en
Feedback
Botahtaung Scout Channel

Botahtaung Scout Channel

Open in Telegram

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Show more
2 034
Subscribers
No data24 hours
-77 days
-4730 days
Posts Archive
Repost from Khit Thit Media
ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း IP ကန့်သတ်မှု၊ VPN ကန့်သတ်မှု၊ OTP ပြဿနာများနှင့် Device အတည်ပြုမှုများ ပေါ်ပေါက်လာခြင်းရှိ၊ မရှိသည် ပြည်ပရောက်မြန်မာများအတွက် အဓိကစောင့်ကြည့်ရမည့် အခြေအနေဖြစ်လာနေကြောင်း သိရှိရသည်။

Repost from Khit Thit Media
ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်ပင်ရန် စစ်တပ်ဗဟိုဘဏ် ညွှန်ကြား ရန်ကုန်၊ ဩဂုတ် ၂၇ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် K-Pay၊ Wave၊ AYA Pay၊ CB Pay၊ Mobile Banking အပါအဝင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများ ရယူနေမှုများကို ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား ကန့်သတ်ပိတ်ပင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များထံ အရေးပေါ်ညွှန်ကြားထားကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို ပြည်ပနိုင်ငံများမှ ဝင်ရောက်အသုံးပြု၍ မရရှိနိုင်စေရေးအတွက် Geo-blocking၊ Location-based Restriction နှင့် IP-based Restriction များအပါအဝင် နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို စနစ်တကျ အကောင်အထည်ဖော်ရန် ပြည်တွင်းပုဂ္ဂလိကဘဏ်များအားလုံးကို ညွှန်ကြားထားခြင်းဖြစ်သည်။ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်ပမှ အသုံးပြုဆောင်ရွက်မှုများကို ကန့်သတ်ပိတ်ပင်ပြီးစီးသည့် အခြေအနေကို ဩဂုတ်လ ၂၈ ရက်နေ့ထက် နောက်မကျဘဲ ဗဟိုဘဏ်ထံ ပြန်လည်တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။ ထို့အပြင် လက်ရှိတွင် ပြည်ပနိုင်ငံများမှ အသုံးပြုသူများက အဆိုပါ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များကို ဝင်ရောက်အသုံးပြုနေခြင်း ရှိ၊ မရှိကို စနစ်တကျ စိစစ်စောင့်ကြည့်ရန်၊ အသုံးပြုမှုပုံစံများနှင့် တွေ့ရှိချက်များကို မှတ်တမ်းတင်ရန်နှင့် တွေ့ရှိပါက အရေးယူဆောင်ရွက်ထားမှုများကိုပါ အစီရင်ခံစာဖြင့် ပူးတွဲတင်ပြရန် ဗဟိုဘဏ်က ဆက်လက်ညွှန်ကြားထားသည်။ ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ရောင်းချသူများကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဗဟိုဘဏ်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။ ယခုညွှန်ကြားချက်ကြောင့် ပြည်ပရောက်မြန်မာများအနေဖြင့် မိသားစုများထံ ငွေလွှဲပေးခြင်း၊ ပြည်တွင်းရှိ ကိုယ်ပိုင်ဘဏ်အကောင့်များကို ပြည်ပမှ Mobile Banking ဖြင့် စီမံခန့်ခွဲခြင်း၊ Payment Account များမှတစ်ဆင့် ငွေပေးချေခြင်းများတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ပရောက်မြန်မာများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။ အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ၊ သင်္ဘောသားများနှင့် နိုင်ငံခြားရောက်နေသူများအနေဖြင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ငွေကြေးပို့ဆောင်ရာတွင် ပြည်တွင်း Payment System များကို အသုံးပြုနေကြသဖြင့် ယင်းဝန်ဆောင်မှုများကို ပြည်ပမှ အသုံးပြု၍မရတော့ပါက ငွေလွှဲပို့မှုများအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်။ ယခင်ကလည်း ပြည်ပရောက်မြန်မာများသည် နိုင်ငံခြားမှ AYA Pay၊ KBZ Pay၊ CB Pay၊ Wave Money နှင့် Mobile Banking စနစ်များကို အသုံးပြု၍ ပြည်တွင်းမိသားစုများထံ ငွေလွှဲပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းများအကြားတွင်လည်း “ဒီနေ့ကစပြီး ပြည်ပကနေ Banking သုံးခွင့် လုံးဝပိတ်လိုက်ပြီ” ဆိုသည့် သတင်းစကားများကို မျှဝေနေကြပြီး လက် ရှိညွှန်ကြားချက်အရ တစ်ကြိမ်တည်း အပြီးပိတ်ပင်ခြင်းထက် ပြည်ပမှ အသုံးပြု၍မရစေရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်ဆင့် ကန့်သတ်လာနိုင်သည့် အခြေအနေဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။ ပထမအဆင့်အနေဖြင့် IP Address အခြေပြု ကန့်သတ်မှု ပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံပြင်ပ IP Address များဖြင့် ဝင်ရောက်အသုံးပြုပါက “Network Error”၊ “Connection Failed” စသည့် အမှားပြစာများ ပြသခြင်းမျိုး ဖြစ်လာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက​ပြောဆိုသည်။ ထို့နောက် VPN ဖြင့် မြန်မာနိုင်ငံ၏ IP Address အဖြစ် ပြောင်းလဲအသုံးပြုရန် ကြိုးစားပါက လူသုံးများသည့် VPN ဝန်ဆောင်မှုများနှင့် IP Address များကို ထပ်မံပိတ်ပင်ခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း သတိပေးသည်။ အခြားတစ်ဖက်တွင် OTP Code သည်လည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ပြီး ပြည်ပရောက်မြန်မာများအသုံးပြုသည့် SIM Card များထံ OTP Code မရောက်ရှိအောင် ကန့် သတ်ခြင်း သို့မဟုတ် OTP အတည်ပြုမှုကို ပြည်တွင်းဖုန်းနံပါတ်များနှင့်သာ ချိတ်ဆက်ခြင်းများ ပြုလုပ်လာပါက ပြည်ပမှ Banking Application များ ဆက်လက်အသုံးပြုရန် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။ ထို့အပြင် လက်ရှိအသုံးပြုနေသည့် ဖုန်း၊ Tablet နှင့် အခြား Device များကို Security အကြောင်းပြချက်ဖြင့် ပြန်လည်အတည်ပြုခိုင်းခြင်း၊ Device အသစ်များမှ ဝင်ရောက်အသုံးပြုမှုကို ကန့်သတ်ခြင်းများ ပြုလုပ်လာပါကလည်း ပြည်ပရောက်သူများအနေဖြင့် Banking Account များကို ဆက် လက်အသုံးပြုရန် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရှိရသည်။

Repost from RSN WEB
⚫️ မင်္ဂလာတောင်ညွန့်၊ ညဈေးအနီး လူဝင်ဖမ်းသွား ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ် ညဈေးအနီး ၉၁ လမ်းထိပ်၌ လူငယ်များကို အကြမ်းဖက်ရဲများ ဝင်ဖမ်းရာ ယောကျ်ားလေး ၁ ဦး ဖမ်းဆွဲခံလိုက်ရကြောင်း သတင်းရရှိသည်။ လူငယ်များ ပိုက်ဆံထောင် ဂေါ်လီပစ်နေကြစဉ် ဝင်ဖမ်းခြင်းဖြစ်ကြောင်း သိရသည်။ 26 Aug 2026 #RangoonScoutNetwork

Repost from MMWeather
Meteoblue (ICON Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ ရရှိသည့် နေ့စဉ်မိုးရေချိန်ပြမြေပုံ update များ၊ JTWC / TMD မိုးလေဝသ မြေပုံများနှင့် လမ်းကြောင်းခန့်မှန်းချက်များအရ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်မိုးရေချိန်၊ စုစုပေါင်း ခန့်မှန်းမိုးရေချိန် ဇယား (mm) နှင့် မိုးလေဝသ သုံးသပ်ချက် - (ဩဂုတ် ၂၆ ရက် - ညနေ ၃ နာရီ update) ======= မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm) (၇ ရက် စုစုပေါင်း မိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်) မုန်တိုင်းများ လမ်းကြောင်းဆန်းစစ်ချက်နှင့် မိုးလေဝသ အခြေအနေ 📌TS NARRA (Low Remnants) အခြေအနေ - JTWC ၏ Remnants of Narra ပြမြေပုံအရ မုန်တိုင်းငယ် NARRA (999 hPa) သည် ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့အတွင်း အားလျော့သွားပြီး မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအဖြစ် ကုန်းတွင်းပိုင်း (တရုတ်တောင်ပိုင်း/လာအို) သို့ ဦးတည်နေသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း (ရှမ်းမြောက်/ကချင်) သို့ မိုးတိမ်တိုက်အနိမ့်များအဖြစ် ဝင်ရောက်လာမည် ဖြစ်သည်။ 📌Typhoon SAUDEL အခြေအနေ - JTWC Warning 32 အရ Typhoon SAUDEL (960 hPa) သည် တရုတ်အရှေ့ပိုင်း (ရှန်ဟိုင်း) ဘက်သို့ ဦးတည်ကာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေ၍ မြန်မာနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပါ။ မုန်တိုင်းအကြွင်းအကျန်များရွေ့လျားမှုကို ဆက်လက်စောင့်ကြည့်နေပါသည်။ 📌အနောက်တောင်မုတ်သုံလေ အခြေအနေ (ဩဂုတ် ၂၇ - ၂၉ ကာလ) - ဩဂုတ် ၂၇ ရက်မှစ၍ မုတ်သုံလေ အားအလွန်ကောင်းလာပါမည်။ ထို့ကြောင့် ဩဂုတ် ၂၇ မှ ၂၉ ရက်များအတွင်း ကရင်၊ မွန်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့၌ အနီရောင်/ခရမ်းရောင်ပြ မိုးအလွန်ကြီးမည့်ဇုန်များ 50 mm မှ 95 mm အထက်ရွာသွန်းရရှိနိုင်ပြီး မိုးအရှိန် ပြန်လည်မြင့်လာနိုင်ပါမည်။   သဘာဝဘေးအန္တရာယ်နှင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေကြီးမှု သုံးသပ်ချက် ⚠️ ဧရာဝတီတိုင်း (ငဝန်မြစ် တာကျိုး၍ ရေကြီးနေသော လေးမျက်နှာမြို့နယ် သုံးသပ်ချက်) - လေးမျက်နှာမြို့နယ် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသအတွင်းတွင် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 97 mm မှ 182 mm ခန့် ဆက်လက် ရွာသွန်းမည် ဖြစ်ပါသည်။ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်တို့တွင် မိုးရက်ဆက်ရွာပြီး အထက်မြစ်ရေများ စီးဝင်နေဆဲဖြစ်ရာ ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးတွင် ဆက်လက် ရှိနေမည်ဖြစ်၍ လေးမျက်နှာဒေသတွင် ရေကြီးရေလွှမ်းမိုးမှု မြန်မြန်ကျဆင်းရန် မရှိဘဲ ရေကျဆင်းနှုန်း နှေးနေဦးမည် ဖြစ်ပါသည်။ ⚠️ ကရင်၊ မွန်၊ တနင်္သာရီနှင့် ရခိုင် - မုတ်သုံလေ ပြန်လည် အားကောင်းလာမည့် ဩဂုတ် ၂၇ - ၂၉ ရက်များတွင် မြေပြိုခြင်း၊ တောင်ကျရေလျှံခြင်းနှင့် ပင်လယ်ပြင် လှိုင်းကြီးခြင်း (Severe Flash Floods & Landslides) ကို အထူးသတိပြုရပါမည်။

Repost from Khit Thit Media
KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University ဆိုက်ဘာတိုက်ခိုက်ခံရပြီး ဒေတာအချက်အလက်များ ရရှိထားသည်ဟု The Crew ဟက်ကာအဖွဲ့ က ကြေညာ ရန်ကုန်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံမှ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့ကို “The Crew” ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့က ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းများ၏ ဒေတာများကို ရယူထားကြောင်း အဆိုပါအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။ The Crew ဟက်ကာအဖွဲ့က အဆိုပါအဖွဲ့အစည်း ၄ ခုကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည့် ပစ်မှတ်များအဖြစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြေညာဖော်ပြခဲ့ပြီး ဒေတာများ ရယူထားကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် The Crew အဖွဲ့က မြန်မာနိုင်ငံပြင်ပရှိ အဖွဲ့အစည်းများဖြစ်သည့် အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် Cyprus Airways တို့၏ ဒေတာများကိုလည်း ရရှိထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ The Crew ၏ အဆိုပါထုတ်ပြန်ချက်များကို RansomLook နှင့် SOCRadar ကဲ့သို့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေးပလက်ဖောင်းများတွင်လည်း မှတ်တမ်းတင်ဖော်ပြထားသည်။ သို့သော် လက်ရှိအချိန်အထိ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့က ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ဒေတာများ ခိုးယူခံရမှုကို တရားဝင်အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ထို့ကြောင့် The Crew ၏ ပြောဆိုချက်ကို လက်ရှိတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသည့် တစ်ဖက်သတ် ထုတ်ပြန်ကြေညာချက် အဖြစ်သာ သတ်မှတ်နိုင်သေးသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လေ့လာသူများ၏ အဆိုအရ Ransomware နှင့် Data Extortion အဖွဲ့များသည် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ရရှိထားသည်ဟုဆိုသည့် ဒေတာအချို့ကို ထုတ်ဖော်ပြသကာ ကုမ္ပဏီများထံမှ ငွေကြေးတောင်းခံခြင်း၊ ဒေတာများကို ရောင်းချမည်ဟု ခြိမ်း ခြောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ဟက်ကာအဖွဲ့များ၏ ထုတ်ပြန်ချက်တိုင်းကို သီးခြားစစ်ဆေးအတည်ပြုရန် လိုအပ်ကြောင်း သိရသည်။ သို့သော် The Crew က ဖော်ပြထားသည့် ဒေတာအချို့နှင့် ပတ်သက်၍ အကောင့်များ သို့မဟုတ် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို လုံခြုံရေးအရ ပိတ်ထားခြင်းများ ရှိ၊ မရှိ စသည့် အချက်များကို ထပ်မံစစ်ဆေးရန် လိုအပ်နေပြီး ယင်းအချက်တစ်ခုတည်းဖြင့် ဒေတာပေါက်ကြားမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ ယခုဖြစ်စဉ်မတိုင်မီ ယခုနှစ် ဇွန်လအတွင်းကလည်း AYA Bank တွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကြေးဆိုင်ရာ မဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့ကြောင်း AYA ဘဏ်ကိုယ်တိုင်က တရားဝင်အတည်ပြုထုတ်ပြန်ကြေညာခဲ့ဖူးသည်။ AYA Bank က အဆိုပါ ဇွန်လဖြစ်စဉ်တွင် တိုက်ခိုက်ခံရသည့် Portal သည် ဘဏ်၏ Core Banking System၊ AYA Pay System နှင့် Card System များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိသဖြင့် အဓိကဘဏ်ဝန်ဆောင်မှုများ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University တို့၏ ဆိုက်ဘာလုံခြုံရေးဖြစ်စဉ်ကို အတည်ပြုပြီးဖြစ်သည့် ဒေတာပေါက်ကြားမှု အဖြစ် မသတ်မှတ်သေးနိုင်ဘဲ The Crew အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ကြေညာချက်အဆင့်တွင်သာရှိနေသေးသည်။ သို့ဖြစ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင်ထုတ်ပြန်ချက်များနှင့် ဆိုက်ဘာလုံခြုံရေးအဖွဲ့များ၏ သီးခြားစစ်ဆေးချက်များကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေကြောင်း ကျွမ်းကျင်သော နည်းပညာရှင်တချို့က လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများကို အသိပေးထားသည်။

🔴 ဗိုလ်တထောင်၊ ဗိုလ်အောင်ကျော်လမ်း ကားစစ် * စခ၊ ရခ ၂ ကောင် ဘဲဉ ၁ ကောင် * ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့် Church နားရှိနေ * 3:32 PM သတင်းပေးပို့ရန် @Bo1000_Informer

Repost from Khit Thit Media
“ဆေးမှု၊ ခိုးမှု၊ လုမှု ဘာညာဆို နည်းနည်းပါးပါး ဖြဲခြောက်ပြီး ရဲထဲဝင်မလား၊ ထောင်ထဲဝင်မလားဆိုပြီး အကုန်ထည့်တာ။ ထင်တာထက် ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်” ဟု အခြားရဲတပ်သားသစ်အမျိုး သမီးက ပြောဆိုသည်။ တစ်ဖက်တွင် စစ်အုပ်စုက ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ရန် ရည်မှန်းချက်ထားရှိပြီး ရဲအင်အား မည်မျှပြုန်းတီးနေပါစေ ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော်လည်း အတင်း အကျပ် စုဆောင်းခြင်းဖြစ်သည့်အတွက် ရေရှည်တွင် အင်အားတည်ငြိမ်ရန် ခက်ခဲနိုင်ကြောင်း ရဲတပ်ဖွဲ့အတွင်းမှ အချက် အလက် များအရ သိရသည်။ ရဲတပ်သားသစ်များအနေဖြင့် စုဆောင်းခံရပြီးနောက် ထွက်ပြေးရန် စိတ်ကူးရှိသူများ များ ပြားသော် လည်း မိသားစုအခြေအနေများကြောင့် ချက်ချင်းထွက်ပြေးရန် မလွယ်ကူကြောင်း သိရသည်။ “အခွင့်ကြုံရင် ပြေးကြမယ့်သူတွေ များပါတယ်။ မိသားစုအရေး ပြန်ကြည့်ကြလို့ ပြေးပြီးလည်း မိဘကို ပြန်ကြည့်ဖို့ မလွယ်ဘူး။ လူလည်း လူယုံလို့ အရောင်းစားခံရပြီ။ တောထဲပြေးတော့လည်း ကိုယ့်ကို ဘယ်လိုအကြည့်ကြည့်ကြမှာလဲ၊ ဘယ်လိုဆက်ဆံမှာလဲဆိုတာ စိတ်ပူတယ်” ဟု ၎င်းက ပြော သည်။ ထို့အပြင် ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူများအနေဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန်လည်း ပိုမိုခက်ခဲလာကြောင်း ၊အထူးသဖြင့် Passport လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်းများကို ကန့်သတ်ပိတ်ပင်ထားသည့်အတွက် နိုင်ငံခြားထွက်ရန် ပိုမိုခက်ခဲနေပြီး Passport ရရန်လည်း အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။ “နိုင်ငံခြားပြေးလည်း တရားမ၀င်လမ်းကြောင်းက အဆင်မပြေဘူး။ PSMS စနစ်နဲ့ ဂိတ်တွေမှာ စစ်နေတာ မလွတ်ဘူး။ ရဲပြေး စစ်ပြေး အကုန်ပြန်မိတာ” ဟု ၎င်းက ပြောသည်။ ​ လက်ရှိတွင် ရဲတပ်ဖွဲ့အတွင်း အင်အားပြုန်းတီးမှုများ ဆက်လက်ရှိနေသည့်အပြင် အဆိုပါအင်အားကို ပြန်လည်ဖြည့်တင်းရန် အလုပ်အကိုင်အခွင့်အလမ်းအဖြစ် လိမ်လည်ခေါ်ယူခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အမှုဆင်အရေးယူမည်ဟု ဖိအားပေးခြင်းများဖြင့် လူငယ်အမျိုး သား၊ အမျိုးသမီးများကို ရဲတပ်သားသစ်များအဖြစ် စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Repost from Khit Thit Media
ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲမေသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ရဲထဲဝင်ခဲ့ရသောအမျိုးသမီး အများအပြားရှိ 🟥 ၁ နှစ်အတွင်း ရဲအင်အား ၉,၅၉၆ ဦး ပြုန်းတီးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အလုပ်ရမည်ဟု လိမ်ခေါ်ခြင်းနှင့် အမှုဆင်ဖမ်းဆီးခြင်းများဖြင့် လူငယ်များကို ရဲထဲသို့ ပေါ်တာဆွဲပို့ဆောင် ရန်ကုန်၊ ဩဂုတ် ၂၆ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲတပ်သားသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရဲသင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်ခံရသော ရဲတပ်သားသစ်အမျိုးသမီးများ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ကျော်ကာလအတွင်း ရဲတပ် ဖွဲ့ ဝင် ၉,၅၉၆ ဦးအထိ အင်အားပြုန်းတီးခဲ့ပြီး ယင်းအင်အားလျော့နည်းမှုကို ပြန် လည်ဖြည့်တင်းနိုင်ရန် နိုင်ငံတစ်ဝန်းတွင် နည်းလမ်းမျိုးစုံအသုံးပြု၍ ရဲတပ်သားသစ်များ အလျင်အမြန် စုဆောင်းနေကြောင်း ရဲအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိ ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု ပြောဆို၍ ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခြင်း၊ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြိုတင်အသိမပေးဘဲ အလုပ်အကိုင်လျှောက်ထားသူများကို စုဆောင်းရေးစခန်းသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း သိရှိစေခြင်းနှင့် မူးယစ်ဆေးဝါး၊ ခိုးမှု၊ လုယက်မှု စသည့် အမှုများဖြင့် ခြိမ်း ခြောက်ကာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်စေခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။ နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လျှို့ဝှက် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မေလအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အားပြုန်းတီးမှုမှာ စုစုပေါင်း ၉,၅၉၆ ဦး ရှိပြီး ရဲပြေး ၅,၆၄၀ ဦး၊ ထုတ်ပယ်ခံရသူ ၆၉၅ ဦး၊ နုတ်ထွက်သူ ၁၇၃ ဦး၊ အငြိမ်းစားယူသူ ၅၂၁ ဦး၊ သေဆုံးသူ ၁,၁၀၉ ဦး၊ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသူ ၁,၁၈၀ ဦးနှင့် ဌာနကူးပြောင်းသူ ၈ ဦး ပါဝင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် လိမ်လည်စုဆောင်းခံခဲ့ရသည့် ရဲတပ်သားသစ်တစ်ဦး၏ ပြောဆိုချက်အရ ၎င်းအနေဖြင့် မိမိလျှောက်ထားသည့်အလုပ်မှာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း မသိရှိဘဲ အလုပ်အကိုင်ရရှိမည်ဟု ယုံကြည်၍ လျှောက်ထားခဲ့ရပြီး စုဆောင်းရေးနေရာသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။ “ရဲအလုပ်မှန်းမသိဘဲ အလုပ်လုပ်ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး အလုပ်လျှောက်တာ။ စုဆောင်းရေးရောက်မှ သိတာ။ အလုပ်သစ်ဆိုပြီး လက်မှတ်က ထိုးပြီးပြီလေ” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နယ်မြေရဲတပ်ဖွဲ့များအပြင် ယာဉ်ထိန်းရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲ၊ ရထားရဲ၊ လေကြောင်းရဲ စသည့် တပ်ဖွဲ့ခွဲများ အများအပြားရှိပြီး ရဲတပ်သားသစ်များကို သက်ဆိုင်ရာတပ်ဖွဲ့များအတွက် ခွဲဝေစုဆောင်းနေကြောင်း သိရသည်။ ရဲတပ်သားသစ် စုဆောင်းခံနေရသူများအနက် အများစုမှာ ရဲတပ်ဖွဲ့အတွင်း ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်းမရှိဘဲ အခွင့်အရေးရရှိပါက ထွက်ပြေးလိုသူများ ဖြစ်ကြောင်း အဆိုပါ ရဲတပ်သားသစ်က ဆက်လက်ပြောသည်။ “ စုဆောင်းရေးစရောက်ကတည်းက ပထမ မိဘအားနာတယ်။ ဒုတိယက ကိုယ် စိတ်ရှိတိုင်းလုပ်ရင် မိဘက အားကိုးစရာ ကိုယ်ပဲရှိတာ။ အပြင်ထွက်ရင် ဘာလုပ်မလဲ အမြဲတွေးတယ်။ လိမ်ခေါ်သွားတဲ့ ရဲတွေကို ပိုမုန်းတီးလာတာပဲရှိပါတယ်” ဟု ၎င်းက ပြောသည်။ သင်တန်းတက်နေစဉ်အတွင်းလည်း စိတ်မပါဘဲ ပေါ်တာဆွဲခံရ၍ ရဲတပ်ဖွဲ့အတွင်း ရောက်ရှိလာသူ များ အများအပြားရှိကြောင်း၊ အချို့မှာ နေသားကျအောင် နေထိုင်နေကြသော်လည်း အချို့မှာ ထွက်ပြေးလိုကြသော်လည်း မိဘများကို ပြန်မတွေ့နိုင်တော့အောင် စွန့်ခွာရမည်ကို စိုးရိမ်သဖြင့် ဆက်လက်နေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။ “ကိုယ်လိုလူက အများကြီးပါ။ တချို့က နေသားကျအောင် နေလိုက်တယ်။ တချို့က ထွက်ချင်ပေမယ့် ပြေးလည်း မိဘဆီ ပြန်မရတော့လို့ မလွတ်နိုင်ဘူးဆိုပြီး နေသလိုနေလိုက်တာ။ အတော်များများက ထွက်ချင်ကြသူချည်းပါ” ဟု ၎င်းက ပြောသည်။ ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခေါ်ယူခြင်းအပြင် ကွန်ပျူတာစာရိုက်ရမည်၊ ရုံးလုပ်ငန်းသာ လုပ်ရမည်၊ သင်တန်းတက်ရုံသာဖြစ်သည်ဟု ပြောဆိုကာ စုဆောင်းခြင်းများလည်း ရှိကြောင်း သိရသည်။ “ရဲတပ်သားသစ်အရောင်းအဝယ် ဈေးကွက်တစ်ခုလို ဖြစ်တယ်။ အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားပြီး အလုပ်လုပ်ရမယ်၊ သင်တန်းတက်ရမယ်ဆိုပြီး လိမ်ခေါ်တာ။ လှိုင်သာယာက အထည်ချုပ် ညီမလေးတွေကို ကွန်ပျူတာနှိပ်ရမယ်၊ ဘာမှလုပ်ရမှာမဟုတ်ဘူးဆိုပြီး လိမ်ခေါ်တယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် ငြင်းဆန်သူများကို ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှု၊ စသည့် အမှုများဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ရဲတပ်ဖွဲ့ထဲသို့ ဝင်ရောက်စေခြင်းများလည်း ရှိနေကြောင်း သိရသည်။

Repost from DVB TV News
🚨ရန်ကုန်လေဆိပ် ပစ္စည်းသိမ်းယူမှုများလေကြောင်းခရီးသွားသူတွေ အခက်ကြုံ🚨 "ဒီလိုမှမသွင်းရင် မြန်မာပြည်မှာက အကုန်ပစ္စည်းတွေ ပြတ်လပ်တော့မှာ။ ဒါကို အခုလို အရမ်းတင်းကြပ်နေတော့ အဆင်ပြေမနေဘူး" ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို တင်းကြပ်စစ်ဆေးတာနဲ့ ကီလိုအပိုဝယ်ယူထားတဲ့ ပစ္စည်းတွေကို အခွန်ထပ်ဆောင်းပေးဆောင်ရတာကြောင့် လေကြောင်း ခရီးသွားလာသူတွေ အခက်ကြုံနေရပါတယ်။ 🔔 #dvb #newsreels #reels #Shorts #ရန်ကုန်လေဆိပ် 🔥

Repost from N/a
Women’s Equality Day အမျိုးသမီးများတန်းတူရေးနေ့ 26. August.2026 Sisters2Sistersအနေဖြင့် တန်းတူရေးလှုပ်ရှားမှုသမိုင်း၏အထိမ်းမှ
Women’s Equality Day အမျိုးသမီးများတန်းတူရေးနေ့ 26. August.2026 Sisters2Sistersအနေဖြင့် တန်းတူရေးလှုပ်ရှားမှုသမိုင်း၏အထိမ်းမှတ်ဖြစ်သော ယနေ့တွင် ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာပြည်တစ်လွှားရှိ နေ့စဉ်ဘဝတွင် တရားမျှတ တန်းတူညီတူသော နေ့ရက်များ ပိုင်ဆိုင်ဖို့တိုက်ပွဲဝင်နေသော အမျိုးသမီးများ၊ ဂျဲန်ဒါစုံလင်ကွဲပြားသော သူတိုင်း၏ မယိမ်းမယိုင် ခိုင်မာသော သတ္တိနှင့်စွမ်းပကားကို ဂုဏ်ယူစွာဖြင့် ဦးညွှတ်လိုက်ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ (၁၉) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ချက်ဥပဒေကို ၁၉၂၀ ပြည့်နှစ်တွင် သမိုင်းဝင် အတည်ပြုခဲ့ခြင်းကို အထိမ်းအမှတ်ပြုသော်လည်း အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းခဲ့သောအောင်ပွဲဖြစ်သည်။ ထိုအောင်ပွဲနှင့်ထပ်တူ အမျိုးသမီးတို့အခွင့်အရေးများနှင့် စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုဆိုင်ရာသတင်းစကားများသည် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ဆောင်နေကြသော ကြံ့ခိုင်သတ္တိရှိသည့် အမျိုးသမီးများနှင့် ဂျဲန်ဒါစုံလင်သောတက်ကြွလှုပ်ရှားသူများကို အင်အားဖြစ်စေသော နေ့တစ်နေ့ဖြစ်ပါသည်။ “တန်းတူညီတူ ဖိုဝါဒီပြို” သွေးစည်းညီညွတ်လျက် Sisters2Sisters

ပန်းပဲတန်း အနော်ရထာလမ်း ရွှေဘုံသာလမ်းပွိုင့် ခွေးဘဲဥ ၁ ကောင် မတ်တပ်ရပ်နေ – RSG 9:44 AM 📬 @Inform_RSN

ကျောက်တံတား ရခ SC ၁ စီး အနော်ရထာလမ်းအတိုင်း ဆူးလေပွိုင့်ဘက်ကနေ ကုန်ဈေးတန်းဘက် ရှေ့ရှု – RSG 9:41 AM 📬 @Inform_RSN

⬜️ ကျောက်တံတား အ‌နော်ရထာလမ်းနဲ့ ဆူးလေပွိုင့် ခွေးဘဲဥ အထီး ၂၊ အမ ၂ အစာကောက် – RSG 9:39 AM 📬 @Inform_RSN

⬜️ ကျောက်တံတား ကမ်းနားလမ်း ပန်းဆိုးတန်းပွိုင့် ကားမှတ်တိုင်နား ခွေးဘဲဥ ၂ ကောင်ရှိ – RSG 9:16 AM 📬 @Inform_RSN

🟨 ကျောက်တံတား စခ Faw ၄ စီး၊ အင်အားအပြည့်ဖြင့် ဆူးလေဘုရားပတ် ပန်းဆိုးအောက်ဘက် ရှေ့ရှု – RSG 7:58 AM (Delayed) 📬 @Inform_RSN

မင်္ဂလာတောင်ညွန့်၊ဂမုန်းပွင့်အနီးတွင် မီးပိတ်ရပ်ထားသော ရဲကားဖြင့် ပေါ်တာဆွဲ 25 Aug 2026 By Ko Myo/ MPA ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဂမုန်းပွင့်အနီးတွင် မီးပိတ်ရပ်ထားသော ရဲကား၂စီးဖြင့် လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သိရသည်။ ဩဂုတ်၂၃ရက်၊ညဦးပိုင်းအချိန်တွင် ဂမုန်းပွင့်ထဲမှ ပြန်ထွက်လာသူများနှင့် ဂမုန်းပွင့်အနီး ဖြတ်သန်း သွားလာနေသော လူငယ်အမျိုးသားများကို ဖမ်းဆီးကာ ဂမုန်းပွင့်အရှေ့ဘက်ရှိ ရွှေမြယာအိမ်ယာ ဘက်သို့ ခေါ်ဆောင်သွားကြောင်း ယင်းအနီးနေ အိမ်ရှင်မတစ်ဦးက ဆိုသည်။ “ဂမုန်းပွင့်ရှေ့နားမှာ ဆွဲတာ။ခဏပဲနေပြီး ဆွဲသွားတော့ အော်ကြီးဟစ်ကျယ်တွေ မဖြစ်လိုက်ဘူး။ ကားရပ်တဲ့နေရာကို မီးပိတ်ပြီးတော့ ရဲကား၂စီးရပ်ထားတယ်။ ရွှေမြယာကနေ အဲကားနဲ့ ဘယ် ခေါ်သွားသလဲတော့ မသိဘူး။မြင်တဲ့ အိမ်နီးချင်းပြောတာက ၆ယောက်၊၇ယောက်လောက်ပါသွား တယ်”ဟု ၎င်းက MPAသို့ပြောသည်။ ယနေ့(ဩဂုတ်၂၅ရက်)နှင့် ဩဂုတ်၂၄ရက်တို့တွင် မင်္ဂလာတောင်ညွန့်၊ဂမုန်းပွင့်အနီး၌ ပေါ်တာထပ် ဆွဲသည်ဟု မကြားမိကြောင်း ၎င်းက ဆိုသည်။ “ရက်၂၀ကျော်လာပြီဆိုတော့ စစ်မှုထမ်းအပတ်စဉ်၂၈အတွက် အဆွဲကြမ်းလာတာ။လူမပြည့်ရင် ရ တာ ဆွဲတာပဲ။တစ်နေရာတည်းမှာ အမြဲစောင့်ဆွဲတာမျိုးတော့ မဟုတ်ဘူး။အခု လူများတဲ့နေရာတွေ မှာ လိုက်ဆွဲတယ်ဆိုတာ လူလိုနေတာကြောင့်ပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြော သည်။ စစ်မှုထမ်းသင်တန်းများကို လတစ်လ၏ တတိယပတ်နှင့် စတုတ္ထပတ် အစတို့တွင် ဖွင့်လှစ်လေ့ရှိ သော်လည်း အပတ်စဉ် ၂၇ကိုမူ ဩဂုတ်၃ရက်မှသာ ဖွင့်လှစ်နိုင်ခဲ့သည်။ မန္တလေးနှင့် မုံရွာမြို့ကြီးများတွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်းကို ဗြောင်ကျကျ ပြုလုပ်လျက်ရှိ သည်။ ဓာတ်ပုံ-CJ ပုံစာ- ရန်ကုန်တွင် ကင်းလှည့်နေသော ရဲကားများ။(ပုံဟောင်း) #မင်္ဂလာတောင်ညွန့်မြို့နယ် #ပေါ်တာဆွဲ #MPA

ဗိုလ်တထောင် * ရဲခွေး saloon ၁ စီး ကုန်သည်လမ်းမပေါ် ဗိုလ်အောင်ကျော်မီးပွိုင့်အကျော် ညာဖက်ခြမ်းမှာ ရပ်ထားရာမှ မောင်းထွက်လာပြီး > ကုန်သည်အတိုင်း ပန်းဆိုးတန်းမီးပွိုင့်မှာ > ပန်းဆိုးတန်းလမ်းသို့ချိုးပြီး > မဟာဗန္ဓုလလမ်းပေါ်ကွေ့သွားခဲ့ 1:22 PM (Delayed) သတင်းပေးပို့ရန် @Bo1000_Informer

⬜️ ကျောက်တံတား ဗိုလ်အောင်ကျော်လမ်းနဲ့ ကမ်းနားလမ်းထောင့် ကုန်သည်လမ်းဘက်အခြမ်း ညောင်ပင်အောက် ခွေးဘဲဥ ၁ ကောင်ရှိ – RSG 10:32 AM 📬 @Inform_RSN

🟨 ကျောက်တံတား ရခ DC ၁ စီး၊ နောက်ခန်း ၄ ကောင်ပါ 1T 5667 အိမ်စီးကား 4F 7834 အန်စာတုံး ကမ်းနားလမ်းအတိုင်း ဗန္ဓုလဘက်ကလာကာ ဆူးလေဘုရားဘက် ရှေ့ရှု – RSG 10:33 AM 📬 @Inform_RSN