Botahtaung Scout Channel
Open in Telegram
BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer
Show more2 029
Subscribers
-124 hours
-27 days
-2630 days
Posts Archive
ဗိုလ်တထောင်
*
မဟာဗန္ဓုလလမ်းပေါ် ဗိုလ်တထောင်ဈေးလမ်းမီးပွိုင့်မှာ ခွေးဘဲဥ အမ ၃ ကောင်ရှိ
*
5:29 PM
#RSG
သတင်းပေးပို့ရန် @Bo1000_Informer
ဗိုလ်တထောင်
*
ရခဂျစ် ၁ စီး၊ နောက်ခန်း အရပ်ဝတ်နဲ့ ၁ ကောင်ပါ
*
၄၆ လမ်းထဲကနေ မဟာဗန္ဓုလလမ်းအတိုင်းဗိုလ်မြတ်ထွန်းလမ်းပွိုင့်ဘက် ရှေ့ရှုသွားခဲ့
*
12:22 PM (Delayed)
#RSG
သတင်းပေးပို့ရန် @Bo1000_Informer
Repost from N/a
မြို့နယ် နီးစပ်
🛑 ဗိုလ်တထောင်
*
ဘဲဥ တစ်ဖွဲ့
*
ဗိုလ်ချုပ်လမ်းပေါ်၊ ၄၅လမ်းမှတ်တိုင်ဘက်ခြမ်း၊ ၄၅ လမ်းနှင့် ၄၆လမ်းကြား ကားဖမ်းနေ။
*
12:22 PM
#RSG
✊သတင်းပေးရန် - @PZD_New
Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ
•••••••••••••••®•••••••••••••••
ယခု ရက်သတ္တပတ် [Jun 15 - 21, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။
🔖 အဖမ်းအဆီးဖြစ်စဉ်များ
· ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ်တို့မှ လူ ၁၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ · တာမွေ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ · နှင်းဆီပန်းပန်လို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်မှုထမ်းစာရင်းဖြင့် အိမ်ထိဝင်ဖမ်းခံရသူ ၄ ဦး၊ သပိတ်လုပ်ထားခဲ့သည့်နေရာ ဖြတ်သွားစဉ် ခေါ်စစ်ပြီး မသင်္ကာလို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၂ ဦး၊ လမ်းပေါ် စောင့်ဖမ်းခံရသည့် ကျောင်းဆရာမ ၂ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦးနှင့် လမ်းပေါ် ကားဖြင့်ဆွဲခံရသူ ၃ ဦးတို့ဖြစ်သည်။———— 🔖 သပိတ်လှုပ်ရှားမှုများ
· ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် အင်အားစုအဖွဲ့များနှင့် ပြည်သူများ သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ · အဆိုပါနေ့ မနက် ၆ နာရီ ၄၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် "81 for 81 အမေစုချက်ချင်းလွှတ်" ဟူသည့် စာသားပါ ဗီနိုင်းကို မြောက်ဒဂုံမြို့နယ်ရှိ ဘေလီတံတားထိပ် ဗိုလ်ချုပ်ကြေးရုပ်၌ ချိတ်ဆွဲခဲ့ကြောင်း "ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့" မှ ထုတ်ပြန်ထားသည်။ · ထို့ပြင် နှင်းဆီလှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ စတစ်ကာနှင့် စာသားတချို့ဖြင့် ရန်ကုန်မြို့တနေရာတွင် လှုပ်ရှားခဲ့ကြောင်း Yangon 4 Brothers မှ ကြေညာထားသည်။———— 🔖 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ရန်ကုန်မြို့ လုံခြုံရေးတင်းကြပ်
· ဇွန်လ ၁၉ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ နေရာအနှံ့၌ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီး၊ အုပ်ကြီးအဖွဲ့များ လုံခြုံရေးယူထားကြပြီး ၎င်းတို့မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ် ပြည့်သည့် မွေးနေ့ဖြစ်၍ လုံခြုံရေးတင်းကြပ်ထားခဲ့ကြခြင်းဖြစ်သည်။ · ဗဟန်းမြို့နယ်ဘက်တွင် အင်္ကျီအနီဝတ်ထားသူများကို ခေါ်စစ်ခဲ့သည်။ တောင်ဒဂုံမြို့နယ်ဘက်တွင် ရပ်ကွက်အတွင်းလမ်းများထိပါ ကင်းပတ်သွားလာခဲ့ကြသည်။ သပိတ်လှုပ်ရှားမှု လုပ်သွားခဲ့သည့် ဘေလီတံတား ဗိုလ်ချုပ်ကြေးရုပ်နှင့် ကားမှတ်တိုင်များကိုလည်း လိုက်လံစစ်ဆေးသွားခဲ့သည်။ မြို့နယ်အစုံရှိ လမ်းဆုံလမ်းခွများ၊ ကုန်းတံတားများ စသည့် ဆန္ဒပြလှုပ်ရှားမှုလုပ်နိုင်သည်ဟု ၎င်းတို့ယူဆသည့်နေရာများတွင် အင်အားများခွဲ နေရာယူပြီး စောင့်ကြည့်နေခဲ့ကြသည်။ · သန်လျင်မြို့နယ်ဘက်တွင် အနီရောင်ပန်းများ မရောင်းဖို့နှင့် ပန်းပန်လျှင်ဖမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ မင်္ဂလာဒုံဈေး၌ ကုန်စုံဆိုင်ပိုင်ရှင် ၁ ဦးကို နှင်းဆီပန်းပန်လို့ဟုဆိုကာ ဖမ်းသွားသေးသည်။———— 🔖 စာရေးဆရာ ဦးတင်ညွန့်ကို ထောင် ၃ နှစ်ချ
· စာရေးဆရာ ဦးတင်ညွန့်နှင့် သားအငယ်ဖြစ်သူတို့ကို ဇွန်လ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ၅၀၅-က ဖြင့် ထောင် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။ · ဧပြီလ ၂၃ ရက်နေတွင် သန်လျင်မြို့နယ်နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် စစ်တပ်ဝေဖန်သည့် စာအုပ်များနှင့်ဆက်စပ်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။———— 🔖 ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲ ဝင်စစ်ပြီး ဗိုလ်ချုပ်ပုံကို ဖြုတ်ယူသွားကြ
· ဇွန်လ ၁၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် ၅၄ နေအိမ်ထဲ အကြမ်းဖက် ရဲ၊ လဝကနှင့် အဖွဲ့များ အစစ်အဆေးဝင်ပြီးနောက် ခြံတံခါးဝရှိ ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ဆိုင်းဘုတ်ကို ဖြုတ်ယူသွားကြသည်။ ခြံဝရှိ ရဲကင်းကိုပါ ဖျက်သိမ်းသွားသည်။ · ထို့ပြင် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၊ NLD ပါတီရုံးချုပ်ရှိ ပါတီဆိုင်းဘုတ်နှင့် အလံများကိုလည်း ဖြုတ်ယူသွားခဲ့ကြသေးကြောင်း သိရသည်။———— 🔖 စစ်တပ် လူငယ်သင်တန်းကျောင်း
· အကြမ်းဖက်စစ်တပ်၏ 'လူငယ်ပညာရေးသင်တန်းကျောင်း' တွင် ပြင်ပမှ လျှောက်ထားသူ မရှိ၍ စစ်တပ်အသိုင်းအဝိုင်းမှ သားသမီးများကို အတင်းအကြပ် တက်ခိုင်းထားကြောင်း Khit Thit မှ သိရှိရသည်။ · မေလ ၁ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ပြီး ရဲမွန်တပ်မြို့နှင့် နေပြည်တော် တို့၌ သင်တန်းကျောင်း ၂ ခုခွဲ၍ သင်တန်းပေးနေခြင်းဖြစ်သည်။ ကျောင်းသား ဦးရေ ၄၅၀ ရှိသည်ဟု ဆိုသည်။ အခြေခံပညာရပ်များအပြင် စစ်အခြေခံသင်တန်းတချို့ပါပေးပြီး ကျောင်းပြီးလျှင်လည်း စစ်သားလုပ်ခိုင်းမည့် သင်တန်းဟု သိရသည်။———— 🔖 ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် တာမွေ၊ ဗဟန်း နှင့် သာကေတမြို့နယ်ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။22 Jun 2026 #RangoonScoutNetwork #YGN_weekly
Repost from Rangoon Scout Network (RSN)
⬜️ ကျောက်တံတား
ဗိုလ်ချုပ်လမ်း ပန်းဆိုးတန်းဂုံးတံတားအောက် ခွေးဘဲဥ ၁ ကောင် အစာကောက် – RSG
9:09 AM
📬 @Inform_RSN
Repost from People's Spring
+3
ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုက်ချီဒို / ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် တိုက်ချီဒိုကိုယူဆောင်လာစဥ်
Repost from People's Spring
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေး
ကလေး တိုက်ချီဒိုသေဆုံး
ဇွန်-၂၁၊၂၀၂၆ ။People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာ
ဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ သေဆုံးသွားပါတယ်။
သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အပြီး ၂ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။
"ညနေက ဆုံးသွားတာ အတည်ပြုပေးတယ်။ မနေ့ကအထိ ကောင်းနေသေးတယ်လို့ သိရတယ်"လို့ ရန်ကုန်မြို့ ခြံအမှတ်(၅၄) နဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။
ခွေးကလေး တိုက်ချီဒိုသတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ဇန်နဝါရီ ၂၁ရက်က သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပျံံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေးကို ပုံမှန်သန့်ရှင်းရေးပြုလုပ်နေတဲ့ ဆိုင်က ရုပ်သံတစ်ပုဒ်တင်ပြလာတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက အသက်(၁၆)နှစ်ရှိလာပြီဖြစ်တဲ့ တိုက်ချီဒိုလေးဟာ မျက်လုံးနှစ်ဖက်က တိမ်စွဲနေတဲ့အတွက် ကောင်းစွာမမြင်ရတော့ဘူးလို့ ဆိုပါတယ်။
တိုက်ချီဒိုလေးဟာ သခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်က သခင်ဖြစ်သူနဲ့ ခွဲခွာနေရတာ ဖြစ်ပါတယ်။
တိုက်ချီဒိုလေးဟာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း မြန်မာပြည်သို့ ခေတ္တရောက်ချိန်မှာ မိခင်ဒေါ်အောင်ဆန်းစုကြည် အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း လိမ္မာပြီး သခင်အပေါ် သစ္စာရှိတဲ့တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး အဖြစ်တိုင်းသိပြည်သိဖြစ်လာပါတယ်။
Repost from MMWeather
ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း မက္ခလာ (Typhoon MEKKHALA) သည် လက်ရှိတွင် အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ရှေ့ဆက်၍ ပိုမိုအားကောင်းလာနိုင်ကြောင်း မော်ဒယ်လ်ခန့်မှန်းချက်များအရ တွေ့ရှိရပါသည်။
ဝေးကွာသော အရပ်၌ ရှိနေသည့် အင်အားပြင်းအပူပိုင်းမုန်တိုင်းကြီးတစ်ခုသည် ဒေသတွင်း လေထုစနစ်များအပေါ် ကြီးမားသောသက်ရောက်မှုရှိသဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်အတွင်းရှိ အနောက်တောင်မုတ်သုံလေအား (Monsoon Strength) အပြင် မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေအပေါ် သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်နိုင်မည့် အသေးစိတ် Analysis နှင့် မိုးလေဝသခန့်မှန်းချက်များကို အောက်ပါအတိုင်း သုံးသပ် တင်ပြလိုက်ပါသည် -
၁။ အနောက်တောင်မုတ်သုံလေ အားအပေါ် သက်ရောက်နိုင်မှု အခြေအနေ (Monsoon Strength Analysis)
တိုင်ဖွန်းမုန်တိုင်း MEKKHALA ၏ တည်နေရာနှင့် ပြင်းအားသည် အိန္ဒိယသမုဒ္ဒရာမှ တောင်တရုတ်ပင်လယ်အထိ ဖြန့်ကြက်ထားသော လေဖိအားနည်းရပ်ဝန်းဇုန် (Monsoon Trough) နှင့် မုတ်သုံလေစီးကြောင်းအပေါ် သိသာစွာ လွှမ်းမိုးလျက်ရှိပါသည်။
Moisture Tug-of-War (အစိုဓာတ် ဆွဲယူမှု အားပြိုင်ခြင်း) - တိုင်ဖွန်းမုန်တိုင်းသည် အလွန်အားကောင်းသော ပတ်ဝန်းကျင်စနစ် (High Intensification) တွင် ရှိနေသဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် (Andaman Sea) တို့မှ တိုက်ခတ်လာသော မုတ်သုံလေစီးကြောင်းကို ၎င်း၏ ဗဟိုချက်ဆီသို့ ပိုမိုအားကောင်းစွာ ဆွဲငင် (Tug) လျှက်ရှိနေပါသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအခြေအနေ - မုန်တိုင်း၏ ဆွဲငင်မှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းသော အခြေအနေ (Moderate to Strong Monsoon) အဖြစ် ဆက်လက် တည်ရှိနေမည်။ သို့သော် အစိုဓာတ်အများစုသည် ဖိလစ်ပိုင်နှင့် မုန်းတိုင်းဗဟိုချက်ရှိရာ အရှေ့ဘက်သို့ မြန်ဆန်စွာ စီးဆင်းဖြတ်သန်းသွားရန် အလားအလာ ရှိနေပါသည်။
တောင်တရုတ်ပင်လယ်အတွင်း လေစီးကြောင်း အရှိန်မြင့်လာခြင်း - မုန်တိုင်းသည် ဖိလစ်ပိုင်အရှေ့ဘက်မှနေ၍ ထိုင်ဝမ်နှင့် အိုကီနာဝါဘက်သို့ (မြောက်ဘက်သို့) ဦးတည်ကွေ့ပတ်သွားမည့် လမ်းကြောင်း (Sharp Northward Turn) မပြောင်းမီအချိန်အထိ တောင်တရုတ်ပင်လယ်အတွင်း အနောက်တောင်မုတ်သုံလေကို အရှိန်အဟုန် အလွန်မြင့်တက်စေကာ (Strong Monsoon Cross-Equatorial Flow) ဖိလစ်ပိုင်နိုင်ငံတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်ပေါ်စေနိုင်ပါမည်။
၂။ မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်ခြေရှိသည့် မိုးလေဝသဖြစ်နိုင်ခြေများ (Indirect Impacts on Myanmar)
မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလှမ်းဝေးကွာသဖြင့် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်သော်လည်း၊ မုတ်သုံလေစီးကြောင်းကို ဆွဲကိုင်ထားမှုနှင့် လေထုမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အောက်ပါအတိုင်း သွယ်ဝိုက်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည် -
(က) မိုးရွာသွန်းမှု ပုံစံ ခန့်မှန်းချက် (Precipitation Pattern)
ကမ်းရိုးတန်းနှင့် တောင်ပိုင်းဒေသများ - မုန်တိုင်းကြောင့် အနောက်တောင်မုတ်သုံလေ ပိုမိုတွန်းတင်ခံရသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မိုးဆက်လက်ထူထပ်နေမည်ဖြစ်ပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူဖြစ်ပွားတတ်သော လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Floods) များ သတိပြုရန် လိုအပ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ - တိုင်ဖွန်းမုန်တိုင်းက အစိုဓာတ်ကို အရှေ့ဘက်သို့ အဓိက ဆွဲယူသွားခြင်း (Moisture Divergence) ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း (မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း) နှင့် နေပြည်တော် အပါအဝင် ဒေသအချို့တွင် မိုးရွာသွန်းမှု ခေတ္တလျော့နည်းသွားနိုင်သည် သို့မဟုတ် နေရာကွက်ကျားသာ ရွာသွန်းနိုင်သည့် မုတ်သုံလေအားပျော့ချိန်ကာလတို (Monsoon Break-like condition) အသွင်မျိုး ဖြစ်ပေါ်နိုင်သည်။ သို့သော် တိမ်တိုက်များ ရွေ့လျားမှုကြောင့် လေထုမတည်ငြိမ်မှုရှိပါက မွန်းလွဲ/ညနေပိုင်း လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်း (Thunderstorms) များ ဖြစ်ပွားနိုင်သည်။
စိုက်ပျိုးရေးမိုးလေဝသ ရှုထောင့် (Agricultural Impact) - အလယ်ပိုင်း အပူပိုင်းဇုန် Township များတွင် မိုးရေချိန် (Cumulative Precipitation) အနည်းငယ် လျော့နည်းနိုင်သဖြင့် မြေဆီလွှာအတွင်း ရေငွေ့ပြန်ခြင်း (Evapotranspiration) မြင့်မားနိုင်ကာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်များအတွက် ရေသွင်းရေလွှတ်မှုကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါလိမ့်မည်။
(ခ) ပင်လယ်ပြင် အခြေအနေ (Maritime & Coastal Outlook)
မြန်မာ့ပင်လယ်ပြင် (ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်/မုတ္တမကွေ့) - ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေဆဲဖြစ်၍ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ ရေလုပ်ငန်းနှင့် ကမ်းနီးကမ်းဝေး ရေကြောင်းသွားလာရေးအတွက် သတိပြုရန် လိုအပ်သော်လည်း တိုက်ရိုက် မုန်တိုင်းအန္တရာယ် မရှိပါ။
၃။ မော်ဒယ်လ်များ၏ သုံးသပ်ချက်နှင့် အကျဉ်းချုပ် (Model Summary) - လက်ရှိ နိုင်ငံတကာ မိုးလေဝသခန့်မှန်းချက် မော်ဒယ်လ်များ (ECMWF, GFS, ICON) ၏ ပြသချက်များအရ တိုင်ဖွန်းမုန်တိုင်း MEKKHALA သည် ဇွန်လ ၂၃-၂၄ ရက်ဝန်းကျင်တွင် ထိုင်ဝမ်အရှေ့ဘက် ပင်လယ်ပြင်သို့ ရောက်ရှိကာ မြောက်ဘက်သို့ သိသိသာသာ ကွေ့သွားမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်- မုန်တိုင်းသည် အရှေ့ဘက်သို့ ဦးတည်နေသရွေ့ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတွင် မိုးရွာသွန်းမှု ဖြန့်ကြက်ပုံ မညီမညာဖြစ်စေနိုင်ပြီး၊ တောင်ပိုင်းကမ်းရိုးတန်းဒေသများတွင်မူ မုတ်သုံလေအရှိန်ကြောင့် မိုးများခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ သွယ်ဝိုက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသအလိုက် မိုးရေချိန်ပြောင်းလဲမှုများနှင့် လေထုမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာမည့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း အန္တရာယ်များကို ဆက်လက် စောင့်ကြည့် သတိပြုသင့်ပါကြောင်း Analysis ပြုလုပ် တင်ပြလိုက်ပါသည်။
Repost from Myo Taw News Channel
ရဲတပ်သား ၁ ဦးကို စစ်သားစုဆောင်းရေးတပ်ကတ်ပြား ကိုင်ဆောင်ထားသူတွေက ပြန်ပေးဆွဲပြီး ရေလုပ်ငန်းတခုမှာ ရောင်းစားမှု ဖြစ်ပွား
ဇွန် ၂၁
မွန်ပြည်နယ်၊ လွှတ်တော်ရုံးမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်သား ၁ ဦး ပြန်ပေးဆွဲခံရပြီး ရေလုပ်ငန်းတခုမှာ ရေလုပ်သားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၄ နာရီခွဲက မွန်ပြည်နယ်၊ လွှတ်တော်ရုံးမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်သား ဇော်ဝင်းထွန်း ဆိုသူဟာ နဂါးမောက်စေတီကို ဘုရားဖူးရန် သွားရောက်ခဲ့ပြီး နဂါးမောက်စေတီအနီးမှာ တယောက်တည်းထိုင်နေချိန် အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ၎င်းအား လိုက်ခဲ့ရန် ပြောဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ကျိက္ခမီမြို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“လူ ၃ ယောက်က ဝိုင်းထားပြီး လိုက်ဖို့ခေါ်တာ၊ ဇော်ဝင်းထွန်းက ငါကရဲပဲ မလိုက်ဘူးပြောတော့ အဲ့ထဲက စစ်သားစုဆောင်းရေးက တယောက်က “ဘာရဲလဲ၊ ငါက တပ်ကဗိုလ်ကွ” ဆိုပြီး နရင်းဝိုင်းအုပ်ပြီး ခေါ်သွားတာလို့ ကျိုက္ခမီရဲစခန်းမှာ ထွက်ဆိုထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ည ၈ နာရီမှာ ကျိက္ခမီမြို့ကို ရောက်ရှိပြီး မတင်ဇာလွင် ဆိုသူ အမျိုးသမီးရဲ့ နေအိမ်ကို ခေါ်ဆောင်သွားခဲ့ကာ အဆိုပါအမျိုးသား ၃ ဦးက ကြိုတင်ငွေ ၁၂ သိန်းကျပ်ကို တောင်းခဲ့ကြတယ်လို့ သိရပါတယ်။
“ပွဲစား မတင်ဇာလွင်က ခေါ်လာတဲ့ လူငယ်ကို သံသယဖြစ်လို့ ရဲစခန်းသွား သတင်းပေးတာ၊ အဲ့မှာ ခုလို တပ်က လူပြန်ပေးဆွဲပြီး ရောင်းစားနေတဲ့ကိစ္စ ပေါ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲတပ်သား ဇော်ဝင်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၃ ဦးထဲက ၁ ဦးဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မော်လမြိုင်)၊ တပ်သားသစ်စုဆောင်းရေးတာဝန်(အကူ) ဆိုတဲ့ စိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျိုက္ခမိရဲစခန်းက မတင်ဇာလွင်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာ ဖမ်းဆီးခံရတဲ့ ရဲတပ်သား ဇော်ဝင်းထွန်းကို တွေ့ခဲ့ကြပြီး ဖမ်းဆီးခေါ်ဆောင်လာသူတွေဖြစ်တဲ့ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်၊ ဘူတာကြီးဝန်းနေ အသက် ၅၁ နှစ်အရွယ် ဦးတင်သန်း၊ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးဖြိုးကိုကို တို့ကိုပါ တခါတည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကျိုက္ခမိရဲစခန်းက ဖမ်းဆီးခဲ့တဲ့ ဦးတင်သန်းဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်သားစုဆောင်းရေးတပ်ကတ်ပြား ကိုင်ဆောင်ထားသူဖြစ်တာကြောင့် စစ်ကော်မရှင်တပ်ကလည်း ထပ်မံ အရေးယူသွားမယ်လို့ သိရပြီး ၎င်းတို့ ၃ ဦးစလုံးကို အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)နဲ့အတူ ပူးပေါင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
#myotawnpt
#Myotaw
ဗိုလ်တထောင်၊ ခွေးလမ်းကြောင်း
*
မီးတန်းရဲကား ၁ စီး
အိမ်စီးကား အနက်ရောင် ၁ စီး
Alphard ၁ စီး
*
သိမ်ဖြူလမ်းမအတိုင်း ကမ်းနားလမ်းပေါ်တတ်ပြီး ဗိုလ်တထောင်ဘုရားဘက်သို့ ဦးတည်သွားခဲ့
*
11:29 AM (Delayed)
သတင်းပေးပို့ရန် @Bo1000_Informer
Repost from Rangoon Scout Network (RSN)
ကျောက်တံတား
ကျောက်တံတားခွေးစခန်းရှေ့ ရခ SC ၁ စီး၊ ရခ Foton ၁ စီး၊ အချုပ်ကား ၁ စီး၊ ဒိုင်နာပုံစံကား ၁ စီး အသင့်အနေအထားဖြင့် ရပ်ထား ဗိုလ်ချုပ်ဘက်ထွက်ဖို့ပြင်နေ – RSG
7:45 PM
📬 @Inform_RSN
Repost from MMWeather
+2
ရန်ကုန်မှာ မိုးမရွာလို့ မုတ်သုံအားပြတ်နေပြီလား (Monsoon break ဖြစ်နေပြီလား) ဟု သိချင်သူများအတွက် -
ရန်ကုန်မှာ နေ့စဉ်မိုးရွာနေတုန်းပါ။ မိုးမရွာတဲ့ရက်တွ ဆက်နေတာလဲ မဟုတ်သေးပါ။ ဒါကြောင့် အခုလိုဆက်ပြီး ရှင်းပြပေးထားပါမယ် -
Windy Multi-model comparison ဇယားနှင့် အပေါ်က Wind map အခြေအနေအရ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံအားပြတ်ခြင်း (Monsoon Break) ဖြစ်နေသည်ဟု လုံးဝ (လုံးဝ) မယူဆနိုင်ပါခင်ဗျာ။ တကယ်တော့ ယခုအခြေအနေသည် ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော မုတ်သုံလေ အားကောင်း/အားပြင်းနေသည့်-အခြေအနေ (Active to Vigorous Monsoon) ကို ပြသနေခြင်း ဖြစ်သည်။
အကြောင်းပြချက်များကို မိုးလေဝသနည်းအရ အောက်ပါအတိုင်း ရှင်းလင်းတင်ပြပေးလိုက်ပါသည် -
၁။ အထက်ပိုင်း Wind Map အရ သုံးသပ်ချက်
• Monsoon Trough နှင့် လေပွေလှိုင်းတည်ရှိမှု - မြေပုံအပေါ်ပိုင်းတွင် အိန္ဒိယမြောက်ပိုင်းမှ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထိ မုတ်သုံလေဖိအားနည်းရပ်ဝန်းဆက်ကြောင်း - “မုတ်သုံမြောင်တန်း” (Monsoon Trough) သည် တောင်ဘက်သို့ဆင်းပြီး တည်ငြိမ်စွာ အားကောင်းနေသည်။ ထို့အပြင် တရုတ်ဟိုင်နန်ကျွန်းအနီးတွင် ကုန်းတွင်းမုန်တိုင်း သို့မဟုတ် လေဖိအားနည်းရပ်ဝန်း (L - 1004 hPa) ထင်ရှားစွာ ရှိနေသည်။
• မုတ်သုံလေစီးကြောင်း အားကောင်းမှု - အဆိုပါစနစ်များကြောင့် အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ အရှိန်အဟုန်ပြင်းစွာ တွန်းပို့တိုက်ခတ်နေဆဲဖြစ်သည်ကို လေစီးကြောင်းလိုင်း (Streamlines) များအရ သိသာစွာ မြင်တွေ့ရသည်။
၂။ Multi-Model Comparison (Yangon ဒေတာ) အရ သုံးသပ်ချက် - ဇယားတွင် ဖော်ပြထားသော မော်ဒယ် ၅ ခုစလုံး (GFS, ECMWF, ICON, METEOBLUE, ACCESS-G) ၏ ခန့်မှန်းချက်များကို ကြည့်လျှင် -
• မိုးရွာသွန်းမှု အခြေအနေ (Rainfall Continuous) - ဇွန်လ ၂၀ ရက်မှ ဇွန်လ ၂၇ ရက်အထိ (၁ ပတ်လုံး) ရန်ကုန်မြို့အတွက် နေ့စဉ်ရက်ဆက် မိုးရွာသွန်းရန် (Rain Icon များနှင့် မိုးရေချိန် mm အရေအတွက်များကို) ပြသထားသည်။ မုတ်သုံအားပြတ်ပါက မိုးလုံးဝစဲခြင်း သို့မဟုတ် နေသာခြင်း (Dry spell) ဖြစ်ရမည်ဖြစ်သော်လည်း ဤနေရာတွင် မိုးဆက်တိုက်ရွာမည့်အခြေအနေကို ပြနေသည်။
• လေတိုက်နှုန်း (Wind Speed) - မော်ဒယ်အားလုံးတွင် လေတိုက်နှုန်းမှာ တသမတ်တည်း ရှိနေပြီး အချို့ရက်များ (ဥပမာ - ဇွန် ၂၃-၂၄) တွင် လေအရှိန် ပိုမိုမြင့်တက်လာရန် (အရောင်ရင့်လာရန်) ခန့်မှန်းထားသည်။
၃။ မိုးလေဝသအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကွာခြားမှု
• မုတ်သုံအားပြတ်ခြင်း (Monsoon Break) ဆိုသည်မှာ - မုတ်သုံအက်ကြောင်း (Monsoon Trough) သည် ဟိမဝန္တာတောင်ခြေဘက်သို့ လုံးဝကပ်သွားပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်မှု ရပ်တန့်ကာ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ မိုးခေါင်စဲသွားသည့် ဖြစ်စဉ်ကို ဆိုလိုသည်။
• ယခုလက်ရှိအခြေအနေ - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အထက်လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများ အစဉ်လိုက် ဆက်တိုက်အားကောင်းနေခြင်းကြောင့် မုတ်သုံလေသည် ပုံမှန်ထက်ပင် ပိုမိုတွန်းအားကောင်းနေသည့် Active Monsoon အခြေအနေ ဖြစ်နေပါသည်။
နိဂုံးချုပ်အနေဖြင့် - ဤပုံအရ မုတ်သုံအားပြတ်ခြင်း မဟုတ်ဘဲ၊ ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသများတွင် မိုးစိပ်စိပ်နှင့် မိုးကြီးနိုင်သည့် မုတ်သုံအားကောင်းသောကာလ (Active Monsoon Period) သို့ ရောက်ရှိနေခြင်းသာ ဖြစ်ပါသည်။
Repost from Khit Thit Media
မင်္ဂလာဒုံဈေးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်း ပန်သော စျေးသည်ဒေါ်မိုးမိုးကို စစ်တပ်က လက်ထိပ်ခတ် ဖမ်းဆီးသွားပြီး ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်
ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ဈေးရောင်းသည့် ဒေါ်မိုးမိုးကို အကြမ်းဖက် စစ်တပ်က လက်ထိပ်ခတ်၍ ဖမ်းဆီးသွားပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ တစ်နိုင်ငံအတိုင်းအတား ဆင်နွှဲသည့် နှင်းဆီလှုပ်ရှားမှုကြောင့် အကြမ်းဖက် စစ်တပ်က မြန်မာအနှံ့တွင် နှင်းဆီပန်းကိုင်ဆောင်သူများနှင့် ပန်ဆင်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ကုန်ခြောက်ရောင်းသည့် ကုန်စုံဆိုင်ပိုင်ရှင် စျေးသည် ဒေါ်မိုးမိုး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိင်္န မင်္ဂလာဒုံဈေးရှိ ၎င်းပိုင်ဆိုင်သော ကုန်စုံဆိုင်တွင် အကြမ်းဖက် စစ်တပ်သည် ဒေါ်မိုးမိုးကို လက်ထိပ်ခတ်၍ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ ယနေ့ အချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ဒေါ်မိုးမိုးသည် နေ့စဉ် နှင်းဆီပန်းပန်ခြင်း၊ ဘုရားပန်းအိုးတွင် နှင်းဆီပန်းထိုးခြင်းများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။
"မင်္ဂလာဒုံဈေးထဲမှာ မနေ့က နံနက်က နှင်းဆီပန်းပန်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် မမိုးမိုးကို စစ်ခွေးတွေက လာရောက်ဖမ်းဆီးပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားပါတယ်။ မမိုးမိုးကိုလည်း ပြစ်မှုအကြီးကြီး ကျူးလွန်ထားသလိုပဲ လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။ ဒီနေ့အထိ ပြန်မလွတ်သေးပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တောင်ကြီးမြို့နယ်တွင် ယမန်နေ့ကလည်း နွယ်နွယ် အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး နှင်းဆီပန်းနီကို ကိုင်ဆောင်ကာ “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့သောကြောင့် အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ် ကို စစ်တပ်က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင် ချမ်းအေးရပ်ကွက် ၃၆(A) လမ်းနှင့် ၇၀(A) လမ်းထောင့်ရှိ ရတနာဝင်းအိမ်ဆိုင်မှ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးဖြစ်သူ မဇင် (ခေါ်) မိဇင် တို့သည် နှင်းဆီပန်းပန်ဆင်ကာ အောင်တော်မူဘုရားသို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း၊ မုံရွာမြို့တွင်လည်း ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ဆိုင်၌ ဘုရားစင်ပေါ်တွင် နှင်းဆီပန်းများ ကပ်လှူထားသည်ကို တွေ့ရှိပြီးနောက် ဆိုင်ပိုင်ရှင်ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
Repost from MMWeather
Ventusky ၏ ICON မော်ဒယ် မိုးရေချိန်မြေပုံအသစ်များတွင် တွေ့ရှိရသော စုစုပေါင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန် အချက်အလက်များအရ ဇွန်လ ၁၉ ရက်မှ စတင်ကာ ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) နှင့် မိုးအနည်းအများဖြစ်နိုင်ခြေ -
ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန်ဇယား (မိုးရေချိန်အများမှ အနည်းသို့ စီထားပါသည်)
ပြည်နယ်/တိုင်းဒေသကြီးများအလိုက် မိုးလေဝသဖြစ်နိုင်ခြေများ သုံးသပ်ခန့်မှန်းချက်
၁။ မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ ချင်း၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ) - ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အလွန်အားကောင်းနေဆဲဖြစ်ပြီး၊ တိမ်တိုက်များသည် ကမ်းရိုးတန်းဒေသများသို့ စဉ်ဆက်မပြတ် တိုးဝင်တိုက်ခတ်နေပါသည်။ ရခိုင်ကမ်းရိုးတန်းနှင့် ချင်းပြည်နယ်တို့တွင် ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်း စုစုပေါင်းမိုးရေချိန် တန်ဖိုးများသိသာစွာ မြင့်တက်နေပြီး အချို့နေရာများတွင် 500 mm ထက် ကျော်လွန်နိုင်ပါသည်။ မွန်၊ ကရင်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း မုတ်သုံလေအရှိန်ကြောင့် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှု အားကောင်းနေပါမည်။
သတိပြုရန် - ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း (Flash Floods)၊ မြစ်ရေလျှံခြင်းနှင့် တောင်တန်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်သည့် မြေပြိုခြင်း (Landslides) ဘေးအန္တရာယ်များကို အထူးဂရုပြု နေထိုင်ကြရန် လိုအပ်ပါသည်။
၂။ အလယ်ပိုင်းမြေပြန့်နှင့် မိုးနည်းရပ်ဝန်းဒေသများ (မန္တလေး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း) - ရခိုင်ရိုးမတောင်တန်း၏ ကာဆီးမှု (Rain Shadow Effect) ကြောင့် မုတ်သုံလေတိမ်တိုက်များ တိုက်ရိုက်ဝင်ရောက်မှု အားနည်းနေသဖြင့် ကမ်းရိုးတန်းဒေသများနှင့် နှိုင်းယှဉ်ပါက မိုးရေချိန် သိသိသာသာ လျော့နည်းနေမည် ဖြစ်ပါသည်။ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအများစုတွင် မိုးရွာသွန်းမှု ကွက်ကျား သို့မဟုတ် အနည်းငယ်သာ ရှိနိုင်ပြီး စုစုပေါင်းမိုးရေချိန် နည်းပါးနေပါမည်။ လေထုမငြိမ်မသက်မှုကြောင့် ညနေပိုင်း သို့မဟုတ် ညပိုင်းအချိန်များတွင် ဒေသတွင်း မိုးတိမ်တောင်များ (Cumulonimbus clouds) ဖြစ်ထွန်းနိုင်ခြေ ရှိစည်ကို သတိပြုကြရပါမည်။
သတိပြုရန် - မိုးတိမ်တောင်များ ဖြစ်ပေါ်လာပါက ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း ဘေးအန္တရာယ်များကို သတိပြုရပါမည်။
၃။ တောင်တန်းနှင့် ကုန်းတွင်းပိုင်းဒေသများ (ကချင်၊ ရှမ်း၊ ကယား) - ကချင်ပြည်နယ်တွင် မုတ်သုံလေအရှိန်နှင့် ကုန်းတွင်းပိုင်း လေစီးကြောင်းများကြောင့် မိုးအသင့်အတင့် ပုံမှန်ရွာသွန်းနိုင်ပြီး အနောက်ဘက် စစ်ကိုင်းတိုင်းနှင့် စပ်လျက်တွင် မိုးပိုနိုင်ပါသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်မူ ယခုတစ်ပတ်အတွင်း မိုးရွာသွန်းမှု အတန်ငယ်ကျဲနိုင်/ပါးနေနိုင်သော်လည်း တောင်တန်းဒေသ သဘာဝအရ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဆက်လက်ရှိနေပါမည်။ ရှမ်းမြောက်နှင့် အရှေ့ပိုင်းတို့တွင် မိုးရေချိန် ပိုမိုနည်းပါးနိုင်ပါသည်။
Repost from RSN WEB
▪️ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ရန်ကုန်မြို့ လုံခြုံရေးတင်းကြပ်
ယနေ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ နေရာအနှံ့၌ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီး၊ အုပ်ကြီးအဖွဲ့များ လုံခြုံရေးယူထားကြပြီး ၎င်းတို့မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ် ပြည့်သည့် မွေးနေ့ဖြစ်၍ လုံခြုံရေးတင်းကြပ်ထားကြခြင်းဖြစ်သည်။
ဗဟန်းမြို့နယ်ဘက်တွင် အင်္ကျီအနီဝတ်ထားသူများကို ခေါ်စစ်ခဲ့သည်။ တောင်ဒဂုံမြို့နယ်ဘက်တွင် ရပ်ကွက်အတွင်းလမ်းများထိပါ ကင်းပတ်သွားလာခဲ့ကြသည်။ သပိတ်လှုပ်ရှားမှု လုပ်သွားခဲ့သည့် ဘေလီတံတား ဗိုလ်ချုပ်ကြေးရုပ်နှင့် ကားမှတ်တိုင်များကိုလည်း လိုက်လံစစ်ဆေးသွားခဲ့သည်။ မြို့နယ်အစုံရှိ လမ်းဆုံလမ်းခွများ၊ ကုန်းတံတားများ စသည့် ဆန္ဒပြလှုပ်ရှားမှုလုပ်နိုင်သည်ဟု ၎င်းတို့ယူဆသည့်နေရာများတွင် အင်အားများခွဲ နေရာယူပြီး စောင့်ကြည့်နေခဲ့ကြသည်။
19 Jun 2026
#RangoonScoutNetwork
Repost from People's Spring
ရန်ကုန်မြို့မှာ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြ
ဇွန်-၁၉၊၂၀၂၆။သုည/People's Spring
ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။
စစ်ကောင်စီက လုံခြုံရေးတင်းကြပ်တဲ့ကြားမှ ယင်းစာတန်းကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့
နယ်ရှိ ဘေလီတံတားထိပ် ဗိုလ်ချုပ်ကြေးရုပ်မှာ ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။
ယင်းလှုပ်ရှားမှုကို "ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့" မှ ရဲဘော်တွေကဦးဆောင်ပြု
လုပ်ခဲ့တာ ဖြစ်ပါတယ်။
Repost from Rangoon Scout Network (RSN)
ကျောက်တံတား
ဗိုလ်ချုပ်လမ်းမပေါ် ပန်းဆိုးတန်းဂုံးတံတားအောက် လက်သည်း၊ ခြေသည်း ညှပ်တဲ့နေရာနား ရခ မီးတန်း ၁ စီး ရပ်ထားပြီး ရခတွေ အောက်ဆင်းနေ – RSG
9:38 AM
📬 @Inform_RSN
