Botahtaung Scout Channel
Open in Telegram
BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer
Show more1 975
Subscribers
-124 hours
-37 days
-3130 days
Loading data
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
November '26Nov '26
November '26
+9
in 3 channels
October '26
+14
in 5 channels
Get PRO
September '26
+38
in 6 channels
Get PRO
August '26
+13
in 4 channels
Get PRO
July '26
+7
in 4 channels
Get PRO
June '26
+7
in 5 channels
Get PRO
May '26
+12
in 3 channels
Get PRO
April '26
+1
in 5 channels
Get PRO
March '26
+5
in 5 channels
Get PRO
February '26
+5
in 4 channels
Get PRO
January '26
+13
in 4 channels
Get PRO
December '25
+11
in 4 channels
Get PRO
November '25
+7
in 4 channels
Get PRO
October '25
+15
in 7 channels
Get PRO
September '25
+11
in 7 channels
Get PRO
August '25
+12
in 5 channels
Get PRO
July '25
+26
in 4 channels
Get PRO
June '25
+20
in 5 channels
Get PRO
May '25
+20
in 8 channels
Get PRO
April '25
+18
in 4 channels
Get PRO
March '25
+19
in 7 channels
Get PRO
February '25
+19
in 5 channels
Get PRO
January '25
+34
in 6 channels
Get PRO
December '24
+61
in 8 channels
Get PRO
November '24
+37
in 4 channels
Get PRO
October '24
+39
in 8 channels
Get PRO
September '24
+79
in 7 channels
Get PRO
August '24
+161
in 7 channels
Get PRO
July '24
+168
in 5 channels
Get PRO
June '24
+110
in 6 channels
Get PRO
May '24
+103
in 6 channels
Get PRO
April '24
+179
in 5 channels
Get PRO
March '24
+233
in 11 channels
Get PRO
February '24
+345
in 8 channels
Get PRO
January '24
+187
in 9 channels
Get PRO
December '23
+359
in 13 channels
Get PRO
November '23
+143
in 7 channels
Get PRO
October '23
+36
in 9 channels
Get PRO
September '23
+41
in 0 channels
Get PRO
August '23
+58
in 0 channels
Get PRO
July '23
+76
in 0 channels
Get PRO
June '23
+62
in 0 channels
Get PRO
May '23
+39
in 0 channels
Get PRO
April '23
+44
in 0 channels
Get PRO
March '23
+78
in 0 channels
Get PRO
February '23
+62
in 0 channels
Get PRO
January '23
+161
in 0 channels
Get PRO
December '22
+62
in 0 channels
Get PRO
November '22
+74
in 0 channels
Get PRO
October '22
+83
in 0 channels
Get PRO
September '22
+58
in 0 channels
Get PRO
August '22
+105
in 0 channels
Get PRO
July '22
+177
in 0 channels
Get PRO
June '22
+134
in 0 channels
Get PRO
May '22
+203
in 0 channels
Get PRO
April '22
+214
in 0 channels
Get PRO
March '22
+130
in 0 channels
Get PRO
February '22
+207
in 0 channels
Get PRO
January '22
+385
in 0 channels
Get PRO
December '21
+297
in 0 channels
Get PRO
November '21
+408
in 0 channels
Get PRO
October '21
+704
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 21 November | 0 | |||
| 20 November | 0 | |||
| 19 November | +1 | |||
| 18 November | 0 | |||
| 17 November | 0 | |||
| 16 November | 0 | |||
| 15 November | +1 | |||
| 14 November | 0 | |||
| 13 November | +1 | |||
| 12 November | 0 | |||
| 11 November | +1 | |||
| 10 November | 0 | |||
| 09 November | +1 | |||
| 08 November | 0 | |||
| 07 November | 0 | |||
| 06 November | +1 | |||
| 05 November | +1 | |||
| 04 November | 0 | |||
| 03 November | +1 | |||
| 02 November | +1 | |||
| 01 November | 0 |
Channel Posts
| 2 | “နိုဝင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၈ ရက်အတွင်း အသစ်ထပ်မံဖြစ်ပေါ်မည့် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ် မရှိ”
(နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီတွင် ရေးသားပြီးစီးသည်)
========
၁။ ဆိုင်ကလုန်းမုန်တိုင်း AKVAN ၏ အကြွင်းအကျန်မိုးတိမ်များ ရွေ့လျားမှုနှင့် ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ် မုန်တိုင်းအခြေအနေ
🟢 ဆိုင်ကလုန်း AKVAN အကြွင်းအကျန်များ ရွေ့လျားမှု- အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း AKVAN ၏ အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းနှင့် တိမ်တိုက်များသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး METEOBLUE ဂြိုဟ်တုပုံအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်နယ်စပ် (ချင်းပြည်နယ်၊ ရခိုင်မြောက်ပိုင်း၊ စစ်ကိုင်းအထက်ပိုင်း) တို့တွင် တိမ်အသင့်အတင့်မှ ထူထပ်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများပေါ်တွင် တိမ်ထုသိသိသာသာ လျော့ပါးရှင်းလင်းစပြုနေပြီဖြစ်သည်။
🟢 ပင်လယ်ပြင် မုန်တိုင်းစနစ် ထပ်မံဖြစ်ပေါ်နိုင်ခြေ- NOAA CPC ၏ နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၀၈ အထိ Global Tropics Hazards Outlook အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် အပူပိုင်းမုန်တိုင်း (Tropical Cyclone) အသစ် ထပ်မံဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးသည် (ဖြစ်နိုင်ခြေ 20% အောက်)။ ထို့ပြင် အဆိုပါကာလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တစ်ဝိုက်တွင် ပုံမှန်အောက် မိုးရွာသွန်းနိုင်ခြေ (Below-Average Rainfall Probability > 50-65%) သာ ရှိနေနိုင်မည်ဖြစ်ရာ အသစ်ထပ်မံဖြစ်ပေါ်မည့် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ် မရှိပါ။
၂။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ
⚠️ တရုတ်ပြည်မကြီးမှ လေဖိအားကြီးရပ်ဝန်း လွှမ်းမိုးမှု- ထိုင်းမိုးလေဝသဌာန (TMD Advisory 312/2026) ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှ အလယ်အလတ်မှ အားကောင်းသောအဆင့်ရှိ အအေးလေဖိအားကြီးရပ်ဝန်း (High Pressure) သည် တောင်ဘက်သို့ ဆက်လက်တွန်းပို့လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ-အထက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အပူချိန် ၁ မှ ၃ ဒီဂရီဆဲလ်စီးယပ်ခန့် ကျဆင်းပြီး ဆောင်းဦးရာသီ အအေးဓာတ် ပိုမိုသိသာလာမည်ဖြစ်သည်။
ဒေသအလိုက် မိုးရွာသွန်းနိုင်မှု
🌦 ကချင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်းနှင့် ရှမ်းမြောက်- အနောက်ဘက်လေလှိုင်းနှင့် မုန်တိုင်းအကြွင်းအကျန် မိုးတိမ်များကြောင့် နိုဝင်ဘာ ၂၂ မှ ၂၅ ရက်အတွင်း နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်သည်။
🌦 တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်- အရှေ့မြောက်မုတ်သုံလေနှင့် ကပ္ပလီပင်လယ်ပြင်မှ အစိုဓာတ်များကြောင့် ကမ်းရိုးတန်းနှင့် နယ်စပ်တောင်တန်းဒေသများတွင် မိုးဖွဲ သို့မဟုတ် နေရာကွက်ကျား မိုးရွာနိုင်သည်။
🟢 စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ကယားနှင့် ရှမ်း(တောင်/အရှေ့)- မိုးရွာသွန်းမှု လုံးဝကင်းစင်သလောက်ရှိပြီး တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်သာ ဖြစ်ထွန်းကာ ရာသီဥတု သာယာကြည်လင်မည်ဖြစ်သည်။
၃။ ဖြစ်ပေါ်နိုင်သော သဘာဝဘေးအခြေအနေ
🟢 မိုးကြီးခြင်းနှင့် ရေကြီးမြေပြိုဘေး- မုန်တိုင်း AKVAN အားပျော့ပျက်ပြယ်သွားပြီးဖြစ်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြင်းထန်သော မိုးကြီးခြင်း၊ လျှပ်တစ်ပြက်-ရေကြီးခြင်းနှင့် မြေပြိုခြင်းဆိုင်ရာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေ မရှိတော့ပါ။
🟢 ပင်လယ်ပြင် အခြေအနေ- မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် တနင်္သာရီကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့မြောက်မုတ်သုံလေကြောင့် လှိုင်းအသင့်အတင့်မှ ရံဖန်ရံခါ လှိုင်းအနည်းငယ်ကြီးနိုင်သော်လည်း ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လှိုင်းအခြေအနေ ပုံမှန်အေးချမ်းမည်ဖြစ်သည်။
⚠️ ဆီးနှင်းနှင့် အအေးဒဏ်- ရှမ်းကုန်းပြင်မြင့်နှင့် ချင်းတောင်တန်းဒေသများတွင် ညဉ့်အခါနှင့် နံနက်စောစောပိုင်း၌ နှင်းထူထပ်စွာကျဆင်းခြင်း(မြူဆိုင်းခြင်း)နှင့် ရုတ်တရက် အအေးပိုခြင်းတို့သာလျှင် အဓိကသတိပြုရမည့် ရာသီဥတုအခြေအနေများ ဖြစ်ပါသည်။
၄။ တောင်သူဦးကြီးများအတွက် အကြံပြုချက်
🌾 မိုးစပါး ရိတ်သိမ်း၊ ခြွေလှေ့နှင့် သိုလှောင်ခြင်း - နိုဝင်ဘာ ၂၂ ရက်မှစတင်၍ မြန်မာနိုင်ငံ မြေပြန့်ဒေသအများစု (ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ မန္တလေး) တွင် မိုးလုံးဝကင်းစင်မည်ဖြစ်ရာ စပါးရိတ်ခြွေခြင်း၊ အခြောက်လှမ်းခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများကို စိုးရိမ်စရာမလိုဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်သည်။
🌽🌱🌻🫛 ဆောင်းသီးနှံ စိုက်ပျိုးခြင်း - ဆောင်းသီးနှံများဖြစ်သော ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာနှင့် ပြောင်းဖူး စိုက်ပျိုးမည့် တောင်သူများအနေဖြင့် လယ်မြေတွင်း ကျန်ရှိသောအစိုဓာတ်ကို ထိန်းသိမ်းရန် မြေပြုပြင်ခြင်းနှင့် မျိုးစေ့ချခြင်းလုပ်ငန်းများကို ရာသီဥတုသာယာချိန်တွင် အချိန်မီ စတင်သင့်သည်။
🟢 ဆားကွင်းလုပ်ငန်းခွင်များ - ဧရာဝတီနှင့် မွန်ကမ်းရိုးတန်း ဆားထုတ်လုပ်သူများအတွက် မိုးဖျက်မည့်အန္တရာယ်ကင်းရှင်းပြီး နေရောင်ခြည်ကောင်းစွာရရှိမည်ဖြစ်၍ ဆားကွင်းကျင်းပြင်ခြင်းနှင့် နေလှန်းဆားထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။
၅။ နိုဝင်ဘာ ၂၂ မှ ၂၈ ရက်အတွင်း နေ့စဉ်နှင့် စုစုပေါင်းရွာသွန်းနိုင်သော မိုးရေချိန် (mm) ဇယား (METEOBLUE IFSENS-20 Global Model နေ့စဉ် မိုးရေချိန်ခန့်မှန်းမြေပုံများအရ အများဆုံးမှ အနည်းဆုံးသို့ စီစဉ်ထားပါသည်) | 51 |
| 3 | ဗိုလ်တထောင်
*
ဗိုလ်တထောင်ဘုရားလမ်းပေါ် ယူရီမီကိုမျက်နှာချင်းဆိုင်မှာ ခဘဲဥ၂ကောင်က ကားအဖြူ၂စီး ကိုတားပြီး အသုဘစရိတ်တောင်းနေခဲ့
*
2:22 PM (Delayed)
သတင်းပေးပို့ရန် @Bo1000_Informer | 415 |
| 4 | 🆕 DAILY HIGHLIGHTS (16-19 NOV 2026)
•••••••••••••••®•••••••••••••••
🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရန် တရုတ်၏ကြိုးပမ်းမှုကို စစ်ခေါင်းဆောင် ပယ်ချ – MN
မြန်မာ့အရေး အကျပ်အတည်း ပြင်းထန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား – BBC
အာဆီယံဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှု မရှိမချင်း မြန်မာစစ်ခေါင်းဆောင်များ အာဆီယံအစည်းအဝေးတက်ခွင့်မပေးဟု ကြေညာ – KT
အာဆီယံဥက္ကဋ္ဌတာဝန် စင်ကာပူထံ လွှဲပြောင်း – BBC
ထိုင်းရောက် မြန်မာစစ်ရှောင်ဒုက္ခသည်တွေ အလုပ်အကိုင်ရရေး ILO နဲ့ပူးပေါင်းပြီး ဂျပန်ကူညီမယ် – BBC
————
🧑⚖️ ICJ
လူမျိုးသုဉ်း သတ်ဖြတ်မှု မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ICJ တရားရုံး ဆုံးဖြတ် – MN
ICJ ဆုံးဖြတ်ပြီးနောက် မြန်မာစစ်သံမှူးကို ဗြိတိန် ချက်ချင်းနှင်ထုတ် – MN
ICJ တရားရင်ဆိုင်တဲ့ကော်မတီ၀င် စစ်ဥပဒေချုပ်နေရာအပြောင်းအလဲဖြစ် – BBC
————
💵 စီးပွားရေးထူးခြားသတင်းများ
အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ အထိ စျေးထိုးတက်၊ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ၄၆၀၀ ကျပ် သတ်မှတ် – KT
————
➕ အခြားထူးခြားသတင်းများ
ရှမ်းမြောက်တွင် MNDAA က သာလွန်အင်အား အလုံးအရင်းဖြင့် မဟာမိတ်အကူအညီများသုံး၍ အလစ်အငိုက်တိုက်ခိုက်ခဲ့ဟု မင်းအောင်လှိုင်က ဒေါသတကြီး ပြောဆို – KT
ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ – MT
အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာအမျိုးသမီး ထောင်သောင်းချီ အိမ်အကူများအဖြစ် သွားရောက်အလုပ်လုပ်နေကြ – KT
မြန်မာနိုင်ငံက ကမ္ဘာတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် တတိယအဆိုးရွားဆုံးထိခိုက်သော နိုင်ငံအဖြစ် ရပ်တည်နေ – KT
#RangoonScoutNetwork | 55 |
| 5 | ၂၀.၁၁.၂၀၂၆ရက်နေ့၊ ၀၅ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီရပ်ကွက်၊ မော်တင်ယာယီဈေးတွင် ဂိုဒေါင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။Update
၀၅ ၄၅ အချိန် မီးထိန်းပါသည်။ Update
၀၅ ၅၇ အချိန် မီးငြိမ်းပါသည်။ | 79 |
| 6 | No text... | 61 |
| 7 | အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ သဘောထားရပ်တည်ချက်” တွင် ဖော်ပြထားသည့်အတိုင်း “ရိုဟင်ဂျာပြည်သူများသည် အခြေခံလူ့အခွင့်အရေးစံနှုန်းများနှင့် ဒီမိုကရေစီ ဖက်ဒရယ်မူများနှင့် ကိုက်ညီသော ဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် ရရှိထိုက်သူများ ဖြစ်သည်” ဟူသော ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲထားကြောင်း ဆိုသည်။ လူမှုအသိုက်အဝန်းအားလုံး ပါဝင်နိုင်ပြီး အများသဘောတူညီမှုအပေါ် အခြေခံသည့် ဖက်ဒရယ်အနာဂတ်တစ်ရပ် ပေါ်ထွန်းလာစေရန် ရိုဟင်ဂျာနှင့် ရခိုင်ခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်သည် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ယင်းစီရင်ချက်သည် ကြိုးပမ်းမှုများ၏ အဆုံးသတ်မဟုတ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး၊ လူမှုအသိုက်အဝန်းအားလုံးကို အကာအကွယ်ပေးရေးနှင့် ဖိနှိပ်ညှဉ်းပန်းမှုများ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုများကို ဖြစ်ပေါ်စေသည့် စနစ်နှင့် ဖွဲ့စည်းပုံများကို အပြီးတိုင်ဖျက်သိမ်းရေးတို့သည် မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုရရှိရေး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ခိုင်မာသော ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးက ၎င်း၏စီရင်ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအခါ နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် လက်တွေ့အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း NUG အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ | 62 |
| 8 | ICJ စီရင်ချက်ကို နိုင်ငံတကာက လက်တွေ့အရေးယူရန် NUG အစိုးရ တိုက်တွန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်းနှင့် စီရင်ချက်ပါ တွေ့ရှိချက်များနှင့် အမိန့်များကို သေချာစွာ လေ့လာသုံးသပ်၍ တာဝန်ခံမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
ICJ ၏ စီရင်ချက်သည် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှုရရှိရေး ကြိုးပမ်းချက်များအတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံ စီးဝင်နေသည့် လက်နက်၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရပ်တန့်စေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် NUG က တိုက်တွန်းထားသည်။
ရိုဟင်ဂျာပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးသို့ တင်ပြနိုင်ခဲ့ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာခြင်းနှင့် တာဝန်ခံမှုရှိခြင်း စသည့် နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်ဝတ္တရားများကို ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ၂၀၂၁ ခုနှစ် တော်လှန်ရေးစတင်ချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရန်နှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူရန် နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် သက်ဆိုင်သည့်နိုင်ငံများအနေဖြင့် လိုက်နာရမည့် ကိစ္စများကို ဆောင်ရွက်ရန် အခိုင်အမာ ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ICJ ၏ တွေ့ရှိချက်များနှင့် ချမှတ်သည့်အမိန့်များကို သေချာစွာ လေ့လာသုံးသပ်သွားမည်ဖြစ်ပြီး ထိရောက်စွာ တာဝန်ခံမှု၊ တာဝန်ယူမှု ဖော်ဆောင်ရေးနှင့် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးအတွက်လည်း တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း NUG က ထောက်ပြသည်။
ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနှင့် အခြားဒေသများရှိ ပြည်သူလူထုသည် လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးရမှုများကို ယနေ့တိုင် ဆက်လက်ကြုံတွေ့ခံစားနေရပြီး ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု သံသရာကို အဆုံးသတ်ရမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သူများအနေဖြင့် တရားဥပဒေအရ တာဝန်ခံကြရမည်ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတမှု ဖော်ဆောင်ရေးဆိုင်ရာ ကတိကဝတ်များကို လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများအဖြစ် ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးကို အားဖြည့်ဆောင်ရွက်ခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် စစ်အုပ်စုက ပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲခြင်းကို ဆက်လက်ထောက်ပံ့ပေးနေသည့် လက်နက်များ၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးအရင်းအမြစ်များ စီးဝင်မှုကို ရပ်တန့်စေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
ရိုဟင်ဂျာပြည်သူများ မိမိတို့၏ နေရပ်ဒေသများသို့ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် မိမိတို့၏ လွတ်လပ်သောဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို အပြည့်အဝ အကာအကွယ်ပေးနိုင်မှုတို့ လိုအပ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ရိုဟင်ဂျာပြည်သူများအနေဖြင့် တရားမျှတမှု၊ နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝခံစားနိုင်ကာ နိုင်ငံ၏အနာဂတ်တွင် တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိမည့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ကတိကဝတ်ပြုထားကြောင်း ဖော်ပြသည်။ | 52 |
| 9 | No text... | 6 |
| 10 | အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာ သဘောထားရပ်တည်ချက်” တွင် ဖော်ပြထားသည့်အတိုင်း “ရိုဟင်ဂျာပြည်သူများသည် အခြေခံလူ့အခွင့်အရေးစံနှုန်းများနှင့် ဒီမိုကရေစီ ဖက်ဒရယ်မူများနှင့် ကိုက်ညီသော ဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် ရရှိထိုက်သူများ ဖြစ်သည်” ဟူသော ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲထားကြောင်း ဆိုသည်။ လူမှုအသိုက်အဝန်းအားလုံး ပါဝင်နိုင်ပြီး အများသဘောတူညီမှုအပေါ် အခြေခံသည့် ဖက်ဒရယ်အနာဂတ်တစ်ရပ် ပေါ်ထွန်းလာစေရန် ရိုဟင်ဂျာနှင့် ရခိုင်ခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်သည် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ယင်းစီရင်ချက်သည် ကြိုးပမ်းမှုများ၏ အဆုံးသတ်မဟုတ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး၊ လူမှုအသိုက်အဝန်းအားလုံးကို အကာအကွယ်ပေးရေးနှင့် ဖိနှိပ်ညှဉ်းပန်းမှုများ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုများကို ဖြစ်ပေါ်စေသည့် စနစ်နှင့် ဖွဲ့စည်းပုံများကို အပြီးတိုင်ဖျက်သိမ်းရေးတို့သည် မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုရရှိရေး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ခိုင်မာသော ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးက ၎င်း၏စီရင်ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအခါ နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် လက်တွေ့အရေးယူဆောင်ရွက်ရန် တာဝန်ရှိကြောင်း NUG အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ | 6 |
| 11 | No text... | 89 |
| 12 | “ရာသီဥတုခန့်မှန်းချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းကို သတ်မှတ်ပြီး၊ မိုးလေဝသခန့်မှန်းချက်ဖြင့် နေ့စဉ်ဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်ပါ”
=============
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “အာ့ခ်ဗန်” (TC AKVAN) ၏ လမ်းကြောင်းနှင့် အတိုင်းအတာပြမြေပုံ (JTWC)၊ Meteoblue ECMWF IFSENS-20 Global Model ၏ မြန်မာနိုင်ငံဒေသအသီးသီးအတွက် နေ့စဉ်မိုးရေချိန်ခန့်မှန်းမြေပုံများ (နိုဝင်ဘာ ၂၀ မှ ၂၆ ရက်) အပေါ် အခြေခံထားသော ဆန်းစစ်သုံးသပ်ချက် ဖြစ်ပါသည်။
(နိုဝင်ဘာ ၁၉ ရက် - နေ့လည် ၁ နာရီ)
==========
၁။ ဆိုင်ကလုန်းမုန်တိုင်း AKVAN အကြွင်းအကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများအလိုက် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ
🌀 မုန်တိုင်းအခြေအနေနှင့် ရွေ့လျားမှု လက္ခဏာ (JTWC Data) - JTWC ၏ ခန့်မှန်းလမ်းကြောင်းနှင့် မုန်တိုင်းအဝန်းအဝိုင်းပြမြေပုံအရ မုန်တိုင်း AKVAN သည် အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿကမ်းရိုးတန်းဆီသို့ မြောက်-အနောက်မြောက်ဘက် ဦးတည်ရွေ့လျားပြီးနောက် နိုဝင်ဘာ ၂၀ ရက် (00Z–12Z) တွင် ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သည်။ ကမ်းတက်ပြီးနောက် ကုန်းတွင်းပိုင်းတွင် အရှေ့မြောက်ဘက်သို့ ပြန်လည်ကွေ့ဝိုက်ကာ (Recurving) အားပျော့သွားသော်လည်း ၎င်းနှင့်ဆက်စပ်နေသော အကြွင်းအကျန် တိမ်တိုက်ကြီးများ (Remnant Convective Bands) နှင့် မုန်တိုင်းအမြီးတန်းများသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပင်လယ်ရေငွေ့များကို စဉ်ဆက်မပြတ် မောင်းသွင်းတွန်းပို့နေပါမည်။
🌀 ကာလအပိုင်းအခြားနှင့် ဒေသအလိုက် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ
⚠️🌦⛈ နိုဝင်ဘာ ၂၀ – ၂၂ ရက် (မိုးရွာသွန်းမှု အမြင့်ဆုံးကာလ) မုန်တိုင်း၏ အဝေးရောက်လက်တံတိမ်တိုက်များနှင့် မြောက်ဘက်မှ ဆင်းလာသော လေအေးထုတို့ ထိတွေ့မှုကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတောင်ပိုင်း တို့တွင် ကောင်းကင်ပြင် တိမ်ထူထပ်အုံ့မှိုင်းပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းခြင်း၊ နေရာကွက်ကျား မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
⚠️🌦 နိုဝင်ဘာ ၂၃ – ၂၄ ရက် (မိုးတိမ်များ ရွေ့လျားပြန့်နှံ့မှု) မုန်တိုင်းအကြွင်းအကျန်များသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားရာ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ အရှေ့မြောက်ဒေသများကို ဖြတ်ကျော်ရင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း တို့တွင် မိုးရိပ်မိုးတိမ်များ တိုးလာပြီး နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။ တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု စတင်အားလျော့ကျဆင်းသွားပါမည်။
🟢 နိုဝင်ဘာ ၂၅ – ၂၆ ရက် (ဆောင်းလေအေး ပြန်လည်စိုးမိုးခြင်း) မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးလုံးဝကင်းစင်သွားမည်ဖြစ်ပြီး တရုတ်ပြည်မကြီးမှ လေဖိအားကြီးရပ်ဝန်း၏ အရှေ့မြောက်ဆောင်းလေအေး ထပ်မံအားကောင်းလာသဖြင့် တစ်နိုင်ငံလုံးတွင် အပူချိန် ၁ မှ ၃ ဒီဂရီစင်တီဂရိတ်ခန့် ထပ်မံကျဆင်းကာ မြူဆိုင်းအေးမြသော ဆောင်းရာသီအခြေအနေ ပြန်လည်ရောက်ရှိပါမည်။
၂။ ပြည်နယ်နှင့် တိုင်းများအလိုက် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
⚠️🌦 တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် (အလယ်အလတ်အဆင့် ဘေးအန္တရာယ် - Moderate Risk) - မုတ္တမကွေ့နှင့် ကပ္ပလီပင်လယ်ပြင်မှ ရေငွေ့ထု အများဆုံး တိုးဝင်ခံရသဖြင့် တစ်ပတ်တာ မိုးရေချိန် အများဆုံး ရရှိပါမည် (၇ ရက် မိုးရေချိန် ၅၀ mm မှ ၇၀ mm ကျော်ရရှိနိုင်)။ နိုဝင်ဘာ ၂၀ မှ ၂၂ ရက်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ခြင်း (မိုင် ၂၀–၃၀ ခန့်)၊ မိုးကြိုးပစ်ခြင်း များနှင့် တောင်တန်းဒေသများ (ဒေါနတောင်တန်း၊ တနင်္သာရီရိုးမ) တွင် တောင်ကျချောင်းရေ ရုတ်တရက် အနည်းငယ်တက်ခြင်းများ ကြုံတွေ့ရနိုင်ပါသည်။
⚠️🌦 ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတောင်ပိုင်း (အနည်းငယ်မှ အလယ်အလတ်အဆင့် ဘေးအန္တရာယ် - Low to Moderate Risk) - နိုဝင်ဘာ ၂၀ မှ ၂၁ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြေနိမ့်လယ်ကွင်းပြင်များနှင့် မြို့ပြမြေနိမ့်ရပ်ကွက်များတွင် ယာယီရေတင်ကျန်မှု/ရေဝပ်မှု (Flash Waterlogging) ဖြစ်ပေါ်နိုင်ပါသည်။ ကမ်းရိုးတန်းနှင့် မြစ်ဝပိုင်းများတွင် ပင်လယ်လေပြင်းနှင့် ဒီရေလှိုင်းများ ရံဖန်ရံခါ မြင့်တက်နိုင်ပါသည်။
⚠️🌦 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (အနည်းငယ်အဆင့် ဘေးအန္တရာယ် - Low Risk) - မုန်တိုင်းကုန်းတွင်းဖြတ်သန်းချိန် နိုဝင်ဘာ ၂၃–၂၅ ရက်များတွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ချင်းတောင်တန်းများပေါ်တွင် တိမ်ထူထပ်ပြီး မိုးဖွဲ/မိုးကွက်ကျား ရွာနိုင်သော်လည်း မြေပြိုခြင်း သို့မဟုတ် ရေကြီးနိုင်သည့် ဘေးအန္တရာယ် မရှိပါ။
🟢 မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် (ဘေးအန္တရာယ် မရှိသလောက် နည်းပါး - Minimal Risk) - မိုးရေချိန် အလွန်နည်းပါးပြီး ရာသီဥတု ခြောက်သွေ့နေမည်ဖြစ်သဖြင့် မိုးရွာသွန်းမှုကြောင့် ဘေးအန္တရာယ် မရှိပါ။ ညဘက်နှင့် နံနက်ပိုင်းများတွင် အအေးဓာတ်လွန်ကဲခြင်းနှင့် မြူဆိုင်းမှုကြောင့် လမ်းခရီးသွားလာရေး သတိပြုရန်သာ လိုအပ်ပါသည်။
၃။ မိုးစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ တောင်သူများနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် အထူးအကြံပြုချက်များ
🌾 မိုးစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ တောင်သူများအတွက် -
⚠️ ကွင်းပြင်စပါးလှန်းခြင်း လုံးဝရှောင်ကြဉ်ရန် - နိုဝင်ဘာ ၂၀ မှ ၂၂ ရက်အတွင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်နှင့် တနင်္သာရီဒေသများတွင် မိုးတိမ်တောင်များကြောင့် အချိန်အခါမဟုတ် မိုးကွက်ကျား မိုးသည်းထန်နိုင်သဖြင့် ကွင်းပြင်တွင် စပါးဖြန့်လှန်းထားခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။
⚠️ မိုးကာစ လေလုံမိုးလုံ ဖုံးအုပ်ထားရှိရေး - ရိတ်သိမ်းဆဲ သို့မဟုတ် ခြွေလှေ့ပြီး စပါးပုံများကို မြေနိမ့်ရေဝပ်နိုင်သော နေရာများတွင် မထားဘဲ ကုန်းမြင့်များတွင် စုပုံကာ မိုးကာစများဖြင့် လေပြင်းဒဏ်ခံနိုင်အောင် ကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ဖုံးအုပ်ထားပါ။
⚠️ မိုးစဲချိန် နေလှန်းခြင်း - မိုးစဲသွားမည့် နိုဝင်ဘာ ၂၃ ရက် (တောင်ပိုင်းဒေသများတွင် နိုဝင်ဘာ ၂၄ ရက်) နောက်ပိုင်းမှသာ နေလှန်းခြင်း၊ အစိုဓာတ်ချခြင်းများကို ပြန်လည်ဆောင်ရွက်သင့်ပါသည်။
🌱🌻🫛 ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက် (မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ကုလားပဲ):
⚠️ စိုက်ခင်း ရေထုတ်မြောင်း စီမံခန့်ခွဲမှု - မိုးရွာသွန်းမည့် ဒေသများတွင် မိုးစပါးအပြီး သီးထပ်စိုက်ပျိုးမည့် မြေကွက်များအတွင်း မိုးရေတင်ကျန်ပါက မျိုးစေ့ပုပ်ခြင်း (Seed rot) နှင့် မှိုရောဂါများ ဖြစ်ပွားနိုင်သဖြင့် စိုက်ခင်းပတ်လည် ရေထုတ်မြောင်းများကို အမြန်ဆုံး ကြိုတင်ဖောက်လုပ် ရှင်းလင်းထားပါ။
⚠️ မျိုးစေ့ချချိန် ရွှေ့ဆိုင်းခြင်း - မြေတွင်းအစိုဓာတ် လွန်ကဲနေချိန်တွင် မျိုးစေ့ချခြင်း မပြုဘဲ မိုးတိမ်များ ကင်းစင်သွားမည့် နိုဝင်ဘာ ၂၃/၂၄ ရက်နောက်ပိုင်း မြေတွင်းအစိုဓာတ် အနေတော်ဖြစ်ချိန်မှသာ စတင်စိုက်ပျိုးသင့်ပါသည်။
⚠️ မန္တလေးနှင့် မကွေးတိုင်း တောင်သူများ - မိုးမရွာဘဲ ခြောက်သွေ့နေမည်ဖြစ်သဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက် မြေတွင်းကျန်ရှိသော သဘာဝအစိုဓာတ် မခမ်းခြောက်မီ ဆောင်းသီးနှံများကို အချိန်မီ မျိုးစေ့ချ စိုက်ပျိုးရန် အကြံပြုအပ်ပါသည်။
၄။ ပြည်နယ်နှင့် တိုင်းများအလိုက် နေ့စဉ်နှင့် စုစုပေါင်း မိုးရေချိန်ခန့်မှန်းချက်ဇယား (၂၀ – ၂၆ နိုဝင်ဘာ ၂၀၂၆)
(Meteoblue ECMWF IFSENS-20 Global Model မြေပုံများအရ မိုးရေချိန်စုစုပေါင်း အများဆုံးမှ အနည်းဆုံးသို့ စနစ်တကျ Sorting ပြုလုပ်ထားပါသည်။ ရေတွက်ယူနစ် - မီလီမီတာ / mm) | 71 |
| 13 | 🚨 အရေးပေါ် သတိပေးချက်! Website Server တွေမှာ အန္တရာယ်မြင့် Security Vulnerabilities (၅) ခု တွေ့ရှိထားပါတယ်။
Website တွေမှာ အသုံးများတဲ့ NGINX Web Server မှာ အလွန်အန္တရာယ်ရှိတဲ့ Security Vulnerabilities (၅) ခုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီအားနည်းချက်တွေကို NGINX2Root လို့ ခေါ်ပြီး အန္တရာယ်အဆင့် CRITICAL (CVSS v4: 9.2/10) အထိ သတ်မှတ်ထားပါတယ်။
NGINX ကို Website, Web Application နဲ့ Online Service အများအပြားမှာ အသုံးပြုနေကြတဲ့အတွက် သက်ဆိုင်ရာ Server Administrator တွေအနေနဲ့ အမြန်ဆုံး စစ်ဆေးဖို့ လိုအပ်ပါတယ်။
⚠️ ဘာတွေဖြစ်နိုင်လဲ?
သတ်မှတ်ထားတဲ့ အားနည်းချက်ရှိသော NGINX Server တွေကို Hacker တွေက Login ဝင်စရာမလိုဘဲ အဝေးကနေ တိုက်ခိုက်နိုင်ပြီး
🔴 Website နဲ့ Online Service တွေ ပြတ်တောက်သွားနိုင်ခြင်း
🔴 Server ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အန္တရာယ်ရှိတဲ့ Code တွေ Run နိုင်ခြင်း
🔴 Server အတွင်း NGINX Process က ဝင်ရောက်အသုံးပြုနိုင်တဲ့ အချက်အလက်တွေ အန္တရာယ်ရှိလာနိုင်ခြင်း
🔴 အခြား Security Vulnerability တွေနဲ့ ပေါင်းစပ်တိုက်ခိုက်နိုင်ပါက Server တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်း
စတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။
🛡️ ဘယ်လို ကာကွယ်ရမလဲ?
✅ မိမိ Website Server မှာ NGINX အသုံးပြုထားခြင်း ရှိ၊ မရှိနဲ့ လက်ရှိ Version ကို စစ်ဆေးပါ။
✅ NGINX Open Source အသုံးပြုနေပါက Security Fix ပါဝင်တဲ့ 1.30.7 (Stable) သို့မဟုတ် 1.31.9 (Mainline) နှင့်အထက် သက်ဆိုင်ရာ Version ကို အမြန်ဆုံး Update လုပ်ပါ။ NGINX Plus အသုံးပြုသူများကလည်း သက်ဆိုင်ရာ Vendor Security Update ကို ထည့်သွင်းပါ။
✅ Update ချက်ချင်း မလုပ်နိုင်သေးပါက IT ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး HTTP/2, HTTP/3 စတဲ့ ထိခိုက်နိုင်တဲ့ Feature တွေကို ယာယီကန့်သတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အားနည်းချက်အားလုံးကို မကာကွယ်နိုင်ပါဘူး။
✅ Update ပြီးနောက် NGINX Service ကို Restart လုပ်ပြီး Server Log တွေမှာ မသင်္ကာဖွယ် လုပ်ဆောင်မှုတွေ ရှိ၊ မရှိ စစ်ဆေးပါ။
📌 သတိပြုရန်
ဒီအားနည်းချက်တွေကို အသုံးချနိုင်ကြောင်း Security Researchers တွေက သက်သေပြထားပြီး Exploit နမူနာလည်း Public ထွက်ရှိနေပါပြီ။ သို့သော် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ လက်တွေ့တိုက်ခိုက်မှုတွေမှာ အသုံးချနေကြောင်း အတည်ပြုထားတဲ့ သတင်း မရှိသေးပါဘူး။
Website နဲ့ Online Service တွေကို စီမံခန့်ခွဲနေသူတွေအနေနဲ့ Security Update ကို မနှောင့်နှေးဘဲ ဆောင်ရွက်ဖို့ အထူးအကြံပြုပါတယ်။
🔗 Sources & Further Information
• CERT-EU: https://cert.europa.eu/publications/security-advisories/2026-022/
• Official NGINX Security Advisories: https://nginx.org/en/security_advisories.html
• Tenable Research: https://www.tenable.com/blog/nginx2root-cve-2026-123007-frequently-asked-questions-about-five-critical-nginx
• OX Security: https://www.ox.security/blog/nginx2root-five-critical-nginx-flaws-expose-web-servers-to-remote-code-execution/
#CyberSecurityAlert #NGINX2Root #NGINX #SecurityVulnerability #DigitalSafety #SecurityUpdate | 83 |
| 14 | ⬜️ ဒေါပုံ
ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ အထီး၊ အမ ၃ ကောင် အစာကောက်ဖို့ ချောင်းနေ
11:36 AM
📬 @Inform_RSN | 75 |
| 15 | ကျောက်တံတား
ဆူးလေဘုရားလမ်းဂုံးအဆင်း ဗိုလ်ချုပ်လမ်းကော်နာ ခွေးဘဲဥ ကင်းတဲနား စခ ၂ ကောင်ရှိ – RSG
10:45 AM
📬 @Inform_RSN | 65 |
| 16 | No text... | 94 |
| 17 | နိုဝင်ဘာလ ၁၉ရက်နေ့ ရိုဟင်ဂျာအရေး ICJရုံး အမိန့်ချမှတ်ခြင်း အကြိုအနေဖြင့်
“Welcome ICJ…!
End The Myanmar Junta Era…!
We Stand With The Rohingya…!”
စာတန်းပါဘန်နာများဖြင့် ရန်ကုန်မြို့အထင်ကရနေရာများနှင့် ချင်းမိုင်မြို့တို့တွင် ရိုဟင်ဂျာအရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ရက်။
ဤလှုပ်ရှားမှုကို ဆူးလေမဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်နှင့် ရွှေတိဂုံဘုရားရင်ပြင်တော် ပထမကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင်စတဲ့ ရန်ကုန်မြို့အထင်ကရနေရာအချို့တွင် ရန်ကုန်လူထုသပိတ်မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့နှင့် Tha Phae Gate တို့တွင် Burmese Exile Movement BEM အဖွဲ့နှင့်အတူ ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့_Yangone 4 Brother - Y4B တို့မှ ပူးပေါင်း ဖော်ဆောင်ခဲ့သည်။
ဤလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ရန်ကုန်လူသပိတ်အနေဖြင့်
“ရိုဟင်ဂျာလူမျိုးစုရဲ့ တရားမျှတမှုရရှိရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်နဲ့ ခွဲခြားလို့မရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသ-တ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရမှာဖြစ်သလို သူတို့ရဲ့ လူမျိုးရေးအမှတ်သညာနဲ့ တန်းတူအခွင့်အရေးတွေကိုလည်း အသိအမှတ်ပြုအာမခံပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရိုဟင်ဂျာလူမျိုးစုနဲ့အတူ တရားမျှတမှုဘက်က အခိုင်အမာရပ်တည်ပြီး ဖိနှိပ်ခံပြည်သူအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုရဲ့ အာဏာရှင်စနစ်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ဆက်လက်အသံထုတ်သွားမှာ ဖြစ်ပါတယ်။”
ဟုဖော်ပြအပ်ပါသည်။
BEM အဖွဲ့၏ အဆိုအရ
“အာဏာမသိမ်းခင် အချိန်က we stand with you ဆိုတဲ့ လူအုပ်ကြီးဟာ ရိုဟင်ဂျာတွေရဲ့ ကြေကွဲဖွယ်ဆုံးရှုံးနစ်နာမှုတွေ ကိုပျက်ရယ်ပြုခဲ့ကြတဲ့အချိန်တစ်ခုရှိခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာတော့ အဲဒီအထဲက လူတွေဟာ သူတို့ရဲ့ ယခင်လုပ်ရပ်မှားကြောင်း ရိုဟင်ဂျာတွေအပေါ်ဝန်ချတောင်းပန်မှုလုပ်ကြသူတောင်ရှိလာပါတယ် ။ ဒါ့ကြောင့် အခုအချိန်မှာတော့ ရိုဟင်ဂျာတွေကို ထောက်ခံရင်း စစ်အုပ်စုကိုဖြုတ်ချဖို့အတွက် ရည်ရွယ်တဲ့ We stand with the Rohingya ဆိုတဲ့ ကမ်ပိန်းကိုကျနော်တို့ စဉ်းစားပြီးအကောင်အထည်ဖေါ်ခဲ့တာပါ “
ဟု ဖော်ပြအပ်ပါသည်။
#ရန်ကုန်လူထုသပိတ်
#ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့Y4B
#BurmeseExileMovementBEM | 85 |
| 18 | ဗိုလ်တထောင်
*
စခ ကျွဲကား ၂ စီး၊ ဆီပေပါအပြည့်ပါ (၁ စီးနဲ့ ၁ စီး မိနစ် အနည်းငယ်စီခွါ)
*
ကမ်းနားလမ်းအတိုင်း ကျောက်လမ်းဘက်သို့တက်သွား
*
2:53 PM
#RSG
သတင်းပေးပို့ရန် @Bo1000_Informer | 502 |
| 19 | ဗိုလ်တထောင်
*
ဗိုလ်တထောင်ဘုရားလမ်းသွယ်၃ထိပ်က ကွမ်းယာဆိုင်မှာ ရခ၃ကောင် ကွမ်းယာဝယ်နေခဲ့
*
10:00 AM
သတင်းပေးပို့ရန် @Bo1000_Informer | 117 |
| 20 | No text... | 105 |
