en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 029
Subscribers
No data24 hours
No data7 days
-2530 days
Posts Archive
Repost from RSN WEB
⚫️ ဝင်ငွေကောင်းသည့်အလုပ်ရှိသည်ဟုဆိုကာ မန္တလေးသို့လိမ်ခေါ်ပြီး စစ်သားစုဆောင်းနေ ရန်ကုန်အပါအဝင် နေရာအနှံ့မှ လူငယ်များကို ဝင်ငွေကောင်းသည့် အလုပ်ရှိသည့်ဟု ဆိုကာ မန္တလေးမြို့သို့ လိမ်လည်မျှားခေါ်ပြီး အကြမ်းဖက်စစ်တပ်က စစ်သားစုဆောင်းနေကြောင်း Khit Thit မှ သိရှိရသည်။ ဆောက်လုပ်ရေး၊ ပန်းရံ၊ ဆေးသုတ် စသည့်အလုပ်များ ရှိသည်ဟု ဗန်းပြပြီး တလ ၁၀ သိန်းကျော် ရမည်ဟု မက်လုံးပေးခေါ်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့နေ ကိုအောင်ကျော်သက်ကို ပန်းရံအလုပ်ရှိသည်ဟု လိမ်ခေါ်ပြီး မန္တလေးနန်းတွင်းထဲ သံခြေကျင်းခတ်ပြီး ဖမ်းထားသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်မှ ကိုအောင်မြင့်မြတ်၊ ကိုရဲရင့်အပါအဝင် လူငယ် ၆ ဦးတို့ကို စက်ရုံပြုပြင်ရေး ဆေးသုတ်အလုပ်ရှိမည်ဟု လိမ်ခေါ်ပြီး ဖမ်းဆီးသွားကြသည်။ Source: Khit Thit 25 Jul 2026 #RangoonScoutNetwork

ဗိုလ်တထောင်၊ ကားဖမ်း * သိမ်ဖြူလမ်းပေါ် စိန်ပေါ မျက်စောင်းထိုး၊ ကားဂိတ်မရောက်ခင်နားမှာ ဘဲဥ ထီး၁+မ၁ အစာချောင်းနေ။ * 1:55 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
⚫️ ဇာတိပြန်ဖို့ ကားစောင့်နေသည့် စက်ရုံလုပ်သား လူငယ်များ ပေါ်တာဆွဲခံရ ဇူလိုင်လ ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အဝေးပြေးကားဂိတ်၌ ယောကျ်ားလေး ၂ ဦး ကားစောင့်နေစဉ် ကားတစီးဖြင့် အကြမ်းဖက် ရဲနှင့် ပြည်သူ့စစ်အဖွဲ့များ ရုတ်တရက်ရောက်ရှိလာပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း DVB မှ သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၉ နှစ်အရွယ် ကိုမျိုးဇော် နှင့် အသက် ၂၄ နှစ်အရွယ် ကိုသက်ပိုင်စိုး တို့ပြီး လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတခု၌ အလုပ်လုပ်နေကြသူများဖြစ်သည်။ ကျန်းမာရေးမကောင်း၍ ဇာတိမြေ ဧရာဝတီတိုင်း ရေကြည်မြို့သို့ ဆေးကုဖို့အပြန် ကားဂိတ်၌ ပေါ်တာဆွဲခံလိုက်ကြရခြင်းဖြစ်သည်။ Source: DVB 24 Jul 2026 #RangoonScoutNetwork

ကျောက်တံတား၊ India သံရုံး * ကုန်သည်လမ်းပေါ် အိန္ဒိယသံရုံးရှေ့ ပန်းဆိုးတန်းလမ်းပွိုင့်ဘက် ဘန်ကာထဲ အရပ်ဝတ်ရဲခွေး ၁ ကောင် ကင်းပုန်းရှိ၊ barricade တော့ တစ်ခြမ်းဖွင့်ထားဆဲ * 5:15 PM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

ဗိုလ်တထောင်၊ မြို့နယ်ရဲခွေးစခန်း * ဗိုလ်တထောင်ဘုရားလမ်းပေါ် အသစ်ဆောက်ထားတဲ့ စခန်းတိုက် ကားပါကင်အောက်မှာ ရဲခွေး DC ဖြူပြာ ၁ စီး ရပ်ထားပြီး ရဲခွေး ၁ ကောင်က ကျား ၁ ဦးနဲ့ ရပ်စကားပြောနေ ယခင်တန်းလျားအဟောင်း ရုံးခန်းရှေ့ ရဲခွေး saloon (111) ၂ စီး ပါကင်ထား လမ်း‌မပေါ်ရပ်ထား၊ ဘေးမှာ (3J-8439) Honda fit အိမ်စီးအမည်း ၁ စီး ရပ်ထား * 5:08 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from RSN WEB
⚫️ PDF လို့ စွပ်စွဲဖမ်းဆီးပြီး စစ်ကြောရေးပို့ နှိပ်စက်နေ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်နေ လူငယ် ၁ ဦးကို PDF/UG ဟု စွပ်စွဲ ဖမ်းဆီးသွားပြီး စစ်ကြောရေးပို့ကာ နှိပ်စက်စစ်ဆေးနေကြောင်း သိရှိရသည်။ Source: SPT Information 24 Jul 2026 #RangoonScoutNetwork

Repost from MMWeather
“ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်ခြင်း၊ ၂၀၂၆-၂၇ အယ်လ်နီညို သက်ရောက်မှုနှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ခန့်မှန်းသုံးသပ်ချက်” (ဇူလိုင်လ ၂၄ ရက် နေ့လည် ၂ နာရီ) ====== ၁။ AIFS-ENSEMBLE မော်ဒယ်၏ လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေ သုံးသပ်ချက် - Tropical Tidbits မှ AIFS-ENSEMBLE (850mb Geopotential Height, Cyclonic Vorticity, and Wind) ကြိုတင်ခန့်မှန်းချက် မော်ဒယ်ပုံရိပ်များ (၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်) အရ — 📌 လေထုမငြိမ်မသက်မှုအဆင့် (Vorticity & Low Pressure) - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်/အိန္ဒိယကမ်းလွန်တို့တွင် Cyclonic Vorticity (စူးစိုက်မှု) တိုးတက်လာသည်ကို တွေ့ရသော်လည်း အားကောင်းသော မုန်တိုင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်သည့်အား မရှိပါ။ 📌 အမြင့် (Geopotential Height) - 850mb အမြင့်တွင် Contour လိုင်းများ (144 - 146 dam ဝန်းကျင်) သည် အားပျော့သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဆင့်မျှသာ အားကောင်းမည်ဖြစ်ပြီး၊ Deep Depression (မုန်တိုင်းငယ်အဆင့်) သို့ပင် ကူးပြောင်းနိုင်ခြေ မရှိကြောင်း ဖော်ပြနေပါသည်။ ၂။ မိုးလယ်ကာလ (ဇူလိုင် ၁ - ဩဂုတ် ၃၁) မုန်တိုင်းမရှိခြင်းနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများ - စတင်အားကောင်းလာနေသော အယ်လ်နီညို (El Niño) ဖြစ်စဉ်၏ သက်ရောက်မှုကြောင့် မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ အားကောင်းသော မုန်တိုင်း/မုန်တိုင်းဝှေ့များ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းလျက်ရှိပါသည်။ မုန်တိုင်းမရှိခြင်းသည် သဘာဝဘေးအန္တရာယ်မှ သက်သာစေသော်လည်း မြန်မာ့လယ်ယာစိုက်ပျိုးရေးအတွက် အောက်ပါ အခက်အခဲများကို စိန်ခေါ်မှုဖြစ်စေနိုင်ပါသည် - (က) မိုးပြတ်ခြင်းနှင့် မိုးရေရရှိမှု အဟန့်အတားဖြစ်ခြင်း - ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းကြီးများ မဖြစ်ပေါ်ပါက မုတ်သုံလေကို ပိုမိုအားကောင်းစေမည့် ဆွဲအား (Monsoon Trough Pull) နည်းပါးသွားမည် ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးဒေသများ (အထူးသဖြင့် အလယ်ပိုင်း အညာဒေသနှင့် မြစ်ဝကျွန်းပေါ် အချို့ဒေသများ) တွင် မိုးပြတ်ခြင်း (Monsoon Break) သို့မဟုတ် မိုးအားနည်းခြင်း ခပ်စိပ်စိပ် ဖြစ်ပေါ်လာနိုင်ပါသည်။ (ခ) မိုးစပါး စိုက်ပျိုးရေ နည်းပါးခြင်း - ဇူလိုင်နှင့် ဩဂုတ်လများသည် မိုးစပါး ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်းနှင့် မြေပြင်ခြင်းတို့အတွက် အရေးပါသော ကာလ ဖြစ်သည်။ မိုးရွာသွန်းမှု ပုံမှန်အောက် နည်းပါးပါက ဆည်ရေသိုလှောင်မှု မပြည့်ဝခြင်းနှင့် ပျိုးပင်များရေငတ်ခြင်းကြောင့် စိုက်ပျိုးချိန် နောက်ကျနိုင်ပါသည်။ (ဂ) အပူချိန် မြင့်မားခြင်းနှင့် သီးနှံ ပျက်စီးနိုင်ခြေ - မိုးနည်းသည့်ရက်များတွင် ဒေသတွင်း ပတ်ဝန်းကျင်အပူချိန် ပုံမှန်ထက် မြင့်တက်နိုင်ပြီး မြေဆီလွှာအစိုဓာတ် ပြုန်းတီးမှု လျင်မြန်လာမည် ဖြစ်သည်။ ၃။ မိုးနှောင်းကာလ (စက်တင်ဘာ ၁ မှ မုတ်သုံဆုတ်ခွာချိန်အထိ) မိုးလေဝသ ခန့်မှန်းသုံးသပ်ချက် - အယ်လ်နီညို အားကောင်းသည့် နှစ်များတွင် မိုးနှောင်းကာလ၏ မိုးလေဝသ ပုံစံများမှာ အောက်ပါအတိုင်း ဖြစ်ပေါ်လေ့ရှိပါသည်— 📌 [အယ်လ်နီညို သက်ရောက်မှု] ──> [မုတ်သုံလေ စောစီးစွာ ဆုတ်ခွာခြင်း (Early Monsoon Withdrawal)] ──> [မိုးနှောင်းကာလ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှု (Unseasonal Rain)] ──> [အပူချိန်မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားမှု ခပ်စိပ်စိပ်ဖြစ်ခြင်း] 📌 မုတ်သုံလေ စောစီးစွာ ဆုတ်ခွာခြင်း (Early Monsoon Withdrawal) - မုတ်သုံလေသည် ပုံမှန်ဆုတ်ခွာချိန်ထက် စော၍ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့မှ ဆုတ်ခွာသွားနိုင်ပါသည်။ စက်တင်ဘာလလယ် သို့မဟုတ် စက်တင်ဘာလကုန်ပိုင်းတွင် မုတ်သုံလေ တဖြည်းဖြည်းအားလျော့လာနိုင်သည်။ 📌 မိုးရွာသွန်းမှု ပုံမမှန်ခြင်းနှင့် ရုတ်တရက် မိုးသည်းထန်ခြင်း - မုတ်သုံဆုတ်ခွာချိန်တွင် ဘင်္ဂလားပင်လယ်အော် သို့မဟုတ် တရုတ်ပင်လယ်ပြင်ဘက်မှ လာသော လေထုမငြိမ်မသက်မှုများကြောင့် မိုးကြိုးမုန်တိုင်းများ သို့မဟုတ် နေရာကွက်ကျား ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်း (Localized Heavy Rainfall) မျိုး ရံဖန်ရံခါ ဖြစ်ပေါ်နိုင်သည်။ 📌 အပူချိန် မြင့်မားမှု ဆက်လက်ရှိနေခြင်း - မိုးဆုတ်ခွာပြီးနောက် ပုံမှန်ထက် အပူချိန် ပိုမိုမြင့်မားသည့် "မိုးလွန်အပူလှိုင်း" လက္ခဏာများ ကြုံတွေ့ရနိုင်ပါသည်။ ၄။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အကြံပြုချက်များ 📌 ရေစိုက်ပျိုးရေးနှင့် ရေစုဆောင်းရေး (Water Harvesting) - မိုးလယ်ကာလ မိုးရရှိနိုင်မှု မရေရာသဖြင့် ရှိပြီးသား မိုးရေနှင့် ရေကန်/ဆည်ရေများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းရန် လိုအပ်သည်။ 📌 သီးနှံမျိုးစေ့ အပြောင်းအလဲ ပြုလုပ်ခြင်း - သီးထပ် စိုက်ပျိုးရာတွင် သက်တမ်းတို မျိုးစပါးများ သို့မဟုတ် ရေနည်းနည်းဖြင့် ရရှိနိုင်သည့် သီးနှံများ (ပဲမျိုးစုံ၊ နှမ်း စသည်) ကို အစားထိုး စိုက်ပျိုးရန် ပြင်ဆင်ထားသင့်သည်။ 📌 ရိတ်သိမ်းချိန် မိုးလွတ်အောင် ပြင်ဆင်ခြင်း - မိုးနှောင်းကာလတွင် မုတ်သုံဆုတ်ခွာမှု စောနိုင်သည့်အပြင် ရုတ်တရက် မိုးရွာသွန်းမှုများ ရှိနိုင်သဖြင့် စပါးရိတ်သိမ်းချိန် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ပြုလုပ်ရန် လိုအပ်ပါသည်။

Repost from MPANews
ကုန်ဈေးနှုန်းဒဏ် မခံနိုင်သဖြင့် ကုမ္ပဏီဝန်ထမ်းများစွာ လက်ဖက်ရည်ဆိုင် မထိုင်နိုင်တော့ဟုဆို 24 July 2026 By Ko Myo/ MPA ကုန်ဈေး
ကုန်ဈေးနှုန်းဒဏ် မခံနိုင်သဖြင့် ကုမ္ပဏီဝန်ထမ်းများစွာ လက်ဖက်ရည်ဆိုင် မထိုင်နိုင်တော့ဟုဆို 24 July 2026 By Ko Myo/ MPA ကုန်ဈေးနှုန်းကြီးမှုဒဏ်ကို မခံနိုင်သဖြင့် ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်းများစွာမှာ လက်ဖက်ရည်ဆိုင် မထိုင်နိုင်ကြတော့ကြောင်း သိရသည်။ ရန်ကုန်မြို့နေ လစာ ၁၀သိန်းမှ သိန်း၂၀ ဝန်းကျင်အထိ လစာရရှိသော ကုမ္ပဏီဝန်ထမ်း၁၁ဦးကို MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အားလုံးက အထက်ပါအတိုင်း တညီတညွတ်တည်း ပြောကြသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/11358/

🟥 ပန်းပဲတန်း ဗန္ဓုလဘလောက် ၂၆၊ ၂၇ လမ်းတဝိုက်မှာ ရခ ၁၊ ထွေအုပ်တချို့၊ ခွေးဘဲဥ အမြောက်အများ ကားတွေ လိုက်ဖမ်းနေ ပုခုံးပေါ် ချီးပုံ ၁ ပုံနဲ့ ခွေးဘဲဥ ၁ ကောင်ကလဲ ဖိုင်တွဲလဲ လက်ထဲ ကိုင်ထား ကရိန်းကား ၂ စီးလဲ ရပ်ထား – RSG 10:28 AM 📬 @Inform_RSN

⬜️ ဒေါပုံ ဗန္ဓုလတံတားအဆင်း သင်္ဘောသားရုံးရှေ့ ခွေးဘဲဥ တသိုက် အစာကောက် – RSG 8:19 AM 📬 @Inform_RSN

Repost from RSN WEB
🆕 DAILY HIGHLIGHTS (19-23 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ကလေး-တမူးလမ်းပိုင်းက နေရာအများ
🆕 DAILY HIGHLIGHTS (19-23 JUN 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ
ကလေး-တမူးလမ်းပိုင်းက နေရာအများစုကို စစ်တပ်ပြန်ထိန်းချုပ် – BBC
———— 🔍 နိုင်ငံရေးထူးခြားသတင်းများ
တအာင်းတပ် (TNLA)နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ NSPNC တို့ နေပြည်တော်မှာတွေ့ဆုံ – BBC တအာင်းပြည်နယ်ရလျှင် စစ်အစိုးရသစ်၏ ငြိမ်းချမ်းရေးတွင် တက်ကြွစွာ ပါဝင်မည်ဟု TNLA ဆို – MKN ကိုးကန့်တပ်(MNDAA)နဲ့ “၀”တပ်(UWSA)တို့ နေပြည်‌တော်သွားမယ်လို့ဆို – BBC
———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ
စစ်ကောင်စီကိုသာမက မြန်မာ့အရေးသက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဟု အာဆီယံဥက္ကဋ္ဌ တရားဝင်ထပ်မံ ထုတ်ဖော်ပြောဆို – KT မြန်မာ့အရေး အာဆီယံဝန်ကြီးတွေ မကြာခင်မှာ အလွတ်သဘောတွေ့ဆုံကြဖို့ရှိ – BBC အာဆီယံနဲ့ ရုရှား၀န်ကြီးအဆင့် ဆက်စပ်အစည်းအဝေးကို နေပြည်တော်နိုင်ငံခြားရေးအတွင်းဝန် ဦးဆောင် – BBC စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဩဂုတ် ၆ ရက်တွင် ဘန်ကောက်သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည် – AT နေပြည်တော်နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ထိုင်းပြော – BBC အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာအကြောင်း ဆွေးနွေး – BBC
#RangoonScoutNetwork

Repost from People's Spring
စစ်တပ်က အမြန်ရထားတွေပေါ်မှာ ခရီးသည်တွေကို PSMS စနစ်နဲ့ စတင်စစ်ဆေးနေ ဇူလိုင် ၂၃၊ ၂၀၂၆။ဟာနာဆန်/People's Spring အမြန်ရထားတွေပေါ်မှာ အာဏာသိမ်းစစ်တပ်က ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးမှု​တွေ စတင်လုပ်ဆောင်နေကြောင်း ခရီးသွားအချို့က ပြောပါတယ်။ ဇူလိုင် ၂၁ ရက်ကစပြီး ရန်ကုန်-မန္တလေး အမြန်ရထားနဲ့ ရန်ကုန်-နေပြည်တော် အ​မြန်ရထား ခရီးစဥ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသည်တွေကို မှတ်ပုံတင်ထုတ်ပြခိုင်းပြီးနောက် Tablet နဲ့ Person Scrutinization and Monitoring System (PSMS) စနစ် အသုံးပြုပြီး စစ်ဆေးမှုတွေ ပြုလုပ်လာကြောင်း ခရီးသွားပြည်သူအချို့က ပြောပါတယ်။ "ကိုယ့်ရှေ့က အမျိုးသမီးတစ်ယောက်ကိုစစ်တာ။ စာရင်းထဲပါလို့ ခေါ်သွားတယ်"လို့ ရန်ကုန်-နေပြည်တော် ခရီးစဥ်မှာ ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-နေပြည်တော် ခရီးစဥ်မှာ ယခုမှစတင်စစ်ဆေးလာတာဖြစ်ပြီး ရန်ကုန်-မော်လမြိုင်ခရီးစဥ်ကတော့ ယခင်ကတည်းက PSMS နဲ့ စစ်ဆေးလေ့ရှိကြောင်း ခရီးသွားအချို့က ပြောပါတယ်။ PSMS စနစ်ဟာ စစ်တပ်ရဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်ပြီး CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဘဏ်အကောင့်ပိတ်ခံထားရတဲ့သူတွေနဲ့ စစ်ကောင်စီဝရမ်းထုတ်ထားတဲ့သူတွေရဲ့စာရင်းကို ပြုစုထားတာဖြစ်ပြီး မှတ်ပုံတင်နံပါတ် ရိုက်လိုက်တာနဲ့ စာရင်းမှာပါနေခဲ့ရင် ဖမ်းဆီးခံရမှာဖြစ်ပါတယ်။ PSMS စနစ်ကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူတွေ အများအပြားရှိခဲ့ပြီး ယခင်က လေဆိပ်နဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေတာဖြစ်ကာ ယခုအခါ မီးရထားနဲ့ခရီးသွားသူတွေကိုပါ စစ်ဆေးလာတာဖြစ်ပါတယ်။

Repost from N/a
ဒီနေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ (၄) နှစ်ပြည့်နေ့
video Crd #ကိုဂျင်မီ #ကိုဖြိုးဇေယျာသော် #ကိုလှမျိုးအောင် #ကိုအောင်သူရဇော် #yangon4brothers #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #owlcommunity #MayangoneDemocraticFront_MDF

Repost from RSN WEB
⚫️ ကုန်ထမ်းသူများကို အလုပ်ဖြင့်မျှားခေါ်ပြီး စစ်တပ်ဆီရောင်းစား ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းဈေးကြီးထဲ ကုန်ထမ်းနေသည့် လူ ၂ ဦးကို လူတစုမှ အလုပ်ရှိသည်ဟု လိမ်ခေါ်ပြီး စစ်တပ်ဆီ ရောင်းစားလိုက်ကြောင်း SPT Information မှ သိရှိရသည်။ တက္ကစီတစီးဖြင့် ခေါ်သွားပြီးနောက် တောင်ငူမြို့ စစ်တပ်စခန်းဆီ ရောင်းစားလိုက်ခြင်းဖြစ်သည်။ နောင်အဆက်အသွယ်ပြန်ရပြီး ပြန်လိုက်ထုတ်ရာ တဦးကို ကျပ် ၆၅ သိန်းစီ ပေးရမည်ဟု တောင်းသည်။ ထို့အတွက် ပိုက်ဆံပေးလိုက်သော်လည်း ပိုက်ဆံပဲယူပြီး လူပြန်မလွှတ်ပေးတော့ကြောင်း သိရသည်။ ရောင်းစားခံလိုက်ရသူ ၂ ဦးမှာ အသက် ၄၀ နှစ်ခန့်နှင့် ၂၀ နှစ်ခန့် အရွယ်များ ဖြစ်ကြသည်။ Source: SPT Information 23 Jul 2026 #RangoonScoutNetwork

ဗိုလ်တထောင် * စခ DC ၁ စီး၊ နောက်ခန်း ၄ ကောင်ပါ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တထောင်ဘုရားလမ်းပေါ်ကွေ့ ကုန်သည်လမ်းဘက် ရှေ့ရှုသွား * 12:54 PM #RSG သတင်းပေးပို့ရန် @Bo1000_Informer

လသာ * ရဲခွေး saloon ၁ စီး လသာလမ်းပေါ် ရဲခွေးစခန်းရှေ့ ရပ်ထား * 12:33 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from Khit Thit Media
photo content

Repost from Khit Thit Media
မြောက်ဥက္ကလာပတွင် ပန်းရံသွားရောက် လုပ်ကိုင်ရင်း ပျောက်ဆုံးသွားခဲ့သူ အိမ်ထောင်သည် ကလေး ၂ ဦး ဖခင် ကိုနေထက်လင်း ပေါ်တာဆွဲခံရပြီး ဘုရင့်နောင်စစ်ကြောရေးတပ်တွင် အဖမ်းခံထားရ ရန်ကုန်၊ ဇူလိုင် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပန်းရံသွားရောက် လုပ်ကိုင်ရင်း ပျောက်ဆုံးသွားခဲ့သူ အိမ်ထောင်သည် ကလေး၂ ဦး၏ ဖခင် ကိုနေထက်လင်းသည် စစ်တပ်၏ ပေါ်တာဆွဲမှုခံရပြီး ဘုရင့်နောင်စစ်ကြောရေးတပ်တွင်အဖမ်းခံထားရကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဇရပ်ကွက်၊ ဥဇနာ ၃လမ်းတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် မောင်နေထက်လင်းသည် ပန်းရံအလုပ်ကို သွားရောက်လုပ်ကိုင်းရင်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းနောက် ဇူလိုင်လ ၂၂ ရက်နေ့တွင် လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ဘုရင့်နောင် စစ်ကြောရေးတပ်တွင် စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံနေရ​ကြောင်း သိရှိရသည်။ "မြောက်ဥက္ကလာပမြို့နယ်က ကိုနေထက်လင်းက ဘုရင့်နောင်စစ်ကြောရေးတပ်မှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံထားရပါတယ်" ဟု မိတ်ဆွေဖြစ်သူက ဆိုသည်။ မောင်နေထက်လင်းသည် ပန်းရံလုပ်ငန်းလုပ်ကိုင်ကာ ဇနီးနှင့် မိသားစုကို ရှာဖွေကျွေးမွေးနေသော အိမ်ထောင်သည် အမျိုးသား ဖြစ်ပြီး အသက် ၁ လသာရှိသေးသည့် ကလေးငယ်တစ်ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့ ပျောက်ဆုံးသွားချိန်မိသားစုက ရပ်ကွက်နှင့် ရဲစခန်းတွင်ပါ လူပျောက်ကြေညာခဲ့သော်လည်း ပြန်လည် တွေ့ရှိခြင်းမရှိဘဲ စစ်တပ်၏ ပေါ်တာဆွဲမှု ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။ ကိုနေထက်လင်းသည် ပန်းရံအလုပ်ဖြင့် မိသားစုကို ရှာကျွေးနေသူဖြစ်ပြီး လက်ရှိ အလုပ်မလုပ်နိုင်တော့သဖြင့် မိသားစုမှာ စားဝတ်နေရေး ဒုက္ခရောက်နေရကြောင်း သိရှိရသည်။

🟨 ကျောက်တံတား ရခ SC ၁ စီး အန်စာတုံးအဖြူ ၁ စီး စခ DC ၁ စီး Alphard ၁ စီး အိမ်စီးကား ၁ စီး Alphard အဖြူ ၁ စီး မြို့တော်ခန်းမကနေ ထွက်လာပြီး ဆူးလေလမ်းအတိုင်း သမ္မဂုံးပေါ်တက်သွား – RSG 8:35 AM 📬 @Inform_RSN

⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့် ခွေးဘဲဥ ကင်းတဲထဲ ခွေးဘဲဥ ၁ ကောင်ရှိ – RSG 8:38 AM 📬 @Inform_RSN