cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Більше
Рекламні дописи
539 014
Підписники
+17924 години
+4 4487 днів
-41930 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
💩 57🤣 18🖕 17 5🔥 3🤮 2🏆 1
ဖမ်းဆီးခံထားရသော အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် မင်းအောင်လှိုင်၏ လက်ရုံး တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုး ရန်ကုန်၊ ဇူလိုင်၂ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အလယ်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် ဖမ်းဆီးစစ်ဆေးခံနေရစဉ်တွင် တပ်တွင်း အပြောင်းအရွှေ့ထပ်မံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလယ်ပိုင်းတိုင်းမှူးအဖြစ် အစားထိုးခန့်အပ်လိုက်သော ဗိုလ်ချုပ်အောင်ခိုင်ဝင်း သည် မင်းအောင်လှိုင်၏ အားကိုးယုံကြည်ရသည့် လက်ရုံးလည်း ဖြစ်ကြောင်း သိရှိရသည်။ " ဗိုလ်ချုပ်အောင်ခိုင်ဝင်းနဲ့ တိုက်ရိုက် လဲလှယ်တာ ။ တချို့တပ်တွင်း သတင်းအရင်းအမြစ်တွေအရ အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်း ဒဲ့ချိန်းတယ်ပြောပေမယ့် ကျွန်တော့် တပ်တွင်းအရင်းအမြစ်ကတော့ ဗိုလ်ချုပ်ကြည်ခိုင်သည် လုံးဝ ပြုတ်တယ်ဆိုတဲ့ အနေအထား၊ ဒါမှမဟုတ်ရင် စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေးခံနေရတယ်။ ပြစ်မှု ထင်ရှားရင် စစ်တရားရုံးနဲ့ ပြစ်ဒဏ် ချမှတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်"ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာတွင် မတ္တရာ လေကြောင်းရန်ကာကွယ်ရေး တပ်အပါအဝင် စီးနင်းတိုက်ခိုက်ခံရခြင်း ၊ ပြင်ဦးလွင် နားအထိ မဟာအးမိတ်တပ်ဖွဲ့များက ချဉ်းကပ်လာသည့် သဘောရှိ၍ မင်းအောင်လှိုင်သည် သူ ယုံကြည်ရသည့်သူကို တြိဂံတိုင်း မှ အလယ်ပိုင်းသို့ ပြောင်း၍ တာဝန်ပေးခြင်း ဖြစ်ကြောင်း ၊ နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တြိဂံတိုင်းအတွက် တိုင်းမှူး အသစ် မည်သူ့ကို ခန့်အပ်မည်ကို ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်သည် စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တွင် မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ၍ စစ်ဆေးမှုများ အကြိမ် ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ဆရာတော်ကြီးက မိန့်ဆိုခဲ့သည်။ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်း။
Показати все...
👍 48💩 13😁 7👎 4🔥 2
94👍 20😁 2💩 1🕊 1🖕 1
102👍 23😁 2💩 1🕊 1🖕 1
အောင်လံလွှင့်မည် ဒေါင်းသွေးနီ နံနက်ခင်း သပိတ်စစ်ကြောင်းကစစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ဇူလိုင် ၂ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဇူလိုင်လ ၂ နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
Показати все...
68👍 25🥰 1😁 1💩 1
Фото недоступнеДивитись в Telegram
👍 107 14😁 8🔥 2💩 2
ရှမ်းမြောက်တိုက်ပွဲများတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများမဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား ရန်ကုန်၊ ဇူလိုင် ၂ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများ မဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ရမခစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။ ၁၀၂၇ စစ်ဆင်ရေး၏ ပထမလှိုင်းအတွင်း လောက်ကိုင်ဒကစ အပါအဝင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် ၆ ဦး အပါအဝင် အရာရှိနှင့်စစ်သည် ၄၀၀၀ ကျော် လက်နက်ချ အညံ့ခံမှုများဖြစ်ပွားခဲ့သည့်အတွက် ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ယင်းကဲ့သို့ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် လက်နက်ချအညံ့ခံမှုများ လုံး၀(လုံး၀) မဖြစ်စေရေး အနီးကပ်ကြီးကြပ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ရမခ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များတွင် တပ်ရင်းမှူးများက လက်နက်ချ အညံ့ခံခြင်း၊ ထွက်ပြေးခြင်းများ လုပ်ဆောင်ပါက ဖမ်းမိလျှင် ဥပဒေအရ အရေးယူမည်မဟုတ်ဘဲ တစ်ခါတည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း သိရှိရသည်။ "စစ်ရုံးဘက်က လက်နက်ချအညံ့ခံမှုတွေ မဖြစ်အောင် အနီးကပ်ကြီးကြပ်ဖို့ပဲ ညွှန်ကြားတာ။ အောက်ခြေမှာတော့ တပ်ရင်းမှူးတွေနဲ့ အရာရှိတွေက စစ်သည်တွေကို လက်နက်ချရင် ထွက်ပြေးရင် ပစ်သတ်မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်" ဟု လားရှိုးအခြေစိုက် ရမခစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။ ထို့ပြင် စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မှူးများ၊ အရာရှိကြီးများ၏ ကိုယ်ရေးရာဇဝင်များနှင့် ဆွေမျိုးများ စာရင်းကိုလည်း ထပ်မံ ပြုစုပေးပို့ ညွှန်ကြားပြီး အကယ်၍ လက်နက်ချမှု၊ ထွက်ပြေးမှု ဖြစ်ပွားလျှင် ဆွေမျိုးများအထိပါ ဖမ်းဆီးအရေးယူခံရမည်ဟု သတိပေး ညွှန်ကြားမှုများလည်း ရှိနေကြောင်း သိရှိရသည်။ ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုအတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက်န မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။ ထို့ပြင် အခြား ဗိုလ်မှူးချုပ် ၃ ဦးဖြစ်ကြသည့် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင် ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကို လည်း ကောင်း၊ လောက်ကိုင်မှ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးတို့ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စစ်ခုံရုံးက ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ - ယခုနှစ် ဇန်နဝါရီလ လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Показати все...
🤣 96👍 72 4😁 4🥴 2🙈 1😎 1
Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြန်မာပြည်သူတွေအကြား ရေပန်းစားအသုံးများနေတဲ့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ - မန္တလေးတိုင်း၊ မိုးကုတ်မြို့ တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။ - မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ မတ္တရာမြို့နယ် - ပကဖ - မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်တယ်လို့ ကချင်ပြည်နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန် သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=4bw0RDVFE3w
Показати все...
Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇူလိုင် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြန်မာပြည်သူတွေအကြား ရေပန်းစားအသုံးများနေတဲ့ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ - မန္တလေးတိုင်း၊ မိုးကုတ်မြို့ တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် TNLA က စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိပြီး လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။ - မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့ မတ္တရာမြို့နယ် - ပကဖ - မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်တယ်လို့ ကချင်ပြည်နယ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန် သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

👍 130 11👏 1😁 1
👏 62👍 39 18😴 2🥰 1
မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည် ကျဆင်းလာ ရန်ကုန်၊ ဇူလိုင် ၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် တအိအိ ပြန်လည် ကျဆင်းလာကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေး သမားများထံမှ သိရှိရသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှစတင်ပြီး ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည်ကျဆင်းလာရာ ယခုအခါ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၄၀၀ စင်တီမီတာအောက်သို့ ကျဆင်းသွားကြောင်း သိရှိရသည်။ "မြစ်ကြီးနားမြို့ မှာ အခု ရေက ပြန်ကျနေပြီ။ မြစ်ရေက ၈ လက်မကျော်လောက်တော့ ကျသွားတယ်။ ပိတ်မိနေတဲ့သူတွေလည်း ကယ်ဆယ်ရေးတွေတော့ ညလုံးပေါက် လုပ်နေတာရှိတယ်" ဟု ကူညီကယ်ဆယ်ရေးပရဟိတ သမားတစ်ဦးက ပြောဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီမြစ်ရေ တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၀၄ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း၊ ပေအားဖြင့် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂၀၄ စင်တီမီတာ ၆ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေတက်နှုန်းသည် ၁ နာရီလျှင် ၂ စင်တီမီတာ (သို့မဟုတ်) ၁ လက်မ ရေတက်နေကြောင်း၊ မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ ၁၄၀၈ စင်မီတာ အထိ မြစ်ရေ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Показати все...
👍 114 17🙏 6🥰 2👏 2
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.