ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

前往频道在 Telegram

Information Channel

显示更多
2 483
订阅者
无数据24 小时
-47 天
-4130 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
10月 '26
十月 '26
+11
在3个频道中
九月 '26
+32
在2个频道中
Get PRO
八月 '26
+51
在7个频道中
Get PRO
七月 '26
+60
在11个频道中
Get PRO
六月 '26
+53
在11个频道中
Get PRO
五月 '26
+31
在5个频道中
Get PRO
四月 '26
+27
在2个频道中
Get PRO
三月 '26
+14
在4个频道中
Get PRO
二月 '26
+23
在1个频道中
Get PRO
一月 '26
+27
在3个频道中
Get PRO
十二月 '25
+35
在5个频道中
Get PRO
十一月 '25
+17
在3个频道中
Get PRO
十月 '25
+27
在4个频道中
Get PRO
九月 '25
+31
在1个频道中
Get PRO
八月 '25
+23
在1个频道中
Get PRO
七月 '25
+34
在2个频道中
Get PRO
六月 '25
+21
在4个频道中
Get PRO
五月 '25
+15
在5个频道中
Get PRO
四月 '25
+26
在4个频道中
Get PRO
三月 '25
+81
在5个频道中
Get PRO
二月 '25
+28
在6个频道中
Get PRO
一月 '25
+72
在5个频道中
Get PRO
十二月 '24
+74
在6个频道中
Get PRO
十一月 '24
+79
在11个频道中
Get PRO
十月 '24
+54
在2个频道中
Get PRO
九月 '24
+80
在4个频道中
Get PRO
八月 '24
+215
在8个频道中
Get PRO
七月 '24
+429
在9个频道中
Get PRO
六月 '24
+293
在23个频道中
Get PRO
五月 '24
+241
在17个频道中
Get PRO
四月 '24
+381
在14个频道中
Get PRO
三月 '24
+289
在8个频道中
Get PRO
二月 '24
+298
在12个频道中
Get PRO
一月 '24
+285
在10个频道中
Get PRO
十二月 '23
+1 104
在11个频道中
Get PRO
十一月 '23
+651
在6个频道中
Get PRO
十月 '23
+42
在1个频道中
Get PRO
九月 '23
+21
在0个频道中
Get PRO
八月 '23
+815
在0个频道中
日期
订阅者增长
提及
频道
10 十月0
09 十月+2
08 十月0
07 十月0
06 十月+2
05 十月+3
04 十月0
03 十月0
02 十月+1
01 十月+3
频道帖子
လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ချပြဆွေးနွေးပွဲ နိုဝင်ဘာပထမပတ်တွင် ကျင်းပမည် နေပြည်တော်၊ အောက်တိုဘာ ၁၁ လျှပ်
လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ချပြဆွေးနွေးပွဲ နိုဝင်ဘာပထမပတ်တွင် ကျင်းပမည် နေပြည်တော်၊ အောက်တိုဘာ ၁၁ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ချပြဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာလ ပထမပတ်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် နိုင်ငံတော်အစိုးရက အားပေးကူညီမည့် အစီအစဉ်များကို PowerPoint Presentation များ၊ ရုပ်ပုံကားချပ်များနှင့် 3D Model များ အသုံးပြုကာ ရှင်းလင်းတင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ #SittNaing

2
မလေးရှားမှ ပြန်လာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေး လှိုင်သာယာ(အနောက်)၊ အောက်တိုဘာ ၁၁ မလ+3
မလေးရှားမှ ပြန်လာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေး လှိုင်သာယာ(အနောက်)၊ အောက်တိုဘာ ၁၁ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် UID ကတ်များ ထုတ်ပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူ ၁၇၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများ၊ ၂၁၂ ဦးအား UID ကတ်များ ပေးအပ်ခဲ့သည်။ ထို့ပြင် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်များ ပြုလုပ်ပေးကာ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ပြန်လည်ရောက်ရှိလာသူများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ #SittNaing
70
3
အပူဒဏ်ကြောင့် သတိလစ်ခြင်းမှ အသက်အန္တရာယ်အထိ ဖြစ်ပွားနိုင်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းရှောင်ရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး အပူချိန်မြင့်တက်ချိန်တွင် အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းမှ အသက်အန္တရာယ်ထိခိုက်ခြင်းအထိ ဖြစ်ပွားနိုင်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းနှင့် ပူပြင်းသည့်နေရာများတွင် အလုပ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသတိပေးထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အသိပညာပေးထုတ်ပြန်ချက်အရ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် အရိပ်ရပြီး အေးမြသောနေရာများတွင် နေထိုင်ခြင်း၊ ရေများများသောက်ခြင်း၊ အပြင်ထွက်သည့်အခါ ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိသော ချည်ထည်များ ဝတ်ဆင်ခြင်းတို့ ပြုလုပ်ရန် တိုက်တွန်းထားသည်။ ထို့ပြင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို လျှော့ချရန်၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရာမှ အလွန်အေးသောအခန်းသို့ ချက်ချင်းဝင်ရောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အသိပေးထားသည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်ပွားပါက နုံးချိခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) အဆင့်သို့ ရောက်ရှိပါက ခန္ဓာကိုယ်အပူချိန် အလွန်အမင်းမြင့်တက်ခြင်း၊ အရေပြားပူပြင်းခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမည့်သူများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ဆီးချို၊ နှလုံး၊ သွေးတိုးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါရှိသူများ ပါဝင်သည်။ ထို့အပြင် ကာယလုပ်သားများ၊ အားကစားသမားများ၊ ဝလွန်သူများ၊ အရက်စွဲသူများနှင့် မူးယစ်ဆေးသုံးစွဲသူများသည်လည်း အပူဒဏ်အန္တရာယ် ပိုမိုကြုံတွေ့နိုင်သည့် အုပ်စုများဖြစ်ကြောင်း အသိပေးထားသည်။ အပူဒဏ်ခံစားရသူကို တွေ့ရှိပါက အရိပ်ရပြီး အေးမြသောနေရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခြင်း၊ လေဝင်လေထွက်ကောင်းစေရန် ဆောင်ရွက်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်းနှင့် ရေပတ်တိုက်ပေးခြင်းတို့ဖြင့် ခန္ဓာကိုယ်အပူချိန် လျော့ကျစေရန် ဆောင်ရွက်ပေးသင့်သည်။ လူနာသည် သတိကောင်းစွာရှိပြီး မျိုချနိုင်သည့်အခြေအနေတွင်သာ ရေ သို့မဟုတ် ဓာတ်ဆားရည် တိုက်ပေးသင့်ပြီး သတိလစ်နေသူကို ပါးစပ်မှ ရေ သို့မဟုတ် အခြားအရည်များ မတိုက်သင့်ကြောင်း သတိပေးထားသည်။ အထူးသဖြင့် ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ ဖြစ်ပေါ်လာပါက အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိနိုင်သည့် အရေးပေါ်အခြေအနေဖြစ်သဖြင့် ခန္ဓာကိုယ်အပူချိန် လျှော့ချပေးခြင်းကို ချက်ချင်းစတင်ဆောင်ရွက်ကာ အရေးပေါ်ဆေးကုသမှုရရှိရန် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန် နေပူပြင်းသည့်အချိန်များတွင် အပြင်ထွက်ခြင်းကို လျှော့ချရန်၊ ရေကို လုံလောက်စွာသောက်သုံးရန်နှင့် အပူဒဏ်လက္ခဏာများကို သတိပြု၍ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
54
4
+1
没有文字...
38
5
ပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စု နတ်ပုတီးရွာ၌ VDP စီမံကိန်းဖြင့် လမ်းခင်းနေမှုကို ကွင်းဆင်းကြည့်ရှု ပေါင်းတည်၊ အောက်တိုဘာ ၁၁+5
ပေါင်းတည်မြို့နယ် ကြူတောကန်အုပ်စု နတ်ပုတီးရွာ၌ VDP စီမံကိန်းဖြင့် လမ်းခင်းနေမှုကို ကွင်းဆင်းကြည့်ရှု ပေါင်းတည်၊ အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်သည် မြို့နယ်ကော်မတီဝင်များဖြစ်သည့် ဦးစိန်ဝင်း၊ ဦးဆန်းဝင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက်တွင် ကြူတောကန်အုပ်စု၊ နတ်ပုတီးရွာသို့ သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်စဉ် VDP စီမံကိန်းရန်ပုံငွေဖြင့် လမ်းခင်းနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ #SittNaing
43
6
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့ အသိပေးခြင်း
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့ အသိပေးခြင်း
43
7
ပျဉ်းမနားမြို့နယ် ၁၀၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီကြွချီပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် ပျဉ်းမနား၊ အောက်တိုဘာ ၁၁ ၁၀၆ ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၁ နာရီအထိ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးမျိုးမင်းစိုးက ဘုရားရုပ်ပွားတော်များ ဒေသစာရီလှည့်လည်ပူဇော်ပွဲနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ယခုနှစ်အတွက် လျာထားချက်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ #SanWin(NPT)
47
8
+3
没有文字...
43
9
တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများအလိုရှိသည်။ #SittNaing
တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများအလိုရှိသည်။ #SittNaing
28
10
ပြည်ခိုင်ဖြိုးပါတီက ထူးချွန်ကျောင်းသား ၂,၇၈၀ ဦးအား ပညာရည်ချွန်ဆုများ ချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ ၁၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ပွဲကို အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး ဒေါ်ခင်မေစိုး၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးသောင်းအေးနှင့် ပါတီဗဟိုအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ကျောင်းသားကျောင်းသူများအနေဖြင့် ခေတ်မီနည်းပညာများကို အမီလိုက်နိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရန် ကြိုးစားကြရန်နှင့် လွဲမှားသောအယူအဆများ၊ လောင်းကစားနှင့် စာရိတ္တပျက်ပြားစေမည့် အပျော်အပါးများကို ရှောင်ရှားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသူများနှင့် ရိုးရိုးအောင်မြင်သူများအပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂,၇၈၀ ဦးအား ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသားကျောင်းသူ ၁၈၇ ဦးအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ #SittNaing
49
11
+9
没有文字...
73
12
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ+6
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်         အသုံးပြုသည့် တရားမဝင် ၆ ထပ် အဆောက်အအုံ ၁ လုံးအား စနစ်တကျထပ်မံ ဖြိုချဖျက်ဆီး #SN
73
13
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြော
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြောင်း နေပြည်တော် အောက်တိုဘာ ၁၀ #SN
64
14
၁၀-၁၀-၂၀၂၆ ရက်နေ့ယနေ့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သည့် အမိန့်များ #SN+4
၁၀-၁၀-၂၀၂၆ ရက်နေ့ယနေ့ နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သည့် အမိန့်များ #SN
38
15
ဒုတိယ ဝန်ကြီး များပြောင်းလဲတာဝန်ပေးအပ်ခြင်း #SN
ဒုတိယ ဝန်ကြီး များပြောင်းလဲတာဝန်ပေးအပ်ခြင်း #SN
30
16
❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞ #SN
❝ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း❞ #SN
28
17
ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုး၊ ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း ကြည်မြင်တ+5
ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမိုး၊ ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း ကြည်မြင်တိုင် အောက်တိုဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည်မြင်တိုင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သင်းသင်းမိုး၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းကော်မတီဝင်၊ ခရိုင်တာဝန်ခံ ဒေါ်အိအိလှိုင်၊ ကြည်မြင်တိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်နှင့် ပါတီကော်မတီဝင်များသည့် ယနေ့ နံနက် ၁၁:၃၀ အချိန်တွင် ဈေးကြီးအရှေ့ရပ်ကွက်သို့ နယ်မြေကွင်းဆင်း၍ပရဟိတနှလုံးသား လူမှုကူညီရေး အသင်း (ရန်ကုန်)တာဝန်ရှိသူနှင့်တွေ့ဆုံဆွေးနွေးခဲ့ သည်။ဆက်လက်၍တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည့် ပရဟိတနှလုံးသားလူမှုကူညီရေး အသင်း (ရန်ကုန်)၏ ပရဟိတနှလုံးသား ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအားကြည်ရှုခဲ့ကြ ပါသည်။ထို့နောက် ကြည့်မြင်တိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ပရဟိတနှလုံးသားလူမှုကူညီရေးအသင်းအားအလှူငွေနှစ်သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။ #USDP #YANGONMYANMAR #ကြည်မြင်တိုင်မြို့နယ် #တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
50
18
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌ ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း ------------------------------------------------------------------------- ရန်ကုန် အောက်တိုဘာ ၁၀ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သောရန်ကုန်တိုင်းပါတီဝင်များသည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀)ရက် ၀၈:၃၀မှ ၁၁:၀၀အချိန်ထိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌ ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ် ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင်(၈၄)ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ က လက်ခံရယူခဲ့ကြသည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ဒေါ်သင်းသင်းမိုး ၊ ဒေါ်အိအိလှိုင် နှင့်ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သောပါတီဝင် (၁၁၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ #USDP #yangonMyanmar
40
19
+9
没有文字...
56
20
ဝေါနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ကျပ် ၁,၂၄၃ သိန်းဖိုး ဖမ်းဆီးရမိ အောက်တိုဘာ ၁၀ ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်
ဝေါနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါး ကျပ် ၁,၂၄၃ သိန်းဖိုး ဖမ်းဆီးရမိ အောက်တိုဘာ ၁၀ ဝေါမြို့နယ်တွင် ငွေကျပ် ၆၉၃ သိန်းတန်ဖိုးရှိ TRAMADOL ဆေးတောင့် ၁၃၈,၆၀၀ တောင့်နှင့် ကျောက်မဲမြို့နယ်တွင် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ အောက်တိုဘာ ၅ ရက်က ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးရှာဖွေရာမှ TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ သထုံမြို့ရှိ နေအိမ်တစ်အိမ်တွင် သယ်ဆောင်ခိုင်းသူကိုပါ ဖမ်းဆီးရမိခဲ့သည်။ ယင်းဖြစ်စဉ်တွင် အမျိုးသား ၆ ဦးကို အရေးယူထားသည်။ အလားတူ အောက်တိုဘာ ၆ ရက်က ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၇၅ ကီလိုနှင့်အတူ ယာဉ်မောင်း ကျော်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ #SittNaing
30