es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Khit Thit Media

Khit Thit Media

Ir al canal en Telegram

🚩 Channel was restricted by Telegram

Mostrar más

📈 Análisis del canal de Telegram Khit Thit Media

El canal Khit Thit Media (@khitthitnews) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 339 433 suscriptores, ocupando la posición 397 en la categoría Noticias y medios y el puesto 35 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 339 433 suscriptores.

Según los últimos datos del 17 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -11 603, y en las últimas 24 horas de -336, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.30%. Durante las primeras 24 horas tras publicar, el contenido suele obtener 2.78% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 11 214 visualizaciones. En el primer día suele acumular 9 427 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 265.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“🚩 Channel was restricted by Telegram”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

339 433
Suscriptores
-33624 horas
-2 6077 días
-11 60330 días
Archivo de publicaciones
photo content
+1

မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးကူညီရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့က လွှတ်တော်တွင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင် တက်ရောက် ရန်ကုန်၊ အောက်တိုဘာ ၁၈ ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးကူညီနေသည့် ပါတီစုံလွှတ်တော်အမတ်များအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော်အတွင်း အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးကို မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီသည့် လွှတ်တော်အမတ်များအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၏ ဆေးခန်းအုပ် ဒေါက်တာ စင်သီယာမောင်ကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ဒေါက်တာ စင်သီယာမောင်သည် မကြာသေးမီက အိုကီနာဝါငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ဆုလက်ခံရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ဒေါက် တာ စင်သီယာမောင်က ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် ကျန်းမာရေးအပေါ် သက် ရောက်မှုရှိသည့် လူမှုရေးအခြေအနေများ ကို အဓိကထား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ထားသော မယ်တော်ဆေးခန်းအနေဖြင့် နိုင်ငံသားမခွဲခြားဘဲ အခမဲ့ဆေးကုသမှုပေးခဲ့သည်မှာ ၃၅ နှစ်ကျော်ပြီဖြစ်ပြီး ဆေးကုသမှုပေးခြင်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဒေသခံလူထုနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လာခဲ့သည့် အတွေ့ အကြုံများကို အခြေခံကာ ဆွေးနွေးဟောပြောကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ ဂျပန်လွှတ်တော်အမတ် ၁၅ ဦးခန့် တက်ရောက်ခဲ့ပြီး ဒေါက်တာ စင်သီယာမောင်၏ ဆွေးနွေးဟောပြောမှုသည် မြန်မာနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ လူ သားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို သိရှိနားလည်နိုင်ရန် အထူးအကျိုးရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် ရေတိုအကူအညီများသာမက ရေရှည်အထောက် အပံ့များကိုပါ ပေးအပ်ရန် ဒေါက်တာ စင်သီယာမောင်က တောင်းဆိုကြောင်း သိရှိရသည်။ ယင်းတောင်းဆိုချက်နှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးကူညီရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ဝင်များကလည်း ရေရှည်အကူအညီများ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

photo content

အကြမ်းဖက်စစ်တပ် လက်အောက်ခံ BGF ဗိုလ်မုတ်သုန်က DKBA ဗိုလ်ဘိနှင့်ပူးပေါင်းပြီး မိဇိုင်းတောင်ခြေတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်စခန်းအသစ်များ လျှို့ဝှက် ထပ်မံဆောက်လုပ်နေ 🟥 စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ဟိုတယ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့်ကျောက်မျက်လုပ်ငန်းများ ဟန်ပြ လုပ်ကိုင်ကာ ငွေမည်းခဝါချပြီး ငွေဖြူပြောင်း ရန်ကုန်၊ အောက်တိုဘာ ၁၈ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အခြေစိုက်ထားသော စစ်တပ် လက်အောက်ခံ BGF ဗိုလ်မုတ်သုန်က မြိုင်ကြီးငူတစ်ဖက်ကမ်းရှိ စစ်တပ်ဘက်တော်သား DKBA ဗိုလ်ဘိတပ်များ၏ စိုးမိုးနယ်မြေဖြစ်သော မိဇိုင်းတောင် ခြေဘက်သို့ မြဝတီမှကျားဖြန့်ဆိုဒ်များကို ရွှေ့ပြောင်းပြီး လုပ်ငန်းများပူးပေါင်းလုပ်ကိုင် ချဲ့ထွင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ BGF ဗိုလ်မုတ်သုန်မှာ စစ်တပ်နှင့်ပူးပေါင်း၍ မြ၀တီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေပြီး DKBA ဗိုလ်ဘိမှာလည်း စစ်တပ်နှင့်အတူ ကရင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုများကို ပူးတွဲဆောင်ရွက်နေသူဖြစ်ကာ ၂ ဦးစလုံးမှာ အကြမ်းဖက် စစ်တပ်၏ လက်အောက်ခံအဖြစ် ပါဝင်ဆောင်ရွက်နေကြသူများဖြစ်သည်။ မြ၀တီမြို့နယ်တွင် ကျားဖြန့် လုပ်ငန်းများစွာ လုပ်ကိုင်နေသော BGF ဗိုလ်မုတ်သုန်က ဘားအံမြို့နယ်အတွင်းရှိ မိဇိုင်းတောင်ခြေတစ်ဝိုက်သို့ ကျားဖြန့် စခန်းသစ်များတည်ဆောက်ခြင်းနယ်မြေ့ချဲ့ထွင်ခြင်းများ ပြုလုပ်လျက်ရှိရာတွင် BGF ဗိုလ်မုတ်သုန်၏ တူများဖြစ်သော ဗိုလ်နိသော် နှင့် ဗိုလ်ချင်းလုံတို့မှာ ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကျားဖြန့်လုပ်ငန်းများမှ ရရှိသော ငွေကြေးများကို BGF ဗိုလ်မုတ်သုန်၏ သားဖြစ်သူ စောညိုလင်း(ခ) စောကာကူးနှင့် ဗိုလ်မုတ်သုန်၏ လူယုံ ကို၀ိုင်းတို့က စစ်တပ်၏ ခွင့်ပြုချက်ဖြင့် ဘားအံတွင် ဟိုတယ်လုပ်ငန်းများ၊ မြ၀တီမြို့တွင် Steel Stone ကုမ္ပဏီ၊ Myawaddy Villa အိမ်ခြံမြေလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း များ အအယောင်ပြ လုပ်ကိုင်ကာ ငွေမည်းများကို ငွေဖြူအဖြစ်ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ ငွေကြေးခဝါချမှုများ လုပ်ဆောင်နိုင်ရေးအတွက် လူယုံ ကိုဝိုင်းနှင့် ဗိုလ်မုတ်သုန် ၏ ကိုယ်ရေးအရာရှိ ညီခိုင်တို့မှာ လက်ရှိ မြဝတီမြို့ပေါ်တွင် စစ်တပ်၊ရဲနှင့် ဌာန ဆိုင်ရာ များအားလုံးကို ချိတ်ဆက် ငွေကြေးပေးဆောင်နေကြောင်း၊ ဗိုလ်မုတ်သုန် သမက် အယ်ကော်စေး၊ ဗိုလ်မုတ်သုန်၏ တူ ကျော်ဆန်းမြင့်အောင်နှင့် တူ စောကျေးရာဖောတို့မှာ ကျားဖြန့်လုပ်ငန်းများအတွက်မဲဆောက်မှ မြဝတီသို့ လူကုန်ကူးခြင်းလုပ်ငန်းများနှင့် လက်နက်မှောင်ခို လုပ်ငန်းများ ၊တရားမဝင်ကားဝှစ်သောက် များသယ်ယူခြင်းတို့လည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဗိုလ်မုတ်သုန်၏ တပ်များက အဓိက ထိန်းချုပ်ထားသော နှစ်နိုင်ငံ နယ်စပ် ၁ ဂိတ် ၊ ၄၄ ဂိတ်နှင့်ရေလယ်ကျွန်းဂိတ်များသည် ထိုင်းဘက်မှ တရားမဝင်ကုန်စည်များ၊ လက်နက်များနှင့် ကျားဖြန့်လုပ်ငန်းများအတွက် လိုအပ်သော ရိက္ခာ၊ စက်သုံးဆီများကို သယ်ယူနေကြောင်း သိရှိရသည်။ ဗိုလ်မုတ်သုန်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန DSI က ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှု၊ လူကုန်ကူးမှုနှင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများ ပုန်းခိုနိုင်ရန် ကူညီပေးမှုတို့နှင့် ပတ်သက်ပြီး ထိုင်းရာဇဝတ်တရားရုံးက ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ဖမ်း၀ရမ်းထုတ်ပြန်ခဲ့သည်။ ဖမ်းဝရမ်းတွင် ဗိုလ်မုတ်သုန်သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ပတ်သက်နေကြောင်း ယုံကြည်လောက်သည့် အထောက်အထားများ ရရှိထားသဖြင့် ထိုင်းဥပဒေအရ အရေးယူရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုင်း DSI ၏ စုံစမ်းစစ်ဆေးမှုတွင် ဗိုလ်မုတ်သုန်နှင့် ဆက်စပ်နေသည့် ပြစ်မှုများထဲ၌ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများနှင့် ပတ်သက်မှု၊ လူကုန်ကူးမှုနှင့် လူကုန်ကူးသူများအတွက် ခိုလှုံရာနေရာများ စီစဉ်ပေးမှုတို့ ပါဝင်ကြောင်း ၊ ထိုင်းနိုင်ငံ၏ ဖမ်းဝရမ်းသည် အချိန် ၁၅ နှစ်အထိ အကျုံးဝင်ကြောင်း သိရှိရသည်။

6 Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့အတွက် စစ်တပ်က ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပြီး စစ်ရေးလုပ်ငန်းစဉ်တွေကို ရပ်ခိုင်းလို့မရဘူးလို့ စစ်တပ်ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ အကြမ်းဖက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောလာပါတယ်။ - မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၉၀၀၀ နီးပါးရှိနေပြီး ဗဟိုဘဏ်ကနေပါ ငွေကျပ် ဘီလီယံပေါင်း ၂၁၀၀ ချေးယူမည့် အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၅ သောင်းတန် ငွေစက္ကူသစ်တော့ ထုတ်ဝေမှာမဟုတ်ဘူးလို့ ငြင်းဆိုလာပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ချင်းလန်းကောင်စီ (CC) နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ အောက်တိုဘာလ ၁၆ ရက်နေ့ကပဲ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရေးနဲ့ ချင်းပြည်နယ်မှာ ဒီမိုကရေစီ ပြန်လည်တည်ဆောက် နိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေးကို ထပ်မံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို နျူကလီးယားဗုံး မသုံးဘူးလို့ ပြောပေမဲ့ အင်အားအပြင်းဆုံး ဧရာမ ဗုံး သုံးမယ့်အရေးကို ငြင်းဆိုမှု မရှိဘူးလို့ ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ https://www.youtube.com/watch?v=3YGgEwdk-oQ

photo content

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး ရန်ကုန်၊ အောက်တိုဘာ ၁၇ မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၇ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

photo content

မြိတ်-ထားဝယ် လမ်းပိုင်း စစ်တပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားနေ၊ ကြာအင်းဆိပ်ကြီးတွင်လည်း စစ်တပ်နှင့် BGF ပူးပေါင်း၍ စစ်ကြောင်းထိုး ရန်ကုန်၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိတ်-ထားဝယ်လမ်းပိုင်းရှိ ရငဲရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ဝင်းဝစခန်းက လက်နက်ကြီးများဖြင့် ရငဲရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကို ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုစစ်တပ် စစ်ကြောင်းကြောင့် ဝင်းဝရွာ ၊ မင်းဒပ်ရွာ ၊ သိမ်ကုန်းရွာ ၊ ဝဲရစ်ရွာ၊ ရငဲရွာနှင့် ကတွဲရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ "သရက်ချောင်းဘက်မှာ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။ စစ်ခွေးတွေက မြိတ်-ထားဝယ် လမ်းကို စစ်ကြောင်းထိုးလာပြီး ရငဲရွာဘက်ကို ဝင်လာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာလို့သိရတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေရော ရွာတွေကိုပါ ဝင်းဝစခန်းက စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတော့ ပြည်သူတွေလည်း ရွာထဲမနေရဲတော့ဘူး။ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် BGF ပူးပေါင်း၍ ခလယ်တံခွန်တိုင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် BGF ပူးပေါင်းထားသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းသည် ခလယ်တံခွန်တိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။ ထိုတိုက်ပွဲများသည် လက်ရှိချိန်တွင် ခေတ္တငြိမ်နေသော်လည်း မြေပြင် စစ်ရေးက ဆက်လက် တင်းမာနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်က စစ်အင်အားများ ထပ်မံဖြည့်တင်းနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ပုလိန်ရွာဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ ပြည်သူများသည်လည်း လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။ "စစ်ခွေးနဲ့ BGF တွေ ပူးပေါင်းပြီးတော့ ခလယ်တံခွန်တိုင်ရွာ ဘက်ကို စစ်ကြောင်းတိုးလာတယ်။ မြေပြင် စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ ပြည်သူတွေလည်း အခုထိ နေရပ်မပြန်နိုင်သေးဘူး။ စစ်ခွေးတွေက အင်အားတွေ ထပ်မံဖြည့်တင်းထားတော့ စစ်ကြောင်းတိုးလာရင် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ပုလိန်ရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး လက်နက်ခဲယမ်း တချို့လည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

photo content
+5

မဲဆောက်မြို့ရှိ လုပ်ငန်းခွင်များကို ထိုင်း လဝက က ဆက်တိုက် ဝင်ရောက် စစ်ဆေးပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီး ရန်ကုန်၊ အောက်တိုဘာ ၁၇ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းရှိ လုပ်ငန်းခွင်များကို ထိုင်း လဝက က ဆက်တိုက် ဝင်ရောက် စစ်ဆေးပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရသည်။ မဲဆောက်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦးကို တာ့ခရိုင် လဝက အရာရှိများ၊ အမှတ် ၅ လဝက စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် တာ့ခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မဲဆောက်မြို့နယ်၊ ဖြားသတ်ဖာဒဲင်းကျေးရွာအုပ်စု၊ အကွက် (၂) ရှိ မော်တော်ယာဉ် ပြင်ဆင်ရေးဝပ်ရှော့တစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် အသက် ၅၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် စတင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စု၊ အကွက် ၁ ရှိ အမှတ်စဉ်မရှိသော ဆောက်လုပ်ရေးဆိုက်တစ်ခုတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ထို့အတူ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စု၊ အကွက် ၁ ရှိ အမျိုးသမီးအလှပြင်ဆိုင်တစ်ခု၌ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ကိုင်ဆောင်ထားသူ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသူတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၄ ဦးလုံးကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခွင့်ရရှိထားသည့် စည်းကမ်းချက်များထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်မှု ပုဒ်မ ၈ ဖြင့် စွဲထားကြောင်း၊ ဖမ်းဆီးမှု ဖြစ်စဉ်တစ်ခုလုံးတွင် ၂၀၂၂ ခုနှစ်၊ ညှင်းပန်းနှိပ်စက်မှုနှင့် ပျောက်ကွယ်သွားခြင်းမှ ကာကွယ်တားဆီးရေး ဥပဒေ ပုဒ်မ ၂၂ နှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ပြီး၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်း တာဝန်ရှိစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

photo content

ဘုတ်ပြင်းတွင် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူမည်ဟု အသိပေး ရန်ကုန်၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးများ အပါအဝင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားသည့် မင်းအောင်လှိုင်နှင့် အပေါင်းပါ အဖွဲ့အစည်းများသည် နိုင်ငံနှင့် ပြည်သူလူထုအပေါ် မည်သည့်ဥပဒေ၊ အခွင့်အာဏာကိုမျှ သုံးစွဲခွင့်မရှိကြောင်းနှင့် စစ်ကောင်စီ၏ အမိန့်များကို လိုက်နာဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် စစ်မှုထမ်းမနေရ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော်ရန် လိုက်ပါဆောင်ရွက်ပေးနေသည့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်၊ အုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ အပါအဝင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ "ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ့်ချူပ်ချယ်သူ မှန်သမျှကို ပြည်သူလူထုဘက်ကနေ မားမားရပ်ပြီး ကာကွယ်သွားနိုင်ဖို့ ကျနော်တို့ရဲ့အသက်ကိုပါ စွန့်လွှတ်ရရင် စွန့်လွှတ်ရပါစေ ပြည်သူလူထုဘက်မှာ အမြဲတမ်းရပ်ပြီး ကျနော်တို့အဖွဲ့ကိုယ်စွမ်းဉာဏ်စွမ်း လုပ်နိုင်စွမ်းရှိသလောက်အားကုန်စိုက်ထုတ်ပြီး ကာကွယ်သွားမယ်ဆိုတာ ယုံကြည်ပေးဖို့ သတင်းစကားပါးချင်ပါတယ်" ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ သတိပေးချက်ကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

photo content

မြောင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ်က မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများနှင့် လေယာဉ်များအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် အိမ်စီးကား ၁ စီး ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က အသေခံဒရုန်း ၁ စီးနှင့် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးတို့ဖြင့် မြောင်မြို့နယ်၊ မကျည်းကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း မကျည်းကန်ကျေးရွာနေ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်စီးကား ၁ စီးနှင့်ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ “စခတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်စီးကား ၁ စီး ထိခိုက်ပျက်စီးသွားတယ်။ ” ဟု မြောင်မြို့နယ် T.G.R. သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း မကျည်းကန်ကျေးရွာအရှေ့ဘက်သို့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနှင့် ကျေးရွာအနောက်ဘက်သို့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ “လေယာဉ်နဲ့ ဗုံးကျဲတာကတော့ မကျည်းကန်ကျေးရွာ အရှေ့ဘက်မှာ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ ရွာအနောက်ဘက်မှာ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ထပ်ပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်” ဟု ၎င်းက ဆိုသည်။ အလားတူ အောက်တိုဘာ ၈ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် မြောင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ပန်းလှဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် မြေပြင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပန်းလှဘုန်းကြီးကျောင်းဘက်သို့ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ရော့ကတ်များဖြင့်လည်း ပစ်ခတ်ခဲ့သေးသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံး ၂ လုံးကို ၂ ကြိမ်ခွဲ၍ လာရောက်ကျဲချခဲ့ပြီး ရော့ကတ်များဖြင့်ပါ ဆက်လက်ပစ်ခတ်ခဲ့ခြင်းကြောင့် ပန်းလှဘုန်းကြီးကျောင်းအတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

photo content

ငြိမ်းချမ်းရေး ရရှိရန် စစ်တပ်က ဗုံးကျဲနေခြင်းဖြစ်ပြီး ရပ်တန့်ခိုင်း၍ မရနိုင်ဟု မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အကြမ်းဖက် ရာပြည့်ပြော ရန်ကုန်၊ အောက်တိုဘာ ၁၇ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ရရှိရန် စစ်တပ်က ဗုံးကျဲနေခြင်းဖြစ်ပြီး ရပ်ခိုင်း၍ မရနိုင်ကြောင်း မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အကြမ်းဖက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုလိုက်သည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသော NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ၁၁ နှစ်ပြည့်အခမ်း အနား နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆုံး ပိတ်ပွဲတွင် အကြမ်းဖက် ရာပြည့်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် လူ့အခွင့်အရေးကိစ္စများကို အခြေခံ ၍ စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများ ရပ်ဆိုင်းပေးရန် ဝေဖန်တောင်းဆိုမှုများ ရှိနေကြောင်း၊ လက်ရှိ အခြေအနေတွင် စစ်တပ်၏ တချို့သော ဆောင်ရွက်မှုများမှာ စစ်ရေးအရ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေသည့် အပိုင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဓိကအားဖြင့်တော့ သူတို့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်လို့၊ Human Rights ပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဗုံးကျဲတဲ့ကိစ္စတွေ၊ ဗုံးကျဲတဲ့ကိစ္စတွေ။ အဲ့တော့ ကျွန်တော်တို့ကတော့ လက်ရှိအနေအထားမှာ ကျွန်တော်တို့ ဒီ စစ်ရေးအရ အချို့အပိုင်းတွေက စစ်ရေးအရ ဆောင်ရွက်ခြင်းဖြစ်တယ်၊ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်တဲ့အပိုင်းလည်း ဖြစ်ပါတယ်။ အချို့အပိုင်းတွေက တပ်မတော်က ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ရေးလုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တပြိုင်နက်တည်း ဆောင် ရွက်နေကြောင်း၊ စစ်တပ်၏ ဆောင်ရွက်နေသော စစ်ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းခိုင်း၍ မရနိုင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ “ဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့ သူ့ရဲ့ Process တွေပြီးမှလည်း လုပ်တာရှိသလို၊ ဒီ Process ခုနက တပ်မတော်ကလည်း လုပ်နေတဲ့ Process တွေနဲ့ အပြိုင် ဆောင်ရွက်တာလည်း ရှိပါလိမ့်မယ်။ သို့သော်လည်း သူက အဲ့ဒီမှာ သူက တောင်းဆိုချက်ရှိတယ်၊ ချက်ချင်းကြီး ရပ်ဆိုင်းပေးဖို့ပေါ့လေ။ အဲ့တော့ ဒီမှာ တပ်မတော်က ဆောင်ရွက်တဲ့ Process ကို ကျွန်တော်တို့က သွားရပ်လို့မရဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ စစ်တပ်က ဆောင်ရွက်နေသော ဗုံးကျဲမှုများအပါအဝင် စစ်ရေးလုပ်ငန်းစဉ်များကြောင့် AA နှင့် KIA တို့အပါ အဝင် လက်နက်ကိုင်များနှင့် တွေ့ဆုံရန် အခွင့်အရေး ရှိလာနိုင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။ “ဒီအပိုင်းမှာ အချို့အပိုင်းတွေ၊ အချို့အပိုင်းတွေ ခုနက AA အပိုင်း၊ KIA အပိုင်း၊ ဒီမှာလည်း အချို့အပိုင်းတွေမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံဖို့ အခက်အခဲရှိတာလေးတွေ ရှိပါတယ်။ ခုနက ပြောတဲ့ ပဋိပက္ခကို လျှော့ချဖို့ De-escalation ပေါ့လေ၊ ဒီဟာကို လျှော့ချဖို့ ဒါတွေ ဆောင်ရွက်နေတာရှိတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။ လက်ရှိတွင် စစ်တပ်က ရခိုင်ဒေသ၊ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက်ပြုလုပ်နေပြီး စစ်တပ်၏ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးမှုများဖြစ်ပေါ်လျက်ရှိသည်။

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အပြင် ၊ တိုင်းရင်းသား တွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေကို ဆွေးနွေးရှာဖွေကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ အထူးကိုယ်စားလှယ် ဒင်ရှီကျွှန်းက ပြောဆိုလာပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အရပ်သားတွေနေတဲ့ သစ်ကြီးတောကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးထားပြန်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ သူတို့ကိုယ်တိုင် တောင်းဆိုထားတဲ့ ကတိကဝတ်တွေကို ပြန်လည်သတိရဖို့နဲ့ လက်တွေ့ကျတဲ့ ရလဒ်တွေ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် (Kim Aris) က တောင်းဆို လိုက်ပါတယ်။ အမေရိကန်သာ အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာရင် Hormuz ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်က ပြောလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ် https://youtu.be/Ag11pi4H0oo?si=Hj90F7oyPnXhWqJE

photo content

မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ကိုယ်တိုင်တောင်းဆိုထားသည့် ကတိကဝတ်များကို သတိရကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း သတိပေး ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် တောင်းဆိုထားခဲ့သည့် ကတိကဝတ်များကို ပြန်လည်သတိရပြီး လက်တွေ့ကျသည့် ရလဒ်များ ပြသကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ယနေ့ တောင်းဆိုလိုက်သည်။ နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခွင့်ရရှိရေး၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီဘက်က ယနေ့အထိ ထိရောက်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းမရှိသေးကြောင်း ကိုထိန်လင်းက သတိပေးထောက် ပြသည်။ ထို့အပြင် စစ်တပ်က ပြည်သူများကို သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သကဲ့သို့ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရားဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့်သာမက ကမ္ဘာကြီးနှင့်ပါ အဆက်အသွယ်ဖြတ်ကာ ဖုံးကွယ်ထားဆဲဖြစ် ကြောင်း ၎င်းက ဆိုသည်။ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် တိုးတက်မှုများ ရရှိနိုင်သည်ဟု ယုံကြည်ပါက ထိုတိုးတက်မှုကို လက်တွေ့ရလဒ်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း ကိုထိန်လင်းက ပြောသည်။ ထိုသို့ လက်တွေ့လုပ်ဆောင်ရာတွင် ပထမဆုံး တောင်းဆိုရမည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ထို့အပြင် ကော်ဇောနီခင်း၍ ကြိုဆိုခြင်းများနှင့် လက်ဆွဲနှုတ်ဆက်ခြင်းများသည် တိုးတက်မှုမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်များကသာ တိုးတက်မှုဖြစ်ကြောင်း ကိုထိန်လင်းက ထောက်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် ပြည်သူများအပေါ် သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရန် လိုအပ်သကဲ့သို့ တာဝန်ခံမှုမရှိဘဲ တရားဝင်မှု ပေးအပ်၍မရကြောင်းလည်း ၎င်းက ဆက်လက်တောင်းဆိုထားသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့သို့ သွားရောက်ခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံသည့် နိုင်ငံများအနက် ယခင်က စစ်ကောင်စီကို လက်ခံခြင်းမပြုဘဲ ဖိအားပေးခဲ့သည့် နိုင်ငံအချို့လည်း ပါဝင်လာကြောင်း သိရသည်။