es
Feedback
ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

Ir al canal en Telegram

Information Channel

Mostrar más
2 643
Suscriptores
+224 horas
-47 días
-4830 días

Carga de datos en curso...

Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+39
en 11 canales
junio '26
+53
en 11 canales
Get PRO
mayo '26
+31
en 5 canales
Get PRO
abril '26
+27
en 2 canales
Get PRO
marzo '26
+14
en 4 canales
Get PRO
febrero '26
+23
en 1 canales
Get PRO
enero '26
+27
en 3 canales
Get PRO
diciembre '25
+35
en 5 canales
Get PRO
noviembre '25
+17
en 3 canales
Get PRO
octubre '25
+27
en 4 canales
Get PRO
septiembre '25
+31
en 1 canales
Get PRO
agosto '25
+23
en 1 canales
Get PRO
julio '25
+34
en 2 canales
Get PRO
junio '25
+21
en 4 canales
Get PRO
mayo '25
+15
en 5 canales
Get PRO
abril '25
+26
en 4 canales
Get PRO
marzo '25
+81
en 5 canales
Get PRO
febrero '25
+28
en 6 canales
Get PRO
enero '25
+72
en 5 canales
Get PRO
diciembre '24
+74
en 6 canales
Get PRO
noviembre '24
+79
en 11 canales
Get PRO
octubre '24
+54
en 2 canales
Get PRO
septiembre '24
+80
en 4 canales
Get PRO
agosto '24
+215
en 8 canales
Get PRO
julio '24
+429
en 9 canales
Get PRO
junio '24
+293
en 23 canales
Get PRO
mayo '24
+241
en 17 canales
Get PRO
abril '24
+381
en 14 canales
Get PRO
marzo '24
+289
en 8 canales
Get PRO
febrero '24
+298
en 12 canales
Get PRO
enero '24
+285
en 10 canales
Get PRO
diciembre '23
+1 104
en 11 canales
Get PRO
noviembre '23
+651
en 6 canales
Get PRO
octubre '23
+42
en 1 canales
Get PRO
septiembre '23
+21
en 0 canales
Get PRO
agosto '23
+815
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
12 julio+3
11 julio+5
10 julio+2
09 julio0
08 julio+1
07 julio0
06 julio+1
05 julio+1
04 julio+5
03 julio+17
02 julio+3
01 julio+1
Publicaciones del Canal
သာယာဝတီမြို့၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး သာယာဝတီ၊ ဇူလိုင် ၁
+9
သာယာဝတီမြို့၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး သာယာဝတီ၊ ဇူလိုင် ၁၂ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် သာယာဝတီမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်ရုံး၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် သာယာဝတီဘူတာရုံ၊ သာယာဝတီမြို့နှင့် သုံးဆယ်မြို့ရှိ စည်ပင်သာယာဈေးများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သုံးဆယ်အားကစားကွင်းသို့လည်း သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သာယာဝတီဘူတာရုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို လွှတ်တော်၏ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေ၊ စည်ပင်သာယာရေးဥပဒေ ပြင်ဆင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် လာမည့်အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SN

2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိ+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား #SN
22
3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိ+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး မှာကြား #PPIB
35
4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိ+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး မှာကြား #PPIB
36
5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၉ ထပ်အဆောက်အအုံ ၁ လုံး အား စန+6
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၉ ထပ်အဆောက်အအုံ ၁ လုံး အား စနစ်တကျ ထပ်မံ ဖောက်ခွဲဖျက်ဆီး၊ တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ် #SN
32
6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိ+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး မှာကြား #PPIB
28
7
ဒလမြို့နယ်တွင် ICE မူးယစ်ဆေးဝါး ကျပ် ၇.၇၅ ဘီလီယံဖိုး ဖမ်းမိ၊ ဆက်စပ်ရေယာဉ်၌ ရောနှောစက်သုံးဆီများ တွေ့ရှိ ရန်ကုန်၊ ဇူလိုင် ၁၂ ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက် နေ့လယ် ၁ နာရီခန့်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ (CCDAC) သည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၏ သတင်းကွင်းဆက်အရ ရေကြောင်းရဲတပ်ဖွဲ့နှင့် ဗိုလ်တထောင်ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းကာ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်ရှိ ရန်ကုန်မြစ်ဆိပ်ကမ်း (ဒလဘက်ခြမ်း) တွင် ရပ်နားထားသော "မိဘမေတ္တာ" ရေယာဉ်အား ဝင်ရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်စီ ထည့်သွင်းထားသည့် အိတ်ငယ် ၂၅ အိတ်ပါ ဆာလာအိတ် ၁၂ အိတ်နှင့် ၁၀ ကီလိုဂရမ်ပါ ဆာလာအိတ် ၁ အိတ်၊ စုစုပေါင်း ICE မူးယစ်ဆေးဝါး ၃၁၀ ကီလိုဂရမ် ပါဝင်သည့် ဆာလာအိတ် ၁၃ အိတ်ကို သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး၏ ဒေသပေါက်ဈေးတန်ဖိုးမှာ တစ်ကီလိုလျှင် ကျပ်သိန်း ၂၅၀ ခန့်ရှိပြီး စုစုပေါင်း ကျပ် ၇ ဒသမ ၇၅ ဘီလီယံ (ကျပ်သိန်း ၇၇,၅၀၀ ခန့်) တန်ဖိုးရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ဆက်စပ်၍ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှုခင်းရဲတပ်ဖွဲ့စု (ဗိုလ်တထောင်) တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ စစ်ဆေးမေးမြန်းချက်များအရ အဆိုပါရေယာဉ်သည် ဝီလျှံထွန်းကုမ္ပဏီမှ ဦးဝေထွန်းပိုင် ရေယာဉ်ဖြစ်ကြောင်းနှင့် အနီးတွင် ကပ်ရပ်ထားသော Green Ocean (1) အမည်ရှိ ဆီတင်ရေယာဉ်ပေါ်တွင် စက်သုံးဆီပေပါ ၂၅၀ ကို တရားမဝင် သိုလှောင်ထားကြောင်း ထွက်ဆိုခဲ့သည်။ ယင်းကြောင့် ဗိုလ်တထောင်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ ညနေ ၆ နာရီ ၃၀ မိနစ်တွင် Green Ocean (1) ရေယာဉ်အား ဥပဒေနှင့်အညီ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။ ရှာဖွေစစ်ဆေးရာတွင် စက်သုံးဆီပေပါများကို မတွေ့ရှိရသော်လည်း ရေယာဉ်၏ ဆီသိုလှောင်ကန်အတွင်း စက်သုံးဆီဟု ယူဆရသည့် အရည်များကို တွေ့ရှိခဲ့သည်။ ထို့နောက် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဓာတုဗေဒနည်းဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ အဆိုပါအရည်တွင် စက်သုံးဆီ ၁၀ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး ရေ ၉၀ ရာခိုင်နှုန်းခန့် ရောနှောထားကြောင်း စိစစ်တွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြစ်စဉ်အလိုက် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်နှင့် သက်သေခံရေယာဉ်များ၏ လုံခြုံရေးအတွက် ဒလမြို့နယ်ဆိုင်ရာ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ #SN
37
8
+3
Sin texto...
34
9
ဘီးလင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း(၉)ခုသို့ ပြောင်းရွှေ့နေရာချထား ဘီးလင်း၊ ဇူလိုင် ၁၂ မွန်ပြည်နယ+3
ဘီးလင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း(၉)ခုသို့ ပြောင်းရွှေ့နေရာချထား ဘီးလင်း၊ ဇူလိုင် ၁၂ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၇ စင်တီမီတာကျော်လွန်ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၂)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေဘေးကြောင့် အိမ်ထောင်စု(၄၂၇)စုမှ လူဦးရေ(၁၆၂၆)ဦး ရေဘေးသင့်ခဲ့ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတာဝန်ရှိသူများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးစခန်း(၉)ခုသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
56
10
ထားဝယ်မြို့၌ လေယာဉ်ကွင်းလမ်းပေါ် သစ်ပင်လဲကျမှုဖြစ်ပွား၊ အချိန်မီရှင်းလင်း ထားဝယ်၊ ဇူလိုင် ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြ+1
ထားဝယ်မြို့၌ လေယာဉ်ကွင်းလမ်းပေါ် သစ်ပင်လဲကျမှုဖြစ်ပွား၊ အချိန်မီရှင်းလင်း ထားဝယ်၊ ဇူလိုင် ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝဲကျွန်းရပ်ကွက်၊ လေယာဉ်ကွင်းလမ်းပေါ်တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခန့်က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အချိန်မီ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ #SN
49
11
ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်ဖွင့်လှစ် နေပြည်တော်၊ဇူလိုင်၁၂ ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်တည်ဆောက်မှုပြီးစီး၍ဖ+4
ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်ဖွင့်လှစ် နေပြည်တော်၊ဇူလိုင်၁၂ ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်တည်ဆောက်မှုပြီးစီး၍ဖွင့်ပွဲအခမ်းအနားကိုဇူလိုင်၁၁ရက်နံနက်ပိုင်းတွင်ကျင်းပခဲ့ရာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပြီးအမှာစကားပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကအနီးစခန်းလေဆိပ်ဖွင့်လှစ်ခြင်းသည်လေကြောင်းပို့ဆောင်ရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက်အရေးပါသည့်အခြေခံအဆောက်အအုံစီမံကိန်းဖြစ်ကြောင်း၊ပြင်ဦးလွင်ဒေသ၏ခရီးသွားကဏ္ဍ၊ရတနာပုံဆိုက်ဘာစီးတီးနှင့်စိုက်ပျိုးရေးထုတ်ကုန်များသယ်ယူပို့ဆောင်ရေးကိုအထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားသည်။ လေဆိပ်ကို၂၀၂၃ခုနှစ်မှစတင်အဆင့်မြှင့်တင်ခဲ့ပြီးတစ်နှစ်လျှင်ခရီးသည်၁၀၀,၀၀၀ဝင်ထွက်အသုံးပြုနိုင်သည့်နှစ်ထပ်လေဆိပ်အဆောက်အအုံ၊လေယာဉ်ရပ်နားနေရာ၊လေကြောင်းထိန်းမျှော်စင်နှင့်လေကြောင်းအထောက်အကူပြုစနစ်များကိုအသစ်တည်ဆောက်တပ်ဆင်နိုင်ခဲ့ကြောင်းသိရသည်။ အခမ်းအနားအပြီးတွင်နိုင်ငံတော်သမ္မတသည်လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်မှုမှတ်တမ်းများ၊လေဆိပ်အဆောက်အအုံနှင့်လေယာဉ်ရပ်နားနေရာအသစ်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ #SN
73
12
နိုင်ငံတော်သမ္မတ ပိုးချည်စက်ရုံ (ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်+2
နိုင်ငံတော်သမ္မတ ပိုးချည်စက်ရုံ (ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့ရှိ ပိုးချည်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပိုးမွေးမြူထုတ်လုပ်မှု၊ ပိုးချည်နှင့် ပိုးထည်ထုတ်လုပ်ရောင်းချမှု အခြေအနေများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား နားထောင်ခဲ့သည်။ နိုင်ငံတော်သမ္မတက ပိုးမွေးမြူထုတ်လုပ်မှုတိုးတက်စေရေး သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပိုးချည်နှင့် ပိုးထည်များကို ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ကျွမ်းကျင်လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ပိုးစာစိုက်ခင်းများ၊ ပိုးမွေးမြူရေးလုပ်ငန်းများ၊ ပိုးချည်ထုတ်လုပ်ရေးအဆင့်ဆင့်နှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN
45
13
နိုင်ငံတော်သမ္မတ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မ
နိုင်ငံတော်သမ္မတ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံမြို့သစ်နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှု၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေးနှင့် အဆောက်အအုံများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ နိုင်ငံတော်သမ္မတက စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို စနစ်တကျစိစစ်ရွေးချယ်ရေး၊ ဒေသခံနည်းပညာဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ စီမံကိန်းနယ်နိမိတ်များ စနစ်တကျသတ်မှတ်ထိန်းသိမ်းရေးနှင့် ကျူးကျော်ဆောက်လုပ်မှုများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရတနာပုံမြို့သစ်ဆက်သွယ်ရေးစခန်းရှိ Incubation Center အဆောက်အအုံနှင့် စီမံကိန်းဧရိယာအတွင်းရှိ စက်ရုံများ၊ အိမ်ရာများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ #SN
37
14
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့ရှိ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ သမ္မတသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး အခြေခံအဆောက်အအုံများကို ရေရှည်အသုံးပြုနိုင်ရေး၊ ရေနုတ်မြောင်းများ စနစ်တကျတည်ဆောက်ရေး၊ ကတ္တရာလမ်းနှင့် လမ်းပခုံးများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး၊ လမ်းဘေးသစ်ပင်များ စနစ်တကျစိုက်ပျိုးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် လမ်းဖောက်လုပ်ရေးလုပ်ငန်းများ၊ တံတားတည်ဆောက်မှုများနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းအတွင်းရှိ ဆောင်ရွက်နေမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ #SN
35
15
ဒုတိယသမ္မတ ဦးညိုစော ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် ၁၂ ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦ
ဒုတိယသမ္မတ ဦးညိုစော ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင် ၁၂ ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဒုတိယသမ္မတက လူဦးရေပြောင်းလဲမှုဆိုင်ရာ အချက်အလက်များသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ မူဝါဒချမှတ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အကောင်အထည်ဖော်ရေးအတွက် အရေးပါကြောင်း၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းအချက်အလက်များကို အခြေခံ၍ တိကျမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Animation Clip ကို ပြသခဲ့သည်။ အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ #SN
60
16
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက် နေပြည်တော်၊ ဇူလိုင် ၁၂ ဟ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံ တက်ရောက် နေပြည်တော်၊ ဇူလိုင် ၁၂ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ် ကျီးရှီးမြို့၌ ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပသည့် (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ဟေလုံကျန်းပြည်နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ လူငယ်ဖလှယ်ရေးနှင့် ၂၀၂၇ ခုနှစ် ဟာဘင်ရေခဲပွဲတော်တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုကို ရေခဲပုံထုဆစ်ပြသရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ၂၀၂၆ ဟေလုံကျန်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညီလာခံသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကျီးရှီးမြို့နှင့် ဟာဘင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ၊ ရေခဲနှင့် ဆီးနှင်းအခြေပြု Sports Tourism လုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ #SN
38
17
ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက် ပဲခူး၊ ဇူလိုင် ၁၂ ပဲခူးမြို့တွင် မိုးသည်းထန်+9
ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက် ပဲခူး၊ ဇူလိုင် ၁၂ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများ လျော့နည်းစေရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စည်ပင်သာယာရေးတာဝန်ရှိသူများက ရွှေမော်ဓောဘုရားလမ်း၊ မဂ္ဂတစ်လမ်း၊ ဗန္ဓုလလမ်းနှင့် ရပ်ကွက်များရှိ ရေနုတ်မြောင်းများကို လူအား၊ စက်ယန္တရားများဖြင့် အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ကသစ်ပင်ရိုးချောင်း၌ ရေနုတ်မြောင်းတူးဖော်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
44
18
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ဇူလိုင် ၁၂ တပ်မတော်အနေဖြင့် တိုင်းရင်း+5
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ဇူလိုင် ၁၂ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ #SN
50
19
+7
Sin texto...
56
20
၁၂-၇-၂၀၂၆ရက်(၁ဝး၀၀)အချိန် အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၇) ရပ်ကွက်မှ ပြည်သူ့စစ်မှု့ထမ်းတာဝန်အား ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော အပါတ်စဉ်(၃)မှ ပစ-၁၁၂၅၃၆ ဇင်မင်းထွန်းနှင့် ပစ-၁၁၂၅၄၄ ကျော်စွာမင်း တို့(၂)ဦးအား ထောက်ပံ့ဂုဏ်ပြုငွေ တစ်ဦးလျှင်(၅)သိန်းကျပ်ဖြင့် နှစ်ဦး(၁၀)သိန်းကျပ်နှင့်ဆန်/ဆီများ ထောက်ပံ့ဂုဏ်ပြုမှု့အား အုပ်ချုပ်ရေးမှူး ဦးစိန်မောင်ဝင်းနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ရပ်မိ/ရပ်ဖများ၊ရပ်ကျေးအမျိုးသမီးရေးရာအဖွဲ့များနှင့်ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့များမှ ပူးပေါင်း၍ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ပါကြောင်း သိရှိရပါသည် ဝင်းဇော် မျက်ဝန်းသစ်(SH)
52