en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥအိုကြီး ၁ ကောင် ရောက်နေ – RSG 8:38 AM 📬 @Inform_RSN

Repost from Khit Thit Media
စစ်မှုထမ်းရမည့်သူများစာရင်းကို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များသို့ ပေးပို့ စစ်ဆေးနေသည့်အပြင် ဧည့်စာရင်းစစ်၍လည်း ရှာဖွေစစ်ဆေးနေဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူပြော၊ စစ်မှုထမ်း တိမ်းရှောင်သူများကို အမှုဖွင့်ရန် လုပ်ဆောင်နေ ရန်ကုန်၊ ဇူလိုင် ၂၃ အကြမ်းဖက်စစ်တပ်က ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားများ၏ အမည်စာရင်းများကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ဖြန့်ဝေပေးပို့ကာ စစ်ဆေးနေသည့်အပြင် ရပ်ကွက်နှင့် ကျေးရွာများတွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်၍လည်း ရှာဖွေဖမ်းဆီးနေကြောင်း စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဇူလိုင် ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော စစ်ကောင်စီလက်အောက်ခံ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ အမတ်ဆိုသူ ဦးဂုဏ်ဝမ်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်း ဥပဒေများကို ကျော်လွန်၍ ဆောင်ရွက်နေသည့် ဖြစ်စဉ်များကို မည်သို့ထိန်းညှိဆောင်ရွက်မည်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ရာ ဗိုလ်ချုပ်မင်းသူက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မင်းသူက စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများသည် စစ်မှုထမ်းရန် တာဝန်ရှိပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများအနက် အများအပြားသည် အခြားဒေသများသို့ တိမ်းရှောင်နေထိုင်ခြင်းများ ရှိနေသဖြင့် မြေပြင်တွင် ဆင့်ခေါ်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ထိုသို့ တိမ်းရှောင်နေသူများကို ဖမ်းဆီးနိုင်ရန်အတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ စစ်မှု ထမ်းရန် ဆင့်ခေါ်ခံထားရသူများ၏ အမည်စာရင်းများကို ဖြန့်ဝေပေးထားပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတွေ့ရှိပါက ချက်ချင်း ဆင့်ခေါ်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ရပ်ကွက်နှင့် ကျေးရွာများတွင် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းပြချက်ဖြင့် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ချိန်၌လည်း စစ်မှုထမ်းရန် တိမ်းရှောင်နေသူများကို ရှာဖွေ၍ ဆင့်ခေါ်နေကြောင်း ၎င်းက ပြောဆိုသည်။ "စစ်မှုထမ်းရန် ရှောင်လွဲသူများဟာ အခြားဒေသသို့ တိမ်းရှောင်နေထိုင်ခြင်းများကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်လျက်ရှိတာကြောင့် တာဝန်ထမ်းဆောင်ရန် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆင့်ခေါ်တဲ့အခါ မြေပြင်မှာ တာဝန်ရှိသူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်" ဟု ဗိုလ်ချုပ်မင်းသူက ဆိုသည်။ ထို့အပြင် တိမ်းရှောင်နေသူများကို လမ်းခရီးများတွင် စောင့်ဆိုင်းဆင့်ခေါ်ခြင်း၊ နေအိမ်များအထိ သွားရောက်ဆင့်ခေါ်ခြင်းများ ဆောင်ရွက်သည့်အခါ အများပြည်သူက အဓမ္မဖမ်းဆီးခြင်းအဖြစ် မြင်နေကြကြောင်းကိုလည်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။ စစ်မှုထမ်းရန် အလှည့်ကျ ဆင့်ခေါ်ခံရသူများကို ဆေးစစ်ရန် လာရောက်သတင်းပို့ရန် အကြောင်းကြားထားသော်လည်း ပျက်ကွက်သူများ၏ အမည်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့ဝင်မြို့ထွက် လုံခြုံရေးစစ်ဆေးရေးဂိတ်များသို့ ဖြန့်ဝေပေးထားကြောင်းလည်း ဗိုလ်ချုပ်မင်းသူက ပြောသည်။ အဆိုပါ အမည်စာရင်းတွင် ပါဝင်သူများကို မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ တွေ့ရှိပါကလည်း ကောင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ဧည့်စာရင်းစစ်ဆေးချိန်အတွင်း တွေ့ရှိပါကလည်းကောင်း ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများနှင့်အညီ ဆင့်ခေါ်နေကြောင်း၊ ခန္တီးမြို့နယ်တွင် ဆင့်ခေါ်ချိန် သတင်းပို့ရန် ပျက်ကွက်သူ ၁၆ ဦးရှိသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။ ယင်းအပြင် စစ်မှုထမ်းရန် ဆင့်ခေါ်ထားသော်လည်း သတင်းပို့ရန် ပျက်ကွက်သူများကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်ရာတွင် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ စစ်တပ်တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မင်းသူက ပြောဆိုသည်။ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အသက်သွင်းကာ လစဉ် လူငယ် ၅၀၀၀ ကျော်ကို အတင်းအကျပ် ဆင့်ခေါ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၇ သို့ ရောက်ရှိနေပြီဖြစ်သည်။

ဗိုလ်တထောင် * ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားပွိုင့် ခွေးဘဲဥ အထီး ၁၊ အမ ၁ ကောင်ရှိခဲ့ * 7:40 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား ဗိုလ်ချုပ်လမ်းမပေါ် ရှန်ဂရီလာဟိုတယ်နားမှာ အဖွဲ့စုံရှိ – RSG 8:19 PM 📬 @Inform_RSN

Repost from MMWeather
photo content
+5

Repost from MMWeather
Windy (ICON Model 850 hPa Wind Map - ဇူလိုင် ၂၅ ရက်၊ ၁၄:၀၀ နာရီ ခန့်မှန်းချက်) နှင့် Meteoblue (ICON Model 24h, 48h, 72h, 120h Rain-Total Maps) ပုံရိပ်များကို အခြေခံ၍ မိုးလေဝသ အခြေအနေ ခန့်မှန်းသုံးသပ်ချက် ဖြစ်ပါသည်။ (ဇူလိုင် ၂၂ ရက်၊ နံနက် ၁၀ နာရီ) ========== ၁။ လေထုစနစ် လှုပ်ရှားမှုနှင့် ဖြစ်ပေါ်နိုင်သော မုန်တိုင်း/လေပွေလှိုင်း အခြေအနေ 📌 တောင်တရုတ်ပင်လယ် (South China Sea / Taiwan Strait): Windy 850 hPa လေကြောင်းပြပုံအရ တိုင်ဝမ်ရေလက်ကြား/တရုတ်နိုင်ငံ အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း/အပူပိုင်းမုန်တိုင်းကြီး (Typhoon/Severe Tropical Storm) တစ်ခု ဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရပါသည်။ လက်ရှိအချိန်တွင် JTWC မှ စောင့်ကြည့်ရမည့် လေပွေလှိုင်း (INVEST-92W) အဖြစ် ထုတ်ပြန်ထားပါသည်။ INVEST-92W သည် မုန်တိုင်းဖြစ်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားမှဖြတ်သန်း၍ အနောက်မြောက်ဘက်တောင်တရုတ်ပင်လယ်အတွင်းသို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ မြန်မာနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပါ။ 📌 ဘင်္ဂလားပင်လယ်အော် (Bay of Bengal): ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် ကမ်းလွန်နှင့် အိန္ဒိယ-စစ်တကောင်း ကမ်းရိုးတန်းအနီး) တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း / လေပွေလှိုင်း (Low Pressure Area / Cyclonic Circulation) တစ်ခု ဗဟိုပြုဖြစ်ပေါ်လာနိုင်သည်ကို ICON MODEL ခန့်မှန်းချက်အရ ရှင်းလင်းစွာ တွေ့ရပါသည်။ 📌 မုတ်သုံလေအား - ဇူလိုင်လ ၂၄ ရက် မှ ၂၅ ရက် အတွင်းဖြစ်ပေါ်လာနိုင်မည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်း (လက်ရှိအချိန်တွင် INVEST-92W) တို့၏ ပူးပေါင်းဆွဲအားကြောင့် ကာလကတ္တား - မြန်မာနိုင်ငံ စစ်တကောင်း/ရခိုင်ကမ်းလွန် မှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ အနောက်တောင်မုတ်သုံလေ (Southwest Monsoon) သည် အလွန်အားကောင်းလျှက် ရှိပါသည်။ ၂။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မည့် မိုးလေဝသ အခြေအနေ 📌 ရခိုင်ကမ်းလွန်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်း/အနောက်ပိုင်း - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ လေပွေလှိုင်း ဗဟိုချက် အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ် တို့တွင် လေထုမတည်ငြိမ်မှု မြင့်မားပြီး မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းမည် ဖြစ်ပါသည်။ 📌 မုတ်သုံလေတွန်းအား (Monsoon Flow) - ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှ ဖြတ်သန်းလာသောအားကောင်းသည့် မုတ်သုံလေတွန်းအားကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း (တနင်္သာရီ)၊ မြစ်ဝကျွန်းပေါ် (ဧရာဝတီ၊ ရန်ကုန်) နှင့် ပဲခူးတိုင်း တို့တွင်နောက်လာမည့် နာရီ ၁၂၀ (၅ ရက်) အထိ ရက်ဆက် မိုးရွာသွန်းနိုင်ပါမည်။ ၃။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းနိုင်သော မိုးရေချိန် (Rain Accumulation Breakdown) Meteoblue ၏ ၂၄ နာရီမှ ၁၂၀ နာရီအထိ Rain-Total မော်ဒယ်ပုံများအရ မိုးရေချိန် စုစုပေါင်း ခန့်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၄။ ဤကာလအတွင်း ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်သတိပေးချက်များ ⚠️ ရုတ်တရက် ရေကြီးရေလျှံခြင်း FLASH-FLOOD နှင့် မြစ်ရေ/ချောင်းရေလျှံနိုင်သည့် ဒေသများ - ရခိုင်ပြည်နယ် မြောက်ပိုင်း (စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်) နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ် တို့တွင် မိုးဆက်တိုက်ကြီးနိုင်သဖြင့် မြစ်ရေ/ချောင်းရေ ရုတ်တရက် မြင့်တက်လာပြီး ရေကြီးရေလျှံမှုများ ပေါ်ပေါက်နိုင်ပါသည်။ ⚠️ တောင်ပြို/မြေပြိုမှု ဘေးအန္တရာယ် (Landslides) - ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ရိုးမ တောင်တန်းဒေသများတွင် မိုးရေစိမ့်ဝင်မှုများပြီး မြေပြိုနိုင်မည့် အန္တရာယ် မြင့်မားနေပါသည်။ ⚠️ ပင်လယ်ပြင် လှိုင်းကြီးမှုနှင့် လေပြင်းအန္တရာယ် (High Waves & Rough Seas) - ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုံလေ အားကောင်းသဖြင့် မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ လှိုင်းကြီးခြင်း (Wave height ၈ ပေ မှ ၁၂ ပေ အထက်အထိ) ရှိလာနိုင်သောကြောင့် ကမ်းဝေး/ကမ်းနီး ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာရေး သတိပြုရန် လိုအပ်ပါသည်။ ⚠️ မြို့ပြရေဝပ်ခြင်း/ရေကြီးခြင်း (Urban Flooding) ရန်ကုန်၊ စစ်တွေ နှင့် မြစ်ဝကျွန်းပေါ် မြို့ကြီးအချို့တွင် မိုးသည်းထန်ပြီး၊ မိုးရေချိန်များကာ ဒီရေတက်ချိန်နှင့် တိုက်ဆိုင်ပါက မြို့ပြရေဝပ်မှုများ ယာယီဖြစ်ပေါ်နိုင်ပါသည်။

Repost from Hlaing Info
အာဇာနည်နေ့က အာဇာနည်းကုန်းအနီးမှာ လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ ဇူလိုင်လ ၂၁ ရက် (၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖ
အာဇာနည်နေ့က အာဇာနည်းကုန်းအနီးမှာ လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ ဇူလိုင်လ ၂၁ ရက် (၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဆိုပါလူငယ်တွေကို စစ်တပ်က ဖုန်းတွေယူစစ်ခံရအပြီး ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ " ကလေးတွေက ပိတ်ရက်ဆိုအပြင်ထွက်ကြတာနေမယ်။ ပြီးတော့ အာဇာနည်ကုန်းသွားပြီး ဂါရဝပြုချင်ပြုမှာပေါ့။ ပြောလို့ဘယ်ရမလဲ။ ဒါပေမယ့်လုံခြုံရေးကိုလည်းအထပ်ထပ်ချထားတယ်။ မသင်္ကာတဲ့လူငယ်တွေဆိုရင် ဖုန်းတွေစစ်တယ်၊ ဘယ်ကလာလဲအကုန်မေးတယ်။ အဲဒီကလေးတွေကျတော့ဖြတ်သွားတာ။ ဂိတ်ပေါက်နားကနေဖြတ်တာလည်းမဟုတ်ဘူး။ အဲဒီနေရာနဲ့ဆိုဝေးတယ်။ အဲဒါကိုလှမ်းခေါ်ပြီးစစ်တာ။ ကိုယ်တွေကတော့အခြေအနေတော့မဟန်ဘူးဆိုတာသိလိုက်တယ်။ နောက်တော့သူတို့ကိုခေါ်သွားတာတွေ့လိုက်တယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။ အလားတူ ဆူးလေဘုရားအနီးမှာလည်း လူငယ်တွေစစ်ဆေးခံရတာရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်အာဇာနည်နေ့မှာ ယခင်နှစ်တွေထက်လုံခြုံရေးပိုချထားပြီး ရွှေတိဂုံဘုရားကိုပါ တတ်ရောက် ဖူးမြော်ခွင့်ကိုပိတ်ထားခဲ့တာပါ။ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ - ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်း အထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ - မ္မစေတီလမ်းဆုံထိလည်းကောင်း ပိတ်ထားခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေကတော့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တစ်ခုတည်းပဲ အလေးပြုခဲ့တာဖြစ်သလို စစ်ကောင်စီကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားနေရာတွေကို သွားရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် လူစည်ကားစေဖို့ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသား၊သူတွေ၊ မူလတန်း၊အလယ်တန်းနဲ့အထက်တန်းကလေးတွေကို YBS နဲ့အကြိုအပို့လုပ်ပြီး ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးနဲ့အာဇာနည်ကုန်းကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ((၇၉)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား ပြုလုပ်နေစဉ်။ ဓာတ်ပုံ- စစ်ကောင်စီ) #LNO #HlaingInfo

ကျောက်​တံတား​ * စခ Foton (၅၉၁၅) ၂ တန် အရပ်ဝတ် ၈ ကောင်ခန့်ပါ​ * ဆူးလေဘုရားလမ်းထဲက ထွက်လာ ပြီး ကမ်းနားလမ်းဘယ်ချိုးပြီး ဗိုလ်တထောင်ဘက်တက်သွား * 11:12 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို ဇူလိုင် ၂၁ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ El Niño (အယ်လ်နီညို) အခြေအနေဟာ ပိုမိုခိုင်မာလာပြီး လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ တလျှောက်လုံး ဗဟိုနှင့် အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန် သိသိသာသာ မြင့်တက်နေမယ်လို့ ကမ္ဘာ့ မိုးလေဝသ စင်တာတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ ၂၀၂၆ နိုဝင်ဘာလမှာ 2.78°C အထိ မြင့်တက်နိုင်ခြေရှိတာကြောင့် ဒေသတွင်းမှာ အားကောင်းတဲ့ အယ်လ်နီညို (Strong El Niño) ဖြစ်စဉ်ကို ကြုံတွေ့ရမှာဖြစ်ပြီး ကမ္ဘာ့အပူချိန် စံချိန်တင် မြင့်တက်တာနှင့် ရာသီဥတု အစွန်းရောက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နာမည်ကြီး မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Meteoblue ရဲ့ ခန့်မှန်းချက်အရ ဇူလိုင်လ ၂၄ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်းတို့မှာ လေဖိအား စုဆုံမှုကြောင့် ကာလတိုအတွင်း မိုးတိမ်တိုက်တွေ ထူထပ်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။ အယ်လ်နီညို အစပျိုးမှုကြောင့် မုတ်သုံလေ စီးဆင်းမှုဟာ ပုံမှန်ထက် ပြတ်တောက်မှု/အားနည်းလာမှု ရှိလာနိုင်ပြီး အချို့နေရာတွေမှာ လေဖိအား မြင့်တက်နေတာကြောင့် နေရာကွက်ကျား မိုးကြီးတာနှင့် ရုတ်တရက် ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ ရေရှည်ရာသီဥတု ခန့်မှန်းချက်အနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ မိုးနှောင်းကာလဖြစ်တဲ့ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အရှေ့တောင်အာရှ မယ်ခေါင်ဒေသတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ကျွန်းစုဒေသတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ မိုးရွာသွန်းမှု ပုံမှန်ထက် နည်းပါးနိုင်ခြေ အလွန်မြင့်မားနေပြီး မုတ်သုံရာသီဟာ ပုံမှန်ထက်စောပြီး ကုန်ဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ဆောင်းရာသီကာလဖြစ်တဲ့ ၂၀၂၆ နိုဝင်ဘာလမှ ၂၀၂၇ ဇန်နဝါရီလအတွင်း အယ်လ်နီညို ဟာ အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်ပြီး ဒေသတခုလုံးမှာ ခြောက်သွေ့မှု ပိုမိုအားကောင်းလာကာ စိုက်ပျိုးရေနှင့် သောက်သုံးရေ လျော့နည်းခြင်း အခက်အခဲတွေ စတင်ဖြစ်ပေါ် လာနိုင်တယ်လို့ဆိုပါတယ်။ အပူချိန်ဟာလည်း ပုံမှန်ထက် သိသာစွာ မြင့်မားနေမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိုးနှောင်းကာလနှင့် ဆောင်းရာသီအကူးအပြောင်းကာလမှာ ပုံမှန်ထက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ခံစားရနိုင်ပြီး ဆောင်းအအေးဓာတ် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။ အယ်လ်နီညို နှစ်တွေရဲ့ သဘောသဘာဝအရ ခြောက်သွေ့တဲ့ ဒေသတွေမှာ ပိုခြောက်သွေ့ပြီး မိုးရွာတဲ့ ဒေသတွေမှာ ရုတ်တရက် မိုးကြီးတာ၊ မိုးခေတ္တသည်းထန်တာတွေ ဖြစ်တတ်တာကြောင့် လျှပ်တပြက် ရေကြီးတာနှင့် မြေပြိုတဲ့ အန္တရာယ်တွေကို မိုးရာသီ မကုန်မချင်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။ မြို့တော် News Channel #myotawnpt #Myotaw

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jul 13 - 19, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jul 13 - 19, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ
· ဇူလိုင်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေသည်။ မနက်ပိုင်းတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ လိုက်ကြည့်ပြီး နေ့လည်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ အမှတ် ၁ ရေနံချက်စက်ရုံထဲ ဝင်ကြည့်သွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။ စစ်တပ် ကာချုပ်အသစ် ရဲဝင်းဦးနှင့် လွှတ်တော်ဥက္ကဋ္ဌနေရာများယူထားကြသည့် ခင်ရီ အောင်လင်းဒွေးတို့လည်းပါသည်။ · ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ မနက်တွင် အာဇာနည်ဗိမ္မာန်၌ ၎င်းတို့အုပ်စု ပွဲတက်ခဲ့ကြပြီး မနက်ပိုင်းတလျှောက် ဗဟန်းမြို့နယ်နှင့် နီးစပ်မြို့နယ်များ၌ ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့သည်။ · ရန်ကုန်အဝင် စစ်ဆေးရေးဂိတ်များ၌လည်း ယခုလဆန်းပိုင်းမှစ၍ အစစ်အဆေး တင်းကြပ်ခဲ့ကြောင်း သိရသည်။
———— ▪️သန်လျင်ရေတပ်တွင် စစ်လက်နက်ပစ္စည်းများ အလုံးအရင်းလိုက် ဖြည့်နေ
· သန်လျင်ရေတပ်စခန်းတွင် စစ်သင်္ဘောများပေါ် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များနှင့် ရိက္ခာများ အလုံးအရင်းဖြည့်တင်းနေကြောင်း Khit Thit မှ သိရှိရသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်ဘက် စစ်မြေပြင်သို့ ပို့ဖို့ဖြစ်နိုင်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ စထွက်နိုင်သည်ဟု ဖော်ပြထားသည်။ အရပ်ဘက်ရေယာဉ်များကိုလည်း အဓမ္မသိမ်းဆည်းပြီး ၎င်းတို့နှင့်အတူလိုက်ခိုင်းထားသည်ဟု ဆိုသည်။ အပြန်တွင် တပ်မိသားစုများကို အရပ်ဘက်ရေယာဉ်များဖြင့် ပြန်ထည့်ပေးမည်ဟု သိရသည်။
———— ▪️အုပ်ကြီးဟောင်းက ၎င်းနှင့်မတည့်သူများကို ဖမ်းခိုင်း
· ဇူလိုင်လ ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်နေ အမျိုးသမီး ၂ ဦးနှင့် ရာအိမ်မှူး ၆ ဦးတို့ကို အကြမ်းဖက်တပ်သားများ ဖမ်းဆီးသွားကြောင်း Khit Thit မှ သိရှိရသည်။ ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးမှာ ယခင်ရပ်ကွက်အုပ်ကြီးဟောင်းကို ဆန္ဒပြကန့်ကွက်ရာတွင် ပါဝင်ခဲ့သူများဟု သိရသည်။ ရာအိမ်မှူး ၆ ဦးမှာလည်း ရပ်ကွက်နေသူများကို ကူညီပေးလေ့ရှိသူများဟု ဖော်ပြထားသည်။ · မကြာမီ ရပ်ကွက်အုပ်ကြီးအသစ် ရွေးဖို့ရှိပြီး အုပ်ကြီးအလုပ် ပြန်လုပ်ချင်နေသူ ရာဇဝတ်သား ဇော်လွင် (ခ) တောက်တဲ့က ထွေအုပ်ရုံးနှင့် ပူးပေါင်း၍ ၎င်းအားဆန့်ကျင်နိုင်သူများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။ နောက်ထပ် ရာအိမ်မှူး ၄ ဦးကိုလည်း ဖမ်းဆီးဖို့ ရှိနေသည်ဟုလည်း သိရသည်။
———— ▪️စာသင်ကျောင်းအရေအတွက် လျှော့ချ
· ရန်ကုန်တိုင်း မြို့နယ်အချို့တွင် အစိုးရကျောင်းပေါင်းစည်းရေးစီမံချက်ဟုဆိုကာ အကြမ်းဖက်စစ်တပ်အဖွဲ့က စာသင်ကျောင်းအရေအတွက် လျှော့ချနေကြောင်း BBC မှ သိရှိရသည်။ လှိုင်၊ ကြည့်မြင်တိုင်၊ အလုံ စသည့်မြို့နယ်များရှိ အထက်တန်းကျောင်းအချို့ကို အလယ်တန်းအဆင့်၊ အလယ်တန်းကျောင်းတချို့ကို မူလတန်းအဆင့် စသဖြင့် လျှော့ချနေခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားဦးရေ နည်းလာပြီး ဆရာ/ဆရာမ ဦးရေများနေသောကြောင့်ဟု ဆိုသည်။
———— ▪️လေဆိပ်အဝင်တွင် ဖုန်း IMEI နံပါတ်များ စစ်မည်ဟု ဆို
· ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ပြည်တွင်းဝင်လာသူများထံမှ ဖုန်း IMEI နံပါတ်များ တောင်းယူမည်ဟု စစ်တပ်မီဒီယာများမှ သတင်းထုတ်ပြန်ထားသည်။ ၎င်းတို့၏ Central Equipment Identity Register (CEIR) စနစ်ထဲ မှတ်ပုံမတင်ထားသည့် ဖုန်းများ ပါ မပါ စစ်ခြင်းဖြစ်ပြီး ပါလာပါက Passenger Declaration Form (PD Form) ထဲ IMEI နံပါတ်ဖြည့်ခိုင်းကာ ကိုယ်ရေးအချက်အလက်အစုံဖြင့် CEIR မှတ်ပုံတင်ဖို့ လျှောက်ခိုင်းမည်ဟု ဆိုသည်။ တဦးကို တနှစ်လျှင် ၂ ကြိမ်သာ လျှောက်ခွင့်ပေးမည်ဟုလည်း ဖော်ပြထားသည်။
———— ▪️Mytel က ဘောလုံးကွင်းထဲ ကမ္ဘာ့ဖလားပွဲပြ
· အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင် Mytel ကုမ္ပဏီမှ သုဝဏ္ဏဘောလုံးကွင်းထဲ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများမှစပြီး Projector ဖြင့် ကွင်းဝင်ကြေးအခမဲ့ဖြင့် ပြသနေသည်ဟု ကြေညာထားကြောင်း သိရသည်။ · အဆိုတော်များ၊ DJ အဖွဲ့များ ခေါ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း လုပ်ထားသည်ဟု ဆိုသည်။ · စည်ပင်၊ လူကယ်ပြန်၊ အားကစား စသည့် ဌာနဆိုင်ရာဝန်ထမ်းများကို မဖြစ်မနေ လာကြည့်ခိုင်းထားကြောင်းလည်း သိရသည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ရန်ကင်း၊ စမ်းချောင်းနှင့် သာကေတမြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
20 Jul 2026 #RangoonScoutNetwork #YGN_weekly

Repost from CJ Platform
ဇူလိုင် ၂၂နဲ့ ၂၃မှာ မိုးအရှိန် အမြင့်ဆုံး ရောက်မယ် CJ Platform ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။ပထမဆုံး အထူးသတိပေးလိုတာက မိုးအရှိန်အမြင့်ဆုံးကာလနဲ့ ရေကြီးရေလျှံမှု သတိပေးချက်ပါ။ အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ထားချက်နဲ့ မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရှိချက်အရ... လာမယ့် ဇူလိုင်လ (၂၂) ရက်နဲ့ (၂၃) ရက်နေ့တွေမှာ မြန်မာနိုင်ငံအတွင်း မိုးအရှိန်အမြင့်ဆုံးကာလ ဖြစ်လာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ မိုးကြီးရေလျှံမှု ဘေးအန္တရာယ်များကို အထူးသတိပြုဖို့ လိုအပ်နေပါတယ်။ #CJPlatform #ရေကြီးရေလျှံသတိပေးချက် #တောင်ကျရေသတိပေးချက် #မြေပြိုအန္တရာယ် #မိုးတိမ်တောင်သတိပေးချက် Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/3_RzJLLBnxk

ဗိုလ်တထောင် * စခ Foton ၁ စီး၊ နောက်ခန်း ရေခွေး ၂ ကောင်ပါ ကမ်းနားလမ်းအတိုင်း လင်းစတောင်းဘက်ကလာ ဗိုလ်အောင်ကျော်လမ်းပွိုင့် ပွိုင့်မိနေခဲ့ * 10:10 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

⚠️ ဗိုလ်တထောင် * ဗိုလ်ချုပ်လမ်းမပေါ် ချမ်းမြေ့ဈေးဘေးက ခွေးတွေတပ်စွဲထားတဲ့ အဆောက်အဦးရှေ့ စခ Faw ခေါင်းတို ၁ စီး၊ အဆောက်အဦးထဲ စခ DC ၁ စီး ရပ်ထားပြီး စခ ၅ ကောင် အောက်ဆင်း စောင့်နေခဲ့ * 5:04 PM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် - ပုဇွန်တောင် - မင်္ဂလာတောင်ညွန့် * စခ DC ၂ စီး သိမ်ဖြူလမ်းအတိုင်း ဝန်ကြီးများရုံးဘက်ကနေ အနော်ရထာလမ်းပွိုင့်ဖြတ် ဗိုလ်ချုပ်လမ်းပွိုင့်ကနေ စတော့ပ်ဂိတ်ဂုံးပေါ်တက်သွားခဲ့ * 5:52 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

⚠️ကျောက်တံတား - ဗိုလ်တထောင်၊ ခွေးလမ်းကြောင်း * ဘဲဥ ဆိုင်ကယ် မီးတန်း ၁ စီး Alphard ၁ စီး ဗိုလ်ချုပ်လမ်းအတိုင်း ဆူးလေဘုရားလမ်းပွိုင့် ဆာကူရာတာဝါဘက်ကနေ ပန်းဆိုးတန်းလမ်းပွိုင့်ဖြတ် ဗိုလ်အောင်ကျော်လမ်းဘက်ကွေ့သွားခဲ့ * 4:49 PM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
▪️အာဇာနည်နေ့အခမ်းအနား စစ်တပ်ထိပ်သီးပိုင်း လူစုံနီးပါးပွဲတက်၊ ဖုန်းလိုင်းများလည်း ဖြတ်တောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမ္မာန်၌ အာဇာနည်နေ့အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းနှင့်အတူ ကာချုပ်သစ် ရဲဝင်းဦးနှင့် လွှတ်တော်ဥက္ကဋ္ဌနေရာများ ယူထားသည့် ခင်ရီ၊ အောင်လင်းဒွေးတို့လည်း ပွဲတက်ခဲ့သည်။ မနက်ပိုင်း ၎င်းတို့မလာခင်နှင့် ၎င်းတို့ဗိမ္မာန်ထဲရှိနေကြစဉ် ဗဟန်းမြို့နယ်နှင့် အနီးတဝိုက်မြို့နယ်များ၌ Mytel ဖုန်းလိုင်းမှ လွဲ၍ ကျန်သည့်ဖုန်းအော်ပရိတ်တာလိုင်းများကို ဖြတ်တောက်ထားခဲ့ကြောင်းလည်း သိရသည်။ 19 Jul 2026 #RangoonScoutNetwork

⚠️ ဗိုလ်တထောင်၊ ချမ်းမြေ့ဈေး * စခ faw ၁ စီး စခ DC ၃ စီး အင်းအား ၄၀ ခန့် ဗိုလ်ချုပ်လမ်းပေါ် ချမ်းမြေ့စျေးနားရှိနေ * 1:35 PM သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * ခွေးဘဲဥ ၁ ကောင် ဗိုလ်ချုပ်လမ်း နဲ့ ဗိုလ်မြတ်ထွန်းလားမှာ ထပ်တိုးရောက်လာခဲ့ * 11:12 AM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * - မဟာဗန္ဓုလဘလောက် ဗိုလ်တထောင်ဘုရားလမ်းပွိုင့်မှာ ခွေးဘဲဥ ၁ ကောင် ရှိ - မဟာဗန္ဓုလလမ်း နဲ့ ဗိုလ်မြတ်ထွန်းပွိုင့်မှာ ခွေးဘဲဥ ၂ ကောင် - ဗိုလ်မြတ်ထွန်းလမ်း နဲ့ ဗိုလ်ချုပ်ပွိုင့်မှာ ခွေးဘဲဥ ၁ ကောင် အသီးသီး ရှိနေ * 11:06 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

အလေးပြုပါတယ် ■မေလှမြိုင် #4C_TruthNews