cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

Show more
Advertising posts
3 623
Subscribers
+624 hours
+327 days
+16530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ နေပြည်တော် ဇွန်လ ၂ဝ ရက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစု အဖွဲ့ ၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ် ယူဆရသောအချက်များ၊ ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးချက်များကို ဆက် လက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများအား အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ၂ ရက်တာ ဆွေးနွေးပွဲ၌ နှစ်ဖက် ဆွေးနွေးချက် များအရ ရရှိလာသည့် သဘောထားများအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြကြောင်း၊နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်း ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ေ ဆာင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
Show all...
ကိုအရည်ကြို အရေးကြီးလို့ ကူညီပေးပါဦးနော် ခလေးအမေက မီးဖွားဖို့၂ပတ်ပဲလိုတော့တာမို့ပါ ကလေးငယ်လေးရော မေမေဗိုက်ကလဲမွေးခါနီးနဲ့မို့ ခုထိလဲအဆက်အသွယ်မရကြသေးဘူးမို့ပါ စနေနေ့က ပဲခူးတိုင်းအင်းတကော်မြို့ မိဘအိမ်အလည်လာပြီး တနင်္ဂနွေနေ့ ပဲခူးတိုင်း သာယာအေး နေအိမ်ကိုပြန်ကြတာ ၃ယောက်လုံးပြန်မရောက်ကြပဲ အဆက်အသွယ်ပျက်နေတာ ဒီနေ့ထိပဲမို့ အကုန်လုံးစိတ်ပူနေကြလ်ို့ပါ မွေးဖို့ကလဲ၂ပတ်ပဲလိုတော့တာမို့ အကုန်လုံး တအားစိတ်ပူနေကြလို့ပါ AYK Wya
Show all...
Photo unavailableShow in Telegram
လားရှိုးတွင် မပေါက်ကွဲသေးသည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေး (၃)ဦး ဒဏ်ရာရရှိ လားရှိုးမြို့ ၊ ရပ်ကွက်(၇)၊ နယ်မြေ(၆) တွင် ယနေ့ ဇွန်(၂၀)ရက် မွန်းလွဲ(၁)နာရီ မိနစ်(၂၀)အချိန်ခန့်က မပေါက်ကွဲသေးသည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ကလေးငယ်များမှာ အသက် (၁၄)နှစ်နှင့် (၉)နှစ်အရွယ် ယောက်ျားလေး (၂)ဦးနှင့် အသက် (၅) နှစ်အရွယ် မိန်းကလေး(၁)ဦးတို့ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ "ဗုံးကို ကောက်လာပြီး ဆော့ရာကနေ ‌ပေါက်တာ။ ကလေးတွေက ဆော့တဲ့ကလေးနားမှာ လာကြည့်ကြတဲ့အချိန်ပေါက်ကွဲသွားတာ။ ကလေးတစ်ယောက်တော့ လက်ပြတ် ဒဏ်ရာရတယ်။ လုံခြုံရေးအဖွဲ့တွေလည်း ရောက်လာတယ်"ဟု ၎င်း က ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေမြှပ်မိုင်းနှင့် စစ်ကျန်လက် နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း (၃၀) ကျော်အထိရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေပြီဖြစ်ကြော င်း ဒေသတွင်း အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။
Show all...
😱 3
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပ ============= ပဲခူး ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်၊မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။
Show all...
👍 8
Photo unavailableShow in Telegram
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြားဆရာတော်ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး ရန်ကုန်  ဇွန်  ၂၀ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သင်ကြားဆရာတော် ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များကို ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခဲ့ပါတယ်။ ထိုသို့ ဆရာတော်ကြီးများ အား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနေမှု များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ဖူးမြော်ကြည်ညိုကြပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များ၏ ကာကွယ်ဆေးထိုးနှံနေ မှုများကို ကြည့်ရှုအားပေးကြပါတယ်။
Show all...
👍 2
ရုရှားသမ္မတ ပူတင် ဗီယက်နမ်ရောက်နေ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အရှေ့အာရှကို သူ့ရဲ့ခရီးစဥ် ဒုတိယခရီးတစ်ထောက်အနေနဲ့ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းကို  မနေ့ညပိုင်းကစလို့ ရောက်ရှိနေပါတယ်။ မြောက်ကိုရီးယားကို သွားရောက်အပြီးမှာ  ဗီယက်နမ်ကို ဝင်တဲ့ သူ့ခရီးစဥ်ဟာ ဒေသတွင်းမှာ ရုရှားဆက်ပြီးရရှိနေတဲ့ သံခင်းတမန်ခင်းထောက်ခံမှု တစ်ခုအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။ ဗီယက်နမ်ဟာ အမေရိကန်နဲ့ ဥရောပကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်နေပေမဲ့ ရုရှားနဲ့ဆက်ဆံရေးကို တန်ဖိုးထားတုန်းဖြစ်ပါတယ်။ #SH Media
Show all...
38.96 MB
👍 6
ရာအိမ်မှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး June 20 ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာတွင် ၊ ရာအိမ်မှူး ဦးဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဥ်မှာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာနေ ရာအိမ်မှူးဦးဝင်းမောင်ကို နေအိမ်တွင် ရှိနေစဥ် အမည်မသိလက်နက်ကိုင်ဆောင်သူများမှ ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ရာ နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားပါသည်။ WIN SH https://t.me/Information969
Show all...
ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

👍 2
ရန်ကုန် ဇွန်လ(၂၀)ရက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှကျင်းပပြုလုပ်သော(၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်း စကားပြောပြိုင်ပွဲ၊ကဗျာရွတ် ဆိုပြိုင်ပွဲ(အင်္ဂလိပ်ဘာသာ) ကိုကျောက်ဆည်ဓမ္မာရုံခန်းမ၌ကျင်းပစဥ်။ #MANA(ဗဟို)
Show all...
👍 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.