cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ရှု့ထောင့်သတင်းစုံ ဂျာနယ်

Information Channel

إظهار المزيد
مشاركات الإعلانات
3 721
المشتركون
+1124 ساعات
+707 أيام
+21330 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

ဒဂုံတောင်တွင်လူငယ်တစ်ဦးကြိုးဆွဲချသတ်သေ NOM၊ဇူလိုင်၁၊၂၀၂၄ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊(၁၈)ရပ်ကွက်၊ကျွန်းရွှေမြိုင်လမ်း၊အမှတ်(၁၆၈၅)နေအိမ်တွင်အသက်၁၆နှစ်အရွယ်လူငယ်တစ်ဦးသည်ဇူလိုင်လ၁ရက်နံနက်၉း၁၀နာရီအချိန်ကကြိုးဆွဲချသတ်သေသွားကြောင်းသိရသည်။ ကြိုးဆွဲချသတ်သေသူမှာမောင်ဇော်နိုင်ထွန်း(အသက်၁၆နှစ်)ဖြစ်ပြီးနေအိမ်အပေါ်ထပ်ထုတ်တန်းတွင်အဝါရောင်အဝတ်စကိုသုံးပြီးကြိုးဆွဲချသတ်သေခြင်းဖြစ်သည်။မိခင်ဖြစ်သူကိုရဲတပ်ဖွဲ့ကမေးမြန်းရာသားဖြစ်သူသည်လွန်ခဲ့သောတစ်လကမိခင်ကိုကျူရှင်တက်ချင်ကြောင်းပြောရာမိခင်ကကျူရှင်ခမပေးနိုင်​သေးကြောင်းပြောခဲ့သည်။သားဖြစ်သူစိတ်ညစ်နေသဖြင့်မိခင်ကယနေ့ဇူလိုင်လ၁ရက်နေ့တွင်ကျူရှင်လခပေးမည်ဟုပြောစဥ်သားဖြစ်သူကအိမ်​ပေါ်တက်သွားပြီးကြိုးဆွဲချသတ်သေသွားခြင်းဟုသိရသည်။ #NOM https://t.me/YangonUSDP2024
إظهار الكل...
Yangon Division News 2024

ရန်ကုန်တိုင်းဒေသကြီးသတင်းများ

မြစ်ကြီးနားမြို့ရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများအား ပစ္စည်းများထောက်ပံ့ မြို့၏ စိုးရိမ်ရေမှတ်သို့ ယနေ့ ညဦးပိုင်းတွင် ရောက်ရှိနိုင်ခြေရှိ မြန်မာပြည် မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ ဇူလိုင်(၁)ရက် မွန်းလွဲ (၁) နာရီခွဲတွင် စိုးရိမ်ရေမှတ်အောက် (၁၁၄၀) စင်တီမီတာအထိ မြင့်တက်လာနေပြီဖြစ်သည်။ ထိုသို့မြင့်တက်ခဲ့သဖြင့် မြို့မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ပြီး ပြည်သူများအား လတ်တလောရေဘေး ရှောင်စခန်း (၉) နေရာဖွင့်လှစ်၍ ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ဇူလိုင် (၁)ရက်၊ မွန်းလွဲ (၂) နာရီက ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ပေးခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ လူနေအိမ်များတွင် မြစ်ရေများဝင်ရောက်နေမှု အခြေအနေများနှင့် ရေဝင်သည့်အိမ်များမှ ပြည်သူများအား ပြည်ခိုင်ဖြိုးရုံး၌ ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်၍ နေထိုင်မှုအခြေအနေများကိုသွားရောက်တွေ့ဆုံကာ အားပေးခဲ့ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးရှောင်အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၀၇)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၁၂၁၈၀၀) တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုများ နေ့လည်စာ၊ ညစာထမင်းဘူးများ စီစဉ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရမ်ပူရပ်ကွက် နယ်မြေ (၁၁)အတွင်း ကြက်ပေါင်ခြံရပ်ကွက်မြေနိမ့်နေရာများမှ ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးဆောင်ရွက်၍ ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း၌ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိမှု၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဧရာဝတီမြစ်ရေအနေဖြင့် ယနေ့ ညပိုင်းတွင် ထပ်မံမြင့် တက်လာခြေရှိသည့်အတွက် ရေဘေးလွတ်ရာနေရာများတွင် ခေတ္တခိုလှုနေထိုင်နိုင်ရေး၊ ကလေးငယ်များ ကျောင်းတက်နိုင်ရေး၊ ကျန်းမာရေးအထူးဂရုပြု နေထိုင်ကြရေး ပြည်နယ်ဝန်ကြီးချုပ်ကအားပေးမှာကြားခဲ့ကြောင်း သိရသည်။ ၎င်းရေဘေးရှောင်မိသားစု (၄၅)စု၊ လူဦးရေ (၂၀၀)ကျော်တို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးများ၊ တစ်ပတ်စာ ဆန်ရိက္ခာဘိုးငွေအဖြစ် ထောက်ပံ့ငွေကျပ် (၅၂၅၀၀၀) နှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။ အထက်ပိုင်းတွင် မိုးဆက်လက် ရွာသွန်းလျက်ရှိသဖြင့်ဧရာဝတီမြစ်ရေတက်နှုန်းသည် တစ်နာရီလျှင် (၁၆) စင်တီမီတာထိ မြင့်တက်ရာမြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် (၁၂၀၀)စင်တီ မီတာသို့ ယနေ့ ညဦးပိုင်းတွင် ရောက်ရှိနိုင်ခြေရှိကြောင်း သိရသည်။ ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် ဘုရားဝင်းအတွင်းရှိ မြို့သစ်ကြီးရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးတိမ်းရှောင်လာသော မိသားစုများအား ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၊ ဇရပ်များတွင် နေရာချထားပေးသည့်နေရာသို့ သွားရောက်ပြီး မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ကူညီမှုများပေးခဲ့သည်။
إظهار الكل...
👍 1
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် ၁
إظهار الكل...
👍 4
Repost from N/a
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်(၇)ခုအား အရေးယူ။
إظهار الكل...
👍 4
အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှု စတင် ၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များကို အိမ် အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို (၁-၇-၂၀၂၄) ရက်နေ့မှ စတင်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ၂။ အဆိုပါ အစီအစဉ်အရ ရွှေဘိုပေါ်ဆန်း (၁၀၈)ပေါင် (၂၄) ပြည် တစ်အိတ်လျင် (၁၅၂,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျင် (၁၃၀,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀)ကီလို (၅)ပြည်ခန့် တစ်အိတ်လျင် (၂၆,၅၀၀)ကျပ်ဖြင့် အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို အိမ်အရောက်စတင် ပေးပို့ခဲ့ပါသည်။ ၃။ ယင်းအစီအစဉ်ဖြင့် စားသုံးဆန်များမှာယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် Email များသို့ ဆက်သွယ်ပြီး ငွေကြိုတင်ပေးပို့ မှာကြားနိုင်ပါသည်။ ငွေပေးသွင်းပြီး (၃)ရက်အတွင်း အိမ်အရောက် ပေးပို့ သွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရန် Viber ဖုန်းနံပါတ်များ : 09-400067240, 09-400067250, 09-400067260 Email : [email protected]
إظهار الكل...
👍 4 2
ပန်ဝါမြို့မှာ မြေပြိုမှုဖြစ်ပွားပြီး အိမ်ခန်းငှားနေသူများ သေဆုံး 1 July 2024 - Kachinwaves မိုးကြီးနေတဲ့ ကချင်ပြည်နယ်၊ ပန်ဝါမြို့မှာ မြေပြိုမှုတွေဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့မနက်က ပန်ဝါမြို့ ခန်းမဆောင်အနောက်ဘက်၊ မေတ္တာတည်းခိုခန်းအနီးက အိမ်ခန်းငှားစားတဲ့ အဆောင်တန်းလျားပေါ် မြေပြိုကျခဲ့ရာက အိမ်ခန်းငှားနေသူ ၇၊ ၈ ဦးလောက် မြေပိသေဆုံးတယ်လို့ ပန်ဝါမြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။ လက်ရှိအချိန်ထိ မြေပြိုမှုအတွင်း ပျောက်ဆုံးနေတဲ့ အရပ်သားတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ မြို့တွင်းမြေပြိုမှုအပြင် မြေရှားသတ္တုလုပ်ကွက်ဆိုဒ်မှာလည်း တောင်ပြိုမှုတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ လတ်တလော ကြားသိနေရပါတယ်။ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ တူးဖော်နေတဲ့ ပန်ဝါဒေသက မြေရှားသတ္တုလုပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လကလည်း မြေပြိုမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဆယ်ချီသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
إظهار الكل...
😱 1
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာနတို့အား ကြည့်ရှုစစ်ဆေး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အား ဖြန့်ဖြူးရေးဌာန လက်အောက်ရှိ ထရန်စဖော်မာပြုပြင်ရေးဌာနခွဲ၊ မြေအောက်ဓာတ်ကြိုး ဌာနခွဲ၊ ကောင်းကင်ဓာတ်အားလိုင်းဌာနခွဲနှင့် လမ်းမီးဌာနခွဲတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
إظهار الكل...
👍 6
Photo unavailableShow in Telegram
မြစ်ရေအခြေအနေခန့်မှန်းချက်နှင့်ပက်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် ဇူလိုင် ၁ ၊ နေပြည်တော်
إظهار الكل...
👍 8 1
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.