဆိုင်းရင်းနဲ့ သေဆုံးတာတွေလည်းရှိပါတယ်” ဟု ကျောက်ကပ်ဝေဒနာရှင်များကို ကူညီနေပြီး မိမိကိုယ်တိုင်လည်း ကျောက်ကပ်ဆေးကုသမှု ခံယူနေရသည့် ဝေဒနာရှင်တစ်ဦးက ပြောဆိုသည်။
4 814
14
Sin texto...
5 465
15
ဗီယက်နမ်မြေပေါ်ကနေ မြန်မာအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တာတွေကို ခွင့်မပြုဘူးလို့ ဗီယက်နမ်က ပြော၊ နွေဦးတော်လှန်ရေးထောက်ပို့များနှင့် စစ်မှုထမ်းတိမ်းရှောင်သူများအတွက် အတွက် ဗီယက်နမ်က အန္တရာယ်ရှိနိုင် ရန်ကုန်၊ စက်တင်ဘာ ၆ ဗီယက်နမ်နိုင်ငံ၏ နယ်မြေကို အသုံးပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သည့် နိုင်ငံရေး၊ စစ်ရေးနှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဗီယက်နမ်အစိုးရနှင့် မြန်မာစစ်တပ်ခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း သိရသည်။ ဗီယက်နမ်သမ္မတ တိုလမ်နှင့် မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ စက်တင်ဘာလ ၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာမှ ယခုကဲ့သို့ နှစ်နိုင်ငံအချင်းချင်း၏ နယ်မြေကို အခြားတစ်ဖက်နိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အသုံးပြုခွင့်မပြုရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံနယ်မြေအတွင်းမှ မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံနယ်မြေကိုလည်း ဗီယက်နမ်နိုင်ငံအား ဆန့်ကျင်သည့် လုပ်ရပ်များအတွက် အသုံးပြုခွင့်မပြုရန် နှစ်ဖက်က ကတိပြုခဲ့ကြသည်။ ထို့ပြင် ဗီယက်နမ်နှင့် မြန်မာစစ်တပ်တို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်သွားရန် သဘောတူခဲ့ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ ဗီယက်နမ်နှင့် မြန်မာစစ်တပ်အကြား သဘောတူညီချက် ထွက်ပေါ်လာခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခြေချနေထိုင်ပြီး နွေဦးတော်လှန်ရေးအတွက် ငွေကြေးနှင့် အခြားနည်းလမ်းများဖြင့် ထောက်ပံ့ကူညီနေသူများ၊ တော်လှန်ရေးအသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်များအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ရာတွင် ပိုမိုသတိထားရန် လိုအပ်လာနိုင်ကြောင်း ထိုင်းအခြေစိုက် တော်လှန်ရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဗီဇာကုန်ကျစရိတ် သက်သာခြင်းနှင့် နေထိုင်ခွင့်သက်တမ်းတိုးရန် လွယ်ကူခြင်းတို့ကြောင့် မြန်မာနိုင်ငံသားအချို့က Stay ရှောင်ရန်နှင့် ဗီဇာသက်တမ်းတိုးရန် သွားရောက်လေ့ရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။ "ထိုင်းမှာ ဗီဇာသက်တမ်းတိုးဖို့အတွက် စျေးသက်သာတဲ့ ဗီယက်နမ်ကို သွားကြတယ်။ ဗီဇာ လွယ်ကူတာ၊ နေထိုင်စားသောက်စရိတ် စျေးပေါတာကြောင့် ဗီယက်နမ်မှာ စစ်မှုထမ်းတိမ်းရှောင်ဖို့ သွားကြတာတွေလည်းရှိတယ်။ အခု မြန်မာစစ်တပ်နဲ့ ဗီယက်နမ်အကြား သဘောတူညီမှုတွေရှိနေတဲ့အတွက် နွေဦးတော်လှန်ရေးထောက်ပို့ တွေနဲ့ စစ်မှုထမ်းတိမ်းရှောင်နေသူအတွက် ဗီယက်နမ်က အန္တရာယ်ရှိနိုင်တယ်" ဟု ထိုင်းဗီဇာဝန်ဆောင်မှု ပေးနေသော ဘန်ကောက်အခြေစိုက် ဗီဇာဝန်ဆောင်မှု လုပ်ကိုင်သူက သတိပေးသည်။ ဗီယက်နမ်အစိုးရက ၎င်း၏နယ်မြေကို မြန်မာစစ်တပ်အား ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အသုံးပြုခွင့်မပြုဟု တရားဝင်သဘောတူညီချက် ထွက်ပေါ်လာပြီးနောက် နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီနေသူများနှင့် တော်လှန်ရေးအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံသားများ၊ ပြည်တွင်းမှ စစ်မှု ထမ်း ဆင့်ခေါ်မှုကို တိမ်းရှောင်ရန် ထွက်လာသူများ အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ခရီးသွားခြင်း၊ ယာယီသွားရောက်နေထိုင်ခြင်းနှင့် ဗီဇာသက်တမ်းတိုးခြင်းများ ပြုလုပ်ရာတွင် လုံခြုံရေးအခြေအနေကို အထူးသတိပြုရန် လိုအပ်လာနိုင်ကြောင်း သတိပေးကြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော မြန်မာမော်ဒယ်အလှမယ် ဟန်လေးသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် ဗီဇာသက်တမ်းတိုးရန် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗီဇာသက်တမ်းတိုးပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစဉ် ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ ထိန်းသိမ်းခံရခြင်းမှာ မော်ဒယ်ဟန်လေး၏ နိုင်ငံကူးလက်မှတ်ကို မြန်မာစစ်တပ်က ဖျက်သိမ်းခဲ့ခြင်းကြောင့် ဖြစ်ပြီး ထိုင်းလေဆိပ်အတွင်း ပိတ်မိခဲ့ရသည်။ နောက်ဆုံးတွင် မော်ဒယ်ဟန်လေးမှာ ကနေဒါနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့သည်။
5 605
16
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်အတွင်း သတင်းအချက်အလက်နှင့် လုံခြုံရေးကျိုးပေါက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့တယ်ဆိုပြီး ဒုတိယစစ်ခေါင်းဆောင် ကျော်စွာလင်းကပြောဆိုလာသလို ၊ စစ်တပ်အတွင်း သတင်းပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းဖို့ကိုပါ သတိပေးပြောဆိုလာပါတယ်။ - ကချင်ပြည်နယ် ၊ ရွေကူမြို့နယ်မှာ စစ်ဘော်ပေါ်ကနေ KIA ပူးပေါင်းတပ်တွေဆီ အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်သုံ့ပန်း အယောက် ၁၉၀ ထဲမှာ စစ်သား ၊ ရဲ နဲ့ တပ်မိသားစုဝင်တွေ ပါဝင်တယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းကိုယ်တိုင်က လူမှုကွန်ယက်တွေကနေ တဆင့် ဝန်ခံပြောဆိုလာကြပါတယ်။ - ရန်ကုန်မြို့မှာ စစ်မှုထမ်းအတွက် လူငယ်တွေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေ အလွန် ဆိုးရွားလာနေပြီး ၊ မရမ်းကုန်းမြို့နယ်က မောင်ဝဏ္ဏဖြိုး ဆိုတဲ့လူငယ်လည်း နေ့ခင်းဘက် မုန့်ဝယ်ထွက်ရာကနေ ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောလာကြပါတယ်။ - ရုရှား ယူကရိန်းစစ်ပွဲ ဆက်လက်ပြင်းထန်နေချိန်မှာပဲ ရုရှားက အရင်ထက် ပိုမိုမြန်ဆန်တဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို အများအပြားအသုံးပြု တိုက်ခိုက်လာတာကြောင့် ယူကရိန်းအရပ်သား သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=B-cKZxWaRdM
7 080
17
Sin texto...
9 946
18
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံး ရန်ကုန်၊ စက်တင်ဘာ ၅ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၅ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
9 913
19
Sin texto...
10 499
20
မင်းဘူးတွင် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှု အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံး၊ မြိုင်တွင်လည်း စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက် ရန်ကုန်၊ စက်တင်ဘာ ၅ မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ မုတ္တောကြီးကျေးရွာသို့ စစ်တပ် စစ်ကြောင်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၂၀ အရွယ် မသန်စွမ်း မဝေဝေဌေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် တို့သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၇ နာရီအတွင်း ပေါင်းကျေးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ကာ မုတ္တောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုအတွင်း မုတ္တောကြီးကျေးရွာတွင် နေထိုင်သည့် စကားမပြောနိုင်သော အသက် ၂၀ နှစ်အရွယ် မသန်စွမ်းအမျိုးသမီး မဝေဝေဌေး နှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင် (၁၃ နှစ်) တို့ ၂ ဦး သေဆုံးခဲ့ပြီး မအိသီရိအောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မုတ္တောကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ မရှိသကဲ့သို့ မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ "စစ်ကြောင်းက နံနက် ၆ နာရီ ကနေ ၇ နာရီအတွင်း ပေါင်းရွာကနေ အင်အား ၈၀ နဲ့ မုတ္တောကြီးဘက်ဝင်ပြီး လက်နက်ကြီးငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာလို့ပြောတယ် အဲမှာ ခုအသတ်ခံရသူတွေက ရွာထဲကျန်ခဲ့တာလား၊ ဘယ်လိုဆိုတာတိတိကျကျမသိရဘူး။ ၂ ဦးကတော့ ကျည်ထိမှန်ပြီး သေဆုံးတယ်ပေါ့။ ၁ ဦး ဒဏ်ရာရတယ်။ အဲဘက်မှာက တော်လှန်ရေးအဖွဲ့တွေလည်းမရှိဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် မြိုင်နယ်တောင်ပိုင်း ကျေးရွာနှစ်ခု၏ ဘောလုံးကွင်း နှစ်ခုအတွင်းကို ပခုက္ကူ တပ်မ ၁၀၁ မှတက်လာသော အသေခံ ဒရုန်း ၂ စီးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ဘောလုံးကစားနေသူများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။
10 613