cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

People's Spring

People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/

Show more
Advertising posts
47 490
Subscribers
-124 hours
+1437 days
+3 16730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

00:11
Video unavailableShow in Telegram
ရုပ်သံ-SOG
Show all...
3.12 MB
👍 23👏 6 5😁 2
မြဝတီ က စုကလိခြေကုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်သိမ်းယူ နိုင်ပကောင်း၊ မက်ကစံ/People's Spring ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းဟာ မြဝတီမြို့ တောင်ဘက်မှာရှိပြီး အင်အား ၅၀ ဝန်းကျင်ရှိပါတယ်။ " ဒီနေ့ တပ်မဟာ(၆)နယ်မြေထဲက စုကလိစခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီ၊ စခန်းက စခန်းအကြီးပေါ့" လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇွန် ၁၆ ၊၁၇ ရက်မှာတိုက်ခိုက်ပြီး ဇွန် ၁၈ မနက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့သိရပါတယ်။ တိုက်ခိုက်မှုမှာပါဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ Special Operation Group-SOG ကလည်း စုကလိ ခြေကုတ်စခန်းကို သိမ်းယူလိုက်နိုင်ပြီဆိုတာကို သူတို့ရဲ့ဖေ့ဘွတ်ခ်ကနေ ဖော်ပြပါတယ်။ စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုကို SOG အဖွဲ့က ထုတ်ပြရာမှာ စုကလိစခန်းကိုသိမ်းယူလိုက်ပြီဆိုတာကို စခန်းမြင်ကွင်းနဲ့ လက်နက်ခဲယမ်းပုံအချို့ကို ဖော်ပြထားတာတွေ့ရပါတယ်။သတင်းအပြည့်အစုံကို ​နောက်​နေ့မှာ​ထုတ်ပြန်မယ်လို့လည်း အသိ​ပေးထားပါတယ်။ စုကလိ ခြေကုတ်စခန်းဟာ ဒေါနတောင်တန်းအရှေ့ခြမ်း ရှိ စုကလိမြို့မှာ တည်ရှိသလို ထိုင်း − မြန်မာ နယ်စပ်လည်း နီးကပ်ပါတယ်။ စုကလိစခန်း တပ်ရင်းမှူးနဲ့ တပ်သား​တွေလက်နက်ချပူးပေါင်းကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNDO)က ပြီးခဲ့တဲ့ မတ်လမှာစာပို့ခဲ့ပါတယ်။ KNLA တပ်ရင်း (၁၀၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောသေဂေးနဲ့ KNDO တပ်ရင်း(၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးတို့ လက်မှတ်ရေးထိုးထားတဲ့စာမှာ စုကလိစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်​တွေအနေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကမတိုက်ခိုက်ခင်လက်နက်ချလာရောက်ပူးပေါင်းကြဖို့ ၊ လာရောက်ပူးပေါင်းပါက အသက်ကို အာမခံပေးနိုင်သလို မပူးပေါင်းရင် စခန်းကိုရအောင် တိုက်ခိုက်သွားမယ်လို့သတိပေးခဲ့ပါတယ်။
Show all...
👍 15👏 1
👍 11
👍 6
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မလိဆွပ်ယာန်အကြားရှိ လမ်းတစ်နေရာကို စစ်ကောင်စီက မြေတူးစက်ဖြင့် တူးကာ လမ်းကို ဖြတ်တောက်လိုက်တယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မနေ့က စစ်ကောင်စီဟာ အဲဒီလမ်းကို မြေတူးဖျက်ဆီးခဲ့ပြီးနောက် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ အခက်အခဲကြုံနေရတဲ့ ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းအချို့ကိုလည်း ကချင်သတင်းဌာနအချို့က ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ ကချင်ဒေသ အပါအဝင် နိုင်ငံအနှံ့ စစ်ရေးအရ အထိနာလျက်ရှိတဲ့ နေရာများမှာ လမ်းများကို ဖျက်ဆီးခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ မကြာ ခဏပြုလုပ်နေပါတယ်။ ◾️ကနေဒီတောင်စခန်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်စခန်းကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံများက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ချင်းပြည်နယ် မြောက်ပိုင်းရှိ ကနေဒီတောင်ကို PDF-Zolandက သိမ်းပိုက်ခဲ့ပြီး ၇ လခန့်အကြာမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တာလည်း ဖြစ်ပါတယ်။ ကနေဒီတောင်ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အား ၁၀၀ဖြင့် ဇွန်လ ၁၅ ရက်ကတည်းက ထိုးစစ်ဆင်နေခဲ့တာလို့ သိရပါတယ်။ ◾️မတူပီမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုအကြား တိုက်ပွဲဖြစ် ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုများ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ နှစ်ဖက်အဖွဲ့များက ထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CAF/CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုစုပေါင်းချင်းတော်လှန်ရေးအင်အားစု ၁၈ခုဖြင့် စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုဟာ မတူပီရှိ စစ်ကောင်စီခရိုင်ရုံးကို မေလ ၃၀ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အလားတူ ချင်းဒေသကာကွယ်ရေးတပ် ၆ခုနဲ့ အာရက္ခတပ်တော်(AA) တို့ ပူးပေါင်းပါဝင်နေတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်များဟာလည်း မတူပီ ခမရ(၃၀၄)ကို မနေ့ကသိမ်းပိုက်ထားပါတယ်။ အဲဒီ အခြေအနေမှာ ချင်း​တော်လှန်​ရေးအင်အားစုနှစ်ခုဟာ စစ်​ကောင်စီရဲ့ မတူပီ ခလရ(၁၄၀) တပ်ရင်းကိုတိုက်ဖို့ အပြိုင် ပြင်ဆင်​နေကြစဥ် မနေ့က ချင်းပြည်ကောင်စီ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကို ချင်းညီနောင်က ဖမ်းဆီးခဲ့ခြင်းမှ အစပြုကာ ဒီနေ့မှာ နှစ်ဖက်အကြား တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ရန်ကုန်မြို့ တစ်နေရာမှာ “တိုက်ရင်းသေမလား ငတ်ရင်းသေမလား" အမည်ဖြင့် သပိတ်လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(Anti Junta Alliance Yangon-AJAY)က အသိပေးထားပါတယ်။ “တိုက်ရင်းသေမလား ငတ်ရင်းသေမလား” ၊ “ဆီတစ်ပိဿာ တစ်သောင်းကျပ် မင်းအောင်လှိုင် ခေါင်းကိုဖြတ်” စတဲ့စာသားပါဗီနိုင်းများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နောက်ပြန် မလှည့်ကြေး ဒီတော်လှန်ရေးလူထုသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ချီတက်သပိတ်မှောက်ခဲ့ပါတယ်။ ယင်းမာပင်အနောက်ခြမ်း ကျေးရွာတစ်ရွာမှာ လူငယ့်အားမာန် သပိတ်စစ်ကြောင်းက တော်လှန်ပြည်သူတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ၊ ရွှေဘိုမြို့နယ်နဲ့ ကနီမြို့နယ်တို့မှာလည်း သပိတ်အင်အားစုများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်ပြည့် မွေးနေ့အကြိုအဖြစ် "ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ" စာသားကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် စကြဝတေးမင်းကြီးသပိတ်အဖွဲ့ဝင်များမှ "ငုံ့မခံဘဲတုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ" စာတန်း(ဗီနိုင်း) ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
Show all...
👍 10
“ဒီနေ့ဘာဖြစ်ခဲ့လဲ” ဒီနေ့(ဇွန်လ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။ ◾️မတူပီမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ ခမရ(၃၀၄)တပ်ရင်းကို ချင်းညီနောင် ထပ်မံသိမ်းရ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်များဟာ မနေ့က မတူပီအခြေစိုက် ခမရ(၃၀၄)စစ်ကောင်စီတပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော်(AA)၊ Yaw Army(YA)တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်များက မတူပီမြို့သိမ်း စစ်ဆင်ရေးကို ဇွန်လ ၉ရက်မှာ စတင်ခဲ့ရာ မတူပီမြို့ကို ဇွန်လ ၁၃ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေတဲ့ စစ်ကောင်စီ တပ်ရင်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။ ခမရ(၃၀၄)ကို သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီထံမှ ဟောင်ဝစ်ဇာလက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြပါတယ်။ ဆက်လက်ပြီး ကျန်နေတဲ့ မတူပီဗျူဟာကုန်း၊ ခလရ(၁၄၀)နဲ့ အခြား စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းယူနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ပါတယ်။ ◾️စုကလိစစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ညပိုင်းက စုကလိစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စခန်းရှိ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါဘူး။ ◾️အောင်​ဇေယျစစ်​ကြောင်း​ ရှေ့မတိုးတော့ဘဲ လက်နက်ကြီးဖြင့်သာ ပစ်​နေဟုဆို ဒေါနတောင်ပေါ်မှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးဖို့ စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးဖို့ စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တဖက်မှာလည်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးလာတဲ့ စစ်သားများနဲ့ ဖမ်းဆီးမိတဲ့ စစ်သားများလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ◾️ပြည်သူတစ်ဦးချင်း လွတ်လပ်မှုကသာ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ လွတ်လပ်မှုဖြစ်လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်း ပြော မြန်မာနိုင်ငံသားတစ်ဦးချင်းစီ လွတ်လပ်မှုရှိမှသာ စစ်မှန်တဲ့ မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။ အသက် ၄၇ နှစ်အရွယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ဟာ အီတလီ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ Abbiategrasso ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ကို မိခင်ကိုယ်စား လက်ခံယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုထိန်လင်းရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး အကျဉ်းချမှုကို ခံထားရပြီး ဘယ်နေရာမှာ ရှိနေသလဲ၊ ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ ဆိုတာတွေကို မိသားစုက သိခွင့် မရခဲ့ပါဘူး။ ◾️တောင်ကုတ်လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးသေဆုံး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေတဲ့ တောင်ကုတ်မြို့မှာ ဒီနေ့ မနက် လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ တောင်ကုတ်မြို့နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မနေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုမှာလည်း တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ◾️ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ် တရုတ်စီမံကိန်းများရှိရာ ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် မနေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။ ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာအနီးမှာ မနေ့က ညနေပိုင်းအထိ ပစ်ခတ်သံများကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောက်ဖြူမြို့နယ်သို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၎င်းတို့ ပြည်သူ့စစ်အဖြစ် စုဆောင်းပြီး စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်များကို စစ်ကြောင်းရဲ့ရှေ့မှာ ထားကာ ဝင်ရောက်လာတာလို့ ဒေသခံအချို့ကပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်သံများမကြားရဘဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။ ◾️မြစ်ကြီးနား အဝင် လမ်းပိုင်းတစ်ခုကို စစ်ကောင်စီ မြေတူးစက်ဖြင့် ဖျက်ဆီး
Show all...
👍 6
43👍 10🫡 1
ဝါကျွတ်အစ်ပွဲတော်နေ့ အစ္စလာမ်ဘာသာဝင် PDFရဲ ဘော်များ ဝတ်ပြုဆုတောင်း -People's Spring အစ္စလာမ်ဘာသာဝင်များ၏ ဝါကျွတ်အစ် ပွဲတော်နေ့တွင် နေရာဒေသအသီးသီးရှိ အစ္စလာမ်ဘာသာဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကုရ်ဘာနီအီးဒ်နေ့ (အစ်ဒ်နေ့) စုပေါင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည် တော်တိုင်းစစ်ဌာနမှ အစ္စလာမ်ဘာသာဝင်ရဲ ဘော်များက အစ်ဒ်နေ့ ဆုတောင်းဝတ်ပြုမှုပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်များ၏ ယနေ့ ကျရောက် သော Eid - ul - Adhaအခါသမယတွင် အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာများအ ဖြာဖြာ လူသားအားလုံးအ ပေါ်ကျ ရောက်ပါစေ မြန်မာနိုင်ငံကြီးလည်း ငြိမ်းချမ်းမှုသာယာမှုအပေါင်းခညောင်းပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြသည်။ ထို့အပြင် အစ္စလာမ်ဘာသာဝင် ရဲဘော်များ၏ ကုရ်ဘာနီအီးဒ်နေ့ (အစ်ဒ်နေ့) စုပေါင်းဝတ်ပြုခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းကရင် နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။ ယနေ့ ကျရောက်သည့် ကုရ်ဘာနီအီးဒ်နေ့ (အစ်ဒ်နေ့)တွင် တပ်ရင်းအမှတ် (၂၅)မှ အစ္စလာမ်ဘာသာဝင် ရဲဘော်များက စုပေါင်းဝတ်ပြုခဲ့ခြင်းဟု ဆိုသည်။ "ကရင်နီပြည်နယ်ရဲ့ မူဝါဒဖြစ်တဲ့ လူမျိုးဘာသာ တန်းတူညီမျှရေးအခြေခံ ပါပဲ။ကျန်တာက အာဏာ ရှင်စနစ်တိုက်ဖျက်ရေး ဖြစ်တယ်"ဟု KNDF တာဝန်ရှိသူက ပြောသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊တပ်ရင်းအမှတ်(၂၅)ကို ၂၀၂၄ မေလ ၇ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်ရင်း(၂၅)သည် မကြာသေးမီက ဖွဲ့စည်းခဲ့သည့် KNDF ဗျူဟာ (၇)တွင် ပါဝင်ပြီး လွိုင်ကော်မြို့ကို စစ်ရေးအရ လွမ်းခြုံနိုင်ရေး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ရည်ရွယ်ထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် KNDFတွင် တပ်ဖွဲ့ဝင်ရဲဘော်အင်အား တစ်သောင်းကျော်ရှိပြီးဖြစ်ကြောင်း စစ်ရေးချုပ် ခူးရီးဒူက ယခုလပိုင်းတွင် အသိပေးထားသည်။ KNDF၏ ထုတ်ပြန်ထားချက်အရ ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို ၊ ဘောလခဲ၊ ဖားဆောင်း၊ ရှားတော၊ ဖယ်ခုံနှင့် မယ်စဲ့ မြို့နယ်တို့မှ စစ်ကောင်စီ၏ စခန်း ၆၅ခုကို ကရင်နီပူးပေါင်းတပ်များက သိမ်းထားပြီး တပ်ဆုတ်လက်နက်ချခဲ့သည် စခန်းစုစုပေါင်း ၁၆ ခုအထိရှိသည်။ လက်ရှိတွင် စစ်ကောင်စီက ရှမ်းပြည်နယ် ဆီဆိုင်မြို့မှတဆင့် ကရင်နီပြည်နယ်သို့ စစ်ကြောင်းထိုးနေပြီး လွိုင်ကော်မြို့အနီး တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ ဓာတ်ပုံ - KNDF၊ Ngwe Soe NPT PDF
Show all...
👍 22 4
(DKPDF-MMU၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
Show all...
15😁 1
🥰 19 7👍 3🔥 1👏 1