cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Tachileik News Agency

Tachileik News Agency (TNA) is an independent media and web – based source of daily news.

Mostrar más
Publicaciones publicitarias
22 035
Suscriptores
+1924 horas
+1417 días
+70830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

မင်းကင်းမြို့နယ် ကံရွာစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ကံရွာစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးနှင့် ပျူစောထီး (၂)ဦးသေပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F)ထံမှ သိရသည်။ စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် (၁၅)မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများအပါအဝင် ပျူစောထီးတပ်ဖွဲ့ဝင်များ စခန်းစွန့် ထွက်ပြေးသွားကြောင်း သိရသည်။ ကံရွာစစ်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ၏ Carbine တစ်လက်၊ Carbine ကျည်ဘောက် (၃)ခု၊ (.၃၀) ကျည် (၂၅၉)တောင့်၊ ၅.၅၆ (ကပစ) (၄၀)တောင့်၊ ၇.၆၂(ကပစ) (၃၃၀)တောင့်၊ BA-63 ကျည်ဘောက်(၂)ခု၊ ရှေ့ထွက် မိုင်း (၃)လုံး၊ နင်းမိုင်း (၇)လုံး၊ လက်ပစ်ဗုံး(၁)လုံး၊ Drone Jammer (၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုသည် မင်းကင်းမြို့နယ်၊ မတောကျေးရွာ၊ ဗုံးကြဲခံရမှုအပြီး (၁၀)ရက်အကြာ၌ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F)နှင့် Min Kin Local PDF Union တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36345 #TachileikNewsAgency Photo: ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF
Mostrar todo...
👍 7👎 1🎉 1
Photo unavailableShow in Telegram
ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ခုခံထွက်ပြေးသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် ပြန်လည်ခုခံပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းကြောင်း Young Force UG အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ကောင်စီဂိတ်စခန်းမှ ပြည်သူ့စစ်နှစ်ဦးအား ဇွန်လ (၁၉) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီဂိတ်စခန်းအနီးထိ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါပြည်သူ့စစ်နှစ်ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းနေစဉ် ပြန်လည်ခုခံပြီးထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Young Force UG အဖွဲ့မှ ဆိုသည်။ အဆိုပါ စစ်ဆင်ရေးအား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၂) ThuRain-TR (Pakokku)၊ Young Force–UG နှင့် မြိုင် (ပကဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပခုက္ကူမြို့နယ်တွင်း စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းပါက ယူဆောင်လာသည့် လက်နက်အမျိုးအစားအလိုက် ဂုဏ်ပြုငွေများပေးအပ်ပြီး ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထားသည်။ News : https://www.tachileik.net/mm/news/36344 #TachileikNewsAgency
Mostrar todo...
👍 12 1
Photo unavailableShow in Telegram
ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးရွာတွင် စစ်ကောင်စီက စစ်အသုံးစရိတ်အဖြစ် တစ်အိမ် ကျပ်ငါးသိန်း ကောက်ယူ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက စစ်စရိတ်အဖြစ် တစ်အိမ် ငွေကျပ်ငါးသိန်း ကောက်ယူနေကြောင်း PNLA ထံမှ သိရသည်။ စစ်ရှောင်ရာမှပြန်လာသည့် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို အတင်းအဓမ္မ လူသစ်ဆုဆောင်းသည့်အပြင် တစ်အိမ်ငါးသိန်းကျပ် စစ်စရိတ်ကောက်ယူနေကာ နိုင်ငံခြားထွက်၍ အလုပ်လုပ်ကိုင်သူရှိသည့် အိမ်များကိုမူ တစ်အိမ်လျှင် (၈)သိန်းကျပ် ကောက်ယူသည်ဟု သိရသည်။
“စစ်အသုံးစရိတ်ကို တစ်ကြိမ်ထဲ အပြီးမထည့်နိုင်ရင် နှစ်ကြိမ်ခွဲထည့်ခိုင်းတာ။ ဇွန်လ(၁၉)ရက်နေ့မှာ တစ်ကြိမ် ပေးပြီးပြီ။ ကျန်တဲ့ ငွေကျပ် နှစ်သိန်းခွဲကို လကုန်ရက် အပြီးပေးရမယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး စစ်စရိတ်အဖြစ် ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်လလျှင် တပ်သားသစ် (၆)ဦး ပို့ဆောင်ရမည်ဟုလည်း တောင်းယူကာ လူသစ်များကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်း၌ သင်တန်းပေးနေကြောင်း သိရသည်။ စစ်ကောင်စီသည် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နောင်ဝိုး၊ ချောင်းချား၊ တမထ ၊ လိန်ခမ်၊ ကုန်းပေါစသည့် ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/36343 #TachileikNewsAgency
Mostrar todo...
😱 7❤‍🔥 4👎 3👍 2😢 1
Photo unavailableShow in Telegram
ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးရွာတွင် စစ်ကောင်စီက စစ်အသုံးစရိတ်အဖြစ် တစ်အိမ် ကျပ်ငါးသိန်း ကောက်ယူ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက စစ်စရိတ်အဖြစ် တစ်အိမ် ငွေကျပ်ငါးသိန်း ကောက်ယူနေကြောင်း PNLA ထံမှ သိရသည်။ စစ်ရှောင်ရာမှပြန်လာသည့် ဆီဆိုင်ကြီးကျေးရွာမှ ဒေသခံများကို အတင်းအဓမ္မ လူသစ်ဆုဆောင်းသည့်အပြင် တစ်အိမ်ငါးသိန်းကျပ် စစ်စရိတ်ကောက်ယူနေကာ နိုင်ငံခြားထွက်၍ အလုပ်လုပ်ကိုင်သူရှိသည့် အိမ်များကိုမူ တစ်အိမ်လျှင် (၈)သိန်းကျပ် ကောက်ယူသည်ဟု သိရသည်။ “စစ်အသုံးစရိတ်ကို တစ်ကြိမ်ထဲ အပြီးမထည့်နိုင်ရင် နှစ်ကြိမ်ခွဲထည့်ခိုင်းတာ။ ဇွန်လ(၁၉)ရက်နေ့မှာ တစ်ကြိမ် ပေးပြီးပြီ။ ကျန်တဲ့ ငွေကျပ် နှစ်သိန်းခွဲကို လကုန်ရက် အပြီးပေးရမယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး စစ်စရိတ်အဖြစ် ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်လလျှင် တပ်သားသစ် (၆)ဦး ပို့ဆောင်ရမည်ဟုလည်း တောင်းယူကာ လူသစ်များကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်း၌ သင်တန်းပေးနေကြောင်း သိရသည်။ စစ်ကောင်စီသည် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နောင်ဝိုး၊ ချောင်းချား၊ တမထ ၊ လိန်ခမ်၊ ကုန်းပေါစသည့် ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/36343 #TachileikNewsAgency
Mostrar todo...
ဖဲရိုက်နေသည့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နှင့် သာယာဝတီမြို့နယ်အစပ် ပိန်းရှိုလေးရွာနေအိမ်တွင် ဖဲရိုက်နေသည့် ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းမောင်ဆိုသူ ၂၀၂၄ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။ သဲဖြူ-ပိန်းရှိုလေးရွာနေ ကြံ့ဖွံ့ပါတီစည်းရုံးရေးမှူး ဝင်းမောင်ဆိုသူကို သာယာဝတီဂဠုန်တပ်ဖွဲ့က ၎င်းဖဲရိုက်နေသည့် ပိန်းရှိုလေးရွာနေအိမ်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဝင်းမောင်ဆိုသူသည် ပိန်းရှိုလေးရွာ၏ ရာအိမ်မှူးအဖြစ်လည်း လုပ်ကိုင်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် စစ်တပ်ထောက်ခံပွဲများအတွက် လူစုဆောင်းပေးသူဖြစ်ကြောင်းလည်း သိရသည်။ ပစ်ခတ်ရှင်းလင်းရာတွင် အခြားမသက်ဆိုင်သူများကို အန္တရာယ်မပြုဘဲ ဖဲဝိုင်းအတွင်းမှ သေဆုံးသူ၏ ဆိုင်ကယ်နှင့် စာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ကြံ့ဖွံ့ပါတီဝင်ကတ်ပြား၊ ဖုန်းတစ်လုံး၊ ဖဲဝိုင်းအတွင်းမှ ငွေကျပ်(၃)သိန်း၊ ရွှေဆွဲကြိုး(၁)ကုံးနှင့် လက်စွပ်(၁)ကွင်းတို့ကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။ သိမ်းဆည်းရရှိခဲ့သည့် ရွှေ၊ ငွေကြေးများကို သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများထံ အပ်နှံပေးသွားမည်ဟုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ News :https://www.tachileik.net/mm/news/36342 #TachileikNewsAgency Photo: သာယာဝတီဂဠုန်တပ်ဖွဲ့
Mostrar todo...
👍 11❤‍🔥 8
စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော်ကြီး၏ ရုပ်ကလာပ် ကျောင်းတော်သို့ ပြန်ရောက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရသည့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ညနေ(၃)နာရီလောက်မှာ ကြခတ်ဝိုင်း ဆရာတော်ကြွပြီး သြဝါဒပေးမယ်လို့ သိထားရပါတယ်။ ပြီးရင်တော့ ဘယ်လိုဆက်လုပ်မလဲ စီစဉ်မှာပါ။”ဟု ဒါယိကာတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဆရာတော်သည် ယမန်နေ့ ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုင်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့်အတူ မန္တလေးမြို့ ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)တွင် ယနေ့ပြုလုပ်မည့် အစည်းအဝေးအတွက် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွခဲ့သည်။ ထို့နောက် ကန်သုံးဆင့်ဆရာတော်၏ဇာတိ ငါန်းဇွန်မြို့နယ်သို့ သွားရောက်ရာ မြို့သာနှင့် ပန်းချီကမ္မကျေးရွာကြား၌ စစ်ကောင်စီကင်းနှင့်တွေ့ပြီး ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲဆက်မောင်းခဲ့၍ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
"ကားက အိမ်စီးကားနဲ့ လာကြိုတာ။ ဆွမ်းစားချိန်နီးလို့ မြန်မြန်မောင်းလာတာပေါ့။ စစ်ကောင်စီတပ်က မသင်္ကာလို့ ရပ်ခိုင်းတယ်။ အဲဒါမမြင်ဘဲနဲ့ ယာဉ်မောင်းက ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာ။"ဟု ဆရာတော်ကြီး၏ ဒါယိကာတစ်ဦးက Tachileik News Agency ကို ယမန့်ကပြောသည်။
ဆရာတော်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းလည်း ဒဏ်ရာရသည်ဟု ဆိုသည်။ စစ်ကောင်စီဘက်ကမူ စစ်ကောင်စီကင်းကားကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ ပစ်ခတ်မှုဖြစ်ပွားနေသည့်နေရာအတွင်းကို ယာဉ်တစ်စီး မောင်းနှင်ဝင်ရောက်လာရာ PDF တပ်ဖွဲ့များက ပစ်ခတ်၍ မီတာ(၂၅၀)ခန့်တွင် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားသည်ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သည်။ ယာဉ်ပေါ်၌ ဦးခေါင်းနှောက်စေ့တော်၌ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့သည့် ပဲခူးတိုင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း)နှင့် မှန်ကွဲစဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန (ငြိမ်း) ဖြစ်ကြောင်းနှင့် ယာဉ်မောင်း ဦးကျော်ဝင်းမှာ ဝဲဘက်လက်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီဘက်ကဆိုသည်။ ထို့နောက် ပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလာပ်တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်နှင့် ယာဉ်မောင်းတို့အား မန္တလေးမြို့၊ တံတားဦးပြည်သူ့ဆေးရုံမှ တဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်ကြီးသည် သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36341 #TachileikNewsAgency
Mostrar todo...
👍 6❤‍🔥 4🕊 1
Photo unavailableShow in Telegram
နွားထိုးကြီးမြို့နယ်အတွင်း ကားပျက်၍ လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီဖောကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အလားတူ ကားပျက်၍ လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း Natogyi People Defense Force ထံမှ သိရသည်။ ၂၀၂၄ခုနှစ် ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၁)နာရီ ဝန်းကျင်တွင် နွားထိုးကြီးမြို့မှ ပြင်စီဘက်သို့ ထွက်လာသည့် အင်အား (၃၀) ခန့်ပါ စစ်ကောင်စီဖောကားတစ်စီးအား ရှောက်တောရိုးကွေ့အရောက်တွင် Natogyi People Defense Force မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပြီး၊ ဖောကားပျက်စီးသွားသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း Natogyi People Defense Force မှ ဆိုသည်။ ဇွန်လ (၁၈) ရက်နေ့ နေ့လယ်(၁)နာရီခန့်တွင် ကားပျက်၍ ဖက်ခူးကျေးရွာ အရှေ့ဘက်တွင် လမ်းလျှောက်ချီတက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ပြီး အထိအခိုက်ကို စုံစမ်းဆဲဖြစ်ကြောင်း Natogyi People Defense Force မှ ဆိုသည်။ နွားထိုးကြီးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်တက်လာနေပြီး ဇွန်လ (၆) ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ နွားထိုးကြီးနှင့် မြို့သာလမ်း၊ နွားထိုးကြီး-တောင်သာလမ်း၊ နွားထိုးကြီး-မလှိုင်လမ်း၊ မြင်းခြံ နှင့်မြစ်သားလမ်း မြစ်သားမြို့နယ်အစပ်အထိ နံနက် (၄) နာရီမှ ည (၉)နာရီအတွင်းသာ ကားများမောင်းနှင်ရန်နှင့် ကုန်တင်ကားများ မိုးကာအုပ်မောင်းနှင်ခြင်း မပြုရန် ၊ ကားများအားလုံး မှန်ချမောင်းနှင်ရန်နှင့် ညပိုင်းတွင် မီးဖွင့်မောင်းနှင်ရန် နွားထိုးကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နွားထိုးကြီးပကဖမှ အသိပေးချက်ထုတ်ပြန်ထားသည်။ News : https://www.tachileik.net/mm/news/36340 #TachileikNewsAgency
Mostrar todo...
👍 16 2❤‍🔥 1
နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲရာ ၂ ဦးကျဆုံး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA) တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ TNLA ရဲဘော် (၂)ဦး ကျဆုံးကြောင်း TNLA ထံမှ သိရသည်။ စစ်ကောင်စီတပ်စွဲထားသည့် ရွှေညောင်ပင်ရွာမှ ဆမ္မဆယ်ရွာသို့ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မိုးကုတ်မြို့နယ် တောင်နီကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ရာ အရပ် သားတစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရသည်ဟု သိရသည်။ ဒဏ်ရာရသူများထဲတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ကာ လူနေအိမ် (၂)လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ဇွန်လ (၁၈)ရက်နေ့ကလည်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီအဖွဲ့မှ ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် ဗုံး(၄)လုံးလာရောက်ဗုံးကြဲမှုကြောင့် TNLA ရဲဘော် (၁)ဦးကျဆုံးပြီး (၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/36339 #TachileikNewsAgency Photo: PSLF/TNLA News
Mostrar todo...
👍 20😢 10❤‍🔥 2👎 1
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးလာသည့်ကားကို စစ်ကောင်စီ ပစ်ခတ်သဖြင့် ဆရာတော်ပျံလွန်တော်မူ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ နာယကဆရာတော် လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူသွားကြောင်း သိရသည်။ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက မန္တလေးသို့ လေကြောင်းမှ ကြွလာပြီး တံတားဦးလေဆိပ်အထွက်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
"ကားက အိမ်စီးကားနဲ့ လာကြိုတာ။ ဆွမ်းစားချိန်နီးလို့ မြန်မြန်မောင်းလာတာပေါ့။ စစ်ကောင်စီတပ်က မသင်္ကာလို့ရပ်ခိုင်းတယ်။ အဲဒါမမြင်ဘဲနဲ့ ယာဉ်မောင်းက ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာ။"ဟု ဆရာတော်ကြီး၏ ဒါယိကာတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဆရာတော်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းလည်း ဒဏ်ရာရသည်ဟု ဆိုသည်။
"မန္တလေးမြို့မှာလုပ်မယ့် ရွှေကျင်သံဃာ့အစည်းအဝေးသွားတက်တာ။ ဆရာတော်ကြီးက သက်တော်(၇၇)နှစ်အရွယ်ရှိပြီ။ ကားပေါ်မှာပဲ ပျံလွန်တော်မူသွားတယ်။"ဟု ဒါယိကာတစ်ဦးက ပြောသည်။
ဒဏ်ရာရသူထဲတွင် အခြားဆရာတော်တစ်ပါးလည်းပါဝင်ပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ လက်ရှိတွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။ ဆရာတော်ကြီးသည် သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း သိရသည်။ News : https://www.tachileik.net/mm/news/36338 #TachileikNewsAgency Photo: အရှင် ပညာစာရ ကြခတ်ဝိုင်း
Mostrar todo...
😢 20👍 5👎 1
ကိုဆလိုင်းထက်ပိုင်ဖြိုးသည် Snipe Rangers Force (Local – PDF) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး NUG လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်ကာ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ပခုက္ကူခရိုင်တို့တွင် မဟာမိတ်တပ်များနှင့်အတူ လှူပ်ရှားကာ စစ်ကောင်စီတပ်ကို တော်လှန်ပုန်ကန်သည့် တပ်ဖွဲ့ဖြစ်သည်။ ၎င်းသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလက ချောင်းဦးမြို့နယ်ရှိ ညပုလဲ(ဒေသအခေါ်)စစ်ကောင်စီ တပ်စခန်းကို ဝင်သိမ်းရန်ကြိုးစားကြစဉ် ယမ်းပေါက်ကွဲပြီး မျက်နှာကိုလောင်ကာ ဝဲဘက်မျက်လုံး အလင်းကွယ်ခဲ့ရသည်။
“မျက်လုံးကတော့ မမြင်ရဘူး။ ခွဲစိတ်ဖို့ငွေစုနေတုန်းပဲ။ မျက်လုံး မျက်ကြည်လွှာရော၊ အာရုံကြောပိုင်းဆိုင်ရာတွေပါ လုပ်ရာမှာ။ ခွဲစိတ်ဖို့ အောင်မြင်နိုင်ခြေကတော့ (၂၀)ရာခိုင်နှုန်းပဲရှိတယ်လို့ ဆရာဝန်ကပြောတယ်။”
ဖခင်ဖြစ်သူမှာ တွင်းမကျေးရွာအုပ်စု သိမ်းကုန်းကျေးရွာသားတစ်ဦးဖြစ်ပြီး မိခင်မှာ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။
“ယုံကြည်ရာကို ရွေးချယ်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ တမလွန်ခရီးမှာ လမ်းခရီးဖြောင့်ဖြူးပြီးတော့ မေမေနဲ့ သွားတွေ့ပါတော့။ မေမေ မရှိတော့တဲ့ ဆယ်စုနှစ်တစ်ခုကျော်မှာ နောက်အိမ်ထောင်မပြုခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”ဟုလည်း ၎င်းက ဖခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်စကားဆိုသည်။
ဗမာလူမျိုး မိဘနှစ်ပါးကမွေးသည့် ကိုဆလိုင်းထက်ပိုင်ဖြိုးသည် ချင်းပြည်နယ်တွင် မွေးဖွားခဲ့၍ ဆလိုင်းအမည်တွင်ကာ မိသားစုဝင်များအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ၎င်းမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။
“ရှေ့ဆက်ဖို့အတွက် နှောင်ကြိုးတစ်ခုဖြတ်ရသလိုပါပဲ။ ဘုရားသခင် အလိုတော်အတိုင်းပါပဲ။”
#TachileikNewsAgency
Mostrar todo...
ရှင်ကွဲမှ သေကွဲအထိ ပျုစောထီးဖခင်နှင့် သားတော်လှန်ရေးသမား

အာဏာရှင်စနစ်ဆန့်ကျင်ရေးခရီးလမ်းတွင် မိသားစုဝင်များ၊ ချစ်သူ၊ ခင်သူများအကြား အမြင်မတူဆန့်ကျင်ဖက် ဖြစ်ရကာ ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းတို့ရှိသည်ကို မြန်မာ့နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြနေသည်။ သား၊ အဖနှစ်ဦးကို ဆန့်ကျင်ဖက်ရန်သူများဖြစ်စေရန် အာဏာရှင်တို့က စွမ်းဆောင်ခဲ့သည့်အပြင် ဖခင်ဖြစ်သူ၏ အသက်ကိုလည်း အာဏာရှင်တို့က ၎င်းတို့အတွက် ခုတုံးလုပ်ရယူသွားခဲ့ပြန်ပြီဖြစ်သည်။ အဖေက ပျူစောထီး၊ သားဖြစ်သူက တော်လှန်ရေးသမားဖြစ်လာကာ ဖခင်ကိုယ်တိုင် သားဖြစ်သူကို ငွေကျပ် သိန်း(၁၀၀)နှင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ယခုတွင် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခွင့်၊ နှုတ်ဆက်စကားပြောခွင့်မရတော့ဘဲ ဖခင်ဖြစ်သူ လူ့လောကမှ ထွက်ခွာသွား

👍 28🕊 10😢 4