en
Feedback
MMWeather

MMWeather

Open in Telegram

မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။

Show more

📈 Analytical overview of Telegram channel MMWeather

Channel MMWeather (@mmweather) in the Burmese language segment is an active participant. Currently, the community unites 44 194 subscribers, ranking 227 in the Nature & Animals category and 3 327 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 44 194 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -657 over the last 30 days and by -35 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.13%. Within the first 24 hours after publication, content typically collects 4.25% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 268 views. Within the first day, a publication typically gains 1 877 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။”

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Nature & Animals category.

44 194
Subscribers
-3524 hours
-1677 days
-65730 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '260
in 4 channels
August '26
+2
in 5 channels
Get PRO
July '26
+5
in 5 channels
Get PRO
June '26
+12
in 4 channels
Get PRO
May '26
+57
in 11 channels
Get PRO
April '26
+8
in 13 channels
Get PRO
March '260
in 10 channels
Get PRO
February '26
+19
in 5 channels
Get PRO
January '260
in 5 channels
Get PRO
December '25
+2
in 5 channels
Get PRO
November '25
+12
in 13 channels
Get PRO
October '25
+3
in 6 channels
Get PRO
September '25
+24
in 21 channels
Get PRO
August '25
+73
in 25 channels
Get PRO
July '25
+22
in 14 channels
Get PRO
June '25
+1
in 12 channels
Get PRO
May '25
+42
in 17 channels
Get PRO
April '25
+2 298
in 55 channels
Get PRO
March '25
+2 490
in 45 channels
Get PRO
February '250
in 8 channels
Get PRO
January '250
in 9 channels
Get PRO
December '240
in 6 channels
Get PRO
November '24
+13
in 11 channels
Get PRO
October '24
+34
in 15 channels
Get PRO
September '24
+14 701
in 42 channels
Get PRO
August '24
+50
in 11 channels
Get PRO
July '24
+270
in 23 channels
Get PRO
June '24
+260
in 3 channels
Get PRO
May '24
+407
in 13 channels
Get PRO
April '24
+51
in 10 channels
Get PRO
March '24
+18
in 7 channels
Get PRO
February '24
+18
in 6 channels
Get PRO
January '24
+9
in 5 channels
Get PRO
December '23
+13
in 5 channels
Get PRO
November '23
+11
in 5 channels
Get PRO
October '23
+77
in 6 channels
Get PRO
September '23
+3
in 0 channels
Get PRO
August '23
+5
in 0 channels
Get PRO
July '230
in 0 channels
Get PRO
June '23
+56 070
in 0 channels
Date
Subscriber Growth
Mentions
Channels
08 September0
07 September0
06 September0
05 September0
04 September0
03 September0
02 September0
01 September0
Channel Posts
Test image
Test image

2
+9
No text...
1 640
3
No text...
1 430
4
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများနှင့် စက်တင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက်နေ့များ၏ လေစီးကြောင်းပြမြေပုံများနှင့် ထိုင်းမိုးလေဝသဌာနမှ ထုတ်ပြန်သည့် Weather Advisory တို့အရ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းသုံးသပ်ချက် - (စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီ UPDATE) ======== မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် 📌 တောင်တရုတ်ပင်လယ်ပြင် မုန်တိုင်းစနစ် လှုပ်ရှားမှု - စက်တင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက် နေ့များတွင် တောင်တရုတ်ပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်း/ အပူပိုင်းမုန်တိုင်းငယ်တစ်ခု စက်တင်ဘာ ၁၂ ရက်နေ့ဝန်းကျင်၌ စတင်အားကောင်းလာမည် ဖြစ်သည်။ အဆိုပါ မုန်တိုင်းစနစ်သည် စက်တင်ဘာ ၁၃-၁၄ ရက်များတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း/အလယ်ပိုင်း ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ 📌 မြန်မာနိုင်ငံအပေါ် သက်ရောက်မှုနှင့် မိုးရွာသွန်းမှု အရှိန်အဟုန်နှင့် မုတ်သုံလေဆွဲယူခံရသည့်အခြေအနေ Monsoon Diversion - တောင်တရုတ်ပင်လယ် မုန်တိုင်းစနစ် အလွန်အားကောင်းလာသဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ စိုစွတ်သော မုတ်သုံလေစီးကြောင်းများ/မိုးတိုက်များကို မုန်တိုင်းဗဟိုချက်ဘက်သို့ ဆွဲစုပ်ယူသွားမည် ဖြစ်ပါသည်။ 📌 စက်တင်ဘာ ၈ - ၁၁ ရက် - မွန်၊ ကရင်၊ တနင်္သာရီနှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် ကမ်းရိုးတန်းနှင့် မုတ်သုံမြောင်တန်းအကူအညီဖြင့် မိုးအတန်အသင့် ပုံမှန် ရွာသွန်းပါမည်။ 📌 စက်တင်ဘာ ၁၂ - ၁၄ ရက် (မိုးအား သိသိသာသာ နည်းပါးကျဆင်းချိန်) - မုန်တိုင်းစနစ်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အနောက်တောင်မုတ်သုံလေ အားလျော့ကျသွားမည်ဖြစ်ရာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် နဒီအလယ်ပိုင်းဒေသများ၌ နေ့စဉ် မိုးရွာသွန်းမှု ပမာဏနှင့် အကြိမ်ရေများ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။ 💡 ၁၄ ရက်နောက်ပိုင်း ဗီယက်နမ်နိုင်ငံ တောင်ပိုင်း/အလယ်ပိုင်း ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိသည့် မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်ရွေ့လျားမှုကို အထူးသတိပြုစောင့်ကြည့်ရပါမည်။   📌 တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် လေးမျက်နှာမြို့နယ် ရေကြီးမှုအခြေအနေ သုံးသပ်ချက်): 💡 ဒေသတွင်း မိုးရေချိန် - ဧရာဝတီတိုင်းအတွင်း ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 26mm မှ 53mm (၁ လက်မ မှ ၂ လက်မကျော်ကျော်)ခန့်သာ ရှိတော့မည်ဖြစ်၍ ဒေသတွင်း မိုးရွာသွန်းမှု ပါးသွားမည် ဖြစ်သည်။ ⚠️ ရေကြီးမှု အခြေအနေ သုံးသပ်ချက် - ငဝန်မြစ် တာကျိုးမှုကြောင့် ရေကြီးရေလွှမ်းမိုးနေသည့် လေးမျက်နှာမြို့နယ်တွင် ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း စစ်ကိုင်းအထက်ပိုင်းနှင့် မြစ်ဖျားပိုင်းတို့မှ စီးဆင်းလာသော အထက်မြစ်ရေဆင်းလှိုင်းများကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်နေဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် လေးမျက်နှာဒေသအတွင်း ရေကြီးရေလွှမ်းမှု ပြန်လည်ကျဆင်းရေးမှာ နှေးကွေးနေဦးမည် ဖြစ်သဖြင့် ရေဘေးသင့်သူများအနေဖြင့် ရေမှတဆင့် ကူးစက်တတ်သော ကျန်းမာရေးအန္တရာယ်များကို ဆက်က်သတိပြုကြရန် လိုအပ်ပါသည်။ 💡 မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 68mm မှ 141mm (၂.၆၇ လက်မ မှ ၅.၅၅ လက်မ) ခန့် ရှိနိုင်ပါသဖြင့် တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများ၌ လျှပ်တပြက်ရေကြီးခြင်း နှင့် တောင်ကုန်းတောင်စောင်း မြေပြိုနိုင်ခြင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ပါသည်။ 💡 ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး - စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း မိုးရွာသွန်းမှု ပမာဏ နည်းပါးသွားမည်ဖြစ်၍ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းနှင့် စစ်တောင်းမြစ်တို့အတွင်း မိုးရေစီးဝင်မှု လျော့နည်းသွားမည် ဖြစ်ရာ မြို့ပြနှင့် မြေနိမ့်ပိုင်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများ ပြန်လည်သက်သာလာမည် ဖြစ်ပါသည်။
1 699
5
+6
No text...
2 279
6
2026-09_07_05_warning_en.pdf
2 074
7
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD) ၏
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ်သုံးသပ်ချက်များ - (စက်တင်ဘာလ ၇ ရက် - နေ့လည် ၁ နာရီ UPDATE) ======= မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) ပုံတွင်ကြည့်ပါ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် 📌မုတ်သုံမြောင်တန်း အနေအထားနှင့် လေစီးကြောင်း - ထိုင်းမိုးလေဝသဌာန (TMD) ၏ စက်တင်ဘာ ၇ ရက်နေ့ထုတ် မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ မုတ်သုံမြောင်တန်း သည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် လာအို၊ ဗီယက်နမ်ဘက်သို့ တန်းလျက် တည်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုးဝင်လာသော အနောက်တောင်မုတ်သုံလေ အရှိန်အဟုန်မှာ သိသိသာသာ အားလျော့လာနေပြီး ပုံမှန်အောက် ရောက်ရှိနေပါသည်။   📌မိုးရွာသွန်းမှု အရှိန်အဟုန် အပြောင်းအလဲ ခန့်မှန်းချက် - 💡စက်တင်ဘာ ၇ - ၉ ရက် - မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် ကမ်းရိုးတန်း မုတ်သုံမိုးတိမ်များကြောင့် မိုးအတန်အသင့် ပုံမှန် ရွာသွန်းနိုင်မည် ဖြစ်ပါသည်။ 💡စက်တင်ဘာ ၁၀ - ၁၃ ရက် (မိုးအား သိသိသာသာ နည်းပါးမည့်ကာလ) - စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်ဝန်းကျင်တွင် တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းစနစ်ကြောင့် မြန်မာနိုင်ငံဘက်သို့ တိုးဝင်မည့် မုတ်သုံလေစီးကြောင်းများ လမ်းကြောင်းပြောင်း လျော့ပါးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများ၌ နေ့စဉ်မိုးရွာသွန်းမှု ပမာဏရော အကြိမ်ရေပါ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။ 📌တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် 📌ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် လေးမျက်နှာမြို့နယ် ရေကြီးမှုအခြေအနေ သုံးသပ်ချက်) 💡ဒေသတွင်း မိုးရေချိန် အခြေအနေ - ဧရာဝတီတိုင်းအတွင်း ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 30mm မှ 60mm ခန့် (၁.၁၈ လက်မ မှ ၂.၃၆ လက်မ)သာ ရှိတော့မည်ဖြစ်ရာ ဒေသတွင်း မိုးရွာသွန်းမှု ပါးသွားမည် ဖြစ်ပါသည်။ 💡ရေကြီးမှု အခြေအနေ သုံးသပ်ချက် - ငဝန်မြစ် တာကျိုးမှုကြောင့် ရေလွှမ်းမိုးနေသည့် လေးမျက်နှာမြို့နယ်နှင့် အလယ်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် မြစ်ဖျားပိုင်းတို့မှ စီးဆင်းလာသော အထက်မြစ်ရေများဆက်လက် စီးဆင်းနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ငဝန်မြစ်ရေနှင့် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ရာ လေးမျက်နှာဒေသအတွင်း ရေကြီးရေလွှမ်းမှု ပြန်လည်ကျဆင်းရေးသည် နှေးကွေးနေဦးမည် ဖြစ်ပါသည်။ ** ရေဘေးသင့်ပြည်သူများအနေဖြင့် ရေမှတဆင့်ကူးစက်တတ်သော ရောဂါများနှင့် ကျန်းမာရေး သတိကို ဆက်လက် ထားရှိရန် လိုအပ်ပါသည်။ 📌မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 75mm မှ 156mm ခန့် (၂.၉၅ လက်မ မှ ၆.၁၄ လက်မ) ရှိနိုင်ပါသဖြင့် တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများ၌ ရုတ်တရက် မိုးကြီးရေလျှံခြင်း နှင့် တောင်ကုန်းတောင်စောင်း မြေပြိုခြင်း အန္တရာယ်အချို့ကို သတိပြုရန် လိုအပ်ပါသည်။ 📌ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး - မိုးရွာသွန်းမှု ပမာဏ နည်းပါးသွားမည်ဖြစ်၍ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းနှင့် စစ်တောင်းမြစ်တို့အတွင်း မိုးရေစီးဝင်မှု လျော့နည်းသွားမည် ဖြစ်ရာ မြို့ပြနှင့် မြေနိမ့်ပိုင်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများ ပြန်လည်သက်သာလာမည် ဖြစ်ပါသည်။
1 855
8
ယနေ့ (၇-၉-၂၆) နံနက်ပိုင်း မြစ်ရေအခြေအနေများ (မိုး/ဇလ)+4
ယနေ့ (၇-၉-၂၆) နံနက်ပိုင်း မြစ်ရေအခြေအနေများ (မိုး/ဇလ)
1 700
9
“စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့မှ အနောက်တ+3
“စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့မှ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာနိုင်သည့် အခြေအနေကို ဆက်လက်စောင့်ကြည့်ရပါမည်” ======= ထိုင်းမိုးလေဝသဌာန (TMD) ၏ စက်တင်ဘာ ၇ ရက်နေ့ မြေပြင်မိုးလေဝသမြေပုံ၊ ဂြိုဟ်တုဓာတ်ပုံနှင့် Windy ECMWF Model ၏ ခန့်မှန်းချက်များ (စက်တင်ဘာ ၁၀ နှင့် ၁၁ ရက်) အရ မိုးလေဝသအခြေအနေများကို အောက်ပါအတိုင်း သုံးသပ်ခန့်မှန်းရပါသည် - (စက်တင်ဘာလ ၇ ရက် - နံနက် ၁၁ နာရီ UPDATE) ======= ၁။ မုတ်သုံမြောင်တန်း (Monsoon Trough) ရွေ့လျားနိုင်မည့် အခြေအနေ 📌လက်ရှိအခြေအနေ (စက်တင်ဘာ ၇ ရက်) - မုတ်သုံမြောင်တန်းသည် မြန်မာနိုင်ငံအထက်ပိုင်း/မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတို့ကို ဖြတ်သန်းတည်ရှိနေပါသည်။ 📌ခန့်မှန်းအခြေအနေ (စက်တင်ဘာ ၁၀ - ၁၁ ရက်) - 💡စက်တင်ဘာ ၁၀ ရက်တွင် မုတ်သုံမြောင်တန်းသည် တောင်ဘက်သို့ စတင်လျောဆင်းလာပြီး မြန်မာနိုင်ငံအလယ်ပိုင်း (စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း) နှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းအထိ ရောက်ရှိလာမည် ဖြစ်သည်။ 💡စက်တင်ဘာ ၁၁ ရက်တွင် မုတ်သုံမြောင်တန်းသည် ပိုမိုတောင်ဘက်သို့ ဆက်လက်လျောဆင်းကာ မြန်မာနိုင်ငံအောက်ပိုင်း (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်) နှင့် ကပ္ပလီပင်လယ်အပြင် တောင်တရုတ်ပင်လယ်ပြင်အထိ ဆင်းသွားမည် ဖြစ်သည်။   ၂။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်ရှိ အနောက်တောင်မုတ်သုံလေ အခြေအနေ - မုတ်သုံမြောင်တန်း တောင်ဘက်သို့ လျောဆင်းလာခြင်းကြောင့် ပင်လယ်ပြင်ဆီမှ ဝင်ရောက်လာသည့် အနောက်တောင်မုတ်သုံလေ (Southwest Monsoon) မှာ အားကောင်းလာမည် ဖြစ်သည်။ 📌ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် - မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ 📌လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြေ - တောင်တရုတ်ပင်လယ်မှ ရွေ့လျားလာသော လေဖိအားနည်းဆဲလ်များ (Low Pressure Cells) နှင့် မုတ်သုံမြောင်တန်း၏ သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းငယ်/လေဖိအားနည်းရပ်ဝန်းများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အရှိန်အဟုန်ရှိနေပါသည်။   ၃။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံဆုတ်ခွာနိုင်မည့် အခြေအနေ 📌မုတ်သုံမြောင်တန်းမြောက်ဘက်မှ တောင်ဘက်သို့ လျောဆင်းသွားသည်နှင့်အမျှ တိဘက်ကုန်းမြေမြင့်ဘက်မှ လေအေးနှင့် ခြောက်သွေ့သောလေများ (High Pressure system) ဝင်ရောက်လာမည် ဖြစ်သည်။ 📌ထို့ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) တို့မှ အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာနိုင်သည့် (Southwest Monsoon Withdrawal) အခြေအနေသို့ ရောက်ရှိလာပါမည်။   ၄။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသအခြေအနေများ 📌စက်တင်ဘာ ၇ - ၉ ရက် - မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မိုးထူထပ်စွာ ဆက်လက်ရွာသွန်းနိုင်ပါသည်။ 📌စက်တင်ဘာ ၁၀ - ၁၂ ရက် - မုတ်သုံမြောင်တန်း လျောဆင်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်း (ရှမ်းပြည်နယ်)၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မကွေး၊ မန္တလေး နှင့် အောက်ပိုင်းဒေသများ (ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်) တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် စက်တင်ဘာ ၁၁ ရက်ခန့်တွင် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးသည်းထန်နိုင်ခြေ မြင့်မားပါသည်။   ⚠️သတိပြုရန် အကြံပြုချက် - မုတ်သုံမြောင်တန်း လျောဆင်းချိန်တွင် လေထုမတည်ငြိမ်မှုများပြင်းထန်သဖြင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးဂရုပြုရန် လိုအပ်ပါသည်။
1 980
10
+9
No text...
2 140
11
"စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ဆည်ရေဝေဒေသများ (လှည်းကူး၊ တိုက်ကြီး) တွင် ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် 33mm မှ 66mm (၁.၃ လက်မ မှ ၂.၆ လက်မခန့်)သာ ရရှိတော့မည် ဖြစ်သည်။ ဒေသတွင်း မိုးရွာသွန်းမှု လျော့နည်းသွားမည်ဖြစ်ရာ ဆည်အတွင်းသို့ ရေအသစ် စီးဝင်မှု လျော့ကျသွားမည်ဖြစ်ပြီး ရေပိုလွှဲမှ ရေကျော်ကျသည့် ပမာဏမှာ တဖြည်းဖြည်း နည်းပါးကျဆင်းလာမည် ဖြစ်ပါသည်။ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့/မြောက်) နှင့် ငမိုးရိပ်ချောင်းရိုးတစ်လျှောက်ရှိ မြေနိမ့်ပိုင်းများတွင် ဒီရေတက်ချိန်နှင့် ဆည်ရေကျော်ကျမှု ပေါင်းစပ်ပါက စိုးရိမ်ရသည့်ရေအမြင့်တွင် ခေတ္တ တည်ရှိနေနိုင်သေးသဖြင့် သတိထား စောင့်ကြည့်ရန် လိုအပ်ပါသည်" ====== Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများနှင့် အိန္ဒိယမိုးလေဝသဌာန (IMD Bulletin) ၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်နေ့အထိ (၇ ရက်အတွင်း) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်၊ ငမိုးရိပ်ဆည် ရေပိုလွှဲ ရေကျော်မှု အခြေအနေနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် - (စက်တင်ဘာ ၆ ရက် ၊ ညနေ ၃ နာရီ UPDATE) ====== ၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်/ဒေသခွဲများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) (ပုံတွင်ကြည့်ပါ) ၂။ ပင်လယ်ပြင် မိုးလေဝသနှင့် မိုးရွာသွန်းမှု အရှိန်အဟုန် ဆန်းစစ်ချက် (Synoptic Analysis) 📌 ဘင်္ဂလားပင်လယ်အော်နှင့် လေဖိအားနည်းစနစ်များ အခြေအနေ - အိန္ဒိယမိုးလေဝသဌာန (IMD) ၏ စက်တင်ဘာ ၆ ရက် ထုတ်ပြန်ချက်အရ အိန္ဒိယကုန်းတွင်းပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် အရှေ့-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလျက်ရှိပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အန်ဒမန်ပင်လယ်ပြင် မြောက်ပိုင်းတို့တွင် မိုးတိမ်တိုက်များ အသင့်အတင့် ဖြစ်ထွန်းလျက် ရှိပါသည်။ ဘင်္ဂလားပင်လယ်အော်အတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ မရှိပါ ။ 📌 အနောက်တောင်မုတ်သုံလေ အရှိန်အဟုန် ပြောင်းလဲမှု (Monsoon Trend) - မြန်မာ့ပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားနည်းစွာ တိုက်ခတ်နေသဖြင့် ရန်ကုန်တိုင်းအတွင်း မိုးရွာသွန်းမှု အရှိန်အဟုန်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုလျော့နည်းသွားမည့် အခြေအနေ ရှိပါသည်။ ၃။ ငမိုးရိပ်ဆည်/ချောင်းရိုးတလျှောက် အခြေအနေနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် 📌 ငမိုးရိပ်ဆည်ဝန်းကျင်နှင့် ငမိုးရိပ်ချောင်းရိုးတစ်လျှောက် စိုးရိမ်ရမှု အခြေအနေ - ရန်ကုန်တိုင်းမြောက်ပိုင်းရှိ ငမိုးရိပ်ဆည်သည် ရေပြည့်အမှတ်ထက် ၂.၃၀ ပေ ကျော်လွန်ကာ ရေပိုလွှဲမှ ရေကျော်ကျနေသော်လည်း စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း ဆည်ရေဝေဒေသများ (လှည်းကူး၊ တိုက်ကြီး) တွင် ၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် 33mm မှ 66mm (၁.၃ လက်မ မှ ၂.၆ လက်မခန့်)သာ ရရှိတော့မည် ဖြစ်သည်။ ဒေသတွင်း မိုးရွာသွန်းမှု လျော့နည်းသွားမည်ဖြစ်ရာ ဆည်အတွင်းသို့ ရေအသစ် စီးဝင်မှု လျော့ကျသွားမည်ဖြစ်ပြီး ရေပိုလွှဲမှ ရေကျော်ကျသည့် ပမာဏမှာ တဖြည်းဖြည်း နည်းပါးကျဆင်းလာမည် ဖြစ်ပါသည်။ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့/မြောက်) နှင့် ငမိုးရိပ်ချောင်းရိုးတစ်လျှောက်ရှိ မြေနိမ့်ပိုင်းများတွင် ဒီရေတက်ချိန်နှင့် ဆည်ရေကျော်ကျမှု ပေါင်းစပ်ပါက စိုးရိမ်ရသည့်ရေအမြင့်တွင် ခေတ္တ တည်ရှိနေနိုင်သေးသဖြင့် သတိထား စောင့်ကြည့်ရန် လိုအပ်ပါသည်။ 📌 ရန်ကုန်တိုင်း တောင်ပိုင်း/ကမ်းရိုးတန်း ခရိုင်များ (ကျောက်တန်း၊ သံလျင်၊ ကွမ်းခြံကုန်း) - ကမ်းရိုးတန်းအနီး တည်ရှိမှုကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 42mm မှ 82mm ခန့် (၁.၆၅ လက်မ မှ ၃.၂၃ လက်မ ခန့်) ရရှိနိုင်ပြီး ပင်လယ်ဒီရေမြင့်တက်ချိန်များတွင် ရေချို/ရေငန် ရောနှော၍ ကမ်းစပ်မြေနိမ့်ပိုင်းများ၌ ရေခေတ္တဝင်နိုင်သော်လည်း ဒေသအလိုက် မိုးရွာသွန်းမှု ပါးသွားမည်ဖြစ်၍ ကြီးမားသော ရေကြီးရေလွှမ်းမိုးမှု အန္တရာယ် ဖြစ်ပေါ်နိုင်ခြေ မရှိပါ။ 📌 မြို့ပြဗဟို မြို့နယ်များ (အနောက်ပိုင်းခရိုင်) - နေ့စဉ် မိုးရွာသွန်းမှု ပမာဏ 2mm မှ 10mm ခန့် (၀.၀၈ လက်မ မှ ၀.၃၉ လက်မခန့်)သာ ရှိမည်ဖြစ်ရာ မိုးခတ္တခဏမျှသာ ရွာသွန်းနိုင်မည် ဖြစ်သည်။ လျှပ်တပြက်မြို့ပြရေလျှံမှု အခြေအနေများ မရှိတော့ဘဲ မြို့ပြရေစီးရေလာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ သက်သာလာမည် ဖြစ်ပါသည်။
1 828
12
+7
No text...
1 943
13
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ ()၊ ထိုင်းမိုးလေဝသဌာန (TMD)
Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ ()၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် - စက်တင်ဘာလ ၆ ရက် - နေ့လည် ၂ နာရီ UPDATE =======   မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် () 📌 မုတ်သုံမြောင်တန်းနှင့် မုတ်သုံလေ အရှိန်အဟုန် အခြေအနေ 💡 ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ မုတ်သုံမြောင်တန်း (Monsoon Trough) သည် တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၌ တည်ရှိနေသော်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုးဝင်လာသော အနောက်တောင်မုတ်သုံလေအရှိန်အဟုန်မှာ သိသိသာသာ လျော့ပါးသွားခဲ့ပြီ ဖြစ်ပါသည်။ 📌 မိုးရွာသွန်းမှု အရှိန်အဟုန် အပြောင်းအလဲ ခန့်မှန်းချက် 💡 စက်တင်ဘာ ၆ - ၈ ရက် - မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် ပုံမှန်မုတ်သုံမိုးအဖြစ် မိုးအတန်အသင့် ဆက်လက်ရွာသွန်းမည်ဖြစ်သော်လည်း ယခင်အပတ်များကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ လျော့နည်းသွားပါသည်။ 💡 စက်တင်ဘာ ၉ - ၁၂ ရက် (မိုးအား သိသိသာသာ နည်းပါးမည့်ကာလ) - မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လေဖိအားနည်းစနစ်များ ကင်းစင်နေမည်ဖြစ်ရာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် နဒီအလယ်ပိုင်းဒေသများ၌ နေ့စဉ်မိုးရွာသွန်းမှု ပမာဏရော မိုးရွာသည့် အကြိမ်ရေပါ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။ 💡 ယခုတပတ်အတွင်း မပါဝင်သေးသည့် စက်တင်ဘာ ၁၃-၁၄ ရက်များတွင် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နိုင်သော မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်ရွေ့လျားဝင်ရောက်နိုင်မည့် အခြေအနေ ရက်ဝေးကြိုတင်ခန့်မှန်းချက်ကို သီးခြားတင်ပေးထားပါသည်။ ဤအခြေအနေကို ဆက်လက်စောင့်ကြည့်ရပါမည်။   📌 တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် 📌 ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် လေးမျက်နှာမြို့နယ် ရေကြီးမှုအခြေအနေ သုံးသပ်ချက်) 💡 ဒေသတွင်း မိုးရေချိန် အခြေအနေ - ဧရာဝတီတိုင်းအတွင်း ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 33mm မှ 66mm ခန့်သာ ရှိတော့မည်ဖြစ်ရာ ဒေသတွင်း မိုးရွာသွန်းမှု ပမာဏမှာ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။ 💡 ရေကြီးမှု သုံးသပ်ချက် - ငဝန်မြစ် တာကျိုးမှုကြောင့် ရေကြီးရေလွှမ်းမိုးနေသည့် လေးမျက်နှာမြို့နယ်နှင့် အလယ်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသများတွင် ဒေသတွင်း မိုးရွာသွန်းမှု ပါးသွားသော်လည်း စစ်ကိုင်းအထက်ပိုင်းမှ စီးဆင်းလာသော အထက်မြစ်ရေများ ကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် လေးမျက်နှာဒေသအတွင်း ရေကြီးရေလွှမ်းမှု ပြန်လည်ကျဆင်းရေးမှာ အလွန်နှေးကွေးနေဦးမည် ဖြစ်၍ ရေဘေးသင့်သူများအနေဖြင့် ကာကွယ်ရေးနှင့် ကျန်းမာရေး ဆက်လက် သတိပြုကြရန် လိုအပ်ပါသည်။   📌 မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း 💡 ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 82mm မှ 168mm ခန့်အထိ ရှိနိုင်သေးသဖြင့် တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများ၌ ရုတ်တရက်ရေလျှံနိုင်ခြင်း နှင့် တောင်ကုန်းတောင်စောင်း မြေပြိုမှုအန္တရာယ်ကို သတိပြုရန် လိုအပ်ပါသည်။   📌 ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး 💡 စက်တင်ဘာ ၈ ရက်နောက်ပိုင်း မိုးရွာသွန်းမှု ပမာဏ နည်းပါးသွားမည်ဖြစ်၍ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းနှင့် စစ်တောင်းမြစ်တို့အတွင်း မိုးရေစီးဝင်မှု လျော့နည်းသွားမည် ဖြစ်ရာ မြို့ပြနှင့် မြေနိမ့်ပိုင်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများ ပုံမှန်အခြေအနေသို့ ပြန်လည်သက်သာလာမည် ဖြစ်ပါသည်။
1 559
14
+9
No text...
1 061
15
No text...
1 402
16
“မုတ်သုံအားလျော့သည်နှင့် အနောက်ဘက်ပင်လယ်ဘက်မှ မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးနှောင်းကာလအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝအခြေအနေနှင့် သဘာဝဘေးများ” Windy Weather Map များ (ECMWF, GFS, ICON) နှင့် ECMWF model Trend များ အရ တောင်တရုတ်ပင်လယ်မှ ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် လေဖိအားနည်းစနစ် / မုန်တိုင်းအကြွင်းအကျန် (Remnants) များကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးလေဝသနှင့် သဘာဝဘေး ကြိုတင်ခန့်မှန်းသုံးသပ်ချက် - စက်တင်ဘာလ ၆ ရက်၊ နေ့လည် ၁ နာရီ UPDATE ======= ၁။ မိုးလေဝသဖြစ်စဉ် ဖြစ်ပေါ်နိုင်ခြေ ခန့်မှန်းချက် 📌စက်တင်ဘာ ၁၃ - ၁၅ ရက်အတွင်း - တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်တွင် လေဖိအားနည်းစနစ် (Tropical Depression / Tropical Storm) စတင်အားကောင်းလာပြီး ဗီယက်နမ်ကမ်းခြေသို့ အနောက်ဘက် ဦးတည်ရွေ့လျားမည်။ 📌စက်တင်ဘာ ၁၆ - ၁၇ ရက်အတွင်း - အဆိုပါစနစ်သည် ဗီယက်နမ်နှင့် လာအိုနိုင်ငံများကို ဖြတ်ကျော်ပြီး မုန်တိုင်းအကြွင်းအကျန် (Remnants) နှင့် မိုးတိမ်တိုက်ကြီးများအဖြစ် အားလျော့သွားနိုင်မည်။ 📌စက်တင်ဘာ ၁၈ - ၂၀ ရက်အတွင်း - မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများနှင့် စိုစွတ်သော မုတ်သုံလေပူများ ရောနှောကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော် တို့အထိ စိမ့်ဝင်ဖြတ်ကျော်နိုင်ခြေ ရှိပါသည်။   ၂။ မိုးရွာသွန်းနိုင်သည့် အခြေအနေ ခန့်မှန်းချက် မိုးကြီးနိုင်သည့် ဒေသများ 📌ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) - ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ (အင်းလေး)၊ ရမည်းသင်း/ပျော်ဘွယ် အနီးတဝိုက်။ 📌မြန်မာနိုင်ငံအလယ်ပိုင်း - နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် ရေဆင်း/ပေါင်းလောင်း မြစ်ဝှမ်းဒေသများ။ 📌ရွာသွန်းနိုင်သည့် ပုံစံ - နေရာကွက်ကျား မိုးကြီးခြင်း (Isolated Heavy Rainfall) နှင့် မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး အချို့နေရာများတွင် ၂၄ နာရီအတွင်း မိုးရေချိန် မြင့်မားစွာ ရရှိနိုင်ပါသည်။   ၃။ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများ တောင်ကျရေနှင့် လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Floods): 📌ရှမ်းတောင်နှင့် ရှမ်းမြောက် တောင်ကုန်းတောင်တန်း ဒေသများတွင် မိုးဆက်တိုက် ရွာသွန်းပါက တောင်ကျရေ ရုတ်တရက် ကျဆင်းလာနိုင်သည်။ 📌မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ချောင်းများ၊ ရေဆင်းမြောင်းများနှင့် ချောင်းခြောက်များတွင် လျှပ်တစ်ပြက် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည်။   မြေပြိုခြင်း အန္တရာယ် (Landslides): 📌ရှမ်းပြည်နယ်ရှိ တောင်စောင်းလမ်းများ၊ လမ်းကွေ့များ၊ လမ်းချဲ့ထားသည့် နေရာများနှင့် တောင်ကုန်းစလုတ်များတွင် မြေပြိုခြင်း၊ ကျောက်တုံးများ ပြုတ်ကျခြင်းများ အထူးသတိပြုရန် လိုအပ်သည်။   မြစ်ရေကြီးခြင်းနှင့် ရေဝပ်ခြင်း (River Flooding): 📌ရှမ်းပြည်နယ်မှ စီးဆင်းလာသော ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်ဝှမ်း လက်တက်များ၊ ရမည်းသင်း/ပျော်ဘွယ်/နေပြည်တော် တဝိုက်ရှိ ချောင်းများနှင့် ဆက်စပ်ရေလှောင်တမံများတွင် ရေဝင်ရောက်မှု လျှင်မြန်စွာ မြင့်တက်လာနိုင်သည်။   ၄။ ကြိုတင်ပြင်ဆင်ရန်နှင့် သတိပြုရန် အချက်များ 📌တောင်ကျရေ/ရေကြီးရေလျှံဖြစ်ပေါ်နိုင်ခြေ - တောင်စောင်းအနီး၊ ချောင်းဘေးနှင့် ရေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် တောင်ကျရေနှင့် ရေကြီးနိုင်ခြေအတွက် ရှေ့ပြေးသတိပေးချက်များကို စက်တင်ဘာ ၁၆ ရက်မတိုင်မီကတည်းက စနစ်တကျ ရေပြင်ဆင်ထားသင့်ပါသည်။ 📌ခရီးသွားလာရေး သတိပြုရန် - ရှမ်းပြည်နယ် အတက်/အဆင်း လမ်းကြောင်းများ (ဥပမာ- ပြင်ဦးလွင်-လရှိုးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း) ကို အသုံးပြုမည့် ခရီးသွားများနှင့် ကုန်စည်ပို့ဆောင်သူများ လမ်းမြေပြိုမှုအန္တရာယ်ကို သတိထားရန် လိုအပ်ပါသည်။ 📌စိုက်ပျိုးရေးနှင့် ဆည်မြောင်း - ရိတ်သိမ်းရန် နီးကပ်နေသော သီးနှံများ ရေနစ်မြုပ်မှု မရှိစေရေး ရေထုတ်မြောင်းများ ရှင်းလင်းထားရန်နှင့် သက်ဆိုင်ရာ ဆည်မြောင်းဌာနများ၏ ရေမှတ်သတိပေးချက်များကို အစဉ်မပြတ် စောင့်ကြည့်ရန် တိုက်တွန်းပါသည်။
2 181
17
Facebook post comment reply: လေထုအလွှာလိုက် အပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ရာ direction၊ ဖိအား၊ စိုထိုင်းဆ ဒါတွေက အချိန်နဲ့အမျှပြောင်းလဲနေတယ်၊ လေမတိုက်အောင်လဲ တားထားလို့မရဘူး ကျန်တဲ့အချက်တွေကိုလဲ ဒီခန့်မှန်းချက်မှာ ငြိမ်နေကြပါလို့ တားထားလို့မရဘူး၊ နေ့စဉ် အနည်းဆုံး ၃ နာရီ မှ ၆ နာရီတိုင်း ရနေတဲ့ သိပ္ပံနည်းကျအချက်အလက်တွေအပေါ်မှာ မိုးလေဝသခန့်မှန်းချက်တွေ တည်မှီနေတာဆိုတော့ ပြောင်းလဲနေမှာပါ။ ဒါက မိုးလေဝသကိုပြောတာ - ရာသီဥတုက ရက်ပိုဝေးဝေးခန့်မှန်းရတာဖြစ်တဲ့အတွက် အပြောင်းအလဲ ပိုများတယ်။ ဒီလိုအခြေခံအထက်တွေ နားလည်ရင် မိုးတော့ရွာမှာ၊ နေတော့ပူမှာ၊ လေပြင်းတွေတိုက်မှာဆိုတာကို ပုံသေပြောမရသလို အယ်လ်နီညိုဖြစ်တိုင်း ပူတော့မှာဘဲ လိုလဲ တရားသေမှတ်ထားလို့မရပါ။ ကိုယ်ဒေသနဲ့ ကိုက်ညီတဲ့ ခန့်မှန်းချက်တွေက အချိန်နဲ့အမျှပြောင်းနေမှာပါဘဲ။ မနေ့ကတင် ဒီမှတ်ချက်နဲ့ POST တခု တင်ပေးထားပါတယ် - “El Niño တစ်ခုတည်းက ရာသီဥတု တစ်ခုလုံးကို အပြည့်အဝ မဆုံးဖြတ်နိုင်ပါ”၊ အခြားသောလေထုလှည့်ပတ်မှုပုံစံများနှင့်လည်း ဆက်စပ်ပြောင်းလဲမှုများ ရှိနေပါသေးသည်။ သီးခြား ဒေသအလိုက် အသေးစိတ် အခြေအနေများကို ပိုမို သိရှိနိုင်ရန် ရေတိုနှင့် အလတ်စား (Medium- and short-range) မိုးလေဝသ ခန့်မှန်းချက်များကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်ပါသည်။
2 153
18
+9
No text...
1 966
19
No text...
1 796
20
Meteoblue ICON မော်ဒယ်၏ နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ Synoptic Weather Chart၊ Satellite Image နှင့် Weather Advisory No.7 (187/2026) တို့မှ ရရှိသော အချက်အလက်များပေါ် မူတည်၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ (၇ ရက်စာ) မြန်မာနိုင်ငံ ဒေသအသီးသီး၏ နေ့စဉ်မိုးရေချိန်၊ မိုးရေချိန် စုစုပေါင်းနှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်များကို အသေးစိတ် ခန့်မှန်းဖော်ပြပေးထားပါသည်။ (စက်တင်ဘာ ၅ ရက်၊ ညနေ ၃ နာရီ update) ====== ၁။ မြန်မာနိုင်ငံဒေသအလိုက် ၇ ရက်စာ နေ့စဉ်မိုးရေချိန်နှင့် မိုးရေချိန်စုစုပေါင်း ဇယား (mm) (မိုးရေချိန် စုစုပေါင်း ပမာဏ အများမှ အနည်းသို့ မိုးရေချိန်အလိုက် Sorting ပြုလုပ်၍ စီစဉ်ထားပါသည်။) ၂။ မိုးလေဝသ အခြေအနေနှင့် လေထုစနစ် သုံးသပ်ချက် (Analysis)  မုတ်သုံလေနှင့် မုတ်သုံမြောင်တန်း အနေအထား - မုတ်သုံမြောင်တန်း (Monsoon Trough) သည် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်း/အရှေ့တောင်ပိုင်း ဒေသများကို ဖြတ်သန်းတည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းစွာ တိုက်ခတ်နေသဖြင့် ကမ်းရိုးတန်းနှင့် တောင်တန်းဒေသများသို့ စိုထိုင်းဆများပြားသော လေစီးကြောင်းများ မပြတ်ဝင်ရောက်နေပါသည်။  ဂြိုဟ်တုပုံရိပ် (Satellite Image) နှင့် မိုးတိမ်တောင်များ - စက်တင်ဘာ ၅ ရက်နေ့ ဂြိုဟ်တုပုံရိပ်များအရ ထိုင်းနိုင်ငံအထက်ပိုင်း၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ (Convective Clouds) အားကောင်းစွာ ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။   ၇ ရက်အတွင်း မိုးရွာသွန်းမှု ပုံစံ  စက်တင်ဘာ ၅ - ၇ ရက် - မုတ်သုံမြောင်တန်း၏ သက်ရောက်မှုကြောင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) တို့တွင် မိုးစတင်အားကောင်းမည်။  စက်တင်ဘာ ၈ - ၉ ရက် - အနောက်တောင်မုတ်သုံလေ အားအကောင်းဆုံးဖြစ်မည့် ကာလဖြစ်ပြီး တနင်္သာရီ၊ ရခိုင်၊ ဧရာဝတီ၊ ပဲခူးတောင်ပိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မိုးအလွန်ကောင်းကာ တစ်ခါတစ်ရံ မိုးသည်းထန်စွာ ရွာသွန်းမည်။  စက်တင်ဘာ ၁၀ - ၁၁ ရက် - မိုးရွာသွန်းမှု အနည်းငယ် ပြန်လည်လျော့နည်းသွားမည်ဖြစ်သော်လည်း ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက်ရရှိမည်။ ၃။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်  တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် - ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 250 mm မှ 375 mm အထိ ရရှိနိုင်သဖြင့် တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ လျှပ်တပြက် ရေကြီးခြင်း အန္တရာယ်များ အထူးမြင့်မားပါသည်။ ကမ်းရိုးတန်းတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။  ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (တောင်ပိုင်း) - မိုးရွာသွန်းမှု 120 mm မှ 195 mm အထိ ရရှိနိုင်ပြီး စက်တင်ဘာ ၇ ရက်မှ ၉ ရက်အတွင်း မြို့ပြရေဝပ်ခြင်း/ရေလျှံခြင်း (Urban Flooding) နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဒီရေမြင့်တက်မှုနှင့် မြို့ပြအနိမ့်ပိုင်းရပ်ကွက်များရေဝပ်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။  ပဲခူးတိုင်း (အရှေ့ပိုင်း/အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း/မြောက်ပိုင်း)၊ ကယားပြည်နယ်၊ နေပြည်တော် - တောင်တန်းဒေသများနှင့် နီးစပ်သော အရှေ့ပိုင်းဒေသများတွင် မိုးအသင့်အတင့်မှ သည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်ကျရေဆင်းခြင်းနှင့် ချောင်းရေလျှံခြင်းများကို သတိပြုရန် လိုအပ်ပါသည်။  စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ် - မိုးအသင့်အတင့် ပုံမှန်ရွာသွန်းမည်ဖြစ်ပြီး မြစ်ကြီးနား၊ ကသာ၊ ရွှေကူ၊ မှော်လူး စသည့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် ရေဝင်ရောက်မှု/ရေမြင့်တက်မှု အခြေအနေများကို ပုံမှန်စောင့်ကြည့်ရန် လိုအပ်ပါသည်။  စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း - မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှားဒေသများဖြစ်၍ ၇ ရက်စာ စုစုပေါင်းမိုးရေချိန် 45 mm မှ 66 mm အတွင်းသာ ရှိမည်ဖြစ်ကာ နေရာကွက်ကျား မိုးရွာခြင်းမျိုးသာ ဖြစ်ပေါ်နိုင်ပါသည်။   ၄။ အကြံပြုချက်  မြန်မာနိုင်ငံ တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအနေဖြင့် စက်တင်ဘာ ၅ ရက်မှ ၉ ရက်အတွင်း မိုးကြီးမှုနှင့် ရေကြီး/မြေပြိုမှု အန္တရာယ်များကို ကြိုတင်သတိပြု ပြင်ဆင်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
2 542