cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Hlaing Info

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.net

Show more
Advertising posts
67 575
Subscribers
+824 hours
+867 days
+1 82830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မနက်ဖြန် ဘတ် ၆ သန်း ထိုင်းထီထွက်ရက်ဖြစ်ပါတယ်ရှင့်။ ပြည်သူ့အောင်နိုင်ရေး ရံပုံငွေတော်လှန်ရေး ထိုင်းထီလက်ကျန်များကို ဝယ်ယူအားပေးကြပါဦးရှင့် ... ထီကြိုမှာယူထားသူများ ထီယူဖြစ်/မယူဖြစ်ကို သက်ဆိုင်ရာ Admin များသို့ဆက်သွယ်ပေးကြပါဦးရှင့် 🙏🙏🙏 ပြည်သူ့အောင်နိုင်ရေး ရံပုံငွေ တော်လှန်ထီ လက်ကျန်နံပါတ်များ - ⬇️⬇️ 💚 ထိုင်းထီ တစောင် 11,000 ကျပ် 💚 928409 904017 928318 955134 627239 680458 459163 984565 011867 902073 073873 098474 895280 049080 622001 911802 080503 955707 926108 840910 722111 837213 624314 490715 715017 528818 382819 562320 802822 932223 465224 760126 539528 482629 776430 703732 662033 780935 560636 945837 683938 161239 ဆက်သွယ်ရန်အကောင့်များ - ⤵️ - https://t.me/pyithuaungpwel - https://t.me/infoAthlaing #ThaiLottery #HlaingInfo
Show all...
ရွှေဘိုမြို့အဝင်ဂိတ်များတွင် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေ   မေလ ၁၅ ရက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ မေလပိုင်းမှ စတင်ကာ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က  ကုန်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာကာ ကျေးရွာများ၌ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သိရသည်။ အဆက် - ⤵️⤵️
Show all...
🥰 5👎 2🔥 2🤬 2😁 1
ကရင်နီပြည်နယ် ဒီမောဆိုဘက်ခြမ်းရှိ ရွှေလင်းယုန်စစ်ဘေးရှောင်စခန်းကို စားနပ်ရိက္ခာနှင့် သောက်သုံးရေများ လှူဒါန်း မေလ ၁၅ ရက် ကရင်နီပြည်နယ် ဒီမောဆိုဘက်ခြမ်းရှိ ရွှေလင်းယုန်စစ်ဘေးရှောင်စခန်းအတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေများကို စစ်ရှောင်ကော်မတီက အလှူရှင်များဖြစ်သည့် ယော်ယော်နှင့်ပြည်ပရောက်သူငယ်ချင်းများကိုယ်စားသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။ #KTM #HlaingInfo
Show all...
8🔥 2
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့ မေလ ၁၅ ရက် နေပြည်တော် အကျဉ်းထောင်၌ နှစ်ရှည် ထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ အဆိုပါ နေရာသည် စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် တရားရင်ဆိုင်စဉ် ထိန်းသိန်းထားခဲ့သော နေရာ ဖြစ်ကြောင်း၊ စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် လုံခြုံရေးချထားပြီး စစ်ဖက်ရေးရာလုံခြုရေး (စရဖ) အရာရှိတဦးက ကြီးကြပ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ပျဉ်းမနားမြို့နယ် သဲဖြူကျေးရွာ၌ တည်ရှိပြီး စကခ ၆ တပ်မမှူးမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ကိုပါ ပူးတွဲ တာဝန်ယူရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အကျဉ်းထောင်အတွင်း ရှိနေစဉ် အစားအသောက်များ မှာ ယူပါက သူတဦးတည်းအတွက်သာမက သူနှင့်အတူနေထိုင်ရသောသူများအတွက် မှာယူလေ့ရှိသော်လည်း ပြီးခဲ့သည့်သောကြာနေ့မှစ၍ ပစ္စည်းမှာယူရာတွင် ယခင်ကကဲ့သို့ အများစာမှာ ယူခြင်းမရှိဘဲ တဦးတယောက်စာအတွက်သာ မှာယူလာကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတဦးက ပြောသည်။ ၎င်းက” ဥပမာ သင်္ကြန်တုန်းက ရွှေရင်အေးမှာတယ်ဆို ၆ ယောက်စာလောက် မှာတယ်။ ကွက်ကီး( မုန့်) မှာတယ်ဆိုရင်လည်း တခြားလူတွေကို ကြွေးဖို့အတွက်ပါ ပိုမှာတယ်” ဟု ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က နေထိုင်သည့်အိမ်တွင်သာ ထားရှိခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်မှစ၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းရှိ ဒုတိုင်းမှူးနေအိမ်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ကာ ထိုအိမ်မှနေ၍ တရားရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အမှု ၁၉ မှုဖြင့်စွပ်စွဲ၍ ထောင် ၃၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ပြောင်းရွှေ့ခဲ့ကာ အချုပ်ထောင်အတွင်းရှိ သီးသန့်အခန်း၌ ချုပ်နှောင်ထားခဲ့သည်။ “ဒီတခါ အသုံးအဆောင်တွေပါ ရွှေ့ပေးလိုက်တော့ ထောင်ထဲကို ပြန်မပို့တော့ဘူးလို့ နားလည်ရတယ်” ဟု လေ့လာစောင့်ကြည့်သူတဦးက ဆိုသည်။ You may also like these stories: Credit ✍️ ရဲဇော် #HlaingInfo
Show all...
👍 47😁 4 2🔥 2👏 1
ကြေးနီစီမံကိန်း ပြန်လည်ပတ်ရန်ပြင်ဆင်မှု သပိတ်အင်အားစုများ ကန့်ကွက် မေလ ၁၅ ရက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီ သတ္တုတွင်းစီမံကိန်းများ ပြန်လည်ပတ်ရန် ပြင်ဆင်နေခြင်းအား ကန့်ကွက်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် သပိတ်အင်အားစုများက မေ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ၊ ကလေး၊ မုံရွာ၊ မြောင်၊ တန့်ဆည်၊ ချောင်းဦး၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော်၊ ရေဦးနှင့် ကန့်ဘလူ စသည့် မြို့နယ် ၁၄ မြို့နယ်မှ လူထုသပိတ်အဖွဲ့ ၅၃ ဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီသတ္တုတွင်း စီမံကိန်းများကို စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် ရပ်နားထားနိုင်ခဲ့ကြောင်း၊ ယခုအခါ ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ကုမ္ပဏီက စစ်စခန်းသဖွယ် နေရာပေးပြီး တရုတ်နှင့်စစ်တပ် အကျိုးစီးပွားအတွက် ပြန်လည်ပတ်ရန် ကြိုးစားနေကြောင်း သပိတ်အင်အားစုများက ဆိုထားသည်။ ယင်းအခြေအနေအား ဒေသခံပြည်သူလူထုသည် လုံးဝ လက်ခံငြိမ်သက်နေမည် မဟုတ်သလို တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေသော စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေမှုအား ချက်ချင်းရပ်တန့်ပြီး ပြည်သူလူထုအသံကို အလေးအနက်ထားရန် သပိတ်အင်အားစုများက တိုက်တွန်းထားသည်။ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီသတ္တုတွင်း စီမံကိန်းများကြောင့် ဒေသခံပြည်သူများမှာ စစ်တပ်၏ သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးခံရမှုနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာလရှည်ခံစားနေရသလို စစ်ကောင်စီက တရုတ်စီမံကိန်းများ လည်ပတ်နိုင်ရန် လုံခြုံရေးအကြောင်းပြ၍ မုံရွာ-ပုသိမ်လမ်းပိုင်းအား ဧပြီ ၂၃ ရက်မှ ယနေ့အထိ နေရာယူထား၍ ပြည်သူများ တိမ်းရှောင်နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️
Show all...
👍 26 8😁 2
အနောက်တောင်တိုင်းစစ်ဌာနချုပ် အောက်ခြေစစ်သည်များအနေဖြင့် မိသားစုများကိုကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားသင့်ပြီ စစ်ဌာနချုပ် အကြီးပိုင်းများနှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီး၊တိုင်းမှူး၊တိုင်းဦးစီးချုပ်၊လုံနယ်၊တပ်နယ်မှူး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ တိုင်းအစိုးရအတွင်း‌ရေးမှူး၊ညွှန်မှူး စသဖြင့် တာဝန်ရှိသူများ Viber Group chat ကနေစကားပြောလေ့ရှိတယ်။ အနောက်နယ်စပ်ပိုင်းကို တာဝန်ယူကွပ်ကဲဖို့ ဗိုလ်မှူးချုပ်ဇေယျာမင်း ကိုတာဝန်ပေးမယ်လို့ကြားတယ် ၎င်းသည် ပဲခူးကနေ လက်ရှိ မုံရွာမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရတယ်။မေ(12)နေ့ညက ရခိုင်ကဆင်းတဲ့စစ်ကား(13)စီးက သံတွဲနဲ့စစ်တွေ မြို့ကကားတွေဖြစ်ပြီး ရန်ကုန်ကို စခအင်အားဖြည့်လာ‌‌ရောက်ခေါ်ဆောင်ကာ မေ(17)ရက်နေ့ ရခိုင်ပြန်တက်မည်ဟု သိရတယ်။မေ(12 )ရက်နေ့ မနက်ပိုင်း ငပလီ ခလရ (55)ကို ဇက်ရေယာဉ်နဲ့ စခအင်အား(100‌ )ကျော်ထပ် ဖြည့်ထားတယ်။ မေ(13)ရက် စခ Faw ကား(2)စီး အင်အားအပြည့် ဧရာမှရခိုင်ကို တက်သွားတယ်။ အနောက်နယ်စပ်ကိုကာကွယ်ဖို့ ဖာတန်းမီးလောင်နေပြီး တပ်မတော်ကျရှုံးနေပြီဆိုတာ အောက်ခြေစစ်သည်တွေက လက်ခံသင့်နေပြီ တိုင်းတပါးရဲ့ကျူးကျော်စစ်မဟုတ်ဘူး ဒါကြောင့် တိုင်းပြည်ကာကွယ်ဖို့ အောက်ခြေစစ်သည်တွေမှာ တာဝန်မရှိဘူး စစ်အာဏာရှင်လူတစ်စုကြောင့် ပြည်သူနှင့်စစ်တပ်အကြား လက်နက်ကိုင် ပဋိပက္ခသာဖြစ်တယ်။ ဒါ့ကြောင့် တပ်မတော်နှင့်တိုင်းပြည်ကာကွယ်ဖို့ မိမိတို့အသက်ပေးဆပ်ဖို့ မလိုအပ်ဘူး မိသားစုကိုကာကွယ်ပါ ပြင်ဆင်ပါနောက်မကျသေးဘူး အနောက်တံခါးပွင့်လာတဲ့အခါ ခုခံတိုက်ခိုက်ဖို့ မကြိုးစားပါနဲ့ အသေသာရှိမယ်။ လက်နက်ချပြီး ပြည်သူဘက်ရပ်တည်ဖို့သာ ပြင်ဆင်ထားသင့်ကြောင်း အသိပေး သတိပေးအပ်တယ်။ Credit ✍️ စစ်ရန်ရှင်း #HlaingInfo
Show all...
👍 47😁 11 4
ရွှေတိဂုံ တန်ဆောင်းတွင် ရွှေနှင့်ငွေပေါင်းထားသော နဂါး အုပ်မိုးထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင်သန်လျက် အပါအဝင် ထူးဆန်းသော ယတြာများ စစ်ကောင်စီက ပြုလုပ်ခဲ့၊ ဆယ်တော်မူဘုရားတွင်လည်း ဂါထာရွတ်ပွဲများ လုပ်ဆောင်ခဲ့ မတ်လ ၁၅ ရက် အကြမ်းဖက်စစ်ကောင်စီက ရွှေတိဂုံစေတီတော်အတွင်းရှိ ဘုရားတန်ဆောင်းတစ်ခုတွင် အမည်းရောင် ဘုရား၊ အမည်းရောင် သန်လျက်ကို အုပ်မိုးထားသော ရွှေနှင့်ငွေနဂါးရုံ ဘုရားကို ပြုလုပ်ပြီး ထူးဆန်းသော ယတြာချေမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ယတြာကို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၃ ရက်နေ့တွင်ပင် ရွှေတိဂုံစေတီရှိ ဆယ်တော်မူဘုရား အပါအဝင် တစ်နိုင်ငံလုံး တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားဂါထာများ ရွတ်ဆိုရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီက နဂါးရုံဘုရားတည်ထားမှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိရာ ရွှေတိဂုံစေတီတော်တွင် ယတြာချေသည့် ရွှေနှင့်ငွေနဂါးရုံထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင် သန်လျက်တို့မှာ လက်ရှိ စစ်တပ် ကျဆုံးနေသည့် နိုင်ငံရေးအခြေအနေကို အဖတ်ဆယ်သည့် ယတြာဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။ အဆက် - ⤵️⤵️
Show all...
😁 48👍 4👏 1
ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာများနှင့် KNDF B20 တပ်ရင်းသို့ ကွန်ပျူတာ၊ Star Link၊ ဖုန်းနှင့် စားနပ်ရိက္ခာများ KTJ Supporting Group ထောက်ပံ့ မေလ ၁၅ ရက် ကရင်နီပြည်နယ် ဖားဆောင်းဒေသမှ စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာများ ပြည်ပရောက် မြန်မာနိုင်ငံသားများဖြင့် စုပေါင်းဖွဲ့စည်းထားသော KTJ Supporting Group က ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင်  KNDF B20 တပ်ရင်းသို့ ကွန်ပျူတာ ၂ လုံး ၊ Star link ၁ လုံး၊ ဖုန်းအသစ် ၆လုံး ၊ ပြည်သူများ ကြော်လှော်ထားသော အကြော်အလှော်များအပြင် စားနပ်ရိက္ခာဖိုး ဘတ် ၂၀,၀၀၀ တိတိကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ KTJ Supporting Group သည် လွတ်လပ်သောထောက်ပို့အဖွဲ့အစည်းဖြစ်ပြီး မြေပြင်သို့ တိုက်ရိုက်ကွင်းဆင်းပြီး ကူညီနေသည့် အဖွဲ့ဖြစ်ကြောင်း၊ ပါဝင်ပူးပေါင်းလိုသည့် တော်လှန်ပြည်သူများကိုလည်း ထောက်ပို့တပ်သားအဖြစ် လက်ခံကြိုဆိုလျက်ရှိကြောင်း KTJ Supporting Group က ထုတ်ပြန်ထားသည်။ #KTM #HlaingInfo
Show all...
35👍 7😁 3
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်ပြည်သူများကို  မန်ကျည်းဖျော်ရည်များ လှူဒါန်း မေလ ၁၅ ရက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မန်ကျည်းဖျော်ရည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ #KTM #HlaingInfo
Show all...
46👍 7😁 3
ကျိုင်းတုံမြို့တွင် ရှမ်း(ရှေ့)မှ စစ်မှုထမ်းရန် နည်းမျိုးစုံဖြင့် ခေါ်ယူခံထားရသည့် အမျိုးသား (၅၀၀)ကျော်ကို အမှတ်စဉ်(၂)အတွက် စစ်သင်တန်း စတင် ပေးနေ မေလ ၁၅ ရက် အာဏာသိမ်း စစ်ကောင်စီတပ်၏   ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ မဖြစ်မနေ စစ်မှုထမ်းရန်အတွက် နည်းအမျိုးမျိုးသုံးကာ ခေါ်ယူ ခံထားရသည့် အမျိုးသား (၅၂၈)ဦးကို ကျိုင်းတုံမြို့၌ စစ်သင်တန်း ပေးနေပြီဖြစ်ကြောင်း သိရသည်။ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် မေလ(၁၄)ရက်နေ့က စတင်ကာ  စစ်သင်တန်း ပို့ချနေခြင်းဖြစ်သည်။ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဖြစ်ကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)၏ စစ်သင်တန်းဖွင့်ပွဲများကို အာဏာသိမ်းစစ်ကောင်စီက မေလ(၁၄)ရက်နေ့တွင် တပြိုင်နက်တည်း သင်တန်းဖွင့်ပွဲအဖြစ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။ #TNA #HlaingInfo
Show all...
🤬 46👍 6😁 2 1