en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
"တိုက်ပွဲသတင်းကြေငြာခြင်း" နေ့စွဲ။19.5.2023 မုံရွာ မန္တလေး အမြန်လမ်းမ စွမ်းရည်ထက် စက်သုံးဆီ ဆိုင်အနီးအကြမ်းဖက် စစ်ကောင်စီ၏ ခြေကုပ်စခန်းနှင့်။ တောပုပျူရွာ မှ ခိုးဆိုးလုနှိုက်ရန် ထွက်လာသောစစ်ကောင်စီ၏လက်ပါးစေ ပျူများအား ကျွန်တော်တို့ Area 71 PDF Monywa သည် Democratic Guerrilla Force Urban Hunter Force. UHF THE ANT LPDF Monywa Dynamite STF ညီနောင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြရာ စခ များနှင့် ပျူ လောက်ကောင်များ ထိခိုက်မှုရှိခဲ့ပြီး Tayဆုံးမှု စာရင်းအား အတည်မပြုနိုင်သေးပါ။ မိဘပြည်သူများကို အသိပေး သတင်းကောင်းပါအပ်ပါသည်။ https://m.facebook.com/story.php?story_fbid=pfbid02vnV6MXjbqm9sX8uf1BKkrHTPP5ghaYzsSQQSpev959jfD2LVhLbDbAiVV7LCUsr6l&id=100076227610908&mibextid=qC1gEa www.area71pdf@gmail.com #အရေးတော်ပုံအောင်ရမည် #ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် #Area71PDF_Monywa #Democratic_Guerrilla_Force #Urban_Hunter_Force_UHF #THE_ANT_LPDF #Monywa_Dynamite_STF

Repost from CLICK2DONATE v 2.0
26/5/2023 Clicks Part I _ 01https://ez4short.com/gHgo1iy 01. https://adshnk.com/RU6BoY 01. https://shortgalaxy.com/wmLh 02. https://ez4short.com/ThME0d 02. https://adshnk.com/9SNA5J 02. https://shortgalaxy.com/HyeWS 03. https://ez4short.com/ThME0d 03. https://adshnk.com/eOHBQ8 03. https://shortgalaxy.com/EOcN0cR Have a Nice Day, Clickers...🍦🍀 မနက်ကကြောင်တောင်တောင်နဲ့ လင့်မပေးမိပဲစာပဲရေးပြီး ထားခဲ့မိတာ 😶

မတူပီ၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၇ဦးသေဟု CDF အသိပေး ====================== People’s Spring 7 July ,2022 ချင်းပြည
မတူပီ၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၇ဦးသေဟု CDF အသိပေး ====================== People’s Spring 7 July ,2022 ချင်းပြည်နယ် မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ် ရေးတပ်(CDF)ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ယနေ့မနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မ သေဆုံးထိခိုက်ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်သည်။ အပြည့်အစုံ 👇👇👇

စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ
+5
စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ

ဒုဗိုလ်မှူးကြီးအဆင့်ထိပါဝုန်းပစ်လိုက်တဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ https://tomz.xyz/blog/archives/15071

Repost from Mizzima
​​ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်၊ မြို့နယ်အများစု ခံစားခဲ့ရ ==================== ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ်အများစု ငလျင်ဒဏ်ခံစားခဲ့ရကြောင်း ရန်ကုန်မြို့တွင်နေထိုင်သူများက ပြောသည်။ ယနေ့ ဇူလိုင် ၅ ရက် နံနက် ၇ နာရီခွဲကျော်အချိန်တွင် လှုပ်ခတ်ခဲ့ပြီး အင်းစိန်၊ လှိုင်၊စမ်းချောင်း၊ သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ အစရှိသည့်မြို့နယ်များတွင် နေထိုင်သူများ ခံစားခဲ့ရသည်။ "ငလျင်က ဆွဲခါသွားသလိုပဲ။ ကျွန်မတို့မြေညီထပ်တောင် သိတယ်ဆိုရင် အထပ်မြင့်တိုက်တွေဆို ပိုသိမယ်" ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။ ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်မှာ အင်အား ရစ်ချ်တာစကေး ၃ အဆင့်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ "ငလျင်လှုပ်သွားတာ ပထမက သိပ်မသိသာဘူး။ နောက်တခါကျတော့ ဘေးတိုက်ကြီးလှုပ်သွားတာ" ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။ ဇူလိုင် ၅ ရက်၊ မြန်မာစံတော်ချိန် ၇ နာရီ၊ ၃၉ မိနစ်၊ ၃ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် နှစ်မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် တစ်မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသဌာနက ထုတ်ပြန်ထား သည်။ #mizzima #ရန်ကုန်မြို့ #မြေငလျင်စခန်း #မြောက်ဥက္ကလာပ #ဘေးတိုက်ကြီးလှုပ်သွားတာ

Repost from Khit Thit Media
ဥကရစ်ထတိုက်ပွဲတွင် သေဆုံးသော စစ်သားအလောင်းပုံများ ကော်ဘရာက ထုတ်ပြန်၊ ဥကရစ်ထတိုက်ပွဲတွင် ပုန်းရှောင်ပြေးလွှားရင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ တပ်ကြပ်ကြီးမြင့်လွင်ကို သူရဲကောင်း ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့် ရန်ကုန်၊ ဇူလိုင် ၄ ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ ဥကရစ်ထတိုက်ပွဲတွင် သေဆုံးသွားကြသော စစ်ကောင်စီဘက်တော်သားများ၏ ရုပ်အလောင်းများကို ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်လိုက်သည်။ အဆိုပါ တိုက်ပွဲသည် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လဆန်းပိုင်းအထိ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ စက်သေနတ်ပစ်ခတ်သူ ၃ ဦးပါ သေဆုံးကြောင်း၊ VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ စနိုက်ပါ လက်ချက်ဖြင့် တပ်ကြပ်ကြီးမြင့်လွင် သေဆုံးကြောင်း၊ စုစုပေါင်း စက်သေနတ်ပစ်ခတ်သူ စစ်သား ၃ ဦးသေဆုံးကြောင်း VENOM စစ်​ကြောင်းက သတင်းထုတ်ပြန်သည်။ စက်သေနတ်ပစ်ခတ်သူ တပ်ကြပ်ကြီးမြင့်လွင်သည် ဘန်ကာထဲတွင် ပြေးလွှားရင်း စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသော်လည်း စစ်တပ်ထောက်ခံသူများက ဥက္ကရစ်ထ သူရဲကောင်းဟု လည်းကောင်း၊ သေနတ်ကိုင်ရင်း သေဆုံးသွားသည်ဟုလည်းကောင်း စသည်ဖြင့် ဝါဒဖြန့် မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။ "ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့---က ဘန်ကာအဝင် မြောင်းထဲမှာ ပက်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာ မြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိ‌နစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ"ဟု ကော်ဘရာစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက ရေးသားထားသည်။

Repost from Hlaing Info
ဝက်လက်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော်(၈)ဦးကျဆုံးခဲ့ ဇူလိုင်လ ၄ ရက် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မင်းရွာအရှေ့တ
ဝက်လက်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော်(၈)ဦးကျဆုံးခဲ့ ဇူလိုင်လ ၄ ရက် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မင်းရွာအရှေ့တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး ရဲဘော်(၈)ဦးကျဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့အဖွဲ့ တွေက ဒီနေ့ဇူလိုင်(၄) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မင်းရွာအရှေ့တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး ရဲဘော်(၈)ဦးကျဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့အဖွဲ့ တွေက ဒီနေ့ဇူလိုင်(၄) ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ဆက်လက်ဖတ်ရှူရန် - 👇👇👇

Repost from Hlaing Info
စစ်ကောင်စီ၏ ဥကရစ်ထ ခြေကုတ်စခန်းအား ပူးပေါင်းတပ်ဖွဲများ မတိုက်ခိုက်မီနှင့် တိုက်ခိုက်ပြီး အခြေအနေ ရုပ်သံမှတ်တမ်း(ရုပ်/သံ) ဇူလိုင်လ ၄ ရက် စစ်ကောင်စီ၏ ဥကရစ်ထ ခြေကုတ်စခန်းအား ပူးပေါင်းတပ်ဖွဲများ မတိုက်ခိုက်မီနှင့် တိုက်ခိုက်ပြီး အခြေအနေ ရုပ်သံမှတ်တမ်းကို ကော်ဘရာစစ်ကြောင်းမှ ထုတ်ဖော်ပြသလိုက်ပါတယ်။ ရုပ်သံ - Cobra Column Hlaing Info

Repost from Hlaing Info
ဥကရစ်ထစခန်းကိုစစ်ကူလာပေးတဲ့အင်အား(၆၀)ကျော်ပါ အကြမ်းဖက်စစ်တပ် တပ်ပျက်သွားတယ်လို ဖမ်းမိတဲ့တပ်သားပြော(ရုပ်သံ) ဇူလိုင်လ ၄ ရက် ကရင်ပြည်နယ်၊ ဝေါလေဒေသက ဥကရစ်ထစခန်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားကို ကော်ဘရာစစ်ကြောင်း(CobraColumn) က စစ်ကြောင်းမှုး ဗိုလ်ဒါဘောက စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားရဲ့ ပြောဆိုမှုအရ သူဟာ ဥကရစ်ထစခန်းကို စစ်ကူလာပေးတဲ့ တပ်က ဖြစ်ပြီး တပ်သား(၆၆)ယောက်ပါတဲ့စစ်ကြောင်းဟာ ဖွဲစည်းပုံပျက်တဲ့အထိ သေကြေပျက်စီးခဲ့တယ်လို သိရပါတယ်။ ဆက်လက်ဖတ်ရှူရန် - 👇👇👇

Repost from Khit Thit Media
တာမွေ ကျားကွက်သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တပည့် ချစ်ဖူးအောင် သေဆုံး၊ အမျိုးသမီးတစ်ဦး ခြေကျိုး ရန်ကုန်၊ ဇူလိုင် ၃ ရန်ကုန်မြို့ တာမွေမြို့နယ် ဓမ္မစိန္တာလမ်းရှိ ကျားကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏တပည့်ဖြစ်သူ ချစ်ဖူးအောင်(ခ) မင်းသားကြီး သေဆုံးကာ အမျိုးသမီး ၁ ဦး ခြေကျိုးသွားကြောင်း သိရှိရသည်။ "ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းသူက စစ်တပ်နဲ့ ပေါင်းနေတာ။ အုပ်ကြီးက ဝင်းသူ YRO Rescue ဒုဥက္ကဌပါ။ ဥက္ကဌက သက်သက်ခိုင်ရဲ့ အစ်ကို ထွန်းထွန်းဦးပါ။ ဗုံးထိပြီး သေသွားတာက စစ်တပ်နဲ့ပေါင်းနေတဲ့ ကျားကွက်သစ်အုပ်ကြီး တပည့် ချစ်ဖူးအောင်(ခ)မင်းသားကြီး။ ဒဏ်ရာရတဲ့မိန်းကလေးက ဌေးဌေးပါ။ သူက ခြေကျိုးလက်ကျိုးဖြစ်တယ်။ အဲဒီ အုပ်ချုပ်ရေးမှူးရုံးက ဧည့်စာရင်းတိုင်သူတွေကို တစ်ယောက် ၂၀၀၀ တောင်းလို့ နာ မည်ကြီးနေတဲ့ ရုံးပေါ့" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကို ဝိမုတ္တိ-လွတ်မြောက်ခြင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ Photo- ပေးပို့။

Repost from HTY Information
လှိုင်သာယာမြို့နယ် အကသများမှ တော်လှန်ရေးစာစောင် များဖြန့်ဝေပြီး sticker campiagn ပြုလုပ် HTY Information (ဇူလိုင်လ၃ရက်) ရန်ကု
+3
လှိုင်သာယာမြို့နယ် အကသများမှ တော်လှန်ရေးစာစောင် များဖြန့်ဝေပြီး sticker campiagn ပြုလုပ် HTY Information (ဇူလိုင်လ၃ရက်) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်း သားများသမဂ္ဂမှ ဒီကနေ့ ဇူလိုင် (၃) ရက်နေ့တွင် Bus ကားပေါ် တော်လှန်ရေးစာစောင်များဖြန့်ဝေ၊ stickers များကပ်ပြီး အာဏာသိမ်းခေါင်းဆောင်ရဲ့ ဓာတ်ပုံတို့အား မီးရှို့ခြင်းကို ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင် ယခု တော်လှန်ရေးကာလအတွင်းအများပြည်သူ များအနေနှင့်လည်း နိုင်ရာကဏ္ဍမှဆက်လက်တော်လှန်နေပေးဖို့ကိုလည်း လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်း သားများသမဂ္ဂမှ တောင်းဆိုထားပါသည်။ #ဓာတ်ပုံ_လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်း သားများသမဂ္ဂ #HTY_Information

Repost from Mizzima
ဇူလိုင်လ ၃ ရက်နေ့၊ ည ၉ နာရီအထိ နောက်ဆုံးရသတင်းများ =================== - စစ်ကောင်စီ အမှတ် ၆၀၁ ဒုံးတပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ဒေသကာကွယ်ရေးတပ်သို့ CDM ဝင် - တာမွေ ကျားကွက်သစ်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးဒဏ်ရာရ - ဧရာဝတီမြစ်ကြောင်းတလျှောက် ရေယာဉ်အသုံးပြုသွားလာနေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန် ရေမြုပ်မိုင်းထုတ်လုပ်မှု အောင်မြင် - နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင် ၂၀၀ နီးပါး သုတ်သင် ပြီးစီး Photo - CJ https://youtu.be/s-4w7QTSX6o #9PMNews #MizzimaDailyNews #MizzimaTV ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Repost from Mizzima
ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ (၃) နယ်မြေအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီစခန်းငါးခုနှင့် လက်နက်ခဲယမ်းများကို ထုတ်ပြန်
+7
ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ (၃) နယ်မြေအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီစခန်းငါးခုနှင့် လက်နက်ခဲယမ်းများကို ထုတ်ပြန်လိုက်သည်။ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို ဇူလိုင် ၂ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

ရက်ရက်စက်စက် ညဉ်းပမ်းနှိပ်စက်ခံထားရသည့် NLD ပါတီဝင် ၂ ဦး၏ အလောင်းများ ပြန်လည်ရရှိ https://tomz.xyz/blog/archives/14286
+3
ရက်ရက်စက်စက် ညဉ်းပမ်းနှိပ်စက်ခံထားရသည့် NLD ပါတီဝင် ၂ ဦး၏ အလောင်းများ ပြန်လည်ရရှိ https://tomz.xyz/blog/archives/14286

ယခုပုံပိုင်ရှင်မှာ စစ်ကောင်စီတပ်သားဖြစ် * * * * * ကရင်ပြည်နယ်၊ ဝေါ်လေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲတွင် ယခုပုံပါ စက်လက်သမားသေဆုံး
ယခုပုံပိုင်ရှင်မှာ စစ်ကောင်စီတပ်သားဖြစ် * * * * * ကရင်ပြည်နယ်၊ ဝေါ်လေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲတွင် ယခုပုံပါ စက်လက်သမားသေဆုံးခြင်းနှင့် ပတ်သက်၍ ပြည်သူများက တော်လှန်ရေးရဲဘော်ဟု ထင်မြင်ယူဆကာ အွန်လိုင်းပေါ်တွင် ရေးသား၍ မှားယွင်း ဝမ်းနည်းနေသည်ကိုတွေ့ရသည်။ ဥကရစ်ထတိုက်ပွဲအတွင်း VENOM စစ်ကြောင်းမှူးစောဝင်းမြင့် ၏ စနိုက်ပါ လက်ချက်ဖြင့် သေဆုံးသွသည့် စစ်ကောင်စီတပ်မှ စက်လက်သမား(၃)ဦးသေဆုံးခဲ့သည့်အနက် ၎င်းဓာတ်ပုံပိုင်ရှင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ "ခွေးတပ်၏ အားကိုးအားထားရသော ထိုစက်လက်သမားများသည်ဇော်မဲလုံး၏ ပလီပလာစကားများကိုမကြိုက်သဖြင့် စက်လက်ရှေ့တွင်ထိုင်ကာ အသေခံမည်ဟုဆုံးဖြတ်ပြီး VENOM စစ်ကြောင်းမှူးစောဝင်းမြင့်၏ sniper ထံသို အသက်ပေးလှူသွားခဲ့သည်" ဟု VENOM စစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ #TachileikNewsAgencyVENOM Commando ARMYKNU

Repost from Khit Thit Media
ဘီးလင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲခံရပြီး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ် သား ၉ ဦး ပွဲချင်းပြီး သေဆုံး၊ ၅ ဦးဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးဖွယ်ရှိ ရန်ကုန်၊ ဇူလိုင် ၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ မွန်းတည့်ချိန် စစ်ကောင်စီ၏ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၉ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စည်ပင်သာယာဂိတ်အထွက်၊ နောင်ရိုးတွင် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၁စီးမှာ မိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ ပျက်စီးသွားကြောင်း၊ အဆိုပါစစ်ကားတန်းသည် ပဲခူးတိုင်းကျောက်ကြီးဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထို တပ်ထဲသို့ ဝင်သွားကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်း ရှေ့ဆက်သွားမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။ "ဘီးလင်းမှာ ဒီမနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦး ပွဲချင်း ပြီးသေတယ်။ ၅ ဦး က ဒဏ်ရာအပြင်းအထန်နဲ့ အသည်းအသန်ပဲ။ သေမယ့်သဘောရှိတယ်။ စစ်သား ၉ ဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀ စီးမှာ ၁ စီးက လုံးဝပျက်စီးသွားတာ။ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်" ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်တစ်ဦး။ Photo- AFP

Repost from Khit Thit Media
မုန်းမြို့နယ်အတွင်းရှိ စစ်တပ် စခန်း ၅ ခုကို တစ်ပြိုက်တည်း သိမ်းယူဟု KNU က ကြေညာ၊ စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး၊ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၄ ဦးသေဆုံး ရန်ကုန်၊ ဇူလိုင် ၃ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ၅ ခုကို တစ်ပြိုက်နက်တည်းတိုက် ခိုက် သိမ်းယူဟု KNU က ကြေညာလိုက်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၄ ဦးသေဆုံးပြီး အများအပြား ထွက်ပြေးကြောင်း KNU က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်း လောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ၊တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုစစ်တပ် စခန်းများသည် အများပြည်သူကို ဟန့်တားနှောင့်ယှက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်ကြောင်း၊ အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့စစ် (၄)ဉီးသေဆုံးကြောင်း၊ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြကြောင်း သိရှိရသည်။ စစ်တပ်စခန်းများကို အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် ၈ လက် (လက်နက်အမျိုးအစားစိစစ်ဆဲ) နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမူ နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။ အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်မည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း၊ ထိုသို့လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNU က ပြောသည်။ ထို့ပြင် ကျွန်းပင်ဆိတ်ကျေးရွာနေ စောဒိုးကရိုး (၇၀ နှစ်) မှာ လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်အထိအခိုက်များမှာမူ အတည်ပြုရန်ကြိုးစားလျက်ရှိကြောင်း၊ စခန်းသိမ်းတိုက်ပွဲများနှင့် နီးသည့် ကျေးရွာ အားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်နေကြသည့် ကျေးရွာများကို အတည်ပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း၊ ထို့ပြင် မှန်ကန်သည့်သတင်းအချက်အလက်များကို စစ်ရေး လုံခြုံရေးအရ လိုအပ်သလိုထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည့်အတွက် ကေအဲန်ယူ - ကရင်အမျိုး သားအစည်းအရုံး၏ သတင်းဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာပေးရန် လေးနက်စွာ တိုက်တွန်းအပ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်ကိုင်း မှာ ရှိတဲ့ တရုတ်ကုမ္မဏီဝမ်ပေါင် စီမံကိန်းကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အားတိုင်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲလို့ ဓာတ်တိုင်ကျိုးသွားတယ်။ ဒါတင်လား ဆိုတော့ မကဘူး။ စီမံကိန်းဝင်းထဲမှာ စခန်းချနေတဲ့ စကစ တပ်တွေကို ရှော့တိုက်ဒုံးတွေ နဲ့ ချသေးတယ် ဆိုပဲ။ ဒီလို မီးတိုင်ချိုး၊ စီမံကိန်းဝင်းထဲက စကစခွေးတွေကို ချရတဲ့အကြောင်းက စကစခွေးတွေဟာ ဝမ်ပေါင်ဝင်းထဲမှာ စခန်းချ၊ နယ်မြေရှင်းလင်းရေး ခေါင်းစီးတပ်ပြီး စီမံကိန်းဝန်းကျင်က ရွာတွေ ကို လုယက် ဖျက်စီး သတ်ဖြတ်တာတွေလုပ်ဆောင်ပြီးရင် စီမံကိန်းဝင်းထဲကို ပြန်ဝင်စတည်းချ ဆိုပြီး လုပ်ဆောင်နေလို့ PDF တွေက တိုက်ခိုက်တယ်ဆိုတာကတော့ အသေအချာပါပဲ။ - စကစ တပ်ဟာ စီမံကိန်းအပြင်မှာ စတည်းချရင် PDF တွေရဲ့ တိုက်ခိုက်မှုခံရနိုင်တဲ့အတွက် တရုတ်စီမံကိန်း နယ်မြေအတွင်းမှာပဲ စခန်းချ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။ တနည်းဆိုရရင်တော့ တရုတ်စီမံက်န်းကို PDF တွေက မတိုက်ခိုက်ဘူးဆိုတဲ့ အနေအထားကို အကာအကွယ်ယူတဲ့ ဂန်းဒူးတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်သာသာ အဆင့်သာဖြစ်ပါတယ်။ ဒီလို စီမံကိန်းကို အကာအကွယ်ယူပြီး ပတ်ဝန်းကျင် ရွာတွေကို မီးရှို့ ဖျက်စီး လုယက် လူသတ်နေတာကို PDF တွေ အနေနဲ့ အကြိမ်ကြိမ် စာထုတ်ပြီး ဝမ်ပေါင် ကုမ္မဏီကို သတိပေးထားခဲ့ပေမယ့် ဝမ်ပေါင် ကုမ္မဏီ အနေနဲ့လဲ သေနတ်ပြပြီး ဝင်တော့ လက်ခံရတဲ့ အနေအထားပါပဲ။ ခုခါမှာတော့ PDF တွေ အနေနဲ့ ဝမ်ပေါင် ကုမ္မဏီ အခြေအနေကိုလဲ သိရှိသွားပြီး ကုမ္မဏီ စီမံကိန်းဝင်းအတွင်းမှာ စတည်းချနေတဲ့ စကစ ရဲ့ နေရာတွေကို ရှောတိုက်ဒုံးတွေ ပစ်ရာမှာ စကစခွေးတွေ အထိနာတယ်လို့ သတင်းရပါတယ်။ ဒါ‌‌ေကြာင့်လဲ စကစခွေးတွေဟာသူတို့ တိုက်ခိုက်ခံရတဲ့အတွက် စီမံကိန်းထဲက ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေး နှိပ်စက် မေးမြန်းချင်တဲ့ အနေအထားတွေဖြစ်နေတယ်လို့လဲ သိရှိရပါတယ်။ - ဒီလိုဖြစ်နေတဲ့အခြေအနေမှာပဲ တရုတ်နိုင်ဝန် ဝမ်ယီဟာ ပုဂံကို မဲခေါင်စည်းဝေးတက်ဖို့လာမယ် ဆိုတဲ့ သတင်းတက်လာပါတယ်။ ဒီသတင်း နဲ့ အတူ မရှေးမနှောင်း တက်လာတဲ့ သတင်းက တရုတ်ဟာ စကစကို အရင် နအဖ လိုပဲ ပြန်လည် ဆက်ဆံတော့မယ် ဆိုတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးတခုပါပဲ။ ဒီသတင်းဆောင်းပါးကို ချက်ချင်း မြန်မာလို ပြန်ပြီး ဝေမျှတာတွေကလဲ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် ဖြစ်လာတာတွေ လဲ မြင်နေရပါတယ်။ ဒီလိုမျိုး အင်္ဂလိပ် သတင်းဆောင်းပါးတပုဒ်ကို ချက်ချင်းဘာသာပြန် လိုင်းပေါ်တင်ပြီး ဖြန့်ဝေနှုန်း အားကောင်းတာမျိုး ဒီတခါပဲ တွေ့ဖူးပါတယ်။ - အဲဒီတော့ တရုတ်ကြီးဟာ စကစ ကို အရင်လို ပြန်ဆက်ဆံဖို့ ဆုံးဖြတ်ပြီး ဝမ်ယီ လာတယ် ဆိုပြီး ပြောမယ်ဆိုရင်တော့ အချိန်လေးစောင့်ပြီးမှ ပြောမယ် ဆိုရင်တော့ ပိုသင့်တော်မယ်လို့ အကြံပြုချင်ပါတယ်။ ကျနော်တို့ Admin တွေ ရဲ့ ယူဆချက်ကတော့ ဝမ်ယီလာတယ်ဆိုတာ ဝမ်ပေါင်ဝင်းထဲက စကစခွေးတွေကို စီမံကိန်းအပြင်ထွက်ပြီး စခန်းချဖို့ အဓိက ပြောမယ်လို့ ယူဆပါတယ်။ တဆက်တည်းမှာပဲ ကျောက်ဖြူ စီမံကိန်းဘက်မှာလဲ ဝမ်ပေါင်လို စီမံကိန်းထံမှာ စကစ ဟာ ရေတပ်ရော၊ ကြည်းတပ်ပါ တပ်ချနေတယ်လို့ တွက်ချက်လို့ရပါတယ်။ - ဒီလိုမျိုး အခြေအနေတွေကြောင့် တရုတ်ကြီးဟာ ပုဂံကို လူလွှတ်လိုက်တာပါပဲ။ စကစ ဘက်က ကြည့်မယ် ဆိုရင်တော့ သူရဲ့ Plan ကြီး အောင်မြင်တယ်လို့ ယူဆမှာအသေအချာပါပဲ။ ဒီအတွက်ကြောင့်လဲ စကစ ခေါင်းကြီး မအလ ဟာ တရုတ်ခေါင်းကြီး ရှီကျင့်ဖျင် နဲ့ တွေ့လို့ရမယ့် အနေအထားအထိ တရုတ်ကို အကွက်တွေ ထပ်ချအုံးမယ် ဆိုတာကလဲ အသေအချာပါပဲ။ အဲဒီတော့ တရုတ်ကြီးကပဲ စကစ အကွက်ထဲဝင်မလား? စကစ ကပဲ တရုတ်ကြီး အကွက်ထဲဝင်သွားမလား ဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်စောင့်ကြည့်ရမှာပါပဲ။ - တရုတ်ကြီး နဲ့ စကစ တို့ရဲ့ ဆက်ဆံရေး စောင့်ကြည့်ရမှာက တပိုင်းသာ ဖြစ်ပြီး၊ PDF တွေ အနေနဲ့ကတော့ ဝမ်ပေါင်စီမံကိန်းဝင်းထံက စကစ ခွေးတွေ မထွက်သမျှ စခန်းချထားတဲ့ နေရာများကို တိတိကျကျ ဆက်လက်တိုက်ခိုက်နေဖို့ကတော့ လိုအပ်နေအုံးမှာပဲ။ ဒီအတွက် ဆက်လက်တိုက်ခိုက်ဖို့ လဲ အကြံပြုပါတယ်။ - ကျေးဇူးတင်ပါတယ်။