cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

Ko'proq ko'rsatish
Reklama postlari
3 626
Obunachilar
+624 soatlar
+327 kunlar
+16530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
လားရှိုးတွင် မပေါက်ကွဲသေးသည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ ကလေး (၃)ဦး ဒဏ်ရာရရှိ လားရှိုးမြို့ ၊ ရပ်ကွက်(၇)၊ နယ်မြေ(၆) တွင် ယနေ့ ဇွန်(၂၀)ရက် မွန်းလွဲ(၁)နာရီ မိနစ်(၂၀)အချိန်ခန့်က မပေါက်ကွဲသေးသည့် ဗုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ကလေးငယ်များမှာ အသက် (၁၄)နှစ်နှင့် (၉)နှစ်အရွယ် ယောက်ျားလေး (၂)ဦးနှင့် အသက် (၅) နှစ်အရွယ် မိန်းကလေး(၁)ဦးတို့ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ "ဗုံးကို ကောက်လာပြီး ဆော့ရာကနေ ‌ပေါက်တာ။ ကလေးတွေက ဆော့တဲ့ကလေးနားမှာ လာကြည့်ကြတဲ့အချိန်ပေါက်ကွဲသွားတာ။ ကလေးတစ်ယောက်တော့ လက်ပြတ် ဒဏ်ရာရတယ်။ လုံခြုံရေးအဖွဲ့တွေလည်း ရောက်လာတယ်"ဟု ၎င်း က ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေမြှပ်မိုင်းနှင့် စစ်ကျန်လက် နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း (၃၀) ကျော်အထိရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီရှိနေပြီဖြစ်ကြော င်း ဒေသတွင်း အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။
Hammasini ko'rsatish...
😱 3
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပ ============= ပဲခူး ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်၊မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။
Hammasini ko'rsatish...
👍 6
Photo unavailableShow in Telegram
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်ကြားဆရာတော်ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး ရန်ကုန်  ဇွန်  ၂၀ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် သင်ကြားဆရာတော် ကြီးများ၊ ပြည်တွင်း၊ ပြည်ပ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များကို ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခဲ့ပါတယ်။ ထိုသို့ ဆရာတော်ကြီးများ အား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနေမှု များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ဖူးမြော်ကြည်ညိုကြပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် များ၏ ကာကွယ်ဆေးထိုးနှံနေ မှုများကို ကြည့်ရှုအားပေးကြပါတယ်။
Hammasini ko'rsatish...
👍 2
ရုရှားသမ္မတ ပူတင် ဗီယက်နမ်ရောက်နေ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အရှေ့အာရှကို သူ့ရဲ့ခရီးစဥ် ဒုတိယခရီးတစ်ထောက်အနေနဲ့ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းကို  မနေ့ညပိုင်းကစလို့ ရောက်ရှိနေပါတယ်။ မြောက်ကိုရီးယားကို သွားရောက်အပြီးမှာ  ဗီယက်နမ်ကို ဝင်တဲ့ သူ့ခရီးစဥ်ဟာ ဒေသတွင်းမှာ ရုရှားဆက်ပြီးရရှိနေတဲ့ သံခင်းတမန်ခင်းထောက်ခံမှု တစ်ခုအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။ ဗီယက်နမ်ဟာ အမေရိကန်နဲ့ ဥရောပကြား ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်နေပေမဲ့ ရုရှားနဲ့ဆက်ဆံရေးကို တန်ဖိုးထားတုန်းဖြစ်ပါတယ်။ #SH Media
Hammasini ko'rsatish...
38.96 MB
👍 6
ရာအိမ်မှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး June 20 ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာတွင် ၊ ရာအိမ်မှူး ဦးဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ ဖြစ်စဥ်မှာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ သဲဖြူပိန်းရှိုလေးကျေးရွာနေ ရာအိမ်မှူးဦးဝင်းမောင်ကို နေအိမ်တွင် ရှိနေစဥ် အမည်မသိလက်နက်ကိုင်ဆောင်သူများမှ ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ရာ နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားပါသည်။ WIN SH https://t.me/Information969
Hammasini ko'rsatish...
ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

👍 2
ရန်ကုန် ဇွန်လ(၂၀)ရက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှကျင်းပပြုလုပ်သော(၁၃)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်း စကားပြောပြိုင်ပွဲ၊ကဗျာရွတ် ဆိုပြိုင်ပွဲ(အင်္ဂလိပ်ဘာသာ) ကိုကျောက်ဆည်ဓမ္မာရုံခန်းမ၌ကျင်းပစဥ်။ #MANA(ဗဟို)
Hammasini ko'rsatish...
👍 1
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေးခဲ့ပြီး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု အပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး အလေးထားဆောင်ရွက် ရန်မှာကြားခဲ့ပါသည်။ နေပြည်တော်၊ ဇွန် ၂၀
Hammasini ko'rsatish...
👍 2
မြန်မာနယ်စပ်ကို ပို့မယ် စတားလင့်ခ် အလုံး ၆၀ နီးပါးကို ထိုင်းရဲဖမ်း မြန်မာနယ်စပ်ကို ပို့မယ့် စတားလင့်ခ် အလုံးရေ ၆၀ နီးပါးကို ဖမ်းမိတယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဇွန်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဂြိုဟ်တုနဲ့ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်တဲ့ စတားလင့်ခ်(starlink) စက်တွေကို ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
Hammasini ko'rsatish...
👍 4
■ ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော်၏ ဥတုဇ ရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ ပျံလွန်တော်မူခဲ့သည့်ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော်၏ ဥတုဇရုပ်ကလာပ်အား ပဲခူးမြို့ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။ ဆရာတော်၏ ရုပ်ကလာပ်တော်ကို ဇွန် ၂၀ ရက်နံနက် ၄ နာရီ တွင် ပင့်ဆောင်ရောက်ရှိခဲ့ပြီး ဝမ်းနည်းစွာဖြင့် တပည့် ဒါယကာ ဒါယိကာမ အပေါင်းတို့အား အသိပေးအပ်ကြောင်း အရှင်ပညာစာရ ကြခတ်ဝိုင်းဆရာတော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ မန္တလေးတိုင်းဒေသကြီး မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် ဇွန်လ ၁၉ ရက် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသည် ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန (ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန (ငြိမ်း) တို့သည့် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ဇွန် ၂၀ ရက်တွင် ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်း ‌ဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာရာ နံနက် ၁၀ နာရီတွင် တံတားဦးလေဆိပ်သို့ ‌ရောက်ရှိကြောင်း၊ ထို့နောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးသည် ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသည်။
Hammasini ko'rsatish...
🙏 10
Po'stilar arxiv
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.