en
Feedback
ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

Open in Telegram

Information Channel

Show more
2 535
Subscribers
-224 hours
-217 days
-4830 days
Posts Archive
ပျဉ်းမနားမြို့နယ်တွင် တောင်ကျရေတိုက်စားမှုကြောင့် တံတားနှင့် လမ်းပျက်စီးမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၈ ပျဉ်းမနားမြ
ပျဉ်းမနားမြို့နယ်တွင် တောင်ကျရေတိုက်စားမှုကြောင့် တံတားနှင့် လမ်းပျက်စီးမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ ၈ ပျဉ်းမနားမြို့နယ်အတွင်း ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ဇီးရိုင်းချောင်း တောင်ကျရေစီးဆင်းမှုကြောင့် ပျက်စီးခဲ့သည့် တံတားနှင့် လမ်းပိုင်းများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကူးတို့ဆိပ်အုပ်စု၊ ဇီးရိုင်းကျေးရွာနှင့် သစ်တွန်အုပ်စု၊ ဖလောင်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် အရှည်ပေ ၆၀၊ အကျယ် ၁၄ ပေရှိ အလယ်ကူးချောင်း ဘေလီတံတား၏ ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးမှုအခြေအနေကို စစ်ဆေးခဲ့ကြောင်း သိရသည်။ #SN

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း ပဲခူး၊ စက်တင်ဘာ ၈ (၆၂)နှစ်မြောက
+9
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းရဲတပ်ဖွဲ့ စုပေါင်းသွေးလှူဒါန်း ပဲခူး၊ စက်တင်ဘာ ၈ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ကျင်းပခဲ့သည်။ သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ ဦးကျော်က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ
+9
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။ ဆက်လက်၍ ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက်(ခ)မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

ဒလမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် တိုင်းဒေသကြီးလွ
+8
ဒလမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းစစ်ဆေး ရန်ကုန်၊ စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းသည် စံပြတံတားချောင်း အမကကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များအား တွေ့ဆုံခဲ့သည်။ ထို့နောက် ကျောင်းဝင်းနှင့် ပတ်ဝန်းကျင်အခြေအနေများ၊ အမိုးနှင့် မျက်နှာကျက်များ ပျက်စီးနေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျောင်း၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SN

ဒလမြို့၌ ကျန်းမာရေးမှူး(၄)၊ (နေ့စား) သင်တန်းဖွင့်လှစ် ရန်ကုန်၊ စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျန
+4
ဒလမြို့၌ ကျန်းမာရေးမှူး(၄)၊ (နေ့စား) သင်တန်းဖွင့်လှစ် ရန်ကုန်၊ စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျန်းမာရေးမှူး(၄)၊ (နေ့စား) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ သင်တန်းသို့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒလမြို့နယ်တို့မှ သင်တန်းသား ၄၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ၆ လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ #SN

မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြ
မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ကဖင်းများ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ် ပန်မော်(၂၀)မိုင်ကျေးရွာအနီး ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂,၀၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရာ စိုင်းစံထွန်း မောင်းနှင်သည့် TOYOTA HILUX VIGO ယာဉ်ပေါ်မှ ကဖင်း ၁,၀၂၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံး၊ ယောလှ မောင်းနှင်သည့် TOYOTA HILUX TIGER ယာဉ်ပေါ်မှ ကဖင်း ၉၈၀ ကီလိုနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသည့် ကဖင်းများ၏ ဒေသကာလတန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်း ၂,၀၀၀ ဖြစ်ကြောင်း သိရသည်။ #SN

Repost from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက် ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီး တစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #PPIB #SN

၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ ထားဝယ်၊ စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်နှင့် ဇနီး ဒေါ်သီတဂူဇေယျ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့သည် ကမ္ဘာတစ်ဝန်း စာတတ်မြောက်ရေး၏ အရေးပါမှုကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ဆက်လက်အကောင်အထည်ဖော်ရမည့် ကတိကဝတ်များကို အသစ်တဖန် ပြုပြင်ဆောင်ရွက်ရန် အရေးပါသည့်နေ့ဖြစ်ကြောင်း ပြောကြားသည်။ စာတတ်မြောက်ခြင်းသည် စာဖတ်၊ စာရေးနိုင်ရုံသာမက လူသားတိုင်း၏ အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းနှင့် ဘဝရပ်တည်နိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် အဓိကသော့ချက်ဖြစ်ကြောင်းလည်း ဆိုသည်။ ထို့ပြင် စာတတ်မြောက်မှု မြင့်မားလာခြင်းဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝဆိုင်ရာ ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်မည်ဖြစ်သကဲ့သို့ မိသားစုနှင့် မျိုးဆက်သစ်များ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ စာတတ်မြောက်မှုသည် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မရှိမဖြစ်လိုအပ်သည့် မောင်းနှင်အားဖြစ်သဖြင့် လူတိုင်း စာတတ်မြောက်ရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့သည်။ #SN

Repost from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက် ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီး တစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ် ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၈ ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #PPIB #SN

ဒလမြို့နယ်တွင် ကျန်းမာရေးမှူးသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ် စက်တင်ဘာ ၈ ဒလမြို့နယ် ပြည်သူ့ဆေးရုံ ခန်းမတွင် ကျန်းမာရေးမှူးသင်တန
+1
ဒလမြို့နယ်တွင် ကျန်းမာရေးမှူးသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ် စက်တင်ဘာ ၈ ဒလမြို့နယ် ပြည်သူ့ဆေးရုံ ခန်းမတွင် ကျန်းမာရေးမှူးသင်တန်း အမှတ်စဉ် (၄) ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ တွံတေးခရိုင်အတွင်းရှိ ကော့မှူး၊ ဒလ၊ ကွမ်းခြံကုန်းနှင့် တွံတေးမြို့နယ်တို့မှ သင်တန်းသား/သူ စုစုပေါင်း ၄၄ ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။ အခမ်းအနားသို့ တွံတေးခရိုင် ကျန်းမာရေးဌာနမှူး ဒေါက်တာကောင်းစံမြတ်၊ ကော့မှူးမြို့နယ် ဆရာဝန်၊ ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးမှူးများနှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ #SN

ပန်းတောင်းမြို့နယ်တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ပန်းတောင်း၊
ပန်းတောင်းမြို့နယ်တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ပန်းတောင်း၊ စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို စက်တင်ဘာ ၇ ရက် နံနက် ၇ နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွင် ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဆန်း ဦးစီး၍ အရာရှိတပ်ဖွဲ့ဝင် ၃ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၁၄ ဦးနှင့် မိသားစုဝင် ၅ ဦး စုစုပေါင်း အင်အား ၂၂ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုက်နယ်ပြည်သူ့ဆေးရုံ အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်သရိုက်များ သိမ်းဆည်းခြင်း၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်သစ်ခက်များ ပေါင်းသင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ #SN

Repost from Sitt Naing News
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” တွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ပြောကြားချက်မှ ကောက်နုတ်ချက် #HOS

Repost from Sitt Naing News
ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများကို အတုယူရန် သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း ဗီယက်နမ်နိုင်ငံသည် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်
ဗီယက်နမ်၏ ကြိုးပမ်းအားထုတ်မှုများကို အတုယူရန် သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း ဗီယက်နမ်နိုင်ငံသည် စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ကန့်သတ်မှုများကို ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့သည့်အတွက် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာခဲ့ခြင်းကို အတုယူရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ အဆိုပါပြောကြားချက်ကို စက်တင်ဘာ ၆ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး နိုင်ငံ့အကျိုးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်သွားကြရန်လည်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ #SN

ရေဘေးသင့်ပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး နေပြည်တော်၊ စက်တင်ဘာ ၈ ဧရာဝတီတိုင်းဒေသက
ရေဘေးသင့်ပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး နေပြည်တော်၊ စက်တင်ဘာ ၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်များရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို လမင်းစီမံချက်ဖြင့် ပြန်လည်စိစစ်ထုတ်ပေးခြင်း၊ e-ID စနစ်ဖြင့် UID နံပါတ်များ ကောက်ယူထုတ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား ပြန်လည်ဆောင်ရွက်ပြီးသည့် အထောက်အထားများ ပေးအပ်ခဲ့သည်။ ထို့အပြင် လေးမျက်နှာမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း ၃ ခုအတွက် ဆန်အိတ် ၁၅၀၊ ကျုံပျော်မြို့နယ်ရှိ စခန်းများအတွက် ဆန်အိတ် ၁၅၀ နှင့် ရေကြည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၅၀ တို့အပါအဝင် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

တောင်ငူတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် Cleaning Campaign ကျင်းပ တောင်ငူ၊ စက်တင်ဘာ ၈ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ ပဲခူး
တောင်ငူတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် Cleaning Campaign ကျင်းပ တောင်ငူ၊ စက်တင်ဘာ ၈ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြည်တွင်းလူငယ်များ မိတ်သဟာယအသင်းနှင့် တောင်ငူတက္ကသိုလ်တို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Cleaning Campaign ကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တောင်ငူတက္ကသိုလ်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ မှတ်တမ်းဗီဒီယို ပြသပြီး လူငယ်များ၏ မေးမြန်းဆွေးနွေးမှုများကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့အပြင် “အံ့ဩဖွယ်ကောင်းသော ဧရာဝတီ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ တောင်ငူတက္ကသိုလ်သို့ အားကစားပစ္စည်းများ လှူဒါန်းခြင်းနှင့် လူငယ်များအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် တောင်ငူတက္ကသိုလ်ဝင်းအတွင်း လူငယ်များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံအားပေးခဲ့ကြောင်း သိရသည်။ #SN

လူငယ်တစ်ဦးကို ပေါ်တာဆွဲနေသည်ဟု ပျံ့နှံ့နေသော ဗွီဒီယိုမှာ ပစ္စည်းခိုးသူကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ရှင်းလင်း ရန်ကုန်၊ စက်တင်ဘာ ၇ အင်တာနက်လူမှုကွန်ရက်များပေါ်တွင် လူငယ်တစ်ဦးကို ဆွဲခေါ်နေသည့် ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပြီး ယင်းဖြစ်စဉ်မှာ ပေါ်တာဆွဲခြင်းမဟုတ်ဘဲ ပစ္စည်းခိုးယူသူကို လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ဗွီဒီယိုပါ အမျိုးသားက Facebook လူမှုကွန်ရက်တွင် ရေးသားရှင်းလင်းထားသည်။ အဆိုပါအမျိုးသား၏ ရေးသားချက်အရ မရမ်းကုန်းမြို့နယ်၊ ရွှေတဆုပ်လမ်းရှိ မြေညီအိမ်ရှေ့တွင် ရပ်ထားသည့် စက်ဘီး၏ ရှေ့ခြင်းအတွင်းမှ အစိမ်းရောင်လွယ်အိတ်ကို အမျိုးသားတစ်ဦးက ယူဆောင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အိတ်အတွင်း ဖုန်းနှင့် ငွေများ ပါရှိကြောင်းလည်း ရေးသားထားသည်။ ခိုးယူသူသည် ရွှေဝါထွန်းလမ်းအရောက် အိတ်ကို လမ်းဘေးတစ်နေရာတွင် ပစ်ထားခဲ့ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် အိတ်၊ ဖုန်းနှင့် ငွေများ ပြန်လည်ရရှိခဲ့ကြောင်း အဆိုပါအမျိုးသားက ရှင်းလင်းရေးသားထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် ဗွီဒီယိုမှာ လူငယ်တစ်ဦးကို ပေါ်တာဆွဲနေခြင်းဟု လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ယခုအခါ ဗွီဒီယိုပါ အမျိုးသား၏ ရှင်းလင်းချက်ကိုလည်း ပြန်လည်မျှဝေထားကြောင်း တွေ့ရသည်။ #SN

ပျဉ်းမနားမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည့် ဆိုင်ကယ်ခိုးယူသူ ၂ ဦးထံမှ ဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိ ပျဉ်းမနား၊ စက်တင်ဘာ ၇ စက်တင်ဘာ ၁ ရက်တွင် ပျဉ်းမနားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့သည် ကံဦးကျေးရွာ ရာအိမ်မှူး ဦးဝင်းအောင်၊ ဆင်သေကျေးရွာ ရာအိမ်မှူး ဦးမိုးဝင်းတို့နှင့်အတူ ပျဉ်းမနားမြို့မရဲစခန်း (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ) အမှုဖြင့် လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ ပျဉ်းမနားမြို့မရဲစခန်းနှင့် ရွာကောက်နယ်မြေရဲစခန်းအပိုင်အတွင်းမှ ဆိုင်ကယ်များ ခိုးယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ဒုရဲအုပ် ကိုကိုဦးနှင့်အဖွဲ့က သက်သေများနှင့်အတူ လိုက်လံသိမ်းဆည်းခဲ့ရာ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဆိုင်ကယ်များအနက် ၈ စီးနှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်းတွင် ခိုးမှု ၈ မှု ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ရွာကောက်နယ်မြေရဲစခန်းတွင်လည်း အမှုများနှင့်သက်ဆိုင်သည့် သက်သေခံဆိုင်ကယ် ၅ စီး သိမ်းဆည်းထားရှိကြောင်း သိရသည်။ ကျန်သိမ်းဆည်းရမိသည့် သက်သေခံဆိုင်ကယ် ၆ စီးနှင့်ပတ်သက်၍ အမှုဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးထံမှ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိပြီး အမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #SanWin(NayPyiTaw-SH)