cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

Mostrar más
Publicaciones publicitarias
3 619
Suscriptores
+1324 horas
+487 días
+16730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက် ဓားပြတိုက်သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ ဝင်ရောက်စီးနင်း ဖမ်းဆီးရာ အကြမ်းဖက်သမား တစ်ဦးအား ငွေကျပ်သိန်း ၃၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိ နေပြည်တော်၊  ဇွန် ၁၉ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက် အမျိုးသား(၄)ဦး (စိစစ်ဆဲ)က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြ တိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်  ပူးပေါင်းလှည့်ကင်း အဖွဲ့များဖြင့် တရားခံများ ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။
Mostrar todo...
👍 4
ဆရာတော်ဘုရားပစ်ခတ်ခံရမှုနှင့်ပတ်သတ်၍ ထပ်မံသိရှိရတဲ့သတင်းလေးကို တင်ပေးလိုက်ပါတယ် အပြည့်အစုံသိရင်ထပ်တင်ပေးပါ့မယ် (၁၉-၆-၂၀၂၄)ရက်နေ့၊ (၁၀၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ - မဟန(ငြိမ်း) . ဆရာတော်(၂)ပါးတို့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာဝိသုဒ်ဒါရုံတိုကျသဈ (ရွှေကျင်နိကာယဗဟိုဌာန)၌ ၂၀-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်း ဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ တံတားဦးလေဆိပ်သို့ရောက်ရှိပြီး ကံသုံးဆင့်ဆ ရာတော် ၏ ဒါယိကာမမှ ဆွမ်းကပ်ကာ ကံသုံးဆင့် ဆရာတော်ဇာတိ ဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး . ဝင်းနေမိတ္တာရုံဆရာတော်မှ .. ကားရှေ့ခန်းမှထိုင်လျက် ကံသုံးဆင့် ဆရာတော်မှာ ကားနောက်ခန်းမှ လိုက်ပါခဲ့ပါသည်။ မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လုံခြုံရေးကင်းလှည့်နေသူများနှင့် တွေ့ရှိ၍ ကားကိုရပ်တန့် ခိုင်းရာ မှန်မချပဲ ကားကိုမောင်းနှင်သည့်အတွက် လက်နက်ကိုင်ဆောင်ထားသောအမည်မသိ လုံခြုံရေးကင်းလှည့်နေသူများမှ ကားကို ပစ်ခတ်ခဲ့ရာ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း၊ ကားသမားမှာလက်ခြေတို့၌ ကျည်ဆံထိမှန်ခဲ့ကြောင်းနှင့် ဘဒ္ဒန္တဂုဏိကာဘိဝံသမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး လက်ရှိတွင် ပန်းချီကမ္မကျေးရွာ၌ ယာယီသီတင်းသုံးလျက်ရှိကြောင်း သိရှိရပါသည် ဥိးသက်(ရွှေမိုးသောက်)SHသတင်းဌာန Crd-ဘာမထီ
Mostrar todo...
00:34
Video unavailableShow in Telegram
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်ရှိ ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ဆရာတော်နှစ်ပါးအားဟာ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာတွင် အသစ်ဆောက်လုပ်မည့် ဓမ္မာရုံအသစ်အတွက် ဩဝါဒပေးပြီး ပြန်ကြွလာစဉ်PDF အကြမ်းဖက်သမားများက သေနတ်နဲ့ဝိုင်းပစ်ခဲ့လို့ ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသမှာ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်.... ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းဦးကျော်ဝင်းတို့မှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြပြီး မန္တလေးမြို့ရှိတပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်.... video မှာ ယာဉ်မောင်းဦးကျော်ဝင်းရဲ့ ပြောဆိုချက်ဖြစ်ပါတယ်
Mostrar todo...
3.35 MB
😢 4
04:12
Video unavailableShow in Telegram
Breaking News# PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္ဓိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ ၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိသည်။ (ဇွန်လ ၁၉)
Mostrar todo...
19.72 MB
🤬 5👍 1
19-6-2024ယနေ့တွင် မန္တလေးတံတားဦးလေဆိပ်အထွက်မှာ လေယာဉ်ဖြင့် ကြွလာသော နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် တံတားဦး လေဆိပ်မှ အထွက် မှာ ပစ်ခတ်ခံရသဖြင့်အခင်းဖြစ်နေရာမှာပဲ ဆရာတော်ပျံလွန်တော်မူတယ်ဟုသိရပါတယ်။ ဘယ်အဖွဲ့ကပတ်ခတ်တယ်ဆိုတာတော့ သတင်းမထုတ်ပြန်သေးလို့မသိရသေးပါဘူး၊ အချို့သောသတင်းဌာနတွေကတော့ လေဆိပ်လုံခြုံရေးအဖွဲ့ကမှားယွင်းပစ်ခတ်တယ်လို့ ရေးသားဖော်ပြနေတာတွေ့ရပါတယ် အချိုသောသတင်းတွေမှာတော့PDFအဖွဲ့ကပစ်တယ်လို့ရေးသားထားတာတွေ့ရပါတယ် သတင်းအမှန်ကိုတော့မကြာခင်ထုတ်ပြန်မယ်ထင်ပါတယ် ဦးသက်(ရွှေမိုးသောက်)SHသတင်းဌာန
Mostrar todo...
👍 1😢 1
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီစိုက်ပျိုးနိုင်ရေး ပျိုးပင် များထောက်ပံပေးအပ် ========== ဇွန် ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီ စိုက်ပျိုးနိုင်ရေး ပျိုးပင်ထောက်ပံ့ပေးအပ်ပွဲအား ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၆)အနီးရှိ Three Red Star Co., Ltd ၏ နှစ်ရှည်သီးနှံစိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးရှိသကဲ့သို့ ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့် ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများလည်းရှိပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ (၂၅၀၀)အောက်နှင့် မိုးရေချိန်(၆၀-၁၀၀)လက်မကြားမှာ စိုက်ပျိုးရန်သင့်တော်မှုရှိ ကြောင်း၊ ကော်ဖီသီးနှံတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးများ ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်စေခြင်း၊ မြေဩဇာ၊ အစိုဓါတ်၊ အလင်းရောင်တို့ကို ပိုမိုအသုံးပြုနိုင် စေခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ရင့်မှည့်မှုညီညာပြီး ခူးဆွတ်ရာတွင် အလေအလွင့် နည်းပါးခြင်း၊ သီးနှံအထွက်နှုန်း တစ်ဧကလျှင် (၂.၈၂)တန် ထွက်ရှိနိုင်သဖြင့် နိုင်ငံခြားဝင်ငွေ တိုးပွားရရှိ လာနိုင်မှာဖြစ်ကြောင်း၊ သစ်တောအစုအဖွဲ့လုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ပျိုးသော လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေရရှိသလို ရိုဘက်စတာကော်ဖီကို သီးညှပ်စိုက်ပျိုး ခြင်းအားဖြင့် (၂)သီးပေါ်မှ ဝင်ငွေ ပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် Linght House Co., Ltd မှ ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီအား တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပြန်လည်အမှုန့်ကြိတ်၍ ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေရပြီး လက်တွေ့အကျိုးကျေးဇူးများစွာ ရရှိခံစားနေရ ပြီဖြစ်ကာ ယခုမှ စိုက်ပျိုးမည့် လုပ်ငန်းရှင်များကိုလည်း သွားရောက်လေ့လာနိုင်ရေး စီစဉ်ပေးသွားမှာဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ခု စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ရိုဘက်စတာ ကော်ဖီ(၁၀၀၀)ဧက ပြည့်မီစွာ စိုက်ပျိုးသွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်တော အစုအဖွဲ့လုပ်ငန်းရှင်များနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးသောလုပ်ငန်းရှင်များအား ရိုဘက်စတာကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်ရှည်သီးနှံပင်ကြား သီးညှပ်ကော်ဖီပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ တစ်ကွင်း တစ်ဆက်တည်း ဧက(၃၀၀) မိုးစပါး စုပေါင်းထွန်ယက်ခြင်း၊ ပျိုးထောင်ခြင်းနှင့် ဓါတ်မြေဩဇာထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိပါက တိုင်းဒေသကြီးအတွင်း အဓိက သီးနှံ(၇)မျိုး ပန်းတိုင်ရရှိနိုင်မှာဖြစ်၍ မြေပြင်ခြင်းအချိန်ကတည်းက စနစ်တကျဆောင်ရွက်ရန်၊ ပျိုးထောင် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို မဖြစ်မနေ ဆောင်ရွက်သွားရမှာဖြစ်ပြီး မမျှော်မှန်းနိုင်သည့် ရာသီဥတုဖြစ်စဉ်ကြောင့် ရိတ်သိမ်းချိန်လွန်နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် သွင်းအားစု များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သဘာဝငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးနှင့် ငါးသားဖောက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပထမဦးဆုံးအကြိမ် ငါးရံ့၊ ငါးကျည်း သားဖောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နည်းပညာ၊ သဘာဝငါးစာနှင့် မွေးမြူခြင်း၊ သားဖောက်ခြင်းစသည့် နည်းစနစ်များကို တိုင်းဒေသကြီးအတွင်းရှိ ငါးသား ဖောက်စခန်းများသို့ ဖြန့်ဖြူးပေးသွားရန်နှင့် သဘာဝငါးမျိုးဖြင့် စီးပွားဖြစ်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ အား ဖိတ်ခေါ်၍ ကိုယ်တိုင်မွေးမြူထုတ်လုပ်နိုင်ရေး သင်တန်းများပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ တင်စိုး(ပဲခူး)
Mostrar todo...
👍 7
👍 1
👍 2
19.6.2024 #တင်ဒါကဏ္ဍ
Mostrar todo...
👍 7😱 1