uk
Feedback
ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

Відкрити в Telegram

Information Channel

Показати більше
2 639
Підписники
-424 години
-17 днів
-3730 день

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
липень '26
липень '26
+48
в 11 каналах
червень '26
+53
в 11 каналах
Get PRO
травень '26
+31
в 5 каналах
Get PRO
квітень '26
+27
в 2 каналах
Get PRO
березень '26
+14
в 4 каналах
Get PRO
лютий '26
+23
в 1 каналах
Get PRO
січень '26
+27
в 3 каналах
Get PRO
грудень '25
+35
в 5 каналах
Get PRO
листопад '25
+17
в 3 каналах
Get PRO
жовтень '25
+27
в 4 каналах
Get PRO
вересень '25
+31
в 1 каналах
Get PRO
серпень '25
+23
в 1 каналах
Get PRO
липень '25
+34
в 2 каналах
Get PRO
червень '25
+21
в 4 каналах
Get PRO
травень '25
+15
в 5 каналах
Get PRO
квітень '25
+26
в 4 каналах
Get PRO
березень '25
+81
в 5 каналах
Get PRO
лютий '25
+28
в 6 каналах
Get PRO
січень '25
+72
в 5 каналах
Get PRO
грудень '24
+74
в 6 каналах
Get PRO
листопад '24
+79
в 11 каналах
Get PRO
жовтень '24
+54
в 2 каналах
Get PRO
вересень '24
+80
в 4 каналах
Get PRO
серпень '24
+215
в 8 каналах
Get PRO
липень '24
+429
в 9 каналах
Get PRO
червень '24
+293
в 23 каналах
Get PRO
травень '24
+241
в 17 каналах
Get PRO
квітень '24
+381
в 14 каналах
Get PRO
березень '24
+289
в 8 каналах
Get PRO
лютий '24
+298
в 12 каналах
Get PRO
січень '24
+285
в 10 каналах
Get PRO
грудень '23
+1 104
в 11 каналах
Get PRO
листопад '23
+651
в 6 каналах
Get PRO
жовтень '23
+42
в 1 каналах
Get PRO
вересень '23
+21
в 0 каналах
Get PRO
серпень '23
+815
в 0 каналах
Дата
Залучення підписників
Згадування
Канали
17 липня+1
16 липня+4
15 липня0
14 липня+2
13 липня+2
12 липня+3
11 липня+5
10 липня+2
09 липня0
08 липня+1
07 липня0
06 липня+1
05 липня+1
04 липня+5
03 липня+17
02 липня+3
01 липня+1
Дописи каналу
နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ် မကွေးတိုင်း၊ မင်
+4
နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ် မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်များသယ်ယူခြင်း၊ ခရုခွံများ၊ ရေကန်ပတ်လည်ရှိ ပေါင်း/မြက်များရှင်းလင်းခြင်း၊ ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ​တီမှ ဦးဆောင်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

2
ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆+2
ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း ဓာတုပစ္စည်းများ ယိုစိမ့်မှု ဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့မှ ရှင်းလင်းဆောင်ရွက် ရန်ကုန်၊ ဇူလိုင် ၁၇ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း Laboratory ခန်း၌ Biochemical (Peptone)၊ Methylene Blue နှင့် ဆာဂျီတောပိုးမွှားသန့်စင်ဆေးရည် စသည့် ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။ ဖြစ်စဉ်အား သိရှိရသဖြင့် ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ Laboratory ခန်းအတွင်းရှိ ယိုစိမ့်နေသော ဓာတုပစ္စည်းများအား ရှင်းလင်းရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #SN
64
3
ပေါင်းတည်၌ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ ပေါင်းတည်၊ ဇူလိုင် ၁၇ ပဲခူးတိုင်းဒေသကြီး၊+4
ပေါင်းတည်၌ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ ပေါင်းတည်၊ ဇူလိုင် ၁၇ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများအား ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မြို့မကွင်းအမှတ်(၃၄-ဘီ)၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးအေးကျော်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး တောင်သူများအား စက်ဖြင့် စပါးစိုက်ပျိုးခြင်းနည်းလမ်းများကို ရှင်းလင်းပြသခဲ့ကြသည်။ #SN
54
4
ပေါင်းတည်မြို့နယ်တွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် လွှတ်တော်မေးခွန်းများ လျာထားဆောင်ရွက်မှု ဆွေးနွေးညှိနှိုင်း ပေါင်းတည် ဇူလိုင် ၁၇+4
ပေါင်းတည်မြို့နယ်တွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် လွှတ်တော်မေးခွန်းများ လျာထားဆောင်ရွက်မှု ဆွေးနွေးညှိနှိုင်း ပေါင်းတည် ဇူလိုင် ၁၇ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၇ ရက် နေ့လည် ၁ နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်သည် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် လွှတ်တော်မေးခွန်းများ လျာထားဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) အင်ဂျင်နီယာ ဒေါ်နီနီလွင်နှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
56
5
အမျိုးသားလွှတ်တော် - လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုမှတ်တမ်း ရုပ်သံများ ဖော်ပြပေးလျက်ရှိ - https://t.me/amyothahluttawofficia
48
6
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးနည်းလမ်းများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည် နေပြည်တော်၊ ဇူလိုင် ၁၇ စိုက်ပျ
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးနည်းလမ်းများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မည် နေပြည်တော်၊ ဇူလိုင် ၁၇ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် UNOPS ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer နှင့် တွေ့ဆုံကာ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးနည်းလမ်းများ၊ သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲတွင် LIFT အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ၂၀၂၆-၂၀၂၈ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ လုပ်ကွက်ငယ်တောင်သူများအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးအလေ့အကျင့်များ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ #SN
48
7
ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး တိုးချဲ့နိုင်ရေး စဉ်းစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း နေပြည်တော်၊ ဇူလိုင် ၁၇ ဝေးလံခေါင်ဖျားဒေသများအထိ ဒီဂျစ်တယ်သင်ကြားရေးပလက်ဖောင်းများနှင့် ဗီဒီယိုဖိုင်များအသုံးပြု၍ သင်ကြားနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားသည်။ အဆိုပါပြောကြားချက်ကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ ကျင်းပသည့် အခြေခံပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ယူမှုအခွင့်အလမ်း မြှင့်တင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကဏ္ဍ ခိုင်မာမှသာ အဆင့်မြင့်ပညာကဏ္ဍတွင် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားရေးအပြင် စီမံအုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများသည်လည်း အရေးကြီးပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP 2021-2030) ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆွေးနွေးပွဲတွင် KG+9 ပညာရေးပြီးမြောက်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုတိုးတက်ရေး၊ ကျောင်းစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ကောင်း ဖော်ဆောင်ရေး၊ အခြေခံပညာကျောင်းအချက်အလက်များအပေါ် အခြေခံသည့် ဘဏ္ဍာရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးတို့ကို အုပ်စုသုံးစုခွဲ၍ ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ #SN
45
8
Немає тексту...
40
9
ပေါင်းတည် ဇူလိုင် ၁၆ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်သည် ဇူလိုင်+4
ပေါင်းတည် ဇူလိုင် ၁၆ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်သည် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရံပုံငွေဖြင့် ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးရွှေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပျဉ်ပုံကျေးရွာအုပ်စုသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
52
10
ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံတကာပြန်ကြားရေးဖိုရမ်၌ မိန့်ခွန်းပြောကြား စစ်ဆောင်ပန်းနား၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကျင်းပသည့် (၅) ကြိမ်မြောက် နိုင်ငံတကာပြန်ကြားရေးဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို နိုင်ငံတစ်နိုင်ငံတည်းဖြင့် ဖြေရှင်းရန် ခက်ခဲလာသဖြင့် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးများ ပိုမိုခိုင်မာရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခြင်းက ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားသည့်မူများအပေါ် အခြေခံ၍ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန် နှစ်စဉ်ဖိုရမ်များ၊ မီဒီယာနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဖိုရမ်အတွင်း “ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာပြန်ကြားရေးဆိုင်ရာ ဆောင်ရွက်မှု၊ ထိရောက်မှု၊ အသွင်ပြောင်းမှုနှင့် ချိတ်ဆက်ညှိနှိုင်းမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၀ မှ မီဒီယာတာဝန်ရှိသူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ဆောင်ပန်းနားရှိ Wild Elephant Valley သဘာဝဘေးမဲ့တောနှင့် တရုတ်-မြန်မာ-လာအိုနယ်စပ်ရှိ Guanlei Port ကို သွားရောက်လေ့လာခဲ့ပြီး မဲခေါင်မြစ် ရေကြောင်းကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။ #SN
47
11
Немає тексту...
44
12
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ အစည်းအဝေး ကျင်းပ ရန်ကုန်၊ ဇူလိုင် ၁၇ သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ အစည်းအဝေး ကျင်းပ ရန်ကုန်၊ ဇူလိုင် ၁၇ သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ (၁/၂၀၂၆) အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တက္ကသိုလ်ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ကောင်စီဥက္ကဋ္ဌ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တက္ကသိုလ်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပါမောက္ခချုပ်ဆရာတော်က သြဝါဒကထာ မိန့်ကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ကောင်စီအတွင်းရေးမှူးက အမှာစာ ၇ စောင်ကို တင်ပြခဲ့ပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #SN
42
13
UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Norimasa SHIMOMURA အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း လက်ခံတွေ့ဆု
UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Norimasa SHIMOMURA အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း လက်ခံတွေ့ဆုံ နေပြည်တော်၊ ဇူလိုင် ၁၇ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သည် UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Norimasa SHIMOMURA အား ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ်UNDP မှ “အသိုက်အဝန်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ပေးရေး လုပ်ငန်းစီမံချက်”ကို ၂၀၂၃ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက Technical Focal အဖြစ် တာဝန်ယူဆောင်ရွက်နေမှု၊ ငလျင်တုံ့ပြန်ရေးလုပ်ငန်းများ အပါအဝင် စီမံချက်လုပ်ငန်းများကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ #SN
108
14
ဆီဆိုင်တွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၆ ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံ ထောက်ပံ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့န
ဆီဆိုင်တွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၆ ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံ ထောက်ပံ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် နားသံနှင့် နားခိုက်ကျေးရွာအုပ်စုများရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၆ ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံကို နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သည်။ ဇူလိုင် ၁၅ ရက်က ကျင်းပသည့် ပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တက်ရောက်ခဲ့ပြီး အိမ်သုံးဆိုလာတပ်ဆင်ပေးခြင်းသည် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လွိုင်လင်နှင့် လင်းခေးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလုပ်ငန်းများ၊ လင်းခေးမြို့ရှိ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ ဒါးဆိပ်–နောင်လုံ–ဝမ်စစ်–ဟိုက်ကွေ့လမ်းပေါ်ရှိ ပေ ၂၀ ကွန်ကရစ်တံတားတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇူလိုင် ၁၄ ရက်ကလည်း ပင်လောင်းမြို့နယ် ပက္ကော်–ထီးရွေး–ထီးရယ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။ #SN
33
15
တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် ကြည့်ရှုအားပေး တောင်ငူ၊ ဇူလိုင် ၁၇ ပဲခူးတိုင်းဒေသ+9
တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် ကြည့်ရှုအားပေး တောင်ငူ၊ ဇူလိုင် ၁၇ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ တိုင်းမှူးသည် လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #SN
49
16
ရွှေ့ပြောင်းတိုင်းရင်းသားများအတွက် အခြေခံယာဉ်မောင်းသင်တန်း ဖွင့်လှစ် ထားဝယ်၊ ဇူလိုင် ၁၇ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှ+9
ရွှေ့ပြောင်းတိုင်းရင်းသားများအတွက် အခြေခံယာဉ်မောင်းသင်တန်း ဖွင့်လှစ် ထားဝယ်၊ ဇူလိုင် ၁၇ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ရွှေ့ပြောင်းတိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံယာဉ်မောင်းသင်တန်း ဖွင့်ပွဲကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်မောင်းပညာသည် အသက်မွေးဝမ်းကျောင်းအတွက် အရေးပါသည့် ကျွမ်းကျင်မှုပညာရပ်ဖြစ်သဖြင့် လက်တွေ့ကျွမ်းကျင်မှု၊ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းများကိုလိုက်နာတတ်သည့် အရည်အသွေးပြည့်မီသော ယာဉ်မောင်းများဖြစ်လာစေရေး ကြိုးပမ်းသင်ယူကြရန် တိုက်တွန်းမှာကြားခဲ့သည်။ #SN
77
17
ဇူလိုင် ၁၇ မှ ၂၅ ရက်အထိ ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးကြီးပြီး လှိုင်းလေပြင်းထန်နိုင်၍ သတိပြုရန် မိုးဇလနှိုးဆော် ===== မ+1
ဇူလိုင် ၁၇ မှ ၂၅ ရက်အထိ ပြည်နယ်နှင့် တိုင်းအများစုတွင် မိုးကြီးပြီး လှိုင်းလေပြင်းထန်နိုင်၍ သတိပြုရန် မိုးဇလနှိုးဆော် ===== မုတ်သုံလေ အားကောင်းခြင်းနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဇူလိုင် ၂၅ ရက်အတွင်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ကယား၊ ရှမ်းနှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးနိုင်သည်။   ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် တစ်နာရီ ၃၅ မိုင်အထိ မိုးသက်လေပြင်းတိုက်ခတ်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေအထိ ရှိနိုင်သဖြင့် ကုန်းမြင့်နှင့် မြစ်ချောင်းအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ မြေပြိုမှုများကိုလည်းကောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များအနေဖြင့်လည်းကောင်း အထူးကြိုတင်သတိပြုရန် နှိုးဆော်ထားသည်။ #SN
57
18
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ နေပြည်တော် ဇူလိုင် ၁၇ နေပြည်တော်တ
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ နေပြည်တော်  ဇူလိုင်  ၁၇ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း(၁)၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ #SN
51
19
ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန+3
ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်မှာကြားခဲ့ ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာရှိ မင်းလှ- မင်းဘူးရထားလမ်းပိုင်းအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။ #Our
57
20
ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်း+4
ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ပြည်နယ်များအလိုက် ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဝါထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဝါကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက်ကန်းစက်များ တိုးတက်စေရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ #SN
55