cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Ko'proq ko'rsatish
Reklama postlari
534 084
Obunachilar
-24224 soatlar
-1 3517 kunlar
+3 29030 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

👍 25👏 11 8😁 1🤣 1
လှိုင်သာယာမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံး ရန်ကုန်၊ မေ ၁၃ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားကို အမည်မသိ သေနတ်သမားများက ဆောက်လုပ်ရေး မှတ်တိုင်အနီး ပစ်ခတ် တိုက်ခိုက်ရာ ဝမ်းဗိုက်ကို သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့ မွန်းလွဲ ၂ နာရီက လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ်ခံပြီး သေပြီ ဆောက်လုပ်ရေး မှတ်တိုင်အနီးမှာ ပစ်ခံလိုက်ရတာ ဗိုက်ကို ကျည် ၂ ချက်ထိပြီး ပွဲခြင်းပြီး သေတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။ သေဆုံးသွားသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ၆ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အဖြစ်လုပ်ကိုင်ပြီး ဆန္ဒပြ လူငယ်များ၏ သတင်းများကို စုံစမ်းကာ စစ်တပ်ကိုသတင်းပေးခြင်း၊ ၎င်းကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးပေးခြင်း၊ လှိုင်သာယာမြို့နယ် ဆန္ဒပြခေါင်းဆောင် ပရဟိတသမား ကိုသားဇော်ကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင်လည်း အောင်ကျော်ထူး (ခ) အညာသား၏ သတင်းပေးပို့မှုကြောင့်ဖြစ်ကြောင်း ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။ လက်ရှိချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကားများကို တားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Hammasini ko'rsatish...
17👍 16👏 1
Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့က ရိုဟင်ဂျာ အယောက်၇၀၀၀ လောက်ဟာ ရခိုင့်တပ်တော် AA ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက် ခိုလှုံလာတယ်လို့ ရခိုင့်တပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ကနေ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ - စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် ရက်ချိန်းယူဖို့တောင် ပွဲစားနဲ့ ငွေကြေးပေးနေရတဲ့အပြင် ၊ စင်ကာပူမှာ သူနာပြု အလုပ် လုပ်ကိုင်သူမှန်သမျှ ကိုလည်း စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ မြန်မာနိုင်ငံ ပြန်ခိုင်းနေတယ်လို့ စင်ကာပူရောက် မြန်မာတွေဆီကနေ သိရပါတယ်။ - ရခိုင်ပြည်နယ် သံတွဲမြို့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ကြူကြူလှရဲ့ ဇာတိကျေးရွာ ဇီးကျွန်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=MB19suk3zc8
Hammasini ko'rsatish...
Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီရဲ့ ...

👍 94 18😁 4
🤬 63😢 17👎 6👍 3
သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေ ရန်ကုန်၊ မေ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း Thabeikkyin Revoluation - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၁၂ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကြာညှပ်ကျေးရွာ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။ "၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့က မီးရှို့တာ တိုက်ပွဲလည်း ဖြစ်တယ်။ မနေ့ကကော ဒီနေ့ကော တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ခွေးတွေဘက်က ထိခိုက်မှုရှိမရှိဆိုတာတော့ မသိရသေးဘူး" ဟု Thabeikkyin Revoluation - TR မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိချိန်တွင် ကြာညှပ်ကျေးရွာရှိ ပြည်သူများများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ကြာညှပ်ရွာသည် နေအိမ် ၇၀၀ ဝန်းကျင်ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။
Hammasini ko'rsatish...
🤬 63👍 17👎 3😢 1
မလေးရှားနိုင်ငံ ဂျိူဟိုးစီနိုင်း ညီညာစုရုန်း 22222 ပြည်ပထောက်ပို့အဖွဲ့က ဦးဆောင်၍ ရန်ပုံငွေရုပ်ရှင်ပြပွဲပြုလုပ် ရန်ကုန်၊ မေ ၁၃ မလေးရှားနိုင်ငံ ဂျိူဟိုးစီနိုင်း ညီညာစုရုန်း 22222 ပြည်ပထောက်ပို့အဖွဲ့က ဦးဆောင်၍ ရန်ပုံငွေရုပ်ရှင်ပြပွဲကို မေလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပွဲမှ ရရှိလာသောရန်ပုံငွေများကို ပြည်တွင်းဒေသစစ်ရှောင်စခန်းများနှင့် ကလေးသူငယ် ပညာရေးအထောက်ကူများ၊ PDFရဲဘော်များထံသို့ လှူဒါန်းထောက်ပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Hammasini ko'rsatish...
110👍 48🥰 2
👍 69 45👏 5
မုံရွာမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People's Defence Force - South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၁၁ ပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်းတနေရာ၌ ပဒေသာ မိုင်း ၂ လုံး ၃ ပွိုင့် ၃ လုံး ၂ ပွိင့်၊ ရှေ့ထွက်မိုင်း ၂ လုံး စုစုပေါင်းမိုင်း ၁၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ပေါ်ပါ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး တွဲကား တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။ “အင်အားဖြည့်တဲ့ကားတွေ မဟုတ်ပါဘူး။ ဝမ်ပေါင်ဘက်ကနေ ပစ္စည်းတွေ သယ်နေတဲ့ကား တွေပါ။ မိုင်းဆွဲပြီးတော့ တွဲကားတစ်စီး ခနထိုးရပ်သွားပါတယ်။ ခနနေမှ ခွေးသေတွေရော၊ ဒဏ်ရာရတဲ့ဟာ တွေရော တင်ပြီး ပြန်မောင်းထွက်သွားတာ” ဟု People's Defence Force - South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People's Defence Force - South Monywa တပ်ခွဲ ၁ ၊ Area71 People's Defence Force၊ မုံရွာမြို့နယ်၊ တိုက်နယ် ၃ ရပ်ကျေး ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Hammasini ko'rsatish...
👍 90 18👏 10
🖕 123🤬 18💩 10👍 8👎 1 1🥰 1👏 1🤮 1
သံတွဲနှင့် ကျောက်တံခါး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် အန္တရာယ် စိုးရိမ်ရ ရန်ကုန်၊ မေ ၁၃ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အောက်နတ်မော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇီးကျွန်းရွာဘက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုဆိုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အောက်နတ်မော်ကျေးရွာရှိ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်ကာ ဦးသံလုံးနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ "ဇီးကျွန်းဘက်က စစ်ခွေးတွေက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်။ သူတို့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ဇီးကျွန်းရွာကျော်ပြီး အောက်နတ်မော်ကျေးရွာမှာရှိတဲ့ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ၁ လုံးကျတာ ဦးသံလုံး လည်ပင်းကို လက်နက်ကြီး ကျည်စထိမှန်တယ်။ ဒဏ်ရာရထားတာ ၂ ဦး လို့သိရတယ်။ သံတွဲ ဆေးရုံကို သယ်ဖို့ လုပ်နေတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။ ထို့ပြင် မေလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဇီးကျွန်းရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။ အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာတွင် အပကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။ မေလ ၁၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးသည် အိမ်သန့်ရှင်းရေး ပြန်လုပ်စဉ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် အသက် ၄၃ နှစ်အရွယ် မစုစုမာ နှင့် အသက် ၄၀ အရွယ် ကိုသန်းနိုင်စိုး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစုစုမာသည် ဦးခေါင်းကို ကျည်စထိမှန်ခြင်းကြောင့် အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။ "ကြိမ်ခါးကုန်းကျေးရွာတွင် အိမ်သန့်ရှင်းရေးပြန်လာလုပ်တဲ့ မစုစုမာ နဲ့ ကိုသန်းနိုင်စိုး စစ်တပ်က ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်တယ်။ မစုစုမာ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရထားတယ် အသက်အန္တရာယ် အထူးစိုးရိမ်ရတယ်။ ကိုသန်းနိုင်စိုးကတော့ ကျောဘက်ကို ထိခိုက်ဒဏ်ရာ ရသွားပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ ကြိမ်ခါးကုန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သော အင်ကုန်းရွာ၊ သင်နှီးကောင်းရွာများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။
Hammasini ko'rsatish...
🤬 147👍 34😢 9 4🤣 2