en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
Repost from N/a
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနဲ့ တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားကြသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါတယ် 🫡🫡🫡
+8
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနဲ့ တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားကြသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါတယ် 🫡🫡🫡
Crd to KST Studio #အာဇာနည်နေ့ #အာဇာနည်တိုင်းသမိုင်းမသေ #ဇူလိုင်၁၉ #FreedomSpirit #SpringRevolution#အာဇာနည်တိုင်းသမိုင်းမသေ #July19Movement #MartyrsDayMyanmar #yangon4brothers #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #owlcommunity #MayangoneDemocraticFront_MDF

Repost from RSN WEB

Repost from RSN WEB
▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေသည်။ မနက်ပိုင်းတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ လိုက်ကြည့်ပြီး နေ့လည်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ အမှတ် ၁ ရေနံချက်စက်ရုံထဲ ဝင်ကြည့်သွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။ စစ်တပ် ကာချုပ်အသစ် ရဲဝင်းဦးလည်းပါသည်။ မနက်ဖြန် အာဇာနည်နေ့ မနက်တွင် အာဇာနည်ဗိမ္မာန်သို့ ဝင်ကြမည့်ပုံရသည်။ 18 Jul 2026 #RangoonScoutNetwork

Repost from AAMIJ
အာဇာနည်နေ့တွင် ဟွန်းတီးပါက ဖမ်းဆီးမည်ဟု စစ်တပ် ခြိမ်းခြောက်၊ တပ်မိသားစုဝင်များကိုပါ အနက်ရောင်မဝတ်ရန် တားမြစ်ထား AAMIJ/ ဇူလိုင
အာဇာနည်နေ့တွင် ဟွန်းတီးပါက ဖမ်းဆီးမည်ဟု စစ်တပ် ခြိမ်းခြောက်၊ တပ်မိသားစုဝင်များကိုပါ အနက်ရောင်မဝတ်ရန် တားမြစ်ထား AAMIJ/ ဇူလိုင် ၁၈ မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကားဟွန်းတီးပါက အရေးယူဖမ်းဆီးမယ်လို့ စစ်တပ်က အငှားယာဉ် (Taxi) များကို ဖိအားပေး ခြိမ်းခြောက်မှုများ ရှိတဲ့အပြင် တပ်မိသားစုဝင်များကိုလည်း အနက်ရောင်ဝတ်ဆင်ခြင်းမပြုဖို့ ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရပါတယ်။ ဆက်လက်ဖတ်ရှုရန် - https://www.facebook.com/share/p/1PiCeRkJfz/?mibextid=wwXIfr

Repost from MPANews
လှိုင်တွင် အုပ်ကြီး လက်ပါးစေ ဆိုက်ကားသမားများလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲ 18 July 2026 By Ko Myo/ MPA ရန်ကုန်မြို့၊လှိုင်မြ
လှိုင်တွင် အုပ်ကြီး လက်ပါးစေ ဆိုက်ကားသမားများလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲ 18 July 2026 By Ko Myo/ MPA ရန်ကုန်မြို့၊လှိုင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး လက်ပါးစေ ဆိုက်ကားသမားများသည်လည်း စစ်မှု ထမ်းအတွက် ပေါ်တာဆွဲပေးနေကြောင်း သိရသည်။ လတ်တလောရရှိထားသော သတင်းအရ လှိုင်မြို့နယ်၊၁ရပ်ကွက်၊၄ရပ်ကွက်၊၇ရပ်ကွက်၊၁၆ ရပ်ကွက်နဲ့ ၁၃ရပ်ကွက် အတွင်းရှိ အုပ်ချုပ်ရေးမှူး လက်‌ပါးစေ ဆိုက်ကားသမားများက ညဘက် ဆိုက်ကားစီးသည့် လူငယ် များအား ပေါ်တာဆွဲနေကြောင်း လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူထံက သိရသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/11192/

ဗိုလ်တထောင် * စခ Foton ကားအသစ် နောက်ခန်း စခ ၁ ကောင်နဲ့ ဆီပေပါတွေပါ၊ အလုံပိတ်ထား ဗိုလ်တထောင်ဈေးလမ်းကနေ မြို့ထဲဘက် ရှေ့ရှုသွားခဲ့ * 5:45 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

⚠️ ဗိုလ်တထောင် * အိမ်စီးကား SC ၁ စီး၊ နောက်ခန်းရခတွေပါ၊ခေါင်းမီးလောင်ထား အန်စာတုံးပုံစံ အဖြူ ၁ စီး လင်းစတောင်ဘက်ကလာ ကမ်းနားလမ်းအတိုင်း မြို့ထဲဘက် ရှေ့ရှုသွား * 5:23 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB

ဗိုလ်တထောင် * ရခမီးတန်း ၁ စီး * ဗိုလ်အောင်ကျော်လမ်းကနေ ဗန္ဓုလဘက်အကွေ့ မဟာဗန္ဓုလလမ်းပေါ်အသင့်အနေအထားဖြင့်ရပ်ထား * 9:33 AM #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင်၊ ဝန်ကြီးများရုံး * စ​ခ​ ၂၊ ရခ​ ၁၀ ကောင် * ဝန်ကြီးများရုံး ဗိုလ်အောင်ကျော်လမ်းဘက်က ဝင်ပေါက်မှာ စခ ၂ ကောင်ရှိ အတွင်းဘက် ရခ ၈ ကောင်ခန့်ရှိ သဲအိတ်ဘန်ကာတွေထဲ ရခ ၂ ကောင်စီရှိ * 9:32 AM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * ဘဲဥဆိုင်ကယ် ၁ စီး၊ ဘဲဥ ၂ ကောင် * ဗိုလ်မြတ်ထွန်းလမ်းပေါ် ဗိုလ်ချုပ်လမ်းထောင့်မှာ ဝေါ်ကီတော်ကီကိုင်စောင့်နေ * 10:19 AM သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင် * ရခ saloon ၁ စီး (112/ 9K-7302) ရခ ၆ ကောင် * မဟာဗန္ဓုလလမ်းပေါ် ဗိုလ်အောင်ကျော်လမ်းထောင့် အကျော် ဝန်ကြီးများရုံးဘက်အခြမ်းရပ်ထား၊ ပွိုင့်ထောင့် ကင်းတဲထဲ ရခ ၃ ကောင် မဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့် ကင်းတဲထဲ ရခ ၃ ကင်းရှိ * 10:11 AM သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား * ထွေအုပ်ဝန်ထမ်း အစိမ်းယူနီဖောင်း ၃ ကောင် * မဟာဗန္ဓုလလမ်းပေါ် ကျောက်တံတား​ ထွေအုပ်ရုံးရှေ့ရပ်ပြီး စကားပြောနေ * 10:13 AM သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား စခ SC ၁ စီး၊ ခေါင်မီးလောင်ပြီး ပန်းဆိုးတန်းဂုံးတံတားအောက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်းလာကာ အိုးအိမ်ရှေ့ ရပ်လိုက် – RSG 9:31 AM (Delayed) 📬 @Inform_RSN

ဗိုလ်တထောင် * ဘဲဥ ၂ ကောင် * အနော်ရထာလမ်းပေါ် ၄၈ လမ်းထိပ်မှာရှိနေ * 7:00 AM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

ကျောက်တံတား ကမ်းနားလမ်း ၃၈ လမ်း ခွေးဘဲဥ ၁ ကောင်ရှိ ဆူးလေနဲ့ ကုန်သည်ဘလောက် ခွေးဘဲဥ ၂ ကောင်ရှိ – RSG 8:20 AM 📬 @Inform_RSN

⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ MarkII 67 ၁ စီးနဲ့ ခွေးဘဲဥ ၃ ကောင် အစာကောက် – RSG 8:37 AM 📬 @Inform_RSN

Repost from MMWeather
အိန္ဒိယမိုးလေဝသဌာန (IMD) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (အိန္ဒိယစံတော်ချိန် ၁၃:၀၀ နာရီ) တွင် တရားဝင်ထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက် (Press Release) အရ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မိုးလေဝသစနစ်၊ အနောက်တောင်မုတ်သုံလေနှင့် မြန်မာနိုင်ငံကမ်းရိုးတန်းအပေါ် သက်ရောက်နိုင်မှု အခြေအနေများကို ကောက်နှုတ်၍တင်ပြလိုက်ပါသည် -   ၁။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မိုးလေဝသစနစ် ဆန်းစစ်ချက် 📌 အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-marked Low Pressure Area): ဇူလိုင် ၁၆ ရက် အိန္ဒိယစံတော်ချိန် နံနက် ၀၈:၃၀ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ကပ်လျက် ဩရိဿမြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် "အားကောင်းသော လေဖိအားနည်းရပ်ဝန်း" (Well-marked Low-pressure Area) အဖြစ်သို့ အရှိန်အဟုန်မြှင့် ရောက်ရှိနေပါသည်။ 📌 စနစ်၏ ရွေ့လျားမည့်လမ်းကြောင်း: အဆိုပါ စနစ်သည် လာမည့် ၂ ရက်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ ဩရိဿမြောက်ပိုင်းနှင့် ဂင်္ဂါမြစ်ဝှမ်းအနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်။ 📌 မုတ်သုံမြောင်တန်း (Monsoon Trough): မုတ်သုံမြောင်တန်း၏ အရှေ့ဘက်စွန်း (Eastern end) သည် ၎င်း၏ပုံမှန်အနေအထားအတိုင်း အားကောင်းစွာ တည်ရှိနေပြီး၊ အနောက်မြောက်ဘင်္ဂလားပင်လယ်အော်မှသည် အာရေဗျပင်လယ်အရှေ့အလယ်ပိုင်းအထိ လေဖိအားနည်းရပ်ဝန်းနှင့် ဆက်စပ်နေသော လေစီးကြောင်းစနစ် (Trough) တစ်ခု ဖြတ်သန်းလျက်ရှိသည်။   ၂။ အနောက်တောင်မုတ်သုံလေ အခြေအနေ (Monsoon Activity) 📌 မုတ်သုံလေ အရှိန်အဟုန် အားကောင်းနေခြင်း: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း တည်ရှိနေခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်တစ်ခွင်လုံးနှင့် ကပ္ပလီပင်လယ်ပြင် (Andaman Sea) တို့တွင် မုတ်သုံလေသည် အရှိန်အဟုန်ပြင်းစွာ တိုးဝင်စီးဆင်းနေဆဲ (Active Monsoon Surge) ဖြစ်ပါသည်။ 📌 အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ (အာသံ၊ မီဇိုရမ်၊ တြိပူရ၊ နာဂလန်း စသည့် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းကပ်လျက်ဒေသများ) တွင် လာမည့် ၇ ရက်အတွင်း မိုးကျယ်ကျယ်ပြန့်ပြန့် (Widespread rainfall) ဆက်လက်ရွာသွန်းရန် ရှိနေခြင်းက မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နေသော မုတ်သုံလေစီးကြောင်းနှင့် ရေငွေ့ထု သယ်ဆောင်မှု အလွန်အားကောင်းနေကြောင်း ပြသနေပါသည်။   ၃။ မြန်မာနိုင်ငံနှင့် ကမ်းရိုးတန်းဒေသများအပေါ် သက်ရောက်နိုင်မည့် အခြေအနေ 📌 ပင်လယ်ပြင်ခရီးသည်များအတွက် သတိပေးချက် (Fishermen Warning): IMD ၏ ထုတ်ပြန်ချက်တွင် ရေလုပ်သားများအတွက် တရားဝင် သတိပေးချက် ထုတ်ပြန်ထားရာ ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဧရိယာအများစုသို့လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်မှ ၁၇ ရက်အထိ ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်းသို့လည်းကောင်း ရေယာဉ်များ လုံးဝ (လုံးဝ) မထွက်ကြရန် အထူးသတိပေး တားမြစ်ထားပါသည်။ အဆိုပါ သတိပေးတားမြစ်ချက်အရ မြန်မာ့ပင်လယ်ပြင် (အထူးသဖြင့် ရခိုင်ကမ်းလွန်နှင့် မုတ္တမကွေ့) တွင် လှိုင်းလေအလွန်ပြင်းထန်နိုင်ကြောင်း ညွှန်းဆိုနေပါသည်။ ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်း မိုးလေဝသ: 📌 ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်: အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှေ့ဘက် မုတ်သုံလေပြင်းတိုက်ရိုက်ပင့်တင်သည့် ဇုန်အတွင်း ကျရောက်နေသဖြင့် လာမည့် ၄၈ နာရီအတွင်း မိုးသက်လေပြင်းကျခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဆက်လက်ရှိနေပါမည်။ 📌 မြန်မာနိုင်ငံတောင်ပိုင်း (မြစ်ဝကျွန်းပေါ်၊ မွန်၊ ကရင်၊ တနင်္သာရီ): ကပ္ပလီပင်လယ်ပြင် လှိုင်းလေထန်မှုနှင့်အတူ ကုန်းတွင်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 📌 အရှေ့မြောက်ဘက် နယ်စပ်ဒေသများ (စစ်ကိုင်းအထက်ပိုင်း၊ ကချင်): အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမည့် အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ကုန်းတွင်းဒေသများတွင်လည်း မိုးရေချိန်ရွာသွန်းရရှိနိုင်မှု မြင့်တက်လာနိုင်ပါသည်။   ⚠️ နိဂုံးချုပ် သုံးသပ်ချက် - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းသည် "Well-marked LPA" အဆင့်အထိ အားကောင်းလာပြီး အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သော်လည်း ၎င်း၏ နောက်ဆက်တွဲ မုတ်သုံလေပြင်း တိုက်ခတ်နေသည့်အားကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းလေအလွန်ထန်နေဦးမည် ဖြစ်ပါသည်။ ကုန်းတွင်းပိုင်း အထူးသဖြင့် ကမ်းရိုးတန်းဒေသများနှင့် နယ်စပ်အနီးရှိ တောင်တန်းဒေသများတွင် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပင်လယ်ပြင်လှိုင်းလေဘေးအန္တရာယ်များကို ဆက်လက် သတိပြုရန် လိုအပ်ပါကြောင်း ဆန်းစစ်၍ ကောက်နှုတ်တင်ပြအပ်ပါသည်။

Repost from MMWeather
ဇူလိုင်လ ၁၅ ရက် (မြန်မာစံတော်ချိန် ညနေ ၃ နာရီ) ထွက်ရှိလာသော ECMWF, GFS, ICON မော်ဒယ်များ၏ 850hPa လေစီးကြောင်းနှင့် မိုးရေချိန်ပြမြေပုံများ၊ အိန္ဒိယမိုးလေဝသဌာန (IMD) ၏ ယနေ့ညနေပိုင်းတရားဝင်ထုတ်ပြန်ချက် (15JUL Update) တို့ကို ချိတ်ဆက်ညှိနှိုင်း၍ ဆန်းစစ်သုံးသပ်ချက်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည် - ၁။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း လေဖိအားနည်းရပ်ဝန်း (LPA) ဖြစ်ပေါ်မှုနှင့် အလားအလာ 📌 လေဖိအားနည်းရပ်ဝန်း (Low Pressure Area) စတင်ဖြစ်ပေါ်ခြင်း - IMD ၏ ယနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အထက်လေပွေလှိုင်း (UACC) ၏ အရှိန်ကြောင့် ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ (0000 UTC) တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်တို့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု စတင်ဖြစ်ပေါ်ကြောင်း ထုတ်ပြန်အတည်ပြုလိုက်ပြီဖြစ်ပါသည်။ 📌 ရွေ့လျားမှုနှင့် အားကောင်းလာနိုင်ခြေ - ဤလေဖိအားနည်းရပ်ဝန်းနှင့်ဆက်စပ်သော လေဝဲစနစ်သည် ပင်လယ်ရေပြင်အထက် ၇.၆ ကီလိုမီတာ အမြင့်အထိ ဖြစ်တည်နေပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဆင့်သို့ ကူးပြောင်း၍ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ ဩရိဿမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းကို နောက်လာမည့် ၄၈ နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်သွားနိုင်မည် ဖြစ်ကြောင်း Model ကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါသည်။ 📌 မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေ - အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ လာမည့် ၁၆၈ နာရီ (၇ ရက်) အတွင်း မုန်တိုင်းငယ် (Depression) ဖြစ်လာနိုင်ခြေမှာမူ "NIL" (ဝ ရာခိုင်နှုန်း) သာရှိကြောင်း ဆက်လက်သတ်မှတ်ထားသဖြင့် မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အန္တရာယ်အတွက် စိုးရိမ်စရာမရှိပါ။ ၂။ ပင်လယ်ပြင်များမှ အနောက်တောင်မုတ်သုံလေအခြေအနေ 📌 မုတ်သုံလေ ပိုမိုပြင်းထန်လာခြင်း (Strong Monsoon Surge) - ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက် ကြိုတင်ခန့်မှန်းပုံများ (ECMWF, GFS, ICON) ၏ 850hPa လေတိုက်နှုန်းပြမြေပုံများအရ ခရမ်းရောင်သန်းနေသော အားအလွန်ကောင်းသည့် မုတ်သုံလေစီးကြောင်း(Monsoon Surge) သည် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများဆီသို့ လေတိုက်နှုန်း ၃၅ မိုင်မှ ၄၅ မိုင် (35-45 knots) ဝန်းကျင်အထိရှိနေပြီး အရှိန်အဟုန်ပြင်းစွာ ဆက်လက်တိုးဝင်နေပါသည်။ 📌 လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက် (အိန္ဒိယဘက်) သို့ ဆက်လက်ရွေ့လျားပြီး ရွေ့လျားရာလမ်းကြောင်း၏အရှေ့ဘက်(ညာဘက်ခြမ်း)မှ “မုတ်သုံလေပင့်တင်မှုဇုန်”တည့်တည့်တွင် မြန်မာနိုင်ငံရှိနေသဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှ ရေငွေ့များကို အဆက်မပြတ်ဆွဲတင်ပေးနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ၃။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေနှင့် မိုးရေချိန်သုံးသပ်ချက် 📌 IMD ၏ ဂြိုဟ်တုပုံခွဲခြမ်းစိတ်ဖြာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း (Arakan Coast) ၊ မုတ္တမကွေ့ (Gulf of Martaban) နှင့် တနင်္သာရီကမ်းရိုးတန်း (Tenasserim Coast) တို့တွင် အလွန်ပြင်းထန်သော မိုးတိမ်တောင်များ (Intense to Very Intense Convection) ကောင်းစွာဖြစ်ထွန်းနေဆဲဖြစ်သဖြင့် - 💦 ရခိုင်ကမ်းရိုးတန်း (မြောက်ပိုင်းနှင့် အလယ်ပိုင်း) - ဇူလိုင် ၁၆ ရက်အတွက် ECMWF နှင့် ICON မော်ဒယ်များ၏ ၂၄ နာရီအတွင်း မိုးရေချိန်စုစုပေါင်းပြပုံ (Rain Accumulation Chart) အရ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် လိမ္မော်ရောင်/အနီရောင်သန်းနေသော မိုးရေချိန်မြင့်မားမည့်ဇုန် (နေရာကွက်၍ ၃ လက်မမှ ၅ လက်မအထက်) ကို ပြသနေသည်။ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်း အိန္ဒ်ယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းကိုဖြတ်ကျော်၍ ကုန်းတွင်းသို့မဝင်မချင်း ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းကျခြင်းနှင့် မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်နေမည်။ 💦 မြန်မာနိုင်ငံအထက်ပိုင်းနှင့် ကုန်းတွင်းပိုင်း (စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရှမ်း) - မော်ဒယ် ၃ ခုလုံး၏ ဇူလိုင် ၁၆ ရက် 850hPa မြေပုံများတွင် လေစီးကြောင်းသည် ရခိုင်ကုန်းတွင်းပိုင်းမှတစ်ဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ဆီသို့ တည့်တည့်ပင့်တင်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ၎င်းဒေသများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကျယ်ကျယ်ပြန့်ပြန့်ရွာသွန်းပြီး ကုန်းတွင်းပိုင်း၌လည်း နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ⚠️ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် - မုတ္တမကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းပေါ်ရှိ တိမ်တောင်များကြောင့် ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပြီး ပင်လယ်ပြင်၌ လှိုင်းကြီး၊ လေပြင်းတိုက်ခတ်ခြင်းများ ရှိနေဦးမည်ဖြစ်သည်။ အကြံပြုချက် (Advisory) ⚠️ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေပြီး အိန္ဒိယဘက်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် လာမည့် ၄၈ နာရီအတွင်း မုတ်သုံလေအရှိန် အပြင်းဆုံးအဆင့်တွင် ရှိနေနိုင်ပါသည်။ ⚠️ထို့ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း တို့တွင် ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် သာမန်ထက် ပိုမိုများပြားလာနိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်း (Flash Flood) နှင့် မြစ်ရေမြင့်တက်လာနိုင်ခြင်း/တောင်ကျချောင်းရေကျဆင်းခြင်းနှင့် တောင်ပြို-မြေပြိုဘေးအန္တရာယ်များကို အထူးသတိပြုရန် လိုအပ်ပါသည်။

ဗိုလ်တထောင်၊ ဝန်ကြီးများရုံး * အနော်ရထာလမ်းဘက်အခြမ်း ဝန်ကြီးများရုံးက သဲအိတ်ဘန်ကာ ၃ ခုမှာ စခ ၂ ကောင်စီရှိ * 3:08 PM (Delayed) #RSG သတင်းပေးပို့ရန် @Bo1000_Informer