en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
-124 hours
-27 days
-2630 days
Posts Archive
မင်္ဂလာတောင်ညွှန့် ဗိုလ်ချုပ်နဲ့ ဆူးလေပွိုင့် ခွေးဘဲဥ ၁ ကောင်ရှိ – RSG 9:00 AM 📬 @Inform_RSN

⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း ‌သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:47 AM 📬 @Inform_RSN

🟥 ကျောက်တံတား သမ္မတရုံဂုံးအလယ်နား ဆူးလေဘုရားဘက်အသွား ရခ မီးတန်း ဂျစ်ကား ၁ စီး ရပ်ထားပြီး ရခ ၄ ကောင်ခန့် စက်ဘီးစီးတဲ့သူတွေကို တားပြီ စစ်နေ၊ ခွေးဘဲဥတွေလဲရှိ လက်ရှိ Food Panda Deliveryသမားကို ဖုန်းယူပြီး စစ်နေ – RSG 7:58 PM 📬 @Inform_RSN

လမ်းမတော် - လသာ - ပန်းဘဲတန်း * စခ Faw ၁ စီး၊ ခေါင်းခန်း ၂၊ နောက်ခန်း ဆီပေပါတွေပါ * ကျောက်လမ်းမအတိုင်း သခင်မြပန်းခြံဘက်ကနေ ဘုန်းကြီးလမ်း - လသာလမ်း - ရွှေတိဂုံဘုရားလမ်း- ဗိုလ်တထောင်ဘက်ရှေ့ရှုသွားခဲ့ * 3:31 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from MPANews
ဘဏ်အချက်အလက်ခိုးယူခံရသော်လည်း လုံခြုံစွာအသုံးပြုနိုင်ဟု ဧရာ၀တီဘဏ်လိမ်ညာ 25 Jun 2026 By MPA နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော
ဘဏ်အချက်အလက်ခိုးယူခံရသော်လည်း လုံခြုံစွာအသုံးပြုနိုင်ဟု ဧရာ၀တီဘဏ်လိမ်ညာ 25 Jun 2026 By MPA နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဆိုက်ဘာရာဇဝတ်ဂိုဏ်း LAPSUS$ က ဧရာဝတီဘဏ် (AYA Bank) ၏ စနစ် System များကို ဖောက်ထွင်း၍ အလွန်အရေးကြီးသော အချက်အလက်များကို ရယူထားနိုင်ခဲ့ကြောင်း ပြောဆိုလာသည်။ အဆိုပါ ဆိုက်ဘာဂိုဏ်း၏ အဓိကလုပ်ရပ်မှာ ကုမ္ပဏီကြီးများနှင့် ဘဏ်များ၏ အတွင်းရေးဒေတာများ၊ ဆော့ဖ်ဝဲလ်ပင်မကုဒ် များနှင့် သုံးစွဲသူ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူကာ ငွေညှစ်ခြင်း ဖြစ်ကာ၊ ၎င်းတို့ တောင်းဆိုသော ငွေကြေးကို မပေးပါက ခိုးယူထားသော အချက်အလက်များကို အင်တာနက်ပေါ်၌ အခမဲ့ ချပြပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/10456/

ပြောင်းလဲမရသော အချက်အလက်များ နှင့် ကူကယ်ရာမရှိ ပေါက်ကြားမှု 😔 ကိုယ့်လူတိုရေ ပြင်ပမှာရော ဒစ်ဂျစ်တယ်လောကမှာပါ အနိဌာန်ရုံ တွေ ဖိနှိပ်မှု တွေကနေတစ်ဆင့် ကိုယ်တွေ သင်ယူခဲ့ရတာတွေရှိပါတယ်။ 📌ပထမ တစ်ခုကတော့ အချက်အလက် ပေါက်ကြားပြီးရင် ကုစားရခက်ပါတယ်၊ ဒစ်ဂျစ်တယ် ခေါတ်မှာ ဒါ ပိုဆိုးပါတယ်၊ ကိုယ်တွေ အစဉ်တစ်စိုက် ပြောဆိုကြတဲ့ အထဲမှာ ဒါတွေ ပါပါတယ်။ 📌နောက်တစ်ခုကတော့ တစ်ချို အချက်အလက်တွေက အလွန် စောင့်ထိန်းရပါတယ်၊ အထူးသဖြင့် မိမိ မည်သူ မည်ဝါကို ဖော်ညွှန်းနိုင်တဲ့ PII လို ခေါ်တဲ့ personally identifiable information ပါ။ ဒါကို သတိပြုမစောင့်ထိန်းနိုင်ရင် ထိရှလွယ်သူတွေဆို PSMS လိုစနစ်မျိုးနဲ့ပါ ပြဿနာရှာခံရနိုင်ပါတယ်။ ပုံမှန်လူတွေ အတွက်လည်း ဒီလို အချက်အလက်တွေပေါက်ကြားရင် အွန်လိုင်း လိမ်လည်မှု အတွက် ပိုမိုပစ်မှတ်ထားခံရတာ၊ ဒါမှမဟုတ် လက်ဝင်လျှိသလို ကြုံရနိုင်ပါတယ်။ 🔎လက်ရှိမှာ ဒါတွေကို တင်းကျပ်ဖိုပဲ KYC လိုမျိုး ခေါ်တဲ့ Know Your Customer ကို လိုက်နာဖို ဘဏ်လို ငွေကြေးဝန်ဆောင်မှု ပေးသူတွေက တင်းကျပ်ထား တာတစ်သွယ်၊ transaction တွေကို စီစစ်တာ တစ်ကြောင်း နဲ့ မြန်မာနိုင်ငံတွင်း ဘဏ်တွေက သုံးစွဲသူတွေအတွက် မလုံခြုံလှပါဘူး (အခု အွန်လိုင်း လိမ်လည်မှုရယ်လို ပြဿနာ တက်မှ မဟုတ်ပါဘူး - အကောင့်ပိတ်တယ်၊ အိမ်အထိပြဿနာလာရှာတယ်ဆိုတာ ၂၀၂၁ ထဲက ရှိပါတယ်) 🚫ဒီဒေတာ တွေ က အရေးပါ ပါတယ်၊ ထိရှလွယ်ပါတယ်။ ဒီဒေတာပေါက်ခဲ့ရင်၊ ဆိုးကျိုးတွေဖြစ်လာရင် ယခု၊ နောက်နောင် ဖြစ်လာရင် ဘယ်သူမှာ တာဝန်ရှိမလဲ? ဆိုတာ မေးရမယ့် အနေအထားရောက်လာပါတယ်။ 💥လက်ရှိမှာ မကြာသေးခင်က ပေါက်ကြားထားတဲ့ ဘဏ်စနစ်ကို ဟက်ကာတွေ ထိုးဖောက်ဝင်ရောက်ပြီး သုံးစွဲသူတွေရဲ့ အချက်လက်တွေကို ထုတ်‌ဖော်ချပြခံရမယ့် ဘေး ကြုံနေရပါတယ်။ ‼️KYC ကို ညွှန်ကြားချက် လိုက်နာပြီးသာ တင်းတင်းကျပ်ကျပ် လိုလိုလားလားကောက်ယူနေ၊ မျိုးစုံစီစစ်နေပြီး ကာကွယ်မပေးနိုင်တဲ့ တာဝန်မယူပေးနိုင်တဲ့ လက်ပါးစေတွေကို ဘယ်လိုလုပ်ကြပါမလဲ ရောင်းရင်းတို? ‼️ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ အရ နောက်ကြောင်းပြန် အရေးယူမရတဲ့ ဘဏ်တွေရဲ့ပြဌာန်းချက်တွေနဲ့ သူတို စိတ်ကြိုက်ဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ အရကော မှန်နေလား? ‼️သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ဘာနဲ့ ကာကွယ်မှာလဲ? ကာကွယ်ဖိုကော အစီစဉ်ရှိလား? အွန်လိုင်း လိမ်လည်မှုတွေက ဒီလောက် စောင့်ကြည့်ခံနေရတဲ့ မြန်မာ ဆိုက်ဘာကွန်ယက်ထဲ ဖြစ်နေနိုင်တာလား? ‼️သူတိုပြောတဲ့ လုံခြုံရေး ဆိုတာ ဖိနှိပ်ရုံပဲသပ်သပ်ပဲလား? ဆိုတာတွေ တွေးတောရင်း အားလုံးဘေးကင်းလုံခြုံကြပါစေ။

ကျောက်တံတား စခ SC ၁ စီး၊ အင်အားအပြည့်ပါ ဆူးလေဘက်ကနေ ကမ်းနားလမ်းအတိုင်း ပန်းဆိုးတန်းဘက် ရှေ့ရှု 8:55 AM 📬 @Inform_RSN

🔴 ငလျင်သတိပေးချက်! 🔴 ပြင်းအား : 3.0 တည်နေရာ : Pi La Khat, Twantay ဒေသ, ရန်ကုန်, မြန်မာနိုင်ငံ ကိုဩဒိနိတ် : 16.4510, 96.2660 အနက် : 10.0 ကီလိုမီတာ ငလျင်လှုပ်ချိန် : 2026-06-24 16:52:45 (ရန်ကုန်အချိန်) သတိပေးချိန် : 2026-06-24 17:24:44 (ရန်ကုန်အချိန်) Google Maps : https://www.google.com/maps?q=16.451,96.266 နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=16765

⚠️ ငလျင်သတင်း 4:53 PM မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲ ငလျင်လှုပ်ခတ်သွား သတင်းပေးပို့ရန် @MGTN_Scout_News ⚜

Repost from People's Spring
ရန်ကုန်မှာမြေလွှာလှုပ်ရှားမှုထပ်ဖြစ် ဇွန်-၂၄၊၂၀၂၆။ဇော်ရန်း/People's Spring ရန်ကုန်မြို့မှာဇွန်လ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်နဲ့ ၁၀နာရီ ၅၅မိနစ်ခန့်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ သာကေတ၊ သုဝဏ္ဏ၊ တာမွေနဲ့ မင်္ဂလာဒုံမြို့နယ်ကအထက်မြင့်အဆောက်အအုံတွေကနေ မြေလွှာလှုပ်ရှားမှုကိုခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ " ခြောက်ထပ်ရဲ့အပေါ် ဆုံးထပ်ကနေသိလိုက်တာ။တချက်တည်းပဲ။ငလျင်သတင်းလည်း အခုထိမတွေ့ရသေးဘူး"လို့ ဇွန် ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်မှာ ခံစားလိုက်ရတဲ့ မြေ လွှာလှုပ်ရှားမှုအပေါ်တာမွေမြို့နယ်မှာ နေ ထိုင်သူတဦးကပြောပါတယ်။ အဲဒီလို​မြေလွှာလှုပ်ရှားပြီး ၁၅ မိနစ်ခန့်အကြာ မနက် ၁၀နာရီ ၅၅မိနစ်ခန့်မှာ နောက်တကြိမ်ထပ်မံလှုပ်ရှားခဲ့တယ်လို့ တာမွေမြို့နယ်မှာနေသူတစ်ဦးကပြောပါတယ်။ ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS)၊ထိုင်း မိုးဇလဌာန(TMD)၊အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA) နဲ့ စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့နဲ့ ပတ် သက်တဲ့ ငလျင်သတင်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ဇွန်လ၆ရက်မနက်ပိုင်းကလည်း လှိုင်မြို့နယ်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ် ရှားမှုကြောင့် မြေကျွံသလို ကျယ်​လောင်တဲ့အသံကြီးထွက်ပြီး ၊​မြေလွှာလှုပ်ရှားတာကိုခံစားလိုက်ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။ဒါ​ပေမယ့် ​မြေကျွံကြတာမျိုး မ​တွေ့ရသလို ၊​မြေငလျင်လှုပ်တယ်လို့လည်းသတင်းမထုတ်ပြန်တဲ့အတွက်​ဒေသခံ​တွေကြ စိုးရိမ်ခဲ့ကြရပါတယ်။အကြောင်းရင်းမသိရဘဲ မြေလွှားလှုပ်ရှားမှုဖြစ်နေတဲ့အပေါ် ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။ ရန်ကုန်မြို့လို မြို့ပြဧရိယာ (Urban Areas) တွေမှာလူဦးရေထူထပ်လာခြင်း၊ စက်မှုလက်မှုလုပ်ငန်းများပြားလာခြင်းနဲ့ အများပြည်သူသုံး ရေပေးဝေမှု မလုံလောက်ခြင်းတို့ကြောင့် မြေအောက်ရေ (Groundwater) ကို အလွန်အမင်း ထုတ်ယူသုံးစွဲတဲ့အခါ မြေကျွံစေတဲ့အခြေအနေတွေ သတိထားဖို့လိုတယ်လို့ ​မြေ​အောက်​ရေ ၊ဘူမိ​ဗေဒနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အရင်ကတည်းကသတိပေးခဲ့ဖူးပါတယ်။ ရန်ကုန်မြို့ဟာ ဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ပညာရှင်တွေက ပြောပါတယ်။ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့ကမ်းရိုးတန်းဒေသတွေမှာမေလအတွင်းငလျင်မကြာခဏလှုပ်ရှားခဲ့ပါတယ်။ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာ မေလ ၂၂ရက်ကရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ရက် မနက်ကကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ဒဿမ၃အဆင့်ငလျင်၊ လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာသာခံစားခဲ့ရပါတယ်။ဇွန်လ ၁၄ ရက် ည‌ နေကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၁အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။

Repost from MMWeather
Nowcast ဂြိုဟ်တုပုံရိပ် အရ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းသောတိမ်တိုက်
Nowcast ဂြိုဟ်တုပုံရိပ် အရ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းသောတိမ်တိုက်ကြီးများ (Convective Cloud Masses) ထူထပ်စွာ ဖြစ်ထွန်းနေပြီး လတ်တလော ပြင်းထန်သော မိုးလေဝသအခြေအနေများ ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။ ၁။ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေ - အလွန်အားကောင်းသော တိမ်တိုက်ကြီးများ နေရာယူထားမှု - ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းတို့တွင် အပူချိန်အလွန်နိမ့်ဆင်းနေသည့် မိုးတိမ်တောင်တိုက်ကြီးများ (Infrared ပုံအရ အနီရင့်ရောင်နှင့် အညိုရောင်ဧရိယာများ) သိပ်သည်းစွာ ဖုံးလွှမ်းနေသည်။ လက်ရှိဖြစ်ပေါ်နိုင်သည့် အခြေအနေ - ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်တစ်ခွင်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း များနှင့်အတူ နေရာကွက်ကျား မိုးသက်လေပြင်း (Squall) များ ပြင်းထန်စွာ တိုက်ခတ်နေနိုင်ပါသည်။ သတိပြုရန် - မြို့ပြဒေသအချို့တွင် လျှပ်တစ်ပြက် ရေလျှံမှု (Urban Flooding) များ ချက်ချင်းဖြစ်ပေါ်နေနိုင်သည့် အခြေအနေရှိသည်။ ၂။ ဘင်္ဂလားပင်လယ်အော် အခြေအနေ UACC နှင့် ဆက်စပ်နေသော တိမ်တိုက်ကြီးများ - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ်၊ ကာလကတ္တားအနီးနှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) တွင် အဝိုင်းလိုက် တွန့်လည့်နေသည့် အလွန်ကြီးမားသော တိမ်တိုက်ကြီးတစ်ခု ရှိနေပြီး ၎င်းသည် ယခင်ရက်က တွေ့ရှိထားသည့် အထက်လေပွေလှိုင်း(UACC) ၏ ပံ့ပိုးမှုကြောင့် ပိုမိုအားကောင်းလာခြင်းဖြစ်သည်။ ပင်လယ်ပြင် မိုးလေဝသ - ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိမ်တိုက်များ အဆက်မပြတ် ဆွဲတင်ခံနေရပြီး ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျရောက်တိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည်။ ၃။ မွန်၊ ကရင်နှင့် တနင်္သာရီကမ်းရိုးတန်း အခြေအနေ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်တွင်လည်း တိမ်တိုက်အနားသတ်များ (အပြာနှင့် အစိမ်းရောင်အဆင့်) ရောက်ရှိနေသဖြင့် မိုးအသင့်အတင့်မှ မိုးကြီးနိုင်သည့် အခြေအနေ ရှိနေသည်။ တနင်္သာရီတိုင်းဘက်တွင်မူ လတ်တလော ဤပုံအရ တိမ်အသင့်အတင့်သာ တွေ့ရသည်။ ⚠️ အရေးပေါ် အကြံပြုချက် မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်ပတ်ဝန်းကျင်တွင် ဖြတ်သန်းနေသော တိမ်တိုက်များသည် အလျင်အမြန် ရွေ့လျားအားကောင်းနေသဖြင့် လာမည့် နာရီပိုင်းအတွင်း မိုးလေဝသအခြေအနေ ပိုမိုပြင်းထန်လာနိုင်ပါသည်။ ဒေသခံများနှင့် အထူးသဖြင့် ရေကြောင်း/လေကြောင်းလိုင်းများအနေဖြင့် မိုးသက်လေပြင်းဘေးနှင့် မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် လိုအပ်ပါသည်။

ဗိုလ်တထောင် * ဗိုလ်ချုပ်လမ်းမပေါ် ၄၅ လမ်း နဲ့ ၄၆ လမ်းထိပ် ညာဘက်အခြမ်း အထီး ၁၊ အမ ၂ ရှိနေ * 10:28 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

⬜️ ကျောက်တံတား ဆူးလေနဲ့ အနော်ရထာပွိုင့် ခွေးဘဲဥ အမ ၃ ကောင်နဲ့ YRTAက ခွေးတချို့ရှိ – RSG 9:41 AM 📬 @Inform_RSN

Repost from RSN WEB
▪️သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ သင်္ဃန်းဝတ် မဘသများ အင်အားပြ ယနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့၌ သင်္ဃန်းဝတ် မဘသအဖွဲ့များ စုဝေးပြီး အင်အားပြခဲ့ကြကြောင်း People's Spring မှ သိရှိရသည်။ မဘသဘုန်းကြီး ဦးလက္ခဏသာရကို ဝစ်သောက်ကားစီးမှု၊ ကားပေါ် ဓားတွေ့ရှိမှုများကြောင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့လိုက်၍ မကျေနပ်သောကြောင့် အင်အားပြကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် မဘသဘုန်းကြီးမှာ အကြမ်းဖက်စစ်တပ်၊ ကြံ့ဖွံ့ပါတီတို့နှင့်ပူးပေါင်းထားသည့် လော်ဘီတဦးဖြစ်ကြောင်းလည်း ကန့်ကွက်ခဲ့သူ သင်္ဃန်းဝတ်တဦးက ဆိုသည်။ Source: People's Spring 23 Jun 2026 #RangoonScoutNetwork

Repost from N/a
🔺 ပုဇွန်တောင် (Delay) * စခ FAW ၁ စီး အလုံပိတ် * အထက်ပုဇွန်တောင်လမ်းမှ အောက်ပုဇွန်တောင်လမ်းအတိုင်း သီတာဆိပ်ဘက် မောင်းသွား။ * 1:31 PM #RSG ✊သတင်းပေးရန် - @PZD_New

ပန်းပဲတန်း အနော်ရထာလမ်း ရွှေဘုံသာလမ်းပွိုင့်နား ဘဲဥ မီးတန်းကား ၁ စီးရပ်ထားပြီး ခွေးဘဲဥ ၁ ကောင် လက်နောက်ပစ်ပြီး လမ်းလျှောက်နေ – RSG 11:39 AM (Delayed) 📬 @Inform_RSN

ကျောက်တံတား ဆူးလေနဲ့ အနော်ရထာပွိုင့် ခွေးဘဲဥ အမ ၃ ကောင်ရှိ – RSG 9:33 AM 📬 @Inform_RSN

⬜️ ဒေါပုံ မဟာဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:30 AM 📬 @Inform_RSN

Repost from RSN WEB
🆕 DAILY HIGHLIGHTS (19-22 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့
🆕 DAILY HIGHLIGHTS (19-22 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့ကို စစ်တပ်က ပြန်ထိန်းချုပ် – THN ———— 🔗 မိတ်ဖက်ပြဿနာ PLA စခန်းအချို့ကို NUG တပ်ဖွဲ့များ ဝင်ရောက်စီးနင်း – MPA ———— 🔍 နိုင်ငံရေးထူးခြားသတင်းများ စစ်တပ်ကိုယ်စားလှယ်အဖွဲ့နှင့် UWSA "၀" တပ်ဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံ – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရားဝင် ခေါ်ဝေါ်သုံးစွဲ – KT ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မြန်မာ နယ်စပ်တစ်လျှောက် ဆူးကြိုးခြံစည်းရိုးများ ကာရန်မည်ဟု ဘင်္ဂလားဒေ့ရှ်ပြောကြား – KT ထိုင်း-နယ်စပ်ရှိ မြန်မာဒုက္ခသည် ၈သောင်းကို ဇီဝအချက်အလက်နှင့် QR Code ပါဝင်သည့် ID ကတ်များ ထိုင်းအစိုးရ ထုတ်ပေးနေ – MPA မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အန္တရာယ်မြင့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ပြီး အမည်ပျက်စာရင်းတွင် ထပ်မံ ထည့်သွင်းထားဟု FATF က ကြေညာ – KT ———— ➕ အခြားထူးခြားသတင်းများ မြန်မာနိုင်ငံက ကမ္ဘာ့အကြီးဆုံး စိတ်ကြွဆေး-မက်သဖက်တမင်း ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာဟု ကုလသမဂ္ဂ (UNODC) အတည်ပြုထုတ်ပြန် – KT #RangoonScoutNetwork

Repost from CJ Platform
မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ထမ်းနဲ့ ပွဲစား နှစ်ရာနီးပါးကို အရေးယူထားတယ်လို့ လဝက ထုတ်ပြန် CJ Platform မှတ်ပုံတင်၊ သန်းခေါ
မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ထမ်းနဲ့ ပွဲစား နှစ်ရာနီးပါးကို အရေးယူထားတယ်လို့ လဝက ထုတ်ပြန် CJ Platform မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့နဲ့ ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက်နေတဲ့ လဝကဝန်ထမ်းနဲ့ ပွဲစား နှစ်ရာနီးပါးကို အရေးယူထားတယ်လို့ စစ်အုပ်စုရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2262026-12/