en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
KNU တပ်မဟာ(၅)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွား၊ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀
KNU တပ်မဟာ(၅)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွား၊ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ =========== PVTV July 2, 2022 ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၉၀ ကျော်သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံ 👇👇👇

🚨 နောက်ဆက်တွဲသတင်း 🚨 ⛳️⛳️ ၎င်း သာကေတမြို့နယ်တဝိုက်မှ ပေါက်ကွဲသံကြားရခြင်းမှာ 💥💥 သာကေတ တစ်ဖက်ကမ်းဖြစ်သော သုဝဏ္ဏမြို့နယ် ၂၄ ရပ်ကွက်ရှိ ရေနံ့သာစည်ပင်ဝန်းထဲတွင် မြက်ရှင်းရင်း နာနတ်သီးတွေ့၍ စခရခများ ကိုယ်တိုင်ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များမှ Eagle News သို့ ပေးပို့လာပါသည် ။ 💢💢 ဖြစ်စဥ်နှင့်ပတ်သက်၍ စခ၊ရခများ၏လက်ထဲသို့ CCTV မှတ်တမ်းများ ရရှိသွားကြောင်းနှင့် ၎င်း ၂၄ ရပ်ကွက်အားလည်း ဧည့်စစ်နိုင်ချေရှိပါသဖြင့် အားလုံးကြိုတင် ရှောင်ရှားနိုင်စေရန် တင်ပြလိုက်သည် ။ 🦅EN🦅 🕒 08:05 PM 👞👞 သတင်းပိုရန် 👉 https://t.me/EN21scouter ပိုမိုလေ့လာရန် 👉 https://t.me/UOEnews

ကျိုက်ထိုမြို့နယ်ကို စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ DVB ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် နှစ်ဘက်စစ်ရေး အခြေအနေ ပိုမို တင်းမာလာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ http://burmese.dvb.no/archives/536733 #DVB #News #အင်အားအလုံးအရင်း #စစ်ကောင်စီတပ် #ကျိုက်ထို

“မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံကို ဗုံးဖောက်ခွဲတာ မပေါက်ကွဲပေမယ့် လေတပ် အရာရှိ နဲ့ စစ်သား အများအပြား ဖမ်းဆီးခံထားရပြီး ဖုန်းတွေလည်း သိမ်းခံထားရတယ်။ နောက်ပြီးတော့ အချင်းချင်း ပစ်ခတ်မှုဖြစ်တယ်လို့လည်းသတင်းလွှင့်ထားတယ်။” မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံကို ဗုံးထောင်ခဲ့သူ လွတ်မြောက်နယ်မြေ ရောက်ရှိသူ ရဲဘော်လျှပ်စီးနှင့်တွေ့ဆုံခြင်း ====================== By ရန်ကုန်ခေတ်သစ် July 2 ,2022 ကရင်ပြည်နယ်ရှိ KNDO ၊ KNLA နှင့် PDF တွေကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက် နေသည့်အတွက် မှော်ဘီလေတပ် စခန်းကို ဗုံးခွဲတိုက်ခိုက်ရန်ဖို့ စီစဉ်ခဲ့ပါတယ်။ ဇွန်လ၂၈ ရက်ညပိုင်းက လေတပ် ထဲဝင်ရောက်ပြီး ဗုံးထောင်ခဲ့ပေမယ့် မပေါက် ကွဲလို့ စစ်ဆင်ရေးမအောင်မမြင်ဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေး မအောင် မြင်ပေမယ့် စနစ်တကျဆုတ်ခွာနိုင်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ CDM တပ်ကြပ်ကြီးလျှပ်စီး ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါတယ်။

Repost from Khit Thit Media
“မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံကို ဗုံးဖောက်ခွဲတာ မပေါက်ကွဲပေမယ့် လေတပ် အရာရှိ နဲ့ စစ်သား အများအပြား ဖမ်းဆီးခံထားရပြီး ဖုန်းတွေလည်း သိမ်းခံထားရတယ်နောက်ပြီးတော့ အချင်းချင်း ပစ်ခတ်မှုဖြစ် တယ်လို့လည်းသတင်းလွှင့်ထားတယ်။” မှော်ဘီလေတပ် လေယာဉ်သိုလှောင်ရုံကို ဗုံးထောင်ခဲ့သူ ရဲဘော်လျှပ်စီးနှင့်တွေ့ဆုံခြင်း By ရန်ကုန်ခေတ်သစ် ကရင်ပြည်နယ်ရှိ KNDO ၊ KNLA နှင့် PDF တွေကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက် နေသည့်အတွက် မှော်ဘီလေတပ် စခန်းကို ဗုံးခွဲတိုက်ခိုက်ရန်ဖို့ စီစဉ်ခဲ့ပါတယ်။ဇွန်လ၂၈ ရက်ညပိုင်းက လေတပ် ထဲဝင်ရောက်ပြီး ဗုံးထောင်ခဲ့ပေမယ့် မပေါက်ကွဲလို့ စစ်ဆင်ရေးမအောင်မြင်ဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေး မအောင် မြင်ပေမယ့် စနစ်တကျဆုတ်ခွာနိုင်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ CDM တပ်ကြပ်ကြီးလျှပ်စီး နှင့်တွေ့ဆုံမေးမြန်းထားပါတယ်။ https://youtu.be/__NvVU57Cuw

Repost from Thorn Nay Soe
တပ်မဟာ ၆ နဲ့ ဥကရစ်ထ မှာ မဲတိုက်နေတုန်း တပ်မဟာ ၃ က ကျောက်ကြီးမှာ ဝင်ဆော်။ စခန်း ၅ခုအထိ သိမ်းပိုက်ရရှိ ကြောင်ပြာစခန်း။ ကျွန်းပင်ဆိပ်စခန်း။ အောင်းလောင်းစိန်စခန်း။ ကော့ပြင်းစခန်း။ ကျောင်းစုစခန်း။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကြောင်ပြာရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများထွက်ပြေးနေရ၊ စစ်တပ်က အထိနာသဖြင့် လက်နက်ကြီးများ၊ တိုက် လေယာဉ်များဖြင့် တိုက်ခိုက်နေ 🖲️ MPCDM July 2🖲️ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီး ကြောပြာရွာပတ်ဝန်းကျင်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ ပြည်သူများ ထွက်ပြေးနေရကြောင်း၊ စစ်တပ်က အထိနာနေသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။ ယနေ့ နံနက် ၄ နာရီမထိုးမီ အချိန်မှစတင်ပြီး ကျောက်ကြီး မြို့နယ် မုန်းမြို့အနီး ကြောင်ပြာကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားကြောင်း၊ KNLA ၊ PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်တပ်အကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲလာကြောင်း၊ အနီးအနား ကျေးရွာများမှ ပြည်သူများ အားလုံး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင် ရကြောင်း ဒေသခံများက ပြောဆိုသည်။ "မနက်အစောကြီးက ဖြစ်ကြတာ။ ကြောင်ပြာရွာ ပတ်ပတ်လည် ရွာတွေ အကုန်းပြေးနေရပြီ ။ ကျောက်ကြီးမြို့နယ် မုန်းနယ်။တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ ပြည်သူတွေ အကုန်ပြေးနေရတယ်။ စစ်တပ်က အရမ်းအကျများတယ်ပြောတယ်။ အခု လေယာဉ်တွေနဲ့ ဗုံးလာကျဲနေတယ်။ စစ်တောင်းမြစ်ထဲကနေ ပြေးနေရတာ။ ဖြစ်နေတာက စစ်ခွေးစခန်းတွေကို လာတိုက်တာလို့ ပြောတယ်။ မဲပုတ်စခန်း ၊ကျွန်ပက်ဆပ် စခန်းအောင်လောင်စိန် ရွာ စခန်း၊ မုန်းအရှေ့ဘက် စခန်းတွေမှာ ဖြစ်နေကြတာ။ အဲဒီဘက်က တပ် ၅၉၉ နဲ့ ၅၀၉ တပ်နယ်မြေတွေပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ . လက်ရှိ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများမှာ ပြင်ဆင်ချိန်မရှိဘဲ ထွက်ပြေးရခြင်းဖြစ်၍ စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း၊ ကျည်လွတ်ရာကို ဦးတည်၍ ထွက်ပြေးနေရသည့် အခြေအနေဖြစ်နေ ကြောင်း သိရှိရသည်။ #Myanmar Police CDM Channel

နန်းထိုက်အောင်တွက် ကူကြမ်းပေးကြပါဦး။ ဥရောပမှကူချင်သူများ ဖင်လန်အကောင့်ကိုပို့ထားနိုင်ပါတယ်။ လာလာမေးကြလို့ အားရပါးရ ကြမ်းနိုင
နန်းထိုက်အောင်တွက် ကူကြမ်းပေးကြပါဦး။ ဥရောပမှကူချင်သူများ ဖင်လန်အကောင့်ကိုပို့ထားနိုင်ပါတယ်။ လာလာမေးကြလို့ အားရပါးရ ကြမ်းနိုင်ပါပြီနော်။ 💪👊 http://www.nanhtikeaung.org/

Repost from HTY Information
ဥကရစ်ထစခန်းကို သာလွန်အင်အားသုံး လာရောက်တိုက် ခိုက်ကျပေမဲ့ ကျဆုံးတာမျိုးမရှိသေးဘူးလို့ ဆို HTY Information (ဇူလိုင်လ ၁ ရက်) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်မှာရှိ စစ်ကောင်စီတွေရဲ့ ဥကရစ်ထစခန်းကို တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသောလည်း လက်ရှိအချိန်အထိ စစ်စခန်းကို လက်မလွှတ်ရသေးဘဲ ခုခံကာကွယ်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့ကစလို့ ဥကရစ်ထစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ KNLA ၊ KNDOနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သာလွန်အင်အားသုံးပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ၈ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်တာခံခဲ့ပေမဲ့ ခုခံကာကွယ်နေတယ်လို့ ၎င်းက ဆိုပါတယ်။ အပြည့်အစုံ - https://www.hlaingtharyarinformation.com/posts/kyaittaskhanko-thalunainaathon-layaawettoet-khoetkyapeme-kyasaontamyaomyahithebaulo-sao #သတင်းစာရှင်းလင်းပွဲ #ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ #HTY_Information

MRTV / MWD က ပြောတဲ့ ဥကရစ်ထမှာ နိုင်နေပြီဆို " ဗိုလ်က ကြပ်မပြည့်ဖူး " ဆိုပဲ 😂 🤣

NUGpay အကောင့်ဖွင့်ချင်သော မောင်နှမများ အဲ့မှာပါ ခင်ဗျ အကောင့်ဖွင့်လို့ရအောင် ပါနော်
+4
NUGpay အကောင့်ဖွင့်ချင်သော မောင်နှမများ အဲ့မှာပါ ခင်ဗျ အကောင့်ဖွင့်လို့ရအောင် ပါနော်

၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဟောကိန်းထုတ်၊ မန္တလေးမဟာသင်္ကြန်စာက မင်းရာဇာနှင့် မိဖုရားအပေါင်း အန္တရာယ်ကျမည်ဟု ဖော်ပြ ရန်ကုန်၊ ဇန်နဝါရီ ၂ လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဘက် ခေါင်းဆောင်များ ပျက်စီးကိန်းကြုံရလိမ့်မည်ဖြစ် ကြောင်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။ ယခု ၂၀၂၂ ခုနှစ်သည် ဂြိုလ်သဘောတရားများအရ အလွန်ထူးခြားသော နှစ်ဖြစ်ပြီး အပြောင်း အလဲ ကြီးကြီးမားမား ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၏ ဂြိုလ်များ ရပ်တည်မှုသည် အလွန်ထူးခြားကြောင်း ပြောဆိုသည်။ "၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ကစပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ အထူးမြင့်မားလာပြီး၊ ဒီဇင်ဘာလအတွင်း တိုက်ပွဲများ အရှိန်အဟုန်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ လဆန်းမှ လလယ်အထိဟာ စစ်ကောင်စီတပ်များ အကျအဆုံးများပြားမယ့် ကာလဖြစ်ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှာ စစ်ကောင်စီအနေနဲ့ သံတမန်ရေးရာ လှည့် ဖြားမှုတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၂ ဇန်နဝါရီလ လလယ်မှာ ပြည်သူလူထုကို အလွန်အားတက်စေမယ့် သတင်းစကားကောင်းများ စတင် ကြားသိရမှာ ဖြစ်ပါတယ်။ ပြည်ပအကူအညီအထောက်အပံများလည်း လက်ခံ ရရှိပါလိမ့်မယ်။ ဖေဖော်ဝါရီလနဲ့ မတ်လဟာ သံတမန်ရေးရာတိုက်ပွဲများ၊ မြေပြင်စစ်ရေးတိုက်ပွဲများဆက်တိုက်ရှိနေမှာ ဖြစ်ပါတယ်" ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဆိုသည်။ ပြည်သူများ၏ အောင်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့် အရှိန်အဟုန်များဖြင့် ထင်သာမြင်သာ အောင်ပွဲများရရှိလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ "၂၀၂၂ ဖေဖော်ဝါရီလကုန်ပိုင်းကနေ စပြီး လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ထင်သာမြင်သာတဲ့ ပြည်သူ့အောင်ပွဲအချို့ စတင်ရရှိလာပါလိမ့်မယ်။ မတ်လ၊ ဧပြီ လများမှာ စစ်ရေး လှုပ်ရှားမှုတွေ ကြီးစိုးနေမှာ ဖြစ်ပါတယ်။ ၂၀၂၂ ဧပြီလကုန်ပိုင်းမှစပြီး ပြည်သူလူထုနဲ့ ဒီမိုကရေစီအရေးအတွက် အလှည့်အပြောင်းတွေ စရှိလာပြီး ပြည်သူများဘက်က မကြာမီ အချိန်ကာလတစ်ခုမှာ အောင်ပွဲရရှိပါလိမ့်မယ်" ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ပြောဆိုသည်။ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက် ဟောထားသည့် မန္တလေးမဟာသင်္ကြန် စာအရ မင်းရာဇာနှင့် မိဖုရား အပေါင်း ဘေးဥပါဒ်အန္တရာယ်ရှိမည်ဟု ဟောကိန်း ထုတ်ထားသည်ကို တွေ့ရသည်။ ယင်းအပြင်ဧကရာဇ်မင်းရာဇာတို့က အလေးအမြတ်ထား ပူဇော်အားကိုးရသည့် ရဟန်းပညာရှိ မင်းပညာရှိ သုခမိန်များ အချင်းချင်း ပဋိပက္ခ အငြင်းအခုံ ဖြစ်ပေါ်မည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူတို့သည် ရေလမ်း ကုန်းလမ်း ဘေးဖြစ်နိုင်သည် တနည်းဆိုသော် ခရီးသွားလာသူတို့သည် ကုန်းလမ်းဖြစ်စေ ရေလမ်းဖြစ်စေ အန္တရာယ် ကျရောက်နိုင်သည်ဟု သင်္ကြန်စာတွင် ဖော်ပြထားသည်။ ပြည်သူပြည်သားအပေါင်းတို့သည်လည်း ဒဏ်သင့်ကြကုန်သည်ဖြစ်၍ အိမ်နီး ချင်းတိုင်းနိုင်ငံများပါ ထိခိုက်ပျက်စီး ရတတ်ကြောင်း ဟောကိန်းတွင် ဖော်ပြထားသည်။ ယင်းအပြင် ဆန်ရေးစပါး အခြေခံစားသောက်ကုန်များ ရှားပါးလာမည်ဟု ဆိုထားသည်။

🌸 ရန်ကုန် 🌸 🥁🥁 လှိုင်သာယာ ၃ ထိပ် အုပ်ကြီး သေနတ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသွားကြောင်း ကနဦး သိရှိရ ။ 🦅EN🦅 🕙 8:55 PM 🦋 ENသို့ လုံခြုံစွာ သတင်းပေးရန်နှိပ်ပါ 👇👇👇👇👇 @EN21scouter

❗️UN သံအရာရှိ ကား ပစ်ခတ်ခံရ ❗️ ကြည်မြင်တိုင် စည်ပင်ရုံးရှေ့တွင် ကာထားတဲ့ ဘယ်ရီဂိတ်များအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိ၍ စကစဘ
❗️UN သံအရာရှိ ကား ပစ်ခတ်ခံရ ❗️ ကြည်မြင်တိုင် စည်ပင်ရုံးရှေ့တွင် ကာထားတဲ့ ဘယ်ရီဂိတ်များအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိ၍ စကစဘက်မှ ၅ချက် ၆ချက်ထွက်ပစ် ။ ကားသမားများဆွဲချ၍ ရိုက်နှက်မှုများပြုလုပ်နေကြောင်း ကနဦး သတင်းရရှိပြီး ၄င်းပစ်ခတ်ခံရတဲ့ ကားမှာ crown အမျိုးအစား ဖြစ်၍ UN မှကားဖြစ်ကြောင်းနှင့် စကားပြန်နဲ့ UN သံတမန်အရာရှိ ပါဝင်ပြီး ထုထောင်းရိုက်နှက်ခံရတယ်လို့ သိရပါတယ် edited .UN ကားပေါ်မှ တဦး သေဆုံးနိုင်ကြောင်း ထပ်မံသတင်းရရှိပါတယ်။ #NSTF #NationalSpecialTaskForce #NIA #NationalIntelligenceAgency

Breaking News- လူသတ်အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုရန် ဆုံးဖြတ် ရန်ကုန်၊ အောက်တိုဘာ ၁၅ လူသတ် အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဘဲ ချန်ထားရန် ယနေ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဂျပန် NHK သတင်းဌာနက သတင်းကြေညာသည်။ မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်ပြီးနောက် အာဆီယံနိုင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် တက်ခွင့်မပေးဘဲ ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

မြစ်ကြီးနားတွင် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး မြစ်ကြီးနား - အောက်တိုဘာ ၁၂၊ ၂၀၂၁။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကု
မြစ်ကြီးနားတွင် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး မြစ်ကြီးနား - အောက်တိုဘာ ၁၂၊ ၂၀၂၁။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်နှင့် ယနေ့ အောက်တိုဘာလ ၁၂ ရက် နေ့လယ် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ တပ်ကုန်းရပ်ကွက်ရှိ UFG အလေးမအားကစားရုံအနီး ဆိုင်ကယ်စီးနှင်းလာသည့် အမျိုးသားတစ်ဦးကို Honda Fit ကားစီးနှင်းလာသည့် အရပ်ဝတ်နှင့် လူတစ်စုက သေနတ်နှင့် လိုက်လံပစ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေ မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။ “ကချင်ကောင်လေးကို အရပ်ဝတ်တွေနဲ့ သေနတ်လိုက်ပစ်တာ။ ပစ်ခံရတော့ ဂျပန်လမ်း လယ်ကွင်းဘက်ပြေးတယ်။ ခြေထောက်ထိထားတယ်။ တစ်ကိုယ်လုံးသွေးတွေပဲ။ အခု ကားနဲ့တင်ပြီး ခေါ်သွားပြီ” ဟု ပြောသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ညအချိန် အိမ်ပြင်ထွက်၍ စစ်ကောင်စီများက လိုက်လံပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

လှိုင်မြို့နယ် အမှတ်( ၉) ရပ်ကွက်ရုံးရှေ့ ဗုံး ၂လုံး ပေါက် -------------------------------------- ရန်ကုန်တိုင်း၊ လှိုင်မြို့နယ
လှိုင်မြို့နယ် အမှတ်( ၉) ရပ်ကွက်ရုံးရှေ့ ဗုံး ၂လုံး ပေါက် -------------------------------------- ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သုခမှတ်တိုင်အနီး ၊အမှတ်(၉ )ရပ်ကွက်ရုံးရှေ့တွင် ယနေ့ အောက်တိုဘာ ၈ရက်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း မြို့ခံများထံက သိရသည်။ ပထမအကြိမ် ဗုံးပေါက်ကွဲမှုသည် နေ့လည်၂ နာရီ ၄၆မိနစ်က ဖြစ်ပွားပြီး ၃နာရီ ဝန်းကျင်တွင် နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ "လူတစ်ယောက်ထိသွားတယ်။ လက်တစ်ဖက်လည်းပြတ်သွားတယ်။ ခါးမှာလည်း ထိထားတယ်။ စစ်ကားတွေတော့လာတာမတွေ့သေးဘူး။ ရဲကားတစ်စီးတော့ ဖြတ်သွားတယ် ။ ဝင်မကြည့်သွားဘူး"ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူသည် လှိုင်မြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး ..................... ရန်ကုန်၊ အောက်တိုဘာ ၆ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတဲ့နောက် ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင် ဇင်ဝိုင်းကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းကြားသိရပါတယ်။ သရုပ်ဆောင် ဇင်ဝိုင်း(ခ) ဦးဌေးလွင်ကို ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ်ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်ဆိုပြီး ပြန်လည်ဖမ်းဆီးလိုက်တာလို့ ကနဦးအဖြစ် သိရှိထားရပါတယ်။ သရုပ်ဆောင် ဇင်ဝိုင်းဟာ ဒီကနေ့ အောက်တိုဘာ (၆)ရက်နေ့ ည ၇ နာရီအချိန်မှာ ပြန်လည် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာလို့ သိရပါတယ်။

ပုလဲမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်သားအများအပြား သေဆုံးပြီး ကား ၅ စီး ပျက်သွား ရန်ကုန်၊ အောက်တိုဘာ ၄ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ ပုလဲ PDF က တိုက်ခိုက်လိုက်ပြီး ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ပုလဲ PDF က တရားဝင်ပြောဆိုသည်။ အောက်တိုဘာလ ၄ ရက်နေ့ အမြောက်ကား ၈ စီး နှင့် Truck ကားများ တွဲကားများ ပါဝင်သော စစ်အုပ်စု၏ အစီး ၈၀ ကျော်ဖြင့် ပုလဲမြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ်ဝင်ရောက်လာသော ယာဉ်တန်းအား ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့တွင် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၂၇လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ပြီး စစ်ခွေးများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ၎င်းယာဉ်တန်းမှာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့် နေဆဲဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကို ဆက်လက် အသိပေးမည်ဟု ပုလဲPDF က သတင်းထုတ်ပြန်ထားသည်။

ဒေါ်လာစျေး၊ ရွှေစျေးကိစ္စ မိမိတို့လက်ထက်တွင်ဖြစ်ပွားခြင်းဖြစ်၍ တာဝန်ယူမှုရှိရှိဖြင့် အကောင်းဆုံးဖြေရှင်းမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော ------ ------ ------ ----- ----- လတ်တလော ဒေါ်လာစျေး၊ ရွှေစျေး အဆမတန်မြင့်တက်နေမှုကိစ္စသည် မိမိတို့လက်ထက်တွင် ဖြစ်ပွားခြင်းဖြစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၃၀) နေပြည်တော်တွင်ပြုလုပ်သော န.စ.က ကောင်စီကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “ဒေါ်လာစျေး၊ ရွှေစျေးနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြရင် အကျယ်ကြီးရှင်းပြရမှာပေါ့။ ပထမ ကိုဗစ်လှိုင်း ကာလကတည်းကအတိုင်း စီးပွားရေးကျဆင်းမှုများပေါ့။ မိမိရဲ့ ပြည်တွင်းထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတာ ရှိတယ်။ ဒုတိယလှိုင်းကာလမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပ ပြင်ပ ထိုးနှက်ချက်များလည်းရှိပါတယ်။ ဒါတွေကိုတော့ ဘယ်လိုပဲပြောပြော အစိုးရတရပ်အနေနဲ့ကတော့ ရှေးတုန်းကဖြစ်ခဲ့တဲ့ အတိတ်တွေပေါ့နော်။ ရှေးတုန်းက ဘာကြောင့်မို့လို့ဖြစ်ခဲ့တယ်ဆိုတဲ့ အတိတ်တွေကို ကျွန်တော်တို့အနေနဲ့က ပြန်ပြောင်းပြီးတော့ အပြစ်ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တာပဲ။ မိမိလက်ထက်မှာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိမိလက်ထက်မှာဖြစ်တဲ့ဟာကို တာဝန်ယူမှုတာဝန်ခံမှု ရှိရမှာဖြစ်တယ်။ အကောင်းဆုံး ဖြေရှင်းမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ပြောလိုတာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံး ဖြေရှင်းနိုင်ရေးပေါ့။ အပြည့်အစုံဖြေရှင်းနိုင်ရေးမဟုတ်တောင် အကောင်းဆုံးဖြေရှင်နိုင်ရေးကို ကျွန်တော်တို့ရှိသမျှ အင်အားနဲ့ ဆောင်ရွက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကုန်စျေးနှုန်း၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ မြင့်မားနေမှုကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်ကိစ္စများကို ထည့်သွင်းပြောကြားခဲ့သည်။